ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်၏ ယန္တရားများ
ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ဆိုတာ ဘာလဲ?
ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ဆိုတာ ကမ္ဘာမြေပေါ်က သက်ရှိများ၏ ဖွံ့ဖြိုးမှု ဖြစ်ပါတယ်။
ဒီဟာက လွန်ခဲ့တဲ့ နှစ်သန်းထောင်ပေါင်းများစွာအခါက စတင်ခဲ့ပြီး
ဒီနေ့အထိ ဆက်လက်နေဆဲဖြစ်ပါတယ်။
ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ဟာ အလွန်များပြားသော သက်ရှိထွေပြားမှုများ ဖွံ့ဖြိုးရန်အတွက်
ဘယ်လိုဖြစ်နိုင်ခြေရှိသလဲဆိုတာ ကျွန်ုပ်တို့ကို ပြောပြပါတယ်။
ယင်းက ရှေးဦးပရိုတိုဇွာဟာ
ယနေ့မြင်တွေ့နေရသည့် ကွဲပြားခြားနားသောမျိုးစိတ်များ သန်းပေါင်းများစွာ
ဘယ်လိုဖြစ်လာနိုင်ခဲ့လဲဆိုတာ ကျွန်ုပ်တို့ကို ပြသပါတယ်။
ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ဟာ ဒီလိုဆိုရင်
ဒတ်ရှန်းတစ်ကောင် နှင့် ဂရိတ်ဒိန်းတစ်ကောင် အတူတကွ တွေ့မြင်ရသည့်အပေါ်
ကျွန်ုပ်တို့အားလုံးမေးဖူးသည့် မေးခွန်းရဲ့အဖြေသာ ဖြစ်တယ်။၊
အဂ္ဂနွယ်များအနေဖြင့်
သူတို့နှင့် အလွန်သိပ်ကွဲပြားခြားနားသည့်ပုံပေါက်သည့်
ဆင်းသက်သူတွေ ပေါက်ဖွားဖို့ ဘယ်လိုဖြစ်နိုင်ရတာလဲ?
ဒီမေးခွန်းကိုဖြေရာမှာ
ကျွန်ုပ်တို့အနေဖြင့် တိရိစ္ဆာန်တွေအပေါ် အာရုံစိုက်ပြီး
မှိုတွေအပင်တွေလို အခြားသောသက်ရှိသွင်ပြင်များကို ဘေးဖယ်ချင်ပါတယ်။
ပထမဆုံးမေးရမည့် မေးခွန်းကတော့
တိရိစ္ဆာန်တစ်ကောင်ဟာ
တိရိစ္ဆာန်မျိုးစိတ်သစ်တစ်ခုလုံးအဖြစ်သို့ ဘယ်လို တိုးတက်ပြောင်းလဲသွားနိုင်ပါသလဲ?
အဲ၊ အမြန်မေးခွန်းတစ်ခုသာ မေးရမည်ဆိုရင်
မျိုးစိတ်တစ်ခုဆိုတာ အတိအကျဆိုရင်ဘာများပါလဲ?
