1 00:00:00,000 --> 00:00:02,868 ရှင်တို့မြင်နေရတာက ဆယ်စုနှစ်တစ်ခုစာ လူမြင်ကွင်းမှာ 2 00:00:02,868 --> 00:00:05,737 တိတ်ဆိတ်နေခဲ့တဲ့ မိန်းမတစ်ယောက်ပါ။ 3 00:00:06,711 --> 00:00:08,537 ရှင်းနေတာက ဒါကပြောင်းလဲသွားပါပြီ၊ 4 00:00:08,967 --> 00:00:10,381 ဒါပေမဲ့ သိပ်မကြာခင်လေးကတင်ပါ။ 5 00:00:11,051 --> 00:00:12,568 လွန်ခဲ့တဲ့လအတော်ကြာက Forbes 30 မှာ 6 00:00:12,568 --> 00:00:14,085 အသက် ၃၀ အောက် ထိပ်သီးညီလာခံမှာ 7 00:00:14,085 --> 00:00:15,602 အများပြည်သူရှေ့မှောက်မှာ ကျွန်မရဲ့ ပထမဆုံး 8 00:00:15,602 --> 00:00:18,217 ဟောပြောပွဲကို လုပ်ခဲ့ပါတယ်။ 9 00:00:18,217 --> 00:00:22,431 အရမ်းကိုတော်တဲ့ လူ ၁၅၀၀၊ အကုန်လုံး အသက် ၃၀ အောက်တွေချည်းပဲ။ 10 00:00:23,101 --> 00:00:25,865 ဆိုလိုတာက ၁၉၉၈ တုန်းက 11 00:00:25,865 --> 00:00:29,452 အသက်အကြီးဆုံးက ၁၄ နှစ်နဲ့ 12 00:00:29,452 --> 00:00:31,263 အသက်အငယ်ဆုံးဆို ၄ နှစ်ပဲရှိမှာပါ။ 13 00:00:31,263 --> 00:00:33,074 သူတို့ထဲက တစ်ချို့ဟာ ကျွန်မအကြောင်း 14 00:00:33,074 --> 00:00:34,886 ရက်ပ် သီချင်းတွေထဲကနေ 15 00:00:34,886 --> 00:00:36,733 ကြားကောင်း ကြားမိကြလိမ့်မယ်လို့တောင် 16 00:00:36,733 --> 00:00:38,580 နောက်ပြောင်ခဲ့သေးတယ်။ 17 00:00:38,580 --> 00:00:41,727 ဟုတ်တာပေါ့၊ ကျွန်မက ရက်ပ်သီချင်းတွေ ထဲမှာပါတယ်လေ၊ 18 00:00:41,727 --> 00:00:44,521 ရက်ပ်သီချင်း အပုဒ် ၄၀ နီးပါး လောက်ပေါ့။ (ရယ်သံများ) 19 00:00:44,521 --> 00:00:47,315 ဒါပေမဲ့ ကျွန်မဟောပြောတဲ့နေ့မှာ 20 00:00:47,315 --> 00:00:50,109 အံ့အားသင့်စရာ တစ်ခုဖြစ်ခဲ့တယ်၊ 21 00:00:50,109 --> 00:00:56,355 ကျွန်မအသက် ၄၁ နှစ်မှာ ၂၇ နှစ်သား ကောင်လေးနဲ့ငြိစွန်းခဲ့တယ်၊ 22 00:00:57,155 --> 00:00:59,074 ကျွန်မသိပါတယ်၊ဟုတ်လား။ 23 00:00:59,074 --> 00:01:00,993 ကောင်လေးကဆွဲဆောင်မှုရှိပြီး 24 00:01:00,993 --> 00:01:02,914 ကျွန်မကဘဝင် ဟပ်သွားတော့တာပေါ့၊ 25 00:01:02,914 --> 00:01:04,719 ကျွနိမငြင်းလိုက်ပါတယ်၊ 26 00:01:04,719 --> 00:01:06,524 သူ့ရဲ့မအောင်မြင်တဲ့ ပျော်ပါးမှုလမ်းကြောင်းက 27 00:01:06,524 --> 00:01:08,503 ဘာလဲဆိုတာရှင်တို့သိပါတယ်။ 28 00:01:08,503 --> 00:01:10,482 သူက ကျွန်မကို ၂၂ အရွယ်ဆီကို 29 00:01:10,482 --> 00:01:12,461 ပိုငယ်သွားစေဖို့ လုပ်နိူင်တယ်လေ။ 30 00:01:12,461 --> 00:01:16,276 (ရယ်သံများ) (လက်ခုပ်သံများ) 31 00:01:16,276 --> 00:01:20,091 အဲဒီညနောက်ပိုင်းမှ ကျွန်မသဘော ပေါက်ခဲ့တာက 32 00:01:20,091 --> 00:01:23,908 ကျွန်မဟာဟာ အသက်၂၂ နှစ်ပြန်မဖြစ်ချင်တဲ့ 33 00:01:23,908 --> 00:01:26,509 တစ်ယောက်တည်းသော အမျိုးသမီး ဖြစ်ကောင်း ဖြစ်မယ်ဆိုတာပါ။ 34 00:01:26,509 --> 00:01:29,109 (ရယ်သံများ) 35 00:01:29,109 --> 00:01:32,969 (လက်ခုပ်သံများ) 36 00:01:35,269 --> 00:01:40,294 အက်၂၂ နှစ်မှာ ကျွန်မရဲ့ အကြီးအကဲနဲ့ ချစိကြိုက်မိတယ်၊ 37 00:01:40,294 --> 00:01:43,115 အသက် ၂၄ မှာ ယူကျုံးမရစရာ 38 00:01:43,115 --> 00:01:46,547 အကျိုးဆက်တွေကို ခံစားခဲ့ရတယ်။ 39 00:01:47,667 --> 00:01:50,231 ဒီမှာရှိတဲ့သူတွေထဲက အမှား မလုပ်ဖူးခဲ့သူ ဒါမှမဟုတ် 40 00:01:50,231 --> 00:01:52,795 အသက် ၂၂ မှာနောင်တရခဲ့သူတွေ လက်ကလေးတွေ 41 00:01:52,795 --> 00:01:55,361 ထောင်ပြတာကြည့်လို့ရမလားရှင်၊ 42 00:01:57,151 --> 00:01:59,718 ဟုတ်ပါပြီ။ ကျွန်မ ထင်မိတာဒါပါ။ 43 00:02:00,648 --> 00:02:03,587 ဒီတော့ ကျွန်မလိုပဲ ၂၂ နှစ်မှာ ရှင်တို့ထဲက 44 00:02:03,587 --> 00:02:06,526 အချို့တို့ဟာလည်း လမ်းမှားကို ချိုးမိကြပြီး၊ 45 00:02:06,526 --> 00:02:09,466 မလျော်ကန်တဲ့သူနဲ့ ချစ်ကြိုက်မိနိုင်ခဲ့ကြပါတယ်။ 46 00:02:09,466 --> 00:02:11,428 ရှင်တို့ အကြီးအကဲတောင် ဖြစ်ချင်ဖြစ်မှာလေ။ 47 00:02:12,378 --> 00:02:14,973 ဒါပေမဲ့ ကျွန်မနဲ့မတူတာက ရှင်တို့အကြီးအကဲက 48 00:02:14,973 --> 00:02:19,052 အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတဖြစ်ချင်မှဖြစ်ခဲ့မှာပေါ့၊ 49 00:02:19,802 --> 00:02:22,875 တကယ်တမ်းက ဘဝဆိုတာ အံ့ဩစရာတွေနဲ့ ပြည့်နှက်နေတာပါ။ 50 00:02:22,875 --> 00:02:25,948 ကျွန်မရဲ့အမှားက သတိမရတဲ့ရက်ဆိုလို့ 51 00:02:25,948 --> 00:02:29,021 တစ်ရက်မှ မရှိခဲ့ပါဘူးရှင်။ 52 00:02:29,021 --> 00:02:32,689 ပြီးတော့ ဒီအမှားကို အလွန်အမင် နောင်တရခဲ့တာပါရှင်။ 53 00:02:32,689 --> 00:02:36,357 ၁၉၉၈ခုနှစ်မှာ မဖြစ်တန်ကောင်းတဲ့ ချစ်ဇာတ်လမ်းတစ်ပုဒ် 54 00:02:36,357 --> 00:02:39,400 ထဲကို တွန်းပို့ခံခဲ့ရပြီးနောက် 55 00:02:39,400 --> 00:02:42,443 နိူင်ငံရေး၊ တရားရေးနဲ့ ကျွန်မတို့ 56 00:02:42,443 --> 00:02:45,488 အရင်ကမကြုံခဲ့ဖူးတဲ့ မီဒီယာဝဲဂယက်ရဲ့ 57 00:02:45,488 --> 00:02:49,535 ဗဟိုချက်မထဲကို ကျွန်မဟာ တွန်းပို့ခံလိုက်ရပါတယ်။ 58 00:02:49,535 --> 00:02:51,877 သိထားရမှာက ဒိအရင်နှစ်အနည်းငယ်က 59 00:02:51,877 --> 00:02:54,879 သတင်းဆိုတာ ဒီနေရာ ၃ ခုကပဲရခဲ့တာပါ၊ 60 00:02:54,879 --> 00:02:57,551 သတင်းစာ ဒါမှမဟုတ် မဂ္ဂဇင်းဖတ်ခြင်း၊ 61 00:02:57,551 --> 00:02:59,386 ရေဒီယိုနားထောင်ခြင်းနဲ့ 62 00:02:59,386 --> 00:03:01,004 ရုပ်မြင်သံကြားကြည့်ခြင်းတို့ကပါ။ 63 00:03:01,004 --> 00:03:02,304 ဒါပဲရှိခဲ့တာပါ။ 64 00:03:02,304 --> 00:03:06,259 ဒါပေမဲ့ ကျွန်မရဲ့ကံကြမ္မာကျတော့ အဲဒီလို မဟုတ်ခဲ့ဘူးလေ။ 65 00:03:06,259 --> 00:03:09,881 အဲဒါအစား ဒီမကောင်းသတင်းက ရှင်တို့ဆီကို 66 00:03:09,881 --> 00:03:12,281 ဒစ်ဂျစ် တော်လှန်ရေးကြောင့် ရောက်လာခဲ့တာပါ။ 67 00:03:12,281 --> 00:03:15,988 ကျွန်မတို့လိုချင်တဲ့ သတင်းအားလုံး ရယူနိုင်တာကို ဆိုလိုတာလေ၊ 68 00:03:15,988 --> 00:03:20,283 လိုချင်တဲ့အချိန်၊ ဘယ်အချိန်မဆို၊ ဘယ်နေရာမဆိုပါ။ 69 00:03:20,283 --> 00:03:24,973 ၁၉၉၈ ဇန်နဝါရီမှာ ဒီဇာတ်လမ်း ပေါက်ထွက်လာတော့ 70 00:03:24,973 --> 00:03:26,902 ဒါက အွန်လိုင်းပေါ်မှာ ဖြစ်ခဲ့တာပါ။ 71 00:03:26,902 --> 00:03:28,831 ဒါဟာ ပထမဆုံးအနေနဲ့ အစဉ်အလာ သတင်းဟာ 72 00:03:28,831 --> 00:03:30,760 အထင်ကရ သတင်းတစ်ပုဒ်အတွက် 73 00:03:30,760 --> 00:03:35,283 အင်တာနက်ကနေ လုယူတာကို ခံလိုက်ရတာပါ။ 74 00:03:35,283 --> 00:03:39,504 ကလစ်တစ်ချက်က တစ်ကမ္ဘာလုံးကို ဂယက်ရိုက်သွးစေခဲ့တာလေ။ 75 00:03:40,484 --> 00:03:43,002 ဒါက ကျွန်မအတွက်ကျတော့ နေ့ချင်းညချင်းကြီးကို လုံးလုံးကြီး 76 00:03:43,002 --> 00:03:45,520 သီးသန့် ပုဂ္ဂိုလ်ဖြစ်နေရာက လူသိရှင်ကြား 77 00:03:45,520 --> 00:03:48,040 ကမ္ဘာသိ အရှက်ကွဲသွားတဲ့သူ 78 00:03:48,040 --> 00:03:51,287 တစ်ယောက် ဖြစ်သွားခဲ့တယ် ဆိုတာပါ။ 79 00:03:51,287 --> 00:03:54,534 ကျွန်မရဲ့ ပုဂ္ဂိုလ်ရေး ဂုဏ်သတင်းဟာ ဗြုန်းစားကြီးပဲ 80 00:03:54,534 --> 00:03:57,135 တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ချီပြီး 81 00:03:57,135 --> 00:03:59,736 ညှိုးနွမ်းတာနဲ့ပတ်သက်ပြီး ကျွန်မဟာ 82 00:03:59,736 --> 00:04:01,799 သည်းခံလိုစိတ် ခေါင်းပါးနေခဲ့ပါတယ်။" 83 00:04:01,799 --> 00:04:03,862 ဒီနည်းပညာက ထောက်ကူပေးလိုက်တဲ့ 84 00:04:03,862 --> 00:04:05,922 ဝါးလုံးထိုး အကဲဖြတ်ချက်က 85 00:04:05,922 --> 00:04:07,982 ကျောက်တုံးနဲ့ပစ်ပေါက်အပြစ်ပေးတဲ့ 86 00:04:07,982 --> 00:04:10,042 လူရမ်းကားတွေအဖြစ်နီးပါးကို ဖြစ်စေခဲ့ပါတယ်။ 87 00:04:10,042 --> 00:04:13,101 မှန်ပါတယ်၊ ဒါက လူမှုရေးမီဒီယာတွေ မပေါ်ခင်ကပါ။ 88 00:04:13,101 --> 00:04:16,361 ဒါပေမဲ့ လူတွေက အွန်လိုင်းမှာ မှတ်ချက်တွေ၊ 89 00:04:16,361 --> 00:04:19,621 ဇာတ်လမ်းတွေကို မေးလ်နဲ့ပို့ပေးနိူင်တုန်းပါ။ 90 00:04:19,621 --> 00:04:21,737 တကယ်တမ်းက အကြင်နာမဲ့တဲ့ ပြက်လုံးတွေကို မေလ်းပို့တာပါ။ 91 00:04:21,737 --> 00:04:23,853 သတင်းဌာနတွေကလည်း သတင်းစာတွေရောင်းရဖို့ 92 00:04:23,853 --> 00:04:25,970 အွန်လိုင်းက ထိပ်စည်းကြော်ငြာတွေ၊ 93 00:04:25,970 --> 00:04:29,754 ပြီးတော့ လူတွေကို တီဗီတွေကို ဆက်ကြည့်နေဖို့ 94 00:04:29,754 --> 00:04:32,323 ကျွန်မရဲ့ဓာတ်ပုံတွေကို နေရာတိုင်းမှာကို ကပ်ကြတယ်၊ 95 00:04:32,323 --> 00:04:34,892 ကျွန်မရဲ့ ထူးထူးခြားခြား ရုပ်ပုံတစ်ပုံကို 96 00:04:34,892 --> 00:04:37,462 ရှင်တို့မှတ်မိကြသေးလား၊ 97 00:04:37,462 --> 00:04:39,924 ဘယ်ရီဦးထုပ်လေး ဆောင်းလို့လေ။ 98 00:04:41,224 --> 00:04:44,219 ကဲဒီတော့ ကျွန်မမှားခဲ့တာကို ဝန်ခံပါတယ်၊ 99 00:04:44,219 --> 00:04:46,998 အထူးသဖြင့်တော့ အဲဒီဘယ်ရီဦးထုပ် ဆောင်းခဲ့တာကိုပါ။ 100 00:04:46,998 --> 00:04:49,777 ဒါပေမဲ့ ကျွန်မရရှိခဲ့တဲ့ အာရုံစိုက်မှုနဲ့ 101 00:04:49,777 --> 00:04:52,556 အကဲဖြတ်ချက်က ဇာတ်လမ်းမဟုတ်ပဲ 102 00:04:52,556 --> 00:04:55,063 ကျွန်မ ကိုယ်တိုင်ရရှိလိုက်တဲ့ မကြုံစဖူးအဖြစ်အပျက်ပါ။ 103 00:04:55,063 --> 00:04:57,570 ကျွန်မဟာ ကလေကဝ၊ မိန်းပေါ့၊ မိန်းမပျက်၊ 104 00:04:57,570 --> 00:05:00,079 ပြည့်တန်ဆာမ၊ မရပ်မျက်မဆိုပြီး 105 00:05:00,079 --> 00:05:06,627 တံဆိပ်တပ်ခံခဲ့ရတယ်။ 106 00:05:06,627 --> 00:05:09,405 တကယ်တမ်းက အဲဒီလို 107 00:05:10,455 --> 00:05:13,220 လူအများက အမြင်ခံခဲ့ရတဲ့ မိန်းဖြစ်ပေမဲ့ 108 00:05:13,220 --> 00:05:16,608 တကယ် သိတဲ့လူက အနည်းအကျဉ်းလောက်ပါ။ 109 00:05:16,608 --> 00:05:20,186 ပြီးတော့ ဒါကို ကျွန်မသိပါတယ်၊ ဒီမိန်းမဟာ 110 00:05:20,186 --> 00:05:22,375 ရှုထောင့်အမြင်ရှိတယ်၊ စိတ်တစ်ခုရှိခဲ့တယ်၊ 111 00:05:22,375 --> 00:05:24,564 မပြိုမကွဲရှိခဲ့တယ် ဆိုတာကို မေ့ဖို့ဆိုတာ 112 00:05:24,564 --> 00:05:27,844 အလွယ်လေးဆိုတာကိုပါ။ 113 00:05:27,844 --> 00:05:31,124 လွန်ခဲ့တဲ့ ၁ရ နှစ်က ဒီလို အဖြစ်အပျက် 114 00:05:31,124 --> 00:05:33,683 ကျွန်မ ကြုံရတုန်းက အဲဒါကို ဘယ်လိုခေါ်ရမှန်း မသိခဲ့ကြဘူး။ 115 00:05:33,683 --> 00:05:36,242 အခုတော့ ဒါကို ဆိုက်ဘာအနိူင်ကျင့်မှု၊ 116 00:05:36,242 --> 00:05:38,800 အွန်လိုင်း နှောက်ယှက်မှုလို့ ခေါ်ကြတယ်။ 117 00:05:38,800 --> 00:05:41,358 ဒီကနေ့ ကျွန်မရဲ့အတွေ့ အကြုံတစ်ချို့ကို 118 00:05:41,358 --> 00:05:43,689 အားလုံးနဲ့ မျှဝေချင်ပါတယ်။ 119 00:05:43,689 --> 00:05:46,020 ဒီအတွေ့အကြုံက ကျွန်မရဲ့ ယဉ်ကျေးမှုဆိုင်ရာ ထင်မြင်ချက်တွေကို 120 00:05:46,020 --> 00:05:48,414 ပုံသွင်းရာမှာ ဘယ်လိုအထောက်ကူပြုခဲ့ပုံနဲ့ 121 00:05:48,414 --> 00:05:50,808 ကျွန်မရဲ့ အတိတ်အတွေ့အကြုံက အခြားသူတွေအတွက် 122 00:05:50,808 --> 00:05:52,419 စိတ်ဒုက္ခတွေနည်းပါးစေဖို့ ရလာဒ်တွေအတွက် 123 00:05:52,419 --> 00:05:54,030 အပြောင်းအလဲတစ်ခုဆီ ဦးတည်ပေးနိူင်တယ် ဆိုတာကို 