1 00:00:06,574 --> 00:00:12,366 ပြောင်းဖူးဟာ လက်ရှိကမ္ဘာ့စိုက်ပျိုးရေးရဲ့ ဆယ်ပုံတစ်ပုံကို လွှမ်းမိုးထားပါတယ်။ 2 00:00:12,366 --> 00:00:17,330 အမေရိကန်ပြည်ထောင်စုက ပြောင်းခင်းတွေဟာ ဂျာမနီတပြည်လုံးကိုတောင် ဖုံးထားနိုင်ပါတယ်။ 3 00:00:17,330 --> 00:00:20,760 သို့သော် တခြားသီးနှံတွေကို အမျိုးအစားမျိုးစုံ စိုက်ပျိုးကြပေမဲ့ 4 00:00:20,760 --> 00:00:28,587 ပြောင်းဖူးကိုတော့ Yellow Dent #2 ဆိုတဲ့ မျိုးတစ်ခုတည်းကိုပဲ ၉၉ % စိုက်ကြတယ်။ 5 00:00:28,587 --> 00:00:32,317 ပြောရမယ်ဆိုရင်တော့ Yellow Dent #2 ဆိုတဲ့ ပြောင်းဖူးမျိုးကို တခြားအပင်တွေထက် 6 00:00:32,317 --> 00:00:35,112 ပိုပြီးစိုက်ပျိုးကြတာ ဖြစ်ပါတယ်။ 7 00:00:35,112 --> 00:00:38,556 ဆိုတော့ကာ ဒီမျိုးအစား တစ်ခုတည်းက ဘယ်လိုလုပ်ပြီး 8 00:00:38,556 --> 00:00:43,521 ကမ္ဘာ့စိုက်ပျိုးရေးသမိုင်းမှာ အကြီးဆုံး အောင်မြင်လာခဲ့တာလဲ? 9 00:00:43,521 --> 00:00:47,611 ပြောင်းဖူး (Corn ခေါ် Maize) ဟာ လွန်ခဲ့တဲ့နှစ် ၉၀၀၀ လောက်က 10 00:00:47,611 --> 00:00:52,965 အမေရိကတိုက်အလယ်ပိုင်းက Teosinte ဆိုတဲ့ မြက်မျိုးရင်းကနေ လူတွေနဲ့ရင်းနှီးလာတာပါ။ 11 00:00:52,965 --> 00:00:56,785 သူ့ရဲ့အစေ့ဟာ အရမ်းမာပြီး စားဖို့ခက်ပေမဲ့ 12 00:00:56,785 --> 00:01:01,309 သူ့ရဲ့အမွှေးများတဲ့အခွံကို လူ့အသုံးအဆောင်တွေ တီထွင်ဖန်တီးပါတယ်။ 13 00:01:01,309 --> 00:01:07,252 နောင်နှစ်ပေါင်း ၄၇၀၀ ကျော်မှ လယ်သမားတွေက အူတိုင်အလုံးကြီးပြီး အသားများတဲ့ 14 00:01:07,252 --> 00:01:10,392 စားလို့ရတဲ့ပြောင်းအဖြစ် မွေးနိုင်ခဲ့တယ်။ 15 00:01:10,392 --> 00:01:14,711 အမေရိကတိုက်အနှံ့ ပျံ့နှံ့လာတဲ့အခါမှာတော့ 16 00:01:14,711 --> 00:01:18,693 ဒေသခံလူမျိုးတွေက စိုက်ပျိုးရေးကို ဖန်တီးပေးတဲ့နတ်ဘုရား၊ 17 00:01:18,693 --> 00:01:21,997 ပြောင်းမိခင် အဖြစ် အလေးထားကိုးကွယ်ကြပါတယ်။ 18 00:01:21,997 --> 00:01:26,529 ဥရောပသားတွေ အမေရိကားရောက်လာတော့ ပြောင်းကို စိမ်းနေလို့ ရှောင်ရှားခဲ့ပါတယ်။ 19 00:01:26,529 --> 00:01:30,743 တချို့တွေကလည်း ဒေသခံတွေနဲ့ မိမိတို့ဥရောပသားတွေ 20 00:01:30,743 --> 00:01:32,903 ယဉ်ကျေးမှုမတူဘူး ဆိုပြီး ပစ်ပယ်ခဲ့ကြတယ်။ 21 00:01:32,903 --> 00:01:33,667 သို့သော်လည်း၊ 22 00:01:33,667 --> 00:01:38,676 ဥရောပက စားပင်တွေကို အမေရိကမှာ ဘယ်လိုမှ စိုက်လို့မရတဲ့အခါမှာ 23 00:01:38,676 --> 00:01:41,966 ပြောင်းကို စမ်းစားကြည့်ဖို့ အကြောင်းဖန်လာပါတော့တယ်။ 24 00:01:41,966 --> 00:01:45,983 သူတို့အကြိုက်အရသာဖြစ်လာတဲ့အခါမှာ ပြောင်းဟာ အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ပြီး 