၁၁ ရာစုနဲ့ ၁၂ ရာစုတွေမှာ
အင်္ဂလိပ် အရပ်သား အများစုဟာ
စာမတတ်ကြဘူး။
သမ္မာကျမ်းစာကို သင်ယူဖို့
နည်းလမ်းမရှိတော့
ဘုန်းကြီးတွေဟာ ဆန်းသစ်တဲ့
အဖြေတစ်ခု ရလာတယ်။
သမ္မာကျမ်း ပုံပြင်တချို့ကနေ ပြဇာတ်တွေကို
ဖန်တီးတော့
စာမဖတ်တတ်သူတွေတောင် လေ့လာလို့ရသွားတယ်။
အံ့ဖွယ် ပြဇာတ်တွေလို့ဆိုတာက
သမ္မာကျမ်းရဲ့ လျှို့ဝှက်နက်နဲမှုကို
ထုတ်ဖော်ပြတာလို့ပါ။
တစ်ချိန်တည်းလောက်မှာပဲ
ဘုန်းကြီးတွေဟာ ပြာဋိဟာလို့ ခေါ်တဲ့
သူတော်စင်တွေ အကြောင်း
ပြဇာတ်တွေကိုလည်း
ဖန်တီးခဲ့ကြတယ်။
အစမှာတော့
ဘုရားကျောင်း အပြင်က လှေကားထစ်တွေမှာ
ဘုန်းကြီးတွေက သမ္မာကျမ်း
ပုံပြင်တွေကိုသရုပ်ပြတယ်။
ပရိတ်သတ် တုံ့ပြန်မှုက ကောင်းလွန်းတော့
မကြာခင်မှာပဲ မြို့ရင်ပြင်တစ်ဝိုက်က
လမ်းပေါ်ကို ရွှေ့ဖို့လိုလာတယ်။
ပြဇာတ်တစ်ခုစီကို တင်ဆက်ဖို့
ရွေ့နိုင်တဲ့ လှည်းတွေ
ဆောက်ရင်း၊ တစ်ခုနောက် တစ်ခု စီရင်း
ပုံပြင် အတွဲတွေကို တင်ဆက်နိုင်ခဲ့တယ်။
ပွဲကြည့်သူတွေကို
Genesis မှ
Revelation ထိ ခေါ်သွားမှာပါ။
pageant ခေါ်တဲ့ ရွေ့နိုင်တဲ့လှည်းတွေဟာ
ဘီးတွေပေါ်က သေတ္တာတွေနဲ့ တူနေတယ်။
တစ်ခုစီဟာ နှစ်ဆင့် မြင့်တယ်။
အောက်ဆင့်ကို ခန်းစီးကာထားပြီး
ဇာတ်ဝတ်ဇာတ်စား၊ ဇာတ်အသုံးအဆောင်နဲ့
ဇာတ်အပြင်အဆင်အတွက် သုံးတယ်။
အပေါ်ဆင့်ကတော့ ဖျော်ဖြေရေး စင်မြင့်ပါ။
ပရိသတ်တွေဟာ မြို့တွေရဲ့ အရပ်ပေါင်းစုံမှာ
စုဝေးကြပြီး
ရွာသားတွေ ဇာတ်လမ်းတွဲ တစ်ခုလုံးကို
ကြည့်ပြီးတဲ့အထိ စီတန်းဖျာ်ဖြေမှုဟာ
စက်ဝိုင်းထဲမှာလှည့်ပတ်နေနေတာပါ။
မကြာမီ ပြဇာတ်တွေဟာ ဘုန်းကြီး ပေးတာထက်
ပိုးများတဲ့ ဇာတ်ဆောင်တွေ လိုခဲ့တယ်။
ဒါနဲ့ ၁၃ ရာစု မတိုင်မီမှာ
စက်ဝိုင်းရဲ့အပိုင်းစုံကို သရုပ်ဆောင်ဖို့
အစည်းအရုံးအမျိုးမျိုးကို တာဝန်ယူစေတယ်။
တာဝန်ပေးမှုတွေက အစည်းအရုံးတွေရဲ့
အလုပ်တွေကို ထင်ဟပ်ဖို့ ရည်ရွယ်တာပါ။
ဥပမာ လက်သမား အစည်းအရုံးဟာ
Noah's ark
ဇာတ်လမ်းကို တင်ဆက်လောက်ပြီး
မုန့်ဖုတ်သမား အစည်းအရုံးက
The Last Supper ကို တင်ဆက်နိုင်တယ်။
သားသတ်သမား အစည်းအရုံးက
Crucifixion of Christ
တင်ဆက်ရင် ဇာတ်လမ်းမှာ ဖြစ်ပျက်နိုင်တာကို
စိတ်ကူးကြည့်လို့ရလား။
ဟုတ်ပါတယ်၊ ဘုန်းကြီးတွေမပါဘဲ
ပြဇာတ်တွေဟာ မကြာခင်မှာ သမ္မာကျမ်း
