Sybtitle by
LynLyn
Siam အနုပညာ ပြတိုက်
ဒီလိုပုံမျိုးတွေကို ရိုက်ရတာ ဘာလို့ ၀ါသနာပါလဲ
ဒီလို အနီးကပ်ပုံတွေကို ကြိုက်တယ် ဘာလို့လဲဆိုတော့
ဒီပုံတွေက တစ်ခုခုကို မြင်သာစေတယ်...
မြင်ကွင်းကျယ်နဲ့ ကြည့်လို့ မမြင်သာတဲ့ အရာ
ဒါဆို မျက်နှာကို အနီးကပ် ရိုက်တဲ့အခါ...
focus ကဘယ်မှာလဲ
မျက်လုံး...
ခဏနော်.. ခလေးငိုနေလို့
ခန့်ချောကြီးပဲ
ကံဆိုးတာပဲ.. သူခလေးတောင်ရှိနေပြီ
ဘာတုန်းသားလေး? ဘာလို့ငိုနေတာတုန်း?
ဆာနေလောက်ပြီ ထင်တယ်
စိတ်ဆိုးနေတဲ့ပုံပဲ
Haaeee စိတ်မဆိုးရဘူးနော်
"အယောက်စီတိုင်းမှာ"
"နှလုံးသားထဲ မြိုသိပ်ထားတဲ့ သူတစ်ယောက်တော့ ရှိကြမှာပဲ"
"သူ့ကို သတိရတဲ့အခါ, ဘယ်လိုခံစားရလဲဆိုရင်..."
"ရင်ထဲမှာ နာကြင်နေသလိုလိုပဲ"
"ဒါပေမယ့်လဲ သတိရချင်နေတုန်းပဲ"
"အခုချိန်ဆို သူဘယ်မှာရှိနေမလဲ.."
"ဘာတွေ လုပ်နေမလဲ မသိဘူး"
"ဒါပေမယ့် ကျမသိအောင် သူလုပ်ပေးခဲ့တာကတော့.... "
"အချစ်ဆိုတဲ့ အရာ"
Mario Maurer
Pimchanok Luevisedpibool
ဒီဆိုင်ကို နေ့တိုင်း ဘာလို့ ၀င်ခိုင်းလဲဆိုတာသိနေတယ်နော်
အဲဒါဘာဖြစ်လဲ!!!
သူ့ဆိုင်ကယ်က အဆန်းလေး
ဟေး..ဒီမှာကြည့်, အလန်းလေးအလန်းလေး
ဒီမှာ ကြည့်ပါအုံး
သူက စူပါ စမတ်, နင်သူ့ကို ရူးသွပ်နေတာ မဆန်းပါဘူး
ဘာကြောင်နေလဲ? ငါမကြိုက်ပါဘူး
အမေ, ဒီစားပွဲက ထမင်းကြော်နဲ့ မနက်စာ
Nam, ဒီစားပွဲ ပြီးသွားရင် အမေ့ကို ဈေးသွားပေးအုံး?
ဟုတ်ကဲ့
လှနေလို့ပဲ
ကျောင်းမှာရော အဆင်ပြေလား?
အဆင်ပြေတယ်အမေ, Cheer Gie Nim တို့နဲ့ အတူတူပဲ
သူတို့နဲ့ မပျင်းသေးဘူးလား? (၁) တန်းကတည်းက အတူတူနေလာကြတာ
ရွေးစရာမှမရှိပဲ, P'Nam လိုရုပ်မျိုးနဲ့ သူ့အဖော်တွေနဲ့တော့,
ဘယ်သူမှ တွဲချင်မှာ မဟုတ်ဘူး
သူငယ်ချင်းက သူငယ်ချင်းပါပဲ ရုပ်နဲ့မဆိုင်ပါဘူး
ဒါက ပထမ စဉ်းစားရမှာလေ
သမီး အမေနဲ့တူတာ ကံကောင်း
ဖေဖေနဲ့ P'Nam လိုသာ ရုပ်ဆိုးရင်တော့....
ကြီးလာရင် ရည်းစားတောင် ရှိမှာ မဟုတ်ဘူး
Hey.... မပြောတော့နဲ့
ကြီးနေကြပြီ, ရန်ဖြစ်နေကြတုန်းပဲ
Pang လည်း နင့်အဖေကို ဒီလိုမပြောနဲ့
သူသိရင် စိတ်မကောင်းဖြစ်နေအုံးမယ်
သွားချင်တဲ့နေရာသွား
အဖေက အမေရိကမှာ ကြားမှာ မဟုတ်ပါဘူး
သရက်သီး?
သရက်သီးစားမလား?
(၁၀)တန်းကျောင်းသားသစ်တွေကတော့ လူတော်တွေချည်းပဲ
အေးလေ သူငယ်တန်းကတည်းက မိန်းကလေးကျောင်းမှာပဲ နေလာတာ ပျင်းစရာကြီး
တွက်ပြီးပြီလား?
Nim က အဖြေ ၂၈ ရတယ်
၂၅-၃၅ နင်ရမယ့် သူကတော့ ခေါင်းဆောင် အရည်ချင်းရှိတယ်
နင့်ဘ၀ နွေးနွေးထွေးရှိမှာပါ.. ဖြစ်သင့်ပါတယ်
P'Tom ဟာကတော့ ဗုဒ္ဓအသင်းအခေါင်းဆောင်
Cheer က အဖြေ ၁၅ ထွက်တယ်ဆိုတော့
၁၅-၂၅, နင့်နဲ့ လိုက်ဖက်မယ့်သူကတော့ အားကစားသမား...
ဆိုတော့ ဟိုက ဘတ်စကက်ဘော သမား P'Ken
Uuyyyy နင့်ကောင်လေး မဟုတ်ဘူး ထားလိုက်ပါတော့
ငါ့အတွက်ကတော့, လူဆိုးဂိုဏ်းကကောင်ပဲ ဖြစ်မှာပဲ
မှန်တာပေါ့. နင့်အတွက်ကတော့, ဘယ်သူဖြစ်မလဲဆို...
P'Maew......သူက နဲနဲကြမ်းတယ်
Nam အဖြေက ၃၀
နင့်နဲ့လိုက်ဖက်မယ့်သူကတော့ အနုပညာသမား
Umm ဘယ်သူဖြစ်မလဲ?
အင်္ဂလိပ် သင်ပြီဆိုရင်, သုန်မှုန်နေကြတာပဲ huh?
ထမင်းစားချိန်လိုပဲ ရွှင်ရွှင်ပျပျနေကြပါလား
ရီမနေနဲ့ Nam
Nam ကအင်္ဂလိပ်စာ တော်တယ်
ဒါပေမယ့် တခြားစာတွေမှာ
ဖျင်းလွန်းတယ်
အသားကမဲသေး...!
Ok, ဒီနေ့ စာလုံးသတ်ပုံနဲ့Grammar သင်မယ်
သီချင်းစာသားက..
ဒီသီချင်းစာသားကို လက်ဆင့်ကမ်းပေး
သူ့နာမည်က Shone, ၁၀ တန်းကျောင်းသားသစ်
သူ့ရာဇ၀င်က သိပ်မကောင်းဘူး, ယုတ်မာတယ်
မဟုတ်ပါဘူး?
တပည့်တို့ Inspiration မှာ A ကနေ E ကို ပြောင်းလိုက်
ဒါဆိုရင် Inspire ဖြစ်သွားမယ်
သူ့ကြောင့် ကောင်မလေးနှစ်ယောက် ကျောင်းထွက်လိုက်ရတယ်, အန္တရာယ်ကောင်လေး
(ငါမယုံပါဘူး)
သူ့နဲ့ အရောမ၀င်နဲ့
သိကြလား?
ငါ့သူငယ်ချင်းက သူနေခဲ့တဲ့ကျောင်းနဲ့ တကျောင်းတည်း
(ဘာတွေပြောနေကြတာလဲ?)
(ဘာတွေ ပြောနေကြတာလဲ?)
(နင့်အပူမပါဘူး)
(ဒါပေမယ့် ငါစာသင်နေတယ်လေ)
ဒါပေမယ့် ငါစာသင်နေတယ်လေ
Cheer
မတ်တပ်ရပ်စမ်း
you're the inspiration ဆိုတာဘာလဲ?
ဘာကိုဆိုလိုတာလဲလို့..!!!
ဟုတ်တယ်, သင်ဟာ ကျွန်ုပ်၏ အလင်းတန်း
နင်ဟာ ငါ့ရဲ့ အလင်းတန်း
သိပ်မှန်တယ်, inspiration ဆိုတာ အားလုံးမှာ ရှိနေရမယ်.
ဆရာမတောင်မှ
ချစ်တတ်သေးတယ်
ခေါင်းစဉ်ကိုပါ တခါတည်းဖတ်
(အမျိုးသမီး သန့်စင်ခန်း)
Karin
ဒီမေးခွန်းကိုလာဖြေ
ဘယ်သူလုပ်တာလဲ?
"မင်းကြောင့် နယ်တွေကျွံလာတာ"
"နေ့နေ့ညည ငါ့နှလုံးသားထဲနေဖို့"
"ကမ္ဘာကြီးမှာ လမ်းတွေရှိတယ်"
"ကမ္ဘာကြီးမှာ လှေကားထစ်တွေရှိတယ်"
"အချစ်နဲ့ နှလုံးသား"
"ဒို့ကို တယောက်နဲ့ တယောက်ဆုံဆည်းစေတယ်"
"လောကထဲမှာ"
"ဒို့နှစ်ယောက်တည်း"
အစ်ကိုက ကစားကောင်းတယ်
တိုက်စစ်မှူးလုပ်ဖို့ ဘယ်တော့ စာရင်းသွင်းမလဲ?
ဒီလိုပဲ နေ့တိုင်းကစားနေရတာ ပျော်ပါတယ်
ကြောက်နေပြီလား? ဆက်ကစားမယ်လေ..
P'Shone
P' Shone Ka
Hey, ပြန်လာခဲ့မယ်
အဲဒီကောင်မလေးက ဘယ်သူလဲ?
ဘယ်မှာလဲ?
သူ့ကိုယ်သူ ဘာထင်နေလဲ မသိဘူး, P'Shoneက သူ့ဆီတောင် သွားပေးရတယ်လို့
P'shoneနဲ့ တွဲခဲ့တဲ့သူ နေမှာပေါ့...
မဖြစ်နိုင်ပါဘူး!!!
Sorry
ဦးလေး Chang!!
အမေ, P'Nam
ဦးလေး Chang ရောက်နေတယ်
Sawaddee ka, သတိရနေတာ
ဦး
Sawaddee ka, P'Chang
Pang ဒါ နင်လား
မတွေ့တာတောင် ကြာသွားပြီ,
နင့်ဆံပင်က အရင်လို နံစော်တုန်း
Nam, နင်တောင် တော်တော် ထွားလာပြီပဲ
Pim!!
အိပ်ရေးမ၀နေဘူးလား?
အမေရိကန်ကနေ လေယာဉ်စီးလာတာ လူကကြောင်နေတုန်း
No
အဖေက ဦးလိုပဲ ၀လား?
နင့်အဖေက စားသောက်ဆိုင်မှာ စားဖိုလက်ထောက်
ဗန်းတွေမ,ရတယ်, ကြွက်သားအပြည့်
ဓာတ်ပုံထည့်ပေးလိုက်တယ်
ကြည့်ရအောင်
နေဦး
Pim
အမယောက်ျားက...
ဒီလကုန် ပိုက်ဆံပို့လိုက်မယ်တဲ့
ပြောသေးတယ်
Pim, ချစ်လေး...တဲ့
အိမ်ကို အရှုံးမခံစေရဘူးလို့ ကတိပေးတယ်..တဲ့
Pim နဲ့ သမီးတို့, သည်းခံပေးကြ..တဲ့
အဖေ ပြန်လာလည်သင့်တာပေါ့
နင့်အဖေက ပြောလိုက်တယ်
စာမေးပွဲမှာ ပထမ ရတဲ့သူကို
US သွားဖို့ လေယာဉ်လက်မှတ် ၀ယ်ပေးမယ်တဲ့
လေယာဉ်လက်မှတ်က ဒီလောက် ဈေးကြီးတာ
အဖေက တကယ်ပို့ပေးမှာတဲ့လား?
Pang နဲ့ Nam တို့မရနိုင်မှန်း သိလို့နေမှာပေါ့
ကြည့်ကြသေးတာပေါ့
ပထမ ရစေရမယ်
ဖေဖေ သိစေရမယ်
အဆင့် ၃၀ ကနေလား?
အနီ၂ခု, အစိမ်း၂ခု
ဒေါ်လေး
Pepsi ၂ခွက် မြန်မြန်လေး.. အရမ်းအိုက်နေလို့
P'
နင်ဘာလို့ ဒီလိုလုပ်ရတာလဲ?
Sorry, ဒီမှာမောနေတယ်, ရေဆာနေလို့
ဘာဖြစ်ချင်လဲ?
ငါတို့က ကျောင်းအားကစားအသင်း
မကြားဖူးဘူးလား
ယောကျာ်းလေး၊ ကလေးနဲ့ ဘတ်စကက်ဘောသမားတွေကို
ဦးစားပေးရမယ် ဆိုတာ
ငါက ဘတ်စက်ဘောသမားလေ
အန်တီ ဘောလုံးသမားတွေအတွက် Pepsi ၄ခွက်
Pepsi ဆိုဖြစ်လား?
ဟုတ်
ခွေးချီးပဲ
Hey
ငါ့အပေါ် ဖုန်တွေတက်ကုန်ပြီ
Sorry
ကျေနပ်လား?
Hey, ငါရှင်းလိုက်မယ်
Nam Nam Nam
သူတို့ ကျောင်းအနောက်မှာ ရန်ဖြစ်နေကြတယ်
ရပ် ရပ် ရပ်
Nam, ဘယ်သွားမလို့လဲ? ဆိုင်ကယ်နဲ့ ပိုမြန်တယ်လေ
မြန်မြန်မောင်း
မင်းနိုင်နိုင်ပါတယ်ထင်တယ်
မင်းအဖေလို မြို့မျက်နှာဖုံး သူရဲခေါင်း ဖြစ်ချင်နေတာပေါ့?
မင်းအဖေက ပယ်နယ်တီဘောတောင် ၀င်အောင် မကန်နိုင်ဘူး
Hey မင်းတို့ ဘာလဲ သိလား...
ငါတို့နယ်က ဒိုင်းမရခဲ့တာ
သူ့အဖေကြောင့်ကွ!
ဖိုင်နယ်ပွဲရောက်ဖို့ဆိုတာ အခွင့်ရေးက မလွယ်ဘူးကွ
သူ့အဖေ စောက်သုံးမကျတာ
တော်သေးတာပေါ့ သူတို့ မရှိတော့ဘူး,
P'ding ထိုးခံရတာကို ကြည့်ချင်လိုက်တာ
ပြန်ကြမယ်
P'shone ပေးတဲ့ pepsi ကို နင်မသောက်ဘူးလား?
မသောက်ရင်လဲ ဘာလို့ မသွန်ပစ်တာလဲ
(သောက်စရာ မဟုတ်!!)
ဒါဆို ဘာလို့ ရေခဲသေတ္တာထဲ ထည့်ထားရတာလဲ
ok ဒီနေ့ အားလုံးအတွက် ကြေငြာစရာ ၂ခုရှိတယ်
ဆရာမတို့ကျောင်းက တအားညစ်ပတ်တယ်
ဘာဖြစ်လို့လဲဆိုတော့ အမှိုက်ကို အမှိုက်ပုံးထဲ မထည့်ကြဘူး
အခုကစပြီး ဒဏ်ကြေးပေးရမယ်
အမှိုက်တစ်စ ကို ၁ ဘတ်
များတယ်လို့ ထင်လား?
ပရိုမိုးရှင်း အသစ်ပါပေးလိုက်မယ်
တနေကုန်ပစ်၊ နေရာတိုင်းပစ်
ပစ်တဲ့အမှိုက်အားလုံးအတွက် ဘတ် ၅၀
ပြန့်ကြဲနေအောင်ပစ်လိုက်, ဆရာမကိုယ်တိုင် လိုက်ရှင်းပေးမယ်
တန်းစီအပြီးမှာ
ခေါ်မယ့် စရင်းမှာပါတဲ့ ကျောင်းသားအားလုံး
ကျောင်းအုပ် ရုံးခန်းကို ချက်ချင်းသွားပါ
Jakkawan M.4/5
Ashawin M.4/7
လက်ပိုက်ထားစမ်း!!
နောက်တခါ ရန်ထပ်ဖြစ်ရင်
မင်းတို့ မိဘကို ခေါ်မယ်
နားလည်လား?
အထူးသဖြင့် Shone
မင်းက ဓာတ်ပုံ နဲနဲပါးပါး ရိုက်တတ်တာပဲ
အခု ဒီနယ်မှာ ဓာတ်ပုံပြိုင်ပွဲရှိတယ်
စာရင်းသွင်းကြည့် လုပ်ကြည့်ပါလား
ကျောင်းအတွက် နာမည် ရကောင်း ရနိုင်တာပေါ့
အဲဒါရန်ဖြစ်တာထက်စာရင် ပိုကောင်းတယ်
နားလည်လား?
ဟုတ်ကဲ့
သွားတော့
ကျေးဇူးပဲ ဆရာကြီး
နောက်တတွဲ!!
P'......ကျမ umm
မနေ့က..
Sorry ပဲနော်
ရပါတယ်
မင်းကြောင့် ဖြစ်တာမဟုတ်ပါဘူး
ပလာစတာ...
ပျောက်အောင် နေနော်
Nam
ကျေးဇူးပဲ
Hey, P'Shone ငါ့နာမည်ကို သိတယ်
သူငါ့နာမည်ကို သိနေတယ်
သူငါ့နာမည်ကို သိနေတယ်
Hey ဒီမှာကြည့်စမ်း
ဒီဆိုင်က ဒီလိုစာအုပ်တွေ ရှိသားပဲ?
နည်းလမ်း ၂၀
မိမိထက်ကြီးသူကို ရည်းစားဖြစ်အောင် လုပ်နည်း
လာနေပါပြီ,
ဖဲကြိုးဖြူ သရမ်းမဂိုဏ်း
ငါပြန်လာခဲ့မယ်
အဲကောင်မကိုကြည့်
သူဘယ်တုန်းက ဒီအဖွဲ့ထဲ ပါသွားတာလဲ?
(စာမေးပွဲ အဆင့်-၁ ရနည်း)
တကယ်လုပ်နေတာလား?
အေးပေါ့
အဖေ့ကို သတိရတယ်
မတွေ့တာ ၅ နှစ်တောင်ရှိပြီ
Earn
P'Kai ကငါ့ကို ရည်းစားစကားပြောပြီးသွားပြီ
ဒီစာအုပ်ကြောင့် သိလား!
တကယ်?
ဒီစာအုပ်က စွမ်းတယ်?
တကယ်ပြောတာ
Pooh က P'Tor ရဲ့ရည်စားမဖြစ်ခင်
သူလည်းဒီစာအုပ်ကို ၀ယ်တယ်
"အချစ်နည်းနာ- ၉သွယ်
(ကျောင်းသူများအတွက်)"
သူ့အတွက် တကယ်စွမ်းခဲ့တာ
သရမ်းမ အဖွဲ့နဲ့ မလိုက်သွားဘူးလား?
မသွားပါဘူး
ငါသူတို့နဲ့ လျှောက်သွားတာ
လူတွေက ငါ့ကိုပဲကြည့်နေကြလို့တဲ့
နည်းလမ်း-၁
ဂရိပုံပြင်ဖြင့် ကြိုက်လာအောင်လုပ်နည်း...
ကောင်းကင်မှာ ကြယ်တွေ အများကြီး
တွေ့နိုင်တဲ့နေရာကိုသွားပါ...
လက်ညှိုးနဲ့ လိုင်းတားပြီး
ကြယ်လေးတွေကို ဆက်ပါ..
သင့်ကောင်လေးနာမည် အတိုကောက်ပုံ ဆွဲပါ
ဖယ်စမ်း
ကြည့်စမ်း, wow
ငါ့တက်လို့တောင်မရတော့ဘူး!!
ဟေး, Nam
နင်းရော မဆွဲချင်ဘူးလား?
မဆွဲချင်ပါဘူး
အဓိပ္ပာယ် မရှိတဲ့ဟာကို
Um, ကြည်လင်နေတာပဲ
ငါ အိမ်မှာပဲ ပြန်ဆွဲတော့မယ်
Nam ငါသွားတော့မယ်
တွေ့မယ်နော်
"ဒီကြယ်ကလေး"
"ငါနေ့တိုင်း စောင့်ကြည့်နေ"
"ဒီကြယ်လေးပဲ ဖြစ်ချင်တယ်..."
"နင်လည်းစောင့်ကြည့်နေခဲ့တယ်ဆိုရင်"
"တစ်လုံးတည်းသော ကြယ်"
Oh! အတော် လုပ်ကြတာပဲကွ
ဘယ်မှာ သွားပြိုင်မလို့လဲ?
ဒီမှာ ပြိုင်မလို့လေ
ဖမ်းထားနော်!
Hey, ငါ့လက်မှ မအားတာကွ
ငါပြောတယ် ငါ့လက်မအားဘူးလို့
ဘာလို့ ကန်တာလဲကွ
မင်းက တရုတ်လား?
Uh, sorry
ငါစိတ်တိုရင်, ငါ့ဘိုးဘွားအကြောင်း စဉ်းစားမိလို့
Hey, ဒီမှာလာကြည့်
ဒီမှာကြည့်
Shone ဒီမှာလာ
တတိယအကြိမ်း ဓာတ်ပုံပြိုင်ပွဲအတွက် မင်းတောင်းတဲ့ ပိုစတာ
မင့်သားကိုကြည့်
တချိန်လုံး ကစားနေတာပဲ
တနေကုန်လည်း ကစားနိုင်တယ်
ကျောင်းအတွက်တော့ မကစားရဲဘူး
သားက အပျော်အတွက်ပဲ ကစားတာပါ
တကယ်ကစားမယ်ဆိုရင်တော့ မကစားရဲဘူး
ငါသာ အဲဒီ ပယ်နတီဘောကို သွင်းနိုင်ခဲ့ရင်တော့ကွာ..
ကြည့်.. ကိုယ့်ကိုကိုယ့် အပြစ်တင်ပြန်ပြီ
ကျမတို့သားက ပယ်နယ်တီကန်ဖို့ ကြောက်မှာ မဟုတ်ပါဘူး
သူ့သူငယ်ချင်းတွေကသာ သူ့ကို စနေကြတာပါ
မကန်ရဲဘူးဆိုရင်လဲ
တနေ့တော့ ပျောက်သွားမှာပါ
လွဲအောင် ကန်ခဲ့တဲ့ တကယ့်လူကိုပဲ ကြည့်အုံး
ဒီကနေ့ထိ ဖြေသာနိုင်ခဲ့သေးတာပဲ
နင်ဒီနေ့ ထူးဆန်းနေပါလား?
ဒါလား
ငါ့ဆရာဝန်က တပ်ခိုင်းလို့
သူငါ့ကို တပ်ခိုင်းစေချင်တာနဲ့
လှတယ်မဟုတ်လား?
Eh လှတယ်လို့ နင်ထင်နေတယ်ပေါ့?
လုံးဝ မလှဘူး
Hey, သေချာကြည့်စမ်း
လှတယ်လို့ မမြင်ပါဘူးဆို
Hey, နင် P'Ken ကို ညှို့မလို့လား
အေး..
နင် စား...စား...
စား၊ စား၊ စား
Yeah, P'Ken ထမင်း စားလိုက်ပြီ
ရူးနေပြန်ပြီ
သူစားနေတာကော.. စားမှာပေါ့
ဒါကို ညှို့တယ်လို့ ဘယ်လို့ ပြောလို့ရမလဲ
နင်တို့ ဘာတွေ လုပ်နေတာလဲ?
ဒါ ဒုတိယ နည်းနာ...
Mayan က ရထားတဲ့ သက်ရင့် နည်းနာ
အာရုံစုစည်းထားရမယ်
ပြီးတော့ ကိုယ်မြတ်နိုးတဲ့သူကိုကြည့်
သူ့ရဲ့စိတ်ကို ထိန်းဖို့ လုပ်
ကိုယ်လုပ်စေချင်တာကို လုပ်ခိုင်း
ကိုယ်အမိန့်ပေးတာကို သူလုပ်ရင်
ဒါ ကိုယ့်ဖူးစာပဲ
(ဒီဖက်လှည့်, ဒီဖက်လှည့်)
(လှည့်စမ်း, လှည့်စမ်း)
Hey, P' ငါ့ဖက် လှည့်လာနေပြီ
ဘယ်သူ? ဘယ်သူလှည့်တာလဲ? Nam?
No, ဘယ်သူမှ မဟုတ်ပါဘူး
နင် P'Shone ကိုညှို့လိုက်တာလား?
Hey No, ရူးနေလား?
ငါမညှို့ပါဘူး
ဒါဆိုဘာလို့ ပြောပြတာလဲ
ဒီစာအုပ်က အဓိပ္ပာယ် မရှိဘူးတဲ့လား?
နိုင်ငံအမျိုးမျိုးက အယူအဆတွေကို ယူထားတာ
ဟိုကျွန်းက၊ ဒီကျွန်းက...နဲ့
တကယ်လည်း မယုံရပါဘူး
ပြီတော့လည်း ဒီနည်းတွေကိုပဲ လိုက်တယ်ပေါ့?
ဟုတ်တယ်.. လိုက်တယ်
Eyy
ဒီကိစ္စကို နင်မဖွင့်ပြောသင့်ဘူးပေါ့?
အစ ခံရမှာစိုးလို့
စခံရမှာ ကြောက်နေစရာ မလိုပါဘူး
ဘာဖြစ်လဲဆိုတော့ ငါတို့က...
နင့်ကို စကို စကြမှာ
တတိယ နည်းနာ...
ဒီနည်းက စကော့တလန်က လာတာ..
သူ့နှလုံးသားအတွက် အဓိပ္ပာယ်ရှိမယ့် ပစ္စည်းတွေကို
ခိုးပေးပါတဲ့...
ဘယ်သူပေးတယ် ဆိုတာ သူမသိစေရဘူးတဲ့...
ဆိုတော့ သူက သူ့ကိုစိတ်ဝင်စားနေတဲ့သူတယောက်
ရှိတယ်ဆိုတာ သိသွားမယ်တဲ့...
အဲဒါ ငါ့ Jelly နော်.. သေချာလုပ်
ဘာလို့ လုပ်ကျတာလဲ?
ကျေးဇူးအရမ်းတင်တာပဲ ဆရာ Pon
ဆားသွတ်ကြက်ဥ
ဟုတ်လား
ဆရာခရီးသွားတဲ့အခါ ကျမကို
အမြဲတမ်းသတိရနေတယ် ဆိုတဲ့သဘောပေါ့?
ကုန်တဲ့အထိ စားပစ်လိုက်မှာ..
ကျေးဇူးပဲနော်
ကျေးဇူး...ကျေးဇူး
ဆရာ Pon ပေးတဲ့ ဆားသွတ်ကြက်ဥ, Eh
Pon ရဲ့ ဥ, ဆားသွတ်ဆရာ, Eh!!
ဆရာ Pon ပေးတဲ့ ဆားသွတ်ကြက်ဥ, Eh!!
ဟုတ်တယ်လေ
ဆရာ Pon က ဒို့ကိုပေး...တာ
ဆရာ Pon ပေးတဲ့ ဆားသွတ်ကြက်ဥ
ဒါ...ဒါတွေက....
ဟုတ်တယ်လေ.. ဆရာ Pon ခရီးက ၀ယ်လာတာ
ဘယ်နှစ်ဖာတောင်လဲ?
၎ ဖာ
၎ ဖာကြီးများတောင်?
င နာ ..., ဆားသွတ်ဥ!!
စားကုန်မှာ မဟုတ်ဘူးထင်တယ်, ဂရုစိုက်စားနော်
ငါတို့ တခုမေ့သွားတယ်..
ငါ့တို့နိုင်ငံက အပူပိုင်းဇုံနိုင်ငံလေ
သရက်သီး?
