မည်သို့ပင်ဆိုစေ ATP သည် ဇီ၀ဗေဒတွင်အရေးပါသော မော်လီကျူးတစ်ခု ဖြစ်သည်။ ATP ဆိုသည်မှာ Adenosine TriPhosphate (အက်ဒီနိုစင်း ထရိုင်ဖောစ်ဖိတ်) ၏အတိုကောက်ဖြစ်သည်။ စိတ်ဝင်စားစရာကောင်းလှ၏။ တချို့ ဇီ၀ဓာတု ဖြစ်စဉ်တွေမှာ ATP ကိုတွေ့ရင် ငါတို့ သိမှတ်ထားသင့်တာက ကျွန်တော်တို့ဟာ ဇီ၀စွမ်းအင်နဲ့ အလုပ်လုပ်နေတယ်ဆိုတာပါ။ တစ်နည်းအားဖြင့် ATP ကို "ဇီ၀စွမ်းအင်၏ ငွေကြေးစနစ်" လို့ပြောလို့ရပါတယ်။ ဒါဆို ဇီ၀စွမ်းအင်၏ ငွေကြေးစနစ် ဘယ်လိုအလုပ်လုပ်လဲ ဆိုတာကြည့်ကြရအောင် ATP ကစွမ်းအင်ကို သူ့ bond တွေထဲမှာသိုလှောင်ထားတာပါ ကျွန်တော် ဘာကိုဆိုလိုချင်တာလဲဆိုတာကို ခဏနေ ရှင်းပြပါမယ် ကျွန်တော်တို့ အက်ဒီနိုစင်း (adenosine) နဲ့ ထရိုင်ဖောစ်ဖိတ် (triphosphate) ကိုသီးခြားမလေ့လာခင် ATP ကို ကျွန်တော်ဆွဲပြထားသလို အက်ဒီနိုစင်း(adenosine) နဲ့ ဖွဲ့စည်း ထားတယ်ဆိုတာ ယုံကြည်လိုက်ပါ ကျွန်တော် အရောင်လှလှလေးနဲ့ အက်ဒီနိုစင်း ကို ဆွဲပြထားပါတယ် ဖောစ်ဖိတ် ၃ ခုနဲ့ ချိတ်ဆက်ထားတာကိုတွေ့ပါလိမ့်မယ် တွေ့ကိုတွေ့မှာပါ ဖောစ်ဖိတ် (phosphate) ၃ခု ကအခုဆွဲပြထားသလို အက်ဒီနိုစင်း (adenosine) group နဲ့ ချိတ်ဆက်ထားတာပါ အဲဒါကို ATP (Adenosine Triphosphate - အက်ဒီနိုစင်း ထရိုင်ဖောစ်ဖိတ်) လို့ခေါ်ပါတယ် Tri = three (ထရိုင်ဆိုတာ ၃ခုကို ရည်ညွှန်းပါတယ်) အက်ဒီနိုစင်း ထရိုင်ဖောစ်ဖိတ် (adenosine triphosphate) ကို ရေသွင်းဓာတ်ပြုလိုက်ရင် တစ်နည်းအားဖြင့် ရေနဲ့ ရောလိုက်တာပေါ့ ကျွန်တော် အခု ရေ (H2O) ထဲ့လိုက်ပါပြီ ရေ (H2O) နဲ့ဓာတ်ပြုလိုက်ပါပြီ ဆိုကြပါဆို့ ဖောစ်ဖိတ် ၃ ခုထဲက တစ်ခုက ATP ကနေခွဲထွက်သွားပြီး ရေ (H2O) ကပြိုကွဲသွားတဲ့ အစိတ်အပိုင်းနဲ့ ဓာတ်ပြုသွားပါလိမ့်မယ် ကျွန်တော် အဲဒါကို အသေးစိတ် ရှင်းပြပါမယ် ဒါပေမယ့် ကျွန်တော်အခု မြင်စေချင်တာက အခု ကျွန်တော်တို့မှာ ရေသွင်းဓာတ်ဖြိုခွဲပြီး ကျန်ခဲ့တဲ့ အက်ဒီနိုစင်း (Adenosine) မှာ ဖောစ်ဖိတ် (phosphate) ၂ ခုဘဲ ရှိပါတော့တယ် အဲ့ဒီ ဖောစ်ဖိတ်၂ခု နဲ့အက်ဒီနိုစင်း (adenosine) ကို အက်ဒီနိုစင်း ဒိုင်ဖောစ်ဖိတ် (adenosine diphosphate) လို့ခေါ်ပါတယ် ကျွန်တော်တို့မှာ အရင်တုန်းက ဖောစ်ဖိတ် (phosphate) ၃ခု