WEBVTT 00:00:01.131 --> 00:00:04.432 ကျွန်မ ပထမဦးဆုံး ချစ်မိတာက ညကောင်းကင်ပါ။ 00:00:04.432 --> 00:00:05.998 အချစ်ဆိုတာ ရှုပ်ထွေးလှပါတယ်။ 00:00:05.998 --> 00:00:10.527 ရှင်တို့ မြင်ရတာက ကျွန်မတို့ စကြာဝဠာရဲ့ အဝေးဆုံး ဖြစ်တဲ့ Ultra-Deep Field ကို 00:00:10.527 --> 00:00:14.639 Hubble အာကာသ မှန်ပြောင်းကြီးက ဖြတ်ပျံသန်းရင်း ရိုက်ထားတဲ့ပုံပါပဲ။ 00:00:14.639 --> 00:00:17.153 ဒီမှာ ရှင်တို့ မြင်ရသမျှဟာ ကြယ်စုကြီးတွေပါ၊ 00:00:17.153 --> 00:00:20.160 တခုတခုထဲမှာ ကြယ်တွေ ဘီလီယံချီ ပါဝင်တယ်။ 00:00:20.160 --> 00:00:24.901 အဲဒီအထဲက အဝေးဆုံး ကြယ်စုဟာ ထရီလီယံ ထရီလီယံ ကီလိုမီတာ ဝေးပါတယ်။ 00:00:25.881 --> 00:00:28.805 ရူပနက္ခတဗေဒ ပညာရှင်ဖြစ်တာမို့ စကြာဝဠာထဲက ဆန်းပြားတဲ့ 00:00:28.805 --> 00:00:32.252 အရာတွေကို စူးစမ်းရေး အထူးအခွင့်အလမ်း ကျွန်မဆီမှာ ရှိနေပါတယ်။ 00:00:32.252 --> 00:00:36.064 တွေ့လိုက်ကတည်းက စပြီး ကျွန်မကို တလျှောက်လုံး ဆွဲယူဖမ်းချုပ်လိုက်တဲ့ 00:00:36.064 --> 00:00:40.473 အရာတွေကတော့ ဆူပါထုတည်ကြီးမားတဲ့ သိပ်ကို တက်ကြွလှကြတဲ့ တွင်းနက်ကြီးတွေပါ။ 00:00:41.813 --> 00:00:45.931 ကျွန်မတို့ နေထက်ကို ၁၀ ဘီလီယံလောက် လေးလံတဲ့ 00:00:45.931 --> 00:00:48.825 အဲဒီ ကြယ်စုတွင်းနက်ကြီးတွေဟာ ကျွန်မတို့ သိထားကြတဲ့ "ပျမ်းမျှ" 00:00:48.825 --> 00:00:52.145 "ပျမ်းမျှ" ဆူပါထုထည်ကြီး တွင်းနက်ကြီးတွေနဲ့ စာရင် အဆ ၁၀၀၀ ပိုမြင့်တဲ့နှုန်းဖြင့် 00:00:52.145 --> 00:00:55.512 အရာတွေကို ဝါးမျိုပစ်နေပါတယ်။ 00:00:55.512 --> 00:00:57.640 (ရယ်မောသံများ) 00:00:57.640 --> 00:00:59.334 ခုနက အချင်းလက္ခဏာ နှစ်ခုတို့က၊ 00:00:59.334 --> 00:01:02.548 တခြားအချက် တချို့တို့ကြောင့်၊ ၎င်းတို့ဟာ ကွာဇာတွေ ဖြစ်လာကြတယ်။ 00:01:02.548 --> 00:01:05.465 တချိန်တည်းမှာ၊ ကျွန်မ လေ့လာနေတဲ့ အရာတွေဟာ 00:01:05.465 --> 00:01:08.242 မြင်တွေ့ခဲ့ရဘူးသမျှထဲက အားအကောင်းဆုံး အမှုန်တွေရဲ့ ရေစီးကြောင်းကို 00:01:08.242 --> 00:01:09.937 ထုတ်လွှင့်နေကြပါတယ်။ 00:01:09.937 --> 00:01:12.777 ကျဉ်းမြောင်းတဲ့ အဲဒီရေစီးကြောင်းတွေကို ဂျက်များလို ခေါ်ပြီး 00:01:12.777 --> 00:01:17.385 အလင်းရဲ့ အမြန်နှုန်း ၉၉.