124 00:05:54,030 --> 00:05:57,184 ဘယ်လိုကျွန်မမျှော်လင့်တယ်ဆိုတာ ပြောပြချင်ပါတယ်။ 125 00:05:57,184 --> 00:06:00,338 ၁၉၉၈မှာ ကျွန်မရဲ့ ဂုဏ်သတင်းနဲ့ 126 00:06:00,338 --> 00:06:03,494 ဂုဏ်သိက္ခာဟာ ဆုံးရှုံးခဲ့ပါတယ်။ 127 00:06:03,494 --> 00:06:06,994 အားလုံးနီးပါး ဆုံးရှုံးခဲ့ရပါတယ်၊ 128 00:06:06,994 --> 00:06:10,105 ကျွန်မဘဝ ဆုံးလုနီးပါးပဲပေါ့။ 129 00:06:12,905 --> 00:06:15,299 ရှင်တို့ကို ပုံဖော်ပြပါရစေ။ 130 00:06:17,319 --> 00:06:20,866 ဒါက ၁၉၉၈ စက်တင်ဘာလကပါ။ 131 00:06:20,866 --> 00:06:22,782 ပြတင်းပေါက်မရှိတဲ့ ရုံးခန်းထဲမှာ ကျွန်မထိုင်နေတာပေါ့၊ 132 00:06:24,698 --> 00:06:26,616 ဒါက Independent Counsel ရုံးထဲမှာရှိပြီး 133 00:06:26,616 --> 00:06:31,051 လင်းထိန်နေတဲ့ မီးအလင်းတွေ အောက်မှာပေါ့။ 134 00:06:31,051 --> 00:06:33,574 ကျွန်မဟာ ကျွန်မရဲ့ စကားသံကို နားထောင်နေတာပေါ့၊ 135 00:06:33,574 --> 00:06:36,097 ဒိအရင်နှစ်က ကျွန်မရဲ့ မိတ်ဆွေဆိုသူ 136 00:06:36,097 --> 00:06:38,620 တစ်ယောက်က ဆက်ခဲ့တဲ့ ဖုန်းခေါ်သံတွေကို 137 00:06:38,620 --> 00:06:40,857 ခိုးကြောင်ခိုးဝှက်အသံသွင်း ထားတဲ့စကားသံတွေပါ။ 138 00:06:40,857 --> 00:06:43,094 ကျွန်မ ဒီမှာရှိနေရတဲ့ အကြောင်းက ဒီနာရီ ၂၀ ကျော်စာ 139 00:06:43,094 --> 00:06:45,794 အသံသွင်းထားတဲ့ စကားပြောခန်းကို 140 00:06:45,794 --> 00:06:48,494 ဥပဒေကြောင်းအရ ကျွန်မကိုယ်တိုင်ကိုယ်ကျ 141 00:06:48,494 --> 00:06:51,389 သက်သေခံဖို့ လိုအပ်တယ်ဆိုလို့ပါ။ 142 00:06:51,389 --> 00:06:54,284 လွန်ခဲ့တဲ့ ၈ လလုံးလုံး ဒီတိတ်ခွေတွေထဲမှာပါတဲ့ 143 00:06:54,284 --> 00:06:56,565 ပဟေဠိဆန်တဲ့ အကြောင်းတွေက 144 00:06:56,565 --> 00:06:58,846 ကျွန်မခေါင်းပေါ်ကို ဓားရှည်မိုးပြီး 145 00:06:58,846 --> 00:07:00,969 ခြိမ်းခြောက်နေသလိုပဲပေါ့။ 146 00:07:00,969 --> 00:07:03,092 ကျွန်မဆိုလိုတာက မနှစ်ကပြောခဲ့တာကို 147 00:07:03,092 --> 00:07:05,215 ဘယ်သူကများ မှတ်မိကြမှာလဲရှင်။ 148 00:07:05,215 --> 00:07:09,303 ထိတ်လန်၊ ရှက်ရွံ့ပြီး ကျွန်မ နားထောင်တယ်၊ 149 00:07:11,013 --> 00:07:13,817 တစ်နေ့တာ ဗူလိနတ်စပြောခဲ့တာတွေကို နားထောင်တယ်။ 150 00:07:13,817 --> 00:07:16,621 သမ္မတကြီးကို ကျွန်မ ချစ်နေပါတယ်လို့ 151 00:07:16,621 --> 00:07:19,426 ဝန်ခံတာကို ကျွန်မ နားထောင်တယ်။ 152 00:07:19,426 --> 00:07:22,805 ပြီးတော့ တကယ်ပါ၊ ကျွန်မရဲ့ရင်ကွဲနာပါပဲ၊ 153 00:07:22,805 --> 00:07:25,984 တစ်ခါတစ်လေ ကျွန်မ မလိုတမာဖြစ်တာ၊ ရိုင်းပြတာတွေ၊ တစ်ခါတစ်ခါ 154 00:07:25,984 --> 00:07:29,163 ကြမ်းကြုတ်ပြီး မိုက်မဲမိတာတွေ၊ သည်းမခံတတ်တာတွေ၊ 155 00:07:29,163 --> 00:07:32,342 ရိုင်းပြတာတွေကို နားထောင်ပါတယ်။ 156 00:07:33,262 --> 00:07:36,121 နင့်နင့်သီးသီး ရှက်စိတ်နဲ့ပဲ ကျွန်မကိုယ်တိုင်ရဲ့ 157 00:07:36,121 --> 00:07:38,805 အဆိုးဝါးဆုံး မူကွဲတစ်ခုကို နားထောင်ပါတယ်၊ 158 00:07:38,805 --> 00:07:42,089 ကျွန်မ ကိုယ်တိုင်တောင် မမှတ်မိတော့တဲ့ အတ္တရုပ်တစ်ခုပေါ့ရှင်။ 159 00:07:42,089 --> 00:07:45,373 ရက်အနည်းငယ်ကြာတော့ ကွန်ဂရက်မှာ 160 00:07:45,373 --> 00:07:48,172 Starr အစီရင်ခံစာ ထွက်လာတယ်။ 161 00:07:48,172 --> 00:07:50,971 အဲဒီတိတ်ခွေတွေရယ်၊ စာသားတွေရယ်၊ အဲဒီခိုးယူထားတဲ့ 162 00:07:50,971 --> 00:07:53,634 စကားလုံးတွေဟာ ဒါရဲ့ အစိတ်ပိုင်း တစ်ခုဖြစ်သွားတယ်။ 163 00:07:53,634 --> 00:07:56,297 စာသားတွေကိုဖတ်နိူင်တဲ့ အဲဒီလူတွေဟာ 164 00:07:56,297 --> 00:07:58,961 ကြောက်ဖို့ ကောင်းလောက်အောင်ပါပဲ၊ 165 00:07:58,961 --> 00:08:01,708 ဒါပေမဲ့ သီတင်းပတ်အနည်းငယ် အကြာမှာတော့ 166 00:08:01,708 --> 00:08:04,002 အသံတိတ်ခွေတွေကို တီဗွီမှာ လွင့်ပြီးတော့ 167 00:08:04,002 --> 00:08:06,296 တော်တော်များများ အစိတ်အပိုင်းကတော့ 168 00:08:06,296 --> 00:08:08,591 အွန်လိုင်းမှာတင်ကြတယ်။ 169 00:08:10,661 --> 00:08:15,245 လူသိရှင်ကြားအရှက်ခွဲခြင်း ကတော့ ဆိုးဝါးလွန်းလှပါတယ်၊ 170 00:08:15,245 --> 00:08:18,848 ဘဝဟာ မခံရပ်နိူင်သလောက် နီးပါးပါပဲရှင်။ 171 00:08:18,848 --> 00:08:22,451 ဒါဟာ ၁၉၉၈ ကာလကဆို 172 00:08:22,451 --> 00:08:26,054 သာမန်ဖြစ်ရိုးဖြစ်စဉ် မဟုတ်ပါဘူးရှင်။ 173 00:08:26,054 --> 00:08:31,836 ဒီနည်းနဲ့လူတွေရဲ့အတွင်းရေး စကားလုံးတွေ၊ လှုပ်ရှားမှုတွေ၊ 174 00:08:31,836 --> 00:08:34,459 စကားပြောတာတွေ၊ ဒါမှမဟုတ် ဓာတ်ပုံတွေကို 175 00:08:34,459 --> 00:08:37,038 ခိုးယူပြီး လူသိရှင်ကြား လုပ်တာကို ဆိုလိုတာပါ 176 00:08:37,038 --> 00:08:39,475 အများသဘောတူညီမှု 177 00:08:39,475 --> 00:08:41,937 အဆက်အစပ်ရှိမှု၊ 178 00:08:41,937 --> 00:08:44,531 စာနာမှုမရှိပဲနဲ့ လုပ်တာလေ။ 179 00:08:46,091 --> 00:08:49,181 ရှေ့ကို ၁၂ နှစ်တိုးလိုက်တဲ့ ၂၀၁၀ မှာ 180 00:08:49,181 --> 00:08:52,184 အခုအချိန်မှာ လူမှုရေးမီဒီယာတွေ မွေးဖွားလာပြီပေါ့။ 181 00:08:52,184 --> 00:08:55,187 မြင်ကွင်းဟာ ကျွန်မလိုဖြစ်ရပ်မျိုးတွေနဲ့ 182 00:08:55,187 --> 00:08:57,194 ပိုပိုများပြားပြီး ပြည့်ကျပ် လာတော့တာပေါ့။ 183 00:08:57,194 --> 00:08:59,201 တစ်ယောက်ယောက်က တကယ်တမ်း အမှားတစ်ခုကို 184 00:08:59,201 --> 00:09:01,774 လုပ်မိတာပဲဖြစ်ဖြစ်၊ မဖြစ်ဖြစ်ပေါ့၊ 185 00:09:01,774 --> 00:09:04,347 အခုတော့ဒါဟာ အများပြည်သူနဲ့ ဆိုင်တဲ့သူတွေ ဒါမှမှမဟုတ် 186 00:09:04,347 --> 00:09:06,847 အရပ်သားတွေ နှစ်ခုစလုံး အတွက်ပေါ့။ 187 00:09:06,847 --> 00:09:09,347 အကျိုးဆက်တွေဟာ တစ်ချို့တွေအတွက်တော့ 188 00:09:09,347 --> 00:09:11,849 သေမလောက်ပါပဲ၊ တကယ့်ကို သေမလောက်ပါပဲ။ 189 00:09:13,799 --> 00:09:16,347 ၂၀၁၀ စက်တင်ဘာတုန်းက 190 00:09:16,347 --> 00:09:19,064 အမေနဲ့ ကျွန်မ ဖုန်းပြောနေခဲ့တာပါ၊ 191 00:09:19,064 --> 00:09:20,921 Rutgers University က Tyler Clementi ဆိုတဲ့ 192 00:09:20,921 --> 00:09:23,713 ပထမနှစ်ကျောင်းသား 193 00:09:23,713 --> 00:09:25,743 လူငယ်လေးအကြောင်း ပြောနေခဲ့ကြတာပါ၊ 194 00:09:25,743 --> 00:09:27,773 နှစ်လိုဖွယ် စာနာစိတ်ရှိပြီး ထိုးထွင်းဉာဏ်ရှိတဲ့ 195 00:09:27,773 --> 00:09:29,804 Tyler ဟာ အခြားယောက်ျား တစ်ယောက်နဲ့ 196 00:09:29,804 --> 00:09:32,183 လက်ပွန်းတတီးနေနေတုန်း သူ့အခန်းဖော်ရဲ့ 197 00:09:32,183 --> 00:09:34,956 webcam နဲ့တိတ်တိတ်လေး ခိုးရိုက်တာကို ခံလိုက်ရတာပါ။ 198 00:09:36,826 --> 00:09:38,683 အွန်လိုင်းလောကသားတွေ ဒီဖြစ်ရပ်ကိုသိသွားချိန်မှာ 199 00:09:38,683 --> 00:09:40,540 ဒီလှောင်ပြောင်မှုနဲ့ ဆိုင်ဘာအနိူင်ကျင့်မှုဟာ 200 00:09:40,540 --> 00:09:42,399 စလောင်တော့တာပေါ့။ 201 00:09:44,079 --> 00:09:45,998 နောက် ရက်အနည်းငယ် အကြာမှာ 202 00:09:45,998 --> 00:09:49,714 Tyler ဟာ George Washington Bridge ကနေခုန်ချပြီး 203 00:09:49,714 --> 00:09:51,247 သူ့ဘဝကို အဆုံးစီရင်သွားခဲ့တယ်၊ 204 00:09:51,247 --> 00:09:54,280 သူ့အသက်က ၁၈ နှစ်ပါ။ 205 00:09:54,280 --> 00:09:57,313 Tyler နဲ့ သူ့မိသားစု ဖြစ်ပျက်တာနဲ့ပတ်သက်ပြီး 206 00:09:57,313 --> 00:10:00,347 အမေဟာ စိတ်မထိန်းနိူင် ဖြစ်ခဲ့ပါတယ်။ 207 00:10:00,347 --> 00:10:02,902 ပြီးတော့ ကျွန်မလုံးလုံး နားမလည်နိူင်ခဲ့တဲ့ 208 00:10:02,902 --> 00:10:06,570 နာကျင်မှုမျိုးနဲ့ ထိခိုက်နာကျင်ခဲ့တာပေါ့။ 209 00:10:06,570 --> 00:10:08,940 ဒါနဲ့ နောက်ဆုံး ၁၉၉၈ မှာတော့ သူမဟာ စိတ်သက်သာရာရခဲ့တယ် 210 00:10:08,940 --> 00:10:11,278 ဆိုတာ ကျွန်မ သဘောပေါက်ခဲ့ပါတယ်။ 211 00:10:11,278 --> 00:10:13,616 ညစဉ် ကျွန်မအိပ်ရာ ဘေးမှာထိုင်နေတဲ့ 212 00:10:13,616 --> 00:10:17,343 အချိန်ဟာ စိတ်သက်သာရာရခဲ့တာပေါ့၊ 213 00:10:17,343 --> 00:10:21,070 ရေချိုးခန်းတံခါးဖွင့်ပြီး ကျွန်မကိုရေချိုးခိုင်းတဲ့ 214 00:10:21,070 --> 00:10:24,797 အချိန်ဟာ စိတ်သက်သာရာရချိန်ပေါ့၊ 215 00:10:24,797 --> 00:10:28,907 တည့်တည့်ပြောရရင် မိဘနှစ်ပါးစလုံးကကျွန်မ 216 00:10:28,907 --> 00:10:31,857 အရှက်တကွဲဖြစ်ပြီး သေသွားမှာ ကြောက်နေတဲ့ အချိန်ဟာ 217 00:10:31,857 --> 00:10:34,333 စိတ်သက်သာရာရချိန်ပေါ့။ 218 00:10:34,333 --> 00:10:36,809 ဒီနေ့မှာ များပြားလွန်းတဲ့မိဘတွေဟာ 219 00:10:36,809 --> 00:10:39,286 သူတို့ရဲ့ ရင်နှစ်သည်းချာလေးတွေ အတွက် 220 00:10:39,286 --> 00:10:41,793 ကြားဝင်ပြီး ကယ်တင်ဖို့ အခွင့်အလမ်းမရှိရှာကြပါဘူး။ 221 00:10:41,793 --> 00:10:44,300 အတော်များများတို့ဟာ အရမ်းကြီးကို 222 00:10:44,300 --> 00:10:46,809 နောက်ကျပြီးမှ သူတို့ရင်သွေးရဲ့ 223 00:10:46,809 --> 00:10:49,386 ဆင်းရဲဒုက္ခတွေ၊ အရှက်တကွဲဖြစ်တာတွေကို သိရှိကြရတာပါ။ 224 00:10:49,386 --> 00:10:51,963 Tyler ရဲ့ ဝမ်းနည်းဖွယ်၊ အသိတရားမဲ့တဲ့ သေခြင်းဟာ 225 00:10:51,963 --> 00:10:54,541 ကျွန်မအတွက် အလှည့်အပြောင်း တစ်ခုဖြစ်ခဲ့ပါတယ်။ 226 00:10:54,541 --> 00:10:57,319 ဒါက ကျွန်မအတွေ့အကြုံတွေကို ပြန်လည် ဆက်စပ်စဉ်းစားမိစေပြီး၊ 227 00:10:57,319 --> 00:11:00,097 ကျွန်မပတ်ဝန်းကျင်က အရှက်တကွဲဖြစ်ခြင်းနဲ့ 228 00:11:00,097 --> 00:11:02,877 အနိူင်ကျင့်ခြင်းတွေရဲ့ လောကကို စကြည့်မိသွားတော့ 229 00:11:02,877 --> 00:11:05,779 မတူတာ တစ်ခုခုကို တွေ့မြင်စေပါတယ်။ 230 00:11:05,779 --> 00:11:08,681 ၁၉၉၈ တုန်းက အင်တာနက်လို့ခေါ်တဲ့ 231 00:11:08,681 --> 00:11:10,538 အံ့ဖွယ် နည်းပညာသစ်က ကျွန်မတို့ကို 232 00:11:10,538 --> 00:11:12,395 ဘယ်ကို ခေါ်သွားလိမ့်မလဲ ဆိုတာကိုသိရှိဖို့ 233 00:11:12,395 --> 00:11:14,417 နည်းလမ်းမရှိခဲ့ပါဘူး။ 234 00:11:14,417 --> 00:11:16,439 အဲဒီတုန်းကတည်း လူတွေကို စဉ်းစားလို့မရနိူင်တဲ့ 235 00:11:16,439 --> 00:11:18,462 နည်းလမ်းတွေနဲ့ ဆက်သွယ်ပေးခဲ့တယ်၊ 236 00:11:18,462 --> 00:11:20,458 ပျောက်ဆုံးနေတဲ့ မောင်နှမချင်းတွေကို ဆက်သွယ်ပေးရင်း၊ 237 00:11:20,458 --> 00:11:22,454 အသက်တွေကို ကယ်တင်ရင်း၊ 238 00:11:22,454 --> 00:11:24,450 ပြောင်းလဲခြင်းတွေကို အစပျိုးပေးရင်းပေါ့လေ၊ 239 00:11:24,450 --> 00:11:26,901 ဒါပေမဲ့ စိတ်ပျက်စရာက ဆိုက်ဘာ အနိူင်ကျင့်မှု၊ ပြီးတော့ 240 00:11:26,901 --> 00:11:29,352 ကျွန်မကြုံတွေ့ခဲ့တဲ့ မိန်းမပျက်ဖြစ်အောင် 241 00:11:29,352 --> 00:11:31,805 အသရေဖျက်ခြင်းတို့က မှိုလိုပေါက်လာခဲ့တယ်လေ။ 242 00:11:33,145 --> 00:11:35,687 နေ့တိုင်း အွန်လိုင်းမှာ လူတွေဟာ အထူးသဖြင့်တော့ 243 00:11:35,687 --> 00:11:38,229 ဒါကို ကိုင်တွယ်ဖို့ စိတ်ဓာတ်ပိုင်းအရ 244 00:11:38,229 --> 00:11:39,920 ပြည့်ပြည့်ဝဝ အဆင်သင့်မဖြစ်သေးတဲ့ 