0:00:04.280,0:00:07.180 ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်၏ ယန္တရားများ 0:00:07.500,0:00:09.580 ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ဆိုတာ ဘာလဲ? 0:00:10.040,0:00:13.240 ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ဆိုတာ ကမ္ဘာမြေပေါ်က သက်ရှိများ၏ ဖွံ့ဖြိုးမှု ဖြစ်ပါတယ်။ 0:00:14.460,0:00:16.880 ဒီဟာက လွန်ခဲ့တဲ့ နှစ်သန်းထောင်ပေါင်းများစွာအခါက စတင်ခဲ့ပြီး 0:00:17.340,0:00:19.220 ဒီနေ့အထိ ဆက်လက်နေဆဲဖြစ်ပါတယ်။ 0:00:20.400,0:00:23.040 ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ဟာ အလွန်များပြားသော သက်ရှိထွေပြားမှုများ ဖွံ့ဖြိုးရန်အတွက် 0:00:23.220,0:00:24.840 ဘယ်လိုဖြစ်နိုင်ခြေရှိသလဲဆိုတာ ကျွန်ုပ်တို့ကို ပြောပြပါတယ်။ 0:00:25.500,0:00:27.560 ယင်းက ရှေးဦးပရိုတိုဇွာဟာ 0:00:27.860,0:00:29.860 ယနေ့မြင်တွေ့နေရသည့် ကွဲပြားခြားနားသောမျိုးစိတ်များ သန်းပေါင်းများစွာ 0:00:29.920,0:00:31.260 ဘယ်လိုဖြစ်လာနိုင်ခဲ့လဲဆိုတာ ကျွန်ုပ်တို့ကို ပြသပါတယ်။ 0:00:34.560,0:00:35.660 ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ဟာ ဒီလိုဆိုရင် 0:00:35.800,0:00:39.080 ဒတ်ရှန်းတစ်‌ကောင် နှင့် ဂရိတ်ဒိန်းတစ်ကောင် အတူတကွ တွေ့မြင်ရသည့်အပေါ် 0:00:39.200,0:00:41.200 ကျွန်ုပ်တို့အားလုံးမေးဖူးသည့် မေးခွန်းရဲ့အဖြေသာ ဖြစ်တယ်။၊ 0:00:43.120,0:00:43.840 အဂ္ဂနွယ်များအနေဖြင့် 0:00:44.060,0:00:46.340 သူတို့နှင့် အလွန်သိပ်ကွဲပြားခြားနားသည့်ပုံပေါက်သည့် 0:00:46.600,0:00:48.840 ဆင်းသက်သူတွေ ပေါက်ဖွားဖို့ ဘယ်လိုဖြစ်နိုင်ရတာလဲ? 0:00:50.220,0:00:51.460 ဒီမေးခွန်းကိုဖြေရာမှာ 0:00:51.560,0:00:53.260 ကျွန်ုပ်တို့အနေဖြင့် တိရိစ္ဆာန်တွေအပေါ် အာရုံစိုက်ပြီး 0:00:53.460,0:00:56.800 မှိုတွေအပင်တွေလို အခြားသောသက်ရှိသွင်ပြင်များကို ဘေးဖယ်ချင်ပါတယ်။ 0:00:58.280,0:01:00.200 ပထမဆုံးမေးရမည့် မေးခွန်းကတော့ 0:01:00.680,0:01:01.760 တိရိစ္ဆာန်တစ်ကောင်ဟာ 0:01:01.960,0:01:03.980 တိရိစ္ဆာန်မျိုးစိတ်သစ်တစ်ခုလုံးအဖြစ်သို့ ဘယ်လို တိုးတက်ပြောင်းလဲသွားနိုင်ပါသလဲ? 0:01:05.060,0:01:08.300 အဲ၊ အမြန်မေးခွန်းတစ်ခုသာ မေးရမည်ဆိုရင် 0:01:08.660,0:01:11.160 မျိုးစိတ်တစ်ခုဆိုတာ အတိအကျဆိုရင်ဘာများပါလဲ? 0:01:12.000,0:01:13.560 မျိုးစိတ်တစ်ခုဆိုတာ 0:01:13.620,0:01:15.480 အခြားတစ်ကောင်နဲ့ တစ်ကောင်အတူ သားပေါက်လေးများ ပေါက်ဖွားပေးနိုင်သည့် 0:01:15.600,0:01:17.200 အစွမ်းရှိသော တိရိစ္ဆာန်အုပ်စုတစ်ခု ဖြစ်ပါတယ်။ 0:01:17.720,0:01:19.020 ဒါနဲ့ပွားလာတဲ့ သားပေါက်လေးတွေကလည်း 0:01:19.120,0:01:21.260 တစ်ပြန်တစ်လှည့် အနေဖြင့်မျိုးပွားမှုကို စွမ်းနိုင်ပါတယ်။ 0:01:22.080,0:01:23.620 ဒီနည်းလမ်းကို