1 00:00:04,280 --> 00:00:07,180 ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်၏ ယန္တရားများ 2 00:00:07,500 --> 00:00:09,580 ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ဆိုတာ ဘာလဲ? 3 00:00:10,040 --> 00:00:13,240 ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ဆိုတာ ကမ္ဘာမြေပေါ်က သက်ရှိများ၏ ဖွံ့ဖြိုးမှု ဖြစ်ပါတယ်။ 4 00:00:14,460 --> 00:00:16,880 ဒီဟာက လွန်ခဲ့တဲ့ နှစ်သန်းထောင်ပေါင်းများစွာအခါက စတင်ခဲ့ပြီး 5 00:00:17,340 --> 00:00:19,220 ဒီနေ့အထိ ဆက်လက်နေဆဲဖြစ်ပါတယ်။ 6 00:00:20,400 --> 00:00:23,040 ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ဟာ အလွန်များပြားသော သက်ရှိထွေပြားမှုများ ဖွံ့ဖြိုးရန်အတွက် 7 00:00:23,220 --> 00:00:24,840 ဘယ်လိုဖြစ်နိုင်ခြေရှိသလဲဆိုတာ ကျွန်ုပ်တို့ကို ပြောပြပါတယ်။ 8 00:00:25,500 --> 00:00:27,560 ယင်းက ရှေးဦးပရိုတိုဇွာဟာ 9 00:00:27,860 --> 00:00:29,860 ယနေ့မြင်တွေ့နေရသည့် ကွဲပြားခြားနားသောမျိုးစိတ်များ သန်းပေါင်းများစွာ 10 00:00:29,920 --> 00:00:31,260 ဘယ်လိုဖြစ်လာနိုင်ခဲ့လဲဆိုတာ ကျွန်ုပ်တို့ကို ပြသပါတယ်။ 11 00:00:34,560 --> 00:00:35,660 ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ဟာ ဒီလိုဆိုရင် 12 00:00:35,800 --> 00:00:39,080 ဒတ်ရှန်းတစ်‌ကောင် နှင့် ဂရိတ်ဒိန်းတစ်ကောင် အတူတကွ တွေ့မြင်ရသည့်အပေါ် 13 00:00:39,200 --> 00:00:41,200 ကျွန်ုပ်တို့အားလုံးမေးဖူးသည့် မေးခွန်းရဲ့အဖြေသာ ဖြစ်တယ်။၊ 14 00:00:43,120 --> 00:00:43,840 အဂ္ဂနွယ်များအနေဖြင့် 15 00:00:44,060 --> 00:00:46,340 သူတို့နှင့် အလွန်သိပ်ကွဲပြားခြားနားသည့်ပုံပေါက်သည့် 16 00:00:46,600 --> 00:00:48,840 ဆင်းသက်သူတွေ ပေါက်ဖွားဖို့ ဘယ်လိုဖြစ်နိုင်ရတာလဲ? 17 00:00:50,220 --> 00:00:51,460 ဒီမေးခွန်းကိုဖြေရာမှာ 18 00:00:51,560 --> 00:00:53,260 ကျွန်ုပ်တို့အနေဖြင့် တိရိစ္ဆာန်တွေအပေါ် အာရုံစိုက်ပြီး 19 00:00:53,460 --> 00:00:56,800 မှိုတွေအပင်တွေလို အခြားသောသက်ရှိသွင်ပြင်များကို ဘေးဖယ်ချင်ပါတယ်။ 20 00:00:58,280 --> 00:01:00,200 ပထမဆုံးမေးရမည့် မေးခွန်းကတော့ 21 00:01:00,680 --> 00:01:01,760 တိရိစ္ဆာန်တစ်ကောင်ဟာ 22 00:01:01,960 --> 00:01:03,980 တိရိစ္ဆာန်မျိုးစိတ်သစ်တစ်ခုလုံးအဖြစ်သို့ ဘယ်လို တိုးတက်ပြောင်းလဲသွားနိုင်ပါသလဲ? 23 00:01:05,060 --> 00:01:08,300 အဲ၊ အမြန်မေးခွန်းတစ်ခုသာ မေးရမည်ဆိုရင် 24 00:01:08,660 --> 00:01:11,160 မျိုးစိတ်တစ်ခုဆိုတာ အတိအကျဆိုရင်ဘာများပါလဲ? 25 00:01:12,000 --> 00:01:13,560 မျိုးစိတ်တစ်ခုဆိုတာ 26 00:01:13,620 --> 00:01:15,480 အခြားတစ်ကောင်နဲ့ တစ်ကောင်အတူ သားပေါက်လေးများ ပေါက်ဖွားပေးနိုင်သည့် 27 00:01:15,600 --> 00:01:17,200 အစွမ်းရှိသော တိရိစ္ဆာန်အုပ်စုတစ်ခု ဖြစ်ပါတယ်။ 28 00:01:17,720 --> 00:01:19,020 ဒါနဲ့ပွားလာတဲ့ သားပေါက်လေးတွေကလည်း 29 00:01:19,120 --> 00:01:21,260 တစ်ပြန်တစ်လှည့် အနေဖြင့်မျိုးပွားမှုကို စွမ်းနိုင်ပါတယ်။ 30 00:01:22,080 --> 00:01:23,620 ဒီနည်းလမ်းကို ပို၍ကောင်းစွာနားလည်ဖို့ 31 00:01:23,620 --> 