245 00:11:39,920 --> 00:11:41,611 လူငယ်တွေဟာ နောက်တစ်နေ့မှာ 246 00:11:41,611 --> 00:11:43,072 သူတို့ဘယ်လို ရှင်သန်နေထိုင်ဖို့ 247 00:11:43,072 --> 00:11:44,533 စဉ်းစား မရနိူင်လောက်အောင်ကို 248 00:11:44,533 --> 00:11:45,996 မတရားပြုခံ၊ အရှက်ခွဲခံနေကြရတယ်။ 249 00:11:45,996 --> 00:11:49,145 တစ်ချို့ စိတ်မကောင်းဖွယ်ရာပဲ အသက်ရှင်မကျန်ခဲ့ကြပါဘူး၊ 250 00:11:49,145 --> 00:11:52,639 ဒါနဲ့တူတာ ဘာရှိဦးမလဲရှင်။ 251 00:11:52,639 --> 00:11:56,133 U.K က ပြဿနာအရပ်ရပ်မှာ လူငယ်တွေကို 252 00:11:56,133 --> 00:11:59,628 ကူညီဖို့ ရည်မှန်းချက်ထားတဲ့ 253 00:11:59,628 --> 00:12:02,062 ChildLine ဆိုတဲ့ ကိုယ်ကျိုးမဖက် အဖွဲ့အစည်းကနေ 254 00:12:02,062 --> 00:12:04,496 အံ့ဩစရာကောင်းလောက်တဲ့ 255 00:12:04,496 --> 00:12:06,398 ကိန်းဂဏန်းတွေကို မနှစ်ကထုတ်ပြန်ခဲ့တယ်။ 256 00:12:06,398 --> 00:12:08,300 ၂၀၁၂ ကနေ ၂၀၁၃ ခုနှစ်အတွင်း 257 00:12:08,300 --> 00:12:10,560 ဆိုက်ဘာအနိူင်ကျင့်ခြင်း နဲ့ဆိုင်တဲ့ 258 00:12:10,560 --> 00:12:12,820 ခေါ်ဆိုမှုတွေ၊ အီးမေးလ်တွေဟာ ၈၇ ရာခိုင်နှုန်း 259 00:12:12,820 --> 00:12:15,080 အထိမြင့်တက်ခဲ့တယ်တဲ့လေ။ 260 00:12:15,080 --> 00:12:17,262 Netherlands ကလာတဲ့ ကိန်းဂဏန်း စီစစ်လေ့လာချက်က 261 00:12:17,262 --> 00:12:19,607 ပထမဆုံး အကြိမ်အနေနဲ့ ပြဆိုတာက 262 00:12:19,607 --> 00:12:21,952 ဆိုက်ဘာအနိုင်ကျင့်ခြင်းဟာ အွန်လိုင်းမဟုတ်တဲ့ 263 00:12:21,952 --> 00:12:24,034 အနိုင်ကျင့်မှုထက် မိမိကိုယ်ကို သေကြောင်းကြံခြင်းဆိုင်ရာ 264 00:12:24,034 --> 00:12:26,116 စိတ်ကူးပေါက်မှုတွေကို ဦးတည်စေခဲ့တာ 265 00:12:26,116 --> 00:12:28,064 သိသိသာသာကြီး ပိုများနေပါတယ်။ 266 00:12:28,064 --> 00:12:30,012 ကျွန်မကို လန့်သွားစေတာကတော့ အားလုံးသိကြပါတယ် 267 00:12:30,012 --> 00:12:31,960 ဒါဟာမဖြစ်သင့်ခဲ့ပေမဲ့ မနှစ်တုန်းက 268 00:12:31,960 --> 00:12:34,271 အခြားသုသေသနတစ်ခုက အရှက်တကွဲဖြစ်ခြင်းဟာ 269 00:12:34,271 --> 00:12:36,582 အခြားသောစိတ်ခံစားမှုတွေ ဖြစ်တဲ့ ပျော်ရွှင်ခြင်း 270 00:12:36,582 --> 00:12:38,706 ဒါမှမဟုတ် ဒေါသဖြစ်ခြင်း ဆိုတာတို့ထက်တောင်မှ 271 00:12:38,706 --> 00:12:40,830 အများကြီး ပိုပြီးပြင်းပြင်းထန်ထန် ခံစားရတယ်လို့ 272 00:12:40,830 --> 00:12:42,955 အခိုင်အမာ ဆိုထားတာပါ။ 273 00:12:44,305 --> 00:12:47,493 သူတစ်ပါးကို ရက်စက်တယ်ဆိုတာဟာ အသစ်အဆန်းမဟုတ်ပါဘူး။ 274 00:12:47,493 --> 00:12:50,681 ဒါပေမဲ့ အွန်လိုင်းမှာကျတော့ နည်းပညာအရ ပံ့ပိုးထားတဲ့ 275 00:12:50,681 --> 00:12:53,870 အရှက်ရခြင်းဟာ ချဲ့ကားကာ 276 00:12:53,870 --> 00:12:57,539 မထိန်းချုပ်နိူင်ပဲ အမြဲတမ်းကို ဝင်ခွင့်ရနေတယ်လေ။ 277 00:12:57,539 --> 00:13:01,208 အရှက်တကွဲဖြစ်ခြင်းရဲ့ ပဲ့တင်သံဟာ 278 00:13:01,208 --> 00:13:04,877 ရှင်တို့ရဲ့ မိသားစု၊ ကျေးရွာ၊ 279 00:13:04,877 --> 00:13:07,221 ဒါမှမဟုတ် ကျောင်းရပ်ကွက် အထိကို ရောက်ရှိနေခဲ့တယ်လေ၊ 280 00:13:07,221 --> 00:13:11,099 ဒါပေမဲ့ အခုကျတော့ အွန်လိုင်းအဖွဲ့ဆီကိုရောလေ။ 281 00:13:11,099 --> 00:13:13,941 သန်းနဲ့ချီတဲ့လူတွေကနေပြီး ဘယ်သူဘယ်ဝါမသိပဲနဲ့ 282 00:13:13,941 --> 00:13:17,934 စကားလုံးတွေနဲ့ လူကို ထိုးနှက်နိူင်တယ်လေ၊ 283 00:13:17,934 --> 00:13:21,070 ကိုယ့်နားမှာ ဘယ်နှစ်ယောက်လောက်ကများ 284 00:13:21,070 --> 00:13:23,158 လူကြားသူကြားမှာစောင့်ကြည့် နိူင်ပြီး လူမြင်းကွင်းထဲ 285 00:13:23,158 --> 00:13:25,500 ကိုယ်ကိုထည့်ထားနိူင်တယ်ဆိုတဲ့ အတိုင်းအတာတွေမရှိဘူးလေ။ 286 00:13:25,500 --> 00:13:27,842 ဒါက လူသိရှင်ကြား အရှက်တကွဲဖြစ်ခြင်းရဲ့ 287 00:13:27,842 --> 00:13:30,186 တကယ့်ကို ကိုယ်ပိုင်ပေးဆပ်လိုက်ရခြင်းပါ။ 288 00:13:30,186 --> 00:13:32,300 ပြီးတော့ အင်တာနက်ရဲ့ ကြီးထွားလာမှုက 289 00:13:33,130 --> 00:13:38,901 ဒီတန်ဘိုးကို မြှင့်ပေးလိုက်တယ်လေ။ 290 00:13:39,841 --> 00:13:42,022 အခုဆို ဆယ်စုနှစ် ၂ ခုကြာကြာ 291 00:13:42,022 --> 00:13:44,203 ကျွန်မတို့ဟာ ယဉ်ကျေးမှု မြေဆီလွာပေါ်မှာ 292 00:13:44,203 --> 00:13:46,871 အွန်လိုင်းရော၊ အွန်လိုင်းမဟုတ်တာရောမှာ 293 00:13:46,871 --> 00:13:49,539 အရှက်နဲ့ လူသိရှင်ကြား အရှက်ခွဲခြင်း 294 00:13:49,539 --> 00:13:52,061 မျိုးစေ့တွေကို ပျိုးနေကြတာပါ။ 295 00:13:52,061 --> 00:13:54,583 အတင်းအဖျင်း ဝက်ဘ်ဆိုဒ်တွေ၊ ပါပါရာဇီတွေ၊ 296 00:13:54,583 --> 00:13:57,369 ဖြစ်ရပ်မှန် အစီအစဉ်တွေ၊ နိူင်ငံရေးတွေ၊ 297 00:13:57,369 --> 00:14:00,155 သတင်းဌာနတွေနဲ့ တစ်ခါတစ်လေ အချက်အလက် ခိုးယူသူတွေ 298 00:14:00,155 --> 00:14:02,489 အားလုံးဟာ အရှက်ကို တရားမဝင် ကုန်ကူးနေကြတာပေါ့။ 299 00:14:02,489 --> 00:14:04,823 ဒါက ၎င်းကိုယ်၌က ပိုက်စိပ်တိုက်ရှာခြင်း၊ 300 00:14:04,823 --> 00:14:07,722 တစ်ကိုယ်ရေ လွတ်လပ်မှုကို ထိပါးခြင်း၊ 301 00:14:07,722 --> 00:14:10,621 ဆိုက်ဘာအနိုင်ကျင့်ခြင်းတွေကို အားဖြည့်ပေးတဲ့ အွန်လိုင်းမှာ 302 00:14:10,621 --> 00:14:13,521 စာနာမှုကင်း၊ အထိန်းအချုပ်ကင်းတဲ့ ဝန်းကျင်ဆီကို ဦးတည်စေပါတယ်။ 303 00:14:13,521 --> 00:14:16,044 ဒီအပြောင်းအလဲက Professor Nicolaus Mills ခေါ်တဲ့ 304 00:14:16,044 --> 00:14:18,567 