မျိုးစိတ်တစ်ခုဆိုတာ
အခြားတစ်ကောင်နဲ့ တစ်ကောင်အတူ သားပေါက်လေးများ ပေါက်ဖွားပေးနိုင်သည့်
အစွမ်းရှိသော တိရိစ္ဆာန်အုပ်စုတစ်ခု ဖြစ်ပါတယ်။
ဒါနဲ့ပွားလာတဲ့ သားပေါက်လေးတွေကလည်း
တစ်ပြန်တစ်လှည့် အနေဖြင့်မျိုးပွားမှုကို စွမ်းနိုင်ပါတယ်။
ဒီနည်းလမ်းကို ပို၍ကောင်းစွာနားလည်ဖို့
ကျွန်ုပ်တို့အနေဖြင့် လာမည့်အချက်များကို ပိုအနီးကပ်ကြည့်ရှုမှုပြုရန် လိုပေတယ်။
သက်ရှိသတ္တဝါများ၏ အတုမဲ့မှုကို
သားပေါက်များနှင့် မျိုးရိုးဆက်ခံမှုတို့အား
အပိုထုတ်လုပ်မှုအားဖြင့် တာဝန်ယူထားပါတယ်။
ပြီးတော့ ဒုတိယသေ့ာချက်အနေဖြင့် ရွေးချယ်ခံရခြင်းဖြစ်ပါတယ်။
အတုမဲ့မှုနှင့် စတင်လိုက်ကြရအောင်။
တည်ရှိနေသမျှ သတ္တဝါတိုင်းဟာ အတုမဲ့ပြီးတော့
ဒီဟာက ဆင့်ကဲဖြစ်စဥ်အတွက် ပဓာနကျပါတယ်။
မျိုးစိတ်တစ်ခုရဲ့ အဖွဲ့ဝင်တွေဟာ
တစ်ကောင်နှင့် တစ်ကောင်၏ပုံပန်းမှာ စွဲစွဲမြဲမြဲဆင်တူမှု ရှိနိုင်တယ်။
သို့ပေမည့်
သူတို့အားလုံးဆီမှာ အနည်းငယ်ကွဲပြားခြားနားသည့်
ဥာဥ်များနှင့် ဝိသေသများရှိကြပါတယ်။
သူတို့ဟာ နည်းနည်း ပိုထွား၊
ပိုဝ၊
ပိုသန်၊
ဒါမှမဟုတ် သူတို့၏အပေါင်းအဖော်တိရိစ္ဆာန်များထက်
ပို၍ ရဲဝင့်နိုင်တယ်။
ဒါနဲ့ ဒီကွဲပြားမှုများအတွက် အကြောင်းပြချက်ကဘာလဲ?
သတ္တဝါတစ်ကောင်ကို ပို၍အနီးကပ်ကြည့်ရှုမှု ပြုကြည့်ရအောင်။
သတ္တဝါတိုင်းကို ကလာပ်စည်းလေးတွေနဲ့ ဖွဲ့စည်းထားပါတယ်။
ဒီကလာပ်စည်းလေးတွေမှာ ဗဟိုချက်တစ်ခုရှိတယ်။
ဗဟိုချက်ဟာ ခရိုမိုဆုမ်းတွေပါရှိပြီးတော့
ခရိုမိုဆုမ်းဟာ "ဒီအန်အေ"ကို ထိန်းသိမ်းထားပါတယ်။
"ဒီအန်အေ"မှာ ကွဲပြားခြားနားသည့် မျိုးဗီဇများ ပါဝင်ပြီးတော့
သက်ရှိ၏ အချက်အလက်သယ်ဆောင်ပေးသူများမှာ ထိုမျိုးဗီဇများပင် ဖြစ်ပါတယ်။
သူတို့မှာ ကလာပ်စည်းများအတွက် ညွှန်ကြားချက်များနှင့် အမိန့်များပါဝင်ပြီးတော့
သက်ရှိသတ္တဝါများမှာရှိသည့် ဝိသေသများနှင့် ဥာဥ်များကို ချမှတ်ပါတယ်။
ပြီးလျှင် ထိုကဲ့သို့ပင် ယင်း"ဒီအန်အေ"သည် သတ္တဝါတိုင်းမှာ အတုမဲ့ဖြစ်ပါတယ်။
၎င်းသည် တစ်ဦးမှတစ်ဦးသို့ အနည်းငယ်စီကွဲပြား၍
ဒီလိုအကြောင်းကြောင့် ၎င်းတို့အသီးသီးမှာ အနည်းငယ်ကွဲပြားသည့် ဝိသေသများရှိကြတယ်။
ဒါပေမဲ့ ဒီအန်အေအစဥ် အများအပြားကို ဘယ်လိုဖန်တီးကြတာလဲ?
