1 00:00:00,000 --> 00:00:02,000 ပြီးခဲ့တဲ့ ရာစုနှစ်အတွင်းကစပြီး တော်လှန်ရေးတွေ 2 00:00:02,000 --> 00:00:04,000 အများကြီးဖြစ်ပေါ်လာခဲ့ကြပါပြီ။ 3 00:00:04,000 --> 00:00:06,000 ဒါပေမယ့် ဘယ်အရာကမှ အသက်ရှည်ခြင်းဆိုတဲ့ တော်လှန်ရေးလောက် 4 00:00:06,000 --> 00:00:09,000 အရေးမပါဘူးလို့ ဆိုကောင်းဆိုနိူင်ပါတယ်။ 5 00:00:09,000 --> 00:00:11,000 ယနေ့မှာတော့ ကျွန်မတို့တွေဟာ ကျွန်မတို့ရဲ့ ဘိုးဘေးတွေထက် 6 00:00:11,000 --> 00:00:14,000 ပျမ်းမျှအားဖြင့် အသက် (၃၄)နှစ်လောက်ကို ပိုမို အသက်ရှင်နေထိုင်နေကြပါတယ်။ 7 00:00:14,000 --> 00:00:16,000 ဒါကို စဉ်းစားကြည့်လိုက်ပါ။ 8 00:00:16,000 --> 00:00:19,000 ဒါဟာ ကျွန်မတို့ရဲ့ သက်တမ်းကို ထပ်ပေါင်းပေးထားတဲ့ 9 00:00:19,000 --> 00:00:21,000 နောက် လူကြီးအသက် တစ်ခုလုံးဘဲ မဟုတ်ပါကလား။ 10 00:00:21,000 --> 00:00:23,000 ဒါပေမဲ့လည်း အများစုအနေနဲ့ကတော့ 11 00:00:23,000 --> 00:00:26,000 ကျွန်မတို့ယဉ်ကျေးမှုဟာ ဒီဆိုလိုချက်ရဲ့ အနှစ်သာရဆီကို ရောက်မလာသေးပါဘူး။ 12 00:00:26,000 --> 00:00:29,000 ကျွန်မတို့တွေဟာ မုခ်ခုံးတစ်ခုလို အသက်အရွယ်ဆိုင်ရာ ခံယူချက် အဟောင်းကြီးထဲမှာပဲ 13 00:00:29,000 --> 00:00:31,000 နေထိုင် အသင်ရှင်နေကြတုန်းပါပဲ။ 14 00:00:31,000 --> 00:00:33,000 ဒါဟာ ပုံဆောင်မှုတစ်ခုပါ၊ ပုံဆောင်မှု အဟောင်းကြီးတစ်ခုပါပဲ 15 00:00:33,000 --> 00:00:35,000 သင်တို့မွေးဖွားကြတယ်၊ အလယ်အလတ် အရွယ်မှာ အမြင့်ဆုံးကို ရောက်ရှိကြတယ်၊ 16 00:00:35,000 --> 00:00:37,000 အိုနာကျိုးကန်း အရွယ်ရောက်တော့ ကျဆင်းသွားကြတယ်။ 17 00:00:37,000 --> 00:00:39,000 (ရယ်သံများ) 18 00:00:39,000 --> 00:00:41,000 ရောဂါဗေဒ အတိုင်း အိုမင်းကြတယ်။ 19 00:00:41,000 --> 00:00:43,000 ဒါပေမဲ့ ဒီနေ့ခေတ် လူတော်တော်များများကတော့ 20 00:00:43,000 --> 00:00:46,000 အတွေးအခေါ်ပညာရှင်တွေ၊ အနုပညာရှင်တွေ၊ ဆရာဝန်တွေ၊ သိပ္ပံပညာရှင်တွေပေါ့ 21 00:00:46,000 --> 00:00:49,000 တတိယ ဇာတ်ဝင်ခန်းလို့ ကျွန်မ ခေါ်ဝေါ်တဲ့ ဘဝရဲ့ နောက်ဆုံး အနှစ်(၃၀)ကို 22 00:00:49,000 --> 00:00:52,000 အမြင်သစ်တစ်ခုနဲ့ ရှုမြင်နေကြပါတယ်။ 23 00:00:52,000 --> 00:00:57,000 ဒါဟာ တကယ်တော့ သူတို့ရဲ့ ကိုယ်ပိုင် အဓိပ္ပါယ်နဲ့ ဘဝရဲ့ ဖွံဖြိုးမှုဆိုင်ရာ အဆင့်တစ်ခုလို့ 24 00:00:57,000 --> 00:00:59,000 သူတို့ နားလည် သဘောပေါက်ကြတယ်။ 25 00:00:59,000 --> 00:01:02,000 ကလေးဘဝနဲ့ ကြီးကောင်ဝင်စအရွယ် ခြားနားသလိုပဲ 26 00:01:02,000 --> 00:01:05,000 လူလတ်ပိုင်းဘဝနဲ့ ခြားနားနေမှုပါ။ 27 00:01:05,000 --> 00:01:08,000 နောက်ပြီး သူတို့တွေက မေးမြန်းနေကြတာက ကျွန်မတို့အားလုံးလည်း မေးမြန်းသင့်တာပဲလေ 28 00:01:08,000 --> 00:01:11,000 "ကျွန်မတို့တွေ ဒီကာလကို ဘယ်လို အသုံးပြုကြသလဲ၊" 29 00:01:11,000 --> 00:01:13,000 "ကျွန်မတို့တွေ ဒီကာလကို ဘယ်လို အောင်အောင်မြင်မြင် နေထိုင်ကြပါသလဲ၊" ။ 30 00:01:13,000 --> 00:01:15,000 "အသက်အရွယ် အိုမင်းလာခြင်းရဲ့ 31 00:01:15,000 --> 00:01:17,000 ပုံဆောင်မှုအသစ်က ဘာပါလဲ" ဆိုတာတွေပေါ့။ 32 00:01:17,000 --> 00:01:20,000 လွန်ခဲ့တဲ့နှစ်က ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သုသေသနပြုခြင်းနဲ့ ရေးသားခြင်းတို့နဲ့ ကျွန်မရဲ့ အချိန်ကိုကုန်လွန်ခဲ့တယ်။ 33 00:01:20,000 --> 00:01:22,000 ကျွန်မတွေ့ရှိလာရတာကတော့ 34 00:01:22,000 --> 00:01:26,000 အသက်အရွယ်အိုမင်းခြင်းရဲ့ ပိုပြီး သင့်တော်တဲ့ ပုံဆောင်မှု အသစ်ကတော့ 35 00:01:26,000 --> 00:01:28,000 လှေခါးအုံတစ်ခုပါ။ 36 00:01:28,000 --> 00:01:32,000 အထက်ကိုတက်ခြင်းဆိုတဲ့ လူသားစိတ်ဓာတ်၊ 37 00:01:32,000 --> 00:01:34,000 ကျွန်မတို့ကို ဉာဏ်ပညာ၊ ပြီးပြည့်စုံမှု၊ စစ်မှန်မှု ရှိရာဆီကို 38 00:01:34,000 --> 00:01:36,000 ဆောင်ကြဉ်းပေးခြင်းပါ။ 39 00:01:36,000 --> 00:01:38,000 အသက်အရွယ်ဆိုတာက ရောဂါဗေဒ အဖြစ်အနေနဲ့ လုံးဝမဟုတ်ပါဘူး။ 40 00:01:38,000 --> 00:01:40,000 အသက်အရွယ်ဆိုတာက စွမ်းပကား အနေနဲ့ပါ။ 41 00:01:40,000 --> 00:01:42,000 ပြီးတော့ ဘာလဲဆိုတာ မှန်းကြည့်ပေးပါလား။ 42 00:01:42,000 --> 00:01:44,000 ဒီစွမ်းပကားဆိုတာက ကံကောင်းတဲ့သူ အနည်းငယ်ပဲ မဟုတ်ပါဘူး။ 43 00:01:44,000 --> 00:01:46,000 အသက်(၅၀) ကျော်သူ အများစုဟာ 44 00:01:46,000 --> 00:01:48,000 ပိုပြီးနေလို့ထိုင်လို့ ကောင်းပါတယ်၊ စိတ်ဖိစီးမှု ပိုပြီးလျော့နည်းပါတယ်၊ 45 00:01:48,000 --> 00:01:50,000 ရန်လိုစိတ်လည်း ပိုပြီးလျော့နည်းပါတယ်၊ ပူပန်စိတ်လည်း 46 00:01:50,000 --> 00:01:52,000 ပိုပြီးလျော့နည်းပါတယ်ဆိုတာ ပြဆိုနေပါတယ်။ 47 00:01:52,000 --> 00:01:54,000 ကျွန်မတို့တွေဟာ ကွဲပြားခြားနားမှုတွေထက် 48 00:01:54,000 --> 00:01:56,000 တူညီမှုတွေကိုပိုပြီး မြင်တွေ့ရလေ့ရှိပါတယ်။ 49 00:01:56,000 --> 00:01:58,000 တစ်ချို့ လေ့လာမှုတွေကဆိုရင် 50 00:01:58,000 --> 00:02:00,000 ပိုပြီး ပျော်ကြပါတယ်လို့တောင် ဆိုကြပါတယ်။ 51 00:02:00,000 --> 00:02:02,000 ဒါဟာ ကျွန်မ မျှော်လင့်ထားတဲ့ အရာမဟုတ်ပါဘူး။ ကျွန်မပြောတာကိုယုံပါ။ 52 00:02:02,000 --> 00:02:05,000 ကျွန်မဟာ ကာလရှည်ကြာတဲ့ စိတ်အားငယ်မှု ဖြတ်သန်းလာခဲ့ရသူပါ။ 53 00:02:05,000 --> 00:02:07,000 ကျွန်မအသက် (၄၀) နှောင်းပိုင်နှစ်တွေ ချဉ်းကပ်လာတော့ 54 00:02:07,000 --> 00:02:09,000 အိပ်ရာက နိူးထလိုက်တိုင်းမှာ 55 00:02:09,000 --> 00:02:11,000 ကျွန်မရဲ့ အာရုံ (၆)ပါးစလုံး အတွေးတွေက အပျက်သဘောတွေချည်းပဲ ဖြစ်ဖြစ်နေတော့တယ်။ 56 00:02:11,000 --> 00:02:13,000 ဒီတော့ ကျွန်မ တုန်လှုပ်သွားမိပြီး 57 00:02:13,000 --> 00:02:15,000 တွေးမိလိုက်တာက "အလိုလေးလေး၊ 58 00:02:15,000 --> 00:02:17,000 ငါတော့ စိတ်တိုတို၊ ဘုကျကျ အမယ်အိုကြီး ဖြစ်တော့မှာပါလား။" လို့ပေါ့။ 59 00:02:17,000 --> 00:02:21,000 ကျွန်မကိုယ်ပိုင် တတိယ ဇာတ်ဝင်ခန်းရဲ့ အလယ်ကို ရောက်နေပါတော့တယ်။ 60 00:02:21,000 --> 00:02:24,000 ကျွန်မ သဘောပေါက်နားလည်တာက တစ်ခါမှ ဒီထက်ပိုပြီး မပျော်ရွှင်ခဲ့ဖူးဘူး ဆိုတာပါပဲ။ 61 00:02:24,000 --> 00:02:28,000 ကျန်းမာခြင်းသုခရဲ့ ဒီလောက်ကို စွမ်းအားကောင်းတဲ့ ခံစားမှုမျိုးကို ကျွန်မပိုင်ဆိုင်ထားပါတယ်။ 62 00:02:29,000 --> 00:02:31,000 ပြီးတော့ ကျွန်မ ရှာဖွေတွေ့ရှိထားတာက 63 00:02:31,000 --> 00:02:33,000 သင်ဟာ အတွင်းဖက်မှာ အိုမင်းတဲ့အခါမှာ 64 00:02:33,000 --> 00:02:35,000 အပြင်ဖက်ကနေပြီး ဒါကို မြင်ရတာနဲ့ တစ်ခြားစီဖြစ်ပြီး 65 00:02:35,000 --> 00:02:37,000 ကြောက်စိတ်က လျော့ပါးသွားပါတယ်။ 66 00:02:37,000 --> 00:02:39,000 