Rosa Howard: IKEA က ကမ္ဘာအနှံ့မှာ
နေရာပေါင်း ၅၀၀ ကျော်ရှိပြီး
၂၀၃၀ အရောက်တွင် ရာသီဥတုအတွက်
အပြုသဘောဆောင်ဖို့ ရည်စူးထားတယ်။
ဒါက ကုန်ကြမ်းပစ္စည်းကနေ
ထုတ်ကုန်သက်တမ်း အဆုံးအထိ
အရာတိုင်း ပါဝင်တယ်။
ကုမ္ပဏီရဲ့ ပမာဏကြောင့်လား-
Jesper Brodin: IKEA ရဲ့ ကာဗွန်ခြေရာက
ကမ္ဘာလုံးဆိုင်ရာ ကာဗွန်
ထုတ်လွှတ်မှုတွေရဲ့
၀.၁ ရာခိုင်နှုန်းခန့််ပါ။
RH: ဒါက အတော်များတဲ့ ကာဗွန်ပါ။
သူကတော့ Jesper Brodin ပါ၊
IKEA လက်လီ ရောင်းချမှုကို လုပ်ဆောင်တဲ့
Ingka Group ရဲ့ CEO ပါ။
သူကတော့ Pia Heidenmark Cook ပါ၊
ရေရှည်သုံးနိုင်စွမ်းရှိမှုရဲ့ ဦးစီးပါ။
Pia Heidenmark Cook
ပြောင်းလဲဖို့ လိုတာကို သိတယ်။
ကျွန်မတို့ လုပ်ငန်းကို လုပ်ငန်းသစ်တစ်ခု
အဖြစ် ပြောင်းလဲခြင်းအားဖြင့်
ကျွန်မတို့ အခွင့်အလမ်တွေ ရရှိလာမှာကို
တကယ် စောင့်မျှော်နေတာပါ။
အဲဒီမှာ နည်းလမ်းသစ်တွေနဲ့
တန်ဖိုး ကွင်းဆက်တစ်ခုလုံးကို ကြည့်တယ်၊
နည်းလမ်းသစ်တွေနဲ့ ဖောက်သည်တွေကို
တွေ့ဆုံပုံ၊
လုပ်ဖော်တွေနဲ့ အံကျပုံကိုကြည့်တယ်။
စျေးနှုန်းနဲ့ စျေးနိမ့်တာကို ကြည့်တယ်။
ကျွန်မတို့ အမြင်က
လူများစွာအတွက် ဖြစ်ဖို့ဆိုတော့
တတ်နိုင်တာမျိုး ဖြစ်ဖို့လိုတယ်၊
ဒါပေမဲ့ ဒါက ပုံစံ၊ အသုံးချနိုင်စွမ်း၊
ရေရှည်သုံးနိုင်စွမ်းနဲ့
အရည်အသွေးနဲ့လည်း ဆိုင်တယ်။
RH: IKEA က ရေရှည်သုံးနိုင်စွမ်းနဲ့
ရာသီဥတု ကပ်အတွင်းမှာ
ပစ္စည်းတွေ သုံးစွဲဖို့ ဝယ်သူတွေကို
ဆွဲဆောင်တာကိုဘယ်လို ဟန်ချက်ညီအောင်လုပ်လဲ။
PHC: ဒါက ကျွန်မတို့ လုပ်ငန်း တစ်ခုလုံးကို
ကြည့်တာလို့ ဆိုလိုတာပါ။
၂၀၃၀ အထိ ပြည့်ဖြိုးမြဲ၊ ပြန်သုံးလို့ရတဲ့
ကုန်ပစ္စည်းတွေပဲ သုံးဖို့ ရည်စူးထားတယ်။
ဥပမာ ရေရှည်သုံးနိုင်စွမ်းရှိတဲ့
ဝါဂွမ်းဖြစ်ဖို့ ဒီဆိုဖာလို
ထုတ်ကုန်တွေမှာ
ဝါဂွမ်းကနေချည်း ထုတ်တာ ရှိနေပါပြီ။
၂၀၂၀ အရောက်မှာ ရေရှည်သုံးနိုင်စွမ်း
ရှိတဲ့ ရင်းမြစ်တွေကနေ သစ်သားချည်းဖြစ်ဖို့
လမ်းကြောင်းပေါ် ရောက်နေပြီ။
ဒါကလည်း ကြည့်တာက
ထုတ်ကုန်တွေကို ပြောင်းသုံးနိုင်
ပြန်သုံးနိုင်၊ ပြန်ထုတ်နိုင်အောင်
ဘယ်လို ပုံစံထုတ်လဲဆိုတာပါ။
ဒီတော့ တကယ်ကို ကြည့်တာက ထုတ်ကုန်
တွေထဲမှာ လည်ပတ်တဲ့ ဒီဇိုင်းစနစ်တွေ
ဘယ်လိုတည်ဆောက်လဲ။
