ကဲ အားလုံးပဲဗျာ။
လွန်ခဲ့တဲ့ နှစ်နှစ်က ကျွန်တော့ရဲ့ဘဝဟာ
ထာဝရ ပြောင်းလဲသွားခဲ့တယ်။
ကျွန်တော်နဲ့ ဇနီးသည် Kelsey ဟာ
ကျွန်တော်တို့ရဲ့ သမီးလေး Lela ကို
ကမ္ဘာထဲကို ကြိုဆိုခဲ့ကြတယ်။
ကဲ မိဘတစ်ဦးဖြစ်လာခြင်းဟာ
အံ့ဖွယ် အတွေ့အကြုံတစ်ခုပါ။
လောကကြီးတစ်ခုလုံးဟာ ညတွင်းချင်း
ပြောင်းလဲသွားတယ်။
ဦးစားပေးမှုတွေ အားလုံးဟာ
ချက်ခြင်း ပြောင်းသွားတယ်။
တစ်ခါတစ်လေကျတော့ လုပ်ဆောင်ဖို့
တကယ့်ကို ခက်ခဲသွားအောင် မြန်ဆန်လွန်းတယ်။
မိဘတစ်ဦးဖြစ်လာခြင်းအကြောင်း
အများကြီး သင်ဖို့လိုသေးတယ်လေ။
ဥပမာဆိုပါတော့
ကိုယ့်ကလေးကို ဝတ်ဆင်ပေးပုံပေါ့။
(ရယ်သံများ)
ဒါက ကျွန်တော့အတွက် အသစ်လေ။
ဒါက တကယ့် ဝတ်စုံတစ်စုံပါ။
စိတ်ကူးကောင်းတစ်ခုလို့ ထင်ခဲ့တယ်။
ဒါက စိတ်ကူးကောင်း မဟုတ်တာကို
Lela တောင် သိပါတယ်။ (ရယ်သံများ)
ဒီတော့ ချက်ချင်းကို သင်ယူစရာ အများကြီး၊
ရူးလောက်စရာအများကြီးရှိတယ်။
ဒီရူးစရာကို ထပ်ဖြည့်လိုက်တာက ကျွန်တော်ရော
Kelsey ပါ အိမ်ကနေ အလုပ်လုပ်ကြတာပါ။
ကျွန်တော်တို့က စွန့်ဦးထွင်တွေ
ကိုယ်ပိုင်လုပ်ငန်း လုပ်တယ်။
ဒီတော့ Kelsey က ယောဂ ဆရာတွေအတွက်
အွန်လိုင်းမှာ သင်တန်းတွေ ဖန်တီးတယ်။
ကျွန်တော်က စာရေးဆရာပါ။
ဒီလိုနဲ့ ကျွန်တော်ရော Kelsey ပါ
အိမ်ကနေအလုပ်လုပ်တယ်။
ကျွန်တော်တို့မှာ ကလေးတစ်ယောက်ရှိပြီး
လုပ်ဖို့လိုအပ်တဲ့
အရာတိုင်းကို ပြီးစီးဖို့
သေချာအောင် ကြိုးစားနေကြတယ်။
ဘဝဟာ တကယ့်ကို မအားမလပ်ဖြစ်နေတယ်။
ဒီအံ့ဖွယ် အတွေ့အကြုံထဲက
သီတင်းပတ် တစ်ပတ်၊နှစ်ပတ်ဟာ
အိပ်ရေးပျက်တာ စတင်လာခဲ့ချိန်ပေါ့၊
ပြောရရင် သီတင်း ရှစ်ပတ်လောက်ပေါ့။
ကျွန်တော့မှာ ဒီအတွေးရှိခဲ့တယ်၊
ဒါက အသက်အရွယ်မရွေး နိုင်ငံတကာက
မိဘတွေမှာရှိတဲ့ တူညီတဲ့ အတွေးပါ။
လူတိုင်းမှာ ဒီအတွေးရှိပါတယ်၊
ဒါကတော့
ငါ ဘယ်တော့မှ အားတဲ့အချိန်
ပြန်ရှိတော့မှာ မဟုတ်ဘူးဆိုတာပါ။
(ရယ်သံများ)
ဒါ အမှန်ပဲလို့ တစ်ယောက်ယောက် ပြောခဲ့တယ်။
ဒါက အတိအကျတော့ မမှန်ပေမဲ့
အဲဒီအခိုက်မှာတော့ တကယ့်ကို
မှန်တယ်လို့ ထင်ရတယ်။
ဒါက ကျွန်တော့အတွက် တကယ့်
အမှုမထား၈ရာ မဟုတ်တာက
အခြားအရာတွေထက်ပိုပြီး ကျွန်တော်
နှစ်သက်မိတာတစ်ခုက
အသစ်တွေကို သင်ယူရခြင်းဖြစ်လို့ပါ။
တစ်ခုခုအကြောင်း သိချင်စိတ်ရှိလာကာ
ထိုးဆင်းပြီး
ယောင်တီးယောင်တောင်လုပ်ရင်း
စမ်းလိုက်၊ မှားလိုက်ကနေ သင်ယူတာပါ။
နောက်ဆုံးမှာတော့ တစ်ခုခုမှာ
အတော်လေးကို တော်လာခြင်းပါ။
ဒီအားလပ်ချိန်မပါဘဲနဲ့
ဒါကို နောက်ထပ် ဘယ်လိုလုပ်တော့မလဲ
ဆိုတာ ကျွန်တော် မသိခဲ့ဘူး။
