ဒီနှစ်အကြောင်း သမီးတွေကို ပြောပြပါ၊ ကော်ဖီလိုအပ်ပြီး နိုးထခဲ့ပေမဲ့ ဒီအစား လူသေအလောင်းတွေနဲ့ ပွစာကျဲနေတဲ့ တို့ရဲ့ မနက်ခင်း သတတင်းစာတွေ၊ တို့ရဲ့ ညီအစ်မ ခင်ပွန်း ကလေးငယ်တွေရဲ့ ရေစိုနေတဲ့ မိတ္တူတွေကို တွေ့လိုက်ရပုံကိုလေ ဒီနှစ်အကြောင်း သင့်ကလေးငယ်ကို ပြောပါ။ သူမမေးတဲ့လာအခါ၊ မေးမှာ ကျိန်သေးလို့ပါ။ လာတာ နောက်ကျလွန်းတယ်လို့ ပြောပါ။ ဒီနှစ်မှာ လွတ်လပ်မှုကို အငှားချခဲ့တောင်မှ လွတ်လွတ်ကင်းကင်း မပိုင်ခဲ့တာ ဝန်ခံလိုက်ပါ တို့ကိုယ်အင်္ဂါတွေ သုံးတာတိုင်းအတွက် ဥပဒေတွေရှိခဲ့သေးပေမဲ့ သူတို့ကတော့ ငါတို့ရဲ့ အပျော့ခေါက်တွေကို ကိုင်စမ်းရင်း အလိုတူတာကို အမှုမထားပဲ ဖမ်းဆုပ်လို့၊ ဒါတွေကို အတင်းအကျပ် လုပ်သူတွေကျတော့ ဥပဒေမရှိဘူးလေ။ တို့တွေဟာ ရှောင်လွှဲဖို့၊ စောင့်ဆိုင်းဖို့၊ အမြီးကုတ်ပြီး ဖုံးကွယ်ဖို့ ထပ်စောင့်ဖို့၊ ငြိမ်ပြီး စောင့်နေဖို့ ပုံသွင်းခံရတယ်။ နှုတ်ဆိတ်ဖို့ အပြောခံရတယ်။ ဒါပေမဲ့ သင့်သမီးတွေကို ဒီစစ်ကာလ အကြောင်း ပြောပါ။ ရမှတ်တူတွေရဲ့ ရှေ့သွားရှိတဲ့ နှစ်တစ်နှစ်ဆိုတော့ အရင် ဆယ်စုနှစ်နှစ်ခုက အတိုင်းပဲလေ၊။ မျက်လုံးတွေကို သုတ်ပစ်ခဲ့ကြ၊ အလံတွေနဲ့ ချည်ထားတဲ့ ခေါင်းတွေ၊ ဘေးလွတ်ရာ ပြောင်းထားတဲ့ ကလပ်ရဲ့ အခင်းဖြစ်ရာ၊ လမ်းထဲမှာ ပွက်လောရိုက်လို့၊ ကျဆုံးသွားတဲ့ ပုံရိပ်တွေနဲ့ ယှဉ်ကာ ကွန်ကရစ်ပေါ် တို့ကိုယ်တွေကိုချတယ်။ အော်ကြတယ်၊ "တကယ်ပါ၊ ငါတို့ အရေးပါပါတယ်" ကွယ်ပျောက်သူတွေအတွက် အော်ကြ အမျိုးသမီးတွေ ဒီနှစ် ငိုကြတယ်။ တကယ်ငိုခဲ့တာပါ။ ဒီနှစ်မှာပဲ တို့တွေ အသင့်ဖြစ်ခဲ့တယ်။ ချုပ်ချယ်မှု ပျောက်ဆုံး ရဲရင့်တဲ့ ပစ်ပယ်မှုနဲ့ ချီတက်ခဲ့တဲ့နှစ်က သေနတ်ပြောင်းတွေကို စိုက်ကြည့်ရတဲ့ နှစ်ပါပဲ။ ကောင်းကင်က ကြိုးကြာတွေကျူးသံ ပုန်းရှောင်၊ ပုတ်ထုတ် ခေါင်မြီးခြုံထဲ ရွှေမိ၊ ပုံနေတဲ့ မရဏခြိမ်းခြောက်မှု ကိုယ်တိုင်တော့ မျိုးချစ်တွေ ပြောတာက "တို့ အခု ၃၅ နှစ်၊ အခြေကျကာ ဒုသမ္မတလောင်းတွေဖို့ အချိန်ပါ။" လမ်းမြေပုံတွေက် ကလေးပျော်အတွက် ဖန်တီးခဲ့၊ တို့ကိုယ်တို့ ဝပြီးရက်စက်တယ်လို့ ခေါ်တာ တကယ်ပါ။ စင်းလုံးချောပေါ့။ ဒီနှစ်မှာ တို့ဟာ အမျိုးသမီးတွေဖြစ်ခဲ့တာ သတို့သမီးတွေ၊ အပေါစား တန်ဆာတွေမဟုတ် တန်းမဝင်တံဆိပ် ကျား၊မ မဟုတ် လိုက်လျောမှုမဟုတ်၊ အမျိုးသမီးတွေပဲလေ။ ကလေးတွေကို သွန်သင်ပါ။ ပြီးသွားတဲ့ နှစ်က ကျိုးနွံပြီး သေးငယ်ဖို့ဆိုတာ သတိပေးလိုက်ပါ။ တစ်ချို့ကတို့ဟာ အမျိုးသမီးတွေပါလို့ ပထမဆုံး ပြောခဲ့တယ်။ ဒီစည်းလုံးမှုရဲ့ သစ္စာကို