WEBVTT 00:00:09.758 --> 00:00:11.650 သေပြီးနောက် ဘာဖြစ်သွားလဲ။ 00:00:11.650 --> 00:00:13.613 အေးငြိမ်းတဲ့ သုခဘုံတစ်ခု ရှိလား။ 00:00:13.613 --> 00:00:15.476 ထာဝရ ညှဉ်းပန်းမှုလား။ 00:00:15.476 --> 00:00:16.788 ဘဝ တစ်ဖန်ဖြစ်ခြင်းလား။ 00:00:16.788 --> 00:00:20.069 (သို့) ဖြစ်နိုင်တာက နတ္ထိလား။ 00:00:20.069 --> 00:00:23.569 ကောင်းပြီ။ တရုတ် ဧကရာဇ်တစ်ပါး တွေးတာကတော့ တမလွန်က ဘာဖြစ်ဖြစ် 00:00:23.569 --> 00:00:25.661 စစ်တပ်တစ်တပ် ခေါ်ဆောင်တာက ပိုနေသာတယ်တဲ့။ 00:00:25.661 --> 00:00:27.945 ဒါကို သိတာက ၁၉၇၄ ခုနှစ်မှာ လယ်သမားတွေဟာ 00:00:27.945 --> 00:00:30.449 ရွာလေးတစ်ရွာ အနီးက ရေတွင်း တစ်တွင်းကို တူးဖော်ရင်း 00:00:30.449 --> 00:00:35.032 ရှေးဟောင်းသုသေသန သမိုင်းမှ အရေးပါဆုံး တွေ့ရှိမှုတစ်ခုကို အမှတ်မထင် တွေ့ခဲ့တယ်၊ 00:00:35.032 --> 00:00:38.472 တိုက်ပွဲအတွက် အသင့်ဖြစ်နေတဲ့ ပကတိအရွယ် မြေစေး စစ်သား ၈၀၀၀ ကျော်ပါဝင်တဲ့ 00:00:38.472 --> 00:00:43.709 တရုတ်ဧကရာဇ်ရဲ့ သင်္ချိုင်းကို ဝန်းရံနေတဲ့ ဧရာမ မြေအောက် ခန်းဆောင်တွေပါ။ 00:00:43.709 --> 00:00:46.916 မြေအောက် စစ်တပ်ရဲ့ဇာတ်လမ်းက ခရစ်နှစ်မတိုင်မီ ၂၄၆ က 00:00:46.916 --> 00:00:50.931 အသက် ၁၃ နှစ်မှာ Qin ပြည်နယ်ရဲ့ ဘုရင်အဖြစ် အာဏာရလာတဲ့ 00:00:50.931 --> 00:00:52.864 Ying Zhengနဲ့ စခဲ့တာပါ။ 00:00:52.864 --> 00:00:54.343 ရည်မှန်းချက်ကြီးပြီး ရက်စက်တဲ့ 00:00:54.343 --> 00:00:57.237 သူဟာ စစ်ဖြစ်နေတဲ့ တိုင်းနိုင်ငံ ခုနှစ်ခုကို စုစည်းပြီးနောက် 00:00:57.237 --> 00:01:01.476 တရုတ်ပြည်ရဲ့ ပထမဆုံး ဧကရာဇ် ဖြစ်လာတဲ့အထိ ဆက်သွားခဲ့တယ်။ 00:01:01.476 --> 00:01:04.625 သူ့ရဲ့ ၃၆ နှစ်တာ အုပ်စိုးမှုမှာ အချိန်အတွယ်၊ အတိုင်းအတာတွေရဲ့ 00:01:04.625 --> 00:01:07.395 အများသုံး စနစ်တွေ၊ တရုတ်ပြည်အားလုံး အတွက် စံတစ်ခုတည်း 00:01:07.395 --> 00:01:11.207 သတ်မှတ်ထားတဲ့ အက္ခရာ၊ မဟာတံတိုင်းလို့ နောင်မှာ သိလာမယ့် 00:01:11.207 --> 00:01:16.345 ကာကွယ်ရေး အတားအဆီးတစ်ခု အပါအဝင် သမိုင်းတွင်တဲ့ အောင်မြင်မှုတွေ တွေ့ရတယ်။ 00:01:16.345 --> 00:01:19.145 ဒါပေမဲ့ ဖြစ်နိုင်တာက Qin Shi Huangdi သမိုင်းအမွေကာကွယ်ရာမှာ 00:01:19.145 --> 00:01:21.261 အားထုတ်မှု အမြောက်အမြား မြှုပ်နှံခဲ့တာက 00:01:21.261 --> 00:01:23.825 သူဟာ သူ့သေခြင်းနဲ့ ဥပါဒါန်ဖြစ်ခဲ့လို့ပါ။ 00:01:23.825 --> 00:01:26.843 သူ့နောက်ဆုံးနှစ်တွေမှာ အဂ္ဂိရတ်ဆရာတွေကို အရူးအမူး ခန့်အပ်ရင်း၊ 00:01:26.843 --> 00:01:30.194 သူ့ကို အမတအဖြစ် ရောက်ရှိဖို့ ကူညီမယ့် သက်စောင့်ဆေး ရှာဖွေရေးမှာ 00:01:30.194 --> 00:01:32.955 ခရီးသွားအဖွဲ့တွေကို တပ်ဖြန့်ရင်း ကုန်ဆုံးခဲ့တယ်။ 00:01:32.955 --> 00:01:35.076 သူ့အုပ်စိုးမှု ပထမနှစ် အစောပိုင်းကကို 00:01:35.076 --> 00:01:38.405 အထိမ်းအမှတ်တွေ၊ ရှေးအသုံးအဆောင်တွေ နောက်ဘဝမှာ သူနဲ့ အဖော်လိုက်ပါပြီး 00:01:38.405 --> 00:01:40.881 သူ့အုပ်ချုပ်မှု ဆက်ရှိဖို့ တပ်တစ်တပ်နဲ့ 00:01:40.881 --> 00:01:43.709 ဖြည့်ထားတဲ့ ဧရာမ မြေအောက် ရှေးသင်္ချိုင်းကြီးတစ်ခု 00:01:43.709 --> 00:01:45.986 ဆောက်လုပ်မှုနဲ့ စတင်ခဲ့တယ်။ 00:01:45.986 --> 00:01:49.681 ခမ်းနားလှတဲ့ စစ်တပ်ဟာ တိကျတဲ့ တိုက်ပွဲဝင် အနေအထားမှာ ရပ်နေဆဲဖြစ်ပြီး 00:01:49.681 --> 00:01:52.222 တွင်းပေါင်းမျာစွာ အနှံ့ ခွဲထားတယ်။ 00:01:52.222 --> 00:01:55.147 တစ်တွင်းက စစ်သည် ၆၀၀၀ ပါတဲ့ ပင်မ တပ်မတစ်ခုပါ။ 00:01:55.147 --> 00:01:57.592 တစ်ခုစီက ပေါင်ချိန် ရာပေါင်းများစွာ အလေးချိန်စီးတယ်။ 00:01:57.592 --> 00:02:03.019 ဒုတိယတစ်ခုက စစ်ရထား ၁၃၀ ကျော်နဲ့ မြင်း ၆၀၀ ကျော်ရှိပြီး 00:02:03.019 --> 00:02:05.935 တတိယတစ်ခုက အဆင့်မြင့် ဌာနချုပ်ကို ထည့်ထားတယ်။ 00:02:05.935 --> 00:02:08.503 စတုတ္ထ ဗလာတွင်းတစ်ခုက ဒီမဟာ စီမံကိန်းကြီးက 00:02:08.503 --> 00:02:11.333 ဧကရာဇ်မကွယ်လွန်မီ မပြီးစီး နိုင်ခဲ့တာကို