1 00:00:09,003 --> 00:00:11,065 ကဲ အားလုံးပဲဗျာ။ 2 00:00:11,825 --> 00:00:16,625 လွန်ခဲ့တဲ့ နှစ်နှစ်က ကျွန်တော့ရဲ့ဘဝဟာ ထာဝရ ပြောင်းလဲသွားခဲ့တယ်။ 3 00:00:16,625 --> 00:00:19,261 ကျွန်တော်နဲ့ ဇနီးသည် Kelsey ဟာ 4 00:00:19,261 --> 00:00:23,033 ကျွန်တော်တို့ရဲ့ သမီးလေး Lela ကို ကမ္ဘာထဲကို ကြိုဆိုခဲ့ကြတယ်။ 5 00:00:23,033 --> 00:00:27,456 ကဲ မိဘတစ်ဦးဖြစ်လာခြင်းဟာ အံ့ဖွယ် အတွေ့အကြုံတစ်ခုပါ။ 6 00:00:27,456 --> 00:00:30,704 လောကကြီးတစ်ခုလုံးဟာ ညတွင်းချင်း ပြောင်းလဲသွားတယ်။ 7 00:00:30,704 --> 00:00:33,285 ဦးစားပေးမှုတွေ အားလုံးဟာ ချက်ခြင်း ပြောင်းသွားတယ်။ 8 00:00:33,285 --> 00:00:39,294 တစ်ခါတစ်လေကျတော့ လုပ်ဆောင်ဖို့ တကယ့်ကို ခက်ခဲသွားအောင် မြန်ဆန်လွန်းတယ်။ 9 00:00:39,294 --> 00:00:43,547 မိဘတစ်ဦးဖြစ်လာခြင်းအကြောင်း အများကြီး သင်ဖို့လိုသေးတယ်လေ။ 10 00:00:43,547 --> 00:00:46,820 ဥပမာဆိုပါတော့ ကိုယ့်ကလေးကို ဝတ်ဆင်ပေးပုံပေါ့။ 11 00:00:46,820 --> 00:00:47,954 (ရယ်သံများ) 12 00:00:47,954 --> 00:00:50,091 ဒါက ကျွန်တော့အတွက် အသစ်လေ။ 13 00:00:50,091 --> 00:00:53,844 ဒါက တကယ့် ဝတ်စုံတစ်စုံပါ။ စိတ်ကူးကောင်းတစ်ခုလို့ ထင်ခဲ့တယ်။ 14 00:00:53,844 --> 00:00:59,558 ဒါက စိတ်ကူးကောင်း မဟုတ်တာကို Lela တောင် သိပါတယ်။ (ရယ်သံများ) 15 00:00:59,558 --> 00:01:04,409 ဒီတော့ ချက်ချင်းကို သင်ယူစရာ အများကြီး၊ ရူးလောက်စရာအများကြီးရှိတယ်။ 16 00:01:04,409 --> 00:01:08,533 ဒီရူးစရာကို ထပ်ဖြည့်လိုက်တာက ကျွန်တော်ရော Kelsey ပါ အိမ်ကနေ အလုပ်လုပ်ကြတာပါ။ 17 00:01:08,533 --> 00:01:11,223 ကျွန်တော်တို့က စွန့်ဦးထွင်တွေ ကိုယ်ပိုင်လုပ်ငန်း လုပ်တယ်။ 18 00:01:11,223 --> 00:01:16,992 ဒီတော့ Kelsey က ယောဂ ဆရာတွေအတွက် အွန်လိုင်းမှာ သင်တန်းတွေ ဖန်တီးတယ်။ 19 00:01:16,992 --> 00:01:18,333 ကျွန်တော်က စာရေးဆရာပါ။ 20 00:01:18,333 --> 00:01:20,782 ဒီလိုနဲ့ ကျွန်တော်ရော Kelsey ပါ အိမ်ကနေအလုပ်လုပ်တယ်။ 21 00:01:20,782 --> 00:01:23,901 ကျွန်တော်တို့မှာ ကလေးတစ်ယောက်ရှိပြီး လုပ်ဖို့လိုအပ်တဲ့ 22 00:01:23,901 --> 00:01:26,725 အရာတိုင်းကို ပြီးစီးဖို့ သေချာအောင် ကြိုးစားနေကြတယ်။ 23 00:01:26,725 --> 00:01:31,107 ဘဝဟာ တကယ့်ကို မအားမလပ်ဖြစ်နေတယ်။ 24 00:01:32,357 --> 00:01:36,718 ဒီအံ့ဖွယ် အတွေ့အကြုံထဲက သီတင်းပတ် တစ်ပတ်၊နှစ်ပတ်ဟာ 25 00:01:36,718 --> 00:01:40,247 အိပ်ရေးပျက်တာ စတင်လာခဲ့ချိန်ပေါ့၊ 26 00:01:40,247 --> 00:01:42,299 ပြောရရင် သီတင်း ရှစ်ပတ်လောက်ပေါ့။ 27 00:01:42,299 --> 00:01:45,732 ကျွန်တော့မှာ ဒီအတွေးရှိခဲ့တယ်၊ ဒါက အသက်အရွယ်မရွေး နိုင်ငံတကာက 28 00:01:45,732 --> 00:01:49,773 မိဘတွေမှာရှိတဲ့ တူညီတဲ့ အတွေးပါ။ 29 00:01:49,773 --> 00:01:52,467 လူတိုင်းမှာ ဒီအတွေးရှိပါတယ်၊ ဒါကတော့ 30 00:01:52,467 --> 00:01:58,054 ငါ ဘယ်တော့မှ အားတဲ့အချိန် ပြန်ရှိတော့မှာ မဟုတ်ဘူးဆိုတာပါ။ 31 00:01:58,054 --> 00:01:59,183 (ရယ်သံများ) 32 00:01:59,183 --> 00:02:02,403 ဒါ အမှန်ပဲလို့ တစ်ယောက်ယောက် ပြောခဲ့တယ်။ 33 00:02:02,403 --> 00:02:05,214 ဒါက အတိအကျတော့ မမှန်ပေမဲ့ 34 00:02:05,214 --> 00:02:09,866 အဲဒီအခိုက်မှာတော့ တကယ့်ကို မှန်တယ်လို့ ထင်ရတယ်။ 35 00:02:09,866 --> 00:02:12,075 ဒါက ကျွန်တော့အတွက် တကယ့် အမှုမထား၈ရာ မဟုတ်တာက 36 00:02:12,075 --> 00:02:15,484 အခြားအရာတွေထက်ပိုပြီး ကျွန်တော် 37 00:02:15,484 --> 00:02:19,428 နှစ်သက်မိတာတစ်ခုက အသစ်တွေကို သင်ယူရခြင်းဖြစ်လို့ပါ။ 38 00:02:19,428 --> 00:02:22,261 တစ်ခုခုအကြောင်း သိချင်စိတ်ရှိလာကာ ထိုးဆင်းပြီး 39 00:02:22,261 --> 00:02:25,164 ယောင်တီးယောင်တောင်လုပ်ရင်း စမ်းလိုက်၊ မှားလိုက်ကနေ သင်ယူတာပါ။ 40 00:02:25,164 --> 00:02:28,440 နောက်ဆုံးမှာတော့ တစ်ခုခုမှာ အတော်လေးကို တော်လာခြင်းပါ။ 41 00:02:28,440 --> 00:02:32,336 ဒီအားလပ်ချိန်မပါဘဲနဲ့ 42 00:02:32,336 --> 00:02:36,405 ဒါကို နောက်ထပ် ဘယ်လိုလုပ်တော့မလဲ ဆိုတာ ကျွန်တော် မသိခဲ့ဘူး။ 43 