အရှက်တကွဲဖြစ်ခြင်း ယဉ်ကျေးမှု 305 00:14:18,567 --> 00:14:21,134 တစ်ခုကို ဖန်တီးလိုက်တာပါ။ 306 00:14:21,134 --> 00:14:23,701 လွန်ခဲ့တဲ့၆လကာလလောက်ကပဲ ထင်ရှားတဲ့ 307 00:14:23,701 --> 00:14:26,251 ဥပမာတွေကိုပဲ စဉ်းစားကြည့်လိုက်ပါဦး။ 308 00:14:26,251 --> 00:14:28,801 Snapchat ဆိုတဲ့ ငယ်ရွယ်တဲ့ မျိုးဆက်တွေ 309 00:14:28,801 --> 00:14:30,550 အဓိကအသုံးပြုကြတဲ့ ဝန်ဆောင်မှုမှာ 310 00:14:30,550 --> 00:14:32,299 ၎င်းရဲ့ သတင်းတိုတွေဟာ စက္ကန့်အနည်းငယ် 311 00:14:32,299 --> 00:14:34,048 သက်တမ်းလောက်ပဲရှိတယ်လို့ 312 00:14:34,048 --> 00:14:35,752 အခိုင်အမာ ဆိုထားပါတယ်။ 313 00:14:35,752 --> 00:14:37,456 ဒါကရရှိတဲ့ ပါဝင်မှုအမျိုးမျိုးကို 314 00:14:37,456 --> 00:14:39,161 မြင်ယောင်ကြည့်လို့ရပါတယ်။ 315 00:14:39,161 --> 00:14:41,436 Snapchatters ကအသုံးပြုတဲ့ အရံလုပ်ဆောင်ချက် တစ်ခုဟာ 316 00:14:41,436 --> 00:14:43,711 ခိုးယူထားတဲ့ သတင်းတိုတွေရဲ့ 317 00:14:43,711 --> 00:14:46,753 သက်တမ်းကို သိမ်းဆည်းထားဖို့ဖြစ်ပြီး 318 00:14:46,753 --> 00:14:49,795 ကိုယ်ရေးကိုယ်တာ စကားပြောဆိုခြင်းတွေ၊ ဓာတ်ပုံတွေနဲ့ 319 00:14:49,795 --> 00:14:52,228 ဗွီဒီယိုတစ်သိန်းဟာ ပေါက်ကြားသွားပြီး 320 00:14:52,228 --> 00:14:54,661 အခုတော့ အွန်လိုင်းမှာ ထာဝရ သက်တမ်း 321 00:14:54,661 --> 00:14:56,857 တစ်ခုရှိသွားပါတော့တယ်။ 322 00:14:56,857 --> 00:14:59,053 Jennifer Lawrence နဲ့ အခြားများစွာသော 323 00:14:59,053 --> 00:15:01,101 သရုပ်ဆောင်တွေဟာ သူတို့ရဲ့ iCloud အကောင့်အခိုးခံရပြီး 324 00:15:01,101 --> 00:15:03,149 သူတို့ရဲ့ တစ်ကိုယ်ရေ၊ အတွင်းကျကျ ဝတ်လစ်စလစ်ပုံတွေဟာ 325 00:15:03,149 --> 00:15:05,198 သူတို့ခွင့်ပြုချက်မပါပဲနဲ့ အင်တာနက်ပေါ်မှာ 326 00:15:05,198 --> 00:15:07,080 လူသိရှင်ကြား ပြသခံလိုက်ရတယ်လေ။ 327 00:15:07,080 --> 00:15:11,212 အတင်းအဖျင်း ဝက်ဘ်ဆိုဒ်တစ်ခုမှာ ဒီဇာတ်လမ်းကို တစ်နေ့မှာ 328 00:15:11,212 --> 00:15:13,787 အကြိမ် ၅ သန်းကျော် ကြည့်ကြတယ်လေ။ 329 00:15:15,027 --> 00:15:18,526 ပြီးတော့ Sony Pictures ဆိုက်ဘာ ခိုးယူမှုကျတော့ရော။ 330 00:15:18,526 --> 00:15:21,537 အများဆုံးအာရုံစိုက်ခံရတဲ့ စာရွက်စာတမ်းတွေဟာ 331 00:15:21,537 --> 00:15:24,548 လူတောသူတောထဲမှာ အရှက်ရမှု တန်ဖိုးအများဆုံးက 332 00:15:24,548 --> 00:15:27,559 ကိုယ်ရေးကိုယ်တာ အီးမေးလ်တွေပဲလေ။ 333 00:15:27,559 --> 00:15:30,005 ဒါပေမဲ့ အရှက်တကွဲဖြစ်ခြင်း ယဉ်ကျေးမှုမှာတော့ 334 00:15:30,005 --> 00:15:32,451 လူသိရှင်ကြား အရှက်ရခြင်းကို နောက်ထပ် တန်ဖိုးကတ်ပြား 335 00:15:32,451 --> 00:15:34,899 တစ်ခု တွဲချိတ်ထားပါတယ်။ 336 00:15:35,639 --> 00:15:38,797 တန်ဖိုးဟာ ခံရသူဖြစ်တဲ့ Tyler နဲ့ အခြားသော များပြားလှတဲ့ 337 00:15:38,797 --> 00:15:41,050 အထူးသဖြင့် အမျိုးသမီးတွေ၊ လူနည်းစုဝင်တွေ၊ 338 00:15:41,050 --> 00:15:43,024 လိင်အင်္ဂါပြောင်းလဲသူ အဖွဲ့ဝင်တွေ 339 00:15:43,024 --> 00:15:45,935 ပေးဆပ်လိုက်ရတာနဲ့ပဲ တိုင်းတာတာ မဟုတ်ပဲ 340 00:15:45,935 --> 00:15:48,846 သူတို့တွေကိုအနိုင်ကျင့် အမြတ်ထုတ်တဲ့ လူတွေရဲ့ 341 00:15:48,846 --> 00:15:51,541 အကျိုးအမြတ်ကိုပါ တိုင်းတာတာပါ။ 342 00:15:51,541 --> 00:15:54,236 ဒီအခြားသူတွေရဲ့ပိုင်နက်ကို ကျူးကျော်ခြင်းဟာ 343 00:15:54,236 --> 00:15:57,131 ကျွမ်းကျွမ်းကျင်ကျင်နဲ့၊ 344 00:15:57,131 --> 00:16:00,026 ရက်ရက်စက်စက်ကို တူးဖော်၊ ထုတ်ပိုးပြီး 345 00:16:00,026 --> 00:16:02,918 အမြတ်တင် ရောင်းချတဲ့ ကုန်ကြမ်းတစ်ခုပါ 346 00:16:02,918 --> 00:16:05,810 လူသိရှင်ကြားအရှက်ကွဲ ရခြင်းဟာ ကုန်ပစ္စည်းတစ်ခု ဖြစ်ပြီး 347 00:16:05,810 --> 00:16:08,703 အရှက်တရားဟာ လုပ်ငန်းတစ်ခု ဖြစ်တဲ့နေရာမှာ 348 00:16:08,703 --> 00:16:12,047 စျေးကွက်တစ်ခု ပေါ်လာတော့တာပဲလေ။ 349 00:16:12,047 --> 00:16:15,739 ပိုက်ဆံဘယ်လိုရှာလိုက်လဲ၊ 350 00:16:15,739 --> 00:16:17,573 ကလစ်နှိပ်လိုက်တာပေါ့၊ 351 00:16:17,573 --> 00:16:20,104 ပိုရှက်စရာဆိုရင် ကလစ်ချက်ပိုများလေပေါ့၊ 352 00:16:20,104 --> 00:16:23,958 ကလစ်ချက်ပိုများလေ ကြော်ငြာခ ဒေါ်လာပိုရလေပေါ့။ 353 00:16:25,428 --> 00:16:27,633 ကျွန်မတို့ဟာ အန္တရာယ်စက်ဝန်းတစ်ခုထဲမှာပါ၊ 354 00:16:27,633 --> 00:16:29,848 ဒီလိုအတင်းအဖျင်းကို ပိုနှိပ်လေ၊ 355 00:16:29,848 --> 00:16:32,063 ဒါရဲ့နောက်ကွယ်က လူသားတွေရဲ့ဘဝတွေကို 356 00:16:32,063 --> 00:16:34,620 ကျွန်မတို့ပိုခံစားမှု မဲ့လာကြတာပေါ့ 357 00:16:34,620 --> 00:16:37,177 ကျွန်မတို့ပိုပိုခံစားမှုမဲ့လာလေ 358 00:16:37,177 --> 00:16:39,735 ပိုကလစ်နှိပ်လေပေါ့။ 359 00:16:39,735 --> 00:16:42,658 အဲဒီတစ်ချိန်လုံးမှာပဲ တစ်ယောက်ယောက်က အခြားတစ်ယောက်ရဲ့ 360 00:16:42,658 --> 00:16:44,996 ဒုက္ခတွေရဲ့နောက်ကနေ ပိုက်ဆံ ရှာနေတော့တာပေါ့၊ 361 00:16:44,996 --> 00:16:47,334 ကလစ်ချက်တိုင်းမှာ ကျွန်မတို့တွေဟာ 362 00:16:47,334 --> 00:16:49,251 ရွေးချယ်မှုတစ်ခု လုပ်နေကြတာပါ။ 363 00:16:49,251 --> 00:16:51,168 ကျွန်မတို့ယဉ်ကျေးမှုဟာ လူကြား 364 00:16:51,168 --> 00:16:53,086 သူကြား အရှက်ရခြင်းတွေနဲ့ 365 00:16:53,086 --> 00:16:54,773 တင်းကျမ်းပြည့်လေလေ၊ ဒါကို