ကျွန်တော် "Abstract" ဆိုတဲ့ စကားလုံးကို ခဏခဏသုံးတာ ကြားရပါတယ်။
ဒီစကားလုံးကို အဓိပ္ပါယ်ဖွင့်ဖို့ကြိုးစားရင်း ဘာလဲဆိုတာရှင်းပြပါမယ်။
ဒါမှမဟုတ်ရင်လဲ ပိုပြီးအရေးကြီးတဲ့
အသိစိတ်နဲ့ ခံစားသိအောင် "Abstract" ဆိုတာကိုရှင်းပြပါမယ်။
"Abstract" ဟာ နာမ၀ိသေသနတစ်ခု ဖြစ်နိုင်ပါတယ်။
မင်းမှာ "စိတ်ကူးယဉ် အတွေးသက်သက်" (အကောင်အထည်ဖေါ်ပြလို့မရတဲ့ အတွေး) ရှိနိုင်ပါတယ်။
စိတ္တဇပန်းချီ (ကိုယ့်အတွေးနဲ့ကိုယ် ခံစားတဲ့အနုပညာ) ကိုလဲတွေးကြည့်နိုင်ပါတယ်။
ဒါမှမဟုတ် "Abstract" က ကြိယာတစ်ခုအနေနဲ့ဆိုရင်ကော
မင်းကတစ်ခုခုကို ကောက်နှုတ်ဖေါ်ပြနိုင်ပါတယ်။
အခြားစိတ်ကူးစိတ်သန်းတွေထဲကနေ အကြံဉာဏ်စိတ်ကူးလေးတစ်ခုကို ကောက်နှုတ်ဖေါ်ပြပါ။
"Abstract" ကို နာမ်တစ်ခု အနေနဲ့လည်း သုံးနိုင်ပါတယ်။
ကောက်နှုတ်ဖေါ်ပြချက် တစ်ခုအနေနဲ့ပါ။
နာမ်အနေနဲ့ သုံးမယ်ဆိုရင်
တစ်စုတစ်စည်းတည်းရှိနေတာကနေ ခွက်ထွက်ကောက်နှုတ်တဲ့သဘောပါ။ (ခြုံငုံဆိုလိုရင်း သဘောလို့ဆိုပါမယ်။)
သုတေသနစာတမ်းရဲ့ လိုရင်းကောက်နှုတ်ချက်လိုမျိုးပေါ့။
သုတေသနစာတမ်းတစ်ခုလုံးကနေ အဆီအနှစ် (လိုရင်းတွေ) ထုတ်လိုက်တာပါ။
ဒီစာတမ်းရဲ့ အနှစ်ချုပ်လို့လည်း ပြောလို့ရပါတယ်။
နောက်အဓိပ္ပါယ်တစ်ခုကတော့
ဘယ်လိုသုံးတယ်ဆိုတာမတွေ့ဘဲ
"Abstract" ဆိုတဲ့ စာလုံးကို ဘယ်လိုအခြေအနေမှာ သုံးလဲဆိုတာပါပဲ။
ဒါကတော့ တကယ်ရှိတဲ့ ရုပ်ဝတ္ထု ပစ္စည်းတွေကို ရှိတယ်လို့သိတဲ့
အသိအမှတ်ပြုမှု တစ်ခုကနေ ဆက်နွယ်ယူပါမယ်။
"Abstract" ကို နာမ်လိုပဲသုံးသုံး၊ နာမ၀ိသေသနလိုပဲ သုံးသုံး၊ ကြိယာလိုပဲသုံးသုံး
တကယ်ပြင်ပကမ္ဘာမှာရှိတဲ့ အရာတွေထက်ကျော်လွန်ပြီး
လက်တွေ့တွေ့ထိနိုင်တဲ့ အရာတွေကိုကျော်လွန်ပြီး
မင်းမှာနောက်ထပ် စိတ်ကူးစိတ်သန်း၊ အတွေး၊ သဘောတရားတွေ ပြည့်နေတဲ့
ကမ္ဘာလေးတစ်ခုရှိပါမယ်။