ဒါပေမဲ့ ဒီနောက် ဝယ်သူတွေနဲ့ ချိတ်ဆက်ပြီး
ရောက်ရှိစေပုံဆိုတာရောပါ။
ဒီတော့ ဝန်ဆောင်မှု ပုံစံသစ်တွေကို ကြည့်တယ်
ဥပမာ ဝန်ဆောင်မှုအဖြစ် ပရိဘောဂပါ။
အခု လုပ်ငန်းအချင်းချင်း
စမ်းသပ်ခြင်းကို စတင်ခြင်းပါ။
RH: ၂၀၁၉ မှာ IKEA ရဲ့ လုပ်ငန်းက
၆.၅ ရာခိုင်နှုန်းအထိ ကြီးထွားခဲ့တယ်။
ဒါပေမဲ့ ကုမ္ပဏီက ကမ္ဘာလုံးဆိုင်ရာ
ကာဗွန်ခြေရာ ၄.၃ ရာခိုင်နှုန်း
အထိ လျှော့ချပေးနိုင်ခဲ့တယ်။
ကြီးထွားမှုနဲ့ ထုတ်လွှတ်မှုတွေကို
စတင် သီးသန့်ခွဲခြင်းပါ။
JB: ကျွန်တော်တို့အတွက် ဒီအဆင့်က
ယုံကြည်စိတ်နဲ့ အကောင်းမြင်စိတ်
အများကြီး ပေးခဲ့တယ်၊ ပြောရရင်
ကြီးထွားနိုင်ခြေနဲ့ တစ်ချိန်တည်း
ကာဗွန်လို့ဆိုတဲ့အခါ
မှန်ကန်တဲ့ ဦးတည်ရာကို ရွေ့တာကို
ပြသနေခဲ့တာပါ။
RH: ကောင်းပါပြီ၊ ဒီပြောင်းလဲမှုကို
တာရှည်ခံပြီး သီးသန့်ခွဲခြင်းကို
တိုးချဲ့အောင် ဘယ်လို လုပ်နိုင်လဲ။
JB: ကျွန်တော်တို့ကိုယ်တိုင်ကနေ
ရှင်းပစ်ဖို့လိုတဲ့ ယုံမှားမှုတွေရှိတယ်။
သုံးစွဲမှု ယုံမှားမှုတစ်ခုပါ။
ရေရှည်သုံးနိုင်စွမ်းအတွက် ကုန်ကျမှုများ
မယ်ဆိုတာ အန္တရာယ်ရှိတဲ့ ယုံမှားမှုပါ၊
ရည်ရွယ်ချက်နဲ့ အမြတ်ဟာ
ဒွန်တွဲမနေနိုင်ဘူးဆိုတာပါ။
ဒါက ဆန့်ကျင်ဘက်ပါ။
RH: ဘာကြောင့် လူတွေက သင့်ကိုယုံသင့်လဲ။
JB: ယုံကြည်မှုဆိုတာက စနစ်အတွင်းမှာနဲ့
စကားဝိုင်းထဲကို ဝင်လာဖို့
အရေးပါဆုံး အရာဖြစ်လောက်တယ်။
အစပြုဖို့ ရည်ရွယ်ချက်တွေကို
ကြည့်ဖို့လိုတယ်။
ကြည့်ရှုစစ်ဆေးတာက ဒီမှာတော့
ညီမျှခြင်းရဲ့ တစ်စိတ်တစ်ပိုင်းပါ။
ဒါပေမဲ့အကြောင်းရင်းတွေကို ကြည့်တဲ့အခါ
ဒီနယ်ပယ်မှာ ရှေ့ကို ချီတက်ဖို့က
အရေးကြီးတယ်။
လုပ်ဖော်ကိုင်ဖက်တွေနဲ့
ကျွန်မတို့ကို ခေါင်းဆောင်ဖြစ်စေဖို့
မျှော်လင့်မယ့် ဖောက်သည်တွေရဲ့ရှုထောင့်ကဆို
အဓိပ္ပာယ်ရှိပါတယ်။ ယနေ့မှာတော့
မျှော်လင့်နေပါပြီ။
ဒီနည်းနဲ့ဆို သင့်အပိုင်းမှာ
သင် ဦးဆောင်မှု မယူဘူးဆိုရင်
သင့်ကုန်အမှတ်တံဆိပ်အတွက်
အန္တရာယ်ရှိလိမ့်မယ်။
ဒါပေမဲ့ ထင်တာက နောက်ဆုံး
ကျွန်ုပ် စိတ်အဝင်စားဆုံးက
ခံနိုင်စွမ်းရှိမှုက ကုန်ကျစရိတ် နည်းတဲ့
အသစ်ပါ။
ကမ္ဘာ့ ပုံစံသစ်ပါ။
လုပ်ငန်းကောင်းလုပ်တာနဲ့ ယှဉ်တာ
မဟုတ်ဘဲ ဆန့်ကျင်ဘက်ပါ။
RH: လုပ်ဖော်ကိုင်ဖက်တွေနဲ့
စီးပွားဖက်တွေဆီက ဘာတုံ့ပြန်မှု ရနေလဲ။