00:02:36,405 --> 00:02:38,877 ဒီလိုနဲ့ ကျွန်တော်ဟာ အရူးအမူး သင်ယူသူဖြစ်ခဲ့တယ်။ 44 00:02:38,877 --> 00:02:42,070 အကြောင်းအရာတွေကို ဆက်ပြီးသင်ချင်ပြီး ဆက်ပြီး တိုးပွားချင်တယ်။ 45 00:02:42,070 --> 00:02:45,087 ဒီတော့ ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်တာက 46 00:02:45,087 --> 00:02:47,784 စာကြည့်တိုက်ကို သွား၊ စာအုပ်ဆိုင်ကို သွားပြီး 47 00:02:47,784 --> 00:02:49,922 သင်ယူနည်းနဲ့ လျှင်မြန်စွာ သင်ယူနည်း 48 00:02:49,922 --> 00:02:53,523 အကြောင်း သုတေသနက ပြောတာတွေ ကြည့်ရှုတယ်။ 49 00:02:53,523 --> 00:02:56,834 စာအုပ်တွေ အတွဲလိုက် ဖတ်ခဲ့တယ်၊ ဝက်ဘ်ဆိုဒ်တွေ အပြုံလိုက် ဖတ်ခဲ့တယ်။ 50 00:02:56,834 --> 00:02:59,091 ကျွမ်းကျင်မှု အသစ်တစ်ခု ဆည်းပူးဖို့ 51 00:02:59,091 --> 00:03:03,040 အချိန် ဘယ်လောက် ကြာသလဲဆိုတဲ့ မေးခွန်းကို ဖြေဖို့ ကြိုးစားခဲ့တယ်။ 52 00:03:03,040 --> 00:03:05,117 ကျွန်တော် တွေ့ရှိခဲ့တာကို သိကြလား။ 53 00:03:05,117 --> 00:03:09,438 နာရီပေါင်း ၁၀၀၀၀ ပါ။ 54 00:03:09,438 --> 00:03:11,200 ဒါကို လူတိုင်း ကြားဖူးကြတယ်မို့လား။ 55 00:03:11,200 --> 00:03:14,134 အသစ်တစ်ခုခုကို သင်ယူချင်ရင်၊ နာရီပေါင်း ၁၀၀၀၀ ကြာပါတယ်။ 56 00:03:14,134 --> 00:03:15,574 ဒါကို တော်ချင်တယ်ဆိုရင် 57 00:03:15,584 --> 00:03:17,934 အဲဒီကို ရောက်ဖို့နာရီပေါင်း ၁၀၀၀၀ ကြာမှာပါ။ 58 00:03:17,934 --> 00:03:21,455 စာအုပ် တစ်အုပ်ပြီးတစ်အုပ်၊ ဝက်ဆိုက် တစ်ခုပြီးတစ်ခုမှာ ဒါကို ဖတ်ခဲ့တယ်။ 59 00:03:21,455 --> 00:03:28,421 ဒီဟာအားလုံး ဖတ်လိုက်ရတဲ့ ကျွန်တော့ရဲ့ စိတ်ပိုင်း အတွေ့အကြုံကတော့ဒီလိုမျိုးပါ။ 60 00:03:28,421 --> 00:03:30,799 မဟုတ်ဘူး။ 61 00:03:30,799 --> 00:03:34,539 ကျွန်တော့မှာ အချိန်မရှိဘူး။ ကျွန်တော့မှာ နာရီ ၁၀၀၀၀ မရှိဘူး။ 62 00:03:34,539 --> 00:03:39,088 အသစ်တစ်ခုခုကို ဘယ်တော့မှ သင်ယူနိုင်တော့မှာ မဟုတ်ဘူး။ 63 00:03:39,088 --> 00:03:42,421 ထပ်ပြောမယ် ဘယ်တော့မှပါ။ (ရယ်သံများ) 64 00:03:42,421 --> 00:03:43,479 ဒါပေမဲ့ ဒါ မမှန်ဘူး။ 65 00:03:43,479 --> 00:03:46,559 ဒီတော့ နာရီပေါင်း ၁၀၀၀၀၊ အကြမ်းဖျင်း အရွယ်အစားကို ပေးရမယ်ဆိုရင် 66 00:03:46,559 --> 00:03:52,422 နာရီပေါင်း ၁၀၀၀၀ ဟာ အချိန်ပြည့်အလုပ် ငါးနှစ်တာပါ။ 67 00:03:52,422 --> 00:03:54,008 ရှည်ကြာတဲ့ အချိန်တစ်ခုပါ။ 68 00:03:54,008 --> 00:03:56,364 အားလုံးမှာ အသစ်တစ်ခု လေ့လာတာရဲ့အတွေ့အကြုံရှိပြီး 69 00:03:56,364 --> 00:04:00,439 ဒီအချိန်ပမာဏနီးပါးအထိကို ဘယ်သူမှ အချိန်မပေးခဲ့ကြာခဲ့ဘူးမို့လား။ 70 00:04:00,439 --> 00:04:03,505 ဒီတော့ ဘာဖြစ်လဲ။ ဒီမှာ အပျံစားလို ဖြစ်တာမျိုး တစ်ခုခုရှိပါတယ်။ 71 00:04:03,505 --> 00:04:07,078 သုတေသနက ပြောတာနဲ့ ကျွန်တော်တို့ မျှော်လင့်တာ၊ တွေ့ကြုံရတာတွေက 72 00:04:07,078 --> 00:04:09,416 မကိုက်ညီကြဘူး။ 73 00:04:09,416 --> 00:04:12,993 ကျွန်တော် တွေ့ခဲ့တာက ဒီမှာ အကြံကောင်း ဉာဏ်ကောင်းပါ။ 74 00:04:12,993 --> 00:04:19,722 နာရီ ၁၀၀၀၀ စည်းမျဉ်းက ကျွမ်းကျင်အဆင့် လုပ်ဆောင်မှုရဲ့ လေ့လာမှုတွေကနေလာတာပါ။ 75 00:04:19,722 --> 00:04:22,228 Florida State University မှာ ပါမောက္ခ တစ်ဦးရှိတယ်။ 76 00:04:22,228 --> 00:04:24,226 သူ့အမည်က K. Anders Ericsson ပါ။ 77 00:04:24,226 --> 00:04:26,725 သူက နာရီပေါင်း ၁၀၀၀၀ စည်းမျဉ်းကို စတင်သူပါ။ 78 00:04:26,725 --> 00:04:31,261 ဒါ လာခဲ့တဲ့နေရာက သူဟာ ကြေးစား အာကစားသမားတွေ၊ 79 00:04:31,261 --> 00:04:35,763 ကမ္ဘာ့အဆင့် ဂီတပညာရှင်တွေ၊ စစ်တုရင် ပဂေးကြီးတွေကို လေ့လာခဲ့တယ်။ 80 00:04:35,763 --> 00:04:40,775 လွန်ကဲတဲ့ စွမ်းဆောင်မှု မြင့်မားတဲ့ နယ်ပယ်တွေက လွန်ကဲတဲ့ ပြိုင်ဆိုင်သူတွေပါ။ 81 00:04:40,775 --> 00:04:43,751 သူက ဒီနယ်ပယ် အမျိုးအစားတွေရဲ့ ထိပ်ဆုံးကို ရောက်ဖို့ 82 00:04:43,751 --> 00:04:46,811 ဘယ်လောက် ကြာခဲ့တယ်ဆိုတာကို ခန့်မှန်းတွက်ချက်ခဲ့တယ်။ 83 00:04:46,811 --> 00:04:49,668 သူ တွေ့ရှိခဲ့တာက လေ့ကျင့်မှုက ပိုနှိုင်းချိန်မှုရှိလေ၊ 