အဓိကအကြောင်းရင်း တစ်ချက်ကတော့
သားပေါက်တွေ အလွန်အကျွံပေါက်ဖွားလိုက်လို့ပဲဖြစ်ပါတယ်။
သဘာဝတရားမှာ
ကျွန်ုပ်တို့ လေ့လာကြည့်မယ်ဆိုပါက
သတ္တဝါတွေဟာ များသောအားဖြင့် လိုအပ်သည်ထက်ပို၍ သားပေါက်များစွာကို
၎င်းတို့၏မျိုးစိတ် ဆက်လက်ရှင်ကျန်နိုင်ရေးအတွက်
သားပေါက်များစွာစောစောသေဆုံးခြင်း၏ အကျိုးဆက်နှင့်အတူ မွေးဖွားတတ်ကြပါတယ်။
မကြာမကြာ
သူတို့နေထိုင်သည့် ပတ်ဝန်းကျင်မှ ထောက်ပံ့နိုင်သည်ထက်
ပို၍များစွာ သားပေါက်များ ပေါက်ဖွားထားကြပါတယ်။
ဒါဟာ မျိုးစိတ်တစ်ခုအတွင်းမှ
ထွေပြားမှုတိုးပွားလာရခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။
သားပေါက်တွေ ပိုမွေးထားလေလေ၊
ကွဲပြားချက်လေးတွေဖြစ်လာဖို့ ပိုများလေလေပါ။
ပြီးတော့ ဒါက သဘာဝတရားက လိုချင်သည့်အရာပါပဲ။
ကွဲပြားချက်လေးတွေ များနိုင်သမျှ များများရဖို့ ဖြစ်ပါတယ်။
တစ်ဦးချင်းတို့၏ အတုမဲ့မှုဖြစ်လာဖို့ ဒုတိယအဓိကအချက်ကတော့
မျိုးရိုးဆက်ခံမှုကိုယ်၌မှာပင် ဖြစ်ပွားပါတယ်။
စကားမစပ်
မျိုးရိုးဆက်ခံမှုဆိုတာ "ဒီအန်အေ"တွေကို သားပေါက်များအား
လက်ဆင့်ကမ်းပေးလိုက်တာကို ဆိုလိုပါတယ်။
ဒီဖြစ်စဉ်မှာ အလွန်စိတ်ဝင်စားစရာကောင်းသည့် အကြာင်းရင်း နှစ်ရပ် ပါဝင်လာပါတယ်။
ပြန်လည်ဖက်စပ်ခြင်းနှင့် သန္ဓေပြောင်းခြင်းပါ။
ပြန်လည်ဖက်စပ်ခြင်းဆိုတာ သတ္တဝါနှစ်ကောင်ရဲ့ "ဒီအန်အေ"ကို
ကျပန်းရောမွှေခြင်း ဖြစ်ပါတယ်။
သတ္တဝါနှစ်ကောင် ချစ်ကြိုက်ပြီး မိတ်လိုက်ကြတဲ့အခါမှာ
သူတို့ရဲ့ မျိုးရိုးဗီဇတွေကို နှစ်ကြိမ် ဖက်စပ်ပါတယ်။
ပထမအကြိမ် သူတို့ဟာ ဒါကို
၎င်းတို့ဂန္မိတွေကို ထုတ်လုပ်ချိန်မှာ သီးခြားစီလုပ်ပြီး
ယင်းတို့မှာ သုက်ပိုးနှင့် မျိုးဥကလာပ်စည်းတို့ ဖြစ်ကြပါတယ်။
ဂန္မိတွေဟာ မျိုးရိုးဗီဇတွေရဲ့ တစ်ဝက်ကို သယ်ဆောင်ပြီး
၎င်းတို့ကို ကုလားဖန်ထိုးပါတယ်။
ဒုတိယအကြိမ် ပြန်လည်ဖက်စပ်ခြင်းကတော့
အထီးဟာ အမကို ပဋိသန္ဓေတည်စေသည့်အခါမှာ ဖြစ်ပွားပါတယ်။