PHC ကျွန်မ မျှဝေတဲ့ ရုံးတွင်း လေ့လာချက်ထဲက
လုပ်ဖော်ကိုင်ဖက်တွေဆီကအထူး အပြုသဘော
တုံ့ပြန်မှုနဲ့ ရေရှည်သုံးနိုင်စွမ်းက
ဘာကြောင့် လူတွေ IKEA အတွက်
အလုပ်လုပ်တာ IKEA မှာရှိနေဖို့ ရွေးတာရဲ့
ဒုတိယ အကြောင်းရင်းပါ။
နံပါတ်တစ် အကြောင်းရင်းက ကျွန်မတို့ရဲ့
ချစ်စရာ လုပ်ဖော်ကိုင်ဖက်တွေပါ။
RH: ရာသီဥတု ပြောင်းလဲမှု ကပ်ဆိုက်ကာလကလည်း
တရားမျှတမှုရဲ့ ကပ်ဆိုက်ကာလတစ်ခုပါ။
ဒါကို IKEA က ဘယ်လို စဉ်းစားနေလဲ။
PHC: ရာသီဥတု ပြောင်းလဲမှုက လူသား
ရပိုင်ခွင့် ကိစ္စလို့ အသေအချာ မြင်တယ်။
PHC: ငွေရှားတဲ့(သို့) ငွေမရှိတဲ့သူတွေဟာ
ရာသီဥတု ပြောင်းလဲမှုကြောင့်
အများဆုံးထိခိုက်ခံရတာကို သိပါတယ်။
ဒီတော့ ကျွန်မတို့ လုပ်တာက
ကျွန်မတို့ရဲ့ ပရဟိတ လက်ရုံးဖြစ်တဲ့
IKEA အဖွဲ့အစည်းကနေ နှစ်ခုစလုံးပါ။
ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ရာသီဥတု
လှုပ်ရှားမှုမျိုးစုံကနေ လုပ်နေပြီး
လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ယူရို သန်း
၁၅၀ ခန့်ကို စုဆောင်းထားတယ်။
ဒီနောက် ကျွန်မတို့ရဲ့ စျေးရုံတွေ
ဆိုင်တွေနဲ့ ဖြည့်ဆည်းရေး
ဌာနတွေရှိတဲ့ Ingka မှာ
ဒုက္ခသည်တွေနဲ့ အတူတွဲလုပ်ပြီး
အလုပ်ခန့်ထားရေး အစီအစဉ်တွေအတွက် ကျွမ်းကျင်
မှုတွေ ဖန်တီးပေးနိုင်ပုံကို ကြည့်တယ်။
အဲဒီမှာ ကျွမ်းကျင်မှု သင်တန်းနဲ့
ဘာသာစကား သင်တန်းတွေ ပေးတယ်။
RH: ကုမ္ပဏီတွေက ယေဘုယျတော့
သုံးလပတ်ချင်း စဉ်းစားတယ်။
ရာသီဥတုက ချက်ချင်း လုပ်ဆောင်မှု
လိုအပ်တဲ့ ရေရှည် စိန်ခေါ်မှုတစ်ခုပါ။
ဒါကို ဘယ်လို အသင့်ပြင် ရင်ဆိုင်လဲ။
JB: ကျွန်တော်တို့ဟာ တကယ့်က
အဖွဲ့အစည်းပိုင်ဖြစ်တော့
သုံးလတစ်ကြိမ် ဖိအား ပိုနည်းတယ်။
တည်ထောင်သူက ရေရှည် တွေးခြင်းနဲ့
စဉ်စားခြင်းမှာ တအံ့တဩဖြစ်နေတယ်။
သူနဲ့ ဆုံခဲ့တဲ့ နောက်ဆုံး အစည်းအဝေး
တစ်ခုကို တကယ် အမှတ်ရမိတယ်။
သူ မဆုံးခင် နှစ်အနည်းငယ်ကပါ။
ဘယ်လို စဉ်းစာ၊ စီစဉ်သင့်လဲလို့
သူ့ကိုမေးတော့
သူက "ရေရှည်တွေးသင့်တယ်"တဲ့။
"ဘယ်လောက်ကြာတဲ့ သက်တမ်းလဲ"လို
မေးတဲ့အခါ သူပြောတာက
"ဟုတ်တယ်၊ နှစ် ၂၀၀"တဲ့။
ဒီတော့ ဖြစ်လောက်တာက အတော်လေး
ကြာလွန်းတယ် ထင်တယ်။
ဒီလောက်အချိန် မရှိပေမဲ့
၁၀ နှစ်ဆိုတာကတော့ အားလုံးအတွက်
အလားအလာကောင်းတစ်ခုပါ။