00:01:26,060 ကျွန်ုပ်တို့အနေဖြင့် လာမည့်အချက်များကို ပိုအနီးကပ်ကြည့်ရှုမှုပြုရန် လိုပေတယ်။ 32 00:01:27,160 --> 00:01:29,440 သက်ရှိသတ္တဝါများ၏ အတုမဲ့မှုကို 33 00:01:29,440 --> 00:01:31,820 သားပေါက်များနှင့် မျိုးရိုးဆက်ခံမှုတို့အား 34 00:01:31,820 --> 00:01:33,360 အပိုထုတ်လုပ်မှုအားဖြင့် တာဝန်ယူထားပါတယ်။ 35 00:01:33,760 --> 00:01:36,900 ပြီးတော့ ဒုတိယသေ့ာချက်အနေဖြင့် ရွေးချယ်ခံရခြင်းဖြစ်ပါတယ်။ 36 00:01:38,760 --> 00:01:40,440 အတုမဲ့မှုနှင့် စတင်လိုက်ကြရအောင်။ 37 00:01:41,480 --> 00:01:43,680 တည်ရှိနေသမျှ သတ္တဝါတိုင်းဟာ အတုမဲ့ပြီးတော့ 38 00:01:44,400 --> 00:01:46,420 ဒီဟာက ဆင့်ကဲဖြစ်စဥ်အတွက် ပဓာနကျပါတယ်။ 39 00:01:47,440 --> 00:01:48,640 မျိုးစိတ်တစ်ခုရဲ့ အဖွဲ့ဝင်တွေဟာ 40 00:01:48,780 --> 00:01:50,840 တစ်ကောင်နှင့် တစ်ကောင်၏ပုံပန်းမှာ စွဲစွဲမြဲမြဲဆင်တူမှု ရှိနိုင်တယ်။ 41 00:01:51,100 --> 00:01:51,600 သို့ပေမည့် 42 00:01:51,680 --> 00:01:53,180 သူတို့အားလုံးဆီမှာ အနည်းငယ်ကွဲပြားခြားနားသည့် 43 00:01:53,300 --> 00:01:54,540 ဥာဥ်များနှင့် ဝိသေသများရှိကြပါတယ်။ 44 00:01:56,220 --> 00:01:57,220 သူတို့ဟာ နည်းနည်း ပိုထွား၊ 45 00:01:57,640 --> 00:01:58,240 ပိုဝ၊ 46 00:01:58,420 --> 00:01:59,020 ပိုသန်၊ 47 00:01:59,180 --> 00:02:00,080 ဒါမှမဟုတ် သူတို့၏အပေါင်းအဖော်တိရိစ္ဆာန်များထက် 48 00:02:00,200 --> 00:02:01,080 ပို၍ ရဲဝင့်နိုင်တယ်။ 49 00:02:02,680 --> 00:02:05,300 ဒါနဲ့ ဒီကွဲပြားမှုများအတွက် အကြောင်းပြချက်ကဘာလဲ? 50 00:02:05,600 --> 00:02:08,220 သတ္တဝါတစ်ကောင်ကို ပို၍အနီးကပ်ကြည့်ရှုမှု ပြုကြည့်ရအောင်။ 51 00:02:09,120 --> 00:02:11,520 သတ္တဝါတိုင်းကို ကလာပ်စည်းလေးတွေနဲ့ ဖွဲ့စည်းထားပါတယ်။ 52 00:02:11,920 --> 00:02:14,220 ဒီကလာပ်စည်းလေးတွေမှာ ဗဟိုချက်တစ်ခုရှိတယ်။ 53 00:02:14,580 --> 00:02:16,800 ဗဟိုချက်ဟာ ခရိုမိုဆုမ်းတွေပါရှိပြီးတော့ 54 00:02:17,600 --> 00:02:20,520 ခရိုမိုဆုမ်းဟာ "ဒီအန်အေ"ကို ထိန်းသိမ်းထားပါတယ်။ 55 00:02:21,520 --> 00:02:24,320 "ဒီအန်အေ"မှာ ကွဲပြားခြားနားသည့် မျိုးဗီဇများ ပါဝင်ပြီးတော့ 56 00:02:24,740 --> 00:02:28,140 သက်ရှိ၏ အချက်အလက်သယ်ဆောင်ပေးသူများမှာ ထိုမျိုးဗီဇများပင် ဖြစ်ပါတယ်။ 57 00:02:29,000 --> 00:02:31,600 သူတို့မှာ ကလာပ်စည်းများအတွက် ညွှန်ကြားချက်များနှင့် အမိန့်များပါဝင်ပြီးတော့ 58 00:02:32,040 --> 00:02:35,160 သက်ရှိသတ္တဝါများမှာရှိသည့် ဝိသေသများနှင့် ဥာဥ်များကို ချမှတ်ပါတယ်။ 59 00:02:36,820 --> 00:02:40,700 ပြီးလျှင် ထိုကဲ့သို့ပင် ယင်း"ဒီအန်အေ"သည် သတ္တဝါတိုင်းမှာ အတုမဲ့ဖြစ်ပါတယ်။ 60 00:02:41,960 --> 00:02:44,860 ၎င်းသည် တစ်ဦးမှတစ်ဦးသို့ အနည်းငယ်စီကွဲပြား၍ 61 00:02:45,220 --> 00:02:48,580 ဒီလိုအကြောင်းကြောင့် ၎င်းတို့အသီးသီးမှာ အနည်းငယ်ကွဲပြားသည့် ဝိသေသများရှိကြတယ်။ 62 00:02:50,320 --> 00:02:53,740 ဒါပေမဲ့ ဒီအန်အေအစဥ် အများအပြားကို ဘယ်လိုဖန်တီးကြတာလဲ? 