မိဘတစ်ဦးစီက သူတို့"ဒီအန်အေ"တွေရဲ့၅၀%ကို ပေးကမ်းပါတယ်။
တစ်နည်းပြောရရင်တော့
သူတို့ရဲ့ အတုမဲ့သည့် ၅၀% သော ဥာဥ်များနှင့် ဝိသေသများကို ပေးကမ်းပါတယ်။
၎င်းတို့ကို ဒီလိုနဲ့
ပြန်လည်ဖက်စပ်လိုက်တယ်၊ သို့မဟုတ် ရောမွှေလိုက်ပြီးတော့
ရလဒ်အနေနှင့် သားပေါက်အသစ်လေးရလာပါတယ်။
ဒီသားပေါက်လေးတွေမှာ "ဒီအန်အေ"တွေ ကျပန်းရောမွှေထားမှုရှိပြီး
ဒါအတွက်ကြောင့် သူတို့မှာ
၎င်းတို့မိဘများ၏ ဥာဥ်များနှင့် ဝိသေသများကိုလည်း ရောမွှေထားပါတယ်။
ဒါက မျိုးစိတ်တစ်ခုအတွင်းမှာ ထွေပြားခြင်းနှင့် ကွဲပြားခြင်းကို
ဒီထက်ပို၍ တိုးမြှင့်စေပါတယ်။
ဒါပေမဲ့ သန္ဓေပြောင်းခြင်းဟာလည်း ဆင့်ကဲဖြစ်စဥ်အတွက် အရေးကြီးပါတယ်။
သန္ဓေပြောင်းခြင်းဟာ "ဒီအန်အေ"ထဲမှာ ကျပန်းအပြောင်းအလဲတွေ ဖြစ်ပါတယ်။
ဒီဟာတွေကို "ဒီအန်အေ"အတွင်း အမှားများမိတ္တူကူးမိခြင်း လို့လည်း ဖော်ပြနိုင်ပြီး
၎င်းတို့ကိုအဆိပ်အတောက်တွေ၊ အခြားသောဓာတုပစ္စည်းတွေ၊ ဓာတ်ရောင်ခြည်တွေက မောင်းဖြုတ်ပါတယ်။
သန္ဓေပြောင်းခြင်းတစ်ခုဟာ "ဒီအန်အေ"၏ တစ်စိတ်တစ်ဒေသကို ပြင်ဆင်သည့်အခါ ဖြစ်ပေါ်ပါတယ်။
ဒီအပြောင်းအလဲများဟာ မကြာခဏအားဖြင့် အပျက်သဘောဆောင်တတ်ပြီးတော့
မြစ်ပွားနာကဲ့သို့သော အနာများကို ရရှိစေနိုင်ပါတယ်။
ဒါပေမယ့်လည်း
၎င်းတို့မှာ အာနိသင်မရှိသော သို့မဟုတ် အပြုသဘောဆောင်သော အကျိုးဆက်များအနေဖြင့်
လူသားများ၌ မျက်လုံးအပြာရောင်ကဲ့သို့သော
ကျပန်း သန္ဓေပြောင်းခြင်းတစ်ခုကြောင့်ဖြစ်ရသည့် ဟာတွေလည်း ရှိနိုင်ပါတယ်။
ကိစ္စရပ်အားလုံးမှာ
သန္ဓေပြောင်းခြင်းတစ်ခုဟာ ဂန္မိတစ်ခုကို အကျိုးသက်ရောက်ဖို့လိုပြီး
ယင်းမှာ သုက်ပိုး သို့မဟုတ် မျိုးဥကလာပ်စည်း တစ်ခုဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ဂန္မိထဲမှာရှိတဲ့ "ဒီအန်အေ"သာလျှင်
သားပေါက်တွေဆီကို လက်ဆင့်ကမ်းလို့ ဖြစ်ပါတယ်။
ဒါက ဓာတ်မှန်ရိုက်နေစဥ် အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေက ဘေးမရှိခိုက်
ကျွန်ုပ်တို့ရဲ့ လိင်အင်္ဂါတွေကို လုံခြုံအောင်ထားရခြင်း၏ အကြောင်းပြချက်လည်း ဖြစ်ပါတယ်။
အကျဥ်ချုပ်အားဖြင့်ဆိုရသော်
မျိုးရိုးဆက်ခံမှုဖြစ်စဥ်မှာ
သတ္တဝါတွေဟာ ၎င်းတို့ရဲ့ဝိသေသများကို သူတို့၏သားပေါက်များဆီသို့
"ဒီအန်အေ"အသွင်ဖြင့် လက်ဆင့်ကမ်းလိုက်ပါတယ်။
ပြန်လည်ဖက်စပ်ခြင်းနှင့် သန္ဓေပြောင်းခြင်းတွေက "ဒီအန်အေ"ကို ပြောင်းလဲလိုက်သည့်အတွက်
ကလေးတစ်ဦးစီဟာ ၎င်း၏မွေးချင်းများမှ ရုပ်ကွဲပြားကြပါတယ်။
ပြီးတော့ ၎င်း၏မိဘတွေရဲ့ ဝိသေသများကို ကျပန်းရောမွှေမှုအားဖြင့် ရရှိပါတယ်။
ဒီနေရာမှာ သော့ချက်စကားလုံးရှိပါတယ်။
"ကျပန်း" ဖြစ်ခြင်းပါ။
ဒီဖြစ်စဥ်တွေအားလုံးဟာ ကံတရားပေါ်မူတည်ပါတယ်။
ကျပန်းပြန်လည်ဖက်စပ်ခြင်း နှင့် သန္ဓေပြောင်းခြင်းတွေဟာ
တစ်ဦးချင်းတို့ကို ဥာဥ်များနှင့် ဝိသေသများအား
ကျပန်းရောမွှေမှုများအားဖြင့် ရရှိစေပါတယ်။
ယင်းက တစ်ပြန်တစ်လှည့်အနေဖြင့် ၎င်းတို့ကို ကျပန်းရောမွှေပြီး
လက်ဆင့်ကမ်းပေးလိုက်ပါတယ်။
ဒါပေမဲ့ ကံတရားအပေါ် ဘယ်လောက်သိပ်များများ မှုတည်နိုင်မလဲ?
သက်ရှိသတ္တဝါများအားလုံးဟာ သူတို့ရဲ့ပတ်ဝန်းကျင်ကို
သိပ်ပြည့်စုံစွာ နေသားကျနေသည့်အခါဆိုရင်
ဥပမာအားဖြင့်
တုတ်ချောင်းကောင်၊
ငှက်ပိတုန်းနှင့်
မဏ္ဍူကာ့ငါးတွေ ဆိုရင်ရော?
အဖြေကို ဒုတိယမြောက်သော့ချက်ဖြစ်သည့်
ရွေးချယ်ခံရခြင်းမှ ပေးပါတယ်။
တစ်ဦးစီဟာ သဘာဝတရားမှ ရွေးချယ်ခံရခြင်းဖြစ်စဥ်တစ်ခု၏ အပြုခံသာဖြစ်ပါတယ်။
ကျွန်ုပ်တို့သိရမျှအနေနှင့်
ပုဂ္ဂိုလ်တစ်ဦးစီဟာ ၎င်းရဲ့အပေါင်းအဖော်တွေမှ အတော်အတန် ကွဲပြားကြပါတယ်။
ပြီးတော့ မျိုးစိတ်တစ်ခုအတွင်းမှာ ကျယ်ပြန့်သည့် အမျိုးကွဲတွေရှိကြပါတယ်။
ပတ်ဝန်းကျင်ဆိုင်ရာ လွှမ်းမိုးမှုတွေဟာ သက်ရှိသတ္တဝါတွေအပေါ် သက်ရောက်မှုရှိပါတယ်။
အဲဒီ ရွေးချယ်ခံရခြင်းဟုဆိုသော အကြောင်းခံတွေမှာ ပါဝင်တာကတော့
သားရဲတွေ၊
ကပ်ပါးတွေ၊
မျိုးစိတ်တူတိရိစ္ဆာန်တွေ၊
အဆိပ်တွေ
နေထိုင်ရာ သို့မဟုတ် ဥတု ပြောင်းလဲမှုများပဲ ဖြစ်ပါတယ်။