အေးလေ
သူများက ပန်းတို့ လက်ကိုင်ပုဝါတို့ပေးကြတာ
နင်ကျတော့ သရက်သီးပေးမယ်?
ဘယ်လိုလို့ ကဗျာဆန်မှာလဲ?
Hey, Hey
သူလာနေပြီ
Oh!! သူလေးကသိပ်လှတာပဲ haha
သွားမယ်, သွား.. သွား
သရက်သီးကိတ်
ကျမကိုယ်တိုင် လုပ်ထားတာ
ကျေးဇူးပါပဲ
ကောင်းမယ့်ပုံပဲ
သတိထားအုံး
ဘာမှ မဖြစ်ဘူး
နိဂုံးကတော့ ချုပ်နေပြီ
ငါတို့ လုံးဝရှုံးသွားပြီ
သူက အသေးအမွှားလေးပဲ လုပ်လိုက်တာ
စွမ်းတော့စွမ်းသား
အေးဟယ်
သူလည်းချောပါတယ်
အနာဂတ် ဇနီးကောင်းပေါ့
ငါတို့ ဘယ်လိုပြန်ယှဉ်မလဲ?
နောက်တစ်ယောက် ပြောင်းကြိုက်ပေါ့
တကယ်တော့
ကျမမှာ ချိန်းထားတာလေး ရှိနေတယ်
ဒါပေမယ့် ညစာအတွက် ဆရာ Ponက အိမ်ကို ဖိတ်တယ်ဆိုတော့
အရေးကြီးတာပေါ့..
ဒါက ပထမဦးဆုံးအကြိမ်လေ
Umm...................
မအားဘူးဆိုရင်လည်း ရပါတယ်..
နောက်တခါ တွေ့ကြတာပေါ့
Ohhhh, ခဏ..စောင့်ပါအုံး
အားပေးလို့ရပါတယ်
သွားပေးနိုင်ပါတယ်
ဆရာ Pon Ka
ဒီညတွေ့မယ်နော်
ဆရာ Pon
ဒီညစာက ကျမတို့ ၂ယောက်အတွက်ပဲ မဟုတ်လား?
ညစာရယ်လို့တော့ မဟုတ်ပါဘူး
နွေပါတီလို့ ပြောလဲရပါတယ်
ပါတီကို ဆရာ/မတွေ အများကြီး လာကြမှာ
တော်တော် ပျော်စရာကောင်းမှာ
Uhh, ok
ဆရာမ Orn!!!
ဆရာမ ....
ငါ့ဘယ်သူ့ကိုမှ အရှုံးမပေးခဲ့ဖူးဘူး
ဒီတိုက်ပွဲကတော့..
သိပ်အရေးကြီးတယ်!!!
ဆရာမ!! သမီးအဖြေစာရွက်လေ
Ouyy!
မြင့်မြင့်မြှောက်, မြင့်မြင့်မြှောက်
ဆရာမ
နဲနဲမအုံး, နဲနဲမထား
ငါအကြံတစ်ခုရပြီ
P'Shone က Nam ကို အိမ်ပြန်ပို့ရမယ်
ဟုတ်ပြီ
Nam ကတော့ အိပ်မက်မက်ခဲ့ဖူးမှာပဲ
ဟုတ်တယ်မဟုတ်လား?
P'Shone က Nam ကို အိမ်ပြန်ပို့တဲ့အခါ...
ဆိုင်ကယ်က ဆင်းတဲ့အခါ...
သရက်သီးပေးတဲ့အခါ...
ကဗျာသိပ်ဆန်မှာပဲ
Eyyyyy!!!
နင့်ဆိုင်ကယ် ပျက်ယောင်ဆောင်နေလိုက်
ဘယ်လိုလုပ် ပျက်မှာလဲ?
သူ စက်နှိုးကြည့်ရင်...
သိသွားမှာပေါ့...
ဟုတ်ပြီ
သော့ပျောက်သွားတယ် ဆိုရင်ကော?
ဒါလဲ ဘယ်လိုလုပ် ပျောက်မှာလဲ?
ဒီမှာသော့
Hey
ပျောက်သွားပြီ
Hey
P' Shone
ဟိုးမှာ..သူ
Oops
Oww, သရက်ကိတ် ပါလား
ခြေထောက်ဘယ်လို နေလဲ?
မြေကြီးနဲ့ တိုက်မိသွားတာ.. အကြောလွဲသွားလားမသိဘူး
လာ..ကျနော် ခေါ်သွားပေးမယ်
ကိစ္စမရှိဘူး, ရပါတယ်
Oops
လာပါ... လိုက်ခဲ့ပါ
ကျမကိုက နမော်နမဲ့ဖြစ်တာ
Oh, ကဗျာအတော် ဆန်တာပဲ
သရုပ်ဆောင်ကျောင်းက ဘွဲ့ရထားသလား မသိဘူး?
Bye Bye M.1(Grade 7)
သူငယ်ချင်းအားလုံးကို နှုတ်ဆက်ပါတယ်
M.2 class မှာ ပြန်တွေ့ကြမယ်နော်
အမေ,အမေ
အမေ.. ဒီမှာကြည့်
Pang, မပြောနဲ့နော်, Pang!!
အမေ, P'Nam မှာရည်းစားရှိနေတယ်
Nam
ဒီလိုနဲ့ဆို နင့်အဖေကို
ဘယ်လို သွားတွေ့နိုင်မလဲ?
ဒါတွေနဲ့ပတ်သက်ရအောင်
အရွယ်ရောက်ဖို့ အများကြီးလိုသေးတယ်
အခုချိန်မှာတော့
စာအကြောင်းပဲ ခေါင်းထဲမှာ ရှိနေရမယ်
Owww
Cheer, ငါ့ဆီလာတာလား?
Pang ကပြောတယ်.. သူ့အမက အသဲကွဲနေတယ်..တဲ့
သီချင်းနားထောင်တာ တစ်ပတ်ရှိနေပြီတဲ့
P'Shone အကြောင်းကို မေ့လိုက်ပါတော့ဟာ..
Ha Ha Ha
တိုးတိုးပြော!
အမေ ကြားသွားအုံးမယ်
နင့်အမေ အိမ်မှာ မရှိဘူး ဈေးသွားတယ်
Cheer, ကြပ်တယ်လေး...
Nam, နင့်အမေ ဘယ်တော့ ဒီလှေကား ချဲ့မလဲ?
Hey Nam, နောက်တနည်း ကြည့်ရအောင်?
သေချာနားထောင်
နည်းနာ-အမှတ် ၇
ဒါက ဂျစ်ပစီ နည်းနာ
အချစ်ဖြင့် မိမိကိုယ်ကို တည်ဆောက်ရမည်
မိမိကိုယ်ကို ပိုမို smart ဖြစ်ရန် အချစ်ပါဝါကို အသုံးပြုရမည်..တဲ့
အားလုံးထက် ပိုလှ
အားလုံးထက် ပိုတော်အောင် အချစ်ပါဝါကိုသုံးရမည်..တဲ့
နောက်ဆုံးတော့ သူ ငါတို့ဆီ လှည့်လာမှာပဲ
နင်တို့ ဘာလုပ်မလို့လဲ?
P'Shone က အချောအခန့်ကြီး
ဆိုတော့ ငါတို့ Nam လည်း ချောလှရမှာပေါ့
ဖြည်းဖြည်း, အရေခွံတွေ ကွာကုန်အုံးမယ်
"တနလာင်္နေ့ စောင့်နေတယ်"
"အင်္ဂါနေ့လည်း တွေ့ဖို့စောင့်နေဆဲ"
"နေများ ကောင်းရဲ့လား"
"ဗုဒ္ဓဟူးနေ့, မင်းလေးပျောက်နေဆဲ"
"နံနက်လည်းမရှိ, ညပိုင်းလည်းလာ"
"ကြာသပတေးနေ့လည်း ဟာတာတာရှိဆဲ"
"သောကြာ..စနေ.. တနင်္ဂနွေ"
"မလွမ်းတဲ့နေ့ မရှိ"
"ဘယ်တော့မှလည်း နင်လာမှာမဟုတ်"
"အတိတ်ဟောင်းတွေရယ်"
"ဒီလို ဘယ်လောက်ကြာအုံးမလဲ? ငါမသိဘူး"
"ဘယ်နှစ်လ... ဘယ်နှစ်နှစ်လဲ?"
"ဘီလျံချီတဲ့ အတိတ်က အမှတ်တရတွေ?"
- ဒါကဘာလဲ?
ဒါက Kamin (အသားဖြူအောင်လို့)
"ငါနင့်ကို ဘယ်တော့မှ မလွမ်းဘူးဆိုတာ မရှိဘူး"
Heyyy
သမီးတို့
တခုခု လိုရင်ပြောနော်
အေးဆေးကြည့်
(အံ့ဖွယ်!! Pornchai မှချံပီယံဖလား ရှုံးစေခဲ့ခြင်း)
Nam
မတွေ့ဘူး
သူအပြင်ထွက်တယ် ထင်တယ်
အိမ်မှာ ရှိမယ်ထင်တယ်
ငါသူ့ဆိုင်ကယ် မတွေ့ဘူး
သမီးတို့..
လိုချင်တာတွေ့လား
Uhhh
ဟုတ်..တွေ့တယ်
ဒါယူမလို့
ဘာလာဝယ်တာလဲ?
ပင်းပေါင် ကစားလား?
ဘာလို့ဒီလောက် ၀ါဝင်းနေတာလဲ?
အသားဝါ ဖြစ်နေတာလား?
P'Shone
သရက်ကိတ် ပါလား
ဘာလာဝယ်တာလဲ?
တဲင်းနစ် ပင်းပေါင် တစ်ဒါဆင်လောက်
Ok, လာ
Ayyyyyyy
ယောက်ျားလေး.. မိန်းကလေးတွေ ဒီကိုလာမယ်
ပြဇာတ်အဖွဲ့အတွက် ဆရာမ In ဆီမှာ နာမည် သွင်းမယ်
ပြဇာတ်အဖွဲ့ ဒီမှာနော်
ကစရာ ဇာတ်တွေ အများကြီးရှိတယ်
မင်းသမီးဖြစ်လို့ရတယ်..
မင်းသားဖြစ်ချင်လည်း ရတယ်
Hero, heroine, အကုန်ဖြစ်လို့ရတယ်
Mum, Teng, Nong တို့ကတောင် ဒီအဖွဲ့မှာ ကခဲ့တယ်
လာနော်
စိတ်ဝင်စားလား?
နာမည်ကျော် Khun Panya Nirankun တို့လည်း
ဒီအဖွဲ့ကပဲ ထွက်ခဲ့တယ်နော်
ဟုတ်လို့လား?
နာမည် ကျော်ကြားချင်ရင် ဒီအဖွဲ့ကို လာခဲ့
လာနော် ကလေးတို့
(ထိုင်း ရိုးရာယဉ်ကျေးမှုအက အဖွဲ့)
ဒီက နာမည်စာရင်းသွင်းဖို့ နေရာနော်,
ဖြတ်လျှောက်သွားဖို့ မဟုတ်ဘူး
နင့်မျက်မှန်ကို ချွတ်ထားလိုက်ပါလား
ငါချွတ်နေကျမှ မဟုတ်တာ..
ငါထင်တယ်
ဒီအဖွဲ့နဲ့ ငါတို့နဲ့ မကိုက်ဘူးထင်တယ်
ဖြူဖြူ...လှလှ... တရုတ်နဲ့ ဆင်မှ...
ကတဲ့သူတွေ ဘယ်လောက်ပဲ တော်တော်
အေး..အဲတာမှန်တယ်
နှစ်တိုင်း.. ဆရာမ Orn က လှတဲ့သူတွေကိုပဲ ရွေးတာ
ပြီးတော့ သူတို့ ကတဲ့အချိန်ဆို
တကျောင်းလုံး လာကြည့်ကြတယ်
Umm, ဟုတ်ပ
ဟိုက ပြဇာတ်သရုပ်ဆောင်တွေကတော့
အားလုံးလိုလို ရုပ်ဆိုးနေတာပဲ
သူတို့ ကတာလည်း ဘယ်သူမှ မကြည့်ချင်ဘူး
Huyyy
ငါတို့ ကြိုးစားကြည့်မယ်လေ
ငါတို့ လေးယောက်ရရင်ရမှာပေါ့
မဖြူဘူး, တရုတ်နဲ့လဲ မဆင်ဘူး
ဒါပေမယ့် လှတယ်, ညိုတယ်
ရှေ့ပြေး မျိုးဆက်သစ်
Heayyy, P'Shone
P'Shone
နင်ဘယ်မှာ စာရင်းသွင်းမှာလဲ?
ဓာတ်ပုံအဖွဲ့
ပုံတွေအတွက် သရုပ်ဆောင် မော်ဒယ်လိုရင် ပြောနော်
ကျတော်က ရှုခင်းပဲ ရိုက်တာ.. လူမရိုက်ဘူး
ဒို့ကို နှောင့်နေတာလား?
Ok, နှောင့်တယ်ပဲ ထားပါတော့
ဟုတ်ပြီလေ
ရိုက်ပေးမယ်
အသားက မ၀ါတော့ဘူးနော်?
အသားက ပိုဝင်းလာလိုပဲနော်?
နဲနဲပါးပါးနေမှာပါ..
အားလုံးကို စောင့်နေမယ်နော်
ကျောင်းပွဲတော်နေ့ကျရင်
တွေ့တယ်မဟုတ်လား? Nam
P'Shone ကနေ နင် မှတ်ချက်ကောင်း ရလိုက်တယ်
အသားလေး ၀င်းလာတယ်..တဲ့
နင့်ကိုယ်နင် ယုံယုံကြည်ကြည်ထား
အကထဲမှာ ပါနိုင်ရင်တော့
ငါတို့ ကျော်ကြားအုံးမှာပဲ
ကောင်းရမယ်..လှရမယ်
သိတယ်နော်
လှ..မလှ.. မသေချာရင် အခြားအဖွဲ့ကို ပြောင်းပါလား
ဟေး Faye, နင်ဘာလို့ ဒီလိုပြောရတာလဲ?
