ကျွန်မ ပထမဦးဆုံး ချစ်မိတာက ညကောင်းကင်ပါ။
အချစ်ဆိုတာ ရှုပ်ထွေးလှပါတယ်။
ရှင်တို့ မြင်ရတာက ကျွန်မတို့ စကြာဝဠာရဲ့
အဝေးဆုံး ဖြစ်တဲ့ Ultra-Deep Field ကို
Hubble အာကာသ မှန်ပြောင်းကြီးက
ဖြတ်ပျံသန်းရင်း ရိုက်ထားတဲ့ပုံပါပဲ။
ဒီမှာ ရှင်တို့ မြင်ရသမျှဟာ ကြယ်စုကြီးတွေပါ၊
တခုတခုထဲမှာ ကြယ်တွေ ဘီလီယံချီ ပါဝင်တယ်။
အဲဒီအထဲက အဝေးဆုံး ကြယ်စုဟာ
ထရီလီယံ ထရီလီယံ ကီလိုမီတာ ဝေးပါတယ်။
ရူပနက္ခတဗေဒ ပညာရှင်ဖြစ်တာမို့
စကြာဝဠာထဲက ဆန်းပြားတဲ့
အရာတွေကို စူးစမ်းရေး အထူးအခွင့်အလမ်း
ကျွန်မဆီမှာ ရှိနေပါတယ်။
တွေ့လိုက်ကတည်းက စပြီး ကျွန်မကို
တလျှောက်လုံး ဆွဲယူဖမ်းချုပ်လိုက်တဲ့
အရာတွေကတော့ ဆူပါထုတည်ကြီးမားတဲ့
သိပ်ကို တက်ကြွလှကြတဲ့ တွင်းနက်ကြီးတွေပါ။
ကျွန်မတို့ နေထက်ကို ၁၀ ဘီလီယံလောက်
လေးလံတဲ့
အဲဒီ ကြယ်စုတွင်းနက်ကြီးတွေဟာ
ကျွန်မတို့ သိထားကြတဲ့ "ပျမ်းမျှ"
"ပျမ်းမျှ" ဆူပါထုထည်ကြီး တွင်းနက်ကြီးတွေနဲ့
စာရင် အဆ ၁၀၀၀ ပိုမြင့်တဲ့နှုန်းဖြင့်
အရာတွေကို ဝါးမျိုပစ်နေပါတယ်။
(ရယ်မောသံများ)
ခုနက အချင်းလက္ခဏာ နှစ်ခုတို့က၊
တခြားအချက် တချို့တို့ကြောင့်၊
၎င်းတို့ဟာ ကွာဇာတွေ ဖြစ်လာကြတယ်။
တချိန်တည်းမှာ၊ ကျွန်မ လေ့လာနေတဲ့ အရာတွေဟာ
မြင်တွေ့ခဲ့ရဘူးသမျှထဲက အားအကောင်းဆုံး
အမှုန်တွေရဲ့ ရေစီးကြောင်းကို
ထုတ်လွှင့်နေကြပါတယ်။
ကျဉ်းမြောင်းတဲ့ အဲဒီရေစီးကြောင်းတွေကို
ဂျက်များလို ခေါ်ပြီး
အလင်းရဲ့ အမြန်နှုန်း ၉၉.၉၉
ရာခိုင်နှုန်းဖြင့် ရွေ့လျားနေကြကာ
ကမ္ဘာကြီးဆီကို တည့်တည့်ကြီး
ဦးတည်နေကြပါတယ်။
အဲဒီ ကမ္ဘာဆီကို ဦးလှည့်ထားကာ
တက်ကြွလွန်ပြီး
ဆူပါထုထည်ကြီး တွင်းနက်ကြီးတွေကို
blazing quasar များ၊
တနည်း blazar လို့ ခေါ်ကြတယ်။
blazar တွေကို အထူးလုပ် ပြောနေရတာက
၎င်းတို့ဟာ စကြာဝဠာထဲက အမှုန်တွေကို
အရှိန်မြှင့်ပေးရာမှာ
အထိရောက်ဆုံး ဖြစ်ကြပြီး
ကြယ်စု တလျှောက် စိတ်ကူးမရအောင်ကို
စွမ်းအင် ပမာဏကို ပို့ဆောင်နိုင်လို့ပါ။
ဒီနေရာမှာ အနုပညာရှင်က
blazar အား မြင်ပုံကို ပြချင်တယ်။
တွင်းနက်ထဲကို ဒြပ်ထုတွေ လျှောကျသွားကြတဲ့
ပန်းကန်ပြားကို ကျတော့
ချဲ့ကားရေး အပြားလို့ ခေါ်ပြီး
ဒီမှာ အပြာရောင်ဖြင့် ပြပေးထားပါတယ်။
အဲဒီဒြပ်ထု တချို့မှာတွန်းနက်ကို ဝန်းရံပြီး
လွင့်စဉ်နေကြကာ
ဂျက်စီးကြောင်းထဲတွင် သိပ်ကို
အရှိန်ြမင့်တာကို
အဖြူရောင်ဖြင့် ဖေါ်ပြပေးထားပါတယ်။
blazar စနစ်ကို ရှားရှားပါးပါး
တွေ့နိုင်ပေမဲ့၊
သဘာဝက အချပ်ပြားမှတဆင့် ဒြပ်ထုတွေကို
ဆွဲယူနေကာ၊
အဲဒီနောက်မှာ တချို့ကို ဂျက်စီးကြောင်းအဖြစ်