84 00:04:49,668 --> 00:04:52,194 ဒီတစ်ဦးချင်းတွေဟာ သူတို့လုပ်တဲ့ ဘာဖြစ်ဖြစ် 85 00:04:52,194 --> 00:04:55,304 လိုအပ်ချက်တွေကို လေ့ကျင့်ရာမှာ အချိန်ပို ကုန်ဆုံးလေလေ၊ 86 00:04:55,304 --> 00:04:57,246 အချိန်ပို ကုန်လေလေ၊ ပိုတော်လာလေလေပါ။ 87 00:04:57,246 --> 00:05:00,165 သူတို့ရဲ့ နယ်ပယ်တွေရဲ့ ထိပ်ဖျားမှာရှိတဲ့ ဒီလူတွေဟာ 88 00:05:00,165 --> 00:05:05,101 လေ့ကျင့်ချိန် နာရီပေါင်း ၁၀၀၀၀ ခန့် ထည့်ထားကြတယ်။ 89 00:05:05,101 --> 00:05:09,442 ကဲ စောစောပိုင်းက တယ်လီဖုန်း ကစားပွဲ အကြောင်း ကျွန်တော်တို့ ပြောနေခဲ့ကြတယ်။ 90 00:05:09,442 --> 00:05:11,236 ဒီမှာ ဖြစ်ပျက်ခဲ့တာပါ။ 91 00:05:11,236 --> 00:05:13,458 Malcolm Gladwell လို့ အမည်ရှိတဲ့ စာရေးဆရာက 92 00:05:13,458 --> 00:05:17,901 "Outliers: The Story of Success ဆိုတဲ့ စာအုပ်ကို ၂၀၀၇ ခုနှစ်မှာ ရေးခဲ့ပြီး 93 00:05:17,901 --> 00:05:21,592 ဒီစာအုပ်ရဲ့ အဓိက အပိုင်းက နာရီပေါင်း ၁၀၀၀၀ စည်းမျဉ်းပါ။ 94 00:05:21,592 --> 00:05:25,642 များများ လေ့ကျင့်၊ ကောင်းကောင်းလေ့ကျင့်ပါ၊ အလွန်အမင်း ကောင်းကောင်း လုပ်မယ်၊ 95 00:05:25,642 --> 00:05:27,367 သင့်နယ်ပယ်မှာ ထိပ်တန်းကို ရောက်မယ်။ 96 00:05:27,367 --> 00:05:29,472 ဒီတော့ Dr. Ericsson 97 00:05:29,472 --> 00:05:32,455 တကယ်တမ်း ပြောနေတဲ့ သတင်းစကားက 98 00:05:32,455 --> 00:05:37,425 အင်မတန် ကျဉ်းတဲ့ အကြောင်းအရာတစ်ခုထဲက လွန်စွာမှ ပြိုင်ဆိုင်လုပ်ရတဲ့ နယ်ပယ်ထဲ 99 00:05:37,425 --> 00:05:41,857 ထိပ်တန်းကို ရောက်ဖို့ နာရီပေါင်း ၁၀၀၀၀ လိုတယ်၊ ဆိုလိုတာက ဒါပါ။ 100 00:05:41,857 --> 00:05:45,294 ဒါပေမဲ့ ဖြစ်သွားတာက ဒါပါ။ Outliers ထွက်ရှိချိန်ကတည်းက 101 00:05:45,294 --> 00:05:47,449 ရောင်းအကောင်းဆုံး စာရင်း ချက်ချက် ဝင်သွားပြီး 102 00:05:47,449 --> 00:05:50,056 သုံးလတိတိ ရပ်တည်ခဲ့တယ်။ 103 00:05:50,056 --> 00:05:54,171 ရုတ်တရက် နာရီပေါင်း ၁၀၀၀၀ စည်းမျဉ်းဟာ နေရာတိုင်းမှာ ရှိခဲ့တယ်။ 104 00:05:54,171 --> 00:06:00,022 ကျယ်ပြန့်တဲ့ တယ်လီဖုန်း ကစားပွဲ လူမှုအဖွဲ့စည်းတစ်ခုကို ကစားဖို့ စခဲ့တယ်။ 105 00:06:00,022 --> 00:06:04,955 ဒီတော့ ဒီသတင်းစကား အလွန် ပြိုင်ဆိုင်ရတဲ့ နယ်ပယ်တစ်ခုကို ရောက်ဖို့ နာရီ ၁၀၀၀၀ ကြာတာက 106 00:06:04,955 --> 00:06:09,927 တစ်ခုခုမှာ ကျွမ်းကျင်ဖို့ နာရီပေါင်း ၁၀၀၀၀ ကြာတယ်လို့ ဖြစ်လာတယ်။ 107 00:06:09,927 --> 00:06:11,366 ဖြစ်လာတာက 108 00:06:11,366 --> 00:06:15,667 တစ်ခုခုမှာ တော်လာဖို့ နာရီပေါင်း ၁၀၀၀၀ ကြာတယ်။ 109 00:06:15,667 --> 00:06:17,192 ဖြစ်လာတာက 110 00:06:17,192 --> 00:06:21,455 တစ်ခုခု သင်ယူဖို့ နာရီပေါင်း ၁၀၀၀၀ ကြာတယ်။ 111 00:06:21,455 --> 00:06:25,337 ဒါပေမဲ့ နောက်ဆုံး အဆိုပြုချက် တစ်ခုခု သင်ယူဖို့ နာရီပေါင်း ၁၀၀၀၀ ကြာတယ်ဆိုတာက 112 00:06:25,337 --> 00:06:28,600 မမှန်ပါဘူး။ ဒါဟာ မမှန်ဘူး။ 113 00:06:28,600 --> 00:06:33,346 ဒီတော့ တကယ်တမ်း သုတေသနက ပြောတာက 114 00:06:33,346 --> 00:06:36,217 ကျွန်တော်က အရူးအမူး သင်ယူသူဖြစ်တော့ CSU စာကြည့်တိုက်က 115 00:06:36,217 --> 00:06:39,523 သိမှတ်မှု စိတ်ပညာ အပုံတွေထဲမှာ အချိန်အများကြီး ကုန်ဆုံးခဲ့တယ်။ 116 00:06:39,523 --> 00:06:44,216 ကျွမ်းကျင်တဲ့ ဆည်းပူးမှု လေ့လာချက်တွေကို တကယ်တမ်း ကြည့်လိုက်တဲ့အခါ 117 00:06:44,216 --> 00:06:48,039 ဒီလို ဂရပ်မျိုးတစ်ခုကို အထပ်ထပ် အခါခါ တွေ့မြင်ရတယ်။ 118 00:06:48,039 --> 00:06:51,694 ကဲ သုတေသီတွေဟာ ကာယနဲ့ လုပ်တဲ့ ကြွက်သား လှုပ်ရှားမှု 119 00:06:51,694 --> 00:06:54,328 ကျွမ်းကျင်မှု (သို့) စိတ်ပိုင်း ကျွမ်းကျင်မှုတစ်ခုကို 120 00:06:54,328 --> 00:06:57,174 လေ့လာတာဖြစ်ဖြစ်