ဒီလိုနဲ့ ကျွန်တော်ဟာ အရူးအမူး
သင်ယူသူဖြစ်ခဲ့တယ်။
အကြောင်းအရာတွေကို ဆက်ပြီးသင်ချင်ပြီး
ဆက်ပြီး တိုးပွားချင်တယ်။
ဒီတော့ ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်တာက
စာကြည့်တိုက်ကို သွား၊
စာအုပ်ဆိုင်ကို သွားပြီး
သင်ယူနည်းနဲ့ လျှင်မြန်စွာ သင်ယူနည်း
အကြောင်း သုတေသနက ပြောတာတွေ
ကြည့်ရှုတယ်။
စာအုပ်တွေ အတွဲလိုက် ဖတ်ခဲ့တယ်၊
ဝက်ဘ်ဆိုဒ်တွေ အပြုံလိုက် ဖတ်ခဲ့တယ်။
ကျွမ်းကျင်မှု အသစ်တစ်ခု ဆည်းပူးဖို့
အချိန် ဘယ်လောက် ကြာသလဲဆိုတဲ့
မေးခွန်းကို ဖြေဖို့ ကြိုးစားခဲ့တယ်။
ကျွန်တော် တွေ့ရှိခဲ့တာကို သိကြလား။
နာရီပေါင်း ၁၀၀၀၀ ပါ။
ဒါကို လူတိုင်း ကြားဖူးကြတယ်မို့လား။
အသစ်တစ်ခုခုကို သင်ယူချင်ရင်၊
နာရီပေါင်း ၁၀၀၀၀ ကြာပါတယ်။
ဒါကို တော်ချင်တယ်ဆိုရင်
အဲဒီကို ရောက်ဖို့နာရီပေါင်း
၁၀၀၀၀ ကြာမှာပါ။
စာအုပ် တစ်အုပ်ပြီးတစ်အုပ်၊ ဝက်ဆိုက်
တစ်ခုပြီးတစ်ခုမှာ ဒါကို ဖတ်ခဲ့တယ်။
ဒီဟာအားလုံး ဖတ်လိုက်ရတဲ့ ကျွန်တော့ရဲ့
စိတ်ပိုင်း အတွေ့အကြုံကတော့ဒီလိုမျိုးပါ။
မဟုတ်ဘူး။
ကျွန်တော့မှာ အချိန်မရှိဘူး။
ကျွန်တော့မှာ နာရီ ၁၀၀၀၀ မရှိဘူး။
အသစ်တစ်ခုခုကို ဘယ်တော့မှ
သင်ယူနိုင်တော့မှာ မဟုတ်ဘူး။
ထပ်ပြောမယ် ဘယ်တော့မှပါ။ (ရယ်သံများ)
ဒါပေမဲ့ ဒါ မမှန်ဘူး။
ဒီတော့ နာရီပေါင်း ၁၀၀၀၀၊ အကြမ်းဖျင်း
အရွယ်အစားကို ပေးရမယ်ဆိုရင်
နာရီပေါင်း ၁၀၀၀၀ ဟာ အချိန်ပြည့်အလုပ်
ငါးနှစ်တာပါ။
ရှည်ကြာတဲ့ အချိန်တစ်ခုပါ။
အားလုံးမှာ အသစ်တစ်ခု
လေ့လာတာရဲ့အတွေ့အကြုံရှိပြီး
ဒီအချိန်ပမာဏနီးပါးအထိကို
ဘယ်သူမှ အချိန်မပေးခဲ့ကြာခဲ့ဘူးမို့လား။
ဒီတော့ ဘာဖြစ်လဲ။ ဒီမှာ အပျံစားလို
ဖြစ်တာမျိုး တစ်ခုခုရှိပါတယ်။
သုတေသနက ပြောတာနဲ့ ကျွန်တော်တို့
မျှော်လင့်တာ၊ တွေ့ကြုံရတာတွေက
မကိုက်ညီကြဘူး။
ကျွန်တော် တွေ့ခဲ့တာက ဒီမှာ
အကြံကောင်း ဉာဏ်ကောင်းပါ။
နာရီ ၁၀၀၀၀ စည်းမျဉ်းက ကျွမ်းကျင်အဆင့်
လုပ်ဆောင်မှုရဲ့ လေ့လာမှုတွေကနေလာတာပါ။
Florida State University မှာ
ပါမောက္ခ တစ်ဦးရှိတယ်။
သူ့အမည်က K. Anders Ericsson ပါ။
သူက နာရီပေါင်း ၁၀၀၀၀
စည်းမျဉ်းကို စတင်သူပါ။
ဒါ လာခဲ့တဲ့နေရာက
သူဟာ ကြေးစား အာကစားသမားတွေ၊
ကမ္ဘာ့အဆင့် ဂီတပညာရှင်တွေ၊ စစ်တုရင်
ပဂေးကြီးတွေကို လေ့လာခဲ့တယ်။
လွန်ကဲတဲ့ စွမ်းဆောင်မှု မြင့်မားတဲ့
နယ်ပယ်တွေက လွန်ကဲတဲ့ ပြိုင်ဆိုင်သူတွေပါ။
သူက ဒီနယ်ပယ် အမျိုးအစားတွေရဲ့
ထိပ်ဆုံးကို ရောက်ဖို့
ဘယ်လောက် ကြာခဲ့တယ်ဆိုတာကို
ခန့်မှန်းတွက်ချက်ခဲ့တယ်။
သူ တွေ့ရှိခဲ့တာက