ငါမပြောပါဘူး
Kwan နဲ့စကားပြောနေတာ
ငါပြောလို့လား Kwan?
လူလိမ်မတွေ..
ငါတို့ကို ဒီလိုပြောရတယ်ပေါ့!!
Hey, ရပ်ကြစမ်း
အနောက်က ပြဿနာလုပ်တဲ့သူတွေ ထွက်စမ်း!
ခဏစောင့်
Faye နဲ့ Kwan
နေခဲ့
Nam
sorry ပဲနော်
ငါလည်း နင့်ကို တောင်းပန်ရမှာပါ
အချိုရည် အပိုတစ်ခွက်ယူထားတယ်
ယူသောက်လိုက်
ငါနင့်ကို ပေးတယ်
ခဏစောင့်!!မသောက်နဲ့အုံး
သူ့ကို အရင်သောက်ခိုင်းလိုက်
ဘာလို့ မသောက်တာလဲ
သွားတော့
ငါးပိဖျော်ရည် မသောက်ချင်ရင်သွားတော့
သွန်ပစ်ဖို့ မမေ့နဲ့အုံး
အဲဒီကောင်မ လုပ်ပုံကိုကြည့်စမ်း
နင်တို့ကဒီမှာရောက်နေတာကော!!
ငါဖြစ် ရှာလိုက်ရတာ
ငါ့ကိုကြည့်ကြစမ်း
ပြုံးမယ်
မဲ့မယ်
ရီမယ်
အားလုံးတော်တယ်
မနက်ဖြန် ဆရာမကို ဇာတ်ရုံမှာ လာတွေ့ကြ
OK လား?
ဆရာမ ka
သိပ်ကျယ်ကျယ်မပြောနဲ့
ဆရာမက လူအကန့်သတ်ပဲ လက်ခံတယ်
နားလည်လား?
ဆရာမ In
ဆရာမ In
ပါးစပ်တွန့်ရွဲ့နေတာ ဘာဖြစ်တာလဲ?
ဆရာမ In, ဆရာမ In!! ဘာဖြစ်တာလဲ?
ဘာဖြစ်လဲ?
ဆရာမ , ဘာဖြစ်တာလဲ?
ဆရာမ
ဆရာကြီး ဘာလိုလို့လဲ
ဘာမှ မလိုပါဘူး
နေကောင်းတယ်နော်?
ကောင်း...တယ်..
Hmm
မနက်ဖြန်တွေ့မယ်နော်
ကျမ..ဘာမှ မဖြစ်ဘူး...
Ohhh
ရေပါလား
Nooo!!
အကိုက်ပဲ
ဆရာမ
Oh, လာတာ နောက်ကျနေပြီ
အကုန်လုံးပယ်လိုက်တော့မယ်
ကောင်းတာပဲ ဆရာမ
Oyyy စောင့် စောင့် စောင့်အုံး
ဆရာမ နှောင့်တာပါ
nahh
ဆရာမ သမီးတို့....
ဆရာမကို ပြောချင်လို့
စိတ်မပူပါနဲ့
အားလုံးပါစေရမယ်
Umm...
ဆရာမ..ဆရာမကို ပြောချင်လို့.......
Umm.. သမီးတို့ အက က ချင်လို့
ပြောလေ....ပြော
ပြော
ပြောလေ....
ခက်ချင်ခက် မခက်ချင်နေ
ဆရာမရဲ့ ပြဇာတ်မှာ သမီးတို့ကမယ်
ဆရာမတင်ဆက်မယ့် စင်တင် ပြဇာတ်အတွက်..
ဒီနှစ်မှာ
ရွေးချယ်ထားတာက..
Snow white and the seven
Dwarfs sss. sss.
Nam
သမီးက အင်္ဂလိပ်စာမှာ အတော်ဆုံး
ဆိုတော့.....
စနှိုးဝိုက် အနေနဲ့ သရုပ်ဆောင်ရမယ်
သမီး သရုပ်ဆောင်ရမယ်????
အဆင်သင့်လုပ်မယ်
အမလေး ဘုရားရေ!!
ယုန်!!
ဒီမှာ ဘာလုပ်နေတာလဲ?
ဆေးခြယ်နေတာ
ပုံးထဲမှာ ဆေးခြယ်နေတယ်???
အထဲမှာ ခြယ်ရမယ့်ဆေး ၀ယ်လာမိလို့ပါ
သွား တခြားနေရာသွားလုပ်
စောင့်အုံး
ဒီမှာရှိတဲ့ သူတွေအားလုံးရဲ့ ဖုန်းနံပါတ်တွေကို လိုက်ကောက်
တယောက်မှ မကျန်စေနဲ့
ဆရာ Pon
ကျမကလေးတွေက...
သရုပ်ဆောင် ဗီဇရှိကြတယ်
ကျမအာမခံရဲတယ်...
Uhh... ဆရာမ
နေမကောင်းဘူးလား?
No....
ကောင်းပါတယ်
Orhhhhhhhh
ဆရာက ကျမ မျက်နှာနဲ့ မရင်းနှီးလို့ နေမှာပါ
နှုတ်ခမ်းနီဆိုးတာ...
အလကား ကုန်ကျလွန်းပါတယ်
အရေးကြီးတာက
တယောက်ယောက်ကို.. ပဲ ပေးနိုင်ဖို့ပဲ
ဆိုတော့
ဆရာမက.. ပဲ သိပ်ပေးလွန်း မနေဘူးလား?
Oyyyy!!
အထောက်ထားရှိမှ ဝေဖန်တာကောင်းပါတယ်
အလှအကြောင်းပြောရရင်တော့
အားလုံးက အတူတူပါပဲ
အခု ကလေးတွေကို သင်ထားပေးပြီးပြီ
ကျမလို မိတ်ကပ် လိမ်းခြယ်တတ်အောင်လို့
သူတို့ကြီးလာတဲ့အခါ
သဘာဝအတိုင်း လှနေကြမှာ
ဒီမှာ ကြည့်မယ်!!!!
ဒါက သဘာဝအလှတွေ!!
အသက်အရွယ်နဲ့ ကိုက်တယ်
သေချာလို့လား ဆရာမ...
ဆရာမ သူတို့ကို သင်ပေးပြီးပြီဆိုတာ သေချာလို့လား?
ဇာတ်စင်က ပြဇာတ်စင်လား...
လူပြက်စင်လား ဆရာမ?
ဒါ မျောက်ဇာတ်ဖြစ်ချင်ဖြစ်နေမယ်,
ဒါကလေးတွေရဲ့ တီထွင်လှုပ်ရှားမှုပဲ.. မကဲ့ရဲ့နဲ့
(အချစ်အတွက် နည်းနာ- ၉ခု)
ပြန်တော့မလို့လား?
အေး
(P'Shone ၀၈၆ - xxxxxxx)
သတိထားအုံး
ဝင်လာတုန်းက အကောင်းကြီးပါ
ပြန်မှပဲ ဘယ်လို ဖြစ်သွားရတာလဲ?
ဆရာမ krab
ဆရာ?
ရေ??
ကျေးဇူးပဲ
Uhh
ဆရာမ
ဆရာ?
ကျတော့ဘောလုံး ပြားတော့မှာပဲ
Sorry
ဒါက P' Pin, M.5 အတန်းက
အဆင်အယင်နဲ့ မိတ်ကပ်အတွက် သူတာဝန်ယူလိမ့်မယ်
လက်ခုပ်တီးပြီး ကြိုလိုက်ကြရအောင်
အားကိုးတယ်နော် Pin
စလိုက်ကြရင် ကောင်းမယ်ထင်တယ်
Ok ဒါဆိုလဲ စမယ်လေ.
ဆိုတော့, ကျမကနေ စမယ်
Oyyy မေ့သွားလို့
ကျမက ကမှာ မဟုတ်ဘူး
Snow white နဲ့ စရအောင်
Nam စရမယ်??
အေးလေ
မိတ်ကပ်အစွမ်း ဘယ်လိုနေလဲ?
ခါတိုင်းလိုပါပဲ
သွားညှိစက်နဲ့ စနှိုးဝိုက်
ဒေါက်တာ!!
သွားညှိစက် မတပ်ချင်တော့ဘူး
ထုတ်ပစ်လိုက်တော့မယ်
Nam, Nam ရှိနေပြီလား?
OK, အဆင်သင့်ဖြစ်ပြီ. စမယ်နော် Nam
မင်းသား? မင်းသား?
မင်းသားက ၀မ်းသွားနေလို့
ရူးနေလား? ဒီလို အရေးကြီးတဲ့ အစမ်းလေ့ကျင့်ချိန်မှ ၀မ်းသွားရတယ်လို့.
Hey ဟိုတယောက်!!
ဟေး!
ဆေးသုတ်နေတာ ဘယ်သူလဲ?
လာ.. မင်းသားနေရာ ခဏ၀င်လုပ်ပေး
ကျတော်?
မကြာပါဘူး.. မင်းသားခဏလုပ်ပေး
နီးနီးလာ, နီးနီးနေ
အက်ရှင် လို့ပြောတာနဲ့, နမ်းဖို့ အသင့်ပြင်မယ်နော်
Action!!
Oh
Nam Nam!!
မင်း အောက်ကျပြီး လည်ပင်းကျိုးတော့မလို့
Aww
ကြည့်နေကြတာ ကြာလိုက်တာ..
သွား..ဆေးသွားပြန်သုတ်!
Nam အဆင်သင့်ပြန်လုပ်
အဆင်သင့်နေထား!
သေချာကို မသိသေးဘူး
Aww
အဆင်သင့် ဖြစ်ပလား?
အက်ရှင် လို့ပြောတာနဲ့ စမယ်
Action!
ဟဲလို? Sawaddee krab
Pornchai အားကစားဆိုင်ကလား
Khun Shone နဲ့ စကားပြောချင်လို့ပါ
ဟုတ်ကဲ့ ပြောနေပါတယ်
ဟဲလို?
ဟဲလို?
Hello?
Aww
ဟင်း..ဖုန်းချလိုက်ပြီ
သမီးတို့!!
ဘယ်သွားကြမလို့လဲ? အိမ်သာ?
စုန်းမခန်းရောက်နေပြီ
ဒါအကောင်းဆုံးခန်းလေ
အရသာအရှိဆုံးအခန်း
ကြည့်? ကြည့်?
သူ အနမ်းခံ အုံးမှာ မဟုတ်ဘူး! ကြည့်နေ!
ကျုပ်တို့ကျောင်းက ဓာတ်ပုံပြိုင်ပွဲမှာ ချံပီယံရတယ်တဲ့
ဘယ်သူမှ မပြောပြပါလား
ကော်မတီက ခုဏပဲ ဖုန်းဆက်လိုက်လို့
Khunက ကျောင်းသားစာကို ပိုအာရုံစိုက်သင့်တာပေါ့
မြန်မြန် လုပ်ပေးပါဗျာ
လုပ်နေတာပဲ
မီးပူက သိပ်မပူဘူး ဖြစ်နေတယ်
ဒီမှာကြည့်အုံး!!
ဟုတ်သားပဲ
ပလပ် ထိုးပေးအုံး
အရမ်းကောင်းတယ်
သိပ်တော်တယ်.. ကောင်းတယ်
တိုက်ပြီးတာတော့ ဟုတ်ပြီ။ အစင်းရာတွေနဲ့
တိုက်ပဲ တိုက်တာလေ.. လျှော်တာမှ မဟုတ်ပဲ
လျှော်လိုက်ရမလား?
နောက်ကျနေပြီ
သွား သွား!! လွယ်အိတ်ယူတော့
မြန်မြန်မောင်း
ကြည့်လို့ အရမ်းကောင်းတယ်
ဒီညနေ
အားလုံး ညစာအတွက် ဆရာမ ပေးပေးမယ်!
(စနှိုးဝိုက်အတွက်)
(စားကြည့်ပြီးပြီ၊ အဆိပ်မရှိပါ)
ခဏစောင့်အုံး
နားထောင်ကြ
မ၀မချင်း
အိမ်မပြန်ကြဘူး!!!
ဟေး..ဟေးးးးး
စနှိုးဝိုက်အတွက် ဆိုပါလား
ဘယ်သူပေးတာလဲ?
စားပြီးသားကြီး
P'Shone's ဖြစ်မှာပေါ့
ပြောရဲသေးတယ်
Nam, ဟိုကောင်လေးဖြစ်နိုင်တယ်
ဖားမင်းသား
ဖားမင်းသားနဲ့ ဖားမင်းသမီး.. အကိုက်ပဲ
သိပ်ဆိုးတာပဲ...
ဘာလို့ ပြဇာတ်လာမကြည့်တာလဲ?
အက လုံမေတွေကို သွားရှိုးတာ မဟုတ်လား?
လူဆိုး
ငါပြောတယ်..ဒီကောင်က မနာပါဘူးဆို
ဒီကောင်က ခေါင်းမာတယ်
Hey
မင်းအဖေကို မနှုတ်ဆက်ရသေးဘူးနော်, ငါ့သား?
ဘယ်လို ရောက်လာတာတုန်း?
Hi Hi
ဒီမှာ အားလုံး...
ဒါက ငါ့သူငယ်ချင်း Top
သူငယ်တန်းကတည်းက သိနေကြတာ
Sawaddee krab
Waddee krab
Waddee krab
ချောလိုက်တာ
N'
သွားမယ်
ဒီမှာ ကြာအုံးမလား?
အဖေက ဒီမှာပဲနေတော့မှာ
ဘန်ကောက် ယူနီဘောလုံးအသင်းဝင်
ဖြစ်ရင်တော့, သွားမယ်
အဲဒါဘယ်သူလဲ?
ချောလိုက်တာ
P' Shone လိုပဲ ချောတယ်နော်
ကန်တဲင်း သွားရအောင်
Wow, Wow!!
ဟေး..ကောင်မချောလေး
ကောင်မလေး!
နာမည် ဘယ်လိုခေါ်လဲ?
မင်းကိုပြောတာ.. နာမည် မေးနေတာ?
ရှက်သွားပြီ..ရှက်သွားပြီ
ဘယ်သွားမလို့လဲ? ဟေး..ဟေး..
------?
ဆရာမ လွင့်ထားတာ နေမယ်.
ဒီမှာ တနေကုန် ပြနေတာ?
ဟေ့..ဟေ့.
တီဗီထဲမှာ စနှိုးဝိုက်
တော်တော်လှတာပဲ
ကောင်မလေးမှာ ရည်းစားရှိလား?
ရှိမယ် မထင်ဘူး
မင်းမလုပ်သင့်ပါဘူးကွာ
ဘာဖြစ်လို့?
တအားငယ်သေးတယ်?
၅တန်းကောင်မလေးတောင် ငါဖုန်းနံပါတ် တောင်းနေကျ
(M.2 ပြီးဆုံးခြင်း)
(M.3 သို့ ခရီးပြုခြင်း)
Shone
မင်းကန်အလှည့်ပဲ
ငါဘောလုံးကစားတိုင်း...
မင်းငါ့ကိုပဲ ပယ်နယ်တီ ကန်ခိုင်းနေတယ်
မင်းကိုယ်တိုင် ကန်ကွာ
ဘာလဲ..အတိတ်ကမပျောက်သေးဘူးလား?
မင်းအဖေတောင် မေ့နေလောက်ပြီ
မဟုတ်ပါဘူး... ပယ်နယ်တီဘောက လွယ်လွန်းလို့ပါ
ဒါကြောင့် မကန်ချင်တာ
Oh ho, Christiano Ronaldo
P' Top , ငါတို့နဲ့ ဓာတ်ပုံရိုက်ပေးလို့ရမလား?
Krab
ငါလဲရိုက်မယ်?
ဒါဆို ငါ့ကို ဘယ်သူ ရိုက်ပေးမှာလဲ?
ငါ့အရင်ရိုက်ပေး?
ကျနော်ရိုက်ပေးမယ်
---
ကျေးဇူးပါပဲ
နဲနဲကပ်ကပ်နေမယ်
One... two
three
Oh, ဘာဖြစ်နေတာလဲ!!
ဘာလဲ!! နင်ဘာလို့ ဒီလိုလုပ်တာလဲ?
ပြန်တောင်းပန်စမ်း!
ဘာဖြစ်နေကြတာတုန်း? မလုပ်နဲ့ မလုပ်ကြနဲ့
မလုပ်ကြနဲ့
မင်းဒီလို လုပ်နိုင်တယ်လား?
မသိဘူးလေ
ကျမက ဒိုင်လူကြီးပါ.. ကျောင်းအုပ်
အားကစားပြိုင်ပွဲအတွက် ဘယ်နှစ်ရက် ကျန်လဲ?
၂ပတ်လောက်ကျန်အုံးမယ် ဆရာကြီး
ကစားသမားတွေရော..အားပေးမယ့်သူတွေရော
အပြင်းအထန် လေ့ကျင့်နေကြတယ်
ဘင်ခရာအဖွဲ့ထဲ ကျိုင်းကိုင်မှာ ဘယ်သူလဲ?
ဆရာမ Orn နဲ့ ဆွေးနွေးဖို့လိုမယ်ထင်တယ်
သူကူပေးနိုင်မှာပါ
မစိုးရိမ်ပါနဲ့ ဆရာကြီး
ကျမလုပ်လိုက်ပါမယ်
ပါးစပ်နာနေလို့
Nam!!!
ငါမွေးကတည်းကနေ အခုထက်ထိ
သမီးလောက်တော်တဲ့သူ မတွေ့ဖူးသေးဘူး
သမီးက အရမ်းလည်း ချောတယ်
ဆရာမ...လိုရင်းကို ပြောပါ
ခိုင်းစရာရှိလား?
Umm......ဆရာမ....
အားကစား ပြိုင်ပွဲနေ့မှာ သမီးကို
ဘင်ခရာအဖွဲ့ထဲ ကျိုးင်းကိုင်စေချင်လို့
ဘယ်လို!!!
ဘယ်လိုတွေ ပြောမနေနဲ့!! တခြား ဘယ်သူမှ မရှိတော့ဘူး
Nan က အသင့်တော်ဆုံးပဲ
၂ ပတ်ပဲ ကျန်တယ်လေ ဆရာမ
မဖြစ်နိုင်ဘူးထင်တယ်
ဒါပေမယ့် Nan ကလွဲရင် ဘယ်သူမှ အားကိုးစရာမရှိတော့ဘူး
ဆရာမ တခုကတိပေးမယ်
Nanလုပ်ပေးရင် ဆရာမ သီလရှင်ဝတ်မယ်
သီလရှင် ၀တ်မယ်?
၂နှစ်ဆိုရင်ကော?
ရတယ် တသက်လုံးလည်း ရတယ်?
ဆရာမ.. လုပ်လို့ရတယ်, Nam
ဆရာမ ကတိတည်မယ်
အပေါ်ကိုကြည့်
လေထဲကို မြှောက်မယ်
မြှောက်ပြီးတာနဲ့ ကျိုးင်းကို ကြည့်ထား
ပြန်ကျလာရင်
ဒီလို ဖမ်းလိုက်
ပြီးရင် ဆက်လျှောက်
ခက်လား?
မခက်ပါဘူး
ဆရာမ စမ်းကြည့်ပါလား?
ဆရာမမှာ လေကျိုင်း ရှိပြီးသား
အဲဒါက Nan ဟာလေ
အသင့်ပြင်မယ်? လေထဲကို မြှောက်မယ်
မြှောက်မယ်!!!
One Two Three, ပစ်!
မလွယ်ဘူး...
ဘာလို့ ဆရာမက တခြားသူ မရှာတာလဲ?
စိတ်ဓာတ်မကျပါနဲ့
ရက်နဲနဲပဲ ကျင့်ရမှာပါ
နည်းပဲ အရေးကြီးတယ်
အချစ်အတွက် နည်းနာ-၉သွယ် စာအုပ်ထဲမှာ
နောက်ဆုံးတခု ရေးထားတာက..
အချစ်ကြောင့် တခုခုဖြစ်ချင်ရင်
စိတ်ပါကိုယ်ရောက်လုပ်ပါတဲ့
နောက်ဆုံး ချစ်တဲ့သူက ကိုယ့်ဆီ ရောက်လာလိမ့်မယ်တဲ့
ပင်ပန်းလား?, Nam
ဒီလောက်တောင် ကြိုးစားလာပြီပဲ
ဆက်ကြိုးစား
ဒါက ဒီကျောင်းအတွက်ပဲ မဟုတ်ဘူး
မြို့နယ်တစ်ခုလုံးကိုယ်စား ဖြစ်မှာ
ဆက်လုပ်
"အဝေး.. အဝေးဆုံးမှာ"
"ဟိုးအဝေးမှာ ကျန်ခဲ့ပြီ... အဝေးမှာ"
Top, ဒီဘက်ထိုးလိုက်
Top!
"အဝေး...ဟိုးအဝေးကြီးမှာ..."
Hey
မင်း ဒီကောင်မလေးကို ငေးပြန်ပြီ
ကျောင်းအုပ်ကြီး
ကျောင်းဘင်ခရာအဖွဲ့တော့ အင်မတန်ထူးခြားလိမ့်မယ်
ကျိုင်းကိုင်တဲ့ သူဘယ်လိုနေလဲ?
ဒါအတွက်တော့ မပူနဲ့
ထောင်ထောင်မောင်းမောင်း, လှလှ, အသားဖြူဖြူ
အာလုံး ဘာမှ ပြောစရာမရှိဘူး
ဆရာမ, ဘေးဖယ်!!
ဆောရီး
ဒါကျိုးင်းကိုင်မယ့်သူလို့တော့ ငါ့ကိုလာမပြောနဲ့
ခါတိုင်း လေ့ကျင့်နေတာ ကောင်းပါတယ်
ဒီနေ့တော့ ဒါပထမဦးဆုံး အမှားဖြစ်မှာပါ
ပစ်ချင်သလို လျှောက်ပစ်နေလို့ ရမလား?
တကယ့်ပွဲနေမှာ ဒီလိုဖြစ်နေရင် ဘယ်လိုလုပ်မလဲ?
မဖြစ်စေရဘူး ဆရာကြီး
လူစားပြန်ထိုးလိုက်
မဟုတ်ရင် ဆရာမကို လူစားထိုးရလိမ့်မယ်!
တပတ်ပဲ ကျန်တာလေ ဆရာကြီး
ဒုက္ခပဲ
ဆရာကြီက ကျိုင်းစာမိသွားတယ်?
ဆိုတော့ ဘယ်သူ ကျိုင်းကိုင်တဲ့သူ ဖြစ်မလဲ?
မသိဘူးလေ, ဆရာမ In ကိုမေးရမှာပေါ့
ငါ့တို့လို ထက်မြက် ချောမောတဲ့သူတွေကိုမှ မရွေးပဲ
ဘယ်လိုမိန်းကလေးမဆို လျှောက်ခေါ်နေတာကော
သူ့တပည့်တွေက ဆိုးပါ့
သူတပည့် မဖြစ်တာ ကောင်းပါတယ်
နာမည်ပျက်ခံနေရအုံးမယ်
ဘာလို့ ဒီလောက်ထိပြောရတာလဲ?
မှန်တာပြောတာပဲ
ကြမ်းပိုး မျက်နှာနဲ့
သူတို့သိအောင် လုပ်ပြမယ်
ဆရာမ In ရဲ့တပည့်တွေ မညံ့ဘူးဆိုတာ
ဒီတံမြက်စည်းကို သုံးမလို့?
ဘယ်မှာ သွားရတာလဲ?
သွားငှါးလာတာ
ပေါ့တယ်, သုံးလို့ကောင်းတယ်
ဆရာမ In နဲ့ ငါတို့ကို ဘယ်သူမှ အထင်မသေးစေရဘူး
အားလုံး
ဒီနေ့
အကောင်းဆုံးကစားကြမယ်
ဟိုမှာ ဟိုမှာ
မင်းကန်မလား?
ငါ့သား ပယ်နယ်တီဘော ကန်တော့မယ်?
ပြန်စို့ကွာ
ခဏနေပါအုံး!
ထူးထူးဆန်းဆန်း, P'Shone က ပယ်နယ်တီဘော ကန်မလို့တဲ့
အိပ်မက်နေတာလား မသိဘူး?
ဘာမဖြစ်ပါဘူး
နေပါ
သိလား?
သူ့အဖေကြောင့် ငါ့တို့ ပြည်နယ် ဒိုင်းမရခဲ့တာ..
ပြန်ကန်မယ်
အခုဏက သွေးပူပဲ ရှိသေးတာ.. အစိန်မဟုတ်ဘူး
မင်းအဒေါ်က ဒီစည်းကမ်း ချထားပေးလို့လား?
အေး, ဒီစည်းကမ်း အဒေါ်ဆီကလာတာ
ငါ့ဦးလေးအိမ်မှာလည်း ဒီစည်းကမ်းရှိတယ်
ငါ့အိမ်မှာလည်း ဒီစည်းကမ်း ရှိတယ်
တကယ်တော့, ငါက ၀ီစီမှ မမှုတ်သေးတာ
ပြန်ကန်တော့မယ်
မင်း ကျောင်းအတွက် တိုက်စစ်မှူး အဖြစ်ကစားလို့ရပြီ
Yes
Shone ကွ!
ဒါမှ Shone ကွ
Hmm, ပြုံးနေတာပဲ?
ငါသိပါပြီ
"အဝေး..အဝေးကြီးမှာ"
"အဝေး..အဝေးကြီးမှာ"
"ငါ့အတွက် အဝေးကြီးမှာ ဆိုပေမယ့်"
"တနေ့တော့ ရောက်မှာပါ"
သိပ်တော်တာပဲ..ငါ့သမီးလေးက
Aha, OMG
Umm, ဆရာမ Orn
ဆရာမ အကကျောင်းသူတွေ
ခေါင်းပေါင်း ပစ်ပြီး ဒီလိုပြန်ဖမ်းတတ်ကြလား?
ခပ်မြင့်မြင့်..ခပ်မြင့်မြင့်....
တော်လိုက်တာ
သမီးအမ ဘယ်လိုလဲ?
အမေ့လိုပဲချောလား?
Alas! အမေထက်တော့ ချောပါတယ်
သိပ်လှနေတယ်, Nam
ငါ့ဘယ်မှ မရွေ့ချင်တော့ဘူး
မင်းက ဒီလိုပဲ ပြောနေကျပါပဲ
Nam, နင့်အလှကတော့ သိပ်စွမ်းနေပြီ?
အရင်နှစ် Valentine တုန်းက, နင့်မျက်နှာက မဲတူးနေတုန်း
haha
ဒါ P'Kai ဆီက, ဆိုတော့..ငါ့ဟာပဲ
Nam နင့်ကို ပေးလို့လား?
မသိဘူးလေ
Nam, ငါဒီ ချော့ကလက်ယူလိုက်မယ်နော်?
အေးပါ..
Nam ဘာဖြစ်နေလဲမသိဘူး?
တခုခုလွမ်းနေလိုပဲ
သူစောင့်နေတဲ့သူကမှ မလားသေးပဲ
Nam, လာအုံး
မြန်မြန်လာ
သွားလေ
ဒီမှာ
ဒါ ကျတော့် သူငယ်ချင်းဆီကပါ
Nam
မနက်ဖြန် ညနေ ၄ နာရီမှာ တွေ့မယ်
တတိယထပ် လှေကားထိပ်မှာ...
ကျတော့်မှာ ပြောစရာ တခုရှိတယ်..
ဟေး Shone
ငါတို့နဲ့ အိမ်ပြန် လိုက်မလား?
ခဏနေမှ ပြန်မယ်
Nam
နင်လာမယ်ဆိုတာ ငါသိသားပဲ
ဒီစာက P'Top ဆီကလား?
အေးလေ ဒါငါ့စာ
ပြောစရာဘာရှိလဲ?
နင်ငါ့ချစ်သူ ဖြစ်နိုင်မလား?
P'Shone.. နင်ငါ့ကို ပြောစရာရှိလား?
ဟို..တခုမေးမလို့
ဒီမှာ ဘာလို့ တက်လာလဲဆိုတာ
အခုတော့ သိသွားပြီ
အဖြေကဘာလဲ?
နင်မဖြေရင်
နင်လက်ခံတယ်လို့ပဲ ငါယူဆလိုက်မယ်?
