ဒုတိယကမ္ဘာစစ်ကတော့ လူ့သမိုင်းတစ်လျှောက်ရဲ့ အကြီးဆုံးပဋိပက္ခဖြစ်ပါတယ်
အကြီးမားဆုံး သေဆုံးမှုအများဆုံးဖြစ်တာကြောင့်
အနည်းငယ်ရှုပ်ထွေးတာကိုလည်းမြင်ရမှာပါ
ဒီဗီဒီယိုရဲ့ရည်ရွယ်ချက်ကတော့ စစ်ပွဲအပေါ်ခြုံငုံသုံးသပ်ချက်ပေးဖို့ပဲ ဖြစ်ပါတယ်။
အကြောင်းစုံအကုန်ကိုတော့ ဒီဗီဒီယိုကနေပြောပြပေးနိုင်မှာမဟုတ်ပါဘူး။
အကြောင်းအရာတွေကဘယ်လိုစတင်ခဲ့လဲ
ဘယ်ကိုဦးတည်ဖြစ်ပေါ်လဲဆိုတာကိုတွေးခေါ်ခြင်းပဲဖြစ်ပါတယ်။
ပစိဖိတ်နဲ့ အာရှဒေသကိုအဓိကထားစတင်ပြောမှာပါ။
အနောက်ဖက်နိုင်ငံတွေကြည့်ရင် သိပ်အာရုံစိုက်မှုမရတဲ့ဒေသတွေပါ။
၁၉၀၀ ခုနှစ်ကာလတွေကိုပြန်သွားကြည့်ရင်
ဂျပန်နိုင်ငံက စစ်ပွဲနဲ့စစ်မက်ရေးရာ၊
အမျိုးသားရေးကိုပိုပိုဦးတည်လာတဲ့နိုင်ငံ ဖြစ်လာပါတယ်။
၁၉၀၀ခု အစောပိုင်းကာလ
၁၉၁၀ ခုနှစ်မှာ ကိုရီးယားကို သိမ်းယူခဲ့ပြီးဖြစ်ပါတယ်။
၁၉၃၁ ခုနှစ်မှာတော့ မန်ချူးရီးယားကိုကျူးကျော်ဝင်ခဲ့ပါတယ်။
မန်ချူးရီးယားကိုကျူးကျော်တယ်။
၁၉၃၁ခု ဒီနားဝန်းကျင်မှာဖြစ်ပါတယ်။
မန်ချူးကိုဝ်ပြည်နယ်ကိုလည်း ရုပ်သေးပြည်နယ်တစ်ခုအဖြစ်သတ်မှတ်ခဲ့ပါတယ်။
ရုပ်သေးပြည်နယ်ဆိုတာကတော့
အဲ့မှာ အစိုးရအဖွဲ့လည်းရှိတယ်။
သူတို့က အာဏာရှိပုံနဲ့အုပ်ချုပ်နေပေမယ့်
တကယ်တမ်း တခြားသူက ထိန်းချုပ်နေတဲ့ ရုပ်သေးရုပ်တွေပဲ ဖြစ်ပါတယ်။
ဒါကတော့ ဂျပန်အင်ပါယာကြီးပဲ ဖြစ်ပါတယ်။
ပြီးတော့ ၁၉၃၀ ခုနှစ်ကာလအတွင်း တရုတ်မှာဘာတွေဖြစ်ခဲ့လဲဆိုတာသိမှာပါ။
တရုတ်ပြည်တွင်းစစ်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
တရုတ်နိုင်ငံထဲမှာ ပြည်တွင်းစစ်ရှိခဲ့ပါတယ်။
ဒီပြည်တွင်းစစ်ကတော့
အမျိုးသားရေးတက်ကြွလှုပ်ရှားသူ၊ ကူမင်တန်နဲ့
ကွန်မြူနစ်တွေကြားဖြစ်ပွားခဲ့ပါတယ်။
ကွန်မြူနစ်တွေကို မောင်ဇေဒုန်က ဦးဆောင်ပြီး
ကူမင်တန်တွေကိုတော့ ဗိုလ်ချုပ် ချိန်ခိုင်ရှပ်ကဦးဆောင်ခဲ့ပါတယ်။
သူတို့က ပြည်တွင်းစစ်ရဲ့ အဓိကပါဝင်သူတွေပဲ ဖြစ်ပါတယ်။
ဒါကို ဂျပန်အင်ပါယာက အခွင့်ကောင်းယူပြီး
တရုတ်နယ်မြေဒေသကို တဖြည်းဖြည်းဝင်ထိန်းချုပ်လာပါတယ်။
၁၉၃၀ ခုနှစ်တွေကျော်လွန်ပြီး
၁၉၃၇ ခုနှစ်ကိုရောက်ရှိခဲ့ပါတယ်။
၁၉၃၇ ခုနှစ်မှာလည်း ဂျပန်က အကြောင်းအရာတချို့ကိုအသုံးပြုခဲ့ပါတယ်။
သိတဲ့အတိုင်း အလံမှားကျူးကျော်စစ်ပွဲစသဖြင့်ရှိပါတယ်။
အဲတာဘယ်လိုစတင်သလဲကိုတော့ သေချာမပြောတော့ပါဘူး။
မာကို-ပိုလိုတံတားတိုက်ပွဲလိုမျိုးပါပဲ။
ဒါတွေကို အကြောင်းပြချက်အဖြစ်နဲ့သုံးပြီး
တရုတ်နဲ့ စစ်ပွဲကြီးတွေဖြစ်စေခဲ့ပါတယ်။
၁၉၃၇ ခုနှစ်စစ်ပွဲကြီးကို
ဒုတိယဆိုင်နို-ဂျပန် စစ်ပွဲလို့ခေါ်ကြပါတယ်။
ဆိုင်နိုဂျပန်တွေရဲ့စစ်ပွဲ
သမိုင်းပညာရှင်တွေကတော့ ဒါကိုဒုတိယကမ္ဘာစစ်ရဲ့အစလို့သတ်မှတ်ကြပါတယ်။
တချို့ကျ ဒုတိယကမ္ဘာစစ်ရဲ့ အာရှပါဝင်မှုအစ
ဂျပန်နဲ့တရုတ်ရဲ့ စစ်ပွဲကြီးလို့ပြောကြပါတယ်။
ဒါက ၁၉၃၉ ခုနှစ် ဂျာမန်ကပိုလန်ကိုကျူးကျော်ဝင်ရောက်တဲ့အချိန်
ဒုတိယကမ္ဘာစစ်ရဲ့ အစလို့ခေါ်ကြတဲ့အချိန်ထိ ကြာခဲ့ပါတယ်။
ဒါက တကယ့်အစလို့ သတ်မှတ်မှတ် မမှတ်မှတ်
ဒုတိယ ဆိုင်နို-ဂျပန်စစ်ပွဲကတော့
တခြားဆိုင်နို-ဂျပန်စစ်ပွဲက ၁၈၀၀ခု နောက်ပိုင်းနှစ်တွှေမှာဖြစ်ခဲ့ပါတယ်။
အဲတာကို ပထမဆိုင်နို-ဂျပန်စစ်ပွဲလို့ခေါ်ပါတယ်။
ဒါက ယုံကြည်ဖို့တောင်ခက်တဲ့ ရက်စက်တဲ့
ပြည်သူအများကြီးသေဆုံးခဲ့ရတဲ့စစ်ပွဲကြီးပဲဖစ်ပါတယ်။