လေ့ကျင့်မှုက ပိုနှိုင်းချိန်မှုရှိလေ၊
ဒီတစ်ဦးချင်းတွေဟာ
သူတို့လုပ်တဲ့ ဘာဖြစ်ဖြစ်
လိုအပ်ချက်တွေကို လေ့ကျင့်ရာမှာ
အချိန်ပို ကုန်ဆုံးလေလေ၊
အချိန်ပို ကုန်လေလေ၊
ပိုတော်လာလေလေပါ။
သူတို့ရဲ့ နယ်ပယ်တွေရဲ့
ထိပ်ဖျားမှာရှိတဲ့ ဒီလူတွေဟာ
လေ့ကျင့်ချိန် နာရီပေါင်း ၁၀၀၀၀ ခန့်
ထည့်ထားကြတယ်။
ကဲ စောစောပိုင်းက တယ်လီဖုန်း ကစားပွဲ
အကြောင်း ကျွန်တော်တို့ ပြောနေခဲ့ကြတယ်။
ဒီမှာ ဖြစ်ပျက်ခဲ့တာပါ။
Malcolm Gladwell လို့
အမည်ရှိတဲ့ စာရေးဆရာက
"Outliers: The Story of Success ဆိုတဲ့
စာအုပ်ကို ၂၀၀၇ ခုနှစ်မှာ ရေးခဲ့ပြီး
ဒီစာအုပ်ရဲ့ အဓိက အပိုင်းက
နာရီပေါင်း ၁၀၀၀၀ စည်းမျဉ်းပါ။
များများ လေ့ကျင့်၊ ကောင်းကောင်းလေ့ကျင့်ပါ၊
အလွန်အမင်း ကောင်းကောင်း လုပ်မယ်၊
သင့်နယ်ပယ်မှာ ထိပ်တန်းကို ရောက်မယ်။
ဒီတော့ Dr. Ericsson
တကယ်တမ်း
ပြောနေတဲ့ သတင်းစကားက
အင်မတန် ကျဉ်းတဲ့ အကြောင်းအရာတစ်ခုထဲက
လွန်စွာမှ ပြိုင်ဆိုင်လုပ်ရတဲ့ နယ်ပယ်ထဲ
ထိပ်တန်းကို ရောက်ဖို့ နာရီပေါင်း ၁၀၀၀၀
လိုတယ်၊ ဆိုလိုတာက ဒါပါ။
ဒါပေမဲ့ ဖြစ်သွားတာက ဒါပါ။
Outliers ထွက်ရှိချိန်ကတည်းက
ရောင်းအကောင်းဆုံး
စာရင်း ချက်ချက် ဝင်သွားပြီး
သုံးလတိတိ ရပ်တည်ခဲ့တယ်။
ရုတ်တရက် နာရီပေါင်း ၁၀၀၀၀
စည်းမျဉ်းဟာ နေရာတိုင်းမှာ ရှိခဲ့တယ်။
ကျယ်ပြန့်တဲ့ တယ်လီဖုန်း ကစားပွဲ
လူမှုအဖွဲ့စည်းတစ်ခုကို ကစားဖို့ စခဲ့တယ်။
ဒီတော့ ဒီသတင်းစကား အလွန် ပြိုင်ဆိုင်ရတဲ့
နယ်ပယ်တစ်ခုကို ရောက်ဖို့ နာရီ ၁၀၀၀၀ ကြာတာက
တစ်ခုခုမှာ ကျွမ်းကျင်ဖို့ နာရီပေါင်း
၁၀၀၀၀ ကြာတယ်လို့ ဖြစ်လာတယ်။
ဖြစ်လာတာက
တစ်ခုခုမှာ တော်လာဖို့
နာရီပေါင်း ၁၀၀၀၀ ကြာတယ်။
ဖြစ်လာတာက
တစ်ခုခု သင်ယူဖို့ နာရီပေါင်း
၁၀၀၀၀ ကြာတယ်။
ဒါပေမဲ့ နောက်ဆုံး အဆိုပြုချက် တစ်ခုခု
သင်ယူဖို့ နာရီပေါင်း ၁၀၀၀၀ ကြာတယ်ဆိုတာက
မမှန်ပါဘူး။
ဒါဟာ မမှန်ဘူး။
ဒီတော့ တကယ်တမ်း သုတေသနက ပြောတာက
ကျွန်တော်က အရူးအမူး သင်ယူသူဖြစ်တော့
CSU စာကြည့်တိုက်က
သိမှတ်မှု စိတ်ပညာ အပုံတွေထဲမှာ
အချိန်အများကြီး ကုန်ဆုံးခဲ့တယ်။
ကျွမ်းကျင်တဲ့ ဆည်းပူးမှု လေ့လာချက်တွေကို
တကယ်တမ်း ကြည့်လိုက်တဲ့အခါ
ဒီလို ဂရပ်မျိုးတစ်ခုကို အထပ်ထပ်
အခါခါ တွေ့မြင်ရတယ်။
ကဲ သုတေသီတွေဟာ
ကာယနဲ့ လုပ်တဲ့ ကြွက်သား လှုပ်ရှားမှု
ကျွမ်းကျင်မှု (သို့) စိတ်ပိုင်း
ကျွမ်းကျင်မှုတစ်ခုကို
လေ့လာတာဖြစ်ဖြစ်
အချိန် သတ်မှတ်လို့ရ
တာတွေကို လေ့လာချင်ကြတယ်။
အကြောင်းက ဒါကို အရည်အချင်း
သတ်မှတ်လို့ရတယ်။
ဒီတော့ သူတို့ဟာ ပါဝင်သူတွေကို