ပို၍ကောင်းစွာနားလည်ဖို့ 0:01:23.620,0:01:26.060 ကျွန်ုပ်တို့အနေဖြင့် လာမည့်အချက်များကို ပိုအနီးကပ်ကြည့်ရှုမှုပြုရန် လိုပေတယ်။ 0:01:27.160,0:01:29.440 သက်ရှိသတ္တဝါများ၏ အတုမဲ့မှုကို 0:01:29.440,0:01:31.820 သားပေါက်များနှင့် မျိုးရိုးဆက်ခံမှုတို့အား 0:01:31.820,0:01:33.360 အပိုထုတ်လုပ်မှုအားဖြင့် တာဝန်ယူထားပါတယ်။ 0:01:33.760,0:01:36.900 ပြီးတော့ ဒုတိယသေ့ာချက်အနေဖြင့် ရွေးချယ်ခံရခြင်းဖြစ်ပါတယ်။ 0:01:38.760,0:01:40.440 အတုမဲ့မှုနှင့် စတင်လိုက်ကြရအောင်။ 0:01:41.480,0:01:43.680 တည်ရှိနေသမျှ သတ္တဝါတိုင်းဟာ အတုမဲ့ပြီးတော့ 0:01:44.400,0:01:46.420 ဒီဟာက ဆင့်ကဲဖြစ်စဥ်အတွက် ပဓာနကျပါတယ်။ 0:01:47.440,0:01:48.640 မျိုးစိတ်တစ်ခုရဲ့ အဖွဲ့ဝင်တွေဟာ 0:01:48.780,0:01:50.840 တစ်ကောင်နှင့် တစ်ကောင်၏ပုံပန်းမှာ စွဲစွဲမြဲမြဲဆင်တူမှု ရှိနိုင်တယ်။ 0:01:51.100,0:01:51.600 သို့ပေမည့် 0:01:51.680,0:01:53.180 သူတို့အားလုံးဆီမှာ အနည်းငယ်ကွဲပြားခြားနားသည့် 0:01:53.300,0:01:54.540 ဥာဥ်များနှင့် ဝိသေသများရှိကြပါတယ်။ 0:01:56.220,0:01:57.220 သူတို့ဟာ နည်းနည်း ပိုထွား၊ 0:01:57.640,0:01:58.240 ပိုဝ၊ 0:01:58.420,0:01:59.020 ပိုသန်၊ 0:01:59.180,0:02:00.080 ဒါမှမဟုတ် သူတို့၏အပေါင်းအဖော်တိရိစ္ဆာန်များထက် 0:02:00.200,0:02:01.080 ပို၍ ရဲဝင့်နိုင်တယ်။ 0:02:02.680,0:02:05.300 ဒါနဲ့ ဒီကွဲပြားမှုများအတွက် အကြောင်းပြချက်ကဘာလဲ? 0:02:05.600,0:02:08.220 သတ္တဝါတစ်ကောင်ကို ပို၍အနီးကပ်ကြည့်ရှုမှု ပြုကြည့်ရအောင်။ 0:02:09.120,0:02:11.520 သတ္တဝါတိုင်းကို ကလာပ်စည်းလေးတွေနဲ့ ဖွဲ့စည်းထားပါတယ်။ 0:02:11.920,0:02:14.220 ဒီကလာပ်စည်းလေးတွေမှာ ဗဟိုချက်တစ်ခုရှိတယ်။ 0:02:14.580,0:02:16.800 ဗဟိုချက်ဟာ ခရိုမိုဆုမ်းတွေပါရှိပြီးတော့ 0:02:17.600,0:02:20.520 ခရိုမိုဆုမ်းဟာ "ဒီအန်အေ"ကို ထိန်းသိမ်းထားပါတယ်။ 0:02:21.520,0:02:24.320 "ဒီအန်အေ"မှာ ကွဲပြားခြားနားသည့် မျိုးဗီဇများ ပါဝင်ပြီးတော့ 0:02:24.740,0:02:28.140 သက်ရှိ၏ အချက်အလက်သယ်ဆောင်ပေးသူများမှာ ထိုမျိုးဗီဇများပင် ဖြစ်ပါတယ်။ 0:02:29.000,0:02:31.600 သူတို့မှာ ကလာပ်စည်းများအတွက် ညွှန်ကြားချက်များနှင့် အမိန့်များပါဝင်ပြီးတော့ 0:02:32.040,0:02:35.160 သက်ရှိသတ္တဝါများမှာရှိသည့် ဝိသေသများနှင့် ဥာဥ်များကို ချမှတ်ပါတယ်။ 0:02:36.820,0:02:40.700 ပြီးလျှင် ထိုကဲ့သို့ပင် ယင်း"ဒီအန်အေ"သည် သတ္တဝါတိုင်းမှာ အတုမဲ့ဖြစ်ပါတယ်။ 0:02:41.960,0:02:44.860 ၎င်းသည် တစ်ဦးမှတစ်ဦးသို့ အနည်းငယ်စီကွဲပြား၍ 0:02:45.220,0:02:48.580 ဒီလိုအကြောင်းကြောင့် ၎င်းတို့အသီးသီးမှာ အနည်းငယ်ကွဲပြားသည့် ဝိသေသများရှိကြတယ်။ 0:02:50.320,0:02:53.740 ဒါပေမဲ့ ဒီအန်အေအစဥ် အများအပြားကို ဘယ်လိုဖန်တီးကြတာလဲ? 