သင်သဘောပေါက်လိုက်တာက သင်ဟာ ကိုယ့်ဘာသာကို ရှိနေဆဲပဲဆိုတာပါ။ 67 00:02:39,000 --> 00:02:41,000 ဒီထက်တောင် ပိုကောင်းပိုပါလိမ့်ဦးမယ်။ 68 00:02:41,000 --> 00:02:45,000 ပီကာဆို တစ်ခါတုန်းက ပြောခဲ့ဖူးတာကတော့ "ငယ်ရွယ်နုပျိုလာဖို့က အချိန်အတော်ယူရပါတယ်" တဲ့လေ။ 69 00:02:45,000 --> 00:02:47,000 (ရယ်သံများ) 70 00:02:47,000 --> 00:02:49,000 ကျွန်မအနေနဲ့ အိုမင်းလာခြင်းအကြောင်းကို စိတ်ကူးယဉ် ဇာတ်လမ်းဆင်မနေချင်ပါဘူး။ 71 00:02:49,000 --> 00:02:51,000 သိသာတာကတော့ ဒီမှာ သီးပွင့်ဖြစ်ထွန်းဖို့နဲ့ ကြီးထွားလာဖို့ 72 00:02:51,000 --> 00:02:53,000 အချိန်ကာလတစ်ခု ရှိလာနိူင်တယ်ဆိုတာ အာမခံချက်မရှိဘူးလေ။ 73 00:02:53,000 --> 00:02:55,000 တချို့က ကံကို အရင်းခံပါတယ်။ 74 00:02:55,000 --> 00:02:58,000 တချို့ကတော့ မျိုးရိုးဗီဇနဲ့ဆိုင်တယ်ဆိုတာ အသိသာကြီးပါ။ 75 00:02:58,000 --> 00:03:00,000 အမှန်တကယ်တော့ သုံးပုံတစ်ပုံက မျိုးရိုးဗီဇနဲ့ဆိုင်ပါတယ်။ 76 00:03:00,000 --> 00:03:03,000 ဒါနဲ့ပတ်သက်ပြီး ကျွန်မတို့တတ်နိူင်တာဆိုလို့ သိပ်များများစားစား မရှိလှပါဘူး။ 77 00:03:03,000 --> 00:03:05,000 ဒါပေမဲ့ ဆိုလိုတာက တတိယ ဇာတ်ဝင်ခန်းမှာ သုံးပုံနှစ်ပုံကို 78 00:03:05,000 --> 00:03:07,000 ကျွန်မတို့ ဘယ်လို ကောင်းကောင်းမွန်မွန် လုပ်နိူင်တယ်ဆိုတာပါ။ 79 00:03:07,000 --> 00:03:10,000 ဒါနဲ့ပတ်သက်ပြီး ကျွန်မတို့ တစ်ခုခုတော့ လုပ်နိူင်ပါတယ်။ 80 00:03:10,000 --> 00:03:13,000 ဒီအပိုဆောင်းပေးလာတဲ့ နှစ်ကာလတွေကို 81 00:03:13,000 --> 00:03:16,000 တကယ့်ကို အောင်မြင်အောင် ဘာတွေလုပ်နိူင်တာနဲ့ ထူးခြားမှု တစ်ခုပြုလုပ်ဖို့ 82 00:03:16,000 --> 00:03:19,000 ဒါတွေကို အသုံးပြုနိူင်တယ်ဆိုတာကို ကျွန်မတို့ ဆွေးနွေကြတော့မှာပါ။ 83 00:03:19,000 --> 00:03:21,000 ကဲ ကျွန်မ လှေကားအုံအကြောင်းနဲ့ ပတ်သက်ပြီး တစ်ခု ပြောပါရစေ။ 84 00:03:21,000 --> 00:03:25,000 ဒါက သက်ကြီးရွယ်အိုတွေအတွက်ကျတော့ ထူးဆန်းတဲ့ဥပမာတစ်ခုလိုမျိုး ထင်ကောင်းထင်မိနေမလားပဲ။ 85 00:03:25,000 --> 00:03:28,000 သက်ကြီးရွယ်အိုတွေအတွက်ဟာ လှေကားထစ်တွေရဲ့ အကဲစမ်းမှုကို ခံရတာပဲလေ။ 86 00:03:28,000 --> 00:03:30,000 (ရယ်သံများ) 87 00:03:30,000 --> 00:03:33,000 ကျွန်မလည်းပါတာပေါ့။ 88 00:03:33,000 --> 00:03:35,000 အားလုံးသိတဲ့အတိုင်းပဲပေါ့ 89 00:03:35,000 --> 00:03:38,000 ကမ္ဘာကြီးတစ်ခုလုံးဟာ လူတိုင်းလက်ခံထားတဲ့ ဥပဒေသတစ်ခုမှာ လည်ပတ်ဆောင်ရွက်နေတာပါ။ 90 00:03:38,000 --> 00:03:42,000 အင်ထရိုပီ အပူနဲ့ အခြားစွမ်းအင်တွေရဲ့ ဆက်စပ်မှုကိုလေ့လာတဲ့ပညာရဲ့ ဒုတိယ ဥပဒေသပါ။ 91 00:03:42,000 --> 00:03:45,000 အင်ထရိုပီဆိုတာက ကမ္ဘာပေါ်မှာရှိတဲ့ အရာတိုင်းဟာ၊ ဘယ်အရာမဆိုပေါ့ 92 00:03:45,000 --> 00:03:47,000 ကျဆင်းခြင်းနဲ့ ယိုယွင်းပျက်စီးခြင်း သဘောထားရှိတယ်၊ 93 00:03:47,000 --> 00:03:49,000 ကိုင်းညွတ်ခြင်းပေါ့။ 94 00:03:49,000 --> 00:03:52,000 ဒီလူတိုင်းလက်ခံတဲ့ ဥပဒေသမှာ ခြွင်းချက် တစ်ခုပဲရှိတယ်။ 95 00:03:52,000 --> 00:03:54,000 ဒါကတော့ လူသားရဲ့ အထက်ဖက်ကို ပြောင်းလဲဖြစ်ပေါ်ဖို့ 96 00:03:54,000 --> 00:03:57,000 ဆက်လက်တည်မြဲနေနိူင်တဲ့ စိတ်ဓာတ်ပါပဲ၊ 97 00:03:57,000 --> 00:03:59,000 လှေကားအုံမှာ 98 00:03:59,000 --> 00:04:01,000 ကျွန်မတို့ကို ပြီးပြည့်စုံမှု၊ စစ်မှန်မှုနဲ့ 99 00:04:01,000 --> 00:04:04,000 ဉာဏ်ပညာရှိရာဆီကို ဆောင်ကြဉ်းပေးခြင်းပဲပေါ့။ 100 00:04:04,000 --> 00:04:06,000 နောက်ပြီး ဒီမှာကတော့ ကျွန်မဆိုလိုတာရဲ့ ဥပမာတစ်ခုပေါ့။ 101 00:04:06,000 --> 00:04:08,000 ဒီအထက်ကို တက်ခြင်းဆိုတာက 102 00:04:08,000 --> 00:04:12,000 ပြင်းထန်တဲ့ ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာတောင် ဖြစ်ပေါ်နိုင်ပါတယ်။ 103 00:04:12,000 --> 00:04:14,000 လွန်ခဲ့တဲ့ (၃)နှစ်လောက်တုန်းကပေါ့၊ 104 00:04:14,000 --> 00:04:16,000 New York Times သတင်းစာထဲက ဆောင်းပါးတစ်ပုဒ် ကျွန်မဖတ်မိလိုက်တယ်။ 105 00:04:16,000 --> 00:04:18,000 ဒါက အသက်(၅၇)နှစ်ရှိတဲ့ အငြိမ်းစား ရှေ့နေတစ်ယောက်ဖြစ်တဲ့ 106 00:04:18,000 --> 00:04:21,000 နေး(လ်) ဆယ်လင်ဂျာ ဆိုတဲ့လူတစ်ယောက် အကြောင်းပါ။ 107 00:04:21,000 --> 00:04:24,000 သူက သူရဲ့ စာရေးဆရာ စေ့ဆော်မှုကို တွေ့ရှိခဲ့တဲ့နေရာဖြစ်တဲ့ 108 00:04:24,000 --> 00:04:27,000 ဆာရာ လောရင့်(စ်)မှာရှိတဲ့ စာရေးဆရာများ အဖွဲ့မှာ အသင်းဝင်လိုက်ပါတယ်။ 109 00:04:27,000 --> 00:04:29,000 နောက်(၂)နှစ်လောက် အကြာမှာတော့ 110 00:04:29,000 --> 00:04:32,000 သူ့မှာ Lou Gehrig's ရောဂါလို့ လူသိများတဲ့ အာရုံကြောအားနည်းတဲ့ရောဂါ ဖြစ်နေတယ်။ 111 00:04:32,000 --> 00:04:35,000 ဒါဟာဆို တော်တော်ဆိုးရွားတဲ့ ရောဂါပေါ့။ ဒါက အသက် အန္တရာယ် ရှိတယ်လေ။ 112 00:04:35,000 --> 00:04:39,000 ဒီရောဂါက ကိုယ်ခန္ဓာကို ချည့်နဲ့စေပေမည့် စိတ်ကတော့ ပကတိအတိုင်း အခြေမပျက်ရှိနေပါတယ်။ 113 00:04:39,000 --> 00:04:42,000 ဒီဆောင်းပါးထဲမှာ မစ္စတာ ဆယ်လင်ဂျာက သူဖြစ်ပျက်နေပုံကို 114 00:04:42,000 --> 00:04:45,000 သရုပ်ဖော်ဖို့ အခုလိုရေးသားခဲ့ပါတယ်။ 115 00:04:45,000 --> 00:04:48,000 ကျွန်မကိုးကားပြရရင်တော့ 116 00:04:48,000 --> 00:04:50,000 "ကျွန်တော့ရဲ့ ကြွက်သားတွေဟာ အားနည်းဆုတ်ယုတ်လာခိုက်မှာ 117 00:04:50,000 --> 00:04:53,000 ကျွန်တော့ရဲ့ အရေးအသားက ပိုပြီး အားကောင်းလာပါတယ်။ 118 00:04:53,000 --> 00:04:56,000 ကျွန်တော့ရဲ့ ပြောဆိုမှု ဖြည်းဖြည်းခြင်း ဆုံးရှုံးခိုက်မှာ 119 00:04:56,000 --> 00:04:59,000 ကျွန်တော်ရဲ့ ဖွင့်ဟမှုကို ကျွန်တော် ပြန်ရခဲ့ပါတယ်။ 120 00:04:59,000 --> 00:05:01,000 ကျွန်တော် ဆုတ်ယုတ်လာတဲ့အခါ ကျွန်တော် ကြီးမြင့်လာခဲ့ပါတယ်။ 121 00:05:01,000 --> 00:05:03,000 ကျွန်တော် အများကြီး ပျောက်ဆုံးသွားခိုက်မှာ 122 00:05:03,000 --> 00:05:07,000 နောက်ဆုံး ကျွန်တော့ကို ကျွန်တော် စတင်တွေ့ရှိလာခဲ့ပါတယ် "တဲ့။ 123 00:05:07,000 --> 00:05:09,000 ကျွန်မအတွက်တော့ နေး(လ်) ဆယ်လင်ဂျာဟာ 124 00:05:09,000 --> 00:05:12,000 သူ့ရဲ့ တတိယ ဇာတ်ဝင်ခန်းမှာ လှေကားပေါ်တက်ခြင်းရဲ့ 125 00:05:12,000 --> 00:05:15,000 ပြယုဂ်ပါ။ 126 00:05:15,000 --> 00:05:17,000 ကဲ ဒီတော့ ကျွန်မတို့အားလုံးဟာ ဝိညာဉ်နဲ့ မွေးဖွားလာတာပါ။ ကျွန်မတို့အားလုံးပါ။ 127 00:05:17,000 --> 00:05:20,000 ဒါပေမဲ့ တစ်ခါတစ်လေကျတော့ ဒါက ဘဝရဲ့ စိန်ခေါ်မှုတွေ၊ 128 00:05:20,000 --> 00:05:22,000 ကြမ်းတမ်းမှုတွေ၊ မတော်မတရားမှုတွေ၊ 129 00:05:22,000 --> 00:05:25,000 လျစ်လျူရှုမှုတွေ အောက်မှာ ဖိသိပ်ခံရတာပေါ့လေ။ 130 00:05:25,000 --> 00:05:27,000 ကျွန်မတို့ မိဘတွေဟာ စိတ်အားငယ်ခြင်းတွေ ခံစားကောင်းခံစားခဲ့ရရှာမှာပါ။ 131 00:05:27,000 --> 00:05:29,000 သူတို့တွေဟာ ကျွန်မတို့တွေ လောကအလယ်မှာ ဘယ်လို စွမ်းဆောင်ခဲ့တယ် ဆိုတာထက်ကိုပိုလွန်တဲ့ 132 00:05:29,000 --> 00:05:33,000 ချစ်ခြင်းမေတ္တာကို ကျွန်မတို့ကို မပေးနိူင်ခဲ့တာလည်း ဖြစ်ကောင်းဖြစ်မှာပါ။ 133 00:05:33,000 --> 00:05:35,000 ကျွန်မတို့တွေဟာ စိတ်ပိုင်းဆိုင်ရာ နာကျင်မှု 134 00:05:35,000 --> 00:05:37,000 ဒဏ်ရာတစ်ခုကို ခံစားနေရဆဲပဲဆိုတာ ဖြစ်ကောင်းဖြစ်မှာပါ။ 135 00:05:37,000 --> 00:05:41,000 ကျွန်မတို့ အများစုရဲ့ ဆက်ဆံရေးတွေက ပြီးပြတ်ကုန်ဆုံးခြင်း မရှိသေးဘူးလို့ ကျွန်မတို့ခံစားသိမိနေတာ ဖြစ်ကောင်းဖြစ်မယ်။ 136 00:05:41,000 --> 00:05:45,000 ဒီတော့ မပြီးပြတ်သေးတာကို ကျွန်မတို့ ခံစားနေနိူင်တာပေါ့။ 137 00:05:45,000 --> 00:05:48,000 တတိယ ဇာတ်ဝင်ခန်းရဲ့ လုပ်ငန်းတာဝန်က ကျွန်မတို့ကိုယ်တိုင် ပြီးဆုံးခြင်းရဲ့ 138 00:05:48,000 --> 00:05:53,000 လုပ်ငန်းတာဝန်ကို အဆုံးသတ်ဖို့ပဲဆိုတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ 139 00:05:53,000 --> 00:05:57,000 ကျွန်မအတွက်တော့ ကျွန်မရဲ့ တတိယ ဇာတ်ဝင်ခန်း ချဉ်းကပ်လာနေတဲ့ 140 00:05:57,000 --> 00:05:59,000 အခိုက် ကျွန်မရဲ့ (၆၅)နှစ်မြောက်မွေးနေ့မှာ စတင်ခဲ့ပါတယ်။ 141 00:05:59,000 --> 00:06:01,000 "ဒါကို ကျွန်မဘယ်လို ဖြတ်သန်းကျော်လွန်ဖို့ သင့်တော်လိမ့်မလဲ။" " 142 00:06:01,000 --> 00:06:04,000 ဒီနောက်ဆုံး အခန်းမှာ ကျွန်မဘာကို ပြီးမြောက်အောင်မြင်အောင် လုပ်သင့်မှာပါလိမ့်။" 143 00:06:04,000 --> 00:06:08,000 နောက်ပြီး ကျွန်မ သဘောပေါက်သွားတာက ကျွန်မ ဘယ်ကိုသွားနေခဲ့သလဲဆိုတာကို သိရှိဖို့ 144 00:06:08,000 --> 00:06:10,000 ကျွန်မ ဘယ်ကလာပါသလဲဆိုတာကို သိရှိဖို့လိုခဲ့တာပေါ့။ 145 00:06:10,000 --> 00:06:12,000 ဒါနဲ့ ကျွန်မရဲ့ ရှေ့က ဇာတ်ဝင်ခန်း(၂)ခန်းကို ပြန်သွား လေ့လာခဲ့ပြီး 146 00:06:12,000 --> 00:06:14,000 အဲဒီတုန်းက ကျွန်မက ဘယ်သူဖြစ်ခဲ့တာပါလဲ၊ 147 00:06:14,000 --> 00:06:17,000 တကယ် ကျွန်မအစစ်က 148 00:06:17,000 --> 00:06:19,000 ဘယ်သူပါလဲဆိုတာကို မြင်အောင်ကြိုးစားခဲ့ရင်းပေါ့၊ 149 00:06:19,000 --> 00:06:22,000 ကျွန်မ မိဘတွေ၊ ဒါမှမဟုတ် အခြားလူတွေက ကျွန်မကို ပြောခဲ့ကြတဲ့ သူတစ်ယောက်မဟုတ်ပဲ၊ 150 00:06:22,000 --> 00:06:24,000 ကျွန်မကို ဆက်ဆံကြတဲ့ သူတစ်ယောက်လိုမဟုတ်ပဲနဲ့ပေါ့။ 151 00:06:24,000 --> 00:06:26,000 ဒါပေမဲ့ ကျွန်မက ဘယ်သူပါလိမ့်။ ကျွန်မမိဘတွေက ဘယ်သူတွေပါလိမ့်၊ 152 00:06:26,000 --> 00:06:29,000 မိဘတွေအဖြစ်နဲ့မဟုတ်ပဲ ပရိတ်သတ်တွေ အဖြစ်နဲ့ပေါ့။ 153 00:06:29,000 --> 00:06:31,000 ကျွန်မ ဘိုးဘွားတွေက ဘယ်သူတွေပါလဲ။ 154 00:06:31,000 --> 00:06:33,000 သူတို့တွေဟာ ကျွန်မမိဘတွေကို ဘယ်လို ပြုမူဆက်ဆံခဲ့တာပါလိမ့်။ 155 00:06:33,000 --> 00:06:36,000 ဒီလိုမျိုး အကြောင်းအရာတွေပေါ့လေ။ 156 00:06:36,000 --> 00:06:39,000 နောက်နှစ် အနည်းငယ်လောက်အကြာမှာတော့ 157 00:06:39,000 --> 00:06:42,000 ကျွန်မဖြတ်သန်းနေတဲ့ ဒီလုပ်ငန်းစဉ်ဟာ စိတ်ပညာရှင်တွေရဲ့ အခေါ်အရ 158 00:06:42,000 --> 00:06:44,000 "ဘဝတစ်ခုကို