လုပ်ဆောင်ချက် အသေးလေးတစ်ခုပေးမယ်၊
ကာယပိုင်း စီစဉ်မှု လိုအပ်တာ တစ်ခုခု
(သို့) စိတ်ပိုင်း လှည့်ကွက်တစ်ခု
သင်ယူဖို့ လိုတာ တစ်ခုခုပေါ့။
ဒီကျွမ်းကျင်မှု ပြီးဖို့ ပါဝင်သူတစ်ယောက်
အချိန်ဘယ်လောက်ကြာကြာ လိုအပ်တာသတ်မှတ်မယ်။
ဒီမှာ ဂရပ်က ပြတာပါ၊ စတင်တဲ့အခါမှာပါ၊
ဒီတော့ သုတေသီတွေက ပါဝင်သူတွေကို အချိန်
အအတော်ယူတဲ့ လုပ်ဆောင်ချက်တစ်ခု ပေးတဲ့အခါ
ဒါက အသစ်ဖြစ်တာကြောင့်
ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တယ်။
အနည်းငယ် လေ့ကျင့်မှုနဲ့
သူတို့ဟာ ပိုပြီး တော်လာကြတယ်။
လေ့ကျင့်မှုရဲ့ ပထမပိုင်းကတော့
တကယ့်ကို ထိရောက်မှုရှိပါတယ်။
လူတွေဟာ အနည်းငယ် လေ့ကျင့်မှုနဲ့ကို
အရာတွေမှာတော်လာကြတယ်။
ကဲ မှတ်သားဖို့ စိတ်ဝင်စားစရာက ဒါပါ။
မိမိကိုယ်တိုင်အတွက် သင်ယူချင်တဲ့
ကျွမ်းကျင်မှုတွေအတွက်
အချိန်ကို ကျွန်တော်တို့
သိပ်ပြီး ဂရုမစိုက်ကြဘူးမို့လား။
ကိုယ် ဘယ်လို တော်တာ၊ တော်တဲ့ဟာ
ဘာဖြစ်ဖြစ် ကြုံရတာကိုသာ ဂရုစိုက်ကြတယ်လေ။
ဒီတော့ ကိုယ်ဘယ်လို တော်တယ်ဆိုတာအတွက်
လုပ်ဆောင်ချက် အချိန်ကို ဖီဆန်လိုက်ရင်
ဂရပ်က တစ်ပတ်လန်ပြီး သူ့ရဲ့ကျော်ကြားမှုနဲ့
လူအသိများလာတာကို ရရှိတယ်။
ဒါက သင်ယူခြင်းရဲ့ မျဉ်းကွေးပါ။
သင်ယူခြင်းရဲ့ မျဉ်းကွေး ဇာတ်လမ်းက
စတင်တဲ့အခါမှာပါ၊
သင်ဟာ အလွန်မကျွမ်းမကျင်
ဖြစ်နေပြီး ဒါကို သိနေတယ်မို့လား။
(ရယ်သံများ)
အနည်းငယ် လေ့ကျင့်မှုနဲ့အတူ
တကယ့်ကို တော်လာ၊ သွက်လာတယ်လေ။
ဒီတော့ အစောပိုင်း တိုးတက်မှု အဆင့်က
တကယ့်ကို မြန်ဆန်တယ်။
ဒီနောက် အနေအထားတစ်ခုမှာ
တိုးတက်မှုက တန်းသွားပြီး
နောက်ပိုင်း ကစားပွဲတွေက
အများကြီး ပိုခက်ခဲလာပြီး
ရောက်ရှိဖို့ အချိန် ပိုယူရတယ်။
ဒီတော့ ကျွန်တော့ရဲ့ မေးခွန်းက
ဒါကို လိုချင်တာမို့လား။
တစ်ခုခုကို စတင်ပြီး အလွန်အမင်း
မကျွမ်းမကျင်ဖြစ်ကာ
ဒါကို သိနေတာကနေ
အတော်အသင့် တော်လာဖို့
ဘယ်လောက် အချိန်ယူရသလဲ။
မှန်းခြေအားဖြင့် တိုတောင်းနိုင်သမျှ
တိုတောင်းတဲ့ ကာလတို တစ်ခုအဖြစ်ပေါ့။
ဒီတော့ ဒါက ဘယ်လောက်ကြာသလဲ။
ဟောဒီမှာ ကျွန်တော့ရဲ့ လေ့လာမှုက
ပြသနေတာက နာရီ ၂၀ ပါ။
ဒါပါပဲ။ တွေးလို့ရနိုင်တဲ့
ကျွမ်းကျင်မှုတစ်ခုကို
ဘာမျှ မသိတာကနေ သွားနိုင်ပါတယ်။
ဘာသာစကားတစ်ခု သင်ချင်တာလား။
ပုံဆွဲနည်း သင်ချင်တာလား။
မီးလျှံတွေနဲ့ လွှဝိုင်းတွေကို
ကစားနည်း သင်ချင်တာလား။
(ရယ်သံများ)
ဒီအရာထဲမှာ အေးအေးမှန်မှန် လေ့ကျင့်တဲ့
နာရီပေါင်း ၂၀ အာရုံစိုက်ရင်
သင် အံ့ဩမိလိမ့်မယ်။
သင် ဘယ်လို တော်တယ်ဆိုတာ