အချိန် သတ်မှတ်လို့ရ တာတွေကို လေ့လာချင်ကြတယ်။ 121 00:06:57,174 --> 00:06:59,185 အကြောင်းက ဒါကို အရည်အချင်း သတ်မှတ်လို့ရတယ်။ 122 00:06:59,185 --> 00:07:02,452 ဒီတော့ သူတို့ဟာ ပါဝင်သူတွေကို လုပ်ဆောင်ချက် အသေးလေးတစ်ခုပေးမယ်၊ 123 00:07:02,452 --> 00:07:04,156 ကာယပိုင်း စီစဉ်မှု လိုအပ်တာ တစ်ခုခု 124 00:07:04,156 --> 00:07:08,925 (သို့) စိတ်ပိုင်း လှည့်ကွက်တစ်ခု သင်ယူဖို့ လိုတာ တစ်ခုခုပေါ့။ 125 00:07:08,925 --> 00:07:13,357 ဒီကျွမ်းကျင်မှု ပြီးဖို့ ပါဝင်သူတစ်ယောက် အချိန်ဘယ်လောက်ကြာကြာ လိုအပ်တာသတ်မှတ်မယ်။ 126 00:07:13,357 --> 00:07:16,095 ဒီမှာ ဂရပ်က ပြတာပါ၊ စတင်တဲ့အခါမှာပါ၊ 127 00:07:16,095 --> 00:07:20,398 ဒီတော့ သုတေသီတွေက ပါဝင်သူတွေကို အချိန် အအတော်ယူတဲ့ လုပ်ဆောင်ချက်တစ်ခု ပေးတဲ့အခါ 128 00:07:20,398 --> 00:07:23,053 ဒါက အသစ်ဖြစ်တာကြောင့် ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တယ်။ 129 00:07:23,053 --> 00:07:26,651 အနည်းငယ် လေ့ကျင့်မှုနဲ့ သူတို့ဟာ ပိုပြီး တော်လာကြတယ်။ 130 00:07:26,651 --> 00:07:30,632 လေ့ကျင့်မှုရဲ့ ပထမပိုင်းကတော့ တကယ့်ကို ထိရောက်မှုရှိပါတယ်။ 131 00:07:30,632 --> 00:07:36,021 လူတွေဟာ အနည်းငယ် လေ့ကျင့်မှုနဲ့ကို အရာတွေမှာတော်လာကြတယ်။ 132 00:07:36,021 --> 00:07:39,663 ကဲ မှတ်သားဖို့ စိတ်ဝင်စားစရာက ဒါပါ။ 133 00:07:39,663 --> 00:07:42,869 မိမိကိုယ်တိုင်အတွက် သင်ယူချင်တဲ့ ကျွမ်းကျင်မှုတွေအတွက် 134 00:07:42,869 --> 00:07:45,736 အချိန်ကို ကျွန်တော်တို့ သိပ်ပြီး ဂရုမစိုက်ကြဘူးမို့လား။ 135 00:07:45,736 --> 00:07:49,283 ကိုယ် ဘယ်လို တော်တာ၊ တော်တဲ့ဟာ ဘာဖြစ်ဖြစ် ကြုံရတာကိုသာ ဂရုစိုက်ကြတယ်လေ။ 136 00:07:49,283 --> 00:07:54,943 ဒီတော့ ကိုယ်ဘယ်လို တော်တယ်ဆိုတာအတွက် လုပ်ဆောင်ချက် အချိန်ကို ဖီဆန်လိုက်ရင် 137 00:07:54,943 --> 00:07:59,346 ဂရပ်က တစ်ပတ်လန်ပြီး သူ့ရဲ့ကျော်ကြားမှုနဲ့ လူအသိများလာတာကို ရရှိတယ်။ 138 00:07:59,346 --> 00:08:01,274 ဒါက သင်ယူခြင်းရဲ့ မျဉ်းကွေးပါ။ 139 00:08:01,274 --> 00:08:03,852 သင်ယူခြင်းရဲ့ မျဉ်းကွေး ဇာတ်လမ်းက စတင်တဲ့အခါမှာပါ၊ 140 00:08:03,852 --> 00:08:06,567 သင်ဟာ အလွန်မကျွမ်းမကျင် ဖြစ်နေပြီး ဒါကို သိနေတယ်မို့လား။ 141 00:08:06,567 --> 00:08:08,635 (ရယ်သံများ) 142 00:08:08,635 --> 00:08:11,997 အနည်းငယ် လေ့ကျင့်မှုနဲ့အတူ တကယ့်ကို တော်လာ၊ သွက်လာတယ်လေ။ 143 00:08:11,997 --> 00:08:15,715 ဒီတော့ အစောပိုင်း တိုးတက်မှု အဆင့်က တကယ့်ကို မြန်ဆန်တယ်။ 144 00:08:15,715 --> 00:08:18,630 ဒီနောက် အနေအထားတစ်ခုမှာ တိုးတက်မှုက တန်းသွားပြီး 145 00:08:18,630 --> 00:08:21,960 နောက်ပိုင်း ကစားပွဲတွေက အများကြီး ပိုခက်ခဲလာပြီး 146 00:08:21,960 --> 00:08:24,659 ရောက်ရှိဖို့ အချိန် ပိုယူရတယ်။ 147 00:08:24,659 --> 00:08:28,620 ဒီတော့ ကျွန်တော့ရဲ့ မေးခွန်းက ဒါကို လိုချင်တာမို့လား။ 148 00:08:28,620 --> 00:08:31,605 တစ်ခုခုကို စတင်ပြီး အလွန်အမင်း မကျွမ်းမကျင်ဖြစ်ကာ 149 00:08:31,605 --> 00:08:35,265 ဒါကို သိနေတာကနေ အတော်အသင့် တော်လာဖို့ 150 00:08:35,265 --> 00:08:37,575 ဘယ်လောက် အချိန်ယူရသလဲ။ 151 00:08:37,575 --> 00:08:42,329 မှန်းခြေအားဖြင့် တိုတောင်းနိုင်သမျှ တိုတောင်းတဲ့ ကာလတို တစ်ခုအဖြစ်ပေါ့။ 152 00:08:42,329 --> 00:08:44,539 ဒီတော့ ဒါက ဘယ်လောက်ကြာသလဲ။ 153 00:08:44,539 --> 00:08:49,518 ဟောဒီမှာ ကျွန်တော့ရဲ့ လေ့လာမှုက ပြသနေတာက နာရီ ၂၀ ပါ။ 154 00:08:49,518 --> 00:08:53,163 ဒါပါပဲ။ တွေးလို့ရနိုင်တဲ့ ကျွမ်းကျင်မှုတစ်ခုကို 155 00:08:53,163 --> 00:08:55,739 ဘာမျှ မသိတာကနေ သွားနိုင်ပါတယ်။ 156 00:08:55,739 --> 00:08:59,175 ဘာသာစကားတစ်ခု သင်ချင်တာလား။ ပုံဆွဲနည်း သင်ချင်တာလား။ 157 00:08:59,175 --> 00:09:02,294 မီးလျှံတွေနဲ့ လွှဝိုင်းတွေကို ကစားနည်း သင်ချင်တာလား။ 158 00:09:02,294 --> 00:09:03,320 (ရယ်သံများ) 159 00:09:03,320 --> 00:09:08,532 ဒီအရာထဲမှာ အေးအေးမှန်မှန် လေ့ကျင့်တဲ့ နာရီပေါင်း ၂၀ အာရုံစိုက်ရင် 160 00:09:08,532 --> 00:09:10,964 သင် အံ့ဩမိလိမ့်မယ်။ 161 00:09:10,964 --> 00:09:14,135 သင် ဘယ်လို တော်တယ်ဆိုတာ အံဩမိသွားမှာပါ။ 162 00:09:14,135 --> 00:09:15,645 နာရီ ၂၀ ဟာ လုပ်နိုင်တဲ့ ပမာဏပါ။ 163 00:09:15,645 --> 00:09:19,956 တစ်ရက်ကို ၄၅ မိနစ်ခန့်နှုန်းနဲ့ တစ်လ အကြာလောက်ပါ။ 164 00:09:19,956 --> 00:09:22,066 ဟိုနေရာ၊ သည်နေရာ တစ်ရက်၊နှစ်ရက် ကျော်တောင် 165 00:09:22,066 --> 00:09:25,221 နာရီ ၂၀ ဆိုတာက စုဆောင်းမိဖို့ ဒီလောက် မခက်ခဲပါဘူး။ 166 00:09:25,221 --> 00:09:28,100 ကဲ ဒါကို လုပ်ဖို့ နည်းလမ်းတစ်ခုရှိပါတယ်။ 167 00:09:28,100 --> 00:09:31,097 အကြောင်းက နာရီ ၂၀ ခန့် ယီးတီး ယောင်တောင်စပြီး ဧရာမ တိုးတက်မှုတွေ 168 00:09:31,097 --> 00:09:33,044 မျှော်လင့်နိုင်တာမျိုး မဟုတ်လို့ပါ။ 169 00:09:33,044 --> 00:09:35,713 အသိဉာဏ်ရှိရှိ လေ့ကျင့်ဖို့ နည်းလမ်းတစ်ခု ရှိပါတယ်။ 170 00:09:35,713 --> 00:09:37,997 ထိေရာက်စွာ လေ့ကျင့်ဖို့ နည်းလမ်းတစ်ခု ရှိပါတယ်။ 171 00:09:37,997 --> 00:09:41,051 ဒါက ဒီနာရီ ၂၀ ကို သင် တတ်နိုင်လောက်တဲ့ အထိရောက်ဆုံး 172 00:09:41,051 --> 00:09:43,592 နည်းလမ်းမှာ သင် ရင်းနှီးမြှုပ်နှံဖို့သေချာစေမှာပါ။ 173 00:09:43,592 --> 00:09:47,518 ဟောဒီမှာ နည်းလမ်းပါ၊ အရာတိုင်းနဲ့ သက်ဆိုင်ပါတယ်။ 174 00:09:47,518 --> 00:09:51,363 ပထမဆုံးက ကျွမ်းကျင်မှုကို တိုက်ဆိုင် စိစစ်ဖို့ပါ။ 175 00:09:51,363 --> 00:09:56,262 သင် ပြီးမြောက်တဲ့အခါ လုပ်နိုင်စွမ်း ရှိချင်တာကို အတိအကျ ဆုံးဖြတ်ပါ။ 176 00:09:56,262 --> 00:10:02,072 ဒီနောက်မှာ ဒီကျွမ်းကျင်မှုကို စစ်ဆေးပြီး အပိုင်းငယ်လေးတွေအဖြစ် ခွဲလိုက်ပါ။ 177 00:10:02,072 --> 00:10:06,042 အခြေအနေ အများစုမှာတော့ ကျွန်တော်တို့ဟာ ကျွမ်းကျင်မှုတွေကို အရာမျိုးစုံ 178 00:10:06,042 --> 00:10:10,639 လိုအပ်တဲ့ ကျွမ်းကျင်မှုတွေရဲ့တကယ့် အစုအပေါင်းကြီးတစ်ခုအဖြစ် ထင်တတ်ကြတယ်။ 179 00:10:10,639 --> 00:10:14,211 ကျွမ်းကျင်မှုကို ပို ခွဲစိတ်နိုင်လေလေ၊ 180 00:10:14,211 --> 00:10:16,583 ပိုပြီး ဆုံးဖြတ်နိုင်စွမ်းရှိလေလေပါ။ 181 00:10:16,583 --> 00:10:18,974 လိုချင်တာ ရဖို့ တကယ် ကူညီပေးမဲ့ကျွမ်းကျင်မှု 182 00:10:18,974 --> 00:10:21,365 အစိတ်အပိုင်းတွေကဘာတွေလဲ။ 183 00:10:21,365 --> 00:10:23,758 ဒီနောက်မှာ ဒါတွေကို ပထမဆုံး လေ့ကျင့်ပါ။ 184 00:10:23,758 --> 00:10:25,960 အရေးအကြီးဆုံး အရာတွေကို ပထမဆုံး လေ့ကျင့်ရင် 185 00:10:25,960 --> 00:10:28,731 အနည်းဆုံးသော အချိန် ပမာဏအတွင်းမှာ သင့်စွမ်းဆောင်မှုကို 186 00:10:28,731 --> 00:10:31,502 တိုးတက်အောင်လုပ်နိုင်ပါလိမ့်မယ်။ 187 00:10:31,502 --> 00:10:34,273 ဒုတိယက မိမိဘာသာ အမှန်ပြင်ဖို့ အလုံအလောက် လေ့လာပါ။ 188 00:10:34,273 --> 00:10:38,467 ဒီတော့ သင် လေ့လာဖို့ ကြိုးစားနေတာအကြောင်း မှီငြမ်းစရာ သုံးခုကနေ ငါးခုအထိ ရယူထားပါ။ 189 00:10:38,467 --> 00:10:43,719 စာအုပ်တွေ၊ ဒီဗီဒီတွေ၊ သင်တန်းတွေ အကုန်လုံးဖြစ်နိုင်ပါတယ်။ 190 00:10:43,719 --> 00:10:48,950 ဒါပေမဲ့ ဒါတွေကို လေ့ကျင့်ရာမှာ အချိန်ဆွဲ ဖို့ နည်းလမ်းတစ်ခုအဖြစ် အသုံးမပြုပါနဲ့။ 191 00:10:48,950 --> 00:10:50,585 ကိုယ် ဒါလုပ်တာ ကိုယ်သိတယ်ပေါ့နော်။ 192 00:10:50,585 --> 00:10:52,661 အကြောင်းအရာနဲ့ ပတ်သက်တဲ့ စာအုပ် ၂၀ ယူပြီး 193 00:10:52,661 --> 00:10:55,138 "ဒီစာအုပ် ၂၀ ပြည်တဲ့အခါ ကွန်ပြူတာတစ်ခု ပရိုဂရမ်ချဖို့ 194 00:10:55,138 --> 00:10:57,615 စတင် လေ့လာတော့မယ်"
ဆိုတာမျိုးပါ့။ 195 00:10:57,615 --> 00:11:00,094 မဟုတ်ဘူး၊ ဒါက အချိန်ဆွဲတာပါ။ 196 00:11:00,094 --> 00:11:04,141 သင် လုပ်ဖို့ လိုတာက သင် တကယ် လေ့ကျင်နိုင်ဖို့၊ 197 00:11:04,141 --> 00:11:05,850 သင် လေ့ကျင့် စဉ်မှာ 198 00:11:05,850 --> 00:11:10,914 မိမိဘာသာ ပြင်ဆင်၊ တည်းဖြတ်နိုင်ဖို့ အလုံအလောက် လေ့လာဖို့ပါ။ 199 00:11:10,914 --> 00:11:13,819 ဒီတော့ သင်ယူခြင်းဟာ အမှားတစ်ခု လုပ်မိပြီးနောက် 200 00:11:13,819 --> 00:11:16,724 အနည်းငယ် မှားတာတစ်ခု လုပ်မိတဲ့အခါ 201 00:11:16,724 --> 00:11:19,630 သတိထားမိခြင်းမှာ ပိုတော်လာတဲ့ နည်းလမ်းတစ်ခု ဖြစ်လာတယ်။ 202 00:11:19,630 --> 00:11:24,106 တတိယက လေ့ကျင့်ဖို့ အတားအဆီးတွေကို ဖယ်ရှားပစ်ဖို့ပါ။ 203 00:11:24,106 --> 00:11:26,550 စိတ်ပျံ့လွင့်မှု၊ တီဗီနဲ့ အင်တာနက်ပါ။ 