0:00:09.758,0:00:11.650 သေပြီးနောက် ဘာဖြစ်သွားလဲ။ 0:00:11.650,0:00:13.613 အေးငြိမ်းတဲ့ သုခဘုံတစ်ခု ရှိလား။ 0:00:13.613,0:00:15.476 ထာဝရ ညှဉ်းပန်းမှုလား။ 0:00:15.476,0:00:16.788 ဘဝ တစ်ဖန်ဖြစ်ခြင်းလား။ 0:00:16.788,0:00:20.069 (သို့) ဖြစ်နိုင်တာက နတ္ထိလား။ 0:00:20.069,0:00:23.569 ကောင်းပြီ။ တရုတ် ဧကရာဇ်တစ်ပါး တွေးတာကတော့[br]တမလွန်က ဘာဖြစ်ဖြစ် 0:00:23.569,0:00:25.661 စစ်တပ်တစ်တပ် [br]ခေါ်ဆောင်တာက ပိုနေသာတယ်တဲ့။ 0:00:25.661,0:00:27.945 ဒါကို သိတာက ၁၉၇၄ ခုနှစ်မှာ လယ်သမားတွေဟာ 0:00:27.945,0:00:30.449 ရွာလေးတစ်ရွာ အနီးက ရေတွင်း[br]တစ်တွင်းကို တူးဖော်ရင်း 0:00:30.449,0:00:35.032 ရှေးဟောင်းသုသေသန သမိုင်းမှ အရေးပါဆုံး [br]တွေ့ရှိမှုတစ်ခုကို အမှတ်မထင် တွေ့ခဲ့တယ်၊ 0:00:35.032,0:00:38.472 တိုက်ပွဲအတွက် အသင့်ဖြစ်နေတဲ့ ပကတိအရွယ်[br]မြေစေး စစ်သား ၈၀၀၀ ကျော်ပါဝင်တဲ့ 0:00:38.472,0:00:43.709 တရုတ်ဧကရာဇ်ရဲ့ သင်္ချိုင်းကို ဝန်းရံနေတဲ့ [br]ဧရာမ မြေအောက် ခန်းဆောင်တွေပါ။ 0:00:43.709,0:00:46.916 မြေအောက် စစ်တပ်ရဲ့ဇာတ်လမ်းက[br]ခရစ်နှစ်မတိုင်မီ ၂၄၆ က 0:00:46.916,0:00:50.931 အသက် ၁၃ နှစ်မှာ Qin ပြည်နယ်ရဲ့[br]ဘုရင်အဖြစ် အာဏာရလာတဲ့ 0:00:50.931,0:00:52.864 Ying Zhengနဲ့ စခဲ့တာပါ။ 0:00:52.864,0:00:54.343 ရည်မှန်းချက်ကြီးပြီး ရက်စက်တဲ့ 0:00:54.343,0:00:57.237 သူဟာ စစ်ဖြစ်နေတဲ့ တိုင်းနိုင်ငံ[br]ခုနှစ်ခုကို စုစည်းပြီးနောက် 0:00:57.237,0:01:01.476 တရုတ်ပြည်ရဲ့ ပထမဆုံး ဧကရာဇ်[br]ဖြစ်လာတဲ့အထိ ဆက်သွားခဲ့တယ်။ 0:01:01.476,0:01:04.625 သူ့ရဲ့ ၃၆ နှစ်တာ အုပ်စိုးမှုမှာ[br]အချိန်အတွယ်၊ အတိုင်းအတာတွေရဲ့ 0:01:04.625,0:01:07.395 အများသုံး စနစ်တွေ၊ တရုတ်ပြည်အားလုံး[br]အတွက် စံတစ်ခုတည်း 0:01:07.395,0:01:11.207 သတ်မှတ်ထားတဲ့ အက္ခရာ၊[br]မဟာတံတိုင်းလို့ နောင်မှာ သိလာမယ့် 0:01:11.207,0:01:16.345 ကာကွယ်ရေး အတားအဆီးတစ်ခု အပါအဝင် [br]သမိုင်းတွင်တဲ့ အောင်မြင်မှုတွေ တွေ့ရတယ်။ 0:01:16.345,0:01:19.145 ဒါပေမဲ့ ဖြစ်နိုင်တာက Qin Shi Huangdi[br]သမိုင်းအမွေကာကွယ်ရာမှာ 0:01:19.145,0:01:21.261 အားထုတ်မှု အမြောက်အမြား မြှုပ်နှံခဲ့တာက 0:01:21.261,0:01:23.825 သူဟာ သူ့သေခြင်းနဲ့ ဥပါဒါန်ဖြစ်ခဲ့လို့ပါ။ 0:01:23.825,0:01:26.843 သူ့နောက်ဆုံးနှစ်တွေမှာ အဂ္ဂိရတ်ဆရာတွေကို[br]အရူးအမူး ခန့်အပ်ရင်း၊ 0:01:26.843,0:01:30.194 သူ့ကို အမတအဖြစ် ရောက်ရှိဖို့ [br]ကူညီမယ့် သက်စောင့်ဆေး ရှာဖွေရေးမှာ 0:01:30.194,0:01:32.955 