၉၉ ရာခိုင်နှုန်းဖြင့် ရွေ့လျားနေကြကာ 00:01:17.385 --> 00:01:21.368 ကမ္ဘာကြီးဆီကို တည့်တည့်ကြီး ဦးတည်နေကြပါတယ်။ 00:01:21.368 --> 00:01:24.845 အဲဒီ ကမ္ဘာဆီကို ဦးလှည့်ထားကာ တက်ကြွလွန်ပြီး 00:01:24.845 --> 00:01:28.322 ဆူပါထုထည်ကြီး တွင်းနက်ကြီးတွေကို 00:01:28.322 --> 00:01:31.801 blazing quasar များ၊ တနည်း blazar လို့ ခေါ်ကြတယ်။ 00:01:31.801 --> 00:01:35.282 blazar တွေကို အထူးလုပ် ပြောနေရတာက ၎င်းတို့ဟာ စကြာဝဠာထဲက အမှုန်တွေကို 00:01:35.282 --> 00:01:37.802 အရှိန်မြှင့်ပေးရာမှာ အထိရောက်ဆုံး ဖြစ်ကြပြီး 00:01:37.802 --> 00:01:42.720 ကြယ်စု တလျှောက် စိတ်ကူးမရအောင်ကို စွမ်းအင် ပမာဏကို ပို့ဆောင်နိုင်လို့ပါ။ 00:01:42.720 --> 00:01:45.469 ဒီနေရာမှာ အနုပညာရှင်က blazar အား မြင်ပုံကို ပြချင်တယ်။ 00:01:45.469 --> 00:01:48.669 တွင်းနက်ထဲကို ဒြပ်ထုတွေ လျှောကျသွားကြတဲ့ ပန်းကန်ပြားကို ကျတော့ 00:01:48.669 --> 00:01:50.256 ချဲ့ကားရေး အပြားလို့ ခေါ်ပြီး 00:01:50.256 --> 00:01:52.082 ဒီမှာ အပြာရောင်ဖြင့် ပြပေးထားပါတယ်။ 00:01:52.082 --> 00:01:55.061 အဲဒီဒြပ်ထု တချို့မှာတွန်းနက်ကို ဝန်းရံပြီး လွင့်စဉ်နေကြကာ 00:01:55.061 --> 00:01:57.085 ဂျက်စီးကြောင်းထဲတွင် သိပ်ကို အရှိန်ြမင့်တာကို 00:01:57.085 --> 00:01:59.912 အဖြူရောင်ဖြင့် ဖေါ်ပြပေးထားပါတယ်။ 00:01:59.912 --> 00:02:02.599 blazar စနစ်ကို ရှားရှားပါးပါး တွေ့နိုင်ပေမဲ့၊ 00:02:02.599 --> 00:02:04.693 သဘာဝက အချပ်ပြားမှတဆင့် ဒြပ်ထုတွေကို ဆွဲယူနေကာ၊ 00:02:04.693 --> 00:02:06.787 အဲဒီနောက်မှာ တချို့ကို ဂျက်စီးကြောင်းအဖြစ် 00:02:06.787 --> 00:02:08.883 ပြန်အံထုတ်ပစ်တာကို မကြာခဏ တွေ့ပါတယ်။ 00:02:09.646 --> 00:02:12.091 ကျွန်မတို့ blazar စနစ်ကို ချုံ့ကြည့်လိုက်ခြင်းဖြင့် 00:02:12.091 --> 00:02:16.825 ကျယ်ပြောတဲ့ ကြယ်စုနဲ့ ၎င်းဟာ ဆက်စပ်နေပုံကို မြင်နိုင်ကြပါတယ်။ 00:02:16.825 --> 00:02:21.559 အာကာသထဲကို ဘာတွေက ဝင်လာကြတယ်၊ ဘာတွေ 00:02:21.559 --> 00:02:26.295 ထွက်နေကြတယ် ဆိုတာကို တွက်ချက်ရာမှာ 00:02:26.295 --> 00:02:29.342 blazar ရူပနက္ခတဆိုင်ရာ အများဆုံး ဆွေးနွေးကြတဲ့ ခေါင်းစီးမှာ 00:02:29.342 --> 00:02:33.053 အဆင့်မြင့် စွန်းအင် ဂျက်စီးကြောင်းတွေ ဘယ်ကနေ လာနေကြတာလဲ ဆိုတာပါ။ 00:02:33.053 --> 00:02:36.974 ဟောဒီပုံထဲမှာကျတော့၊ ကျွန်မ သိချင်တာက အဖြူရောင် အစက်ပုံစံတွေပါ၊ 00:02:36.974 --> 00:02:40.617 ပြီးတော့ ရှေ့ဆက်ပြီး ၎င်းတို့ဟာ ဂျက်စီးကြောင်း၊ 00:02:40.617 --> 00:02:43.483 ပြီးတော့ ချဲ့ကားမှု ချပ်ြပား ဒြပ်ထုနဲ့ ဆက်စပ်နေလား သိချင်တယ်။ 00:02:43.483 --> 00:02:45.286 အဲဒီမေးခွန်းအတွက် ပြတ်သားတဲ့ အဖြေတွေကို 00:02:45.286 --> 00:02:47.749 ရရှိရေးဟာ NASA ကနေပြီး ဂါမာ ရောင်ချည်များကို၊ တနည်းအားဖြင့် 00:02:47.749 --> 00:02:50.212 ကျွန်မတို့ သိကြတဲ့ ဓါတ်မှန် ရောင်ချည်များထက်ကို 00:02:50.212 --> 