ဒါကို ပုံဖော်ကြည့်ပါ။ သင်နဲ့သင့်မိတ်ဆွေဟာ ဟာသဇာတ်လမ်းတွဲ ကြည့်နေတယ်။ ချိုကြွတဲ့ လက်ထောက်တစ်ယောက် လေးလွှာဆင့်ထားတဲ့ မင်္ဂလာကိတ်မုန့်ကို သယ်လာရင်း အခန်းထဲ ဝင်လာတယ်။ သူ ခလုတ်တိုက် လဲကျပြီး မျက်နှာက ကိတ်မုန့်ထဲ စိုက်သွားတယ်။ သင့်မိတ်ဆွေက နှစ်ဆတက်ကာ ရယ်ပြီး ပြောတာက "အတော် ရယ်ရတာပဲ။ ထင်မထားဘူး" ကဲ၊ မြန်မြန်လေး၊ သင် ဘာလုပ်လဲ။ ရယ်စရာ လမ်းကြောင်းအတိုင်း သင် လိုက်ရယ်ကာ ဒီဇောက်ထိုးဖြစ်ရပ်ရဲ့ ကြေကွဲဖွယ် အဓိပ္ပာယ်လွဲကောက်တာကို ခွင့်ပြုလား။ (သို့) အလေးမမူ ဂရုမထားဘဲ ဇောက်ထိုးအဖြစ်ရဲ့ အဓိပ္ပာယ်ကို ရှင်းပြလား။ ကျွန်တော့နေရာမှာဆို ဒုတိယကို သင် ရွေးချယ်ဖြစ်မယ်။ ဖြစ်ချင်တော့ ဇောက်ထိုးဖြစ်မှုကို လုံးဝ နားလည်မှုလွဲကြတာပါ။ တစ်ခုခုကို ရယ်မောစရာ (သို့) တိုက်ဆိုင်တာ လို့ မြင်တံ့အခါတိုင်း ဒီစကားရပ်ကို ပြောတတ်ကြတယ်။ တကယ့် ဇောက်ထိုးဖြစ်မှု နမူနာများစွာက ရယ်စရာကောင်းနိုင်ပေမဲ့ ဒါက ဇောက်ထိုးဖြစ်ခြင်းရဲ့ စေ့ဆော်ပေးတဲ့ အကြောင်းရင်းတော့ မဟုတ်ဘူး။ အခြေအနေတစ်ခု ဇောက်ထိုးဖြစ်တာက ဖြစ်ပျက်တာက မျှော်လင့်ထားတာရဲ့ တိကျတဲ့ ဆန့်ကျင်ဘက်ဖြစ်ရင်ပါ။ A ကို မျှော်လင့်ပေမဲ့ B ရရင် သင့်မှာ ဇောက်ထိုးဖြစ်မှု ရှိတယ်။ ကိတ်မုန့် အခြေအနေကို ဥပမာ ပြန်ယူရအောင်။ လူတစ်ယောက်က တစ်ယောက်တည်း မသယ်သင့်တဲ့ တစ်ခုခုကို ပြုတ်ကျလုလု ထိန်းကာ ဝင်လာတဲ့အခါ ခလုတ်တိုက်၊ လဲပြီး မှောက်ကုန်တယ်။ ဒါက ရယ်စရာပေမဲ့ ဇောက်ထိုးအဖြစ်မဟုတ်ဘူး။ တကယ်က သင် မျှော်လင့်လောက်တာ ခလုတ်တိုက်ဖို့ ကိတ်မုန့်ကြီးကို လက်တစ်ဖက် တည်း သယ်လာသူ တစ်ယောက်ပါ။ သူ လုပ်တဲ့အခါ တကယ့်အဖြစ်က မျှော်လင့်ချက်တွေနဲ့ ကိုက်ညီတော့ ဒါက ဇောက်ထိုးအဖြစ်မဟုတ်ဘူး။ ဒါပေမဲ့ ချိုကြွနေတဲ့ လက်ထောက်က ၁၉၉၆ Atlanta Olympics မှာ ကိတ်မုန့် လမ်းလျှောက်ပွဲမှာ သူရခဲ့တဲ့ ရွေတံဆိပ်ဆု ဝတ်ပြီး ဝင်လာရင်ရော။ ချိုကြွနေတဲ့ လက်ထောက်က ဝါရင့် ကိတ်သယ်သမားဆိုရင်ရော။ ဒီလိုဆိုရင် သူဟာ မတရားကြီးတဲ့ ကိတ်မုန့်ကြီးတစ်ခုကို သယ်တဲ့အခါ ပိုကျွမ်းကျင်သူ ဖြစ်မယ်ဆိုတဲ့ ယုတ္တိတန်တဲ့ မျှော်လင့်ချက် တစ်ခု ဖြစ်နိုင်ခဲ့မယ်။ ဒါဆိုရင် ယုတ္တိတန်တဲ့ မျှော်လင့်ချက်က လက်ထောက် ခလုတ်တိုက်တာနဲ့ မကိုက်ညီဘူး။ ဇောက်ထိုးဖြစ်မှုက ဥပမာဖြစ်သွားမယ်။ နောက်ထပ် ဥပမာတစ်ခု သက်ကြီးရွယ်အိုတစ်ဦး စာရိုက်တယ်၊ ဘလော့ဂ်ရေးတယ်။ ပိုရင့်ကျက်တဲ့ အမျိုးသား၊ အမျိုးသမီးတွေရဲ့ဖြစ်နေကျနဲ့ ယုတ္တိတန်တဲ့ မျှော်လင့်ချက်က သူတို့ဟာ နည်းပညာကို မကြိုက် (သို့) မသိတာ၊ ကွန်ပြူတစ်လုံးကို ဖွင့်ဖို့ အခက်အခဲရှိတာ (သို့) သူတို့မှာ ၁၉၈၀ နှစ်လွန်တွေက အုတ်ခဲလို ဆဲလ်ဖုန်းဟောင်းတစ်လုံးရှိတာပါ။ သူတို့တွေကို ဆက်သွယ်ဖို့၊ အဆင့်မြင့်နည်းပညာ (သို့) စာရိုက်ဖို့ ဘလော့ဂ်လုပ်ဖို့ နားလည်လောက်မယ်လို့ မမျှော်လင့်သင့်ပါ။ ဒါက သူတို့မှာ တစ်ခါမှ မရှိခဲ့တဲ့ "ငါ့ခေတ်ကို ပြန်တယ်" ဆိုတဲ့ ဆန်းဆန်းပြားပြား အရာတစ်ခုလို ဖြစ်နေပုံရလိမ့်မယ်။ ဒီတော့ အဖွားက သူ့သွားတုတွေ (သို့) မြေးတွေရဲ့ပုံတွေတင်ဖို့ သူ့စမတ်ကို ဖုန်းထုတ်တဲ့အခါ ဇောက်ထိုးဖြစ်တော့တာပဲ။ အခြေအနေရဲ့ ယုတ္တိတန်တဲ့ မျှော်လင့်ချက်တွေက မကိုက်ညီဘူး။ ဒါက ဇောက်ထိုးဖြစ်မှုပါ။ ဒီတော့ ကိတ်မုန့်လွတ်ကျသူဟာ ​ဇောက်ထိုးဖြစ်မှု မဟုတ်လောက်ပေမဲ့ ဘဝမှာ ဒီလိုအခြေအနေတွေ မျိုးစုံရှိပါတယ်။ ထွက်ပြီးတော့ ဇောက်ထိုးဖြစ်တဲ့ တကယ့်နမူနာတွေ ရှာကြည့်ပါ။