Ha!! P'Top လား ?
ဘယ်လိုဖြစ်တာလဲ?
P'Shone ကအဲဒါပဲ ပြောသွားလား?
အေး
နင်ကကော, Nam?
နင်ဘာပြန်ပြောလိုက်လဲ?
ဘာမှ မပြောဘူး
ငါဘာလုပ်ရမလဲ?
စောင့်ကြည့်ပေါ့
P'Top က P'Shone ရဲ့ အချစ်ဆုံး သူငယ်ချင်း
နင်မစဉ်းစားပဲ တခုခု လုပ်မိရင်တော့
P'Shone က နင့်ကို စိတ်ဆိုးလိမ့်မယ်
အားလား?
ဘောလုံးပွဲ သွားကြည့်ရအောင်လေ
ဒီနေ့ မအားဘူး
မကြာပါဘူး
ဒီနေ့က Shone ပထမဆုံး ကစားမယ့် ပွဲ
သွားလို့ ရပါတယ်
Nam
ရေ
- ကျေးဇူးပဲ
Hey, ရေမရှိဘူးလား?
မရှိဘူး
အကွက် B
မြန်မြန်ပြေး
သိလား မောင်ကြယ်သီး?
ငါက P'Shone ရဲ့ ဆိုင်ကယ်နောက်မှာ လိုက်စီးချင်နေတာ
(ပထမနှစ်ဝက် ပြီးဆုံးပါပြီ)
(M.3 မှာ တွေ့ကြမယ်နော်)
Cheer, နင့်မွေးနေ့မှာ ဘယ်လိုကိတ် စားချင်လဲ?
ကိုယ့်ဟာကိုယ်ရွေး
Vanilla ကိတ်
Nam ကြိုက်တယ်
ဟဲလို, Nam?
နင်ဘယ်မှာလဲ?
ငါတို့ Cheer မွေးနေ့ကိတ်ကို ရွေးနေကြတာ
P'Shone သူငယ်ချင်းတွေနဲ့ ငါတို့ ဆည်တခုကို ရောက်နေကြတာ
ငါ့ပြန်မရောက်မှီဘူးထင်တယ်
ငါ ဒီမနက် Cheer ကိုခေါ်သေးတယ် ဘယ်သူမှ ဖုန်းမကိုင်လို့
Cheer ကို Happy birthday လို့ နှုတ်ဆက်ပေးနော်
ပြီးတော့ Sorry ပဲလို့
Ok Ok
ပြောလိုက်မယ်
ဒီတခုယူမယ်
ကင်းမွန်
ငါပြန်လာခဲ့မယ်
ဒီမှာ ဘာလာလုပ်တာလဲ?
Uh, ဒီနေရာလေးက လှလို့ပါ
ကင်းမွန် စားကြည့်မလား?
ကင်းမွန်ကောင်လေးတွေအကြောင်း ပုံပြင်ကြားဖူးလား?
ဟင့်အင်း
ပြောပြမယ်နော်
တခါတုန်းကတဲ့
ကင်းမွန် နှစ်ကောင်ရှိတယ်
ခရီးသွားရင်း တွေ့ကြသတဲ့
ပြီးတော့ ချစ်ကြိုက်သွားကြတယ်
အတွဲတွေ ဖြစ်လာတယ်
နောက်ဆုံးတော့
လက်ထပ်လိုက်ကြတယ်
လက်ထပ်တဲ့ရက်မှာ
လက်ထပ်ပေးတဲ့ ကင်းမွန်က သူတို့ လက်တွေကို ထပ်ဖို့ ပြောတယ်
ဒါနဲ့ တယောက်လက်ပေါ် တယောက် ထပ်ကြရော
ထပ်
ထပ်
ထပ်
ထပ်, ထပ်
ဟာ, P'Shone ကလည်း
ရူးနေလား
ဒါပေမယ့် ချစ်စရာလေးပါ
ပုံပြောသူလား ကင်းမွန်ကောင်လား?
ပုံပြောတဲ့သူ..
ဟို ကင်းမွန်ကို ပြောတာ...
Umm, ရှုပ်သွားတာပဲ
ငါတောင် မစားချင်တော့ဘူး
ငါလည်း ဒီပုံပြင်ကြားပြီး ကတည်းက တခါမှ မစားတော့ဘူး
ဆိုတော့...
ကင်းမွန်တွေလို နင်လည်း ကောင်မလေးတယောက်ရဲ့လက်ကို ကိုင်ခဲ့ဖူးလား?
တခါကိုင်ခဲ့ဖူးတယ်
မျက်နှာရှုံ့တွနေတဲ့ ကောင်မလေးတယောက်
ဇာတ်စင်ပေါ်ကနေ ပြုတ်ကျတော့မလို့
သူ့လက်ကို ဆွဲဖမ်းလိုက်တယ်
Nam!
ဘာလို့မစားတာလဲ?
ငါချက်ထားတာ..ကောင်းတယ်
ဟိတ်!!
မစားနဲ့!!
ဘာဖြစ်လို့? ဒီလောက်ကောင်းတာ
ငါမင်းကို ဒဲ့မေးမယ်ကွာ
မင်း Nam ကိုကြိုက်လား
မင်းနဲ့သူ ဖြစ်နေတာပဲ
ဘာလို့ငါ့ကိုလာမေးတာလဲ?
ဘာမှ မဟုတ်ပါဘူး
စတာပါ
ဘာဖြစ်သွားလဲ?
ရပါတယ်.. နဲနဲလေးနာသွားလို့
ထ
လာ..ငါပိုးမယ်
မောင်ကြယ်သီး
ဒီကနေ့, P'Shone ငါ့လွယ်အိတ်သယ်ပေးတယ်.သိလား
Nam??
Cheer အိမ်မှာ မရှိဘူး
Gie နဲ့ Nim တို့နဲ့ အပြင်ထွက်သွားတယ်
Nam ကသူတို့နဲ့ သွားတာမဟုတ်လား?
မဟုတ်ဘူးအန်တီ
ဖုန်းခေါ်ကြည့်လိုက်လေ
အရင်တုန်းက အချိန်တွေကို သတိရတယ်
အိမ်စာတွေအတူလုပ်တဲ့အချိန်
နတ်သမီးကတော့ နတ်ဘုံပေါ် ရောက်နေမှာပေါ့
ငါတို့လို ငရဲထဲမှာ ဘယ်သူက နေချင်မလဲ
Cheer ..နင်စိတ်လျှော့စမ်းပါ
မွေးနေ့က နောက်နှစ်လည်း ရှိအုံးမှာပဲ
Nim, ငါ့မှာ သူငယ်ချင်း ၃ယောက်ပဲရှိတယ်
ငါသူ့နေရာမှာသာဆို ဒီလို ဘယ်တော့မှ မလုပ်ဘူး
Cheer... ငါ့အိမ်မှာ အိမ်စာ လာလုပ်မလား?
P'Shone နဲ့ သူ့သူငယ်ချင်းတွေကို မေးပါလား?
Top မလာသေးဘူးလား?
M.3 ကကျောင်းသားကို စာပြဖို့ ငါ့ကို ချိန်းထားလို့
မလာသေးဘူး
ပရောဂျက်စာအတွက် သူစားအုပ်သွားငှါးတယ်
M.3 ကျောင်းသားအတွက်တဲ့
အဲဒီနေ့တုန်းက
အမေက ဆေးရုံမှာ
ဘယ်နေ့လဲ?
အဖေ ပယ်နယ်တီဘော လွဲခဲ့တဲ့နေ့
ငါက အဲဒီနေ့မှာ မွေးတာ
အဖေက မွေးနေ့လက်ဆောင်ပေးတယ်
တသက် ဘောလုံးမကစားတော့တဲ့ လက်ဆောင်
ငါကိုယ်က လာဘ်ပိတ်တဲ့ကလေး
ကြည့်လေ
ဒီနေ့ထိ ဒို့ပြည်နယ်က နောက်ဆုံးအဆင့်ထိ မတက်နိုင်ဘူး
နင်တခုခုဖြစ်နေလား?
ငါ့အတွက်တော့ နှောင့်ပြောင်ခံရတာ?
ဘာမှ မဖြစ်ပါဘူး
အကျင့်ရနေပြီ
နာမည်တောင်ရနေပြီ
Shone (ရှုံး)... တဲ့
ပယ်နယ်တီမကန်နိုင်တဲ့ သား...တဲ့...
ဒါပေမယ် ရပါတယ်
ငါအခု ဘောလုံးကစားနေပြီပဲ
နင်ဘောလုံးသမား ဖြစ်ချင်တာလား?
မသိသေးဘူး
အခုတော့..
ငါ့နားမှာ တယောက်တော့လိုတယ်
Nam
စာအုပ်ရှာမတွေ့လို့
လာရှာပေးပါအုံး?
ခဏစောင့်နော်... Shone
(ချစ်နေမိပြီ..မင်းမသိဘူး...
ငါ့နှလုံးသားထဲမှာပဲ ပြည့်ကြပ်နေလို့...)
P'Shone.. ငါကြားတယ် P' Ake မွေးနေ့အတွက် ထူးခြားတဲ့ လက်ဆောင်ရှိတယ်တဲ့
စောင့်ကြည့်တာပေါ့
(အတူနေချင်ပြီ...)
(ချစ်နေမိပြီ...မင်းတော့မသိဘူး..)
(ချစ်နေမိပြီ... မင်းလေး သိခဲ့ရင်တော့)
(ချစ်နေမိပြီ... မင်းတော့ မသိဘူး..)
ဒီညအတွက် အထူးရှယ်အစီအစဉ်အချိန် ရောက်ပါပြီ
ငါတို့ ၅တန်းတုန်းက အဖြစ်ပျက်တခုရှိတယ်...
အဲဒီချိန်မှာ, ၂ယောက်စလုံး
ကောင်မလေးတယောက်ကို ခိုးကြိုက်နေကြတယ်
နာမည်က Boe တဲ့... ၄တန်းက
အကလေ့ကျင့်ရင်း အချင်းချင်းပြိုင်ကြတယ်
ကျောင်းပါတီမှာ အဲဒီကောင်မလေးနဲ့ ကရအောင်လို့
ဒါပေမယ့် ပါတီပွဲနေ့မှာ
P'Shone က ၀က်သက်ပေါက်တယ်
ဆိုတော့ ငါက ကောင်မလေးနဲ့ ကရတော့မှာပေါ့
ဒါပေမယ့်လည် နောက်ဆုံးမှာ...
Khun Top လည်း သူနဲ့ မကခဲ့ပါဘူး
ဆိုတော့ ၂ယောက်စလုံး ရှုံးတာပဲ
ဘာဖြစ်လို့လဲ ဆိုတော့ P'Shone က
တွဲကရင် သူငယ်ချင်းပြတ်ဆိုပြီး ငါ့ကို ချိန်းခြောက်လို့...
အဲဒီနောက်...ငါတို့ သဘောတူထားတယ်
မိန်းကလေးတယောက်တည်းကို ၂ယောက် မကြိုက်ရဘူးလို့
မှန်တယ်..
လာ ကမယ်
အိုက်စ်လန်း အက
Happy birthday to you
Nam, မနက်ဖြန် ခါတိုင်းအချိန်ပဲ လာခေါ်မယ်နော်
LP'Shone ဘောလုံးကစားတာ သွားကြည့်မယ်
P'Top နင်ငါ့ကို လာခေါ်စရာ မလိုတော့ဘူး
ဘာလို့လဲ? မအားဘူးလား..
ဟင့်အင်း... ငါအတည်ပြောတာ
ငါနဲ့ လာမပတ်သက်တော့နဲ့
ငါ့နင့် ပါးနမ်းလို့ နင်ငါ့ကို စိတ်ဆိုးတာလား?
နင်က ငါ့ကောင်မလေးလေ
P' Top
နင့်ချစ်သူအဖြစ် တခါမှ ငါလက်မခံခဲ့ဖူးဘူး
ဒါဆို ဒီလို အတူသွားလာနေတာက..?
ဆောရီး...
ငါချစ်တဲ့သူ ရှိနေတယ်
ဘယ်သူလဲ?
Nam, ဘယ်သူလဲလို့?
Nam
ငါချစ်ခဲ့သမျှ မိန်းကလေးတွေထဲမှာ
သူကတော့ အနာကျင်ဆုံးပဲ
Shone...ငါမင်းကို တခုတောင်းပန်မယ်ကွာ
ဘာပဲဖြစ်ဖြစ်
မင်း..Nan ကို မချစ်နဲ့ကွာ...?
မင်းသူနဲ့ ပြတ်တာ ငါ့ကြောင့်လို့ မင်းထင်နေလို့လား?
မဟုတ်ပါဘူး
ငါမခံစားနိုင်လို့ပါ
ငါအခင်ဆုံးသူငယ်ချင်းက
ငါချစ်တဲ့ မိန်းကလေးနဲ့ ရှိနေမှာကို ငါမခံစားနိုင်ဘူး
မင်းဒီလိုပြောတော့..
ငါမငြင်းပါဘူး.
မင်းကျေနပ်လား?
အေး..
(ငါနားမလည်ဘူး)
ကျေးဇူးပဲ အမေ...
(ဘာကြောင့် မင်းလေး..)
(ငါ့နှလုံးသားထဲ ၀င်နေရတာလဲ)
(ဆုံခဲ့ဖူးတဲ့ သူတွေများ)
(အဆုံးမှာတော့..မင်းလေးပါပဲ)
(နှလုံးသားထဲ ကျန်ခဲ့သူဟာ မင်း)
(အချစ်..)
( တိုက်ဆိုင်ခြင်းမဟုတ်ပါ...)
(အချစ်...)
(မင်းနဲ့ငါ့ကို နီးစပ်စေမယ်..)
(ဒါကို နှလုံးသားပဲ သိတယ်..)
(ငါ့အိပ်မက်ထဲမှာ မင်းပဲ ရှိတယ်ဆိုတာ)
(မင်းလေးဟာ ငါ့စောင့်နေရသူပါ..)
(နှလုံးသားက တောင်းဆိုနေတယ်..)
(နှလုံးသားက အောဟစ်နေတယ်..)