ပြန်လည်သုံးသပ်မှုပြုလုပ်ခြင်း" 159 00:06:44,000 --> 00:06:46,000 ဆိုတာကို သိလိုက်ရပါတယ်။ 160 00:06:46,000 --> 00:06:48,000 နောက်ပြီး ဒါက လူတစ်ယောက်ရဲ့ဘဝကို 161 00:06:48,000 --> 00:06:50,000 ရည်ရွယ်ချက်၊ ကြည်လင်ပြတ်သားမှုနဲ့ 162 00:06:50,000 --> 00:06:52,000 အဓိပ္ပါယ်သစ်တွေကို ပေးပါတယ်လို့ သူတို့ကဆိုပါတယ်။ 163 00:06:52,000 --> 00:06:55,000 ကျွန်မပြုလုပ်ခဲ့သလိုပဲ သင်တို့တွေ တွေ့ရှိနိုင်တာက 164 00:06:55,000 --> 00:06:58,000 သင် တွေးမိခဲ့ဘူးတဲ့ ကိစ္စတော်တော်များများဟာ သင်ရဲ့ အပြစ်တွေဆိုတာရယ်၊ 165 00:06:58,000 --> 00:07:01,000 သင်ကိုယ်သင် တွေးထင်ခဲ့ဘူးတဲ့ ကိစ္စတော်တော်များများဟာ တကယ်တမ်းမှာ 166 00:07:01,000 --> 00:07:04,000 သင်နဲ့ ဘာမှမပတ်သက်ဘူးဆိုတာပါ။ 167 00:07:04,000 --> 00:07:07,000 သင်ဟာ ဒီအတိုင်း အဆင်ပြေပါတယ်။ 168 00:07:07,000 --> 00:07:09,000 ပြီးတော့ ပြန်သွားပြီးတော့ 169 00:07:09,000 --> 00:07:11,000 သူတို့ကို ခွင့်လွတ်နိူင်ပါတယ်၊ 170 00:07:11,000 --> 00:07:13,000 သင့်ကိုသင်လည်း ခွင့်လွတ်နိူင်ပါတယ်။ 171 00:07:13,000 --> 00:07:16,000 သင့်ကိုသင် အတိတ်ကာလကနေ 172 00:07:16,000 --> 00:07:18,000 ကင်းဝေးစေနိူင်ပါတယ်။ 173 00:07:18,000 --> 00:07:20,000 သင့်ရဲ့အတိတ်က ဆက်ဆံရေးကို ပြောင်းလဲဖို့ 174 00:07:20,000 --> 00:07:22,000 သင်လုပ်နိူင်ပါတယ်။ 175 00:07:22,000 --> 00:07:24,000 ဒါနဲ့ပဲ ကျွန်မဒီအကြောင်းကို ရေးနေတုန်းမှာပဲ 176 00:07:24,000 --> 00:07:27,000 Viktor Frankl ရဲ့ "လူသားရဲ့ အဓိပ္ပါယ် ရှာပုံတော်" "Man's Search for Meaning"ဆိုတဲ့ 177 00:07:27,000 --> 00:07:29,000 စာအုပ်တစ်အုပ်ကို အမှတ်မထင်တွေ့ရှိခဲ့ပါတယ်။ 178 00:07:29,000 --> 00:07:32,000 Viktor Frankl ဆိုသူက နာဇီအကျဉ်းစခန်းမှာ အချိန် (၅)နှစ် အလုပ်လုပ်ခဲ့ဘူးတဲ့ 179 00:07:32,000 --> 00:07:35,000 ဂျာမန် စိတ်ရောဂါအထူးကု ပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ 180 00:07:35,000 --> 00:07:38,000 နောက်ပြီး သူရေးသားခဲ့တာက၊ အဲဒီစခန်းမှာသူရှိနေစဉ်တုန်းက ၊ 181 00:07:38,000 --> 00:07:42,000 တကယ်လို့များ သူတို့တွေဟာ လွတ်ငြိမ်းခွင့်ပေးခံရမယ်ဆိုရင် 182 00:07:42,000 --> 00:07:44,000 ဘယ်သူတွေကတော့ အဆင်ပြေလိမ့်မယ်၊ 183 00:07:44,000 --> 00:07:46,000 ဘယ်သူတွေကတော့ အဆင်မပြေနိူင်ဘူးဆိုတာကို သူပြောနိူင်ခဲ့တာကိုပေါ့နော်။ 184 00:07:46,000 --> 00:07:51,000 နောက်ပြီး သူကဒီလို ရေးသားခဲ့ပါတယ်။ 185 00:07:51,000 --> 00:07:54,000 "သင့်ရဲ့ဘဝမှာ ရှိသမျှအရာတွေအားလုံးကို သင့်ဆီကယူသွားလို့ရနိူင်ပါတယ်။ ။ 186 00:07:54,000 --> 00:07:56,000 အခြေအနေတစ်ခုကို သင့်အနေနဲ့ 187 00:07:56,000 --> 00:07:58,000 ဘယ်လိုတုံ့ပြန်မယ်ဆိုတာကို ရွေးချယ်ဖို့ 188 00:07:58,000 --> 00:08:00,000 သင့်ရဲ့ လွတ်လပ်မှုဆိုတဲ့ 189 00:08:00,000 --> 00:08:02,000 အရာတစ်ခုကလွဲရင်ပေါ့"တဲ့ 190 00:08:02,000 --> 00:08:04,000 ဒီအရာက ကျွန်မတို့ ရှင်သန်နေထိုင်ကြတဲ့ 191 00:08:04,000 --> 00:08:06,000 ဘဝရဲ့ အရည်အသွေးကို ပြဌာန်းပေးတာပါ။ 192 00:08:06,000 --> 00:08:08,000 ကျွန်မတို့တွေ ချမ်းသာလား၊ ဆင်းရဲလား၊ 193 00:08:08,000 --> 00:08:10,000 ကျော်ကြားလား၊ လူမသိသူမသိလား၊ 194 00:08:10,000 --> 00:08:12,000 ကျန်းမာတာလား၊ ဝေဒနာခံစားနေရလား ဆိုတာတွေမဟုတ်ပါဘူး။ 195 00:08:12,000 --> 00:08:15,000 ကျွန်မတို့ရဲ့ ဘဝအရည်အသွေးကို ပြဌာန်းပေးတာက 196 00:08:15,000 --> 00:08:18,000 ဒီဒိဋ္ဌဖြစ်ရပ်တွေနဲ့ ကျွန်မတို့ဘယ်လို ဆက်စပ်နေပါသလဲ၊ 197 00:08:18,000 --> 00:08:20,000 ဒါတွေကို ဘယ်အဓိပ္ပါယ် အမျိုးအစား သတ်မှတ်ပါသလဲ၊ 198 00:08:20,000 --> 00:08:23,000 ဒါတွေနဲ့ပတ်သက်ပြီး ဘယ်လိုမျိုး သဘောထားအမြင်တွေ တွယ်ညိနေပါသလဲ၊ 199 00:08:23,000 --> 00:08:27,000 ဘယ်စိတ်အခြေအနေမျိုးက ကျွန်မတို့ကို ဒါတွေကို အစပျိုးဖို့ ဖြစ်ခွင့်ပေးသလဲ ဆိုတာတွေပါပဲ။ 200 00:08:27,000 --> 00:08:30,000 တတိယဇာတ်ဝင်ခန်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ 201 00:08:30,000 --> 00:08:34,000 သင့်တော်မယ်ဆိုရင် အတိတ်မှာရှိတဲ့ ကျွန်မတို့ရဲ့ဆက်ဆံရေးကို 202 00:08:34,000 --> 00:08:36,000 ပြောင်းလဲပစ်ဖို့ နောက်ကြောင်းပြန်ပြီး၊ ကြိုးစားကြည့်တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ 203 00:08:36,000 --> 00:08:38,000 တွေ့လာရတာကတော့ သိမှတ်မှုဆိုင်ရာ သုသေသနပြုချက်က ပြဆိုတာက 204 00:08:38,000 --> 00:08:41,000 ကျွန်မတို့တွေဟာ ဒါကိုဆောင်ရွက်နိူင်စွမ်းရှိတဲ့အခါ 205 00:08:41,000 --> 00:08:43,000 အာရုံကြောလမ်းကြောင်းတွေဟာ 206 00:08:43,000 --> 00:08:46,000 ဦးနှောက်ထဲမှာ ဖြစ်ပေါ်လာတယ်ဆိုတာကို 207 00:08:46,000 --> 00:08:49,000 အာရုံကြောပိုင်းဆိုင်ရာအရ သိသာထင်ရှားလာပါတယ်။ 208 00:08:49,000 --> 00:08:51,000 သင်တို့သိပြီနော်။ သင်ဟာ အတိတ်ကာလက အဖြစ်အပျက်တွေနဲ့ 209 00:08:51,000 --> 00:08:54,000 လူတွေကို အချိန်တော်တော်ကြာ အပျက်သဘော တုံ့ပြန်ခဲ့မယ်ဆိုရင် 210 00:08:54,000 --> 00:08:57,000 ဦးနှောက်ကတဆင့်ပို့လွတ်တဲ့ ဓါတုနဲ့ လျှပ်စစ်ဆိုင်ရာ လက္ခဏာတွေဟာ 211 00:08:57,000 --> 00:09:00,000 အာရုံကြောလမ်းကြောင်းတွေ ချခင်းပေးသွာတယ်ဆိုတာလေ။ 212 00:09:00,000 --> 00:09:03,000 နောက်ပြီးကြာလာတော့ ဒီအာရုံကြောလမ်းကြောင်းတွေဟာ 213 00:09:03,000 --> 00:09:05,000 အရိုးစွဲလာပြီးတော့ စံနှုန်းဖြစ်လာတာပေါ့။ 214 00:09:05,000 --> 00:09:07,000 ဒါက ကျွန်မတို့အတွက်ဆိုးဝါးပါတယ်။ 215 00:09:07,000 --> 00:09:10,000 အကြောင်းကတော့ ဒါက ကျွန်မတို့ကို စိတ်ဖိစီးမှုနဲ့ ကြောက်ရွံ့စိတ်တွေ ဖြစ်ပေါ်စေလို့ပါ။ 216 00:09:10,000 --> 00:09:12,000 အဲဒီလိုဆိုရင်တော့ 217 00:09:12,000 --> 00:09:16,000 ကျွန်မတို့တွေဟာ နောက်ကြောင်းပြန်ပြီး ကျွန်မတို့ရဲ့ဆက်ဆံရေးတွေကို ပြင်ဆင်လို့ရတာပေါ့၊ 218 00:09:16,000 --> 00:09:18,000 အတိတ်က လူတွေနဲ့ အဖြစ်သနစ်တွေ၊ 219 00:09:18,000 --> 00:09:20,000 ပြောင်းလဲနိူင်တဲ့ အာရုံကြောဆိုင်ရာလမ်းကြောင်း 220 00:09:20,000 --> 00:09:22,000 ပြန်ပြီးရှုမြင်လို့ရတာပေါ့။ 221 00:09:22,000 --> 00:09:24,000 နောက်ပြီး အတိတ်နဲ့ပတ်သက်ပြီး 222 00:09:24,000 --> 00:09:27,000 အကောင်းဖက်မြင်တဲ့ စိတ်ခံစားမှုတွေကို ပိုပြီး ထိန်းသိမ်းနိူင်မယ်ဆိုရင်တော့ 223 00:09:27,000 --> 00:09:29,000 ဒါဟာ စံနှုန်းအသစ်တစ်ခု ဖြစ်လာတာပေါ့။ 224 00:09:29,000 --> 00:09:32,000 အပူထိန်း ကိရိယာတစ်ခုကို ပြန်ချိန်လိုက်သလိုမျိုးပေါ့။ 225 00:09:32,000 --> 00:09:35,000 ကျွန်မတို့ကို အမြှော်အမြင်ရှိအောင်လုပ်ပေးတာက 226 00:09:35,000 --> 00:09:38,000 အတွေအကြုံရှိခြင်းမဟုတ်ပါဘူး။ 227 00:09:38,000 --> 00:09:42,000 ကျွန်မတို့တွေ့ကြုံခံစားခဲ့ဖူးသမျှကို အလေးအနက်ဆင်ခြင်းက 228 00:09:42,000 --> 00:09:44,000 ကျွန်မတို့ကို အမြှော်အမြင်ရှိအောင်လုပ်ပေးတာပါ။ 229 00:09:44,000 --> 00:09:46,000 နောက်ပြီး ဒါကပဲ ကျွှန်မတို့ကို ပြီးပြည့်စုံမှုဖြစ်လာစေပြီး၊ ၊ 230 00:09:46,000 --> 00:09:48,000 ဉာဏ်ပညာနဲ့ စစ်မှန်မှုနဲ့ ကို ဆောင်ကြဉ်းပေးဖို့ အထောက်အကူပြုတာပေါ့။ 231 00:09:48,000 --> 00:09:52,000 ဒါက ကျွန်မတို့ဖြစ်ခဲ့ဘူးကောင်းဖြစ်ခဲ့မယ့်အရာကို ဖြစ်လာဖို့ အထောက်အကူပေးပါတယ်။ 232 00:09:52,000 --> 00:09:54,000 ကျွန်မတို့ အမျိုးသမီးတွေဟာ ပြီးပြည့်စုံမှုနဲ့ တာထွက်ကြတာပဲလေ၊ မဟုတ်ကြဘူးလားရှင်။ 233 00:09:54,000 --> 00:09:57,000 ဆိုလိုတာက မိန်းကလေးတွေအဖြစ်နဲ့ တက်ကြွခြင်းနဲ့ စတင်ကြတယ်လေ။ "ဟုတ်တာပေါ့၊ ဘယ်သူပြောတာလဲဟေ့။" 234 00:09:57,000 --> 00:09:59,000 ကျွန်မတို့မှာ အေဂျင်စီရှိတယ်။ 235 00:09:59,000 --> 00:10:01,000 ကျွန်မတို့ဟာ ကျွန်မတို့ကိုယ်ပိုင်ဘဝတွေရဲ့ နိူင်ငံသားတွေဖြစ်ကြပါတယ်။ 236 00:10:01,000 --> 00:10:03,000 ဒါပေမယ့် မကြခဏဆိုသလိုပေါ့၊ တော်တော်များများပါ။ 237 00:10:03,000 --> 00:10:06,000 ကျွန်မတို့အများစုမဟုတ်ဘူးဆိုတာတောင်မှ အပျိုဖော်ဝင်စ အရွယ်ရောက်ချိန်မှာပေါ့လေ၊ 238 00:10:06,000 --> 00:10:09,000 လိုက်လျောညီထွေဖြစ်ဖို့နဲ့ လူအများကနှစ်သက်စေဖို့အတွက် စတင်ပူပန်မိကြတာပေါ့။ 239 00:10:09,000 --> 00:10:13,000 နောက်တော့ ကျွန်မတို့တွေဟာ တစ်ခြားသူတွေရဲ့ ဘဝတွေမှာ အကြောင်းခံ၊ အပြုခံတရားတွေ ဖြစ်လာကြပါတော့တယ်။ 240 00:10:13,000 --> 00:10:16,000 ဒါပေမဲ့ အခု တတိယ ဇာတ်ဝင်ခန်းတွေမှာတော့ 241 00:10:16,000 --> 00:10:18,000 ကျွန်မတို့ စတင်ခဲ့ကြတဲ့နေရာကို 242 00:10:18,000 --> 00:10:21,000 ပြန်လည်ဝေ့ပတ်ပြီး၊ ဒီအကြောင်းအရာကို 243 00:10:21,000 --> 00:10:23,000 ပထမဆုံးအကြိမ် သိရှိနားလည်ဖို့ ဖြစ်နိူင်ခြေရှိလာနိူင်တာပေါ့။ 244 00:10:23,000 --> 00:10:26,000 နောက်ပြီးတော့ ဒါကို ကျွန်မတို့ လုပ်နိူင်တယ်ဆိုရင်တော့ 245 00:10:26,000 --> 00:10:29,000 ဒါဟာ ကျွန်မတို့ချည်းအတွက်ပဲတော့ မဟုတ်ပါဘူး။ 246 00:10:29,000 --> 00:10:31,000 ကမ္ဘာပေါ်မှာ သက်ကြီးရွယ်အိုအမျိုးသမီးတွေဟာ 247 00:10:31,000 --> 00:10:33,000 အကြီးမားဆုံး လူဦးရေစာရင်းထဲမှာပါဝင်ပါတယ်။ 248 00:10:33,000 --> 00:10:36,000 ကျွန်မတို့တွေဟာ နောက်ကြောင်းပြန်ပြီး၊ ကျွန်မတို့ကို ကျွန်မ ပြန်လည်အဓိပ္ပါယ်ဖွင့်နိူင်ပြီးတော့ 249 00:10:36,000 --> 00:10:38,000 ပြီးပြည့်စုံမှု ဖြစ်လာစေနိူင်တယ် ဆိုရင်တော့ 250 00:10:38,000 --> 00:10:43,000 ဒါဟာ ကမ္ဘာပေါ်မှာ ယဉ်ကျေးမှု ပြောင်းလဲမှုတစ်ခုကို ဖန်တီးပေးပါလိမ့်မယ်၊ 251 00:10:43,000 --> 00:10:46,000 ပြီးတော့ ဒါက ငယ်ရွယ်တဲ့ မျိုးဆက်တွေအတွက် သူတို့ကိုယ်ပိုင် ဘဝသက်တမ်းကို 252 00:10:46,000 --> 00:10:49,000 ပြန်လည်စိတ်ကူးပုံဖော်နိူင်ဖို့ သာဓကဆောင်စရာတစ်ခု ပေးပါလိမ့်မယ်။ 253 00:10:49,000 --> 00:10:51,000 ကျေးဇူး အများကြီးတင်ပါတယ်ရှင်။ 254 00:10:51,000 --> 00:10:58,000 (လက်ခုပ်သံများ)