25 00:01:45,983 --> 00:01:50,331 ဥရောပကို ရောက်ရှိလာခဲ့ပါတယ်။ ဥတုမရွေး ရှင်သန်နိုင်တဲ့ သူ့အစွမ်းကြောင့် 26 00:01:50,331 --> 00:01:52,784 ပြောင်းဟာ ဥရောပမှာ ထင်ရှားလာပါတယ်။ 27 00:01:52,784 --> 00:01:58,099 သို့သော် အမေရိကကတော့ ကမ္ဘာ့ပြောင်းစျေးကွက် အချက်အခြာ ဖြစ်နေပါသေးတယ်။ 28 00:01:58,099 --> 00:02:01,979 ၁၈၀၀ ပြည့်နှစ် အစောပိုင်းတွေက အမေရိကန်ပြည်နယ်တွေ ဒေသတွေမှာ 29 00:02:01,979 --> 00:02:05,502 အရသာရော အရွယ်ပါမတူညီတဲ့ ပြောင်းမျိုးတွေကို မတူညီစွာ စိုက်ပျိုးခဲ့ကြပါတယ်။ 30 00:02:05,502 --> 00:02:07,397 သို့သော် ၁၈၅၀ ပြည့်နှစ်တွေမှာတော့ 31 00:02:07,397 --> 00:02:12,176 ဒီလိုမတူတဲ့မျိုးတွေကြောင့် ရထားကုမ္ပဏီတွေ၊ ကုန်သည်တွေအနေနဲ့ 32 00:02:12,176 --> 00:02:14,296 ထုတ်ပိုးသယ်ယူရောင်းချဖို့ ခက်ခဲလာစေတာမို့ 33 00:02:14,296 --> 00:02:18,655 ချီကာဂိုလို ရထားလမ်းဆုံမြို့တွေက ကုန်သည်အဖွဲ့တွေက လယ်သမားတွေကို 34 00:02:18,655 --> 00:02:20,980 စံတစ်မျိုးတည်းသာ စိုက်ကြဖို့ တိုက်တွန်းလာပါတယ်။ 35 00:02:20,980 --> 00:02:26,309 ၁၈၉၃ ခုနှစ် World’s Fair မှာတော့ ဒီအိပ်မက်ကို အကောင်အထည်ဖော်ခဲ့ပါတယ်။ 36 00:02:26,309 --> 00:02:31,092 James Reid ရဲ့ yellow dent ပြောင်းမျိုးဟာ ဖဲကြိုးပြာဆု ဆွတ်ခူးခဲ့ပါတယ်။ 37 00:02:31,092 --> 00:02:35,222 နောင်နှစ် ၅၀ ကျော်မှာ yellow dent မျိုးဟာ အမေရိကန်တစ်နိုင်ငံလုံး ခြုံလွှမ်းခဲ့ပါတယ်။ 38 00:02:35,222 --> 00:02:38,315 ဒုတိယကမ္ဘာစစ်ကြောင့် နည်းပညာတွေတိုးတက်လာတဲ့အခါ 39 00:02:38,315 --> 00:02:41,382 စက်မှုလယ်ယာ ရိတ်သိမ်းစက်တွေ အသုံးများလာခဲ့ပါတယ်။ 40 00:02:41,382 --> 00:02:46,403 အရင်ကတစ်ရက်လုံး လက်နဲ့ရိတ်ရတဲ့ ပြောင်းခင်းကို 41 00:02:46,403 --> 00:02:49,583 ငါးမိနစ်နဲ့ အပြီးရိတ်နိုင်ခဲ့ပါတယ်။ 42 00:02:49,583 --> 00:02:54,345 စစ်သုံးနည်းပညာတစ်ခုဖြစ်တဲ့ ဗုံးလုပ် ammonium nitrate ဟာလည်း 43 00:02:54,345 --> 00:02:57,295 လယ်ယာတွေအတွက် ဓာတ်မြေသြဇာအဖြစ် အသုံးဝင်လာပြီး 44 00:02:57,295 --> 00:02:59,432 ခေတ်တစ်ခုဖြစ်လာပါတယ်။ 45 00:02:59,432 --> 00:03:03,442 ဓာတ်မြေသြဇာကြောင့် မြေကို ပြန်ပြင်စရာ၊ အချိန်ပေးစရာ မလိုတော့ပဲ 46 00:03:03,442 --> 00:03:07,955 ထူထဲလှတဲ့ပြောင်းခင်းကြီးတွေ နှစ်စဉ်စိုက်လို့ ရသွားပါတယ်။ 47 00:03:07,955 --> 00:03:12,170 ဒီလို ခေတ်မှီနည်းပညာတွေကြောင့် ပြောင်းကို အမေရိကန်လယ်သမားတွေ 48 00:03:12,170 --> 00:03:16,194 စိတ်ဝင်စားလာပေမယ့် အစိုးရက စျေးနှုန်းတည်ငြိမ်အောင် 49 00:03:16,194 --> 00:03:18,419 ပြောင်းစိုက်ပျိုးပမာဏကို