သိပ်မကြာခင်တုန်းက
ကျွန်တော် ဖိတ်ကြားစာတစ်စောင် ရခဲ့တယ်
James Madison ရဲ့ သမိုင်းဝင်အိမ်ကြီးမှာ
ရက်အနည်းငယ်လောက် တည်းခိုဖို့ပါ။
တကယ်က James Madison ဟာ
အမေရိကန်နိုင်ငံရဲ့ လေးယောက်မြောက် သမ္မတ၊
ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဖခင်ကြီး၊
လူ့အခွင့်အရေးမူကြမ်းရဲ့
ဗိသုကာ ဖြစ်ပါတယ်။
သမိုင်းပညာရှင် အနေနဲ့
ဒီသမိုင်းဝင်နေရာကိုသွားဖို့ ကျွန်တော်
တော်တော်စိတ်လှုပ်ရှားမိပါတယ်။
ဘာလို့လဲဆိုတော့ ဒီနေရာရဲ့ အရေးပါမှုကို
ကျွန်တော် နားလည်တယ် အသိအမှတ်ပြုလို့ပါ။
အခုအချိန်မှာ Madisonက သူ့နေရာကို
Montpelier လို့ခေါ်ခဲ့တယ်။
Montpelier က လုံးဝ လှပတယ်။
အဲဒီမှာ ဧက ထောင်ချီတဲ့တောင်ကုန်းတွေရှိတယ်။
လယ်ယာမြေတွေနဲ့ သစ်တောတွေ ရှိတယ်
အသက်ရှူမှားလောက်တဲ့
တောင်တန်းအလှရှုခင်းတွေရောပေါ့
ဒါပေမဲ့ ဒါက ကြောက်ဖို့ကောင်းတဲ့ အလှပါ
ဘာလို့လဲဆိုတော့ Montpelier က တစ်ချိန်က
ကျွန်စခန်းဖြစ်ခဲ့လို့ပါ။
James Madisonက သူ့ဘဝသက်တမ်း
တစ်လျှောက်မှာ လူပေါင်းတစ်ရာကျော်ကို
ကျွန်ပြုခဲ့တယ် ဆိုတာကို သိကြမှာပါ။
သူသေသွားသည့်တိုင်အောင် တစ်ယောက်ကိုမှ
ကျွန်အဖြစ်ကနေ လွှတ်မပေးခဲ့ဘူး။
Montpelierရဲ့ အရေးအပါဆုံးနေရာကတော့
Madison ရဲ့ အိမ်ကြီးပဲ ဖြစ်ပါတယ်
ဒါက James Madison ကြီးပြင်းလာတဲ့
နေရာ ဖြစ်ပါတယ်
သူ့သမ္မတသက်တမ်းကုန်လွန်ပြီးတဲ့နောက်
ပြန်သွားတဲ့နေရာဖြစ်ပြီး
နောက်ဆုံး သူသေဆုံးခဲ့တဲ့နေရာပဲ ဖြစ်ပါတယ်
Madison အိမ်ကြီးရဲ့ အဓိကနေရာကတော့
သူ့ရဲ့စာကြည့်တိုက်ပါ
ဒီအခန်းက ဒုတိယအထပ်မှာ ရှိပြီး
Bill of Rightsကို Madison တွေးခေါ်
ပုံဖော်ခဲ့တဲ့နေရာ ဖြစ်တယ်။
ဒီနေရာကို ပထမဆုံးအကြိမ် သွားလည်တုန်းက
ပညာရေးဒါရိုက်တာ Christian Cotz က
အရမ်းမိုက်တဲ့ လူဖြူကြီးလေ
(ရယ်သံ)
စာကြည့်တိုက်ဆီကို ချက်ချင်းဆွဲခေါ်သွားတယ်