ညွှန်းပါတယ်။ 00:02:11.333 --> 00:02:15.547 ထပ်မံပြီး အနီးအနားရှိ ခန်းမဆောင်တွေမှာ ဂီတပညာရှင်တွေနဲ့ ကျွမ်းဘားသမားတွေ၊ 00:02:15.547 --> 00:02:17.653 အလုပ်သမားတွေ၊အစိုးရအရာရှိတွေနဲ့ ဆန်းပြားတဲ့ 00:02:17.653 --> 00:02:19.554 တိရစ္ဆာန်တွေရဲ့ ရုပ်တုငယ်တွေ ပါဝင်တယ်။ 00:02:19.554 --> 00:02:22.991 ဧကရာဇ် Qin ဟာ စစ်ပွဲ သက်သက် ဆင်နွဲတယ် ဆိုတာထက် နောင်ဘဝအတွက် 00:02:22.991 --> 00:02:25.369 နောက်ထပ် အစီအစဉ်တွေရှိတာကို ညွှန်ပြနေတာပါ။ 00:02:25.369 --> 00:02:29.067 ရုပ်တုငယ်အားလုံးကို နီညိုရောင် မြေစေးတစ်မျိုးဖြစ်တဲ့ မြေနီထည် 00:02:29.067 --> 00:02:31.661 (သို့) မီးဖုတ် မြေသားကနေ ထုလုပ်ထားတယ်။ 00:02:31.661 --> 00:02:37.128 ဒါတွေ ဆောက်ဖို့ များစွာသောအလုပ်ရုံတွေနဲ့ အပြောအရအလုပ်ကြမ်းသမား ၇၂၀၀၀၀ကျော်ဟာ 00:02:37.128 --> 00:02:39.019 ဧကရာဇ်ရဲ့ ချောဆွဲတာခံရတယ်။ 00:02:39.019 --> 00:02:43.167 ဧကရာဇ်ရဲ့ စစ်တပ်ထဲက တကယ် ရဲမက်တွေအတိုင်း ရုပ်တုတွေကို တည်ဆောက်ဖို့ 00:02:43.167 --> 00:02:48.428 ကိုယ်ထည်တစ်ပိုင်းစီကို သီးခြားပုံသွင်းသူ လက်မှုပညာသည်အုပ်စုတွေ အပါအဝင်ပါ။ 00:02:48.428 --> 00:02:50.389 သူတို့ဟာ ရာထူးအရ မတ်တတ်ရပ်ကာ 00:02:50.389 --> 00:02:52.535 မတူညီတဲ့ လက်နက်တွေ၊ ဝတ်စုံတွေ၊ သိသာတဲ့ 00:02:52.535 --> 00:02:54.395 ဆံပင်ပုံစံတွေ မျက်နှာ အမူအရာတွေနဲ့ 00:02:54.395 --> 00:02:56.807 ထူးခြားတဲ့ နားရွက်တွေကိုတောင် ဖော်ပြတယ်။ 00:02:56.807 --> 00:02:59.835 မူလက ရဲမက်တစ်ဦးစီကို အရောင် တောက်တောက်တွေနဲ့ ဆေးခြယ်ခဲ့ပေမဲ့ 00:02:59.835 --> 00:03:03.142 လေနဲ့ ထိတွေ့မှုက ဆေးသားကို ခြောက်သွေ့၊ ကွာကျစေကာ 00:03:03.142 --> 00:03:05.967 မြေနီထည် အောက်ခံ သက်သက်ပဲ ကျန်နေတယ်။ 00:03:05.967 --> 00:03:09.568 ဒီအကြောင်းပြချက်အတွက် တစ်မိုင် မရှိတရှိ အကွာက နောက်ထပ် ခန်းမဆောင်ကို 00:03:09.568 --> 00:03:11.360 မတူးဖော်ရသေးတာပါ။ 00:03:11.360 --> 