0:02:56.140,0:02:57.000 အဓိကအကြောင်းရင်း တစ်ချက်ကတော့ 0:02:57.180,0:02:59.160 သားပေါက်တွေ အလွန်အကျွံပေါက်ဖွားလိုက်လို့ပဲဖြစ်ပါတယ်။ 0:03:00.120,0:03:00.680 သဘာဝတရားမှာ 0:03:00.680,0:03:01.600 ကျွန်ုပ်တို့ လေ့လာကြည့်မယ်ဆိုပါက 0:03:01.700,0:03:04.480 သတ္တဝါတွေဟာ များသောအားဖြင့် လိုအပ်သည်ထက်ပို၍ သားပေါက်များစွာကို 0:03:04.560,0:03:06.340 ၎င်းတို့၏မျိုးစိတ် ဆက်လက်ရှင်ကျန်နိုင်ရေးအတွက် 0:03:06.500,0:03:09.280 သားပေါက်များစွာစောစောသေဆုံးခြင်း၏ အကျိုးဆက်နှင့်အတူ မွေးဖွားတတ်ကြပါတယ်။ 0:03:09.580,0:03:10.080 မကြာမကြာ 0:03:10.120,0:03:11.960 သူတို့နေထိုင်သည့် ပတ်ဝန်းကျင်မှ ထောက်ပံ့နိုင်သည်ထက် 0:03:12.000,0:03:13.780 ပို၍များစွာ သားပေါက်များ ပေါက်ဖွားထားကြပါတယ်။ 0:03:14.060,0:03:15.120 ဒါဟာ မျိုးစိတ်တစ်ခုအတွင်းမှ 0:03:15.200,0:03:17.560 ထွေပြားမှုတိုးပွားလာရခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ 0:03:18.180,0:03:19.820 သားပေါက်တွေ ပိုမွေးထားလေလေ၊ 0:03:19.820,0:03:21.960 ကွဲပြားချက်လေးတွေဖြစ်လာဖို့ ပိုများလေလေပါ။ 0:03:22.980,0:03:24.800 ပြီးတော့ ဒါက သဘာဝတရားက လိုချင်သည့်အရာပါပဲ။ 0:03:25.240,0:03:27.640 ကွဲပြားချက်လေးတွေ များနိုင်သမျှ များများရဖို့ ဖြစ်ပါတယ်။ 0:03:30.160,0:03:32.680 တစ်ဦးချင်းတို့၏ အတုမဲ့မှုဖြစ်လာဖို့ ဒုတိယအဓိကအချက်ကတော့ 0:03:32.760,0:03:34.500 မျိုးရိုးဆက်ခံမှုကိုယ်၌မှာပင် ဖြစ်ပွားပါတယ်။ 0:03:36.420,0:03:37.120 စကားမစပ် 0:03:37.520,0:03:39.740 မျိုးရိုးဆက်ခံမှုဆိုတာ "ဒီအန်အေ"တွေကို သားပေါက်များအား 0:03:39.800,0:03:41.060 လက်ဆင့်ကမ်းပေးလိုက်တာကို ဆိုလိုပါတယ်။ 0:03:42.680,0:03:46.280 ဒီဖြစ်စဉ်မှာ အလွန်စိတ်ဝင်စားစရာကောင်းသည့် အကြာင်းရင်း နှစ်ရပ် ပါဝင်လာပါတယ်။ 0:03:46.980,0:03:49.180 ပြန်လည်ဖက်စပ်ခြင်းနှင့် သ‌န္ဓေပြောင်းခြင်းပါ။ 0:03:51.380,0:03:53.560 ပြန်လည်ဖက်စပ်ခြင်းဆိုတာ သတ္တဝါနှစ်ကောင်ရဲ့ "ဒီအန်အေ"ကို 0:03:53.560,0:03:55.560 ကျပန်းရောမွှေခြင်း ဖြစ်ပါတယ်။ 0:03:56.220,0:03:58.100 သတ္တဝါနှစ်ကောင် ချစ်ကြိုက်ပြီး မိတ်လိုက်ကြတဲ့အခါမှာ 0:03:58.360,0:04:00.680 သူတို့ရဲ့ မျိုးရိုးဗီဇတွေကို နှစ်ကြိမ် ဖက်စပ်ပါတယ်။ 0:04:02.200,0:04:03.800 ပထမအကြိမ် သူတို့ဟာ ဒါကို 0:04:04.160,0:04:05.460 ၎င်းတို့ဂန္မိတွေကို ထုတ်လုပ်ချိန်မှာ သီးခြားစီလုပ်ပြီး 0:04:05.840,0:04:08.060 ယင်းတို့မှာ သုက်ပိုးနှင့် မျိုးဥကလာပ်စည်းတို့ ဖြစ်ကြပါတယ်။ 0:04:09.960,0:04:11.680 ဂန္မိတွေဟာ မျိုးရိုးဗီဇတွေရဲ့ တစ်ဝက်ကို သယ်ဆောင်ပြီး 0:04:11.780,0:04:13.240 ၎င်းတို့ကို ကုလားဖန်ထိုးပါတယ်။ 0:04:14.660,0:04:15.960 ဒုတိယအကြိမ် ပြန်လည်ဖက်စပ်ခြင်းကတော့ 0:04:16.060,0:04:19.180 အထီးဟာ အမကို ပဋိသ‌န္ဓေတည်စေသည့်အခါမှာ ဖြစ်ပွားပါတယ်။ 0:04:20.340,0:04:23.140 မိဘတစ်ဦးစီက သူတို့"ဒီအန်အေ"တွေရဲ့၅၀%ကို ပေးကမ်းပါတယ်။ 0:04:23.460,0:04:24.160 တစ်နည်းပြောရရင်တော့ 0:04:24.320,0:04:27.100 သူတို့ရဲ့ အတုမဲ့သည့် ၅၀% သော ဥာဥ်များနှင့် ဝိသေသများကို ပေးကမ်းပါတယ်။ 0:04:28.560,0:04:29.240 ၎င်းတို့ကို ဒီလိုနဲ့ 0:04:29.340,0:04:30.660 ပြန်လည်ဖက်စပ်လိုက်တယ်၊ သို့မဟုတ် ရောမွှေလိုက်ပြီးတော့ 0:04:30.940,0:04:32.960 ရလဒ်အနေနှင့် သားပေါက်အသစ်လေးရလာပါတယ်။ 0:04:34.420,0:04:36.820 ဒီသားပေါက်လေးတွေမှာ "ဒီအန်အေ"တွေ ကျပန်းရောမွှေထားမှုရှိပြီး 0:04:37.080,0:04:37.760 ဒါအတွက်ကြောင့် သူတို့မှာ 0:04:37.780,0:04:40.180 ၎င်းတို့မိဘများ၏ ဥာဥ်များနှင့် ဝိသေသများကိုလည်း ရောမွှေထားပါတယ်။ 0:04:41.500,0:04:44.680 ဒါက မျိုးစိတ်တစ်ခုအတွင်းမှာ ထွေပြားခြင်းနှင့် ကွဲပြားခြင်းကို 0:04:44.960,0:04:45.980 ဒီထက်ပို၍ တိုးမြှင့်စေပါတယ်။ 0:04:48.500,0:04:51.540 ဒါပေမဲ့ သ‌န္ဓေပြောင်းခြင်းဟာလည်း ဆင့်ကဲဖြစ်စဥ်အတွက် အရေးကြီးပါတယ်။ 0:04:52.360,0:04:55.040 သ‌န္ဓေပြောင်းခြင်းဟာ "ဒီအန်အေ"ထဲမှာ ကျပန်းအပြောင်းအလဲတွေ ဖြစ်ပါတယ်။ 0:04:56.300,0:04:59.860 ဒီဟာတွေကို "ဒီအန်အေ"အတွင်း အမှားများမိတ္တူကူးမိခြင်း လို့လည်း ဖော်ပြနိုင်ပြီး 0:05:00.380,0:05:04.420 ၎င်းတို့ကိုအဆိပ်အတောက်တွေ၊ အခြားသောဓာတုပစ္စည်းတွေ၊ ဓာတ်ရောင်ခြည်တွေက မောင်းဖြုတ်ပါတယ်။ 0:05:06.200,0:05:10.280 သ‌န္ဓေပြောင်းခြင်းတစ်ခုဟာ "ဒီအန်အေ"၏ တစ်စိတ်တစ်ဒေသကို ပြင်ဆင်သည့်အခါ ဖြစ်ပေါ်ပါတယ်။ 0:05:10.960,0:05:12.980 ဒီအပြောင်းအလဲများဟာ မကြာခဏအားဖြင့် အပျက်သဘောဆောင်တတ်ပြီးတော့ 0:05:12.980,0:05:15.440 မြစ်ပွားနာကဲ့သို့သော အနာများကို ရရှိစေနိုင်ပါတယ်။ 0:05:16.940,0:05:17.580 ဒါပေမယ့်လည်း 0:05:17.580,0:05:20.040 ၎င်းတို့မှာ အာနိသင်မရှိသော သို့မဟုတ် အပြုသဘောဆောင်သော အကျိုးဆက်များအနေဖြင့် 0:05:20.400,0:05:22.240 လူသားများ၌ မျက်လုံးအပြာရောင်ကဲ့သို့သော 0:05:22.540,0:05:24.560 ကျပန်း သ‌န္ဓေပြောင်းခြင်းတစ်ခုကြောင့်ဖြစ်ရသည့် ဟာတွေလည်း ရှိနိုင်ပါတယ်။ 0:05:26.520,0:05:27.440 ကိစ္စရပ်အားလုံးမှာ 0:05:27.520,0:05:29.600 သ‌န္ဓေပြောင်းခြင်းတစ်ခုဟာ ဂန္မိတစ်ခုကို အကျိုးသက်ရောက်ဖို့လိုပြီး 0:05:29.800,0:05:31.640 ယင်းမှာ သုက်ပိုး သို့မဟုတ် မျိုးဥကလာပ်စည်း တစ်ခုဖြစ်ပါတယ်။ 0:05:32.540,0:05:34.560 ဘာကြောင့်လဲဆိုတော့ ဂန္မိထဲမှာရှိတဲ့ "ဒီအန်အေ"သာလျှင် 0:05:34.600,0:05:36.560 သားပေါက်တွေဆီကို လက်ဆင့်ကမ်းလို့ ဖြစ်ပါတယ်။ 0:05:37.920,0:05:41.900 ဒါက ဓာတ်မှန်ရိုက်နေစဥ် အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေက ဘေးမရှိခိုက် 0:05:42.160,0:05:44.620 ကျွန်ုပ်တို့ရဲ့ လိင်အင်္ဂါတွေကို လုံခြုံအောင်ထားရခြင်း၏ အကြောင်းပြချက်လည်း ဖြစ်ပါတယ်။ 0:05:45.400,0:05:46.400 အကျဥ်ချုပ်အားဖြင့်ဆိုရသော် 0:05:46.860,0:05:48.140 မျိုးရိုးဆက်ခံမှုဖြစ်စဥ်မှာ 0:05:48.540,0:05:50.640 သတ္တဝါတွေဟာ ၎င်းတို့ရဲ့ဝိသေသများကို သူတို့၏သားပေါက်များဆီသို့ 0:05:50.700,0:05:52.200 "ဒီအန်အေ"အသွင်ဖြင့် လက်ဆင့်ကမ်းလိုက်ပါတယ်။ 0:05:53.380,0:05:56.220 ပြန်လည်ဖက်စပ်ခြင်းနှင့် သ‌န္ဓေပြောင်းခြင်းတွေက "ဒီအန်အေ"ကို ပြောင်းလဲလိုက်သည့်အတွက် 0:05:56.760,0:05:59.540 ကလေးတစ်ဦးစီဟာ ၎င်း၏မွေးချင်းများမှ ရုပ်ကွဲပြားကြပါတယ်။ 0:05:59.900,0:06:03.820 ပြီးတော့ ၎င်း၏မိဘတွေရဲ့ ဝိသေသများကို ကျပန်းရောမွှေမှုအားဖြင့် ရရှိပါတယ်။ 0:06:06.420,0:06:07.720 ဒီနေရာမှာ သော့ချက်စကားလုံးရှိပါတယ်။ 0:06:09.120,0:06:09.900 "ကျပန်း" ဖြစ်ခြင်းပါ။ 0:06:10.300,0:06:13.120 ဒီဖြစ်စဥ်တွေအားလုံးဟာ ကံတရားပေါ်မူတည်ပါတယ်။ 0:06:13.760,0:06:15.740 ကျပန်းပြန်လည်ဖက်စပ်ခြင်း နှင့် သ‌န္ဓေပြောင်းခြင်းတွေဟာ 0:06:15.920,0:06:17.940 တစ်ဦးချင်းတို့ကို ဥာဥ်များနှင့် ဝိသေသများအား 0:06:17.940,0:06:19.640 ကျပန်းရောမွှေမှုများအားဖြင့် ရရှိစေပါတယ်။ 0:06:19.980,0:06:21.780 ယင်းက တစ်ပြန်တစ်လှည့်အနေဖြင့် ၎င်းတို့ကို ကျပန်းရောမွှေပြီး 0:06:21.840,0:06:23.420 လက်ဆင့်ကမ်းပေးလိုက်ပါတယ်။ 0:06:25.780,0:06:27.940 ဒါပေမဲ့ ကံတရားအပေါ် ဘယ်လောက်သိပ်များများ မှုတည်နိုင်မလဲ? 0:06:28.160,0:06:30.500 သက်ရှိသတ္တဝါများအားလုံးဟာ သူတို့ရဲ့ပတ်ဝန်းကျင်ကို 0:06:30.620,0:06:31.900 သိပ်ပြည့်စုံစွာ နေသားကျနေသည့်အခါဆိုရင် 0:06:32.420,0:06:33.260 ဥပမာအားဖြင့် 0:06:33.460,0:06:34.460 တုတ်ချောင်းကောင်၊ 0:06:35.200,0:06:36.060 ငှက်ပိတုန်းနှင့် 0:06:36.940,0:06:38.300 မဏ္ဍူကာ့ငါးတွေ ဆိုရင်ရော? 0:06:40.200,0:06:42.740 အဖြေကို ဒုတိယမြောက်သော့ချက်ဖြစ်သည့် 0:06:42.880,0:06:44.000 ရွေးချယ်ခံရခြင်းမှ ပေးပါတယ်။ 0:06:44.560,0:06:48.540 တစ်ဦးစီဟာ သဘာဝတရားမှ ရွေးချယ်ခံရခြင်းဖြစ်စဥ်တစ်ခု၏ အပြုခံသာဖြစ်ပါတယ်။ 0:06:50.360,0:06:51.200 ကျွန်ုပ်တို့သိရမျှအနေနှင့် 0:06:51.380,0:06:53.920 ပုဂ္ဂိုလ်တစ်ဦးစီဟာ ၎င်းရဲ့အပေါင်းအဖော်တွေမှ အတော်အတန် ကွဲပြားကြပါတယ်။ 0:06:54.900,0:06:58.260 ပြီးတော့ မျိုးစိတ်တစ်ခုအတွင်းမှာ ကျယ်ပြန့်သည့် အမျိုးကွဲတွေရှိကြပါတယ်။ 0:07:00.360,0:07:03.400 ပတ်ဝန်းကျင်ဆိုင်ရာ လွှမ်းမိုးမှုတွေဟာ သက်ရှိသတ္တဝါတွေအပေါ် သက်ရောက်မှုရှိပါတယ်။ 0:07:03.700,0:07:06.120 အဲဒီ ရွေးချယ်ခံရခြင်းဟုဆိုသော အကြောင်းခံတွေမှာ ပါဝင်တာကတော့ 0:07:07.220,0:07:08.160 သားရဲတွေ၊ 0:07:08.320,0:07:09.220 ကပ်ပါးတွေ၊ 0:07:09.560,0:07:10.980 မျိုးစိတ်တူတိရိစ္ဆာန်တွေ၊ 0:07:11.140,0:07:11.780 အဆိပ်တွေ 0:07:12.060,0:07:14.440 နေထိုင်ရာ သို့မဟုတ် ဥတု ပြောင်းလဲမှုများပဲ ဖြစ်ပါတယ်။ 0:07:15.300,0:07:18.720 ရွေးချယ်ခံရခြင်းက တစ်ဦးတစ်ယောက်စီ အပြုခံရသည့် ဖြစ်စဥ်တစ်ခုသာ ဖြစ်ပါသည်။ 0:07:19.720,0:07:22.960 သတ္တဝါတိုင်းတွင် အတုမဲ့သည့် ဥာဥ်များနှင့် ဝိသေသများ ရောမွှေမှု ရှီပါတယ်။ 0:07:24.680,0:07:27.500 ဒီရောမွှေမှုက သူတို့ကို ၎င်းတို့ရဲ့ပတ်ဝန်းကျင်မှာ ရှင်ကျန်စေရန် ကူညီပေး၍ 0:07:27.940,0:07:28.920 သို့မဟုတ်ပါက 0:07:29.260,0:07:30.920 အကြောင်းအားလျော်စွာပါပဲ။ 0:07:31.740,0:07:33.800 မသင့်လျော်သော ရောမွှေမှုနှင့် မည်သူမဆို 0:07:33.900,0:07:35.580 ပတ်ဝန်းကျင်မှ ရွေးကောက်ခြင်းကို ခံရပါလိမ့်မယ်။ 0:07:39.160,0:07:40.920 မှန်ကန်သော ရောမွှေမှုနှင့်ဟာတွေကတော့ ရှင်ကျန်ခဲ့ပြီး 0:07:41.080,0:07:44.080 ၎င်းတိုရဲ့ မြှင့်တင်ထားသည့် ဥာဥ်များနှင့် ဝိသေသများကို လက်ဆင့်ကမ်းပေးနိုင်ပါတယ်။ 0:07:47.440,0:07:50.400 ဒါကဘာကြောင့် ထွေပြားခြင်ဟာ သိပ်အရေးကြီးရလဲ ဆိုတာပါပဲ။ 0:07:50.480,0:07:51.380 ဒါကဘာကြောင့် သတ္တဝါတွေဟာ 0:07:51.460,0:07:53.320 တတ်နိုင်သမျှ ကွဲပြားသည့် သားပေါက်များကို မွေးဖွားရန် 0:07:53.400,0:07:55.460 အားထုတ်မှု ဒီလောက် ပြုကြလဲဆိုတာပဲဖြစ်တယ်။ 0:07:56.400,0:07:58.740 သူတို့ဟာ အနည်းဆုံး ၎င်းတို့၏သားပေါက်များထဲမှ တစ်ကောင်ဟာ 0:07:58.820,0:08:00.200 သဘာဝတရား၏ ရွေးချယ်ခံရခြင်းဖြစ်စဥ်ကို ဖြတ်ကျော်ရမည့် 0:08:00.240,0:08:01.180 ဖြစ်နိုင်ခြေကိုတိုးမြှင့်ကြပါတယ်။ 0:08:02.000,0:08:03.340 သူတို့ဟာ ၎င်းတို့၏ ဆက်လက်ရှင်ကျန်နိုင်ရေးအခွင့်အလမ်းကို 0:08:03.420,0:08:04.300 များနိုင်သမျှများအောင်ပြုပါတယ်။ 0:08:06.240,0:08:07.100 ယင်း၏ ဥပမာကောင်းတစ်ခုကိုတော့ 0:08:07.160,0:08:08.880 အစွန်အဖျားကျသည့် ကျွန်းတစ်ကျွန်းပေါ်တွင် နေထိုင်သည့် 0:08:08.960,0:08:10.740 ငှက်ပုတီးအုပ်စုတစ်ခုတွင် တွေ့နိုင်ပါတယ်။ 0:08:12.020,0:08:14.740 သူတို့ဟာ သိပ္ပံလောက၌ အထင်ရှားဆုံးထဲမှ တိရစ္ဆာန်အချို့ ဖြစ်ကာ 0:08:14.940,0:08:16.700 သူတို့ကိုရှာဖွေတွေ့ရှိသူဖြစ်သည့် ချားလ်စ်ဒါဝင်ကိုလိုက်၍ 0:08:16.880,0:08:18.780 ဒါဝင်ငှက်ပုတီးများလို့သိရှိကြပြီး 0:08:20.480,0:08:22.740 ဒါက အဲဒီငှက်ပုတီးများရဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။ 0:08:23.080,0:08:24.220 လွန်ခဲ့တဲ့ နှစ်ရာဂဏန်းအနည်းငယ်လောက်က 0:08:24.380,0:08:26.000 ငှက်ပုတီး အုပ်စုငယ်လေးတစ်ခုဟာ 0:08:26.120,0:08:28.380 ပစိဖိတ်အလယ်ရှိ ဂါလာပါဂိုးကျွန်းများပေါ်သို့ လွင့်သွားခဲ့ကာ 0:08:28.640,0:08:30.040 သေချာသလောက်ကတော့ မုန်တိုင်းကြီးတစ်ခုကြောင့်ပါပဲ။ 0:08:32.960,0:08:35.060 ငှက်ပုတီးတွေဟာ ၎င်းတို့အတွက် လုံးဝအသစ်ဖြစ်နေသည့် ပတ်ဝန်းကျင်မှာ 0:08:35.180,0:08:36.580 သူတို့ရောက်နေတာ တွေ့ရှိရပြီး 0:08:36.880,0:08:41.500 ယင်းမှာ စားစရာ အလျှံပယ်ရှိပြီး သားရဲများမရှိသည့်အတွက် ငှက်ပုတီးသုခဘုံ အစစ်ဖြစ်ပါတယ်။ 0:08:42.580,0:08:45.400 သူတို့ဟာ တစ်ဟုန်ထိုးဖြင့် များပြားစွာ မျိုးပွားကြပါတယ်။ 0:08:45.640,0:08:47.440 မကြာခင်ပဲ ကျွန်းများဟာ ငှက်ပုတီးများနှင့် ရုန်းကြွနေပါတော့တယ်။ 0:08:47.900,0:08:50.980 ဒါကတော့ အစားအစာ ထောက်ပံ့မှုဟာတိုး၍တိုး၍ ရှားပါးလာပြီလို့ ဆိုလိုပါတယ်။ 0:08:51.220,0:08:53.180 ငှက်ပုတီးသုခဘုံဟာ ငတ်မွတ်ခြင်းဘေးနှင့် ခြိမ်းခြောက်ခံရပြီး 0:08:53.500,0:08:55.800 ငှက်ပုတီးမိတ်ဆွေများဟာ ပြိုင်ဘက်တွေ ဖြစ်လာပါတယ်။ 0:08:56.780,0:08:58.980 ဒါက ရွေးချယ်ခံရခြင်းက ကြားဝင်သည့်အချိန်ပဲ ဖြစ်ပါတယ်။ 0:08:59.380,0:09:01.520 သူတို့၏ ပင်ကိုလက္ခဏာနှင့် ကွဲပြားမှုငယ်လေးများဖြစ်သည့် 0:09:01.640,0:09:03.680 ဒီကိစ္စမှာတော့ ၎င်းတို့၏ အနည်းငယ်ကွဲပြားသည့် နှုတ်သီးများက 0:09:03.920,0:09:06.420 ငှက်အချို့ဟာ ၎င်းတို့၏အပေါင်းအဖော် ငှက်ပုတီးများနှင့် ပြိုင်ဆိုင်ခြင်းကို 0:09:06.520,0:09:08.160 ရှောင်ရှားနိုင်စွမ်းရှိတယ်လို့ ဆိုလိုပါတယ်။ 0:09:11.280,0:09:13.720 ငှက်ပုတီးတစ်ချို့၏ နှုတ်သီးများမှာ ပိုးကောင်များအား တူးဆွဖို့အတွက် 0:09:13.740,0:09:14.840 ပို၍သင့်တော်ကြတယ်။ 0:09:16.400,0:09:18.960 အခြားငှက်ပုတီးတွေကတော့ ၎င်းတို့၏နှုတ်သီးများကို အစေ့တွေခွဲဖို့အတွက် 0:09:19.000,0:09:20.360 ပို၍ကောင်းစွာအသုံးပြုနိုင်ကြပါတယ်။ 0:09:21.160,0:09:22.340 ငှက်ပုတီးတွေဟာ ထိုအကျိုးဆက်ကြောင့် 0:09:22.400,0:09:24.260 ‌ဂေဟဆိုင်ရာ စားကျက် ‌ရွေးထုတ်လာကြပါတယ်။ 0:09:24.720,0:09:25.560 ထိုဂေဟဆိုင်ရာ စားကျက်များ၌ 0:09:25.660,0:09:27.540 သူတို့ဟာ လွန်ကဲသော ယှဥ်ပြိုင်မှုမှ ဘေးကင်းသွားကြတယ်။ 0:09:28.460,0:09:29.360 သူတို့ဟာ မကြာခင်မှာပဲ 0:09:29.420,0:09:30.880 စားကျက်တစ်ခုတည်း အသုံးပြုသည့် အခြားငှက်ပုတီးများဖြင့်သာ 0:09:30.880,0:09:32.100 အဓိကအားဖြင့် မိတ်လိုက်ကြပါတော့တယ်။ 0:09:33.620,0:09:37.220 မျိုးဆက်ပေါင်းများစွာ၏ ဦးတည့်ရာ တစ်လျှောက်တွင် ထိုဝိသေသများအား မြှင့်တင်လာကြပြီး 0:09:37.640,0:09:38.940 ငှက်ပုတီးများကို သူတို့၏စားကျက်များအား 0:09:39.020,0:09:40.900 အောင်မြင်စွာ အမြတ်ထုတ်စေရန် ထောက်ကူပေးပါတယ်။ 0:09:41.940,0:09:45.880 ပိုးကောင်တူးဆွသူများနှင့် အစေ့ခွဲသူများကြားရှိ ကွဲပြားမှုများမှာ သိပ်ကြီးမားလာသည့်အတွက် 0:09:46.060,0:09:48.540 သူတို့ဟာ အခြားတစ်ကောင်နဲ့ တစ်ကောင်အတူ မိတ်လိုက်နိုင်စွမ်း မရှိတော့ပါ။ 0:09:49.040,0:09:51.240 ရလဒ်အနေဖြင့် ကွဲပြားသည့် မျိုးစိတ်များ ထွက်ပေါ်လာပါတယ်။ 0:09:53.860,0:09:54.480 ယနေ့ခေတ်မှာတော့ 0:09:54.480,0:09:56.220 ဂါလာပါဂိုးကျွန်းများပေါ်မှာနေထိုင်လျက်ရှိသည့် 