ဒါက ဒတ်ချ်သမိုင်းမှာ အထူးဆန်းဆုံး တရားစီရင်မှုတွေထဲက တစ်ခုပါ။ ဒီ၁၉၄၇ အမှုတစ်ခုမှာ တရားပြိုင်က ဒေါ်လာ သန်းချီတန်တဲ့ ပန်းချီကားတွေကို အတုလုပ်ခဲ့တဲ့ ပန်းချီကား အတုလုပ်သူတစ်ယောက်ပါ။ ဒါပေမဲ့ သူက သူ့ရဲ့အပြစ်ကင်းစင်မှုကို ငြင်းနေတာမဟုတ်ဘူး တကယ်တမ်းက သူအသက်ဟာ လိမ်လည်မှု ကျူးလွန်ခဲ့တာသက်သေပြအပေါ် မူတည်နေခဲ့တာပါ။ ပန်းချီကား အတုလုပ်သူများစွာလိုပဲ Han van Meegeren ရဲ့ မူလလက်ရာတွေဟာ သူ့ကို ကျော်ကြားမှု မဖြစ်စေခဲ့တဲ့ ပန်းချီဆရာတစ်ယောက်ပါ။ ပန်းချီလောကကို နာကြည်းနေတဲ့ van Meegeren ဟာ သူ့ကို ရှုတ်ချပုတ်ခတ်သူတွေကို အရူးစလုပ်ခဲ့တယ်။ ရှေးခတ် ဆရာကြီးတွေအကြောင်း သူတို့ရဲ့ အတ္ထုပ္ပတ္တိတွေ၊ နည်းနာတွေ၊ ကုန်ကြမ်းတွေကို တတ်အားသရွေ့ လေ့လာခဲ့တယ်။ သူ လှည့်စားဖို့ ရွေးချယ်ခဲ့တဲ့ ပန်းချီဆရာက ၁၇ ရာစု ဘားရော့ ပန်းချီဆရာ Johannes Vermeer ပါ။ ရည်ရွယ်ချက်ကြီး ဆုံးဖြတ်ချက်ရှိတဲ့ Vermeer ဟာ သူ့ရဲ့ အသေအချာလုပ်ဆောင်ပြီး နည်းပညာအရ ပါရမီထူးတဲ့ အိမ်တွင်း ရှုခင်းတွေကြောင့် နာမည်ကြီးခဲ့တယ်။ ခြောက်နှစ်ကြာ တိတ်တဆိတ် လုပ်ကိုင်ရင်း အတုလုပ်သူဟာ လေ့ကျင့်မှုအဖြစ် လက်ရာများစွာ ကူးရင်း သူ့အနုပညာကို အကောင်းဆုံးမွမ်းမံတယ်။ Vermeer ခေတ်က ကုန်ကြမ်းပစ္စည်းတွေနဲ့ ဆေးရောင်တွေကို သုတေသနလုပ်ပြီးတဲ့နောက် သူ့ကိုယ်ပိုင် ဆေးတွေနဲ့ ရောလိုက်တယ်။ ၁ရ ရာစု ပတ္တူစတွေကို ဝယ်ပြီး သူ့ကိုယ်ပိုင် စုတ်ချက်တွေ ဖန်တီးတယ်။ ဒါတွေကို လူလုပ် သစ်စေးသုတ်ကာ ဆေးတွေ ခြောက်ပြီး အက်ကွဲအောင် မီးမြှိုက်ရင်းလက်ရာတွေကို သက်တမ်းရင့်အောင်လုပ်တယ်။ မှုခင်းဆေးပညာ စမ်းသပ်ချက်တစ်ခုသာ ဒီလူလုပ်သစ်စေးကို သိနိုင်လောက်တာပါ။ ဒါပေမဲ့ အဲဒီအချိန်က ဒီလိုစမ်းသပ်မှုတွေက အဆင့်လည်း မမြင့်၊ပျံ့လည်း မပျံ့နှံ့ခဲ့ဘူး။ ဒီနေ့ခတ်တောင် ပန်ချီကားရဲ့ စစ်မှန်မှုကို အတည်ပြုတာက အနုပညာ ကျွမ်းကျင်သူတွေရဲ့ အကဲဖြတ်မှုအပေါ် မူတည်တယ်လေ။ ဒီတော့ ဒါက သူတို့ရဲ့ ပုဂ္ဂလဓိဋ္ဌာန် ဆုံးဖြတ်ချက်ကိစ္စနဲ့ သူတို့ရဲ့ဂုဏ်သတင်းပါ။ ဒါက van Meegeren ပန်းချီလောကကို အစစ်အမှန် တစ်ပတ်ရိုက်တဲ့နေရာပါ။ သူ့သုတေသနေကနေ သိခဲ့ရတာက Vermeer မှာ အီတလီပန်းချီဆရာ Caravaggio လွှမ်းမိုးတဲ့ ဘာသာရေး ပန်းချီရဲ့ အစောပိုင်း ကာလတစ်ခု ရှိတယ်လို့ သမိုင်းပညာရှင်တွေ ယုံကြည်တာပါ။ ဒီလက်ရာတွေ တစ်ခုမှ မပေါ်ခဲ့ဖူးပေမဲ့ Vermeer၊ Abraham Bredius တို့အပေါ် အဓိက လုပ်ပိုင်ခွင့်က ဒီသီအိုရီရဲ့ ဧရာမ ထောက်ခံအားပေးမှုတစ်ခုဖြစ်ခဲ့တယ်။ ဒါနဲ့ van Meegeren ဟာ တစ်ကား ဖန်တီးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကို "The Supper at Emmaus" လို့ ခေါ်တယ်။ Bredius က van Meegeren ရဲ့အတု Vermeer အပြောင်မြောက်ဆုံးလက်ရာလို့ ကြေညာခဲ့တယ်။ Van Meegeren ရဲ့ အတုလုပ်မှုက Vermeer ရဲ့ နည်းပညာ အဆင့်အတန်းတွေကို လုံးဝ မမီပေမဲ့ ဒီရှေ့နောက် မညီမှုတွေက ဇာတ်လမ်းကို အံကိုက်ဖို့ လုပ်ပေးနိုင်ခဲ့တယ်။ ဒါက ပန်းချီဆရာ သူ့ကိုယ်ပိုင် ရှိမလာခင်က ထုတ်လုပ်ခဲ့တဲ့ အစောပိုင်း လက်ရာတစ်ခုပါ။ ပန်းချီလောကမှ ထောက်ခံမှု တံဆိပ်နဲ့အတူ ယနေ့ခေတ် ဒေါ်လာ ၅၄ သန်းကျော်နဲ့ ညီမျှတဲ့ ငွေနဲ့ ၁၉၃၇ ခုနှစ်မှာ အတုကို ရောင်းချခဲ့တယ်။ ဒီအောင်မြင်မှုက ပန်းချီ ရောင်းဝယ်သူတွေက တစ်ဆင့် နောက်ထပ် လက်ရာတွေအတုလုပ်ပြီး ရောင်းဖို့ van Meegeren ကို လှုံ့ဆော်ပေးတယ်။ ထင်ရသလောက် မယုံနိုင်စရာဖြစ်သလို ပန်းချီလေကဟာ ဟာ ၎င်းတို့ရဲ စစ်မှန်မှုကို ဆက်လက် ယုံကြည်ခဲ့တယ်။ ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီတွေ ဟော်လန်ကို သိမ်းပိုက်တဲ့အခါ ဟစ်တလာရဲ့ ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်တဲ့ Hermann Göring ဟာ ဥရောပတစ်ခွင်မှာ တိုက်ခိုက်လုယူခဲ့တဲ့ သူ့ရဲ့ အနုပညာလက်ရာ စုဆောင်းမှုမှာ Vermeer