ပြန်အံထုတ်ပစ်တာကို မကြာခဏ တွေ့ပါတယ်။
ကျွန်မတို့ blazar စနစ်ကို
ချုံ့ကြည့်လိုက်ခြင်းဖြင့်
ကျယ်ပြောတဲ့ ကြယ်စုနဲ့ ၎င်းဟာ
ဆက်စပ်နေပုံကို မြင်နိုင်ကြပါတယ်။
အာကာသထဲကို ဘာတွေက ဝင်လာကြတယ်၊
ဘာတွေ
ထွက်နေကြတယ် ဆိုတာကို တွက်ချက်ရာမှာ
blazar ရူပနက္ခတဆိုင်ရာ အများဆုံး
ဆွေးနွေးကြတဲ့ ခေါင်းစီးမှာ
အဆင့်မြင့် စွန်းအင် ဂျက်စီးကြောင်းတွေ
ဘယ်ကနေ လာနေကြတာလဲ ဆိုတာပါ။
ဟောဒီပုံထဲမှာကျတော့၊ ကျွန်မ သိချင်တာက
အဖြူရောင် အစက်ပုံစံတွေပါ၊
ပြီးတော့ ရှေ့ဆက်ပြီး ၎င်းတို့ဟာ
ဂျက်စီးကြောင်း၊
ပြီးတော့ ချဲ့ကားမှု ချပ်ြပား ဒြပ်ထုနဲ့
ဆက်စပ်နေလား သိချင်တယ်။
အဲဒီမေးခွန်းအတွက် ပြတ်သားတဲ့ အဖြေတွေကို
ရရှိရေးဟာ NASA ကနေပြီး
ဂါမာ ရောင်ချည်များကို၊ တနည်းအားဖြင့်
ကျွန်မတို့ သိကြတဲ့ ဓါတ်မှန်
ရောင်ချည်များထက်ကို
စွမ်းအင် အဆတသန်း မြင့်မားတဲ့
အလင်းရောင်ကို၊
ပိုကောင်းမွန်စွာ တိုင်းထွာနိုင်တဲ့ မှန်ပြောင်း
အသစ်ကို
လွှတ်တင်ခဲ့တဲ့၂၀၀၈ ခုနှစ်အထိ
လုံးဝလောက်ကို မဖြစ်နိုင်ခဲ့ပါ၊
ကျွန်မဟာ ချက်ချင်းဆိုသလိုပဲ
ဂါမာရောင်ချည်ရဲ့ ဒေတာအမျိုးမျိုးကို
မြင်လို့ရနိုင်တဲ့ အလင်းရဲ့ ဒေတာတွေကို
တနေ့ချင်း၊ တနှစ်ချင်း နှိုင်းယှဉ်ကြည့်လျက်၊
ခုနက ဂါမာရောင်ချည် အစက်တွေကို
ပိုပြီး တိကျစွာ နေရာသတ်မှတ်လိုခဲ့ပါတယ်။
ကျွန်မရဲ့ သုတေသနအရ၊ အချို့ကိစ္စများမှာ၊
ခုနက အစက်ပုံစံတွေဟာ ကျွန်မတို့
ထင်မှတ်ခဲ့ကြတာထက်ကို
တွင်းနက်နဲ့ ပိုပြီး နီးကပ်စွာ
ရှိတတ်ကြပါတယ်။
ကျွန်မတို့က အဲဒီ ဂါမာရောင်ချည် အစက်ပုံစံတွေ
ဖြစ်ပေါ်လာကြတဲ့ နေရာကို
ပိုပြီးတိကျစွာ ဖေါ်ထုတ်နိုင်တာနဲ့အမျှ၊
ဂျက်စီးကြောင်းတွေ ဘယ်လို
အရှိန်မြင့်လာပုံကို
ပိုကောင်းစွာ နားလည်နိုင်ကြမှာမို့လို့
နောက်ဆုံးမှာ စကြာဝဠာထဲက
အံ့အားသင့်စရာ အကောင်းဆုံး အရာတွေ
ဘယ်လို ပေါ်ပေါက်လာကြတာကိုပါ
နားလည်လို့ ရလာနိုင်မှာပါ။
ဒါဟာ အချစ်ပုံပြင်လို စတင်ခဲ့တာပါ။
အခုလည်း အဲဒီလို ရှိနေတုန်းပါ။
အဲဒီအချစ်ဟာ ကြယ်တွေကို ငေးကြည့်နေတဲ့
စူးစမ်းလိုနေခဲ့တဲ့ ကောင်မလေး ကနေပြီး
နက္ခတဗေဒ ပညာရှင်ဖြစ်လာခဲ့ကာ
အာကာသဆိုင်ရာ တွေ့ရှိချက်တွေကို
ပြေးလွှားရှာနေသူ ဖြစ်လာစေခဲ့ပါတယ်။
စကြာဝဠာကို အဲဒီလို ငေးကြည့်မှုက
ကမ္ဘာဂြိုဟ်ဆိုင်ရာ ကျွန်မရဲ့ နက်ရှိုင်းလှတဲ့
တာဝန်ထမ်းဆောင်မှုဆီကို တွန်းပို့ခဲ့မှာကို
ဘယ်သူများ ခန့်မှန်းနိုင်ခဲ့မလဲ။
တကယ့်တကယ်ကျတော့ ကျွန်မတို့ရဲ့
ပထမဦးဆုံး ချစ်ကြိုက်မိမှုဟာ
ဘယ်ဆီ ခေါ်သွားမှာကိုပါ သိဖို့ မလွယ်လှပါ။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်တီးသံများ)