ဒါကတော့ စိတ္တဇနာမ် (သို့မဟုတ်) ကိုင်တွယ်ထိတွေ့လို့မရတဲ့အရာ
တစ်ခုခုရဲ့ကောက်နှုတ်ချက် စတာတွေရဲ့ နောက်ကွယ်မှာရှိတဲ့ ယေဘုယျအတွေး (အဓိပ္ပါယ်) တစ်ခုပါ။
ဒါကတော့ တကယ့်ရုပ်ဝတ္ထုကမ္ဘာကနေ (သီးခြားခိုင်မာတဲ့ ရုပ်ကမ္ဘာ)
မင်းက တွေးထုတ် စစ်ယူလိုက်တဲ့ အရာပါပဲ။
မင်းအတွက် စိတ်ကူးစိတ်သန်း အတွေးတွေနဲ့ သဘောတရားတွေကို ဦးတည်သွားပါလိမ့်မယ်။
ကျွန်တော့်အတွက်ကတော့ အဓိပ္ပါယ်အရှိဆုံး၊ အဖြစ်နိုင်ဆုံး၊ အခိုင်မာဆုံး စဉ်းစားနည်း (အတွေး)
တစ်ခုပါပဲ။ "Abstraction" ရဲ့ အဓိပ္ပါယ်ဆိုတာပေါ့။ သူ့ရဲ့အဓိပ္ပါယ်ကိုက ခိုင်မာတိကျတဲ့
နည်းနဲ့စဉ်းစားရင် ရှေ့နောက်ကျိုးကြောင်း မညီဘဲ ဆန့်ကျင်နေပါတယ်။
ဆိုလိုတာက ဂျီသြမေတြီပုံစံတွေနဲ့ စဉ်းစားမယ်ဆိုရင်ပေါ့။
ဒီတော့ ကျွန်တော့်ကို ကုဗတုံးတစ်ချို့ ရှာပေးဖို့ ပြောတယ်ဆိုပါစို့။
ဟိုနားမှာရှိတဲ့ ဘော့ (Borg) ပန်းအိုးကို ညွှန်ပြချင် ညွှန်ပြပါမယ်။
(Borg) ဘော့ပန်းအိုးပါ။
မင်းကတော့ အံစာတစ်စုံကို ညွှန်ပြချင်ညွှန်ပြမှာပေါ့။
ကျွန်တော် အံစာတစ်စုံ ဆွဲပြပါမယ်။
မင်းက ကုဗတုံးတွေရှာနေတာဆိုရင်
မင်း အံစာတစ်စုံကို ညွှန်ပြချင် ညွှန်ပြမှာပေါ့
ဒါက ဒီလိုလဲ ဖြစ်ချင်ဖြစ်မှာပဲ။
မင်းက Rubik ကုဗတုံး (ပလပ်စတစ်ဖြင့် လုပ်ထားပြီး တစ်ရောင်တည်းဖြစ်အောင် ပြန်စီရသော အံစာပုံစံ ကုဗတုံး) ကိုလဲ ညွှန်ပြနိုင်ပါတယ်။
မင်းတွေ့တဲ့ တစ်ခုခုပေါ့။
ကုဗတုံးနဲ့တူတဲ့ အဆောက်အဦး တစ်ခုလဲ ရှိနိုင်ပါတယ်
ဒီတော့ ဒီကုဗတုံးနဲ့တူတဲ့ အဆောက်အဦးကိုလဲ ညွှန်ပြနိုင်ပါတယ်။
ကုဗပုံသေတ္တာတစ်ခုလဲ မင်းအိမ်မှာ ရှိရင် ဒါလဲဖြစ်နိုင်ပါတယ်။
ဒါပေမယ့် မင်းစိတ်ထဲမှာတော့ ကုဗတုံးဆိုတာ ဘယ်လိုဟာဆိုတာ သိနေပြီးသားပါ။
ပုံစံတူတစ်ခုမြင်လိုက်တာနဲ့ ကုဗတုံးဟုတ် မဟုတ် သိနေသလိုပေါ့။
ဒီယေဘုယျ အတွေးအမြင်ဆိုတာ ကုဗတုံးဘာလဲဆိုတဲ့ သဘောတရားကနေ
စစ်ထုတ် (ရွေးထုတ်) ပေးလိုက်တာပါ။
ဒီစိတ်ကူး (အတွေး) တွေ အားလုံးဟာ တစ်ခုနဲ့တစ်ခု မတူကြပါဘူး
ကျွန်တော့်လက်ထဲမှာ ရှိတာက ပလတ်စတစ်နဲ့လုပ်ထားတဲ့ ပစ္စည်းတစ်ခုပါ။
ဒါတွေက အဖြူရောင် ပစ္စည်းတွေပါ။
ဒါက ပြီးပြည့်စုံတဲ့ ဂျီသြမေတြီ ပုံစံတူတွေတော့ မဟုတ်ပါဘူး။
သူတို့မှာ (ဟိုနားက အနားနားမှာ) Divets သေးသေးလေးတွေ ရှိပါတယ်။
ဒါကတော့ မင်းတို့သိတဲ့ ဘော့ (Borg) ပန်းအိုး အကြီးကြီးဖြစ်မှာပါ။
ဒါကတော့ တကယ် မရှိသေးပါဘူး။
ဒါက စိတ်ကူးယဉ် (စိတ်ကူးသက်သက်ပုံဖေါ်ထားတဲ့) ပစ္စည်းပါ။
သူတို့အားလုံးထဲမှာ ကုဗတုံးပုံတွေအများကြီး တွေ့ရမှာပါ။
ဂျီသြမေတြီနဲ့ ပတ်သက်တဲ့ ပျော်စရာတစ်ခုပါ။
တကယ့်ပြင်ပကမ္ဘာက ပုံသဏ္ဍာန်တွေကနေ ထုတ်ထားတဲ့ အဆီအနှစ်တွေပါ။
ဒါကြောင့် ဂျီသြမေတြီနဲ့ ပါတ်သက်တဲ့ အဓိပ္ပါယ်ရတာပေါ့။
ဒီလိုပုံစံတွေကနေတဆင့်ပေါ့။
အနားတိုင်းမှာ တိကျတူညီတဲ့အလျားရှိပါတယ်။
ဒါက အလျားတစ်ခုဖြစ်ပြီး ဟိုဟာကလည်း အလျားတစ်ခုပါ။
ဟိုကလဲ နောက်တစ်ခုပါပဲ။
ဒီအနားရဲ့အလျားက ဘာတွေပဲ
ဖြစ်နေနေ
ဒီပုံမှာ
ပြီးတော့ ဒီပုံမှာ ဟိုအနားပါ ပါမယ်
ပြီးတော့ ဟိုပုံမှာလဲ ဟိုအနား ရှိနေပါလိမ့်မယ်။
မင်းတို့ကို ခက်ခဲတဲ့ အဓိပ္ပါယ် ပေးပြီး ရှင်းပြနေတာ မဟုတ်ပါဘူး။
ဒါပေမယ့် ကုဗတုံးဆိုတာ ဘာလဲဆိုတဲ့ ထင်ရှားတဲ့ အဓိပ္ပါယ်တစ်ခုကို
မီးမောင်းထိုးပြနေတာပါ။
ကုဗတုံးဆိုတာ ဘာလဲဆိုတာကနေ တဆင့်ပေါ့။
တကယ့်ပြင်ပကမ္ဘာမှာ အမှန်တကယ်ပြီးပြည့်စုံတဲ့ ကုဗတုံး
ဆိုတာ မရှိပါဘူး။
မင်းက အမှန်တကယ်ကို အံစာတုံးနဲ့တူတဲ့အရာကို ရခဲ့တယ်ဆိုရင်တောင်မှ
ဒီအတိုင်းအထွာတွေကို တကယ်တိုင်းခဲ့တယ် ဆိုရင်တောင်မှ
သူတို့က တစ်ထပ်တည်းကျတဲ့ အတိုင်းအထွာတွေတော့ ဖြစ်မှာမဟုတ်ပါဘူး။
ဒီတော့ စိတ်ကူးအတွေးသက်သက်ဆိုတာလဲ ဒီအလျားတွေလို