00:02:52.675 စွမ်းအင် အဆတသန်း မြင့်မားတဲ့ အလင်းရောင်ကို၊ 00:02:52.675 --> 00:02:55.387 ပိုကောင်းမွန်စွာ တိုင်းထွာနိုင်တဲ့ မှန်ပြောင်း အသစ်ကို 00:02:55.387 --> 00:02:58.934 လွှတ်တင်ခဲ့တဲ့၂၀၀၈ ခုနှစ်အထိ လုံးဝလောက်ကို မဖြစ်နိုင်ခဲ့ပါ၊ 00:02:58.934 --> 00:03:02.824 ကျွန်မဟာ ချက်ချင်းဆိုသလိုပဲ ဂါမာရောင်ချည်ရဲ့ ဒေတာအမျိုးမျိုးကို 00:03:02.824 --> 00:03:06.493 မြင်လို့ရနိုင်တဲ့ အလင်းရဲ့ ဒေတာတွေကို တနေ့ချင်း၊ တနှစ်ချင်း နှိုင်းယှဉ်ကြည့်လျက်၊ 00:03:06.493 --> 00:03:09.767 ခုနက ဂါမာရောင်ချည် အစက်တွေကို ပိုပြီး တိကျစွာ နေရာသတ်မှတ်လိုခဲ့ပါတယ်။ 00:03:09.767 --> 00:03:12.453 ကျွန်မရဲ့ သုတေသနအရ၊ အချို့ကိစ္စများမှာ၊ 00:03:12.453 --> 00:03:15.513 ခုနက အစက်ပုံစံတွေဟာ ကျွန်မတို့ ထင်မှတ်ခဲ့ကြတာထက်ကို 00:03:15.513 --> 00:03:17.873 တွင်းနက်နဲ့ ပိုပြီး နီးကပ်စွာ ရှိတတ်ကြပါတယ်။ 00:03:17.873 --> 00:03:19.764 ကျွန်မတို့က အဲဒီ ဂါမာရောင်ချည် အစက်ပုံစံတွေ ဖြစ်ပေါ်လာကြတဲ့ နေရာကို 00:03:19.764 --> 00:03:21.703 ပိုပြီးတိကျစွာ ဖေါ်ထုတ်နိုင်တာနဲ့အမျှ၊ 00:03:21.703 --> 00:03:23.642 ဂျက်စီးကြောင်းတွေ ဘယ်လို အရှိန်မြင့်လာပုံကို 00:03:23.642 --> 00:03:25.583 ပိုကောင်းစွာ နားလည်နိုင်ကြမှာမို့လို့ 00:03:25.583 --> 00:03:28.191 နောက်ဆုံးမှာ စကြာဝဠာထဲက အံ့အားသင့်စရာ အကောင်းဆုံး အရာတွေ 00:03:28.191 --> 00:03:32.886 ဘယ်လို ပေါ်ပေါက်လာကြတာကိုပါ နားလည်လို့ ရလာနိုင်မှာပါ။ 00:03:33.892 --> 00:03:37.501 ဒါဟာ အချစ်ပုံပြင်လို စတင်ခဲ့တာပါ။ 00:03:37.501 --> 00:03:39.414 အခုလည်း အဲဒီလို ရှိနေတုန်းပါ။ 00:03:39.414 --> 00:03:43.624 အဲဒီအချစ်ဟာ ကြယ်တွေကို ငေးကြည့်နေတဲ့ စူးစမ်းလိုနေခဲ့တဲ့ ကောင်မလေး ကနေပြီး 00:03:43.624 --> 00:03:45.445 နက္ခတဗေဒ ပညာရှင်ဖြစ်လာခဲ့ကာ 00:03:45.445 --> 00:03:47.364 အာကာသဆိုင်ရာ တွေ့ရှိချက်တွေကို ပြေးလွှားရှာနေသူ ဖြစ်လာစေခဲ့ပါတယ်။ 00:03:47.364 --> 00:03:49.283 စကြာဝဠာကို အဲဒီလို ငေးကြည့်မှုက 00:03:49.283 --> 00:03:51.202 ကမ္ဘာဂြိုဟ်ဆိုင်ရာ ကျွန်မရဲ့ နက်ရှိုင်းလှတဲ့ 00:03:51.202 --> 00:03:53.624 တာဝန်ထမ်းဆောင်မှုဆီကို တွန်းပို့ခဲ့မှာကို 00:03:53.624 --> 00:03:56.046 ဘယ်သူများ ခန့်မှန်းနိုင်ခဲ့မလဲ။ 00:03:56.046 --> 00:03:58.468 တကယ့်တကယ်ကျတော့ ကျွန်မတို့ရဲ့ ပထမဦးဆုံး ချစ်ကြိုက်မိမှုဟာ 00:03:58.468 --> 00:03:59.942 ဘယ်ဆီ ခေါ်သွားမှာကိုပါ သိဖို့ မလွယ်လှပါ။ 00:03:59.942 --> 00:04:01.171 ကျေးဇူးတင်ပါတယ်။ 00:04:01.171 --> 00:04:04.471 (လက်ခုပ်တီးသံများ)