အမေရိကန်သမိုင်းမှာ အရေးကြီးတဲ့
အဖြစ်အပျက်တစ်ခုဖြစ်ခဲ့တဲ့
အဲဒီနေရာမှာ မတ်တပ်ရပ်နေနိုင်ခဲ့တာ
အရမ်းကို အံ့ဩစရာပါပဲ။
ဒါပေမဲ့ အဲဒီမှာနေပြီး နည်းနည်းကြာတော့
Christian ကအောက်ထပ်မှာရှိတဲ့
အိမ်ရဲ့ အကျဉ်းခန်းတွေဆီကို ခေါ်သွားတယ်။
အိမ်ရဲ့အကျဉ်းခန်းဆိုတာကတော့
ကျွန်ပြုခံခဲ့ရတဲ့ အာဖရိက အမေရိကန်ဖွားတွေ
သူတို့အချိန်တော်တော်များများကို ဒီအိမ်ကို
စီမံခန့်ခွဲပြီး နေခဲ့တဲ့နေရာပါ။
အမေရိကားရဲ့ ကျွန်ပြုခြင်းအခန်းကဏ္ဌကို
လည်း အခု ဒိနေရာမှာ ပြပွဲအနေနဲ့ ပြထားတယ်
ကျွန်တော်တို့ အဲဒီမှာရှိနေတုန်း
Christianက ကျွန်တော့်ကို ထူးဆန်းတာ
တစ်ခုလုပ်ခိုင်းတယ်
သူက ကျွန်တော့်လက်ကို အကျဉ်းခန်းရဲ့
ထူတဲ့ နံရံတွေပေါ်တင်ခိုင်းပြီး
နံရံတစ်လျှောက် လျှောဆင်းခိုင်းတယ်
ဒီနံရံရဲ့ မျက်နှာစာပေါ်မှာရှိတဲ့ ခတ်နှိပ်
ချက်တွေကို ကျွန်တော် မခံစားရမချင်းပါ။
ကဲ ကြည့်ပါဦး၊
ကျွန်ပြုခြင်းအစပျိုးခဲ့တဲ့
ဒီအိမ်ကြီးမှာ ကျွန်တော်
ရက်အနည်းငယ် နေခဲ့တယ်။
အခြားလူဖြူတွေကို စိတ်မပျက်အောင်လို့ပါ။
(ရယ်သံ)
ဘာလို့လဲဆိုတော့ နေပြီးမှသာ
ငါဒီကနေလွတ်မြောက်ခဲ့တာပါလား
ဆိုတာခံစားရမှာလေ။
(ရယ်သံ)
တကယ်ကတော့ ကျွန်တော့်လက်တွေကို
နံရံတစ်လျှောက်တင်လိုက်တဲ့အခါ
ကျွန်တော့်သမီးတွေအကြောင်းကို
မတွေးဘဲနဲ့ မနေနိုင်ဘူး
အထူးသဖြင့် ကျွန်တော့်သမီးအငယ်ဆုံးပ
ဒီအချိန်က သူကနှစ်နှစ်
သုံးနှစ်လောက်ပဲ ရှိသေးတယ်
ဘာလို့တွေးတာလဲဆိုတော့ ကားထဲကနေထွက်တိုင်း
သူ့လက်ကို ကားနံရံတစ်လျှောက် ဆွဲတယ်။
အမှန်တော့ ဒါက ရွံ့ဖို့ကောင်းတယ်လေ။
ပြီးတော့
ပြီးတော့ ကျွန်တော် သူ့ဆီ
အဲဒီအချိန်မှာမရောက်သွားရင်
သူ့လက်တွေကို ရုတ်ပြီး
ပါးစပ်ထဲ ထည့်လိုက်တယ်
သူအဲ့ဒါလုပ်ရင် ကျွန်တော် လုံးဝ ရူးချင်သွားမှာပဲ။
ဒါကတော့ သမိုင်းပညာရှင်တစ်ယောက်အနေနဲ့