0:09:56.300,0:09:57.940 ကွဲပြားသည့် ငှက်ပုတီး မျိုးစိတ် ၁၄မျိုး ရှိပြီးတော့ 0:09:58.180,0:09:58.840 ၎င်းတို့အားလုံးဟာ 0:09:58.880,0:10:00.260 သောင်တင်နေသည့် ငှက်ပုတီးတွေ တစ်အုပ်စုတည်းမှ 0:10:00.340,0:10:01.500 ဆင်းသက်လာကြတာပါ။ 0:10:02.280,0:10:05.220 ဒါဟာ မျိုးစိတ်အသစ်တွေကို ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်က ဘယ်လိုဖန်တီးလဲဆိုတာမှာ 0:10:05.760,0:10:08.180 အတုမဲ့သည့် တစ်ဦးချင်းတို့၏ တုံ့ပြန်မှုမှတစ်ဆင့်လည်းကောင်း၊ 0:10:08.480,0:10:10.560 သားပေါက်များအား အပိုပေါက်ဖွားခြင်းအားဖြင့်လည်းကောင်း၊ 0:10:11.620,0:10:14.260 မျိုးရိုးဆက်ခံမှုအတွင်း၌ ပြန်လည်ဖက်စပ်ခြင်းနှင့် သ‌န္ဓေပြောင်းခြင်းဖြင့်လည်းကောင်း၊ 0:10:14.700,0:10:16.880 ပြီးတော့ နောက်ဆုံးအနေဖြင့် ရွေးချယ်ခံရခြင်းဖြင့်လည်းကောင်း စသည်တို့ပဲဖြစ်တယ်။ 0:10:18.600,0:10:20.160 ဒါက ဘာ‌ကြောင့် သိပ်အရေးကြီးနေပါလိမ့်? 0:10:20.540,0:10:23.040 ဒါက သက်ရှိမျိုးစုံဟာ ဘယ်လိုနေရာမှလာကြသလဲဆိုတာရယ် 0:10:23.220,0:10:25.740 ပြီးတော့ သက်ရှိသတ္တဝါတွေဟာ ဘာကြောင့် ၎င်းတို့ရဲ့ နေထိုင်ရာကို 0:10:25.820,0:10:27.080 သိပ်ပြည့်စုံစွာ ကျင့်သားရနေလဲဆိုတာ ပြောပြပါတယ်။ 0:10:28.060,0:10:29.840 ဒါပေမဲ့ ယင်းက ကျွန်ုပ်တို့ကို ပုဂ္ဂိုလ်‌ရေးအရလည်းပဲ သက်ရောက်စေပါတယ်။ 0:10:30.820,0:10:34.760 ပုဂ္ဂိုလ်တိုင်းဟာ နှစ်သန်း ၃၅၀၀ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ရဲ့ ရလဒ်ပဲဖြစ်ပြီး 0:10:35.460,0:10:36.840 ဒါက သင်လဲပါဝင်ပါတယ်။ 0:10:37.280,0:10:39.140 သင်တို့ရဲ့ အဂ္ဂနွယ်တွေဟာ ဆက်လက်ရှင်ကျန်ဖို့အတွက် 0:10:39.200,0:10:40.440 တွန်းလှန်တိုက်ခိုက်ပြီး အလိုက်သင့်နေခဲ့ရပါတယ်။ 0:10:41.660,0:10:44.360 ဒီလို ဆက်လက်ရှင်ကျန်နိုင်ရေးဆိုတာ အလွန်အမင်း မသေချာတဲ့အရာပါ။ 0:10:45.700,0:10:46.820 အသက်ရှင်ခဲ့ဖူးသမျှ မျိုးစိတ်အားလုံး၏ 0:10:46.860,0:10:49.160 ၉၉%ဟာ မျိုးသုဥ်းပျောက်ကွယ်သွားပြီဆိုသည့်အချက်ကို 0:10:49.220,0:10:50.160 ကျွန်ုပ်တို့ ထည့်တွက်လိုက်လျှင် 0:10:50.360,0:10:51.620 ဒီလိုဆိုလျှင် သင်ဟာ သင့်ကိုယ်တိုင်ကို 0:10:51.640,0:10:53.160 အောင်မြင်သည့်ဇာတ်လမ်း၏ တစ်စိတ်တစ်ဒေသ အဖြစ် သဘောထားနိုင်ပါတယ်။ 0:10:55.520,0:10:57.100 ဒိုင်နိုဆောတွေဟာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပေမဲ့ 0:10:57.300,0:10:58.600 သင်ဟာရှင်သန်လျက်ရှိပြီး 0:10:58.880,0:10:59.880 ဤဗီဒီယိုကို ကြည့်နေနိုင်ပါတယ်။ 0:11:00.820,0:11:02.460 အဘယ့်ကြောင့်ဆိုသော် သင်ဟာယနေ့တည်ရှိနေသည့် 0:11:03.080,0:11:05.540 တစ်ခြားသတ္တဝါများအားလုံးကဲ့သို့ပင်အလွန့်အလွန် ထူးခြား၍ 0:11:06.280,0:11:09.520 စကြာဝဠာကြီးထဲမှာ ပြန်လည်ပွားယူနိင်စွမ်းမရှိဘဲ အတုမဲ့လို့ဖြစ်ပါတယ်။