204 00:11:26,550 --> 00:11:29,929 ဒီအရာအားလုံးဟာ သင် တကယ်ထိုင်ပြီး 205 00:11:29,929 --> 00:11:33,308 အလုပ်လုပ်နေတဲ့ လမ်းကြောင်းမှာ ဝင်လာတာတွေပါ။ 206 00:11:33,308 --> 00:11:36,689 သင့်ကို လေ့ကျင့်မှုကနေ တားဆီးနေတဲ့ စိတ်ပျံ့လွင့်စေတာတွေကို ဖယ်ရှားဖို့ 207 00:11:36,689 --> 00:11:39,887 စိတ်စွမ်းအားကို နည်းနည်းလေး ပိုပြီး သုံးလာနိုင်လေလေ၊ 208 00:11:39,887 --> 00:11:46,270 သင်ဟာ တကယ်ပဲ ထိုင်ပြီး လေ့ကျင့်ဖို့ ပိုဖြစ်နိုင်လေလေမို့လား။ 209 00:11:46,270 --> 00:11:51,473 စတုတ္ထက အနည်းဆုံး နာရီ ၂၀ လေ့ကျင့်ဖို့ပါ။ 210 00:11:51,473 --> 00:11:54,770 ကျွမ်းကျင်မှု အများစုမှာ ကျွန်တော်ခေါ်တဲ့ စိတ်တိုစရာ အတားအဆီးရှိတယ်။ 211 00:11:54,770 --> 00:11:58,078 လွန်လွန်ကဲကဲ မကျွမ်းကျင်တာနဲ့ ဒီအပိုင်းကို သိနေတာလေ။ 212 00:11:58,078 --> 00:12:02,374 ဒါက တကယ့်ကို စိတ်တိုစရာပါ။ ဒုံးဝေးတယ်လို့ မဖြစ်ချင်ကြဘူးလေ။ 213 00:12:02,374 --> 00:12:07,314 ဒုံးဝေးတယ်လို့ ခံစားရတာက တကယ် ထိုင်ပြီး အလုပ်လုပ်ခြင်းအတွက် အတားအဆီးတစ်ခုပါ။ 214 00:12:07,314 --> 00:12:11,762 ဒီတော့ အနည်းဆုံး နာရီ ၂၀ ကြာ လုပ်ချင်တာ ဘာဖြစ်ဖြစ်လေ့ကျင့်ဖို့အတွက် 215 00:12:11,762 --> 00:12:14,378 ကြိုတင် ရည်စူးခြင်းအားဖြင့် 216 00:12:14,378 --> 00:12:18,918 ကနဦး စိတ်တိုစရာ အတားအဆီးကို ကျော်လွှားကာ တကယ်ပဲ ရလဒ်တွေကို 217 00:12:18,918 --> 00:12:23,029 ရိတ်သိမ်းဖို့အထိကြာအောင် လေ့ကျင့်မှုနဲ့ စွဲမြဲနိုင်လာလိမ့်မယ်။ 218 00:12:23,029 --> 00:12:25,368 ဒါပါပဲ။ ဒါက ဂြိုဟ်တု သိပ္ပံမဟုတ်ပါဘူး။ 219 00:12:25,368 --> 00:12:30,479 တစ်ခုခု သင်ယူဖို့ သင် အသုံးပြုနိုင်တဲ့ ရိုးစင်းတဲ့ အဆင့်လေးဆင့်ပါ။ 220 00:12:31,466 --> 00:12:35,302 ကဲ သီအိုရီပိုင်းအရ ပြောရတာတော့ လွယ်ပေမဲ့ 221 00:12:35,302 --> 00:12:37,703 လက်တွေ့ပိုင်းအရ ပြောဖို့က ပိုပျော်စရာကောင်းပါတယ်။ 222 00:12:37,703 --> 00:12:41,964 ဒီတော့ အချိန်တော်တော်ကြာကြာ လုပ်တတ်ဖို့ ကျွန်တော် သင်ယူချင်ခဲ့တဲ့ တစ်ခုက 223 00:12:41,964 --> 00:12:44,163 ယူကူလီလီ တီးတတ်ဖို့ပါ။ 224 00:12:44,163 --> 00:12:47,787 Jake Shimabukuro ရဲ့ TEDTalk ကို ကြည့်ဖူးတဲ့သူရှိလား၊ 225 00:12:47,787 --> 00:12:50,901 သူက ယူကူလီလီ တီးပြီး ဒီလိုအသံ ဖန်တီးတာလေ။ 226 00:12:50,901 --> 00:12:52,260 ယူကူလီလီ နတ်ဘုရားလိုပါ။ 227 00:12:52,260 --> 00:12:54,026 အံ့ဩစရာ ကောင်းပါတယ်။ 228 00:12:54,026 --> 00:12:57,206 ကျွန်တော် မြင်တော့ ပြောမိတာက "အရမ်း မိုက်လိုက်တာ"လို့ပါ။ 229 00:12:57,206 --> 00:13:01,373 ဒါက ရှင်းလင်းတဲ့ တူရိယာတစ်လက်ပါ။ ကျွန်တော် တကယ်ကို တီးတတ်ချင်ခဲ့တယ်။ 230 00:13:01,373 --> 00:13:03,960 ဒီလိုနဲ့ ဒီသီအိုရီကို စမ်းသပ်ဖို့ ဆုံးဖြတ်ချက်လိုက်တယ်/ 231 00:13:03,960 --> 00:13:07,636 ယူကူလီလီ လေ့ကျင့်တာကို နာရီ ၂၀ ထည့်ထားပြီး 232 00:13:07,636 --> 00:13:09,819 ဘယ်ရောက်သွားလဲဆိုတာ ကြည့်ချင်ခဲ့တယ်။ 233 00:13:09,819 --> 00:13:13,635 ဒီလိုနဲ့ ယူကူလီလီ တီးခတ်တာနဲ့ ပတ်သက်တဲ့ ပထမဆုံးအရာက 234 00:13:13,635 --> 00:13:17,701 လေ့ကျင့်ဖို့ တစ်လက်တော့ ရှိဖို့လိုတာမို့လား။ 235 00:13:17,701 --> 00:13:21,791 ဒီတော့ ယူကူလီလီတစ်လက် ဝယ်ပြီး ကျွန်တော့ရဲ့ ချစ်စရာ ဆိုင်အကူလား၊ 236 00:13:21,791 --> 00:13:24,526 (ရယ်သံများ) 237 00:13:24,526 --> 00:13:29,973 ကျေးဇူးပါ ဆရာ၊ ဒီကောဒ်က ဒီမှာလိုတယ် ထင်တယ်။ 238 00:13:31,580 --> 00:13:35,569 ဒါက ယူကူလီလီတင် မဟုတ်ပဲ၊ အီလက်ထရစ် ယူကူလီလီတစ်လက်လေ။(ရယ်သံများ) 239 00:13:35,569 --> 00:13:37,204 ရေး။ 240 00:13:40,635 --> 00:13:45,195 ဒီတော့ ပထမ တစ်နာရီ၊ နှစ်နာရီဟာ အကုန်လုံးရဲ့ ပထမ နာရီတွေပဲ။ 241 00:13:45,195 --> 00:13:48,554 လေ့ကျင့်ရာမှာ သုံးနေတဲ့ ကိရိယာတွေ ရှိဖို့လိုတယ်။ 242 00:13:48,554 --> 00:13:50,616 ဒါတွေ ရှိနေဖို့ သေချာအောင် လုပ်ဖို့လိုတယ်။ 243 00:13:50,616 --> 00:13:52,582 ယူကူလီလီက ကြိုးတပ်ပြီးသား မဟုတ်ဘူး။ 244 00:13:52,582 --> 00:13:54,548 