Helen Walters: တွေ့ရတာ ဝမ်းသာတယ် Huang ရေ။ ပါဝင်တဲ့အတွက် ကျေးဇူးပါ။ ရှင့် ၂၀၂၀ က ဘယ်လိုလဲ။ Huang Hung: ကျွန်မရဲ့ ၂၀၂၀ လုံးဝကို သာမန်ပဲ စခဲ့တာပါ။ ဇန်နဝါရီလတုန်းက ပါရီကို သွားခဲ့တယ်၊ အဲဒီက ဖက်ရှင် သီတင်းပတ်အတွက် တွေ့ဆုံမေးမြန်းမှု လုပ်ခဲ့တယ်။ ဇန်နဝါရီ ၂၂ မှာ ဘေဂျင်းကို ပြန်လာခဲ့တယ်။ အခြေအနေတွေက နည်းနည်း စိတ်အိုက်စရာ လို့ထင်မိတယ်။ ဘာလို့ဆိုတော့ ကောလာဟလတွေက အများကြီးဖြစ်နေတာလေ။ SARS ကို ကြုံခဲ့ရပြီးဖြစ်တော့ ဒီလောက်ကြီး မပူပန်မိခဲ့ဘူး။ ဒါနဲ့ ၂၃ ရက်မှာ New York က တုပ်ကွေး ဖြစ်နေတဲ့ ကျွန်မရဲ့ မိတ်ဆွေတစ်ယောက် အိမ်ကို လာတယ်။ ကျွန်မတို့ အတူတူ ညစာစားကြတယ်။ နောက်ထပ် မိတ်ဆွေတစ်ယောက်လာပြီး နောက်နေ့မှာပဲ အားလပ်ရက်ခရီးအတွက် လေယာဉ်စီးပြီး ဩစတြေးလျကို ထွက်သွားတယ်။ ဒီတော့ ပိတ်မချင်အထိ ဒါကို ကျွန်မတို့ သိပ်ပြီး ရေးကြီးခွင်ကျယ် မဖြစ်ခဲ့ကြဘူးပေါ့။ HW: ဒါက ကမ္ဘာတစ်လွှားမှာ ပဲတင် ထပ်တာ မြင်ရတယ်။ တရုတ်ပြည်က ဆောင်ရွက်ခဲ့တာ တချို့ရဲ့ ပမာဏကို လူတချို့ နားလည်ဖို့ ခက်ခဲနေတုန်း လို့ ကျွန်မ ထင်မိတယ်။ ဆိုလိုတာက ဒါအားလုံးမှာ တရုတ်ရဲ့တုံ့ပြန်မှု တွေနဲ့ပတ်ပြီး နောက် ဘာများ မသိတာရှိနေလဲ။ HH: သိတဲ့အတိုင်း သမိုင်းကြောင်းအရ ကျွန်မတို့ဟာ ယဉ်ကျေးမှုနဲ့ သမိုင်းအရ အင်မတန် ခြားနားတဲ့ နိုင်ငံ နှစ်နိုင်ငံလေ။ ဆိုလိုတာက ၎င်းရဲ့လူမျိုးတွေအတွက် လုံးဝ မတူတဲ့ လူသား အတွေ့အကြုံနှစ်ခုရှိတာပါ။ ဒီတော့ တရုတ်ပြည်အတွက် ပိတ်ချမှု ဖြစ်တဲ့အခါ လူတွေက အဆင်ပြေပါတယ်။ လူတွေက ဒါနဲ့ အဆင်ပြေတယ်။ ဘာလို့ဆိုတော့ ဒါက မိဘကောင်းတစ်ဦး လုပ်သင့်တာလို့ သူတို့ ထင်ကြလို့ပါ။ သိတဲအတိုင်း ကလေးတစ်ယောက် ဖျားနာရင် သူ့ကို အခြားအခန်းထဲမှာ ထားပြီး သော့ခတ်ထားကာ အခြားကလေးတွေ မဖျားအောင် လုပ်တယ်တယ်လေ။ ဒါကို အစိုးရက လုပ်တာလို့ သူတို့ မျှော်လင့်ကြတယ်။ ဒါပေမဲ့ ဒါက တရုတ်ပြည် အပြင် အမေရိကမှာတော့ နိုင်ငံရေးဆိုင်ရာ လုပ်သင့်တဲ့အရာ ဧရာမ ပြဿနာတစ်ခု ဖြစ်လာခဲ့တယ်။ တစ်ကိုယ်ရေ လွတ်လပ်မှုကို ချိုးဖောက်တာ ဖြစ်ဖြစ်၊ မဖြစ်ဖြစ်ပါ။ ဒီတော့ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းမှာ ကိုင်တွယ်ဖြေရှင်းဖို့လိုတဲ့ ပြဿနာတွေက တရုတ်ပြည်မှာ ကိုယ်တွယ်ဖြေရှင်းစရာလိုတဲ့ ပြဿနာတွေပါ။ အခြားဘာသာစကားမှာ မရှိတဲ့ တရုတ် စကားလုံးတစ်လုံးကို ပြောဖို့လိုတယ်။ ဒီစကားလုံးကို "guāi" လို့ ခေါ်ပါတယ်။ သူ့မိဘတွေကို နားထောင်တဲ့ ကလေးတစ်ယောက်ကို ခေါ်တာပါ။ ဒီတော့ ပြည်သူတစ်ရပ်အနေနဲ့ ကျွန်မတို့ဟာ အင်မတန် guāi ဖြစ်တယ်ပေါ့။ တရုတ်လူမျိုးတွေ အမြဲ ကြည်ညိုလေးစားတဲ့ ဒီလိုမျိုး အာဏာရှင်တဲ့ ပုဂ္ဂိုလ်ရှိပြီး အစိုးရကို တကယ် အ​ရေးယူ ဆောင်ရွက်ပြီး ဒါကို ကိုင်တွယ်ဖြေရှင်းမယ်လို့ သူတိူ မျှော်လင့်ကြတယ်။ ဒါပေမဲ့ အဲဒီမှာ အများကြီး ဒုက္ခရောက်ပါတယ်။ သူတို့ ခံစားမိတာက ကောင်းပြီ၊ အစ်ကိုကြီးက ဒါကို လုပ်ဖို့ လိုတယ်လို့ ပြောရင် လုပ်ရမှာပေါ့ဆိုတာပါ။ ဒါက တရုတ်ပြည်ကို သီးခြား စိတ်သဘောထားတစ်ခုအဖြစ် အနက်ဖွင့်တယ်။ ဥရောပနဲ့ အမေရိကာသားတွေ ပြောသလိုဆို တရုပ်လူမျိုးမှာ သီးခြား စိတ်သဘောထားတစ်ခုရှိတယ်။ HW: စုပေါင်း တာဝန်ယူမှုလို့ ခံစားမိတယ်။ တစ်ခါတစ်လေ ဒီယဉ်ကျေးမှုကနေ နည်းနည်း ကင်းကွာတာ တစ်ခုပါ။ တစ်ချိန်တည်းမှာ ကျွန်မ အထင် စောင့်ကြည့်မှုနဲ့ ဒေတာ သီးသန့်ရှိမှုလို အရာတွေအတွက် ခြေမြစ်တဲ့ ပူပန်မှုတွေရှိတယ်။ ဒီမှာ ဟန်ချက်ညီမှုက ဘာလဲ။ စောင့်ကြည့်မှုနဲ့ လွတ်လပ်မှုကြားက သင်တော်တဲ့ အပေးအယူက ဘာလဲ။ HH: ကျွန်မ ထင်တာက အင်တာနက်ခေတ်မှာ ဒါက တရုတ်နဲ့ အမေရိကကကြားက တစ်နေရာမှာပါ။ တစ်ဦးချင်း လွတ်လပ်မှုကို စုပေါင်း ဘေးကင်းမှုနဲ့ ယှဉ်ကြည့်တဲ့အခါ အဲဒီတစ်နေရာရာမှာ ဟန်ချက်ညီဖို့ လိုတယ်လို့ ကျွန်မ ထင်တယ်။ စောင့်ကြည့်မှုနဲ့ပတ်သက်ပြီး Baidu ရဲ့ ဦးစီး Robin Li တစ်ခါ ပြောဖူးတာက