ကျွန်တော်စဉ်းစားနေတဲ့အရာပဲ
(ရယ်သံ)
ဒါပေမဲ့ ဒီနောက်မှာ နံရံတွေပေါ်မှာရှိတဲ့
ခတ်နှိပ်ချက်တွေကို တကယ် စမ်းမိတယ်
ဒီအုတ်ထဲက ခေါင်ချုပ်တွေကို
ကျွန်တော်စမ်းမိတယ်
ဒါတွေက ဘာလဲဆိုတာသဘောပေါက်ဖို့
ခဏ အချိန်ယူလိုက်ရတယ်
ဘာကြောင့် ဒါတွေက
သေးငယ်တဲ့လက်ရာလေးတွေ ဖြစ်တာလဲ။
ဘာလို့လဲဆိုတော့ James Madisonရဲ့
အိမ်ကြီးမှာရှိတဲ့ဒီအုတ်ခဲတွေအားလုံးကို
သူကျွန်ပြုခဲ့တဲ့ ကလေးတွေက
လုပ်ခဲ့တာမို့လို့ပဲ
အဲဒီမှာ ကျွန်တော်သိလိုက်ရတာက
James Madison
Bill of Rights ကို တွေးခေါ်ပုံဖော်ခဲ့တဲ့
စာကြည့်တိုက်ဆိုတာက
သူကျွန်ပြုခဲ့တဲ့ ကလေးတွေ လုပ်ခဲ့တဲ့
အုတ်တွေပေါ်မှာ အခြေတည်ခဲ့တာပဲလို့
သဘောပေါက်သွားတယ်
ဒါဟာ ကြမ်းတမ်းတဲ့သမိုင်းတစ်ခုပါပဲ
ဒါက ကြမ်းတမ်းတဲ့သမိုင်းတစ်ခုပါ
ဘာလို့လဲဆိုတော့
ဒီလိုလူမဆန်တဲ့ လုပ်ရပ်မျိုး
ကိုယ်သက်သောင့်သက်သာရှိဖို့ ကလေးတွေကို
ကလေးတွေကို အုတ်တွေ
လုပ်ခိုင်းတာက စဉ်းစားဖို့တောင် ခက်တယ်
ဒါက ခက်ထန်တဲ့သမိုင်းပါ
ဘာလို့လဲဆိုတော့ ကျွန်ပြုအကြမ်းဖက်ခံရတာတွေ
ရိုက်ခံရတာတွေ၊ ကြာပွတ်သံတွေ၊
ပြန်ပေးဆွဲခံရတာတွေ
မိသားစုကို အဓမ္မ ခွဲခွာရတာတွေက
ပြောတောင်ထွက်ဘူး
ဒါက ကြမ်းတမ်းတဲ့သမိုင်း ဘာလို့လဲဆိုတော့
ကျွန်ပြုတာ တရားမျှတတယ်ဆိုတဲ့ အတွေးအခေါ်ကို
ဖြစ်စေတဲ့ လူဖြူတွေရဲ့လွှမ်းမိုးမှုကို
သင်ပြဖို့ ခက်ခဲတယ်
ဒီတော့ ကြမ်းတမ်းတဲ့သမိုင်းကို
ရင်ဆိုင်ဖြေရှင်းမဲ့အစား
ဒါကို ကျွန်တော်တို့ ရှောင်ရှားတတ်ကြတယ်
တစ်ခါတစ်လေမှာ ဒါဟာ ကိစ္စတွေကို
ပျက်စီးအောင်လုပ်နေတာပါ။
နိုင်ငံတွေရဲ့အခွင့်အရေးတွေက
ပြည်တွင်းစစ် အဓိကအကြောင်းရင်း
လို့ လူတွေပြောကြတာကို ကျွန်တော် ကြားတာ
အခေါက်ပေါင်း မရေနိုင်ဘူး။
ဒါင ပြည်တွင်းစစ်မှာတိုက်ခိုက်ခဲ့ကြတဲ့
လူတွေအတွက် အံ့ဩစရာတစ်ခုလို့ ဖြစ်လာမယ်။
(ရယ်သံ)
တစ်ခါတစ်လေ ကျွန်တော်တို့ ခက်ထန်တဲ့ သမိုင်း