00:03:14.773 ဒါက Qin Shi Huangdi ရဲ့ အုတ်ဂူ အစစ်ပါ။ 00:03:14.773 --> 00:03:18.491 အဖိုးတန် ကျောက်မျက်တွေနဲ့ ရှေးအသုံး အဆောင်တွေနဲ့ ကြေးတောင်တန်းတွေကို 00:03:18.491 --> 00:03:22.864 ဖြတ်စီးနေတဲ့ ပြဒါးမြစ်တွေ တောင်ပါတယ်လို့ ဆိုကြတယ်။ 00:03:22.864 --> 00:03:26.713 ဒါပေမဲ့ အတွင်းရတနာတွေကို မထိခိုက်ဘဲ ဒါကို ဖော်ထုတ်ဖို့ နည်းတစ်ခု မတွေ့ခင်အထိ 00:03:26.713 --> 00:03:30.019 အုတ်ဂူဟာ ပိတ်လျှက် ရှိနေပါတယ်။ 00:03:30.019 --> 00:03:33.660 နောက်ဆုံး ခရီးအတွက် အပေါင်းအဖော် လိုချင်တာက ဧကရာဇ် Qin တစ်ဦးတည်မဟုတ်ပါဘူး။ 00:03:33.660 --> 00:03:38.711 ရှေးအီဂျစ် အုတ်ဂူတွေမှာ စိတ်ကူးယဉ် နောင်ဘဝ ကိုယ်စားပြု မြေစေး ရုပ်တုငယ်တွေ ပါဝင်တယ်။ 00:03:38.711 --> 00:03:41.577 ဂျပန်ရဲ့ Kofun ကာလ သေသူတွေကို မြင်းတွေ၊ အိမ်တွေရဲ့ 00:03:41.577 --> 00:03:43.786 ရုပ်တုတွေနဲ့အတူ မြေမြှုပ်ပြီး 00:03:43.786 --> 00:03:46.514 မက်ဆီကန် ကမ်းလွန်က​ြ Jaina ကျွန်းရဲ့ အုတ်ဂူတွေဟာ 00:03:46.514 --> 00:03:48.571 ကြွေထည် ရုပ်တုငယ်တွေနဲ့ ပြည့်နေတယ်။ 00:03:48.571 --> 00:03:51.373 ကံကောင်းတော့ ရက်စက်တဲ့သူ ဖြစ်တဲ့အတိုင်း 00:03:51.373 --> 00:03:55.076 ဧကရာဇ် Qin ဟာ အီဂျစ်၊ အနောက် အာဖရိက၊ အနာတိုလီယာနဲ့ မြောက်အမေရိက အပိုင်းတွေနဲ့ 00:03:55.076 --> 00:03:58.337 အရင် Shang နဲ့ Zhou မင်းဆက်တွေအတွင်း တရုတ်မှာတောင် ကျင့်သုံးခဲ့သလို 00:03:58.337 --> 00:04:02.192 သူ့နဲ့အတူလိုက်ပါဖို့ ရှင်နေတဲ့သူတွေကို စတေးခြင်းထက် 00:04:02.192 --> 00:04:03.956 ဒီရည်ရွယ်ချက်အတွက် 00:04:03.956 --> 00:04:07.816 အလုပ်အကျွေးတွေနဲ့ စစ်သည်တွေကို တည်ဆောက်ခိုင်းဖို့ ​ေရွးချယ်တာပါ။ 00:04:07.816 --> 00:04:12.127 ယနေ့ တစ်ကမ္ဘာလုံးက လူတွေဟာ ဒီကြံ့ခိုင် တဲ့စစ်သည်တွေကို ကြည့်ဖို ခရီးထွက်ကြတယ်။ 00:04:12.127 --> 00:04:15.775 လာမယ့်ရာစုတွေအတွက် သူတို့ရဲ့ စစ်ပွဲ အမိန့်တွေကို တိတ်တိတ်လေး စောင့်ရင်းပေါ့။