အံဩမိသွားမှာပါ။
နာရီ ၂၀ ဟာ လုပ်နိုင်တဲ့ ပမာဏပါ။
တစ်ရက်ကို ၄၅ မိနစ်ခန့်နှုန်းနဲ့
တစ်လ အကြာလောက်ပါ။
ဟိုနေရာ၊ သည်နေရာ
တစ်ရက်၊နှစ်ရက် ကျော်တောင်
နာရီ ၂၀ ဆိုတာက စုဆောင်းမိဖို့
ဒီလောက် မခက်ခဲပါဘူး။
ကဲ ဒါကို လုပ်ဖို့ နည်းလမ်းတစ်ခုရှိပါတယ်။
အကြောင်းက နာရီ ၂၀ ခန့် ယီးတီး
ယောင်တောင်စပြီး ဧရာမ တိုးတက်မှုတွေ
မျှော်လင့်နိုင်တာမျိုး မဟုတ်လို့ပါ။
အသိဉာဏ်ရှိရှိ လေ့ကျင့်ဖို့
နည်းလမ်းတစ်ခု ရှိပါတယ်။
ထိေရာက်စွာ လေ့ကျင့်ဖို့
နည်းလမ်းတစ်ခု ရှိပါတယ်။
ဒါက ဒီနာရီ ၂၀ ကို သင်
တတ်နိုင်လောက်တဲ့ အထိရောက်ဆုံး
နည်းလမ်းမှာ
သင် ရင်းနှီးမြှုပ်နှံဖို့သေချာစေမှာပါ။
ဟောဒီမှာ နည်းလမ်းပါ၊
အရာတိုင်းနဲ့ သက်ဆိုင်ပါတယ်။
ပထမဆုံးက ကျွမ်းကျင်မှုကို
တိုက်ဆိုင် စိစစ်ဖို့ပါ။
သင် ပြီးမြောက်တဲ့အခါ လုပ်နိုင်စွမ်း
ရှိချင်တာကို အတိအကျ ဆုံးဖြတ်ပါ။
ဒီနောက်မှာ ဒီကျွမ်းကျင်မှုကို စစ်ဆေးပြီး
အပိုင်းငယ်လေးတွေအဖြစ် ခွဲလိုက်ပါ။
အခြေအနေ အများစုမှာတော့ ကျွန်တော်တို့ဟာ
ကျွမ်းကျင်မှုတွေကို အရာမျိုးစုံ
လိုအပ်တဲ့ ကျွမ်းကျင်မှုတွေရဲ့တကယ့်
အစုအပေါင်းကြီးတစ်ခုအဖြစ် ထင်တတ်ကြတယ်။
ကျွမ်းကျင်မှုကို ပို ခွဲစိတ်နိုင်လေလေ၊
ပိုပြီး ဆုံးဖြတ်နိုင်စွမ်းရှိလေလေပါ။
လိုချင်တာ ရဖို့
တကယ် ကူညီပေးမဲ့ကျွမ်းကျင်မှု
အစိတ်အပိုင်းတွေကဘာတွေလဲ။
ဒီနောက်မှာ ဒါတွေကို ပထမဆုံး လေ့ကျင့်ပါ။
အရေးအကြီးဆုံး အရာတွေကို
ပထမဆုံး လေ့ကျင့်ရင်
အနည်းဆုံးသော အချိန် ပမာဏအတွင်းမှာ
သင့်စွမ်းဆောင်မှုကို
တိုးတက်အောင်လုပ်နိုင်ပါလိမ့်မယ်။
ဒုတိယက မိမိဘာသာ အမှန်ပြင်ဖို့
အလုံအလောက် လေ့လာပါ။
ဒီတော့ သင် လေ့လာဖို့ ကြိုးစားနေတာအကြောင်း
မှီငြမ်းစရာ သုံးခုကနေ ငါးခုအထိ ရယူထားပါ။
စာအုပ်တွေ၊ ဒီဗီဒီတွေ၊ သင်တန်းတွေ
အကုန်လုံးဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ ဒါတွေကို လေ့ကျင့်ရာမှာ အချိန်ဆွဲ
ဖို့ နည်းလမ်းတစ်ခုအဖြစ် အသုံးမပြုပါနဲ့။
ကိုယ် ဒါလုပ်တာ ကိုယ်သိတယ်ပေါ့နော်။
အကြောင်းအရာနဲ့ ပတ်သက်တဲ့
စာအုပ် ၂၀ ယူပြီး
"ဒီစာအုပ် ၂၀ ပြည်တဲ့အခါ
ကွန်ပြူတာတစ်ခု ပရိုဂရမ်ချဖို့
စတင် လေ့လာတော့မယ်" ဆိုတာမျိုးပါ့။
မဟုတ်ဘူး၊ ဒါက အချိန်ဆွဲတာပါ။
သင် လုပ်ဖို့ လိုတာက
သင် တကယ် လေ့ကျင်နိုင်ဖို့၊
သင် လေ့ကျင့် စဉ်မှာ
မိမိဘာသာ ပြင်ဆင်၊ တည်းဖြတ်နိုင်ဖို့
အလုံအလောက် လေ့လာဖို့ပါ။
ဒီတော့ သင်ယူခြင်းဟာ
အမှားတစ်ခု လုပ်မိပြီးနောက်
အနည်းငယ် မှားတာတစ်ခု
လုပ်မိတဲ့အခါ
သတိထားမိခြင်းမှာ ပိုတော်လာတဲ့