ခရီးသွားအဖွဲ့တွေကို တပ်ဖြန့်ရင်း[br]ကုန်ဆုံးခဲ့တယ်။ 0:01:32.955,0:01:35.076 သူ့အုပ်စိုးမှု ပထမနှစ် အစောပိုင်းကကို 0:01:35.076,0:01:38.405 အထိမ်းအမှတ်တွေ၊ ရှေးအသုံးအဆောင်တွေ[br]နောက်ဘဝမှာ သူနဲ့ အဖော်လိုက်ပါပြီး 0:01:38.405,0:01:40.881 သူ့အုပ်ချုပ်မှု ဆက်ရှိဖို့ တပ်တစ်တပ်နဲ့ 0:01:40.881,0:01:43.709 ဖြည့်ထားတဲ့ ဧရာမ မြေအောက် [br]ရှေးသင်္ချိုင်းကြီးတစ်ခု 0:01:43.709,0:01:45.986 ဆောက်လုပ်မှုနဲ့ စတင်ခဲ့တယ်။ 0:01:45.986,0:01:49.681 ခမ်းနားလှတဲ့ စစ်တပ်ဟာ တိကျတဲ့ [br]တိုက်ပွဲဝင် အနေအထားမှာ ရပ်နေဆဲဖြစ်ပြီး 0:01:49.681,0:01:52.222 တွင်းပေါင်းမျာစွာ အနှံ့ ခွဲထားတယ်။ 0:01:52.222,0:01:55.147 တစ်တွင်းက စစ်သည် ၆၀၀၀ ပါတဲ့[br]ပင်မ တပ်မတစ်ခုပါ။ 0:01:55.147,0:01:57.592 တစ်ခုစီက ပေါင်ချိန် ရာပေါင်းများစွာ[br]အလေးချိန်စီးတယ်။ 0:01:57.592,0:02:03.019 ဒုတိယတစ်ခုက စစ်ရထား ၁၃၀ ကျော်နဲ့[br]မြင်း ၆၀၀ ကျော်ရှိပြီး 0:02:03.019,0:02:05.935 တတိယတစ်ခုက အဆင့်မြင့် [br]ဌာနချုပ်ကို ထည့်ထားတယ်။ 0:02:05.935,0:02:08.503 စတုတ္ထ ဗလာတွင်းတစ်ခုက[br]ဒီမဟာ စီမံကိန်းကြီးက 0:02:08.503,0:02:11.333 ဧကရာဇ်မကွယ်လွန်မီ မပြီးစီး[br]နိုင်ခဲ့တာကို ညွှန်းပါတယ်။ 0:02:11.333,0:02:15.547 ထပ်မံပြီး အနီးအနားရှိ ခန်းမဆောင်တွေမှာ[br]ဂီတပညာရှင်တွေနဲ့ ကျွမ်းဘားသမားတွေ၊ 0:02:15.547,0:02:17.653 အလုပ်သမားတွေ၊အစိုးရအရာရှိတွေနဲ့[br]ဆန်းပြားတဲ့ 0:02:17.653,0:02:19.554 တိရစ္ဆာန်တွေရဲ့[br]ရုပ်တုငယ်တွေ ပါဝင်တယ်။ 0:02:19.554,0:02:22.991 ဧကရာဇ် Qin ဟာ စစ်ပွဲ သက်သက် ဆင်နွဲတယ်[br]ဆိုတာထက် နောင်ဘဝအတွက် 0:02:22.991,0:02:25.369 နောက်ထပ် အစီအစဉ်တွေရှိတာကို ညွှန်ပြနေတာပါ။ 0:02:25.369,0:02:29.067 ရုပ်တုငယ်အားလုံးကို နီညိုရောင် [br]မြေစေးတစ်မျိုးဖြစ်တဲ့ မြေနီထည် 0:02:29.067,0:02:31.661 (သို့) မီးဖုတ် မြေသားကနေ [br]ထုလုပ်ထားတယ်။ 0:02:31.661,0:02:37.128 ဒါတွေ ဆောက်ဖို့ များစွာသောအလုပ်ရုံတွေနဲ့ [br]အပြောအရအလုပ်ကြမ်းသမား ၇၂၀၀၀၀ကျော်ဟာ 0:02:37.128,0:02:39.019 ဧကရာဇ်ရဲ့ ချောဆွဲတာခံရတယ်။ 0:02:39.019,0:02:43.167 ဧကရာဇ်ရဲ့ စစ်တပ်ထဲက တကယ် ရဲမက်တွေအတိုင်း[br]ရုပ်တုတွေကို တည်ဆောက်ဖို့ 0:02:43.167,0:02:48.428 ကိုယ်ထည်တစ်ပိုင်းစီကို သီးခြားပုံသွင်းသူ [br]လက်မှုပညာသည်အုပ်စုတွေ အပါအဝင်ပါ။ 0:02:48.428,0:02:50.389 သူတို့ဟာ ရာထူးအရ မတ်တတ်ရပ်ကာ 0:02:50.389,0:02:52.535 မတူညီတဲ့ လက်နက်တွေ၊ [br]ဝတ်စုံတွေ၊ သိသာတဲ့ 