ပိုလက်ခံရလေလေ ဖြစ်ပြီး 366 00:16:54,773 --> 00:16:56,460 ဆိုက်ဘာအနိုင်ကျင့်မှု၊ ပိုက်စိပ်တိုက်ရှာမှု၊ 367 00:16:56,460 --> 00:16:58,148 တစ်ချိုသော အချက်အလက် ခိုးယူမှုပုံစံတွေနဲ့ 368 00:16:58,148 --> 00:17:00,795 အွန်လိုင်းနှောက်ယှက်မှုတွေလိုမျိုး 369 00:17:00,795 --> 00:17:04,339 အပြုအမူတွေ ပိုတွေ့ရလေလေဖြစ်မှာပါ။ 370 00:17:04,339 --> 00:17:07,883 ဘာဖြစ်လို့ပါလဲ၊ အကြောင်းက သူတို့အားလုံးရဲ့အူတိုင်တွေမှာ 371 00:17:07,883 --> 00:17:10,497 အရှက်တကွဲ ဖြစ်ခြင်းဟာ ရှိနေတာမို့လို့ပါ။ 372 00:17:10,497 --> 00:17:13,111 ဒီအပြုအမူဟာ ကျွန်မတို့ ဖန်တီးလိုက်တဲ့ 373 00:17:13,111 --> 00:17:15,725 ယဉ်ကျေးမှုရဲ့ လက္ခဏာတစ်ခုပါ။ 374 00:17:15,725 --> 00:17:18,031 ဒါကို စဉ်းစားပဲကြည့်လိုက်ပါတော့။ 375 00:17:18,031 --> 00:17:20,337 အပြုအမူ ပြောင်းလဲခြင်းဟာ ယုံကြည်မှုတွေ 376 00:17:20,337 --> 00:17:22,274 ဆင့်ကဲ ပြောင်းလဲလာခြင်းနဲ့ အစပြုပါတယ်၊ 377 00:17:22,274 --> 00:17:24,211 လူမျိုးခွဲခြားမှု၊ လိင်တူဆက်ဆံခြင်းကို ခွဲခြားမနှစ်မြို့မှုနဲ့ 378 00:17:24,211 --> 00:17:26,174 အခြားသော ဘက်လိုက်မှု အမြောက်အမြား နဲ့ပတ်သက်ပြီး 379 00:17:26,174 --> 00:17:28,137 မှန်ကန်တယ်ဆိုတာ ယနေ့ခေတ်ရော အတိတ်ကပါ 380 00:17:28,137 --> 00:17:30,114 ကျွန်မတို့ တွေ့မြင်ပြီးကြပါပြီ။ 381 00:17:30,114 --> 00:17:32,091 လိင်တူခြင်း လက်ထပ်ခြင်းနဲ့ပတ်သက်ပြီး 382 00:17:32,091 --> 00:17:34,244 ယုံကြည်မှုတွေ ပြောင်းလာတာနဲ့အမျှ 383 00:17:34,244 --> 00:17:36,397 လူတွေဟာ တူညီတဲ့ လွပ်လပ်ခြင်းတွေ 384 00:17:36,397 --> 00:17:37,842 ပိုပြီး အပ်နှင်းခံလာရပါတယ်။ 385 00:17:39,287 --> 00:17:40,733 တည်တံ့နိူင်မှုကို တန်ဖိုးထားတာကို အစပြုလိုက်တဲ့အခါ 386 00:17:40,733 --> 00:17:42,807 ပိုများတဲ့လူတွေက ထပ်တလဲလဲ သုံးခြင်းကို အစပြုလာတာပေါ့။ 387 00:17:42,807 --> 00:17:44,881 ဒီတော့ ကျွန်မတို့ရဲ့ အရှက်တကွဲဖြစ်ခြင်း 388 00:17:44,881 --> 00:17:46,956 ယဉ်ကျေးမှု ဆက်သွားနေသရွေ့ 389 00:17:46,956 --> 00:17:49,478 ကျွန်မတို့ လိုအပ်တာက ယဉ်ကျေးမှု တော်လှန်ရေးတစ်ခုပါ။ 390 00:17:49,478 --> 00:17:52,000 လူသိရှင်ကြားဖြစ်အောင်အရှက် ခွဲခြင်းဟာ တိရိစ္ဆာန်တွေကို 391 00:17:52,000 --> 00:17:54,467 အပျော်သတ်ဖြတ်နေတာလိုပဲ ရပ်တန့်ပစ်ဖို့လိုပါတယ်၊ 392 00:17:54,467 --> 00:17:56,934 ပြီးတော့ အင်တာနက်ပေါ်မှာနဲ့ ကျွန်မတို့ရဲ့ 393 00:17:56,934 --> 00:17:58,981 ယဉ်ကျေးမှုထဲမှာ ဖြန်ဖြေမှုတစ်ခုလုပ်ဖို့ အချိန်ရောက်ပါပြီ။ 394 00:17:58,981 --> 00:18:01,028 ပြောင်းလဲမှုက ရိုးရှင်းတာလေးနဲ့ အစပြုပါတယ်၊ 395 00:18:01,028 --> 00:18:04,276 လွယ်တော့ မလွယ်ဘူးပေါ့နော်။ 396 00:18:04,276 --> 00:18:07,524 ကျွန်မတို့ အရှည်သဖြင့် စွဲကိုင်လာခဲ့တဲ့ သနားကရုဏာဆီကို 397 00:18:07,524 --> 00:18:10,772 ပြန်သွားဖို့လိုတယ်၊ သနားကရုဏာနဲ့ မျှဝေခံစားခြင်းပေါ့လေ။ 398 00:18:10,772 --> 00:18:13,959 အွန်လိုင်းမှာက သနားကရုဏာ ပြတ်လပ်ပြီး၊ 399 00:18:13,959 --> 00:18:16,021 မျှဝေခံစားမှုက ကပ်ဆိုက်နေတယ်လေ။ 400 00:18:17,091 --> 00:18:19,584 သုသတသီ Brené Brown ပြောတာကို ကိုးကားရရင် 401 00:18:19,584 --> 00:18:22,077 အရှက်ရခြင်းဟာ မျှဝေခံစားခြင်းကို 402 00:18:22,077 --> 00:18:24,389 အသက်ဆက်မပေးနိုင်ဘူး" တဲ့လေ။ 403 00:18:24,389 --> 00:18:26,701 အရှက်ရခြင်းဟာ မျှဝေခံစားခြင်းကို 404 00:18:26,701 --> 00:18:29,015 အသက်ဆက်မပေးနိုင်ပါဘူး။ 405 00:18:30,515 --> 00:18:33,742 ကျွန်မဘဝမှာ အမှောင်ကျတဲ့ နေ့တွေကို ကျွန်မကြုံဖူးပါတယ်။ 406 00:18:33,742 --> 00:18:36,969 ကျွန်မကို ကယ်တင်ပေးခဲ့တာက ကျွန်မရဲ့ 407 00:18:36,969 --> 00:18:40,197 မိသားစု၊ မိတ်ဆွေတွေ၊ ပညာရှင်တွေနဲ့ 408 00:18:40,197 --> 00:18:43,174 တစ်ခါတစ်လေ သူစိမ်းတစ်ရံစံတွေ တောင်မှပဲလေ။ 409 00:18:43,174 --> 00:18:46,151 လူတစ်ယောက်ဆီက မျှေဝခံစားခြင်းကတောင် 410 00:18:46,151 --> 00:18:49,128 အပြောင်းအလဲတစ်ခု လုပ်ပေးနိူင်ပါတယ်။ 411 00:18:50,318 --> 00:18:52,991 လူမှုရေးစိတ်ပညာရှင် Serge Moscovici အဆိုပြုထားတဲ့ 412 00:18:52,991 --> 00:18:56,195 အသေးစား သက်ရောက်မှု သီအိုရီမှာ ပြောတာက 413 00:18:56,195 --> 00:18:58,981 "နည်းပါးတဲ့အရေအတွက်တောင်မှ 414 00:18:58,981 --> 00:19:01,233 ကြာလာတော့ တသမတ်တည်းဖြစ်တဲ့အခါ 415 00:19:01,233 --> 00:19:03,175 အပြောင်းအလဲဖြစ်ပေါ်နိုင်စေတယ်"တဲ့။ 416 00:19:03,175 --> 00:19:05,117 အွန်လိုင်းလောကထဲမှာ ကျွန်မတို့ဟာ တော်တည့် 417 00:19:05,117 --> 00:19:07,061 ဖြောင့်မတ်သူတွေဖြစ်လာခြင်းကနေ 418 00:19:07,061 --> 00:19:08,428 အသေးစား သက်ရောက်မှုကို တိုးမြှင့်ပေနိုင်ပါတယ်။ 419 00:19:08,428 --> 00:19:09,795 တော်တည့်ဖြေင့်မှန်သူ ဖြစ်လာရေးဆိုတာဟာ 420 00:19:09,795 --> 00:19:10,934 ဘေးကထိုင်ကြည့်သူ စိတ်မဝင်စားမှု ဆိုတာထက် 421 00:19:10,934 --> 00:19:12,073 တစ်ယောက်ယောက်အတွက် အပြုသဘောမှတ်ချက် 422 00:19:12,073 --> 00:19:14,199 တစ်ခုတင်ပေးနိုင်တာ ဒါမှမဟုတ် 423 00:19:14,199 --> 00:19:16,325 အနိုင်ကျင့်တဲ့အခြေအနေတစ်ခုကို 424 00:19:16,325 --> 00:19:18,418 အကြောင်းကြားပေးနိုင်တာကို ဆိုလိုတာပါ။ 425 00:19:18,418 --> 