နည်းလမ်းတစ်ခု ဖြစ်လာတယ်။
တတိယက လေ့ကျင့်ဖို့ အတားအဆီးတွေကို
ဖယ်ရှားပစ်ဖို့ပါ။
စိတ်ပျံ့လွင့်မှု၊ တီဗီနဲ့ အင်တာနက်ပါ။
ဒီအရာအားလုံးဟာ သင် တကယ်ထိုင်ပြီး
အလုပ်လုပ်နေတဲ့ လမ်းကြောင်းမှာ
ဝင်လာတာတွေပါ။
သင့်ကို လေ့ကျင့်မှုကနေ တားဆီးနေတဲ့
စိတ်ပျံ့လွင့်စေတာတွေကို ဖယ်ရှားဖို့
စိတ်စွမ်းအားကို နည်းနည်းလေး
ပိုပြီး သုံးလာနိုင်လေလေ၊
သင်ဟာ တကယ်ပဲ ထိုင်ပြီး
လေ့ကျင့်ဖို့ ပိုဖြစ်နိုင်လေလေမို့လား။
စတုတ္ထက အနည်းဆုံး နာရီ
၂၀ လေ့ကျင့်ဖို့ပါ။
ကျွမ်းကျင်မှု အများစုမှာ ကျွန်တော်ခေါ်တဲ့
စိတ်တိုစရာ အတားအဆီးရှိတယ်။
လွန်လွန်ကဲကဲ မကျွမ်းကျင်တာနဲ့
ဒီအပိုင်းကို သိနေတာလေ။
ဒါက တကယ့်ကို စိတ်တိုစရာပါ။
ဒုံးဝေးတယ်လို့ မဖြစ်ချင်ကြဘူးလေ။
ဒုံးဝေးတယ်လို့ ခံစားရတာက တကယ် ထိုင်ပြီး
အလုပ်လုပ်ခြင်းအတွက် အတားအဆီးတစ်ခုပါ။
ဒီတော့ အနည်းဆုံး နာရီ ၂၀ ကြာ
လုပ်ချင်တာ ဘာဖြစ်ဖြစ်လေ့ကျင့်ဖို့အတွက်
ကြိုတင် ရည်စူးခြင်းအားဖြင့်
ကနဦး စိတ်တိုစရာ အတားအဆီးကို
ကျော်လွှားကာ တကယ်ပဲ ရလဒ်တွေကို
ရိတ်သိမ်းဖို့အထိကြာအောင်
လေ့ကျင့်မှုနဲ့ စွဲမြဲနိုင်လာလိမ့်မယ်။
ဒါပါပဲ။ ဒါက ဂြိုဟ်တု သိပ္ပံမဟုတ်ပါဘူး။
တစ်ခုခု သင်ယူဖို့ သင် အသုံးပြုနိုင်တဲ့
ရိုးစင်းတဲ့ အဆင့်လေးဆင့်ပါ။
ကဲ သီအိုရီပိုင်းအရ
ပြောရတာတော့ လွယ်ပေမဲ့
လက်တွေ့ပိုင်းအရ ပြောဖို့က
ပိုပျော်စရာကောင်းပါတယ်။
ဒီတော့ အချိန်တော်တော်ကြာကြာ လုပ်တတ်ဖို့
ကျွန်တော် သင်ယူချင်ခဲ့တဲ့ တစ်ခုက
ယူကူလီလီ တီးတတ်ဖို့ပါ။
Jake Shimabukuro ရဲ့ TEDTalk ကို
ကြည့်ဖူးတဲ့သူရှိလား၊
သူက ယူကူလီလီ တီးပြီး
ဒီလိုအသံ ဖန်တီးတာလေ။
ယူကူလီလီ နတ်ဘုရားလိုပါ။
အံ့ဩစရာ ကောင်းပါတယ်။
ကျွန်တော် မြင်တော့ ပြောမိတာက
"အရမ်း မိုက်လိုက်တာ"လို့ပါ။
ဒါက ရှင်းလင်းတဲ့ တူရိယာတစ်လက်ပါ။
ကျွန်တော် တကယ်ကို တီးတတ်ချင်ခဲ့တယ်။
ဒီလိုနဲ့ ဒီသီအိုရီကို စမ်းသပ်ဖို့
ဆုံးဖြတ်ချက်လိုက်တယ်/
ယူကူလီလီ လေ့ကျင့်တာကို
နာရီ ၂၀ ထည့်ထားပြီး
ဘယ်ရောက်သွားလဲဆိုတာ
ကြည့်ချင်ခဲ့တယ်။
ဒီလိုနဲ့ ယူကူလီလီ တီးခတ်တာနဲ့
ပတ်သက်တဲ့ ပထမဆုံးအရာက
လေ့ကျင့်ဖို့ တစ်လက်တော့
ရှိဖို့လိုတာမို့လား။
ဒီတော့ ယူကူလီလီတစ်လက် ဝယ်ပြီး
ကျွန်တော့ရဲ့ ချစ်စရာ ဆိုင်အကူလား၊
(ရယ်သံများ)
ကျေးဇူးပါ ဆရာ၊
ဒီကောဒ်က ဒီမှာလိုတယ် ထင်တယ်။
ဒါက ယူကူလီလီတင် မဟုတ်ပဲ၊ အီလက်ထရစ်
ယူကူလီလီတစ်လက်လေ။(ရယ်သံများ)
ရေး။
ဒီတော့ ပထမ တစ်နာရီ၊ နှစ်နာရီဟာ
အကုန်လုံးရဲ့ ပထမ နာရီတွေပဲ။
လေ့ကျင့်ရာမှာ သုံးနေတဲ့