ရွေးချယ်ခံရခြင်းက တစ်ဦးတစ်ယောက်စီ အပြုခံရသည့် ဖြစ်စဥ်တစ်ခုသာ ဖြစ်ပါသည်။
သတ္တဝါတိုင်းတွင် အတုမဲ့သည့် ဥာဥ်များနှင့် ဝိသေသများ ရောမွှေမှု ရှီပါတယ်။
ဒီရောမွှေမှုက သူတို့ကို ၎င်းတို့ရဲ့ပတ်ဝန်းကျင်မှာ ရှင်ကျန်စေရန် ကူညီပေး၍
သို့မဟုတ်ပါက
အကြောင်းအားလျော်စွာပါပဲ။
မသင့်လျော်သော ရောမွှေမှုနှင့် မည်သူမဆို
ပတ်ဝန်းကျင်မှ ရွေးကောက်ခြင်းကို ခံရပါလိမ့်မယ်။
မှန်ကန်သော ရောမွှေမှုနှင့်ဟာတွေကတော့ ရှင်ကျန်ခဲ့ပြီး
၎င်းတိုရဲ့ မြှင့်တင်ထားသည့် ဥာဥ်များနှင့် ဝိသေသများကို လက်ဆင့်ကမ်းပေးနိုင်ပါတယ်။
ဒါကဘာကြောင့် ထွေပြားခြင်ဟာ သိပ်အရေးကြီးရလဲ ဆိုတာပါပဲ။
ဒါကဘာကြောင့် သတ္တဝါတွေဟာ
တတ်နိုင်သမျှ ကွဲပြားသည့် သားပေါက်များကို မွေးဖွားရန်
အားထုတ်မှု ဒီလောက် ပြုကြလဲဆိုတာပဲဖြစ်တယ်။
သူတို့ဟာ အနည်းဆုံး ၎င်းတို့၏သားပေါက်များထဲမှ တစ်ကောင်ဟာ
သဘာဝတရား၏ ရွေးချယ်ခံရခြင်းဖြစ်စဥ်ကို ဖြတ်ကျော်ရမည့်
ဖြစ်နိုင်ခြေကိုတိုးမြှင့်ကြပါတယ်။
သူတို့ဟာ ၎င်းတို့၏ ဆက်လက်ရှင်ကျန်နိုင်ရေးအခွင့်အလမ်းကို
များနိုင်သမျှများအောင်ပြုပါတယ်။
ယင်း၏ ဥပမာကောင်းတစ်ခုကိုတော့
အစွန်အဖျားကျသည့် ကျွန်းတစ်ကျွန်းပေါ်တွင် နေထိုင်သည့်
ငှက်ပုတီးအုပ်စုတစ်ခုတွင် တွေ့နိုင်ပါတယ်။
သူတို့ဟာ သိပ္ပံလောက၌ အထင်ရှားဆုံးထဲမှ တိရစ္ဆာန်အချို့ ဖြစ်ကာ
သူတို့ကိုရှာဖွေတွေ့ရှိသူဖြစ်သည့် ချားလ်စ်ဒါဝင်ကိုလိုက်၍
ဒါဝင်ငှက်ပုတီးများလို့သိရှိကြပြီး
ဒါက အဲဒီငှက်ပုတီးများရဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ရာဂဏန်းအနည်းငယ်လောက်က
ငှက်ပုတီး အုပ်စုငယ်လေးတစ်ခုဟာ
ပစိဖိတ်အလယ်ရှိ ဂါလာပါဂိုးကျွန်းများပေါ်သို့ လွင့်သွားခဲ့ကာ
သေချာသလောက်ကတော့ မုန်တိုင်းကြီးတစ်ခုကြောင့်ပါပဲ။
ငှက်ပုတီးတွေဟာ ၎င်းတို့အတွက် လုံးဝအသစ်ဖြစ်နေသည့် ပတ်ဝန်းကျင်မှာ
သူတို့ရောက်နေတာ တွေ့ရှိရပြီး
ယင်းမှာ စားစရာ အလျှံပယ်ရှိပြီး သားရဲများမရှိသည့်အတွက် ငှက်ပုတီးသုခဘုံ အစစ်ဖြစ်ပါတယ်။