ရှိပြီး အခု ဖောစ်ဖိတ်(phosphate) ၂ခုဘဲ ရှိပါတော့တယ်။ ဖောစ်ဖိတ် ၂ခု ကို ဒိုင်ဖောစ်ဖိတ် (diphosphate) လို့ခေါ်ပါတယ် tri အစား di လို့ရေးပါတယ် ဆိုလိုချင်တာကတော့ ဖောစ်ဖိတ်(phosphate) ၂ခုရှိတာပေါ့ (Di = two, 2) ခု ATP ကိုရေသွင်းဓာတ်ဖြိုခွဲလိုက်ပါပြီ တစ်နည်းအားဖြင့် ဖောစ်ဖိတ် ၁ခု ဖြုတ်လိုက်တာပေါ့ ဒါဆို ကျွန်တော်တို့မှာ ADP (အက်ဒီနိုစင်း + ဖောစ်ဖိတ် ၂ခု) နဲ့ ပြိုကွဲလာတဲ့ ဖောစ်ဖိတ် ၁ခုရှိတာပေါ့ ဒီဖြစ်စဉ်က ATP အကြောင်းပြောတဲ့အခါ ကျွန်တော်တို့ စွမ်းအင်ရရှိတယ်ဆိုတာရဲ့ အဓိကသော့ချက်ဘဲ ဒါ့ကြောင့် ကျွန်တော် ATP ကို "ဇီ၀စွမ်းအင်၏ ငွေကြေးစနစ်" လို့ပြောခဲ့တာပေါ့ "ဇီ၀စွမ်းအင်၏ ငွေကြေးစနစ်" လို့ပြောခဲ့တာပေါ့ ကျွန်တော်တို့မှာ ATP ရှိနေရင် ဓာတုဓာတ်ပြုမယ်ဆိုရင် ATP ကနေ ဖောစ်ဖိတ် ၁ခု ဖြုတ်လိုက်ရုံပါဘဲ ဒါဆို စွမ်းအင်ထွက်လာမှာပါ ထွက်လာတဲ့ စွမ်းအင်ကို အသွင်ပြောင်းပြီး အပူ အနေနဲ့ အသုံးပြုလို့ရပါတယ် ဒါမှမဟုတ်ရင် ဒီရလာတဲ့ စွမ်းအင်ကို တခြား စွမ်းအင်လိုအပ်တဲ့ ဓာတ်ပြုဖြစ်စဉ်မှာ သုံးလိုက်လို့ရပါတယ် ဒါဆို ဒုတိယဓာတုဖြစ်စဉ် ရှေ့ဆက်ပြီးဓာတ်ပြုလို့ရပြီပေါ့ ကျွန်တော် ဝိုင်းပြထားတဲ့ အက်ဒီနိုစင်း နဲ့ ဖောစ်ဖိတ်ကို မှတ်ထားရင် ရပါပြီ ကျွန်တော် အခုထိဆွဲပြထားတဲ့ ဖြစ်စဉ်ကို မင်းတို့ ATP ဇီ၀ဖွဲ့စည်းမှုစနစ်မှာ အလုပ်လုပ်ပုံနဲ့ ဆက်စပ် တွေးကြည့်လို့ရပါတယ် ပြောင်းပြန်ပြန်တွေးရင်လဲ မှန်ပါတယ် ကျွန်တော်တို့မှာ စွမ်းအင်ရှိတယ် ATP ကိုလိုချင်တယ်ဆိုရင် ဓာတ်ပြုမှုကို ဘယ်ဘက် ပြန်သွားလိုက်ရုံပါဘဲ စွမ်းအင် + ADP + ဖောစ်ဖိတ် ၁ခု = ATP ရမှာပါ ဒါကို (ATP) ကိုသိုလှောင်ထားနိုင်တဲ့ စွမ်းအင်လို့ခေါ်လို့ရပါတယ် ဒီညီမျှခြင်း ဘယ်ဘက်က သိုလှောင်စွမ်းအင်ပေါ့ ညာဘက်မှာရှိနေတာက အရံသင့် အသုံးပြုနိုင်တဲ့ စွမ်းအင်ပေါ့ ဒီအထိ နားလည်ပြီဆိုရင် မင်းတို့ သိသင့်တဲ့ ATP ရဲ့ ဇီ၀ဖြစ်စဉ် တွေမှာ လုပ်ဆောင်ချက်တွေရဲ့ ၉၅% ကို ၉၅% ကိုရနေပါပြီ။ ကျွန်တော်တို့မှာ ATP ရှိနေတယ်ဆိုရင် အဲဒါ သိုလှောင်စွမ်းအင်ပါဘဲ အဲဒီ ATP ကနေ ဖောစ်ဖိတ် ၁ခု ဖြုတ်လိုက်ရင် စွမ်းအင်ထွက်လာပါတယ် ATP ကိုပြန်လိုချင်တဲ့အခါ ရှိနေတဲ့ စွမ်းအင်ကိုသုံးပြီး ADP နဲ့ ဖောစ်ဖိတ် ၁ခု