ကို ရှာကြံအကြောင်းရှာဖို့ ကြိုးစားတယ်
Montpelier ကို လူတွေ လည်တဲ့အခါမှာ
ဒီအဖြစ်မှာ လူတွေဆိုတာက
လူဖြူတွေကို ပြောတာပါ
Montpelier ကို လာလည်ပြီး
Madison က လူတွေကိုကျွန်ပြုတဲ့
အကြောင်း ကြားသိကြတဲ့အခါ
သူတို့မကြာခဏ မေးလေ့ရှိတာက
"ဒါပေမဲ့ သခင်ကောင်းတစ်ယောက် မဟုတ်ဘူးလား"
"သခင်ကောင်းတစ်ယောက်"လား
သခင်ကောင်းဆိုတာမျိုးက ဘယ်သောအခါမှ မရှိဘူး
ဆိုးတာနဲ့ ပိုဆိုးတာပဲရှိတယ်
တစ်ခါတစ်လေမှာ
ကျွန်တော်တို့က အတိတ်ကိုမဖြစ်ခဲ့သလို
ဟန်ဆောင်တတ်ကြတယ်
တောင်ပိုင်းမှာ စိုံက်ခင်း အပြင်မှာ
ကျွန်ပြုတာတွေ
ရှိခဲ့တာ မယုံနိုင်ဘူးဆိုပြီးလူတွေပြောတာ
ကို ကျွန်တော်ကြားရတာ ဘယ်နှစ်ခါမှန်းမသိဘူး
ဒီမှာတင်မဟုတ်ပါဘူး
ကျွန်ပြုခြင်းဟာ အမေရိကန်
ကိုလိုနီတိုင်းမှာရှိတယ်
ကျွန်ပြုခြင်းက ကျွန်တော့်မွေးရပ်မြေ
New York ပြည်နယ်မှာတောင်
အမေရိကန်တော်လှန်ရေးအပြီး
နှစ် ၅၀ တိုင်အောင် ရှိနေခဲ့တာပါ
ဒီတော့ ဘာလိူ့ ဒါကို လုပ်ကြတာလဲ။
ဘာဖြစ်လို့ ကျွန်တော်တို့က သမိုင်းကို
ထိပ်တိုက်မရင်ဆိုင်ကြတာလဲ
စာပေ သဘင်သည်နဲ့ သင်ကြားသူ
ဖြစ်တဲ့ Regie Gibson က
အမှန်တရားကိုပြောခဲ့တယ်
ကျွန်တော်တို့ အမေရိကန်တွေအနေနဲ့ ပြဿနာက
တကယ်တော့ သမိုင်းကို မုန်းတာပါ
ကျွန်တော်တို့ ချစ်တယ်ဆိုတာကတော့
အတိတ်ကိုတသသဖြစ်နေခြင်းပဲ
အတိတ်ကို တသသဖြစ်တာ
ကျွန်တော်တို့က လက်ရှိမှာကျွန်တော်တို့ကို
သက်တောင့်သက်တာဖြစ်စေတဲ့အတိတ်က
အကြောင်းတွေကို ကြိုက်ကြတယ်
ဒါပေမဲ့ ကျွန်တော်တို့ဒါကိုဆက်မလုပ်နိုင်ဘူး
စပိန်စာရေးဆရာ တွေးခေါ်ပညာရှင်
George Santayanaက
အတိတ်ကိုမမှတ်မိနိုင်တဲ့လူတွေက အတိတ်ထဲမှာပဲ
ဒါကိုထပ်ကျော့ဖို့ ကြိတ်မှိတ်နေကြတယ်
အခု သမိုင်းပညာရှင်အနေနဲ့
ဒီအဆိုပြုချက်ကို အတော်ကြာ စဉ်းစားကြည့်တယ်
ပြီးတော့ တွေးမိတာက ဒါက အမေရိကားလူမျိုး