63 00:02:56,140 --> 00:02:57,000 အဓိကအကြောင်းရင်း တစ်ချက်ကတော့ 64 00:02:57,180 --> 00:02:59,160 သားပေါက်တွေ အလွန်အကျွံပေါက်ဖွားလိုက်လို့ပဲဖြစ်ပါတယ်။ 65 00:03:00,120 --> 00:03:00,680 သဘာဝတရားမှာ 66 00:03:00,680 --> 00:03:01,600 ကျွန်ုပ်တို့ လေ့လာကြည့်မယ်ဆိုပါက 67 00:03:01,700 --> 00:03:04,480 သတ္တဝါတွေဟာ များသောအားဖြင့် လိုအပ်သည်ထက်ပို၍ သားပေါက်များစွာကို 68 00:03:04,560 --> 00:03:06,340 ၎င်းတို့၏မျိုးစိတ် ဆက်လက်ရှင်ကျန်နိုင်ရေးအတွက် 69 00:03:06,500 --> 00:03:09,280 သားပေါက်များစွာစောစောသေဆုံးခြင်း၏ အကျိုးဆက်နှင့်အတူ မွေးဖွားတတ်ကြပါတယ်။ 70 00:03:09,580 --> 00:03:10,080 မကြာမကြာ 71 00:03:10,120 --> 00:03:11,960 သူတို့နေထိုင်သည့် ပတ်ဝန်းကျင်မှ ထောက်ပံ့နိုင်သည်ထက် 72 00:03:12,000 --> 00:03:13,780 ပို၍များစွာ သားပေါက်များ ပေါက်ဖွားထားကြပါတယ်။ 73 00:03:14,060 --> 00:03:15,120 ဒါဟာ မျိုးစိတ်တစ်ခုအတွင်းမှ 74 00:03:15,200 --> 00:03:17,560 ထွေပြားမှုတိုးပွားလာရခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ 75 00:03:18,180 --> 00:03:19,820 သားပေါက်တွေ ပိုမွေးထားလေလေ၊ 76 00:03:19,820 --> 00:03:21,960 ကွဲပြားချက်လေးတွေဖြစ်လာဖို့ ပိုများလေလေပါ။ 77 00:03:22,980 --> 00:03:24,800 ပြီးတော့ ဒါက သဘာဝတရားက လိုချင်သည့်အရာပါပဲ။ 78 00:03:25,240 --> 00:03:27,640 ကွဲပြားချက်လေးတွေ များနိုင်သမျှ များများရဖို့ ဖြစ်ပါတယ်။ 79 00:03:30,160 --> 00:03:32,680 တစ်ဦးချင်းတို့၏ အတုမဲ့မှုဖြစ်လာဖို့ ဒုတိယအဓိကအချက်ကတော့ 80 00:03:32,760 --> 00:03:34,500 မျိုးရိုးဆက်ခံမှုကိုယ်၌မှာပင် ဖြစ်ပွားပါတယ်။ 81 00:03:36,420 --> 00:03:37,120 စကားမစပ် 82 00:03:37,520 --> 00:03:39,740 မျိုးရိုးဆက်ခံမှုဆိုတာ "ဒီအန်အေ"တွေကို သားပေါက်များအား 83 00:03:39,800 --> 00:03:41,060 လက်ဆင့်ကမ်းပေးလိုက်တာကို ဆိုလိုပါတယ်။ 84 00:03:42,680 --> 00:03:46,280 ဒီဖြစ်စဉ်မှာ အလွန်စိတ်ဝင်စားစရာကောင်းသည့် အကြာင်းရင်း နှစ်ရပ် ပါဝင်လာပါတယ်။ 85 00:03:46,980 --> 00:03:49,180 ပြန်လည်ဖက်စပ်ခြင်းနှင့် သ‌န္ဓေပြောင်းခြင်းပါ။ 86 00:03:51,380 --> 00:03:53,560 ပြန်လည်ဖက်စပ်ခြင်းဆိုတာ သတ္တဝါနှစ်ကောင်ရဲ့ "ဒီအန်အေ"ကို 87 00:03:53,560 --> 00:03:55,560 ကျပန်းရောမွှေခြင်း ဖြစ်ပါတယ်။ 88 00:03:56,220 --> 00:03:58,100 သတ္တဝါနှစ်ကောင် ချစ်ကြိုက်ပြီး မိတ်လိုက်ကြတဲ့အခါမှာ 89 00:03:58,360 --> 00:04:00,680 သူတို့ရဲ့ မျိုးရိုးဗီဇတွေကို နှစ်ကြိမ် ဖက်စပ်ပါတယ်။ 90 00:04:02,200 --> 00:04:03,800 ပထမအကြိမ် သူတို့ဟာ ဒါကို 91 00:04:04,160 --> 00:04:05,460 ၎င်းတို့ဂန္မိတွေကို ထုတ်လုပ်ချိန်မှာ သီးခြားစီလုပ်ပြီး 92 00:04:05,840 --> 00:04:08,060 ယင်းတို့မှာ သုက်ပိုးနှင့် မျိုးဥကလာပ်စည်းတို့ ဖြစ်ကြပါတယ်။ 93 00:04:09,960 --> 00:04:11,680 ဂန္မိတွေဟာ မျိုးရိုးဗီဇတွေရဲ့ တစ်ဝက်ကို သယ်ဆောင်ပြီး 94 00:04:11,780 --> 00:04:13,240 ၎င်းတို့ကို ကုလားဖန်ထိုးပါတယ်။ 95 00:04:14,660 --> 00:04:15,960 ဒုတိယအကြိမ် ပြန်လည်ဖက်စပ်ခြင်းကတော့ 96 00:04:16,060 --> 00:04:19,180 အထီးဟာ အမကို ပဋိသ‌န္ဓေတည်စေသည့်အခါမှာ ဖြစ်ပွားပါတယ်။ 97 00:04:20,340 --> 00:04:23,140 