Khan Academy မှာရှိတဲ့ ပုစ္ဆာတစ်ချို့ကို လုပ်ကြည့်ရအောင် ဒီအပေါင်းပုစ္ဆာတွေမှာ ကိန်းပြည့်တွေဖြစ်အောင် ပြန်ရေးဖို့လို့တယ် ဆယ်ပြည့်ကိန်း၊ ရာပြည့်ကိန်း စသဖြင့်ပေါ့ ကြည့်ရအောင်၊ ဒီမှာ ၆၃ အပေါင်း ၄၂၇ ရှိတယ် ဒါက နည်းနည်းရှုပ်တယ်လို့ထင်ရတယ် ဒါတွေကို ချရေးဖို့လိုမလား ဒါပေမယ့် ဒီကိန်းထဲက တစ်ခုခုကိုယူလိုက်ပြီ: တစ်ခြားကိန်းကိုပေးလိုက်ရင် ပိုပြည့်တဲ့ကိန်းတွေဖြစ်သွားမလား ၆၃ ထဲက ၃ ကိုယူလိုက်ရင် ၆၀ ရမယ်ဆိုတာရှင်းပါတယ် ဒီ ၃ ကို ၄၂၇ ကိုပေးလိုက်ရင် ၄၃၀ ရမယ်၊ ဒီတော့ ၆၀ အပေါင်း ၄၃၀ က အများကြီး ပိုရှင်းတဲ့ပုစ္ဆာပဲ ဒီတော့ ဒီပုစ္ဆာက ဘာပြောတာလဲဆိုတာ ကြည့်ရအောင် ကောင်းပြီ တစ်ဆင့်ချင်းစီ သွားကြမယ် ဒါက ၆၃ အပေါင်း ၄၂၇ က ၆၀ အပေါင်း ဘာ အပေါင်း ၄၂၇ နဲ့ညီမလဲ ဒီတော့ ၆၀ အပေါင်း ဘာက ၆၃ နဲ့ညီမလဲ၊ ဘာလို့လဲဆိုတော့ ငါတို့မှာ ၄၂၇ က နှစ်ခုလုံးမှာပါတယ်၊ ဒီတော့ ၆၃ က ၆၀ အပေါင်း ၃ ဖြစ်မယ် ဒါက အဓိပ္ပာယ်ရှိပါတယ် ဒုတိယအဆင့်မှာ သူတို့ နေရာပြောင်းလိုက်တာ ၆၀ အပေါင်း ၃၊ ပြီ:တော့ ၄၂၇ ပေါင်းတယ် ဒါက ၆၀ အပေါင်း ပြီးတော့ ၄၂၇ ကို ၃ အရင်ပေါင်းလိုက်တာနဲ့ အတူတူပဲ ဒီတော့ ဒီ ၃ ကို ၆၃ ကနေယူပြီးတော့ ၄၂၇ ကို ပေးလိုက်တာပဲ ကောင်းပြီ ၃ အပေါင်း ၄၂၇ က ၄၃၀ ဖြစ်မယ် အခု ဒီပုစ္ဆာက အများကြီး ပိုရှင်းသွားပြီ ၆၀ အပေါင်း ၄၃၀၊ ဒါကို ငါတို့စိတ်တွက်နဲ့ တွက်လို့ရတယ် ဒါကို ဒီနေရာမှာ ၆ ဆယ်ပေါင်းလိုက်တာပဲ ဒီတော့ ဒါက ၄၉၀ ဖြစ်မယ်၊ ဒါဆိုပြီးပြီ ဒါမျိုး နောက်နှစ်ပုဒ်လောက် တွက်ကြည့်ရအောင် ဒီဟာကိုကြည့်ရအောင် ဒီကိန်းနှစ်ခုကို ပေါင်းချင်တယ် သူတို့တွေကို ပိုပြည့်တဲ့ကိန်းတွေဖြစ်အောင် လုပ်လို့ရလားကြည့်ရအောင် ဒီတော့ ဒီမှာ ၂၇၅ ကို ၂၇၀ နဲ့တစ်ခုခုနဲ့ ခွဲလိုက်မယ် ဒါက ၂၇၀ အပေါင်း ၅ ဖြစ်မယ် ကျန်တာကအတူတူပဲဆိုတာ တွေ့လား အပေါင်း ၅၉၅ အပေါင်း ၅၉၅ ဒါကို ဘာလို့လုပ်ရတာလဲ ၂၇၅ ကနေ ၅ ယူပြီ:တော့ ၅၉၅ ကိုပေးလိုက်ရင် ဒီမှာလုပ်သလိုမျိုး ၅၉၅ က ၆၀၀ ဖြစ်သွားမယ် ဒါဆိုရင် တွက်ရတာ ပိုလွယ်သွားမယ် ဒီတော့ ကျွန်တော်တို့ ၂၇၀ နဲ့ ၅ ကိုအရင်ပေါင်းပြီးတော့ ၅၉၅ ကိုထပ်ပေါင်းမယ် ဒါပေမယ့် ဒီလိုလုပ်တဲ့ အစဉ်လိုက်ကို ပြောင်းလို့ရတယ် ၅၉၅ ကို ၅ အရင်ပေါင်းပြီးတော့ ၂၇၀ ကိုသွားပေါင်းလည်း ရတယ် ဒီတော့ ဒါက ၂၇၀ အပေါင်း ၅ အပေါင်း ၅၉၅ က ၆၀၀၊ ဒါက ၂၇၅ ကနေ ၅ ကိုယူရတဲ့အကြောင်းရင်းပဲ ဒါမှ ၅၉၅ ကို ၆၀၀ ဖြစ်အောင်ပေါင်းလို့ရမယ် အခု ဒါကို စိတ်ထဲမှာတွက်လို့ရပြီ ၂၇၀ အပေါင်း ၆ ရာ၊ ဒါက ကျွန်တော်တို့ ရာကိန်းကို ၆ တိုးစေတယ်၊ ဒီတော့ ၈၇၀ ဖြစ်မယ် နောက်ထပ် ဥပမာ နှစ်ခုလောက်လုပ်ကြည့်ရအောင် ကွက်လပ်ဖြည့်ပါ ၅၁ အပေါင်း ၈၃ က ကွက်လပ် အပေါင်း ၈၄ နဲ့ညီတယ် ကောင်းပြီ ၈၃ ကို ၁ တိုးရင် ၈၄ ရတယ် ဒီတော့ ၅၁ ကို ၁ လျှော့ရမယ် ဒီတော့ ဒါက ၅၀ အပေါင်း ၈၄ နဲ့အတူတူပဲ ဒါကို ဘယ်သူက ဂရုစိုက်လို့လဲ ဘာလို့ ဒီလိုလုပ်ချင်ရတာလဲ ဒါက တွက်ရတာပိုလွယ်တယ် ဘာလို့လဲဆိုတော့ ၈ ဆယ် အပေါင်း ၄ ခု၊ အပေါင်း နောက်ထပ် ၅ ဆယ် ဒါက ၁၃ ဆယ်နဲ့ ၄ ခု၊ ဒါမှမဟုတ် ၁၃၄ ဒါက ပိုလွယ်တယ်လို့ထင်တယ် ဒါပေမယ့် ပိုအရေးကြီးတာက ကိန်းတစ်ခုကို ပေါင်းထည့်လိုက်ပြီဆိုရင် နောက်ကိန်းတစ်ခုကနေ အဲ့ဒီ့တန်ဖိုးကို ပြန်နှုတ်ပေးရမယ် ဒါမှ ဒီပုစ္ဆာက တန်ဖိုးမပြောင်းမှာ နောက်တစ်ခုလောက်လုပ်ကြည့်ရအောင် ၁၃၈ အပေါင်း ၇၁၀ က ကွက်လပ် အပေါင်း ၇၀၀ နဲ့တူတယ် ဒီတော့ ၇၁၀ ရှိတယ်၊ အခု ၇၀၀ ဖြစ်သွားတယ် ဒီတော့ အဲ့ဒီ့ကိန်းကနေ ၁၀ ယူလိုက်တယ် ဒီတော့ နောက်ကိန်းတစ်ခုကို အဲ့ဒါပြန်ပေးရမယ် ၁၃၈ ကို ၁၀ ထပ်ပေါင်းလိုက်ရင် ၁၄၈ ဖြစ်လာမယ် ဒါက ဘာလို့အသုံးဝင်တာလဲ ၁၄၈ အပေါင်း ၇၀၀ ကို စိတ်ထဲမှာတွက်လို့ရတယ် ဒါက ၈၄၈ ဖြစ်မယ်၊ ဒါကဒီမှာရှိတာထက် တွက်ရတာ ပိုလွယ်တယ်