ကျွန်တော်တို့ကို သက်ရောက်တယ်ဆိုတာပါ
ဒါပေမဲ့ တစ်နည်းဆိုရရင် မသက်ရောက်ဘူး
ဘာလို့လဲဆိုတော့ ဒီအဆိုပြုချက်ရဲ့အဓိပ္ပာယ်က
တစ်နည်းအားဖြင့် သတိပေးချက်ပဲ
ကျွန်တော်တို့က ပထမအစမှာကတည်းက
မညီမျှမှုတွေဖြစ်စေတဲ့အရာတွေ လုပ်တာကို
ရပ်တန့်ခဲ့တယ်ဆိုတဲ့အချက်ပါ
ဒါပေမဲ့ ရက်စက်တဲ့အမှန်တရားက
မရပ်တန့်ခဲ့ကြဘူးလေ
ဆင်းရဲချမ်းသာကွာဟမှုကို စဉ်းစားကြည့်ရအောင်
ချမ်းသာတယ်ဆိုတာက မျိုးဆက်တစ်ခုမှာရှိတဲ့
စုဆောင်းထားတဲ့ စည်းစိမ်တွေနဲ့ တွက်ချက်တယ်
ပြီးတော့ အဲဒါတွေကို နောက်မျိုးဆက်တွေကို
လွှဲပေးတယ်
ပျမ်းမျှလူဖြူ အိမ်ထောင်စုရဲ့
ချမ်းသာကြွယ်ဝမှုက
၁၄၇,၀၀၀ ဒေါ်လာရှိတယ်
ပျမ်းမျှလူမည်း အိမ်ထောင်စု ရဲ့
ချမ်းသာကြွယ်ဝမှုက
ဒေါ်လာလေးထောင်ပဲ ရှိတယ်
ဒီတိုးပွားလာတဲ့ ကွာဟချက်ကို
ဘယ်လိုရှင်းပြကြမလဲ
ကြမ်းတမ်းတဲ့ သမိုင်း
ကျွန်တော့်ရဲ့ အဘီဖြစ်သူက
၁၈၅၀ပြည့်နှစ်တွေအတွင်း
Georgia နိုင်ငံ Jasper ပြည်နယ်မှာ
ကျွန်အဖြစ် မွေးလာတယ်
ကျွန်ဖြစ်နေတုန်းမှာ
သူဘာကိုမှ စုဆောင်းခွင့် မရှိဘူး
ဘာနဲ့မှ လွတ်မြောက်ခွင့် မပေးဘူး
သူပြုလုပ်ခဲ့တဲ့ အုတ်ခဲတွေအတွက်
ဘယ်တော့မှ အခကြေးငွေ မရခဲ့ဘူး
ကျွန်တော့်ရဲ့ အဘေးက ၁၈၇၀ နှစ်အတွင်းမှာ
Georgiaနိုင်ငံ Jasper ပြည်နယ်မှာပဲ မွေးတယ်
သူကတော့ လယ်ယာမြေအနည်းငယ်ကို
စုဆောင်းနိုင်ခဲ့တယ်
ဒါပေမဲ့ ၁၉၀၀ပြည့်နှစ်အတွင်းမှာပဲ
Jim Crow က ဒီမြေတွေကို ယူသွားတယ်
ဒီနောက်မှာ Jim Crowက သူ့အသက်ကို
လည်းယူသွားတယ်
ကျွန်တော့်အဘိုး Leonard Jeffries Senior က
Georgia မှာမွေးဖွားလာခဲ့တယ်
ဒါပေမဲ့ သူ့အတွက် ဘာမှမကျန်ခဲ့ဘူး
ဒါနဲ့ Newarkပြည်နယ်, New Jersey မှာ
ကြီးပြင်းခဲ့တယ်
သူ့ဘဝမှာ သန့်ရှင်းရေးသမားတစ်ယောက်အနေနဲ့
အသက်မွေးရတယ်
အလုပ်မှာ ခွဲခြားခံရမှုတွေ၊ ပညာသင်ခွင့်
အနှိမ်မ်ချခံရတာတွေ၊ခံရတာတွေ၊ပယ်ချခံရတာတွေက