ကိရိယာတွေ ရှိဖို့လိုတယ်။
ဒါတွေ ရှိနေဖို့
သေချာအောင် လုပ်ဖို့လိုတယ်။
ယူကူလီလီက
ကြိုးတပ်ပြီးသား မဟုတ်ဘူး။
ဒီတော့ ဒါတွေကို တပ်ဆင်ဖို့
အဖြေရှာခဲ့ရတယ်။
ဆိုပါတော့ အရေးကြီးတာမျိုးပေါ့
ကြိုးညှိနည်း သင်ယူတာ၊
စတင်လေ့ကျင့်တာ
ပြီးမြောက်အောင်
လိုအပ်တာ အကုန်လုံး
ပြီးစီးအောင် သေချာအောင်
လုပ်နည်းကို သင်ယူတာတွေလေ။
ကဲ တကယ် စတင်လေ့ကျင့်ဖို့
အဆင်သင့်ဖြစ်တဲ့အခါ လုပ်ခဲ့တာတစ်ခုက
သီချင်းတွေ တီးခတ်နည်းအတွက်
အွန်လိုင်း ဒေတာတွေကို ကြည့်ခဲ့တာပါ။
ယူကူလီလီတွေမှာ တစ်ကြိမ်ကို
ကြိုးတစ်ချောင်းထက် ပိုတီးနိုင်တော့
ကော့ဒ်တွေကို တီးလို့ရတယ်၊ မိုက်တယ်ဗျ။
ကိုယ့်ဘာသာ တွဲဖက် ဆိုနေတာပေါ့။
ရေး၊ ယူး (ရယ်သံများ)
သီချင်းတွေကို စကြည့်လိုက်တဲ့အခါ
ကော့ဒ်တွေ ရာချီပါတဲ့ ယူကူလီလီ
ကော့ဒ်စာအုပ်တစ်အုပ် ကျွန်တော့မှာရှိတယ်။
ဒါကို ကြည့်ပြီးတော့
"အိုး၊ လန့်စရာကြီးပါလား။"
ဒါပေမဲ့ တကယ့် သီချင်းတွေကို
ကြည့်တဲ့အခါကျတော့
ကော့ဒ်တစ်ခုတည်း အထပ်ထပ်
အခါခါဖြစ်နေတာမို့လား
ဖြစ်သွားတာက၊ ယူကူလီလီ တီးတာဟာ
တစ်ခုခုကို လုပ်တာမျိုးလိုပါပဲ။
တကယ် အရေးပါတဲ့ အရာတွေရဲ့
အစုလေး တစ်စုနဲ့
တစ်ချိန်လုံး အသုံးပြုတဲ့
နည်းစနစ်တွေ ရှိနေတာပါ။
သီချင်းအများစုမှာ ကော့ဒ် လေးခု၊ ငါးခု
လောက်ပဲ အသုံးပြုမှာဖြစ်ပြီး
ဒါပဲလေ၊ ဒါဟာ သီချင်းပဲလေ။
ရာချီပြီး သိဖို့မလိုဘူး၊ လေးခု(သို့)
ငါးခုလောက် သိနေရင်ရပြီ။
ဒီတော့ ကျွန်တော် သုတေသနလုပ်ရင်း
Axis of Awesome လို့ခေါ်တဲ့
တီးဝိုင်းရဲ့ ပေါ့သီချင်းတွေရဲ့
အံ့ဖွယ်ပဒေသာသီချင်းလေးတစ်ပုဒ်ကို
တွေ့ခဲ့တယ်၊(လေချွန်သံ)
တစ်ယောက်ယောက်တော့ သိတယ်
Axis of Awesome က ပြောတာက
သင် သင်ယူနိုင်တယ်၊
သို့) ကော့ဒ် လေးခုသိရင် လွန်ခဲ့တဲ့
ဆယ်စုနှစ် ငါးစုက ပေါ့ပ် သီချင်းတိုင်းကို
အတော်များများတီးခတ်နိုင်တယ်တဲ့။
ဒီကော့ဒ်တွေက G, D, Em နဲ့ C ပါ။
ကော့ဒ် လေးခုက ပေါ့ပ်သီချင်းတိုင်းကို
ထုတ်ပေးတယ်ပေါ့။
ဒီတော့ မိုက်တယ်လို့ တွေးမိတယ်။
ကျွန်တော်က ပေါ့ပ်သီချင်းတိုင်းကို
တီးချင်နေတာလေ။ (ရယ်သံများ)
ဒီတော့ ဒါက ကျွန်တော် သင်ယူဖို့
ဆုံးဖြတ်လိုက်တဲ့ ပထမဆုံးသီချင်းပါ။
ခင်ဗျားတို့နဲ့မျှဝေချင်တယ်၊ အဆင်သင့်ပဲလား။
(လက်ခုပ်သံများ)
ကောင်းပါပြီ။
(ဂီတသံ)
(သီချင်းဆိုခြင်း)
နယ်မြို့လေးက မိန်းကလေးတစ်ယောက်
အထီးကျန်ကမ္ဘာတစ်ခုမှာ နေထိုင်နေတယ်
သန်းခေါင်ယံ ရထားကို စီးပြီး
နေရာတိုင်းကို သွားနေတယ်။
မင်း အခြေကျသွားတယ်လို့ ကြားခဲ့တယ်
(ရယ်သံများ)