သူတို့ဟာ တစ်ဟုန်ထိုးဖြင့် များပြားစွာ မျိုးပွားကြပါတယ်။
မကြာခင်ပဲ ကျွန်းများဟာ ငှက်ပုတီးများနှင့် ရုန်းကြွနေပါတော့တယ်။
ဒါကတော့ အစားအစာ ထောက်ပံ့မှုဟာတိုး၍တိုး၍ ရှားပါးလာပြီလို့ ဆိုလိုပါတယ်။
ငှက်ပုတီးသုခဘုံဟာ ငတ်မွတ်ခြင်းဘေးနှင့် ခြိမ်းခြောက်ခံရပြီး
ငှက်ပုတီးမိတ်ဆွေများဟာ ပြိုင်ဘက်တွေ ဖြစ်လာပါတယ်။
ဒါက ရွေးချယ်ခံရခြင်းက ကြားဝင်သည့်အချိန်ပဲ ဖြစ်ပါတယ်။
သူတို့၏ ပင်ကိုလက္ခဏာနှင့် ကွဲပြားမှုငယ်လေးများဖြစ်သည့်
ဒီကိစ္စမှာတော့ ၎င်းတို့၏ အနည်းငယ်ကွဲပြားသည့် နှုတ်သီးများက
ငှက်အချို့ဟာ ၎င်းတို့၏အပေါင်းအဖော် ငှက်ပုတီးများနှင့် ပြိုင်ဆိုင်ခြင်းကို
ရှောင်ရှားနိုင်စွမ်းရှိတယ်လို့ ဆိုလိုပါတယ်။
ငှက်ပုတီးတစ်ချို့၏ နှုတ်သီးများမှာ ပိုးကောင်များအား တူးဆွဖို့အတွက်
ပို၍သင့်တော်ကြတယ်။
အခြားငှက်ပုတီးတွေကတော့ ၎င်းတို့၏နှုတ်သီးများကို အစေ့တွေခွဲဖို့အတွက်
ပို၍ကောင်းစွာအသုံးပြုနိုင်ကြပါတယ်။
ငှက်ပုတီးတွေဟာ ထိုအကျိုးဆက်ကြောင့်
ဂေဟဆိုင်ရာ စားကျက် ရွေးထုတ်လာကြပါတယ်။
ထိုဂေဟဆိုင်ရာ စားကျက်များ၌
သူတို့ဟာ လွန်ကဲသော ယှဥ်ပြိုင်မှုမှ ဘေးကင်းသွားကြတယ်။
သူတို့ဟာ မကြာခင်မှာပဲ
စားကျက်တစ်ခုတည်း အသုံးပြုသည့် အခြားငှက်ပုတီးများဖြင့်သာ
အဓိကအားဖြင့် မိတ်လိုက်ကြပါတော့တယ်။
မျိုးဆက်ပေါင်းများစွာ၏ ဦးတည့်ရာ တစ်လျှောက်တွင် ထိုဝိသေသများအား မြှင့်တင်လာကြပြီး
ငှက်ပုတီးများကို သူတို့၏စားကျက်များအား
အောင်မြင်စွာ အမြတ်ထုတ်စေရန် ထောက်ကူပေးပါတယ်။
ပိုးကောင်တူးဆွသူများနှင့် အစေ့ခွဲသူများကြားရှိ ကွဲပြားမှုများမှာ သိပ်ကြီးမားလာသည့်အတွက်
သူတို့ဟာ အခြားတစ်ကောင်နဲ့ တစ်ကောင်အတူ မိတ်လိုက်နိုင်စွမ်း မရှိတော့ပါ။
ရလဒ်အနေဖြင့် ကွဲပြားသည့် မျိုးစိတ်များ ထွက်ပေါ်လာပါတယ်။
ယနေ့ခေတ်မှာတော့
ဂါလာပါဂိုးကျွန်းများပေါ်မှာနေထိုင်လျက်ရှိသည့်