ကန့်သတ်ထားခဲ့ပါတယ်။ 50 00:03:18,419 --> 00:03:23,325 ၁၉၇၂ မှာ ဆိုဗီယက်ပြည်ထောင်စုကို ပြောင်းအကြီးအကျယ် တင်ပို့ကာမှ 51 00:03:23,325 --> 00:03:27,285 အမေရိကန်သမ္မတနစ်ဆင်က ဒီကန့်သတ်ချက်ကို ဖယ်ရှားပေးခဲ့ပါတယ်။ 52 00:03:27,285 --> 00:03:30,913 ဒီလို ကုန်သွယ်လမ်းသစ်တွေနဲ့ စစ်သုံးနည်းပညာတွေကြောင့် 53 00:03:30,913 --> 00:03:35,401 ပြောင်းထုတ်လုပ်မှုဟာ ကမ္ဘာ့ဖြစ်စဉ်တစ်ခုထိ ထင်ရှားလာခဲ့ပါတယ်။ 54 00:03:35,401 --> 00:03:39,651 ဒီလိုပေါများလှတဲ့ ပြောင်းဖူးတွေနဲ့အတူ ပြောင်းအသုံးဝင်ပုံတွေကလည်း များပြားလာပါတယ် 55 00:03:39,651 --> 00:03:44,761 ပြောင်းမှုန့်ကို ဓာတ်ဆီကနေ ကော်ထုတ်တဲ့အထိ Thickening Agent အဖြစ် အသုံးပြုလာသလို 56 00:03:44,761 --> 00:03:50,727 Fructose မြင့် အချိုရည်အနေနဲ့ စျေးချိုစွာ ထုတ်လုပ်နိုင်လာပါတယ်။ 57 00:03:50,727 --> 00:03:55,147 ပြောင်း (Maize) က ကမ္ဘာ့စျေးအပေါဆုံး တိရိစ္ဆာန်အစာ ဖြစ်လာပြန်ပါတယ်။ 58 00:03:55,147 --> 00:03:57,677 ဒါ့ကြောင့် အသားထုတ်လုပ်မှုစရိတ် ကျဆင်းလာသလို 59 00:03:57,677 --> 00:04:01,950 တဖက်မှာလည်း အသားနဲ့ ပြောင်း လိုအပ်မှုပမာဏ မြင့်တက်လာပါတယ်။ 60 00:04:01,950 --> 00:04:06,656 ယနေ့ခေတ်မှာ လူတွေဟာ စိုက်သမျှပြောင်းရဲ့ ၄၀ ရာနှုန်းကိုပဲ စားပြီး 61 00:04:06,656 --> 00:04:12,466 ကျန် ၆၀ ရာနှုန်းကတော့ တခြားထုတ်ကုန်တွေအတွက် သုံးနေပါတယ်။ 62 00:04:12,466 --> 00:04:16,096 ပြောင်းသီးနှံရဲ့ အံ့မခန်းအောင်မြင်မှုအတွက် ပြန်ပေးဆပ်ရတာတွေတော့ ရှိပါတယ်။ 63 00:04:16,096 --> 00:04:21,217 ပြောင်းခင်းတွေက ပိုလျှံဓာတ်မြေသြဇာတွေဟာ ကမ္ဘာ့ရေထုကို ညစ်ညမ်းစေသလို 64 00:04:21,217 --> 00:04:26,345 အသားထုတ်လုပ်မှု များပြားလာတာနဲ့အတူ စိုက်ပျိုးရေးတွေထဲက ပြောင်းဟာ 65 00:04:26,345 --> 00:04:29,725 ကာဘွန်ထုတ်လွှတ်မှု အများဆုံးဖြစ်လာပါတယ်။ 66 00:04:29,725 --> 00:04:35,163 ပြောင်းကထုတ်တဲ့အချိုရည် သုံးတာကလည်း ဆီးချိုနဲ့ အဝလွန်တာတွေ ဖြစ်လာစေပါတယ်။ 67 00:04:35,163 --> 00:04:37,883 ပြောင်းတစ်မျိုးတည်းကို တစိုက်မတ်မတ် စိုက်ပျိုးနေတာကလည်း 68 00:04:37,883 --> 00:04:42,972 အဖျက်ပိုးအန္တရာယ်အရမ်းကြီးမားနေပြီး ပြောင်းကို ဖျက်တဲ့ပိုးတစ်မျိုးတည်းက 69 00:04:42,972 --> 00:04:48,336 လူသားအားလုံးကို ဒုက္ခပေးသွားနိုင်ပါတယ်။ 70 00:04:48,336 --> 00:04:51,246 ပြောင်းဟာ ချုံမြက်သာသာ ဘဝကနေ 71 00:04:51,246 --> 00:04:54,492 ကမ္ဘာထုတ်ကုန်တွေရဲ့ အရေးပါတဲ့အရာ ဖြစ်လာပါပြီ။ 72 00:04:54,492 --> 00:04:59,830 ဒါပေမဲ့ ဘယ်လောက်ထိခံမလဲ ဆိုတာကတော့ အချိန်ကသာ ဆုံးဖြတ်ပေးသွားပါလိမ့်မယ်။