ဒီအလျားလို၊ နောက် ဒီအလျားလို၊ အစွန်းတွေ အားလုံးရှေ့ကနေ
တူညီတဲ့အလျားတွေရှိနေ (ရနေသလိုပဲ) ဖြစ်မှာပါ။
ဒီတော့ ဒါက ခိုင်မာတိကျတဲ့ အရာကနေ လာပါတယ်။
တကယ့်ပြင်ပကမ္ဘာက
တကယ့်ကမ္ဘာက (၂၄) (၂၅)ရာစုကို မင်းစဉ်းစားမယ်ဆိုရင်
ဒီနောက်ကွယ်မှာရှိတဲ့စိတ်ကူး၊ ယေဘာယျအတွေးကို စဉ်းစားမယ်ဆိုရင်
စိတ္တဇ (ပန်းချီ) အနုပညာလို အနုပညာထဲကနေ "Abstract" ဆိုတဲ့ စကားကို
မင်းကြားရပါလိမ့်မယ်။
ဒီတော့ ဒါက စိတ္တဇပန်းချီ (စိတ္တဇအနုပညာ)ပဲပေါ့
ဒါကတော့ တူညီတဲ့ ယေဘုယျအတွေးပါပဲ။
မင်းက အဘိဓါန်မှာ ရှာကြည့်မယ်ဆိုရင်
"Abstract" ဆိုတဲ့ စာလုံးရဲ့ အဓိပ္ပါယ် (၂၀)လောက်ကို တွေ့ရမှာပါ။
ဒါအားလုံးပါပဲ။ ဒီအတိုင်းပဲ ပြောဖို့လိုတာပါ။
စိတ္တဇပန်းချီဆိုတာ ပန်းချီတစ်မျိုးပါပဲ။ ဒါက
တကယ့်ပြင်ပမှာတည်ရှိတဲ့ စစ်မှန်မှုကို ကြိုးစားပြီး ပုံဖော် (ဆေးခြယ်) ထားတာပါ။
ရီနာဆောင်းစ် ခေတ်ပန်းချီတွေကို ကြည့်မယ်ဆိုရင်
သူတို့ကို ပုံတွေကို ဆေးခြယ်ရာမှာ ကျွမ်းကျင် (တော်) ကြပါတယ်။
တကယ့်ပြင်ပကမ္ဘာက အရာနဲ့ တစ်ထပ်တည်းပါပဲ။
ဒါပေမယ့် စိတ္တဇပန်းချီဆရာ တစ်ယောက်ကတော့
တစ်ခါတစ်လေမှာ တကယ်ပြင်ပကမ္ဘာက ဘယ်အရာကိုမှ
ရည်ညွှန်း (ကိုးကား)ဖို့ မကြိုးစားပါဘူး (ကိုယ်စားပြုပြီး မဆွဲပါဘူး)
သူတို့ကြိုးစားတာကတော့ စိတ်ကူးပုံကြမ်းတွေ (ဒါမှမဟုတ်)
အရောင်၊ ပုံစံ၊ အထိအတွေ့ စတဲ့ ဖေါ်ပြမှုပုံကြမ်းတွေကို ကိုယ်စားပြုတာပါ။
ဒါကတော့ ဂျက်ဆန် ပိုလော့ရဲ့ ပန်းချီကားပါ။
ဒီနားလေးမှာပါ။ ကျွန်တော် ပုံပြန်ထုတ်ထားတာအမှားအများကြီးပါ။
စတီဗင်ဇက်ကာက ထောက်ပြထားတာပါ။ သူကတော့ ပန်းချီသမိုင်းပညာရှင်ပါ။
ဒါကမရှင်းဘူးဆိုတာ မင်းတို့တွေ့မှာပါ။
မင်းတို့သိတဲ့အတိုင်း ဂျက်ဆန်ပိုလော့ ကြိုးစားဆွဲပြထာက
ခွေးတစ်ကောင် ဒါမှမဟုတ် မြင်းတစ်ကောင်လိုမျိုး တစ်ခုခုကို ဆွဲပြတာမဟုတ်ပါဘူး။