တရုတ်လူမျိုးတွေဟာ အဆင်ပြေမှုနဲ့ ဖလှယ်ဖို့ဆို တစ်ဦးချင်း ရပိုင်ခွင့်တွေကို စွန့်လွှတ်လိုစိတ် ရှိကြတယ်တဲ့။ တကယ်ကျတော့ သူဟာ တရုတ်မီဒီယတွေမှာ လုံးလုံး ဝေဖန်ခံခဲ့ရပေမဲ့ သူမှန်တယ်လို့ ကျွန်မ ထင်တယ်။ တရုတ်တွေဟာ တချို့ရပိုင်ခွင့်တွေကို အတော် စွန့်လွှတ်ချင်စိတ်ရှိတယ်။ ဥပမာအနေနဲ့ ကျွန်မတို့မှာ.. တရုတ်အများစုဟာ ကျွန်မတို့မှာရှိတဲ့ ပေးချမှုစနစ်ကို အင်မတန် ဂုဏ်ယူကြတယ်။ iPhone ရှိတာနဲ့ နေရာတိုင်း သွားလို့ရပြီး အကုန်လုံး ပေးချေလို့ရတယ်။ သူတို့လုပ်တာဆိုလို့ မျက်နှာဖတ်တာပဲ။ ဒါက အမေရိကန်တွေကိုတော့ မျက်ကလူး ဆန်ပြာ ဖြစ်စေလောက်တယ် ထင်တယ်။ သိတဲ့အတိုင်း တရုတ်ပြည်က လောလောဆယ် တစ်ဝက် ပိတ်ချမှု ရှိနေတုန်းပဲ။ ဒီတော့ သင် တစ်နေရာကို သွားရင် စကင်ဖတ်ပီး သင့်ဖုန်းနံပါတ်ကို ထည့်နိင်တဲ့ အက်ပ်တစ်ခုရှိပြီး ဥပမာ ဒီအက်ပ်က ကုန်တိုက် ဝင်ပေါက်က အစောင့်ကို ၁၄ ရက်အတွင်း သင် ဘယ်ရောက်ခဲ့တာကို ပြောလိမ့်မယ်။ ကဲ ဒါကို အမေရိကန်တစ်ယောက်ကို ကျွန်မ ပြောတဲ့အခါ သူ ထိတ်လန့်သွားပြီး ဒါက ပိုင်နက် ကျူးကျော်မှုမျိုးလို့ သူထင်ခဲ့တယ်။ တစ်ဘက်မှာကျတော့ တရုတ်လူမျိုးဖြစ်သူ တစ်ဦးဖြစ်ပြီး တရုတ်ပြည်မှာ နှစ် ၂၀ ကျော် နေခဲ့သူဖြစ်တာကြောင့် အမေရိကန် စိတိသဘောထားကို ကျွန်မ နားလည်ပေမဲ့ ဒီလို တွေးအောင် တရုတ်ဆန်တယိ လို့ ကျွန်မ မြင်တယ်။" ဒါကို ဂရုမစိုက်ဘူး၊ ငါ ပိုကောင်းတယ်၊ ကုန်တိုက်ထဲ ဝင်ရတာ ငါ ပိုလုံခြုံတယ်။ ဘာလို့ဆိုတော့ လူတိုင်းကို စကင်ဖတ်ထားတာလေ။" တကယ်တော့ တစ်ဦးချင်း လွတ်လပ်မှုဆိုတာက ဒီလိုမျိုးတကယ့်ကို အဓိပ္ပာယ်မဲ့တဲ့ ကမ္ဘာ့ကပ်ရောဂါတစ်ခုအတွင်းမှာ စိတ်ကူးသက်သက် အမြင်တစ်ခုလို့ ထင်တယ်။ ဒီတော့ အနောက်က အရှေ့ဘက်ဆီ တစ်လှမ်း ရွှေ့ဖို့လိုပြီး ကိုယ့်ကိုယ်ကိုယ် တစ်ဦးချင်း အဖြစ် တွေးတာထက် စုပေါင်းမှုကို တစ်ခုလုံးအဖြစ် တွေးဖို့ လိုတယ်လို့ ထင်မိတယ်။ HW: အမေရိကနဲ့ တရုတ်ကြားက ရန်လိုတဲ့ လေလုံးထွားမှု မြင့်တက်မှုက ဒုက္ခပေးနေတာ အသိသာကြီးဖြစ်ပြီး တကယ်က ဒီနိုင်ငံတွဟာ အပြန်အလှန် ဆက်နွယ်နေတာပါ။ လူတွေက ကမ္ဘာ့ ထောက်ပံ့ရေး ကွင်းဆက် တွေကို နားလည်လည်၊မလည်လည်ပါ။ နောက်ထပ် ဘယ်ကို ကျွန်မတို့ ဦးတည်တယ်လို့ ထင်လဲ။ HH: သိတဲ့အတိုင်း ဒါက ဒီကနေ ထွက်လာတဲ့ ထိတ်လန့်ဖွယ် အကောင်းဆုံးအရာပါ။ ဒီကမ္ဘာ့ကပ်ရောဂါမှာ နှစ်ဘက်စလုံးမှာရှိတဲ့ အမျိုးသားရေးဆိုင်ရာ ရပ်တည်ချက်မျိုးတွေပါ။ ကျွန်မက အကောင်းမြင်သမားဖြစ်တာကြောင့် ဒီကနေ ထွက်ပေါ်လာမှာက ဒါဟာ လူ့မျိုးနွယ်တစ်ခုလုံး မကွဲပြားဘဲ အတူ ပူပေါင်းဖို့လိုတဲ့ တိုက်ပွဲတစ်ခုဆိုတာကို နှစ်ဘက်စလုံး နားလည်လာမယ်လို့ ထင်တယ်။ လေလုံးထွားတယ်ဆိုပေမဲ့ ခွဲခြားခြင်းဟာ အမေရိကန် ပြည်ထောင်စုနဲ့ တရုတ် နှစ်ဘက်စလုံးအတွက် အင်မတန် ကုန်ကျပြီး နာကျင်စရာ ဖြစ်လိမ့်မယ် ဆိုတဲ့ ပေါင်းစည်းမှုတစ်ခုလို ကမ္ဘာ့စီးပွားရေးဟာ ကြီးထွားလာတယ်။ HW: တရုတ် အတော်လေး အော်ကြီးဟစ်ကျယ် ဝေဖန်ခံရတာကို သိဖို့ ကျွန်မလည်း ဒါကို စိတ်ဝင်စားတယ်။ ဥပမာ၊ သေပျောက်မှုနှုန်းကို လျော့ပြီး ဖော်ပြတာအတွက် သူတို့ ဝေဖန်ခံရတယ်။ ဘယ်လိုဖြစ်ဖြစ်ပါ ကိုရိုနာဗိုင်းရပ်စ်အကြောင်း ပထမဆုံး သတိပေးခဲ့တဲ့ဝူဟန် ဆရာဝန် Dr. Li ကို မကောင်းသူအဖြစ် ပုံဖော်တာရောပေါ့။ The New York Times ထဲက အစီရင်ခံစာမှာ တွေ့တာက Weibo သုံးသူတွေက Dr. Li နောက်ဆုံး တင်ခဲ့ တာကို အထပ်ထပ်တင်နေခဲ့ကြပြီး ဒါကို သူ့ရဲ့ ရှင်သန်နေတဲ့ အောက်မေ့ဖွယ်အဖြစ် သုံးနေတာ၊ သူနဲ့ စကားပြောနေတာတွေပါ။ မှတ်ချက် ၈၇၀၀၀၀ လောက်ရှိပြီး နောက်ဆုံးတင်ခဲ့တာအပေါ်မှာ တိုးလာနေတယ်။ မီဒီယာမှာ အပြောင်းအလဲတစ်ခု မြင်ရလား။ ဗဟိုဆီကို ပိုပြောင်းလဲနိုင်လောက်တဲ့ တကယ်ပဲ တရုတ်ပြည်ကို ဦးဆောင်နိုင်တဲ့တရုတ်ခေါင်းဆောင်မှု ချဉ်းကပ်ရာမှာ အပြောင်းအလဲတစ်ခု မြင်ရလား။ အမေရိကက တရုတ်ပုံစံတစ်ခုဆီ ပြောင်းလဲဖို့ လိုတာ ဖြစ်နိုင်သလိုပေါ့။ HH: ကံဆိုးချင်တော့ တကယ်ကို မဟုတ်တာပါ။ အကြောင်းက အာဏာရှင်ဆန်တဲ့ အစိုးရတွေနဲ့ ၎င်းရဲ့ပြည်သူတွေကြားမှာ ဆက်သွယ်ဖို့ နည်းလမ်းတစ်ခု ရှိတယ် ထင်တာကြောင့်ပါ။ Dr. Li ဆုံးတဲ့ ညက သူ ဆုံးတဲ့အကြောင်းကို ကြေညာတဲ့အခါ တရုတ် မီဒီယာတွေ ထပေါက်ကွဲကုန်တော့တာပဲ။ တရားမဝင် သတင်းပေးသမားဖြစ် မတရား သတ်မှတ်ခံနေခဲ့ရတာတောင် သူဟာ ဆေးရုံမှာ အလုပ်လုပ်နေဆဲ၊ ဆရာဝန်တစ်ဦးအနေနဲ့ လူနာတွေကို ကြိုးစား ကယ်တင်နေဆဲပါ။ နောက်တော့ ရောဂါ ကူးစက်ခံရတာလို့ သူ ဆုံးသွားတယ်။ ဒီတော့ ဒေါသ၊ ခံပြင်းမှုတွေဖြစ်ခဲ့ပြီး ဒါအားလုံးကနေ ပေါ်ထွက်လာတာက အစိုးရက အမှားပြုလုပ် တယ်လို့ သူတို့ ခံစားရတဲ့ ပုဂ္ဂိုလ်တစ်ဦးကို အထိမ်းအမှတ် ပြုလုပ်ပေးတာမျိုးပါ။ အဆုံးအဖြတ်နဲ့ တရားဝင် အသံလိုလိုက "Dr. Li ဆိုတာ ဘယ်သူလဲ။ သူက လူကောင်းလား၊ လူဆိုးလား။" ဆိုတာက လုံးဝ ၁၈၀ ဒီဂရီ ပြောင်းသွားတယ်။ သူဟာ ဆိုးသွမ်းတဲ့ ဆရာဝန်တစ်ယောက်ကနေ လူတွေကို သတိပေးတဲ့ သူရဲကောင်းဖြစ်သွားတယ်။ ဒီတော့ အာဏာရှင်ဆန်တဲ့ အစိုးရအောက်မှာ သူတို့ဟာ အများပြည်သူ အမြင်ကို အလွန် သတိပြုမိနေတုန်းပါ။ ဒါပေမဲ့ တစ်ဘက်မှာကျတော့ လူတွေက မကျေမနပ်ပြောတဲ့အခါ Dr. Li ကို အထိမ်းအမှတ်လုပ်ပေးတဲ့အခါ သူတို့ စနစ်ကို တကယ်ပဲ ပြောင်းလဲချင်တာလား။ ကျွန်မရဲ့ အဖြေကတော့ နိုးပါ။ ဘာလို့လဲဆိုတော့ ဒီဆုံးဖြတ်ချက် တစ်စုံတစ်ရာကို သူတို့ မကြိုက်ပေမဲ့ စနစ်ကိုတော့ မပြောင်းလဲချင်ဘူး။ ဒါက အကြောင်းရင်းတစ်ခု ဖြစ်တဲ့အကြောင်းက သူတို့ဟာ အခြားစနစ်ကို လုံးဝ၊ လုံးဝ မသိခဲ့တာကြောင့်ပါ။ ဒါက ဘယ်လို လုပ်ဆောင်တာကို သူတို့ သိနေတဲ့ စနစ်လေ။ HW:ဒယ်အိုး ပစ်တာက ဘာလဲ၊ Huang ရေ။ HH: အိုး၊ ဒယ်အိုး ပစ်တယ်ဆိုတာက အခြားတစ်ယောက်ကို အြပစ်တင်တဲ့ အခါမှာပါ။ အရင်းခံအနေနဲ့ တရုတ် ဗန်းစကားတစ်မှာ တာဝန်ရှိတယ်ဆိုတဲ့ လူတစ်ယောက်ဟာ ဒယ်အိုးမည်းတစ်လုံးကို သယ်တဲ့သူတဲ့။ ဒီတော့ မကောင်းတာ တစ်ခုခုအတွက် ကြားက အချောင်ခံရသူ အလုပ်ခံရတာပေါ့။ ဒီတော့ အရင်းခံအနေနဲ့ Trump က "တရုတ် ဗိုင်းရပ်စ်" "ဝူဟန် ဗိုင်းရပ်စ်" လို့ စခေါ်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ ကပ်ရောဂါးကို တစ်ခုလုံးအတွက် တရုတ်အပေါ် အပြစ်တင်ဖို့ ကြိုးစားနေတယ်။ ဒီနောက်မှာ ကျွန်မ ထင်တာပါ၊ တရုတ်က အမေရိကန်တွေဆီ ဒယ်အိုး ပြန်ပစ်တယ်။ ဒီတော့ တရုတ် မီဒီယာတွေမှာ အတော် ရယ်ရတဲ့ ဒယ်အိုးပစ် ပြက်လုံးတစ်ခု ရှိတယ်။ ပျံနှံ့သွားတဲ့ ဒယ်အိုးပစ် ကျွမ်းဘား လေ့ကျင့်ခန်း ဗီဒီယိုတစ်ခု ရှိတယ်။ HW: ဒါပေမဲ့ ပြောပါဦး၊ ရှင်က TikTok မှာ ကတာတွေလည်း လုပ်နေတယ်မို့လား။ HH: အိုး တကယ်ပေါ့ရှင်။ TikTok ဒယ်အိုးပစ် ကိုယ်လက် လေ့ကျင့်ခန်းတွေ အများကြီး လုပ်နေတာပေါ့။ HW: ဆိုလိုတာက ဒါအားလုံးရဲ့အလားအလာရှိတဲ့ ကောင်းကွက်တစ်ခုက လှစ်ဟပြလိုက်တာက စနစ်ထဲက တရားမမျှတမှုတွေနဲ့ မညီမျှမှုတချို့၊ ရှိနေတဲ့ ပြိုပျက်နေတဲ့ တည်ဆောက်မှုတချို့ကိုပါ။ ကျွန်မတို့သာ ပါးနပ်ရင် ပိုကောင်းတာကို ပြန်တည်ဆောက်နိုင်ပါတယ်။ HH: ဟုတ်တာပေါ့၊ ဒီကမ္ဘာ့ ကပ်ရောဂါရဲ့ ကောင်းကွက်တွေထဲက တစ်ခုက လူသားတွေဟာ လူမျိုး၊ အသားအရောင် (သို့) နိုင်ငံသားဆိုတာနဲ့ ခွဲခြားခံရတာတာထက် တစ်ခုခုကို အတူတူ လုပ်ဖို့လိုတယ်လို့ ကျွန်မတို့ သဘောပေါက်တာလို့ ထင်မိတယ်။ ဗိုင်းရပ်စ်က ချမ်းသာသူ ဖြစ်စေ ဆင်းရဲသူဖြစ်စ​ေ၊ အရေးပါသူ ဖြစ်စေ၊ မပါသူ ဖြစ်စေ၊ ဘယ်အသားအရောင် ဘာလူမျိုးဖြစ်ဖြစ် တစ်ဦးတစ်ယောက်ကိုမှ မခွဲခြားဘူးဆိုတာ အသိအသာကြီးပါ။ ဒီတော့ ကမ္ဘာကြီးကို ဆွဲခွာပြီး ကျွန်မတို့ရဲ့ အမျိုးသားရေးအခွံတွေထဲကို ပြန်ပြီး တွားဝင်ဖို့ ကြိုးစားတာထက် အတူတူ ဖြစ်ကြဖို့ အချိန်တန်ပါပြီ။ HW: ဒါက လှပတဲ့ ခံယူချက်တစ်ခုပါ။ ဘေဂျင်းကနေ ပါဝင်ပေးတဲ့ အတွက် ကျေးဇူးပါ၊ Huang Hung ။ ကျန်းမာအောင် နေနော်။ HH: ကျေးဇူးပါ၊ Helen ရှင်လည်း ကျန်းမာအောင် နေပါနော်။