မိဘတစ်ဦးစီက သူတို့"ဒီအန်အေ"တွေရဲ့၅၀%ကို ပေးကမ်းပါတယ်။ 98 00:04:23,460 --> 00:04:24,160 တစ်နည်းပြောရရင်တော့ 99 00:04:24,320 --> 00:04:27,100 သူတို့ရဲ့ အတုမဲ့သည့် ၅၀% သော ဥာဥ်များနှင့် ဝိသေသများကို ပေးကမ်းပါတယ်။ 100 00:04:28,560 --> 00:04:29,240 ၎င်းတို့ကို ဒီလိုနဲ့ 101 00:04:29,340 --> 00:04:30,660 ပြန်လည်ဖက်စပ်လိုက်တယ်၊ သို့မဟုတ် ရောမွှေလိုက်ပြီးတော့ 102 00:04:30,940 --> 00:04:32,960 ရလဒ်အနေနှင့် သားပေါက်အသစ်လေးရလာပါတယ်။ 103 00:04:34,420 --> 00:04:36,820 ဒီသားပေါက်လေးတွေမှာ "ဒီအန်အေ"တွေ ကျပန်းရောမွှေထားမှုရှိပြီး 104 00:04:37,080 --> 00:04:37,760 ဒါအတွက်ကြောင့် သူတို့မှာ 105 00:04:37,780 --> 00:04:40,180 ၎င်းတို့မိဘများ၏ ဥာဥ်များနှင့် ဝိသေသများကိုလည်း ရောမွှေထားပါတယ်။ 106 00:04:41,500 --> 00:04:44,680 ဒါက မျိုးစိတ်တစ်ခုအတွင်းမှာ ထွေပြားခြင်းနှင့် ကွဲပြားခြင်းကို 107 00:04:44,960 --> 00:04:45,980 ဒီထက်ပို၍ တိုးမြှင့်စေပါတယ်။ 108 00:04:48,500 --> 00:04:51,540 ဒါပေမဲ့ သ‌န္ဓေပြောင်းခြင်းဟာလည်း ဆင့်ကဲဖြစ်စဥ်အတွက် အရေးကြီးပါတယ်။ 109 00:04:52,360 --> 00:04:55,040 သ‌န္ဓေပြောင်းခြင်းဟာ "ဒီအန်အေ"ထဲမှာ ကျပန်းအပြောင်းအလဲတွေ ဖြစ်ပါတယ်။ 110 00:04:56,300 --> 00:04:59,860 ဒီဟာတွေကို "ဒီအန်အေ"အတွင်း အမှားများမိတ္တူကူးမိခြင်း လို့လည်း ဖော်ပြနိုင်ပြီး 111 00:05:00,380 --> 00:05:04,420 ၎င်းတို့ကိုအဆိပ်အတောက်တွေ၊ အခြားသောဓာတုပစ္စည်းတွေ၊ ဓာတ်ရောင်ခြည်တွေက မောင်းဖြုတ်ပါတယ်။ 112 00:05:06,200 --> 00:05:10,280 သ‌န္ဓေပြောင်းခြင်းတစ်ခုဟာ "ဒီအန်အေ"၏ တစ်စိတ်တစ်ဒေသကို ပြင်ဆင်သည့်အခါ ဖြစ်ပေါ်ပါတယ်။ 113 00:05:10,960 --> 00:05:12,980 ဒီအပြောင်းအလဲများဟာ မကြာခဏအားဖြင့် အပျက်သဘောဆောင်တတ်ပြီးတော့ 114 00:05:12,980 --> 00:05:15,440 မြစ်ပွားနာကဲ့သို့သော အနာများကို ရရှိစေနိုင်ပါတယ်။ 115 00:05:16,940 --> 00:05:17,580 ဒါပေမယ့်လည်း 116 00:05:17,580 --> 00:05:20,040 ၎င်းတို့မှာ အာနိသင်မရှိသော သို့မဟုတ် အပြုသဘောဆောင်သော အကျိုးဆက်များအနေဖြင့် 117 00:05:20,400 --> 00:05:22,240 လူသားများ၌ မျက်လုံးအပြာရောင်ကဲ့သို့သော 118 00:05:22,540 --> 00:05:24,560 ကျပန်း သ‌န္ဓေပြောင်းခြင်းတစ်ခုကြောင့်ဖြစ်ရသည့် ဟာတွေလည်း ရှိနိုင်ပါတယ်။ 119 00:05:26,520 --> 00:05:27,440 ကိစ္စရပ်အားလုံးမှာ 120 00:05:27,520 --> 00:05:29,600 သ‌န္ဓေပြောင်းခြင်းတစ်ခုဟာ ဂန္မိတစ်ခုကို အကျိုးသက်ရောက်ဖို့လိုပြီး 121 00:05:29,800 --> 00:05:31,640 ယင်းမှာ သုက်ပိုး သို့မဟုတ် မျိုးဥကလာပ်စည်း တစ်ခုဖြစ်ပါတယ်။ 122 00:05:32,540 --> 00:05:34,560 ဘာကြောင့်လဲဆိုတော့ ဂန္မိထဲမှာရှိတဲ့ "ဒီအန်အေ"သာလျှင် 123 00:05:34,600 --> 00:05:36,560 သားပေါက်တွေဆီကို လက်ဆင့်ကမ်းလို့ ဖြစ်ပါတယ်။ 124 00:05:37,920 --> 00:05:41,900 ဒါက ဓာတ်မှန်ရိုက်နေစဥ် အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေက ဘေးမရှိခိုက် 125 00:05:42,160 --> 00:05:44,620 ကျွန်ုပ်တို့ရဲ့ လိင်အင်္ဂါတွေကို လုံခြုံအောင်ထားရခြင်း၏ အကြောင်းပြချက်လည်း ဖြစ်ပါတယ်။ 126 00:05:45,400 --> 