ကမ္ဘာကြီး ဘာကြောင့် ပူနွေးလာနေတာလဲ?
ကမ္ဘာကြီးကို ဖန်လုံအိမ်တစ်ခုလို့
စဥ်းစားကြည့်ရအောင်။
စက္ကန့်နဲ့အမျှ ကြီးမားတဲ့ စွမ်းအင်တစ်ခုက
ကျွန်မတို့ ဖန်လုံအိမ်ထဲကို တိုးဝင်လာပါတယ်။
ကျွန်မတို့ရဲ့ လေထု၊ ဖန်အမိုးနဲ့ နံရံတွေက
အဲဒီထဲက စွမ်းအင်အချို့ကို ပြန်ကန်ထုတ်တယ်။
ဒါပေမဲ့ စွမ်းအင်အများစုကတော့ ဖန်လုံအိမ်ထဲ
ဖြတ်သန်းပြီး အရာအားလုံးကို ပူနွေးစေတယ်။
အပူအတော်များများ ကောင်းကင်ဆီသို့
ပြန်ထွက်သွားပြီး
ကျုပ်တို့အတွက် တသမတ်တည်း နွေးနေတဲ့
အပူချိန်ကို ထိန်းထားပေးတယ်။
ဒါပေမဲ့ တစ်စုံတစ်ခု ပြောင်းလဲသွားခဲ့တယ်။
လူသားတွေ နေ့စဉ် ထုတ်လွှတ်လိုက်တဲ့ ကာဗွန်
ဒိုင်အောက်ဆိုက်နဲ့ ဖန်လုံအိမ် ပြည့်လာတယ်။
အဲဒီဖန်လုံအိမ် ဓါတ်ငွေ့အားလုံးက
ဘာလုပ်ကြလဲ။
ကျွန်မတို့ ဖန်လုံအိမ်ရဲ့ ဖန်သားထုကို
ပိုပြီး ထူထည်းလာစေတာပါ။
ဖန်သားထုက ပိုပြီးထူထည်းလာလေ
လဟာပြင်သို့ အပူထွက်မှုက ပိုနှေးလာလေပါ။
ပြီးတော့ နေကလာတဲ့ စွမ်းအင်ဟာ
အရင်ကလိုပဲ အလျင်စလို ဝင်လာနေဆဲ
ဆိုတာကို သတိရနေဖို့ လိုသေးတယ်။
ရလဒ်ကတော့ ကျွန်မတို့
နှစ်ခြိုက်ဖို့ အတွက်သာမက
နေထိုင်မှု အတွက်ပါ အပူချိန်ဟာ
သိပ်ကို မြင့်တက်လာခြင်းပေါ့။
[Countdown
Countdown.ted.com မှာ ရာသီဥတု
ပြောင်းလဲမှုအတွက် လုပ်ဆောင်ပါ]