ပန်းချီကားတစ်ချပ် ထည့်ဖို့ ရှာခဲ့တယ်။ Van Meegeren ဟာ Christ with the Adulteress လို့အမည်တပ်ထားတဲ့ အစောပိုင်း Vermeer ပန်းချီလို့ ဆိုတာတစ်ခုကို မလွှဲသာ ရောင်းခဲ့တယ်။ စစ်ပွဲရဲ့ ဒီရေ ပြောင်းသလို van Meegeren ရဲ့ ကံလည်း ပြောင်းခဲ့တယ်။ မဟာမိတ် အောင်ပွဲနောက်မှာ ဒတ်ချ် အမွေအနှစ် အဖိုးမဖြတ်နိုင်တဲ့ လက်ရာကို နာဇီတွေဆီ ပို့ပေးတာအတွက် သူ အဖမ်းခံလိုက်ရတယ်။ သေဒဏ် အပြစ်ပေးနိုင်တဲ့ သစ္စာဖောက်တဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ရပ်တစ်ခုပါ။ ဒီပန်းချီကားက အမျိုးသား အမွေအနှစ် တစ်ခု မဟုတ်တာ သက်သေပြဖို့ သူ ဒါကို အတုပြုလုပ်ခဲ့ပုံကို တစ်ဆင့်ပြီး တစ်ဆင့်ရှင်းပြခဲ့တယ်။ ဒါပေမဲ့ မမျှော်လင့်တဲ့ အတားအဆီး ကြုံရတာက သူရိုက်စားတာ ကူညီတဲ့ ကျွမ်းကျင်သူကြီးပါ။ သူ့ရဲ့ ဂုဏ်သတင်းကို ကာကွယ်ရာမှာ Brediusက ပန်းချီကား အစစ်လိူ့ ကြေညာလိုက်တယ်။ မရှိသလောက်ကျန်တဲ့ ရွေးချယ်မှုနဲ့ van Meegeren ဟာ Vermeer အသစ်တစ်ခု စလုပ်တယ်။ အတုကို တရားရုံးကို တင်ပြတဲ့အခါ နောက်ဆုံး သူ့ကို ယုံသွားခဲ့တယ်။ နာဇီတွေနဲ့ ပူးပေါင်းတာအတွက် သူ့ကို တရားသေလွှတ်လိုက်ပြီး ထောင်တစ်နှစ် စီရင်ချက်ချခံရတယ်။ တကယ်ကျတော့ van Meegeren လုပ်ခဲ့တဲ့ နာဇီတွေနဲ့ ပူးပေါင်းမှု အထောက်အထားရှိပေမဲ့ သူဟာ Göring ကို တမင် လှည့်စား ခဲ့တာလို့ လူအများကို စည်းရုံးနိုင်ခဲ့တယ်။ နာဇီတွေကို ကလိမ်ကျခဲ့တဲ့ သူရဲကောင်းတစ် ယောက် အဖြစ် သူ့ပုံရိပ်ကို ပြောင်းလဲတာပါ။ အသစ်တွေ့ရှိတဲ့ နာမည်ဆိုးကျော်ကြားမှု ကျေးဇူးကြောင့် သူ့လက်ရာတွေကိုယ်တိုင်ဟာ တန်ဖိုးရှိလာခဲ့တော့ နောက်ပိုင်းမှာ သူ့သားက တစ်လှည့် အတုလုပ်ရလောက်အောင် များပြားခဲ့တယ်။ ဒီပတ္တူစက လေးစားရတဲ့ ဂန္ထဝင်ကနေ အထင်သေးစရာ အတုတွေအထိ၊ အတုလုပ်သူရဲ့ ကျွမ်းကျင်မှု၊ နာမည်ဆိုး ကျော်ကြားမှုကို လေးစားတဲ့ အနုပညာလက်ရာတွေအထိ ဖြစ်သွားတယ်။