ဓါတ်ပြုလိုက်ရင် ATP ပြန်ရလာပါတယ် ဒါကြောင့် ကျွန်တော်တို့မှာ ATP ရှိရင် စွမ်းအင်အရင်းအမြစ်ရှိတာပါဘဲ ADP ရှိတယ် ATP လိုချင်တယ်ဆိုရင် စွမ်းအင်အသုံးပြုလိုက်ရုံပါဘဲ ကျွန်တော်ခုချိန်ထိ ဝိုင်းထားတဲ့ A ကို အက်ဒီနိုစင်းလို့ ပြောခဲ့တယ်နော် အက်ဒီနိုစင်းမော်လီကျူး ပုံစံကို သိချင်နေကြမှာပါ ကျွန်တော်ခုပြမဲ့ အက်ဒီနိုစင်းမော်လီကျူး ပုံစံကို ဝီကီပီးဒီးယား (wikipedia) ကယူထားတာပါ ခုမြင်ရတဲ့အတိုင်း သူ့ပုံစံက ရှုပ်ထွေးပါတယ် ကျွန်တော် ဒါကြောင့် စစချင်းမှာ မပြောပြခဲ့တာပါ ATP ကိုဘာလို့ "ဇီ၀စွမ်းအင်၏ ငွေကြေးစနစ်" လို့ခေါ်လဲဆိုတဲ့ ယူဆချက်က လွယ်လွယ်လေးပါ ATP မှာ ဖောစ်ဖိတ် ၃ခုရှိတာ ၁ခုကို ဖြုတ်လိုက်ရင် စွမ်းအင်ရလာမှာပါ ရလာတဲ့ စွမ်းအင်ကို လိုအပ်တဲ့လုပ်ငန်းမှာ ထဲ့သုံးလိုက်ရုံပါဘဲ ဒါမှမဟုတ် ဖောစ်ဖိတ်၁လုံး ပြန်တပ်ချင်တယ်ဆိုရင် စွမ်းအင်လိုတဲ့အတွက် ရထားတဲ့ စွမ်းအင်ကို ပြန်သုံးလိုက်လို့ရပါတယ် ဒါကတော့ ATP ရဲ့ အခြေခံ သဘောတရားပါ အခု ATP ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ (မော်လီကျူး ပုံစံ) ကိုကြည့်ရအောင်ပါ ကျွန်တော်တို့ တစ်ပိုင်းစီ ခွဲကြည့်ရင် မခက်ခဲ မရှုပ်ထွေးပါဘူး ကျွန်တော်တို့ အက်ဒီနိုစင်းလို့ပြောခဲ့တယ်နော် ကျွန်တော် အက်ဒီနိုစင်းကိုဆွဲပြပါမယ် ကျွန်တော်တို့ အက်ဒီနိုစင်းကို ကြည့်ကြရအောင် ကျွန်တော်အခုဝိုင်းပြလိုက်တာ အက်ဒီနိုစင်း ဖွဲ့စည်းတည်ဆောက်ပုံပါ ကျွန်တော် အခုဝိုင်းပြမယ့် အက်ဒီနိုစင်း အစိတ်အပိုင်းကို အက်ဒီနင်းလို့ ခေါ်ပါတယ် မင်းတို့ထဲက တချို့တွေ အခြား ဗီဒီယိုတွေမှာ အက်ဒီနင်း (adenine)ကို မြင်ဘူးရင် မြင်ဘူးကြမှာပါ ဒီ အက်ဒီနင်း က ဒီအန်အေ (DNA) ရဲ့ကျောရိုးမှာပါဝင်ဖွဲ့စည်းထားတဲ့ ယူးကလီယိုတိုက် (nucleotides) မှာပါတဲ့ အက်ဒီနင်း နဲ့တူတူပါဘဲ ဒါကြောင့် တစ်ချို့သော ဇီ၀ဖြစ်စဉ်တွေမှာ ပါဝင်တဲ့ မော်လီကျူးတွေက လုပ်ငန်းတစ်ခုထက်ပိုပြီး လုပ်ဆောင်တာကိုတွေ့ရမှာပါ ကျွန်တော်ခုပြောနေတဲ့ အက်ဒီနင်း က ပြူရင်း (purine) တွေဖြစ်တဲ့ အက်ဒီနင်း(adenine) နဲ့ ဂွါနင်း (guanine) တို့ရဲ့ အက်ဒီနင်း(adenine) နဲ့ တူတူပါဘဲ ပြူရင်း (purine) လိုဘဲ ပိုင်ရမဒင်း (pyrimidine) ဆိုပြီးရှိပါသေးတယ်