ဒီတော့ ဒါတွေကို တပ်ဆင်ဖို့ အဖြေရှာခဲ့ရတယ်။ 245 00:13:54,548 --> 00:13:56,515 ဆိုပါတော့ အရေးကြီးတာမျိုးပေါ့ 246 00:13:56,515 --> 00:13:58,468 ကြိုးညှိနည်း သင်ယူတာ၊ စတင်လေ့ကျင့်တာ 247 00:13:58,468 --> 00:14:00,321 ပြီးမြောက်အောင် လိုအပ်တာ အကုန်လုံး 248 00:14:00,321 --> 00:14:04,515 ပြီးစီးအောင် သေချာအောင် လုပ်နည်းကို သင်ယူတာတွေလေ။ 249 00:14:04,515 --> 00:14:11,187 ကဲ တကယ် စတင်လေ့ကျင့်ဖို့ အဆင်သင့်ဖြစ်တဲ့အခါ လုပ်ခဲ့တာတစ်ခုက 250 00:14:11,187 --> 00:14:15,996 သီချင်းတွေ တီးခတ်နည်းအတွက် အွန်လိုင်း ဒေတာတွေကို ကြည့်ခဲ့တာပါ။ 251 00:14:15,996 --> 00:14:19,088 ယူကူလီလီတွေမှာ တစ်ကြိမ်ကို ကြိုးတစ်ချောင်းထက် ပိုတီးနိုင်တော့ 252 00:14:19,088 --> 00:14:20,969 ကော့ဒ်တွေကို တီးလို့ရတယ်၊ မိုက်တယ်ဗျ။ 253 00:14:20,969 --> 00:14:24,242 ကိုယ့်ဘာသာ တွဲဖက် ဆိုနေတာပေါ့။ ရေး၊ ယူး (ရယ်သံများ) 254 00:14:24,242 --> 00:14:28,356 သီချင်းတွေကို စကြည့်လိုက်တဲ့အခါ 255 00:14:28,356 --> 00:14:32,471 ကော့ဒ်တွေ ရာချီပါတဲ့ ယူကူလီလီ ကော့ဒ်စာအုပ်တစ်အုပ် ကျွန်တော့မှာရှိတယ်။ 256 00:14:32,471 --> 00:14:35,534 ဒါကို ကြည့်ပြီးတော့ "အိုး၊ လန့်စရာကြီးပါလား။" 257 00:14:35,534 --> 00:14:37,859 ဒါပေမဲ့ တကယ့် သီချင်းတွေကို ကြည့်တဲ့အခါကျတော့ 258 00:14:37,859 --> 00:14:42,710 ကော့ဒ်တစ်ခုတည်း အထပ်ထပ် အခါခါဖြစ်နေတာမို့လား 259 00:14:42,710 --> 00:14:46,299 ဖြစ်သွားတာက၊ ယူကူလီလီ တီးတာဟာ တစ်ခုခုကို လုပ်တာမျိုးလိုပါပဲ။ 260 00:14:46,299 --> 00:14:49,552 တကယ် အရေးပါတဲ့ အရာတွေရဲ့ အစုလေး တစ်စုနဲ့ 261 00:14:49,552 --> 00:14:52,422 တစ်ချိန်လုံး အသုံးပြုတဲ့ နည်းစနစ်တွေ ရှိနေတာပါ။ 262 00:14:52,422 --> 00:14:58,420 သီချင်းအများစုမှာ ကော့ဒ် လေးခု၊ ငါးခု လောက်ပဲ အသုံးပြုမှာဖြစ်ပြီး 263 00:14:58,420 --> 00:15:00,229 ဒါပဲလေ၊ ဒါဟာ သီချင်းပဲလေ။ 264 00:15:00,229 --> 00:15:04,993 ရာချီပြီး သိဖို့မလိုဘူး၊ လေးခု(သို့) ငါးခုလောက် သိနေရင်ရပြီ။ 265 00:15:04,993 --> 00:15:06,813 ဒီတော့ ကျွန်တော် သုတေသနလုပ်ရင်း 266 00:15:06,813 --> 00:15:11,264 Axis of Awesome လို့ခေါ်တဲ့ တီးဝိုင်းရဲ့ ပေါ့သီချင်းတွေရဲ့ 267 00:15:11,264 --> 00:15:16,178 အံ့ဖွယ်ပဒေသာသီချင်းလေးတစ်ပုဒ်ကို တွေ့ခဲ့တယ်၊(လေချွန်သံ) 268 00:15:16,178 --> 00:15:19,199 တစ်ယောက်ယောက်တော့ သိတယ် 269 00:15:19,199 --> 00:15:23,418 Axis of Awesome က ပြောတာက သင် သင်ယူနိုင်တယ်၊ 270 00:15:23,418 --> 00:15:27,017 သို့) ကော့ဒ် လေးခုသိရင် လွန်ခဲ့တဲ့ ဆယ်စုနှစ် ငါးစုက ပေါ့ပ် သီချင်းတိုင်းကို 271 00:15:27,017 --> 00:15:28,685 အတော်များများတီးခတ်နိုင်တယ်တဲ့။ 272 00:15:28,685 --> 00:15:33,062 ဒီကော့ဒ်တွေက G, D, Em နဲ့ C ပါ။ 273 00:15:33,062 --> 00:15:37,931 ကော့ဒ် လေးခုက ပေါ့ပ်သီချင်းတိုင်းကို ထုတ်ပေးတယ်ပေါ့။ 274 00:15:37,931 --> 00:15:39,401 ဒီတော့ မိုက်တယ်လို့ တွေးမိတယ်။ 275 00:15:39,401 --> 00:15:42,584 ကျွန်တော်က ပေါ့ပ်သီချင်းတိုင်းကို တီးချင်နေတာလေ။ (ရယ်သံများ) 276 00:15:42,584 --> 00:15:45,627 ဒီတော့ ဒါက ကျွန်တော် သင်ယူဖို့ ဆုံးဖြတ်လိုက်တဲ့ ပထမဆုံးသီချင်းပါ။ 277 00:15:45,627 --> 00:15:49,445 ခင်ဗျားတို့နဲ့မျှဝေချင်တယ်၊ အဆင်သင့်ပဲလား။ 278 00:15:49,445 --> 00:15:51,423 (လက်ခုပ်သံများ) ကောင်းပါပြီ။ 279 00:15:51,423 --> 00:15:54,733 (ဂီတသံ) 280 00:16:03,600 --> 00:16:06,104 (သီချင်းဆိုခြင်း) နယ်မြို့လေးက မိန်းကလေးတစ်ယောက် 281 00:16:06,104 --> 00:16:08,878 အထီးကျန်ကမ္ဘာတစ်ခုမှာ နေထိုင်နေတယ် 282 00:16:08,878 --> 00:16:14,652 သန်းခေါင်ယံ ရထားကို စီးပြီး နေရာတိုင်းကို သွားနေတယ်။ 283 00:16:14,652 --> 00:16:18,209 မင်း အခြေကျသွားတယ်လို့ ကြားခဲ့တယ် (ရယ်သံများ) 284 00:16:18,209 --> 00:16:21,672 မင်း မိန်းကလေးတစ်ယောက်ကို တွေခဲ့တယ် 285 00:16:21,672 --> 00:16:25,013 အခုတော့ မင်းဟာ လက်ထပ်သွားတယ် တယ်တဲ့ 286 00:16:25,013 --> 00:16:27,323 