ကွဲပြားသည့် ငှက်ပုတီး မျိုးစိတ် ၁၄မျိုး ရှိပြီးတော့
၎င်းတို့အားလုံးဟာ
သောင်တင်နေသည့် ငှက်ပုတီးတွေ တစ်အုပ်စုတည်းမှ
ဆင်းသက်လာကြတာပါ။
ဒါဟာ မျိုးစိတ်အသစ်တွေကို ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်က ဘယ်လိုဖန်တီးလဲဆိုတာမှာ
အတုမဲ့သည့် တစ်ဦးချင်းတို့၏ တုံ့ပြန်မှုမှတစ်ဆင့်လည်းကောင်း၊
သားပေါက်များအား အပိုပေါက်ဖွားခြင်းအားဖြင့်လည်းကောင်း၊
မျိုးရိုးဆက်ခံမှုအတွင်း၌ ပြန်လည်ဖက်စပ်ခြင်းနှင့် သန္ဓေပြောင်းခြင်းဖြင့်လည်းကောင်း၊
ပြီးတော့ နောက်ဆုံးအနေဖြင့် ရွေးချယ်ခံရခြင်းဖြင့်လည်းကောင်း စသည်တို့ပဲဖြစ်တယ်။
ဒါက ဘာကြောင့် သိပ်အရေးကြီးနေပါလိမ့်?
ဒါက သက်ရှိမျိုးစုံဟာ ဘယ်လိုနေရာမှလာကြသလဲဆိုတာရယ်
ပြီးတော့ သက်ရှိသတ္တဝါတွေဟာ ဘာကြောင့် ၎င်းတို့ရဲ့ နေထိုင်ရာကို
သိပ်ပြည့်စုံစွာ ကျင့်သားရနေလဲဆိုတာ ပြောပြပါတယ်။
ဒါပေမဲ့ ယင်းက ကျွန်ုပ်တို့ကို ပုဂ္ဂိုလ်ရေးအရလည်းပဲ သက်ရောက်စေပါတယ်။
ပုဂ္ဂိုလ်တိုင်းဟာ နှစ်သန်း ၃၅၀၀ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ရဲ့ ရလဒ်ပဲဖြစ်ပြီး
ဒါက သင်လဲပါဝင်ပါတယ်။
သင်တို့ရဲ့ အဂ္ဂနွယ်တွေဟာ ဆက်လက်ရှင်ကျန်ဖို့အတွက်
တွန်းလှန်တိုက်ခိုက်ပြီး အလိုက်သင့်နေခဲ့ရပါတယ်။
ဒီလို ဆက်လက်ရှင်ကျန်နိုင်ရေးဆိုတာ အလွန်အမင်း မသေချာတဲ့အရာပါ။
အသက်ရှင်ခဲ့ဖူးသမျှ မျိုးစိတ်အားလုံး၏
၉၉%ဟာ မျိုးသုဥ်းပျောက်ကွယ်သွားပြီဆိုသည့်အချက်ကို
ကျွန်ုပ်တို့ ထည့်တွက်လိုက်လျှင်
ဒီလိုဆိုလျှင် သင်ဟာ သင့်ကိုယ်တိုင်ကို
အောင်မြင်သည့်ဇာတ်လမ်း၏ တစ်စိတ်တစ်ဒေသ အဖြစ် သဘောထားနိုင်ပါတယ်။
ဒိုင်နိုဆောတွေဟာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပေမဲ့
သင်ဟာရှင်သန်လျက်ရှိပြီး
ဤဗီဒီယိုကို ကြည့်နေနိုင်ပါတယ်။
အဘယ့်ကြောင့်ဆိုသော် သင်ဟာယနေ့တည်ရှိနေသည့်
တစ်ခြားသတ္တဝါများအားလုံးကဲ့သို့ပင်အလွန့်အလွန် ထူးခြား၍
စကြာဝဠာကြီးထဲမှာ ပြန်လည်ပွားယူနိင်စွမ်းမရှိဘဲ အတုမဲ့လို့ဖြစ်ပါတယ်။