0:02:52.535,0:02:54.395 ဆံပင်ပုံစံတွေ မျက်နှာ အမူအရာတွေနဲ့ 0:02:54.395,0:02:56.807 ထူးခြားတဲ့ နားရွက်တွေကိုတောင်[br]ဖော်ပြတယ်။ 0:02:56.807,0:02:59.835 မူလက ရဲမက်တစ်ဦးစီကို အရောင်[br]တောက်တောက်တွေနဲ့ ဆေးခြယ်ခဲ့ပေမဲ့ 0:02:59.835,0:03:03.142 လေနဲ့ ထိတွေ့မှုက ဆေးသားကို [br]ခြောက်သွေ့၊ ကွာကျစေကာ 0:03:03.142,0:03:05.967 မြေနီထည် အောက်ခံ သက်သက်ပဲ ကျန်နေတယ်။ 0:03:05.967,0:03:09.568 ဒီအကြောင်းပြချက်အတွက် တစ်မိုင် မရှိတရှိ[br]အကွာက နောက်ထပ် ခန်းမဆောင်ကို 0:03:09.568,0:03:11.360 မတူးဖော်ရသေးတာပါ။ 0:03:11.360,0:03:14.773 ဒါက Qin Shi Huangdi ရဲ့ အုတ်ဂူ အစစ်ပါ။ 0:03:14.773,0:03:18.491 အဖိုးတန် ကျောက်မျက်တွေနဲ့ ရှေးအသုံး[br]အဆောင်တွေနဲ့ ကြေးတောင်တန်းတွေကို 0:03:18.491,0:03:22.864 ဖြတ်စီးနေတဲ့ ပြဒါးမြစ်တွေ[br]တောင်ပါတယ်လို့ ဆိုကြတယ်။ 0:03:22.864,0:03:26.713 ဒါပေမဲ့ အတွင်းရတနာတွေကို မထိခိုက်ဘဲ[br]ဒါကို ဖော်ထုတ်ဖို့ နည်းတစ်ခု မတွေ့ခင်အထိ 0:03:26.713,0:03:30.019 အုတ်ဂူဟာ ပိတ်လျှက် ရှိနေပါတယ်။ 0:03:30.019,0:03:33.660 နောက်ဆုံး ခရီးအတွက် အပေါင်းအဖော်[br]လိုချင်တာက ဧကရာဇ် Qin တစ်ဦးတည်မဟုတ်ပါဘူး။ 0:03:33.660,0:03:38.711 ရှေးအီဂျစ် အုတ်ဂူတွေမှာ စိတ်ကူးယဉ် နောင်ဘဝ[br]ကိုယ်စားပြု မြေစေး ရုပ်တုငယ်တွေ ပါဝင်တယ်။ 0:03:38.711,0:03:41.577 ဂျပန်ရဲ့ Kofun ကာလ သေသူတွေကို[br]မြင်းတွေ၊ အိမ်တွေရဲ့ 0:03:41.577,0:03:43.786 ရုပ်တုတွေနဲ့အတူ မြေမြှုပ်ပြီး 0:03:43.786,0:03:46.514 မက်ဆီကန် ကမ်းလွန်က​ြ[br]Jaina ကျွန်းရဲ့ အုတ်ဂူတွေဟာ 0:03:46.514,0:03:48.571 ကြွေထည် ရုပ်တုငယ်တွေနဲ့ ပြည့်နေတယ်။ 0:03:48.571,0:03:51.373 ကံကောင်းတော့ ရက်စက်တဲ့သူ ဖြစ်တဲ့အတိုင်း 0:03:51.373,0:03:55.076 ဧကရာဇ် Qin ဟာ အီဂျစ်၊ အနောက် အာဖရိက၊[br]အနာတိုလီယာနဲ့ မြောက်အမေရိက အပိုင်းတွေနဲ့ 0:03:55.076,0:03:58.337 အရင် Shang နဲ့ Zhou မင်းဆက်တွေအတွင်း[br]တရုတ်မှာတောင် ကျင့်သုံးခဲ့သလို 0:03:58.337,0:04:02.192 သူ့နဲ့အတူလိုက်ပါဖို့ ရှင်နေတဲ့သူတွေကို [br]စတေးခြင်းထက် 0:04:02.192,0:04:03.956 ဒီရည်ရွယ်ချက်အတွက် 0:04:03.956,0:04:07.816 အလုပ်အကျွေးတွေနဲ့ စစ်သည်တွေကို[br]တည်ဆောက်ခိုင်းဖို့ ​ေရွးချယ်တာပါ။ 0:04:07.816,0:04:12.127 ယနေ့ တစ်ကမ္ဘာလုံးက လူတွေဟာ ဒီကြံ့ခိုင်[br]တဲ့စစ်သည်တွေကို ကြည့်ဖို ခရီးထွက်ကြတယ်။ 0:04:12.127,0:04:15.775 လာမယ့်ရာစုတွေအတွက် သူတို့ရဲ့ စစ်ပွဲ [br]အမိန့်တွေကို တိတ်တိတ်လေး စောင့်ရင်းပေါ့။