သူ့ကို ဘယ်တော့မှ လူလတ်တန်းစားအဆင့်ထဲ
မဝင်နိုင်ခဲ့ေအာင် ဆက်ဖြစ်နေတယ်
ဒါကြောင့် ၁၉၉၀နှစ် သူဆုံးသွားတဲ့အချိန်မှာ
သူ့သားတွေအတွက် အသက်အာမခံ
ပေါ်လစီတစ်ခုကလွဲပြီး
ဘာမှမချန်ထားနိုင်ခဲ့ဘူး
ဒါကလည်း သူ့သင်္ဂြိုဟ်ရိတ်ကာမိရုံပဲ
အခု ကျွန်တော့်မိဘတွေ နှစ်ယောက်လုံးက
လူမှုဝန်ထမ်းတွေ
သူတို့အိမ်တစ်လုံးဝယ်နိုင်ခဲ့တယ်
၁၉၈၀ခုနစ် Crown Heights အပိုင်း
Brooklyn, New York မှာ
ဒေါ်လာ ၅၅,၀၀၀ နဲ့
အဲဒီအချိန်တုန်းက Crown Heights မှာ
လူမည်းတွေချည်းပဲ
တော်တော်လည်း ခက်ခဲခဲ့တာပေါ့
ကျွန်တော့်အစ်ကိုနဲ့ကျွန်တော်
အိပ်မယ်ကြံတိုင်း
၁၉၈၀ ကြားကာလတွေမှာ
သေနတ်သံတွေ အမြဲကြားရတယ်
ဒါပေမဲ့ ကျွန်တော်တို့မိဘတွေက
ကျွန်တော်တို့ကို ကာကွယ်ခဲ့ကြတယ်
ပြီးတော့ အဲဒီအိမ်မှာပဲ နေခဲ့ကြတာက
နှစ်၄၀ကြာတိုင်အောင်ပါ
ခုထိလည်း သူတို့နေတုန်းပဲ
ဒါပေမဲ့ အမေရိကန်မှာ ဩချရလောက်တဲ့
အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့တယ်
လွန်ခဲ့တဲ့နှစ် နှစ်ဆယ်ခန့်ကပါ
လွန်ခဲ့တဲ့နှစ် နှစ်ဆယ်ခန့်က
တစ်ညမှာ သူတို့ လူမဲအိမ်နီးချင်းတွေ
ဝန်းရံပြီး အိပ်ရာဝင်ခဲ့တယ်
နောက်နေ့မနက် နိုးလာတော့ အိမ်နီးချင်းတွေက
လူဖြူတွေဖြစ်နေရောလေ
(ရယ်သံ)
ဒီလိုပြောင်းလဲလိုက်မှုရဲ့ အကျိုးဆက်က
အိမ်နီးချင်းတွေအကုန် ထူးထူးဆန်းဆန်း
ပျောက်သွားရုံတင်မက
သူတို့အိမ်ရဲ့တန်ဖိုးက
မိုးထိ မြင့်တက်သွားတယ်
ဒါကြောင့် သူတို့ဒေါ်လာ
၅၅,၀၀၀ နဲ့ ဝယ်ခဲ့တဲ့အိမ်က
စကားမစပ် အတိုး
၂၅ ရာခိုင်နှုန်းနဲ့ဝယ်ခဲ့တာနော်
အဲဒီအိမ်က သူတို့ဝယ်ထားတဲ့ဈေးရဲ့
အဆ ၃၀ ထိ တက်သွားတယ်
အဆသုံးဆယ်
တွက်ကြည့်ရအောင်
၅၅,၀၀၀ ကို ၃၀ နဲ့မြှောက်
သုညတွေထည့်လိုက်
ပိုက်ဆံတွေ အများကြီးနော်
(ရယ်သံ)
ဒီတော့ ဆိုလိုတာက
သူတို့ရဲ့ တစ်ခုတည်းသော ပိုင်ဆိုင်မှု
ကျွန်တော်နဲ့ကျွန်တော့်အစ်ကိုကို