ညတိုင်း ငါ့ရဲ့အိပ်မက်တွေထဲမှာ (ရယ်သံများ) 287 00:16:27,323 --> 00:16:30,496 မင်းကိုတွေ့တယ် မင်းကို ခံစားတယ် 288 00:16:30,496 --> 00:16:36,253 ဒါက မင်း ဆက်သွားနေတာကို သိနေပုံပါ (ရယ်သံများ) 289 00:16:36,253 --> 00:16:42,227 နောက်ထပ် တုံ့ဆိုင်း မနေတော့ဘူး မစောင့်နိုင်တော့ဘူး၊ ငါ့ကို မင်းပိုင်တယ် 290 00:16:42,227 --> 00:16:47,600 အကြောင်းက မင်းဟာ အံ့ဩစရာမို့ အံ့စရာတွေ ငါတို့လုပ်ခဲ့တယ် 291 00:16:47,600 --> 00:16:52,682 ငါတတ်နိုင်ရင် မင်းရှိနေမယ် ဘယ်နေရာမဆို ငါသွားမယ် 292 00:16:52,682 --> 00:16:58,244 ဒီည မင်း အချစ်ကို ခံစားလို့ရလား (ရယ်သံများ) 293 00:16:58,244 --> 00:17:03,400 မင်းရှိရှိ၊ မရှိရှိ ငါ အသက်မရှင်နိုင်ဘူး 294 00:17:03,400 --> 00:17:05,190 ငါ့ကိုယ်ငါ 
တွေ့တယ် 295 00:17:05,190 --> 00:17:07,489 ငါ ဒုက္ခရောက်တဲ့ အချိန်တွေမှာ အမေ မေရီ ငါ့ဆီလာတယ် 296 00:17:07,489 --> 00:17:11,865 တစ်ခါတစ်လေ အဖော်မရှိသလိုမျိုး ခံစားရတယ်၊ မငိုတဲ့မိန်းမ မရှိဘူး။ 297 00:17:11,865 --> 00:17:13,504 မေမေ၊ သေချာပါတယ် ဒါအိပ်မက်တစ်ခုပါ 298 00:17:13,504 --> 00:17:15,836 ငါက ဩစတြေးလျက လာတယ် (ရယ်သံများ) 299 00:17:15,836 --> 00:17:18,863 ရေသေချောင်းတစ်ခုနားမှာ စခန်းချတဲ့ တစ်ခါက လူပျော်တစ်ယောက် 300 00:17:18,863 --> 00:17:22,253 ဟေး ငါ မင်းကို တွေ့မိတယ် ဒါက ရူးတာလေ (ရယ်သံများ) 301 00:17:22,253 --> 00:17:26,413 ဒါပေမဲ့ ဒီမှာ ငါ့ဖုန်းနံပါတ် ဒီတော့ ငါ့ကို ဖုန်းဆက်ပါ။ 302 00:17:26,413 --> 00:17:30,190 ဟေး ဆက်ဆီ လေးဒီ အိုပါ ဂန်းနန်း စတိုင် (ရယ်သံများ) 303 00:17:30,190 --> 00:17:35,932 နှုတ်ဆက်ချိန် တန်ပါပြီ 304 00:17:35,932 --> 00:17:45,790 အဆုံးသတ်ချိန်၊ အစ အသစ်တိုင်းဟာ အခြားသော အစရဲ့ နိဂုံးကနေလာတယ် 305 00:17:45,790 --> 00:17:49,861 (သီချင်းဆိုခြင်းနဲ ဂီတသံ ဆုံးသည်။) (လက်ခုပ်သံများ) 306 00:17:56,911 --> 00:18:01,199 ကျေးဇူးပါ၊ ကျေးဇူးပါ။ 307 00:18:03,013 --> 00:18:06,856 ဒီသီချင်းကို ကျွန်တော်ကြိုက်တယ်။ (ရယ်သံများ) 308 00:18:07,395 --> 00:18:10,499 သင်တို့နဲ့ မျှဝေဖို့ လျှို့ဝှက်ချက်တစ်ခုရှိပါတယ်။ 309 00:18:10,499 --> 00:18:14,471 ဒီတော့ သင်တို့အတွက် ဒီသီချင်းကို တီးပြခြင်းနဲ့ 310 00:18:14,471 --> 00:18:19,221 ယူကူလီလီ လေ့ကျင့်ခြင်းရဲ့ ကျွန်တော့ရဲ့ နာရီ နှစ်ဆယ်တိတိမှာ တီးလိုက်တာပါ။ 311 00:18:19,221 --> 00:18:23,209 (လက်ခုပ်သံများ) ကျေးဇူးပါ။ 312 00:18:24,933 --> 00:18:28,974 ဒီလိုနဲ့ ဒါက အံ့ဩစရာ၊ သင်လုပ်ချင်တဲ့ 313 00:18:28,974 --> 00:18:30,752 သင် တွေးလို့ရတဲ့ အရာတိုင်းပါ။ 314 00:18:30,752 --> 00:18:35,317 အသစ်တစ်ခု သင်ယူဖို့ အဓိက အတားအဆီးက ဉာဏ်ရည် မဟုတ်ဘူး။ 315 00:18:35,317 --> 00:18:40,998 အရိပ်အမြွှက် နည်းနာတွေနဲ့ အသေးစားလေးတွေရဲ့ အစုတစ်ခုကို သင်ယူတဲ့ လုပ်ငန်းစဉ် မဟုတ်ဘူး။ 316 00:18:40,998 --> 00:18:44,753 အဓိက အတားအဆီးက စိတ်ခံစားမှုပါ။ ကျွန်တော်တို့ လန့်ကြတယ်လေ။ 317 00:18:44,753 --> 00:18:47,140 ဒုံးဝေးတယ် ခံစားတာက နေလို့ထိုင်လို့ မကောင်းဘူး။ 318 00:18:47,014 --> 00:18:49,275 အသစ်တစ်ခုကို စတင်သင်ယူစမှာ 319 00:18:49,275 --> 00:18:51,537 တကယ်ကို ဒုံးဝေးတယ်လို့ ခံစားရတယ်။ 320 00:18:51,537 --> 00:18:55,633 ဒီတော့ အဓိက အတားအဆီးက ဉာဏ်ရည်မဟုတ်ဘူး။ စိတ်ခံစားမှုပါ။ 321 00:18:55,633 --> 00:18:58,971 ဒါပေမဲ့ အရာတိုင်းမှာ နာရီ ၂၀ ပေးထားပါ။ 322 00:18:58,971 --> 00:19:01,377 ဒါက အရေးမကြီးပါဘူး။ ဘာကို သင်ယူချင်တာလဲ။ 323 00:19:01,377 --> 00:19:04,848 ဘာသာစကားတစ်ခု လေ့လာချင်လား။ ဟင်းချက်နည်း သင်ယူချင်လား။ 324 00:19:04,848 --> 00:19:07,114 ပုံဆွဲနည်း သင်ယူချင်လား။ 325 00:19:07,114 --> 00:19:10,860 ဘာကို သင် စိတ်ဝင်စားလဲ။ ဘာက သင့်ကို ဝင်းပစေလဲ။ 326 00:19:10,860 --> 00:19:14,747 ထွက်သွာပြီး ဒါကို လုပ်လိုက်ပါ။ နာရီ ၂၀ ပဲ ကြာတာပါ။ 327 00:19:14,747 --> 00:19:16,093 ပျော်ရွှင်ပါစေဗျာ။ 328 00:19:16,093 --> 00:19:19,060 (လက်ခုပ်သံများ)