00:05:46,400 အကျဥ်ချုပ်အားဖြင့်ဆိုရသော် 127 00:05:46,860 --> 00:05:48,140 မျိုးရိုးဆက်ခံမှုဖြစ်စဥ်မှာ 128 00:05:48,540 --> 00:05:50,640 သတ္တဝါတွေဟာ ၎င်းတို့ရဲ့ဝိသေသများကို သူတို့၏သားပေါက်များဆီသို့ 129 00:05:50,700 --> 00:05:52,200 "ဒီအန်အေ"အသွင်ဖြင့် လက်ဆင့်ကမ်းလိုက်ပါတယ်။ 130 00:05:53,380 --> 00:05:56,220 ပြန်လည်ဖက်စပ်ခြင်းနှင့် သ‌န္ဓေပြောင်းခြင်းတွေက "ဒီအန်အေ"ကို ပြောင်းလဲလိုက်သည့်အတွက် 131 00:05:56,760 --> 00:05:59,540 ကလေးတစ်ဦးစီဟာ ၎င်း၏မွေးချင်းများမှ ရုပ်ကွဲပြားကြပါတယ်။ 132 00:05:59,900 --> 00:06:03,820 ပြီးတော့ ၎င်း၏မိဘတွေရဲ့ ဝိသေသများကို ကျပန်းရောမွှေမှုအားဖြင့် ရရှိပါတယ်။ 133 00:06:06,420 --> 00:06:07,720 ဒီနေရာမှာ သော့ချက်စကားလုံးရှိပါတယ်။ 134 00:06:09,120 --> 00:06:09,900 "ကျပန်း" ဖြစ်ခြင်းပါ။ 135 00:06:10,300 --> 00:06:13,120 ဒီဖြစ်စဥ်တွေအားလုံးဟာ ကံတရားပေါ်မူတည်ပါတယ်။ 136 00:06:13,760 --> 00:06:15,740 ကျပန်းပြန်လည်ဖက်စပ်ခြင်း နှင့် သ‌န္ဓေပြောင်းခြင်းတွေဟာ 137 00:06:15,920 --> 00:06:17,940 တစ်ဦးချင်းတို့ကို ဥာဥ်များနှင့် ဝိသေသများအား 138 00:06:17,940 --> 00:06:19,640 ကျပန်းရောမွှေမှုများအားဖြင့် ရရှိစေပါတယ်။ 139 00:06:19,980 --> 00:06:21,780 ယင်းက တစ်ပြန်တစ်လှည့်အနေဖြင့် ၎င်းတို့ကို ကျပန်းရောမွှေပြီး 140 00:06:21,840 --> 00:06:23,420 လက်ဆင့်ကမ်းပေးလိုက်ပါတယ်။ 141 00:06:25,780 --> 00:06:27,940 ဒါပေမဲ့ ကံတရားအပေါ် ဘယ်လောက်သိပ်များများ မှုတည်နိုင်မလဲ? 142 00:06:28,160 --> 00:06:30,500 သက်ရှိသတ္တဝါများအားလုံးဟာ သူတို့ရဲ့ပတ်ဝန်းကျင်ကို 143 00:06:30,620 --> 00:06:31,900 သိပ်ပြည့်စုံစွာ နေသားကျနေသည့်အခါဆိုရင် 144 00:06:32,420 --> 00:06:33,260 ဥပမာအားဖြင့် 145 00:06:33,460 --> 00:06:34,460 တုတ်ချောင်းကောင်၊ 146 00:06:35,200 --> 00:06:36,060 ငှက်ပိတုန်းနှင့် 147 00:06:36,940 --> 00:06:38,300 မဏ္ဍူကာ့ငါးတွေ ဆိုရင်ရော? 148 00:06:40,200 --> 00:06:42,740 အဖြေကို ဒုတိယမြောက်သော့ချက်ဖြစ်သည့် 149 00:06:42,880 --> 00:06:44,000 ရွေးချယ်ခံရခြင်းမှ ပေးပါတယ်။ 150 00:06:44,560 --> 00:06:48,540 တစ်ဦးစီဟာ သဘာဝတရားမှ ရွေးချယ်ခံရခြင်းဖြစ်စဥ်တစ်ခု၏ အပြုခံသာဖြစ်ပါတယ်။ 151 00:06:50,360 --> 00:06:51,200 ကျွန်ုပ်တို့သိရမျှအနေနှင့် 152 00:06:51,380 --> 00:06:53,920 ပုဂ္ဂိုလ်တစ်ဦးစီဟာ ၎င်းရဲ့အပေါင်းအဖော်တွေမှ အတော်အတန် ကွဲပြားကြပါတယ်။ 153 00:06:54,900 --> 00:06:58,260 ပြီးတော့ မျိုးစိတ်တစ်ခုအတွင်းမှာ ကျယ်ပြန့်သည့် အမျိုးကွဲတွေရှိကြပါတယ်။ 154 00:07:00,360 --> 00:07:03,400 ပတ်ဝန်းကျင်ဆိုင်ရာ လွှမ်းမိုးမှုတွေဟာ သက်ရှိသတ္တဝါတွေအပေါ် သက်ရောက်မှုရှိပါတယ်။ 155 00:07:03,700 --> 00:07:06,120 အဲဒီ ရွေးချယ်ခံရခြင်းဟုဆိုသော အကြောင်းခံတွေမှာ ပါဝင်တာကတော့ 156 00:07:07,220 --> 00:07:08,160 သားရဲတွေ၊ 157 00:07:08,320 --> 00:07:09,220 ကပ်ပါးတွေ၊ 158 00:07:09,560 --> 00:07:10,980 မျိုးစိတ်တူတိရိစ္ဆာန်တွေ၊ 159 00:07:11,140 --> 00:07:11,780 အဆိပ်တွေ 160 00:07:12,060 --> 00:07:14,440 နေထိုင်ရာ သို့မဟုတ် ဥတု ပြောင်းလဲမှုများပဲ ဖြစ်ပါတယ်။ 161 00:07:15,300 --> 00:07:18,720 ရွေးချယ်ခံရခြင်းက တစ်ဦးတစ်ယောက်စီ အပြုခံရသည့် ဖြစ်စဥ်တစ်ခုသာ ဖြစ်ပါသည်။ 162 00:07:19,720 --> 00:07:22,960 သတ္တဝါတိုင်းတွင် အတုမဲ့သည့် ဥာဥ်များနှင့် ဝိသေသများ ရောမွှေမှု ရှီပါတယ်။ 163 00:07:24,680 --> 00:07:27,500 ဒီရောမွှေမှုက သူတို့ကို ၎င်းတို့ရဲ့ပတ်ဝန်းကျင်မှာ ရှင်ကျန်စေရန် ကူညီပေး၍ 164 00:07:27,940 --> 00:07:28,920 သို့မဟုတ်ပါက 165 00:07:29,260 --> 00:07:30,920 အကြောင်းအားလျော်စွာပါပဲ။ 166 00:07:31,740 --> 00:07:33,800 မသင့်လျော်သော ရောမွှေမှုနှင့် မည်သူမဆို 167 00:07:33,900 --> 00:07:35,580 ပတ်ဝန်းကျင်မှ ရွေးကောက်ခြင်းကို ခံရပါလိမ့်မယ်။ 168 00:07:39,160 --> 00:07:40,920 မှန်ကန်သော ရောမွှေမှုနှင့်ဟာတွေကတော့ ရှင်ကျန်ခဲ့ပြီး 169 00:07:41,080 --> 00:07:44,080 ၎င်းတိုရဲ့ မြှင့်တင်ထားသည့် ဥာဥ်များနှင့် ဝိသေသများကို လက်ဆင့်ကမ်းပေးနိုင်ပါတယ်။ 170 00:07:47,440 --> 00:07:50,400 ဒါကဘာကြောင့် ထွေပြားခြင်ဟာ သိပ်အရေးကြီးရလဲ ဆိုတာပါပဲ။ 171 00:07:50,480 --> 00:07:51,380 ဒါကဘာကြောင့် သတ္တဝါတွေဟာ 172 00:07:51,460 --> 00:07:53,320 တတ်နိုင်သမျှ ကွဲပြားသည့် သားပေါက်များကို မွေးဖွားရန် 173 00:07:53,400 --> 00:07:55,460 အားထုတ်မှု ဒီလောက် ပြုကြလဲဆိုတာပဲဖြစ်တယ်။ 174 00:07:56,400 --> 00:07:58,740 သူတို့ဟာ အနည်းဆုံး ၎င်းတို့၏သားပေါက်များထဲမှ တစ်ကောင်ဟာ 175 00:07:58,820 --> 00:08:00,200 သဘာဝတရား၏ ရွေးချယ်ခံရခြင်းဖြစ်စဥ်ကို ဖြတ်ကျော်ရမည့် 176 00:08:00,240 --> 00:08:01,180 ဖြစ်နိုင်ခြေကိုတိုးမြှင့်ကြပါတယ်။ 177 00:08:02,000 --> 00:08:03,340 သူတို့ဟာ ၎င်းတို့၏ ဆက်လက်ရှင်ကျန်နိုင်ရေးအခွင့်အလမ်းကို 178 00:08:03,420 --> 00:08:04,300 များနိုင်သမျှများအောင်ပြုပါတယ်။ 179 00:08:06,240 --> 00:08:07,100 ယင်း၏ ဥပမာကောင်းတစ်ခုကိုတော့ 180 00:08:07,160 --> 00:08:08,880 အစွန်အဖျားကျသည့် ကျွန်းတစ်ကျွန်းပေါ်တွင် နေထိုင်သည့် 181 00:08:08,960 --> 00:08:10,740 ငှက်ပုတီးအုပ်စုတစ်ခုတွင် တွေ့နိုင်ပါတယ်။ 182 00:08:12,020 --> 00:08:14,740 သူတို့ဟာ သိပ္ပံလောက၌ အထင်ရှားဆုံးထဲမှ တိရစ္ဆာန်အချို့ ဖြစ်ကာ 183 00:08:14,940 --> 00:08:16,700 သူတို့ကိုရှာဖွေတွေ့ရှိသူဖြစ်သည့် ချားလ်စ်ဒါဝင်ကိုလိုက်၍ 184 00:08:16,880 --> 00:08:18,780 ဒါဝင်ငှက်ပုတီးများလို့သိရှိကြပြီး 185 00:08:20,480 --> 00:08:22,740 ဒါက အဲဒီငှက်ပုတီးများရဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။ 186 00:08:23,080 --> 00:08:24,220 လွန်ခဲ့တဲ့ နှစ်ရာဂဏန်းအနည်းငယ်လောက်က 187 00:08:24,380 --> 00:08:26,000 ငှက်ပုတီး အုပ်စုငယ်လေးတစ်ခုဟာ 188 00:08:26,120 --> 00:08:28,380 ပစိဖိတ်အလယ်ရှိ ဂါလာပါဂိုးကျွန်းများပေါ်သို့ လွင့်သွားခဲ့ကာ 189 00:08:28,640 --> 00:08:30,040 သေချာသလောက်ကတော့ မုန်တိုင်းကြီးတစ်ခုကြောင့်ပါပဲ။ 190 00:08:32,960 --> 00:08:35,060 ငှက်ပုတီးတွေဟာ ၎င်းတို့အတွက် လုံးဝအသစ်ဖြစ်နေသည့် ပတ်ဝန်းကျင်မှာ 191 00:08:35,180 --> 00:08:36,580 သူတို့ရောက်နေတာ တွေ့ရှိရပြီး 192 00:08:36,880 --> 00:08:41,500 ယင်းမှာ စားစရာ အလျှံပယ်ရှိပြီး သားရဲများမရှိသည့်အတွက် ငှက်ပုတီးသုခဘုံ အစစ်ဖြစ်ပါတယ်။ 193 00:08:42,580 --> 00:08:45,400 သူတို့ဟာ တစ်ဟုန်ထိုးဖြင့် များပြားစွာ မျိုးပွားကြပါတယ်။ 194 00:08:45,640 --> 00:08:47,440 မကြာခင်ပဲ ကျွန်းများဟာ ငှက်ပုတီးများနှင့် ရုန်းကြွနေပါတော့တယ်။ 195 00:08:47,900 --> 00:08:50,980 ဒါကတော့ အစားအစာ ထောက်ပံ့မှုဟာတိုး၍တိုး၍ ရှားပါးလာပြီလို့ ဆိုလိုပါတယ်။ 196 00:08:51,220 --> 00:08:53,180 ငှက်ပုတီးသုခဘုံဟာ ငတ်မွတ်ခြင်းဘေးနှင့် ခြိမ်းခြောက်ခံရပြီး 197 00:08:53,500 --> 00:08:55,800 ငှက်ပုတီးမိတ်ဆွေများဟာ ပြိုင်ဘက်တွေ ဖြစ်လာပါတယ်။ 198 00:08:56,780 --> 00:08:58,980 ဒါက ရွေးချယ်ခံရခြင်းက ကြားဝင်သည့်အချိန်ပဲ ဖြစ်ပါတယ်။ 199 00:08:59,380 --> 00:09:01,520 သူတို့၏ ပင်ကိုလက္ခဏာနှင့် ကွဲပြားမှုငယ်လေးများဖြစ်သည့် 200 00:09:01,640 --> 00:09:03,680 ဒီကိစ္စမှာတော့ ၎င်းတို့၏ အနည်းငယ်ကွဲပြားသည့် နှုတ်သီးများက 201 00:09:03,920 --> 00:09:06,420 ငှက်အချို့ဟာ ၎င်းတို့၏အပေါင်းအဖော် ငှက်ပုတီးများနှင့် ပြိုင်ဆိုင်ခြင်းကို 202 00:09:06,520 --> 00:09:08,160 ရှောင်ရှားနိုင်စွမ်းရှိတယ်လို့ ဆိုလိုပါတယ်။ 203 00:09:11,280 --> 00:09:13,720 ငှက်ပုတီးတစ်ချို့၏ နှုတ်သီးများမှာ ပိုးကောင်များအား တူးဆွဖို့အတွက် 204 00:09:13,740 --> 00:09:14,840 ပို၍သင့်တော်ကြတယ်။ 205 00:09:16,400 --> 00:09:18,960 အခြားငှက်ပုတီးတွေကတော့ ၎င်းတို့၏နှုတ်သီးများကို အစေ့တွေခွဲဖို့အတွက် 206 00:09:19,000 --> 00:09:20,360 ပို၍ကောင်းစွာအသုံးပြုနိုင်ကြပါတယ်။ 207 00:09:21,160 --> 00:09:22,340 ငှက်ပုတီးတွေဟာ ထိုအကျိုးဆက်ကြောင့် 208 00:09:22,400 --> 00:09:24,260 ‌ဂေဟဆိုင်ရာ စားကျက် ‌ရွေးထုတ်လာကြပါတယ်။ 209 00:09:24,720 --> 00:09:25,560 ထိုဂေဟဆိုင်ရာ စားကျက်များ၌ 210 00:09:25,660 --> 00:09:27,540 သူတို့ဟာ လွန်ကဲသော ယှဥ်ပြိုင်မှုမှ ဘေးကင်းသွားကြတယ်။ 211 00:09:28,460 --> 00:09:29,360 သူတို့ဟာ မကြာခင်မှာပဲ 212 00:09:29,420 --> 00:09:30,880 စားကျက်တစ်ခုတည်း အသုံးပြုသည့် အခြားငှက်ပုတီးများဖြင့်သာ 213 00:09:30,880 --> 00:09:32,100 အဓိကအားဖြင့် မိတ်လိုက်ကြပါတော့တယ်။ 214 00:09:33,620 --> 00:09:37,220 မျိုးဆက်ပေါင်းများစွာ၏ ဦးတည့်ရာ တစ်လျှောက်တွင် ထိုဝိသေသများအား မြှင့်တင်လာကြပြီး 215 00:09:37,640 --> 00:09:38,940 ငှက်ပုတီးများကို သူတို့၏စားကျက်များအား 216 00:09:39,020 --> 00:09:40,900 အောင်မြင်စွာ အမြတ်ထုတ်စေရန် ထောက်ကူပေးပါတယ်။ 217 00:09:41,940 --> 00:09:45,880 ပိုးကောင်တူးဆွသူများနှင့် အစေ့ခွဲသူများကြားရှိ ကွဲပြားမှုများမှာ သိပ်ကြီးမားလာသည့်အတွက် 218 00:09:46,060 --> 00:09:48,540 သူတို့ဟာ အခြားတစ်ကောင်နဲ့ တစ်ကောင်အတူ မိတ်လိုက်နိုင်စွမ်း မရှိတော့ပါ။ 219 00:09:49,040 --> 00:09:51,240 ရလဒ်အနေဖြင့် ကွဲပြားသည့် မျိုးစိတ်များ ထွက်ပေါ်လာပါတယ်။ 220 00:09:53,860 --> 00:09:54,480 ယနေ့ခေတ်မှာတော့ 221 00:09:54,480 --> 00:09:56,220 ဂါလာပါဂိုးကျွန်းများပေါ်မှာနေထိုင်လျက်ရှိသည့် 