သူဆွဲပြတဲ့တစ်ခုခုကတော့ ဘယ်အရာနဲ့မှ မတူတဲ့
အမှီအခိုကင်းတဲ့ တကယ်မရှိတဲ့ အရာတစ်ခုပါ။
ကျွန်တော်တို့ မြင်တာက ပြင်ပြရုပ်ကမ္ဘာက
မင်းတို့ သိပြီးဖြစ်တဲ့ အရာတစ်ခုကို ကောက်နုတ် (တွဲမြင်) ပြီး ဖေါ်ပြလိုက်တာပါပဲ။
ရိုးရိုး ဂျီသြမေတြီနဲ့ အနုပညာကို အသုံးချတာ မဟုတ်ဘဲ
နေ့စဉ်မြင်တွေ့နေရတဲ့ အရာအားလုံးကို အသုံးချလိုက်တာပါပဲ
ကျွန်တော်တို့ အရာဝတ္ထုတွေအကြောင်း ပြောတဲ့အခါမှာပေါ့
ကျွန်တော်တို့ သင်္ကေတတွေ၊ စကားလုံးတွေကို သုံးတဲ့အခါမှာတောင်
ကျွန်တော်တို့က အသေအချာကို ကောက်နှုတ်(ကောက်ချက်) ဆွဲပြီး ဖေါ်ပြနေတာပါ။
တကယ့်ပြင်ပရုပ်ကမ္ဘာမှာရှိတဲ့ တစ်ခုခုရဲ့ အခြေခံ အနှစ်သာရတွေကနေ ကောက်ချက်ဆွဲ ကောက်နှုတ်နေတာပဲဖြစ်ပါတယ်။
ကျွန်တော်က ခွေး လို့ပြောလိုက်မယ်ဆိုရင်
ကျွန်တော်တို့စိတ်ထဲမှာ ပေါ်လာမယ့်ပုံရိပ်တွေက
ကျွန်တော်တို့သိပြီးဖြစ်တဲ့ ခွေး
ကျွန်တော်တို့စိတ်ထဲမှာရှိတဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားတဲ့
မင်းသိပြီးဖြစ်တဲ့ တကယ့်ခွေးတစ်ကောင်ရဲ့ပုံ
(ဘာလဲဆိုရင်) သူ့မှာ ခြေလေးချောင်း
နားရွက် ရှည်ရှည်လေးနဲ့ မင်းက ပွတ်သပ်ပေးရတာကြိုက်တဲ့ တိရိစ္ဆာန်ကိုပဲ (မျက်စိထဲ) မြင်မှာပါ။
လူသားရဲ့ ဒါမှမဟုတ် ကျွန်တော်ခန့်မှန်းရရင် လူတွေရဲ့ သူငယ်ချင်းကောင်းဖြစ်တဲ့
မင်းတို့တွေးမိနေတဲ့အတိုင်း ခွေးလို့ခေါ်တဲ့အရာပါ။
ဒီပုံမှာ ခွေးတစ်ကောင်ရဲ့ပုံလို့ ထင်ရစေမယ့် တကယ့် အနှစ်သာရတွေ ရှိနေပါတယ်။
တကယ့်ကမ္ဘာမှာ ခွေးတွေကို မင်းတွေ့ရင် မြင်ရတဲ့အတိုင်းပါပဲ။
(ဒါ) ဒီပုံကတော့ တိရိစ္ဆာန်တွေနဲ့ အလွန့်အလွန်ကို
တူညီတဲ့ ဂရိတ်ဒိန်း (ဒါမှမဟုတ်)
ခွေးစုတ်ဖွားလေးတစ်ကောင်ရဲ့ပုံနဲ့ တူနေတာ တွေ့မိပါလိမ့်မယ်။
ဒါပေမယ့် ဒီထူးခြားမှုတွေရဲ့ အနှစ်သာရတွေရှိနေတာ ကျွန်တော်တို့ သတိထားမိပါတယ်။