မင်း မိန်းကလေးတစ်ယောက်ကို တွေခဲ့တယ်
အခုတော့ မင်းဟာ လက်ထပ်သွားတယ်
တယ်တဲ့
ညတိုင်း ငါ့ရဲ့အိပ်မက်တွေထဲမှာ
(ရယ်သံများ)
မင်းကိုတွေ့တယ် မင်းကို ခံစားတယ်
ဒါက မင်း ဆက်သွားနေတာကို
သိနေပုံပါ (ရယ်သံများ)
နောက်ထပ် တုံ့ဆိုင်း မနေတော့ဘူး
မစောင့်နိုင်တော့ဘူး၊ ငါ့ကို မင်းပိုင်တယ်
အကြောင်းက မင်းဟာ အံ့ဩစရာမို့
အံ့စရာတွေ ငါတို့လုပ်ခဲ့တယ်
ငါတတ်နိုင်ရင် မင်းရှိနေမယ်
ဘယ်နေရာမဆို ငါသွားမယ်
ဒီည မင်း အချစ်ကို ခံစားလို့ရလား
(ရယ်သံများ)
မင်းရှိရှိ၊ မရှိရှိ ငါ အသက်မရှင်နိုင်ဘူး
ငါ့ကိုယ်ငါ တွေ့တယ်
ငါ ဒုက္ခရောက်တဲ့ အချိန်တွေမှာ
အမေ မေရီ ငါ့ဆီလာတယ်
တစ်ခါတစ်လေ အဖော်မရှိသလိုမျိုး ခံစားရတယ်၊
မငိုတဲ့မိန်းမ မရှိဘူး။
မေမေ၊ သေချာပါတယ်
ဒါအိပ်မက်တစ်ခုပါ
ငါက ဩစတြေးလျက လာတယ်
(ရယ်သံများ)
ရေသေချောင်းတစ်ခုနားမှာ
စခန်းချတဲ့ တစ်ခါက လူပျော်တစ်ယောက်
ဟေး ငါ မင်းကို တွေ့မိတယ်
ဒါက ရူးတာလေ (ရယ်သံများ)
ဒါပေမဲ့ ဒီမှာ ငါ့ဖုန်းနံပါတ်
ဒီတော့ ငါ့ကို ဖုန်းဆက်ပါ။
ဟေး ဆက်ဆီ လေးဒီ
အိုပါ ဂန်းနန်း စတိုင် (ရယ်သံများ)
နှုတ်ဆက်ချိန် တန်ပါပြီ
အဆုံးသတ်ချိန်၊ အစ အသစ်တိုင်းဟာ
အခြားသော အစရဲ့ နိဂုံးကနေလာတယ်
(သီချင်းဆိုခြင်းနဲ ဂီတသံ ဆုံးသည်။)
(လက်ခုပ်သံများ)
ကျေးဇူးပါ၊ ကျေးဇူးပါ။
ဒီသီချင်းကို ကျွန်တော်ကြိုက်တယ်။
(ရယ်သံများ)
သင်တို့နဲ့ မျှဝေဖို့
လျှို့ဝှက်ချက်တစ်ခုရှိပါတယ်။
ဒီတော့ သင်တို့အတွက်
ဒီသီချင်းကို တီးပြခြင်းနဲ့
ယူကူလီလီ လေ့ကျင့်ခြင်းရဲ့ ကျွန်တော့ရဲ့
နာရီ နှစ်ဆယ်တိတိမှာ တီးလိုက်တာပါ။
(လက်ခုပ်သံများ)
ကျေးဇူးပါ။
ဒီလိုနဲ့ ဒါက အံ့ဩစရာ၊ သင်လုပ်ချင်တဲ့
သင် တွေးလို့ရတဲ့ အရာတိုင်းပါ။
အသစ်တစ်ခု သင်ယူဖို့ အဓိက အတားအဆီးက
ဉာဏ်ရည် မဟုတ်ဘူး။
အရိပ်အမြွှက် နည်းနာတွေနဲ့ အသေးစားလေးတွေရဲ့
အစုတစ်ခုကို သင်ယူတဲ့ လုပ်ငန်းစဉ် မဟုတ်ဘူး။
အဓိက အတားအဆီးက စိတ်ခံစားမှုပါ။
ကျွန်တော်တို့ လန့်ကြတယ်လေ။
ဒုံးဝေးတယ် ခံစားတာက
နေလို့ထိုင်လို့ မကောင်းဘူး။
အသစ်တစ်ခုကို စတင်သင်ယူစမှာ
တကယ်ကို ဒုံးဝေးတယ်လို့ ခံစားရတယ်။
ဒီတော့ အဓိက အတားအဆီးက
ဉာဏ်ရည်မဟုတ်ဘူး။ စိတ်ခံစားမှုပါ။
ဒါပေမဲ့ အရာတိုင်းမှာ နာရီ ၂၀
ပေးထားပါ။
ဒါက အရေးမကြီးပါဘူး။
ဘာကို သင်ယူချင်တာလဲ။
ဘာသာစကားတစ်ခု လေ့လာချင်လား။
ဟင်းချက်နည်း သင်ယူချင်လား။
ပုံဆွဲနည်း သင်ယူချင်လား။
ဘာကို သင် စိတ်ဝင်စားလဲ။
ဘာက သင့်ကို ဝင်းပစေလဲ။
ထွက်သွာပြီး ဒါကို လုပ်လိုက်ပါ။
နာရီ ၂၀ ပဲ ကြာတာပါ။
ပျော်ရွှင်ပါစေဗျာ။
(လက်ခုပ်သံများ)