(မင်းနဲ့ ထာဝရ အတူနေဖို့..မွေးဖွားခြင်းရယ်ပါ..)
(ငါ့နှလုံးသားက...)
(မမှားပါဘူး...)
(သေချာတယ်...မင်းတယောက်တည်းသာ..)
(ဘာအကြောင်းပြချက်မှ မရှိတော့ဘူး)
(ငါ့နှလုံးသားက မင်းလေးကို ရွေးခြယ်ပြီးသွားပြီ)
သား...ဘန်ကောက်က အဖေ့သူငယ်ချင်းမန်နေဂျာနဲ့ စကားပြောဖြစ်သွားပြီ
ဘာပြောလဲ?
သူပြောတာက..
ဘန်ကောက် ကလပ်အသင်းတခုမှာ သားကို ပေးကစားမယ်တဲ့..
ဘောလုံးရဖို့ အဖေ ညာပြောနေသေးတယ်?
အရေးကြီးတဲ့ကိစ္စကို ဘယ်သူကညာမလဲ..သား
ပြင်ထား
သား.စာမေးပွဲပြီးရင် သွားဖြစ်လိမ့်မယ်
ဘန်ကောက်မှာ ကျောင်းဆက်တက်ရင် တက်ရလိမ့်မယ်
အဖေ!!
ကျေးဇူးတင်တယ်ဗျာ...
ဆရာကလည်း ကျမကို စောစော ပြောရောပေါ့
ဒါဆိုရင် ကျမလည်း ဆရာနဲ့ သွားလို့ရတာပေါ့
ဆောရီးပဲ
ကျနောလည်း အလုပ်များနေလို့ မပြောဖြစ်လိုက်ဘူး
ဒါပေမယ့်..အားကာမှူးအတွက် ဆရာအသစ်လာမှာပါ
ဒီအချိန်မှာ
ဆရာ့ကိုတော့ ဘယ်သူမှ အစားထိုးနိုင်မှာ မဟုတ်ဘူး
ပြောရဲတယ်
ဆရာ မသွားခင်..
တခုတောင်းမယ်နော်
ဘာလဲ?
ဒါလေး..
ရှက်စရာကြီး..
နှလုံးသားကို တောင်းတယ်ဆိုမှ
ဝီစီ လာပေးရတယ်လို့
ဟော..ဟိုမှာ
အားကာမှူး အသစ်စက်စက်
Aho!!!!
ဆရာ Pon.....
သွားလို့ရပြီထင်တယ်..လေယာဉ်နောက်ကျနေအုံးမယ်
ကျမလည်း လုပ်စရာလေးရှိလို့
မြန်မြန်သွားနော်..
ဟေး ဆရာမ Orn!!
အရင်ရောက်.. အရင်ဦးတယ်ပေါ့?
Sawadde ka
-Sawadde krab
ဒီက ဆရာအသစ်လား?
-ဟုတ်ကဲ့
နာမည်က?
- Boat
Boat ဆိုတော့ လှေပေါ့... စီးချင်လိုက်တာ
(နှုတ်ဆက်ခဲ့ပါတယ် M.3)
(M.4 မှာ ပြန်ဆုံကြမယ်နော်)
Cheer, M.4 အတန်းကို ဘာလို့ ဒီကျောင်းမှာ ဆက်မတက်ချင်လဲ?
ငါယူထားတဲ့ ကြိုသက်မေဂျာအတွက်...
ယူနီဖောင်းက အပန်းရောင် ဖြစ်နေလို့
အရူး
လှပါတယ်
တကျောင်းလုံး အပန်းရောင်ဆိုတော့..လှတာပေါ့?
(တနင်္လာနေ့..စောင့်နေတယ်..)
(အင်္ဂါနေ့..တွေ့ဖို့ စောင့်နေဆဲ)
(နေများ ကောင်းရဲ့လား...)
(ဗုဒ္ဒဟူးနေ့... မင်းလေးပျောက်နေဆဲ..)
(မနက်လည်းမရှိ...ညနေလည်း မလာ)
(ကြာသပတေးနေ့လည်း... ဟာတာတာရှိဆဲ)
(သောကြာ..စနေ..တနင်္ဂနွေ..)
(မလွမ်းတဲ့နေ့ မရှိ...)
(ဘယ်နေ့မှလဲ မင်းလာမှာ မဟုတ်...)
(အတိတ်ဟောင်းတွေရယ်..)
(မင်းကို တွေ့ခဲ့တဲ့နေ့..)
( မင်းအနီးနား ရှိတဲ့နေ့...)
(အတူ လက်တွဲခဲ့ဖူးတဲ့ နေ့...)
(မင်းကို ချစ်ခဲ့တဲ့နေ့...)
(မင်းနဲ့ စကားပြောတဲ့နေ့...)
(မင်းငါ့စကားတွေ နားထောင်ပေးတဲ့နေတွေ...)
(ဒီလို ဘယ်လောက်ထိ အေးစက်နေအုံးမှာလဲ...ငါမသိဘူး..)
(နှစ်..ရက်..လတွေ ဘယ်လောက်ကြာအုံးမလဲ)
(ဘီလျံသော အတိတ်က အမှတ်ရစရာတွေ..)
(ဘယ်တော့မှ မမေ့နိုင်ခဲ့ဘူး..)
Cheer..
ဆောရီးပဲနော်
နင်ဘာလို့ငိုတာလဲ
ဒီလို သီးချင်းဆိုနေကြတာ
အော်ပရာထဲမှာ သရုပ်ဆောင်နေကြသလိုပဲ
အေးလေ..ငါတို့ ဘာလို့ငိုနေကြတာလဲ?
ဟင့်အင်း..ငါတို့ မငိုပါဘူး
ငါတို့ ရီနေတာပါ
(သောကြာ..စနေ..တနင်္ဂနွေ)
(မလွမ်းတဲ့နေ့ မရှိခဲ့ဘူး..)
(ဘယ်နေ့မှာလဲ မင်းလာမှာ မဟုတ်ဘူး..)
(အတိတ်က နေ့ဟောင်းတွေ..)
Nam!
ငါတို့အခုပဲ ဈေးက ရေခဲမှုန့်စားပြီး ပြန်လာတာ
ဆရာမ In ကို တွေ့ခဲ့တယ်
ဆရာမကပြောတယ် ...
စာမေးပွဲမှာ Nan က....
အဆင့်ရတယ်တဲ့...
ဘာရတယ်?
Nam ပထမ ရတယ်တဲ့...
ထင်သားပဲ...
ဟား..ဟုတ်တယ်?
ပထမ!!!
အမေ..သမီးပထမရတယ်..
သမီး... အဖေနဲ့ တွေ့ရတော့မယ်ပေါ့..ဟုတ်?
အဖေ့နဲ့ တွေ့ရတော့မယ်! ငါ့အဖေ! ငါ့အဖေ!
အမေ့ကို မွှေးမွှေးပေးမယ်..
P' Nam... ငါအဆင့် ၈ ရတယ်
ငါလည်း သွားမယ်နော်?
အေးပေါ့...
တကယ်...
ငါနင့်ကို သိကြားလုံး ၀ယ်ကျွေးမယ်ပြောတာ
ငါတို့ Nam ကွ
ငါတို့အတွက် စနှိုးတွေ ကောက်ထားပေးနော်?
P'Shone~~
္တွနင်ရိုက်လာလား? ကြည့်ရအောင်..
ဘတ် ၅၀ လား?
၁၀၀
မပေးနိုင်ရင် ဓာတ်ပုံ ပြန်ပေး
ငါသူ့ဓာတ်ပုံလည်း ရိုက်ရတယ်
ခွေးရန်ကနေလည်း ထွက်ပြေးရတယ်
၇၀ ထား?
မရဘူး
နင်ဈေးသိပ်ဆစ်လွန်းတယ်
ပြန်ပေး
မပေးပါဘူး...
စူပါ ချော..ချောပဲ
ဒါ Pang ရဲ့ ရည်းစားလား?
မဟုတ်ဘူး..ဒါ Bam ရဲ့ရည်းစား
ငါက ဓာတ်ပုံပဲရိုက်တာ
ယောက်ျားလေးဆို မကြိုက်ဘူး
P' Nam
အမေ့ကို မပြောပြနဲ့နော်, နော်...
အမေ Pang လေ...
-မလုပ်နဲ့ P'Nam
အမေ..ဟင်းချက်ပြီးသွားပြီလား?
Pang က ဆာနေပြီတဲ့
ခဏလေးစောင့်အုံး သမီး
ငါသိပါတယ်
ဒီလောက်လည်း အဖြစ်သည်းမနေနဲ့
နင်ကျတော့ရော?
ဒါက အချိုပွဲ
- ကျေးဇူးအန်တီ
အစာကြေကောင်းတယ်
Nan... P' Shone သိပြီလား?
ဟိုး M.1 အတန်းကတည်းက နင် သူ့ကို ခိုးကြိုက်နေတယ် ဆိုတာလေ..
ပြောပြစရာ မလိုပါဘူးထင်တယ်
ကမ္ဘာကြီးကတော့ သိနေမှာပါ ...
အချစ်ရူးကောင်မလေးတယောက် ကောင်လေးတယောက်အတွက်
၃နှစ်လုံး လှအောင် ကြိုးစားခဲ့တယ်ဆိုတာ..
ဒါတောင် ဒီကောင်လေးက မသိဘူး..တဲ့
Nam..ဒီတခါတော့..နင့်ဘ၀မှာ သူ့ကို ဘယ်တော့မှ တွေ့ရတော့မှာ မဟုတ်ဘူး
နင် ဘာမှ မလုပ်တော့ဘူးလား?
(အချစ် နည်းနာ-၉သွယ်)
ငါကြိုးစားပြီးပြီပဲ
မစိုးရိမ်နဲ့
ငါတို့ရှိပါသေးတယ်...
ဟုတ်တယ်မလား?
ဟုတ်..တယ်
နင်ကဒီလောက်တောင် ချစ်စရာကောင်းတာ
စာကြိုးစားတယ်
စာရိတ္တကောင်းတယ်
သရုပ်ဆောင်ကောင်းတယ်
လုံ့လရှိတယ်..
ဘာလို့ သူက နင့်ကို မကြိုက်တာလဲ?
နင်ငါ့ကို အတည်မြှောက်နေတာလား?
ဒဿမ နည်း...
ဒီနည်းက...ထိုင်းဖြစ်
အရိုးစင်းဆုံးနည်း..
ဒါ Nam အတွက်
ကျေးဇူးပဲ...
လက်မှတ်ထိုးပေးအုံး
ရိုက်မယ်
Love
Love လို့ရေးပေး
အပေါ်မှာ ရေးနော်
ကျေးဇူးပဲ
(အပေါ်မှာ)
(အပေါ်မှာ)
သွားလို့ရပြီ..သွားတော့
ဝင်လို့ မရသေးဘူး...
Nam... ငါ့အင်္ကျီပေါ် နင်ဆိုင်းမထိုး ရသေးဘူးနော်
P' Shone
ငါနင့်ကို တခုပြောစရာရှိတယ်
ငါနင့်ကို ကြိုက်နေတယ်...
ငါနင့်ကို ချစ်နေတာ ၃နှစ်ရှိပြီ...
ငါအားလုံးကြိုးစားခဲ့တယ်
ဘက်စုံ ငါ့ဘ၀ကိုပြောင်းခဲ့တယ်
ဒါနင့်ကြောင့်ပဲ
Nam...
ရှေးရိုးအက ကလပ်မှာ ၀င်ခဲ့တယ်..
စင်တင် ပြဇာတ် ကခဲ့တယ်
ဘင်ခရာ ခေါင်းဆောင် ဖြစ်ခဲ့တယ်
စာလည်း ကြိုးစားခဲ့တယ်
ဒါတွေက နင့်အတွက်ပါ
ဒါပေမယ့်..ငါအခုသိလိုက်တာက..
ငါအလုပ်သင့်ဆုံး အရာတခု..
လုပ်ခဲ့သင့်တာ ကြာပြီဖြစ်တဲ့ အရာတခုက..
နင့်ကို တည့်တည့် ပြောဖြစ်ဖို့ပဲ.....
ငါနင့်ကို ချစ်တယ်
(Shone ကို Pin ချစ်တယ်)
P' Pin?
Pin နဲ့ P' Shone?
ဘယ်တုန်းကလဲ?
တပတ်ပဲ ရှိသေးတယ်
P' Pin နဲ့ P' Shone တို့ချစ်နေကြပြီ
နှစ်ယောက်လုံး လိုက်ဖက်ပါတယ်..
ချစ်စရာတွေပဲ...
နင်တို့ ပျော်မှာပါ...
Nam!
Nam!
ရတယ်..ဘာမှ မဖြစ်ဘူး
ဘာမှ မဖြစ်ဘူး..
Nam
သိပ်လိုက်ဖက်တယ်..
Nam... ဘာမှမဖြစ်ဘူးနော်?
Nam!
သွားပါစေ..
Nam, ဘာဖြစ်တာတုန်း?
ဖေဖေ..
ဘန်ကောက် ကလပ် ကစားသမားအသစ်ကို ကြိုဆိုပါတယ်
ကျေးဇူးပါပဲ...
ဒါက ဦးNeng, မန်နေဂျာ
Sawaddee krab ဦး
- Waddee
ဒါက ဦးNguan, နည်းပြ
ကျေးဇူးပါပဲ ဦးတို့...
Chaiyo!
ဒီကောင်တော့ ပျော်နေပြီ
အမေလည်း သားအတွက် ပျော်ပါတယ်..
Shone
အ၀တ်တွေ ပြင်ထားတော့
ဒီညပဲ ဦးလေးတွေနဲ့ လိုက်သွားရတော့မှာ
မနက်ဖြန်ဆို..စခန်းသွင်း လေ့ကျင့်ရတော့မယ်...
ဒီနေ့ပဲ သွားမယ်လား?
အေးပေါ့..ဘာလို့ အချိန်ဆွဲနေရမတုန်း...
"ဘယ်လောက် ကြာခဲ့ပြီ မသိဘူး..."
"အားလုံးကို ငါအောင့်ထားခဲ့တယ်.."