အလေးအနက် ခံယူပါ။ တစ်ချို့က ကလေးတွေမွေးပြီး တစ်ချို့က မမွေးခဲ့ဘူး။ ဒါက တကယ်၊ သင့်တော် မှန်ကန်အောင် လုပ်လားတော့ တစ်ယောက်မှ မမေးခဲ့ဘူး။ ဒီနှစ်အကြောင်း သူမမေးတဲ့အခါ သင့်သမီး၊ မွေးကင်းစ (သို့) အောင်မြင်မှုကို ဆက်ခံသူဖြစ်ဖြစ်ပါ၊ သူ့ သမိုင်းရဲ့ဇိမ်ကျတဲ့ အပိုင်းက အမျိုးသမီးဆီ ယိုင်ကာလျှောက်ရင်း အံသြပြီး အငမ်းမရ မေးမှာ သင့်ရဲ့ စွန့်လွှတ်မှုကို နားမလည်ပေမဲ့ သင့်ရဲ့ အမြင်ကို မြင့်မြတ်မှုလို့ ဆုပ်ကိုင်လိမ့်မယ် သိချင်စိတ်နဲ့ အစ်အောက်နေမှာက "အမေ ဘယ်မှာ ရှိခဲ့လဲ။ တိုက်ခိုက်ခဲ့လား။ အမေက လန့်နေလား (သို့) လန့်စရာလား။ နောင်တ နံရံတွေကို ဘာက အရောင်ဆိုးခဲ့လဲ။ ဒီနှစ်က အချိန်တွေမှာ အမျိုးသမီးတွေအတွက် ဘာလုပ်ခဲ့လဲ။ ကျွန်မအတွက် ဖန်တီးတဲ့ ဒီလမ်းမှာ ဘယ်အရိုးကို ချိုးခဲ့ရလဲ။ လုပ်သင့်သလောက် လုပ်ခဲ့လား၊ အဆင်ပြေရဲ့လာ မေမေ။ မေမေက သူရဲကောင်းလား။ ခက်ခဲတဲ့ မေးခွန်းတွေ မေးလိမ့်မယ်။ သင့်မျက်ခုံးအဝေ့၊ သင့်ဆုပ်ကိုင်မှုဝန်ကို သူမ ဂရုစိုက်မှာ မဟုတ်ဘူး။ သင့်ဖော်ပြချက်တွေ သူမ မေးမှာမဟုတ်။ သင့်သမီး၊ သင့်အရမ်းကို လွယ်ထားခဲ့ရသူ သိချင်တာက သင့်ယူဆောင်လာတဲ့ ဘယ်လက်ဆောင်၊ ဘယ်အလင်းက သင့်ကို မျိုးမသုဉ်းစေလဲဆိုတာပါ။ ညမှာ သူတို့ သားကောင်ဖြစ်တဲ့အခါ တစ်ညလုံး အိပ်သွားလား (သို့) နိုးနေလား။ မအိပ်ပဲ နိုးနေတာရဲ့ ပေးဆပ်မှုက ဘာလဲ ဒီနှစ်ထဲ တို့ပြောခဲ့တာက အချိန်စေ့ပြီ အခွင့်ကောင်းနဲ့ ဘာလုပ်ခဲ့လဲ။ သူများရဲ့ မသတီစရာကို စားခဲ့လား။ မီးလျှံကို ရှောင်လွှဲလား တဲ့တိုး ဝင်ခဲ့လား ကျွမ်းကျင်မှု သိလား၊ ဒါကို တာဝန်လို မှတ်ယူခဲ့လား ရိုင်းစိုင်းမှု (သို့) အနိမ့်စား ဂုဏ်ပုဒ် တွေရဲ့အရူးလုပ်တာ ခံခဲ့ရလား။ ပွင့်တဲ့နှလုံး (သို့) ဆုပ်ထားတဲ့ လက်သီးနဲ့ သင်ခဲ့လား အမေဘယ်မှာ ရှိခဲ့လဲ။ အမှန်ပြောပြ သင့်ဘဝကို ဖြစ်အောင်လုပ်ပါ။ ဒါကို အတည်ပြု"သမီး အမေ အဲဒီမှာ ရပ်ခဲ့တယ်၊ ဓားမြှောင်လို မျက်နှာပေါ် ဝဲလာတဲ့ အခိုက်နဲ့အတူ၊ ပြီးတော့ ၎င်းဘာသာ ပြန်ပစ်ကာ မင်းအတွက်နေရာ လွှာလှီးရင်းလေ" အမှန်ပြောပါ ကောက်ကျစ် ခွင်မကျမှုတွေထဲ ဘယ်လိုရှင်သန်ခဲ့တာ သင်ဟာ သတ္တိရှိတယ်၊ အြမဲ အမြဲပဲ သတ္တိကို အဖော်ပြုတာကို ပြောပြပါ။ အဓိကအားဖြင့်သင့််ကိုယ်သင်ပဲ ရှိတဲ့ နေ့တွေမှာပေါ့။ သူမကို ပြောပြပါ။ သူမမွေးဖွားလာတာ သင့်လိုပဲ အရင်က သင့်အမေတွေနဲ့ သူတို့ဘေးက အစ်မတွေလိုပဲ ခါတိုင်းလို ရိုးရာပုံပြင်တွေ ခေတ်ထဲမှာလို့။ သူမဟာ အချိန်မီလေး မွေးလာတာလို့ ပြောပြပါ။ ဦးဆောင်ဖို့ အချိန်မီလေးပါလို့။ (လက်ခုပ်သံများ)