ပုံပြင် အစစ်တွေကနေ စတင်ပြောင်းလဲခဲ့တယ်။
၁၄ ရာစု အဆုံးမှာတော့
ပညာပေး ဇာတ်လမ်းလို့ခေါ်တဲ့
ဇာတ်သဘင် ပုံစံအသစ် ထွန်းကားလာခဲ့တယ်။
သဒ္ဓါ၊
အမှန်တရား၊
ဒါန၊
ကုသိုလ်ကောင်းမှု
အားလုံးဟာ ဇာတ်စင်ပေါ်က
ဇာတ်ကောင်တွေ ဖြစ်လာတယ်။
တစ်ချိန်တည်းမှာပဲ အမှားရဲ့
ဆန့်ကျင်ဘက်
သုစရိုက်တွေ၊
လိုချင်တပ်မက်မှု၊
လောကီ ကာမဂုဏ်နဲ့
ယုတ်မာမှုတွေဟာ
ရန်ဘက်တွေ ဖြစ်လာခဲ့တယ်။
ပညာပေး ပြဇာတ်တွေဟာ စိတ်ထိန်းချုပ်မှုအတွက်
အသေအလဲကြိုးစားတဲ့ ဇာတ်ကောင်တွေပါတဲ့
ပုံဆောင် ဇာတ်လမ်းတွေပါ။
ပရိသတ်တွေက အကျင့်ပျက်
ဇာတ်ကောင်တွေကို သဘောကျကြပြီး
ပွဲကြည့်သူတွေကို ဒီသရုပ်ဆောင်တွေနဲ့
တုံ့ပြန်ဆက်သွယ်ဖို့ အားပေးခဲ့တယ်။
အစာသိုးတွေနဲ့ ပစ်ပေါက်ပြီး
အခြားပွဲကြည့်သူတွေနဲ့ လုံးထွေး
သတ်ပုတ်ရာမှာ ပါဝင်ခြင်းက
တွေ့နေကျ ဖြစ်လာခဲ့တယ်။
ယုတ်မာတဲ့ ဇာတ်ကောင်တွေဟာ
မကြာခဏ လူအုပ်ထဲ လျှောက်သွားကာ
မသိလိုက်မသိဘာသာနေတဲ့ ပွဲကြည့်သူတွေကို
နဂါး ပါးစပ်ပုံဖော်ထားတဲ့ ငရဲဘုံတစ်ခုထဲကို
ဆွဲချတယ်။
။ကောင်းမြတ်တဲ့ သမ္မာကျမ်းပုံပြင်တွေကို
ကြမ်းတဲ့
တစ်ခါတစ်ခါ ရယ်စရာ ပုံပြင်တွေအဖြစ်
မသိမသာပြောင်းလိုက်တယ်။
ဘုန်းကြီး ရည်ရွယ်တာက ဒုစရိုက်
ဆန့်ကျင်တာကို သင်ပေးဖို့ပါ။
ဒီတော့ ပညာပေး ပြဇာတ်တွေဟာ တကယ်တော့
သုစရိုက်တွေထက်
ပိုလူကြိုက်များတဲ့ ဒုစရိုက်တွေကို အားပေး
တယ်ဆိုတာက အထင်နဲ့အမြင် တခြားစီဖြစ်နေပုံပါ။
၁၅ ရာစု အလယ် မရောက်ခင်မှာ
ဘုရားကျောင်းက ဒီတင်ဆက်မှုတွေကို
တရားမဝင် စကြေညာတယ်။
မြို့ရိုးအပြင်မှာ ပြဇာတ်ရုံတစ်ရုံတော့
ဆောက်မှဖြစ်မယ်လို့ မြို့အမိန့်စာတွေက
ပြဌာန်းတယ်။
ပထမဆုံး ပြဇာတ်ရုံတစ်ရုံက
စင်ရှေ့မှာ မြက်ဖုံးနေတဲ့ နေရာတစ်ခုကို
ဝိုင်းပတ်နေတဲ့
ထိုင်ခုံအဆင့်ဆင့်ပါတဲ့
စီတန်းဖျော်ဖြေမှုရဲ့ပိုကြီးတဲ့ အသွင်လို
တည်ဆောက်ခဲ့တာပါ။
ရင်းနှီးနေပုံရတယ်မို့လား။
လူငယ် ရှိတ်စပီးယားဟာ
နောက်ဆုံး The Globe လို့ ပြောင်းခေါ်တဲ့
ဒီပြဇာတ်ရုံမှာ သူ့အတတ်ပညာကို ဖန်တီးခဲ့တယ်။
အလယ်ခေတ် ပညာပေးပြဇာတ်ဟာ လူ့ကိုယ်တွင်း
ရုန်းကန်မှုတွေနဲ့ အသိစိတ်က
စေ့ဆော်ခံရသူတွေ ပြန်လည်ဆန်းသစ်ရေးခေတ်
ပြဇာတ်ရေးသူတွေဆီ ဦးတည်ခဲ့တယ်။
အချုပ်အားဖြင့် ဒါက စာပေ အနုပညာ
ပုံစံတစ်ရပ်အဖြစ်
ဇာတ်သဘင် ပေါ်ထွန်းလာပုံပါ။