ဒါကြောင့်လဲ ကျွန်တော်တို့ ကောက်ချက်လွဲသွားနိုင်ပြီး ဒါကခွေးတစ်ကောင်လို့ ပြောမိတာပေါ့။
ဒီစာလုံးသင်္ကေတတွေက ကိုယ်စားပြုတဲ့အရာထက်ပိုတဲ့ဟာကို ကျွန်တော်တို့ ကောက်နှုတ်မိတာပါ။
ဒါကြောင့်လဲ ဒီပုံကို လွှဲမှားစွာ ဖေါ်ပြ (တွေးထင်) မိတာပါ။
ဂဏန်း (နံပါတ်) တစ်ခုလောက် ရိုးရှင်းစွာရေးခဲ့ရင်တောင်မှ (မှားယွင်းစွာ မြင်မိတတ်ပါတယ်)။
ကဲ ဒီတော့ ကျွန်တော် နံပါတ် (၅)ကိုရေးပြီ။
ဒါဆို ရေးစို့။ ကျွန်တော်တို့ မကြာခဏသိပြီးဖြစ်တဲ့
တိကျတဲ့အရာနဲ့တူတဲ့ နံပါတ် (၅) လို့ထင်ရတဲ့ဟာကို ကျွန်တော်သုံးတာပါ။ (သုံးပြီးရေးတာပါ)။
ဒါက တကယ့်ကို စိတ္တဇ (Abstract) ဆန်ပါတယ်။
သူ့မှာ ပစ္စည်းတိုင်းမှာရှိတဲ့ ပမာဏတစ်ခုရှိနေတာပါပဲ။
ကျွန်တော် ဒီလို ကိုယ်စားပြု ဖေါ်ပြနိုင်ပါတယ်။
နံပါတ် (၅)ကို ဒီလိုလဲ ပုံစံပြ (ပုံစံပြု) ဖေါ်ပြလို့ ရနိုင်ပါတယ်။
ရောမဂဏန်းနဲ့လဲ ဒီလို နံပါတ်(၅)ကို ရေးလို့ရနိုင်ပါတယ်။
ဒီလိုလဲ နံပါတ်(၅)ရေးလို့ ရနိုင်ပါတယ်။
ဒီဟာတွေအားလုံးမှာ သူတို့ ဖေါ်ပြတာက
(၅)ဆိုတဲ့ အရာရဲ့ ပမာဏကို ဖေါ်ပြတဲ့စိတ်ကူးပါပဲ။
မင်းတို့သိတဲ့အတိုင်း မင်းက(၅)ကို ညွှန်ပြပါလို့ပြောပြလို့ ရနိုင်ပါတယ်။
ဒီတော့ တစ်ယောက်ယောက်က ဒီလိုမျိုးတစ်ခုခုကို ညွှန်ပြ (ဒါမှမဟုတ်) ဆွဲပြ နိုင်ပါတယ်။
ဒါပေမယ့် သူတို့ ညွှန်ပြနေတာက "၅" ရဲ့ သင်္ကေတပါပဲ။
ဒါက တကယ့်ကို စိတ်ကူးသက်သက်ပါပဲ။
ဒါက မင်းကို အသိအမှတ်ပြုမှု (ကျေနပ်မှု) တစ်ခုခုတော့ ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
"Aabstract" ဆိုတာ ဘာလဲဆိုတာပေါ့။
(မင်းသိတဲ့အတိုင်း) မင်းပြောတဲ့အတိုင်း
ပိုကောင်းတဲ့ စာလုံးမရှိတဲ့အတွက် ဒါက အမျိုးအစားတစ်ခု
စိတ်ကူးသက်သက်ပဲဆိုတာပါ။
ဒီထက်ပိုပြီးတော့ ကောင်းအောင် ဖေါ်ပြလို့မရတော့ပါဘူး။