222 00:09:56,300 --> 00:09:57,940 ကွဲပြားသည့် ငှက်ပုတီး မျိုးစိတ် ၁၄မျိုး ရှိပြီးတော့ 223 00:09:58,180 --> 00:09:58,840 ၎င်းတို့အားလုံးဟာ 224 00:09:58,880 --> 00:10:00,260 သောင်တင်နေသည့် ငှက်ပုတီးတွေ တစ်အုပ်စုတည်းမှ 225 00:10:00,340 --> 00:10:01,500 ဆင်းသက်လာကြတာပါ။ 226 00:10:02,280 --> 00:10:05,220 ဒါဟာ မျိုးစိတ်အသစ်တွေကို ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်က ဘယ်လိုဖန်တီးလဲဆိုတာမှာ 227 00:10:05,760 --> 00:10:08,180 အတုမဲ့သည့် တစ်ဦးချင်းတို့၏ တုံ့ပြန်မှုမှတစ်ဆင့်လည်းကောင်း၊ 228 00:10:08,480 --> 00:10:10,560 သားပေါက်များအား အပိုပေါက်ဖွားခြင်းအားဖြင့်လည်းကောင်း၊ 229 00:10:11,620 --> 00:10:14,260 မျိုးရိုးဆက်ခံမှုအတွင်း၌ ပြန်လည်ဖက်စပ်ခြင်းနှင့် သ‌န္ဓေပြောင်းခြင်းဖြင့်လည်းကောင်း၊ 230 00:10:14,700 --> 00:10:16,880 ပြီးတော့ နောက်ဆုံးအနေဖြင့် ရွေးချယ်ခံရခြင်းဖြင့်လည်းကောင်း စသည်တို့ပဲဖြစ်တယ်။ 231 00:10:18,600 --> 00:10:20,160 ဒါက ဘာ‌ကြောင့် သိပ်အရေးကြီးနေပါလိမ့်? 232 00:10:20,540 --> 00:10:23,040 ဒါက သက်ရှိမျိုးစုံဟာ ဘယ်လိုနေရာမှလာကြသလဲဆိုတာရယ် 233 00:10:23,220 --> 00:10:25,740 ပြီးတော့ သက်ရှိသတ္တဝါတွေဟာ ဘာကြောင့် ၎င်းတို့ရဲ့ နေထိုင်ရာကို 234 00:10:25,820 --> 00:10:27,080 သိပ်ပြည့်စုံစွာ ကျင့်သားရနေလဲဆိုတာ ပြောပြပါတယ်။ 235 00:10:28,060 --> 00:10:29,840 ဒါပေမဲ့ ယင်းက ကျွန်ုပ်တို့ကို ပုဂ္ဂိုလ်‌ရေးအရလည်းပဲ သက်ရောက်စေပါတယ်။ 236 00:10:30,820 --> 00:10:34,760 ပုဂ္ဂိုလ်တိုင်းဟာ နှစ်သန်း ၃၅၀၀ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ရဲ့ ရလဒ်ပဲဖြစ်ပြီး 237 00:10:35,460 --> 00:10:36,840 ဒါက သင်လဲပါဝင်ပါတယ်။ 238 00:10:37,280 --> 00:10:39,140 သင်တို့ရဲ့ အဂ္ဂနွယ်တွေဟာ ဆက်လက်ရှင်ကျန်ဖို့အတွက် 239 00:10:39,200 --> 00:10:40,440 တွန်းလှန်တိုက်ခိုက်ပြီး အလိုက်သင့်နေခဲ့ရပါတယ်။ 240 00:10:41,660 --> 00:10:44,360 ဒီလို ဆက်လက်ရှင်ကျန်နိုင်ရေးဆိုတာ အလွန်အမင်း မသေချာတဲ့အရာပါ။ 241 00:10:45,700 --> 00:10:46,820 အသက်ရှင်ခဲ့ဖူးသမျှ မျိုးစိတ်အားလုံး၏ 242 00:10:46,860 --> 00:10:49,160 ၉၉%ဟာ မျိုးသုဥ်းပျောက်ကွယ်သွားပြီဆိုသည့်အချက်ကို 243 00:10:49,220 --> 00:10:50,160 ကျွန်ုပ်တို့ ထည့်တွက်လိုက်လျှင် 244 00:10:50,360 --> 00:10:51,620 ဒီလိုဆိုလျှင် သင်ဟာ သင့်ကိုယ်တိုင်ကို 245 00:10:51,640 --> 00:10:53,160 အောင်မြင်သည့်ဇာတ်လမ်း၏ တစ်စိတ်တစ်ဒေသ အဖြစ် သဘောထားနိုင်ပါတယ်။ 246 00:10:55,520 --> 00:10:57,100 ဒိုင်နိုဆောတွေဟာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပေမဲ့ 247 00:10:57,300 --> 00:10:58,600 သင်ဟာရှင်သန်လျက်ရှိပြီး 248 00:10:58,880 --> 00:10:59,880 ဤဗီဒီယိုကို ကြည့်နေနိုင်ပါတယ်။ 249 00:11:00,820 --> 00:11:02,460 အဘယ့်ကြောင့်ဆိုသော် သင်ဟာယနေ့တည်ရှိနေသည့် 250 00:11:03,080 --> 00:11:05,540 တစ်ခြားသတ္တဝါများအားလုံးကဲ့သို့ပင်အလွန့်အလွန် ထူးခြား၍ 251 00:11:06,280 --> 00:11:09,520 စကြာဝဠာကြီးထဲမှာ ပြန်လည်ပွားယူနိင်စွမ်းမရှိဘဲ အတုမဲ့လို့ဖြစ်ပါတယ်။