00:19:20,511 ကျွန်မပြောတာကိုယုံပါ၊ စာနာမှုပါတဲ့ မှတ်ချက်တွေဟာ 426 00:19:20,511 --> 00:19:22,738 အနုတ်သဘောဆောင်မှုကို လျော့စဲဖို့ အထောက်အကူပေးပါတယ်။ 427 00:19:22,738 --> 00:19:24,965 ဒီအကြောင်းအချက်မျိုးတွေကို ဖြေရှင်းတဲ့ 428 00:19:24,965 --> 00:19:27,193 အဖွဲ့အစည်းတွေကို ထောက်ခံခြင်းနည်းနဲ့ 429 00:19:27,193 --> 00:19:29,469 ဒီယဉ်ကျေးမှုကို တိုက်ဖျက်နိူင်ပါတယ်၊ 430 00:19:29,469 --> 00:19:32,277 U.S မှာရှိတဲ့ Tyler Clementi Foundation 431 00:19:32,277 --> 00:19:35,088 U.K က Anti-Bullying Pro 432 00:19:35,088 --> 00:19:38,777 ပြီးတော့Australia က Project Rockit တိုလိုမျိုးတွေပေါ့။ 433 00:19:38,777 --> 00:19:41,237 လွတ်လပ်စွာထုတ်ဖော်ပြောပြဖို့ ကျွန်မတို့ရဲ့ 434 00:19:41,237 --> 00:19:43,697 အခွင့်အရေးတွေ အကြောင်းကို 435 00:19:43,697 --> 00:19:46,157 ကျွန်မတို့ တော်တော်ပြောကြပါတယ်၊ 436 00:19:46,157 --> 00:19:48,016 ဒါပေမဲ့ လွတ်လပ်စွာ ဖေါ်ထုတ်ပြောဆိုတာနဲ့ ပတ်သက်တဲ့ 437 00:19:48,016 --> 00:19:49,875 ကျွန်မတို့ရဲ့ တာဝန်ဝတ္တရား အကြောင်းကို ပိုပြောဖို့လိုပါတယ်။ 438 00:19:49,875 --> 00:19:51,408 ကျွန်မတို့အားလုံး ပြောတာတွေကို ကြားစေချင်ကြပါတယ်၊ 439 00:19:55,046 --> 00:19:57,151 ဒါပေမဲ့ ရည်ရွယ်ချက်နဲ့ ရပ်တည်ပြောဆိုပေးတာနဲ့ 440 00:19:57,151 --> 00:19:59,258 အာရုံစိုက်လာအောင် ရပ်တည်ပြောဆိုပေးတာ အကြားက 441 00:19:59,258 --> 00:20:02,374 ခြားနာချက်ကို လက်ခံပေးကြရအောင်လားရှင်။ 442 00:20:03,684 --> 00:20:05,916 အခုနကပြောသလိုပဲ အင်တာနက်ဟာ အလွန်လျှင်မြန်တဲ့နှုန်းပါ၊ 443 00:20:05,916 --> 00:20:08,148 ဒါပေမဲ့ အွန်လိုင်းမှာ အခြားသူတွေအပေါ်ကို မျှဝေခံစားမှု 444 00:20:08,148 --> 00:20:10,742 ပြသခြင်းဟာ အားလုံးအတွက် အကျိုးရှိပြီး 445 00:20:10,742 --> 00:20:13,336 ပိုပြီးလုံခြုံ၊ ပိုပြီးကောင်းမွန်တဲ့ ကမ္ဘာတစ်ခုကို 446 00:20:13,336 --> 00:20:15,268 ဖန်တီးဖို့ အထောက်အကူ ပေးပါတယ်။ 447 00:20:15,268 --> 00:20:17,200 ကျွန်မတို့တွေဟာ ကရုဏာတရားနဲ့ 448 00:20:17,200 --> 00:20:19,134 အွန်လိုင်း ဆက်သွယ်မှုလုပ်ဖို့၊ 449 00:20:19,134 --> 00:20:21,595 သတင်းတွေကို ကရုဏာစိတ်နဲ့ သုံးစွဲဖို့၊ 450 00:20:21,595 --> 00:20:24,037 ကရုဏာစိတ်နဲ့ ကလစ်နှိပ်ကြဖို့ လိုအပ်ပါတယ်။ 451 00:20:24,037 --> 00:20:26,479 အခြားသူတစ်ယောက်ရဲ့ သတင်းစာခေါင်းစီးထဲကို 452 00:20:26,479 --> 00:20:28,923 ၁ မိုင်လောက် လမ်းလျှောက်ကြည့်တယ်လို့ စိတ်ကူးကြည့်လိုက်ပါ။ 453 00:20:31,476 --> 00:20:34,461 ကျွန်မရဲ့ ကိုယ်ပိုင် မှတ်ချက်ကလေးနဲ့ နိဂုံးချုပ်ချင်ပါတယ်၊ 454 00:20:35,561 --> 00:20:37,651 လွန်ခဲ့တဲ့ ၉ လအတွင်းက 455 00:20:37,651 --> 00:20:40,165 ကျွန်မ အမေးခံရဆုံး မေးခွန်းကတော့ ဘာကြောင့်လဲ ဆိုတာပါ၊ 456 00:20:40,165 --> 00:20:42,679 အခုတော့ရော ဘာဖြစ်လို့လဲ၊ ဘာဖြစ်လို့ ခေါင်းမိုးစွန်းအထက်က 457 00:20:42,679 --> 00:20:44,356 ကျွန်မ ခေါင်းပြူ ထွက်နေခဲ့တာပါလိမ့်။ 458 00:20:44,356 --> 00:20:46,033 ဒီမေးခွန်းတွေထဲက ပြောမထားတာကို 459 00:20:46,033 --> 00:20:47,710 ရှင်တို့ ဖတ်ကြည့်နိုင်ပါတယ်၊ 460 00:20:47,710 --> 00:20:50,862 အဖြေဟာ နိုင်ငံရေးနဲ့ ပတ်သက်မှုမရှိပါဘူး။ 461 00:20:50,862 --> 00:20:54,014 ထိပ်ဆုံးက မှတ်သားဖွယ် အဖြေဟာ အချိန်ကြောင့် 462 00:20:54,014 --> 00:20:55,967 ဖြစ်ခဲ့ပါတယ်၊ ဖြစ်နေဆဲပါ။ 463 00:20:55,967 --> 00:20:57,920 ကျွန်မရဲ့ အတိတ်ဝန်းကျင်ထဲကို ချွတ်နင်းဝင်ရောက်တာကို 464 00:20:57,920 --> 00:20:59,651 ရပ်ဖို့ အချိန်တန်ပါပြီ၊ 465 00:20:59,651 --> 00:21:01,382 တံထွေးခွက် ပက်လက်မြောတဲ့ ဘဝတစ်ခုမှာ 466 00:21:01,382 --> 00:21:03,037 ရှင်သန်နေတာကို ရပ်ဖို့ အချိန်ရောက်ပါပြီ၊ 467 00:21:03,037 --> 00:21:04,692 ပြီးတော့ ကျွန်မရဲ့ ဇာတ်လမ်းဆီ ပြန်သွားဖို့ 468 00:21:04,692 --> 00:21:06,349 အချိန်ရောက်ပါပြီရှင်။ 469 00:21:06,349 --> 00:21:09,101 ဒါဟာ ကျွန်မကိုယ်ကျွန်မ ကယ်တင်ဖို့ပဲ မဟုတ်ပါဘူး။ 470 00:21:09,101 --> 00:21:11,853 အရှက်ရခြင်းနဲ့ လူကြားသူကြား အရှက်တကွဲ ဖြစ်ရခြင်းကို 471 00:21:11,853 --> 00:21:14,607 ခံစားနေရတဲ့ သူတိုင်းအတွက် 472 00:21:14,607 --> 00:21:17,394 သိစရာတစ်ခု လိုအပ်ပါတယ်၊ 473 00:21:17,394 --> 00:21:20,111 "ဒါကို ကျော်လွှားနိုင်ပါတယ်" 474 00:21:20,111 --> 00:21:22,874 ဒါဟာ ခက်ခဲတယ်ဆိုတာ ကျွန်မသိပါတယ်၊ 475 00:21:22,874 --> 00:21:25,643 မနာမကျင်၊ အလျင်အမြန် ဒါမှမဟုတ် အလွယ်နဲ့ ဟုတ်ချင်မှဟုတ်မယ်။ 476 00:21:25,643 --> 00:21:28,412 ဒါပေမဲ့ ရှင်တို့ဇာတ်လမ်းရဲ့ နိဂုံးအသစ်တစ်ခုကို 477 00:21:28,412 --> 00:21:31,181 မလျှော့တမ်း လုပ်ဆောင်နိုင်တယ်လေ။ 478 00:21:31,181 --> 00:21:34,548 ကိုယ့်ကိုကိုယ် ကြင်နာကရုဏာစိတ် မွေးပါ။ 479 00:21:34,548 --> 00:21:37,643 ကျွန်မတို့အားလုံး ကရုဏာစိတ်နဲ့ ထိုက်တန်ပါတယ်၊ 480 00:21:37,643 --> 00:21:40,738 ပြီးတော့ ပိုပြီးကြင်နာစိတ်ရှိတဲ့ လောကထဲက အွန်လိုင်းရော၊ 481 00:21:40,738 --> 00:21:43,835 အွန်လိုင်းမဟုတ်တာမှာပါ ရှင်သန်ဖို့အတွက်ပေါ့ရှင်။ 482 00:21:43,835 --> 00:21:46,435 နားဆင်ပေးတဲ့အတွက် ကျေးဇူးပါ။ 483 00:21:46,435 --> 00:21:56,815 (လက်ခုပ်သံများ)