(စာအုပ်ကတော့ ရီစရာပါ...ဒါပေမယ့်
မင်းဘယ်လောက် ကြိုးစားခဲ့တယ်ဆိုတာ ငါသိလိုက်ရတယ်)
"အမှန်တရားတွေ နှလုံးသားထဲမှာ ဖွက်ထားခဲ့တယ်..."
သတိထားသွားနော်
"ဆုံမိတဲ့ အချိန်တိုင်း..."
"မင်း ကြည့်တဲ့ အချိန်တိုင်း.."
(ငါမင်းကို သိစေချင်တာက ..
မင်းစ,ကြိုးစားကတည်းက မင်းအောင်ခဲ့ပါပြီ..)
" တည်ငြိမ်နေယောင် ဟန်ဆောင်ခဲ့..."
"ငါ့ဘယ်လောက် အောင့်ထားခဲ့လဲဆိုတာ မင်းသိနိုင်မလား"
"မင်းကြားရဲ့လား..?"
"ငါ့နှလုံး ခုန်သံ..."
"မင်းကို ချစ်ကြောင်း ပြောနေတယ်.."
ခါတိုင်းလိုပါပဲ
သွားညှိစက်နဲ့ စနှိုးဝိုက်
(ခါတိုင်းလိုပဲလို့ Pin ကို ဖြေခဲ့တယ်)
"ငါ့အချစ်တွေကို မထုတ်ဖော်နိုင်ခဲ့..."
(မင်းက ခါတိုင်းလိုပဲ..အမြဲလှနေတာပါ...)
"မင်းကြားရဲ့လား..."
"ငါ့နှလုံး ခုန်သံ..."
(ပထမဆုံး သူ့လက်ကို ကိုင်ခဲ့ရတယ်...
လူတွေ တမျိုးမြင်မှာစိုးလို့ ပြန်လွတ်လိုက်ရတယ်)
"မင်းဖွင့်ပြောမယ့် အချိန်ကို စောင့်နေခဲ့..."
"တခုပဲ မျှော်လင့်နိုင်တယ်..မင်းသိပါစေတော့.."
(တနေ့...)
(ပန်းသီးတလုံး ကိုက်ပြီး လက်ဆောင်ပေးခဲ့တယ်)
"မင်းကို ချစ်နေပေမယ့်လည်း...)
"ခံစားနေရပေမယ့်လည်း..."
"စိတ်ထဲမှာတော့ မ၀ံ့ရဲခဲ့ဘူး..."
(မင်းတိုးတက်လာတယ်.. ကြိုစားထား...Nam!!)
"ဆုံခဲ့တဲ့ အချိန်တိုင်း"
"မင်းကြည့်တဲ့ အခါတိုင်း..."
"တည်ငြိမ်နေယောင် ဆောင်ခဲ့..."
"ငါ့ဘယ်လောက် အောင့်ထားခဲ့လဲဆိုတာ မင်းသိနိုင်မလား"
"မင်းကြားရဲ့လား..."
(အချစ်ဆိုတာ အားလုံးကို ကျော်ဖြတ်နိုင်တယ်..
အကြောက်တရားကိုတောင်မှ...)
"ငါ့နှလုံးသား..."
"မင်းကို ချစ်ကြောင်း ပြောနေတယ်.."
(ပထမနေ့)
(အပင်အောင်ဖို့ တအားခက်တယ်)
(ပိုးတကောင်)
ဒါ သူငယ်ချင်းဆီကပါ...
(ငါ့ခံစားချက်တွေကို ငါမဖော်ပြ နိုင်ရဲ ခဲ့ဘူး)
"ငါ့နှလုံး ခုန်သံကို မင်းကြားရဲ့လား.."
(ဒီနေ့, Nam ကိုငါ နှင်းဆီလက်ဆောင်ပေးခဲ့တယ်)
(သူငယ်ချင်းဆီကလို့ ငါပြောခဲ့တယ်)
(ငါ့ နှုတ်ခမ်းတွေက ပြောမထွက်ရဲခဲ့ဘူး..)
"မင်းဖွင့်ပြောလာမယ့် အချိန်ကို စောင့်နေဆဲ"
"တခုပဲ မျှော်လင့်နိုင်တယ်... မင်းသိပါစေတော့.."
"တနေ့နေ့..တချိန်ချိန်ပေါ့..."
(ဒီနေ့, Top ပြောတာတွေကို ကြားလိုက်ရတယ်...)
(ငါသိပ်ခံစားရတယ်...)
(ငါတို့ ကံက ဘာလို့ မဆုံနိုင်တာလဲ..)
(ငါလည်းမင်းကို ကျောပိုးချင်ခဲ့တာပါ..)
Nam
နင်ငါ့ချစ်သူ ဖြစ်နိုင်မလား?
"မင်းကြားရဲ့လား.."
(ငါ့နှလုံးသား...)
"မင်းကို ချစ်ကြောင်း ပြောနေတယ်.."
"ငါ့ခံစားချက်တွေကို မထုတ်ဖော်နိုင်ရဲ ခဲ့ဘူး.."
"မင်းကြားရဲ့လား..."
"ငါ့နှလုံးသားက..."
"မင်းကို စောင့်ကြိုနေတုန်းပဲ..."
ငါမင်းကို တခုတောင်းပန်မယ် Shone
မင်း Nan ကိုမချစ်နဲ့ကွာ?
"တခုပဲ မျှော်လင့်နိုင်တယ်.. မင်းသိပါစေတော့..."
"မင်းအချစ်ကို စောင့်မျှော်နေသူပါ.."
"တောင်းဆိုနေအုံးမယ်... မင်းသိပါစေတော့..."
"တနေ့နေ့..တချိန်ချိန် ပေါ့"
၉ နှစ်ကြာသော်
တံခါးက ဒီဘက်
Kai.. တချက်ကြည့်ထားပေးနော်?
ခဏနော်
Hi, သားချောလေး
အိပ်ချင်နေပြီလား?
နင့်အားလပ်ချိန်တွေကို နှောင့်ယှက်မိတာ ဆောရီးနော် Shone
ကိစ္စမရှိပါဘူး
နင့်သားကလည်း ငါ့သားပါပဲ
ဒီကလေးက ငိုပြဲ
ငါ့ဆံပင် ပွကုန်ပြီ
Pin ငါသွားတော့မယ်နော်
သွားမယ် သားလေး...
သူ့အဖေအရင်းသာ နင့်လို့ချစ်ရင်တော့ကောင်းမှာပဲ..
ထပ်ပြောပြန်ပြီ...
ဖုန်းခေါ်နော်?
Shone
TV show အတွက် ခေါ်ထားတယ်နော်?
သွားဖြစ်မလား?
မသိသေးဘူး.
Bye Bye Shone
Bye Bye... သူကအိမ်ချင်နေပြီ
မြန်မြန်လေး..
Break 2 ဆက်မယ်, အဆင်သင့် ဖြစ်ပလား?
Ok
မိတ်ကပ်အဖွဲ့ အဆင်သင့် ဖြစ်ပလား?
- ဖြစ်ပြီ
မပူနဲ့..အားလုံးရှယ်ပဲ
ကျမ အဆင်သင့်ပဲ..
သက်တောင့်သက်သာ နေပါ..
ဒီရှိုးပွဲက သိပ် formal မဟုတ်ပါဘူး...
ဟုတ်
သိပ်လှနေတာပဲ
-ကျေးဇူးပါ
P' Nam တော့ ဖက်ရှင်ဆန်နေတာပဲ
P'Nam သာ အမေနဲ့ ငါ့လိုသာ လှလိုရှိရင်....
ပြောရဲသေးတယ်
ဆရာ Boat
Sawaddee krab
ဟိုးကတည်းက, ဆရာမ ဒီ boat(လှေ) ကိုပဲ စီးနေတော့တာ
မနာလိုစရာကြီး
သူကတော့ ဒီလိုပဲ ကြင်နာချင်နေတာ
မနာလိုစရာကြီး
အမြဲ အဆန်းတွေ လုပ်ပြတယ်
ခုလည်း လုပ်ပြန်ပြီ
ဒါ..ဒါက နှင်းဆီပန်းလေ
စားရမှာပဲ.. မဟုတ်ရင် စိတ်ကောက်နေအုံးမယ်
5..4..3..2..
အခု ကျမတို့နဲ့ ရှိနေတာက Khun Nam ဖြစ်ပါတယ်
ဖက်ရှင် ဒီဇိုင်း ပညာရှင်တယောက် ဖြစ်ပါတယ်...
Sawaddee ka
ပရိတ်သတ်က သူကို သိကြမှာပါ
နယူးယောက်မှာ ကျော်ကြားနေတဲ့ ထိုင်းပညာရှင်အနည်းငယ်ထဲက ဒီဇိုင်းပညာရှင် တယောက်ပါ
သက်သေက ဒီမှာပါ...
ဒါက အစိတ်အပိုင်း တခုတည်းပါ...
Khun Nam သိထားလား...
ထိုင်းမှာ Nam ဘယ်လောက် ကျော်ကြားတယ်ဆိုတာ
ကျမ ကြိုးစားဖို့ လိုပါသေးတယ်
ထိုင်းမှာ ပြန်ရောက်တော့ ဘာလုပ်မယ် စိတ်ကူးလဲ
ကုမ္မဏီတခုက ဖက်ရှင်ရှိုးလုပ်မယ် ပြောတယ်
ကျမလည်း စိတ်ဝင်စားလို့.. လုပ်ဖို့သဘောတူထားတယ်
အိမ်ပြန်လာချင်လို့လဲ ပါပါတယ်..
အမေ့ကို လွမ်းတယ်လေ
Khun Nam က သတင်းရေးသူတွေကို ပြောဖူးတယ်....
ငယ်ငယ်တုန်းက
-ဆောရီးနော်...
ရုပ်ဆိုးတယ်ဆို.. ပြီးတော့.. ဘာဖက်ရှင်မှလည်း မရှိဘူးတဲ့
အခုက လုံးဝ ခြားနားနေသလိုပဲနော်
ဘာက Nam ကို ဒီလောက် ပြောင်းလဲသွားစေတာလဲ?
ဘာဖြစ်လဲဆိုတော့, ကောင်လေးတယောက်ကို ချစ်မိလို့ပါ
ချစ်မိလို့?
နည်းနည်း ပြောပြပါလား?
အင်း..သူကတော့ အတန်းကြီးပါတယ်
M-4 အတန်းမှာ
ဘောလုံးသမား
ပြီးတော့ ချောတယ်
အဲဒီတုန်းက, ကျမ.........
အရုပ်ဆိုးဆိုးနဲ့.. M.1 အတန်းမှာ
တအားကြိုးစားခဲ့ပါတယ်
လှမယ်ဆို ဘာပဲ လုပ်ရလုပ်ရ.. တော်မယ်ဆို ဘာပဲလုပ်ရ
အကုန်လုပ်တယ်
သူစိတ်ဝင်စားလာအောင် စာလည်း အရမ်းကြိုးစားခဲ့တယ်
နောက်ဆုံး သူသိသွားလား?
သိတယ်..ဒါပေမယ်.. ဇာတ်သိမ်းတော့ မလှခဲ့ဘူး..
ကျမ U.S ကိုသွားလိုက်တယ်
အဖေနဲ့ သွားနေတာ
စိတ်မကောင်းစရာပဲ
ဒါပေမယ့် ကျမပြန်စဉ်းစားတဲ့အခါ
သူက....
ကျမရဲ့ inspiration ပါ
အချစ်ကို ကောင်းတဲ့ဖက် အသုံးချဖို့ သူသင်ပေးခဲ့တာပါ
သူကဘယ်လိုလဲဆို....
ကျမ ပိုကောင်းလာအောင် ထောက်ပံ့ပေးတဲ့ ပါဝါလိုပါပဲ..
Nam ဆိုတဲ့ နာမည်နဲ့ ရပ်တည်နိုင်တဲ့ ဒီနေ့ထိပါပဲ
Khun Nam.. ဒီစာအုပ်ကို မှတ်မိလား?
ပြန်စဉ်းစားကြည့်?
မှတ်မိပါတယ်
ဒါဆိုရင်...ဒီစာအုပ်ပိုင်ရှင်ကို ဖိတ်ခေါ်လိုက်ကြစို့...
ဘန်ကောက် ကလပ်ရဲ့ အားကစား သမားဟောင်း...Khun Shone...
အခုတော့ ဓာတ်ပုံ ရိုက်ကူးပညာရှင် ဖြစ်နေပါပြီ...
ကျနော် Nam ကို ဒါလေး ပေးချင်တယ်
Nam ကိုလား???
ဟုတ်ပါတယ် Nam ကိုပါ
ကျေးဇူးပြုပြီး ထိုင်ပါ...
Shone အနေနဲ့ Nam ကို ၉နှစ်ကြာ မတွေ့ရတော့....
Nam ကို ဘာများ ပြောချင်လဲ?
ကျနော် Nam ကို ပြောပြချင်တာက......
ဒီကြယ်သီးလေးက
ကျနော့ဟာ မဟုတ်ပါဘူး
Ding ဟာ ဖြစ်မှာပါ
Nam ကရော ဘာပြောချင်လဲ?
Shone ကို တခုခု ပြောစရာ ရှိလား?
P' Shone ကို တခု မေးချင်တာက......
အိမ်ထောင်ပြုလိုက်ပြီလား?
Umm.........
Um...ကျနော်
U.S ကနေ ပြန်လာမယ့် သူတယောက်ကို စောင့်နေတာပါ
"မင်းကြားရဲ့လား"
"ငါ့နှလုံးသား"
"မင်းကို ချစ်ကြောင်း ပြောနေတယ်.."
"ငါ့ခံစားချက်တွေကို ဘယ်သူ့ဆီမှ မထုတ်ဖော်ရဲဘူး..."
"မင်းကြားရဲ့လား..."
"ငါ့နှလုံးသားက...."
"မင်း အလာကို စောင့်မျှော်နေဆဲပါ.."
"တခုပဲ မျှော်လင့်နိုင်တယ်...မင်းလေးသိပါစေတော့"
"မင်းတယောက်တည်းကို ချစ်ဖို့ စောင့်နေသူပါ..."
"တောင်းဆိုနေအုံးမယ်..မင်းလေးသိစေတော့"
"တနေ့နေ့...တချိန်ချိန်"...