လွှဲပေးရမဲ့အချိန်ပဲ
ဒီလိုမျိုးဖြစ်တာကျွန်တော့
မိသားစုသမိုင်းမှာ ပထမဆုံးအကြိမ်ပဲ
ကျွန်ပြုခံရခြင်းတွေ ပြီးဆုံးပြီး
နှစ်ပေါင်း ၁၅၀ကျော်အကြာမှာ
ကျွန်တော့်မိသားစုမှာ သူ့တို့စည်းစိမ်ကို
ကိုလွှဲပြောင်းပေးနိုင်တဲ့ အခါရောက်လာတာပဲ
မလွှဲပြောင်းနိုင်တာက မိသားစုဝင်တွေ
မစုဆောင်းခဲ့လို့ မဟုတ်
အလုပ်မကြိုးစားခဲ့လို့ မဟုတ်
ပညာမကြိုးစားခဲ့လို့ မဟုတ်ဘူး
ကြမ်းတမ်းခက်ခဲတဲ့ သမိုင်းကြောင့်မို့လို့ပါ
ကျွန်တော်အတိတ်အကြောင်း စဉ်းစားတဲ့အခါ
သမိုင်းကို မမှတ်မိတာကို ဂရုမစိုက်ဘူး
ကျွန်တော်တို့မမှတ်မိရင် ဒီအထဲမှာတဝဲလည်လည်
ဖြစ်နေတာကို ဂရုမစိုက်ဘူး
ကျွန်တော်ဂရုစိုက်တာ ကျွန်တော်ကြောက်တာက
ကျွန်တော်တို့ အတိတ်ကိုမမှတ်မိဘူးဆိုရင်
အဲဒါကို ဆက်လုပ်ကြမှာကိုပဲ
မညီမျှမှုတွေ တရားမျှတမှုတွေကို ဖြစ်စေတဲ့
အရာတွေကို ဆက်လုပ်ကြလိမ့်မိမယ်
ဒါကြောင့် ကျွန်တော်တို့ လုပ်ရမှာက
ကြမ်းတမ်းခက်ခဲတဲ့သမိုင်း ဆက်ဖြစ်မှာကို
တာဆီးရမယ်
ဒါကို ကျွန်တော်တို့ အမှန်တရားကို
ရှာဖွေရင်းနဲ့ လုပ်ရမယ်
ကြမ်းတမ်းခက်ခဲတဲ့သမိုင်းကို တိုက်ရိုက်
ရင်ဆိုင်ဖြေရှင်းရင်း
တစ်ကမ္ဘာလုံးအတွက် ကြမ်းတမ်းတဲ့သမိုင်းရဲ့
အကျိုးဆက်တွေကို သေချာကြည့်ရင်းနဲ့
အမှန်တရားကို ပြောရင်းနဲ့ ကျွန်တော်တို့
အဲဒါကို လုပ်နိုင်တယ်
ဆရာတွေက သူတို့ကျောင်းသားတွေကို
ကြမ်းတမ်းခဲ့တဲ့ သမိုင်းတွေအကြောင်း သင်မယ်
အခြားလုပ်ဖို့ရှိတာကတော့ ပညာရေး
မသမာမှုတွေကို ဝန်ခံခိုင်းဖို့ပဲ
မိဘတွေက ကလေးတွေကို အမှန်ပြောပြရမယ်
အဲဒါမှ ကျွန်တော်တို့အကုန်လုံးက
တစ်နိုင်ငံတည်းသားတွေဆိုတာ သူတို့နားလည်မှာ
နောက်ဆုံးလုပ်ရမှာက ကျွန်တော်တို့
အမှန်တရားကို လက်ခံကျင့်သုံးရမယ်
တစ်ယောက်ချင်းစီ ပြီးတော့ စုပေါင်းပြီးတော့
လူထုအလယ်မှာရော တစ်ယောက်တည်းနေရင်ရော
နည်းလမ်းနည်းနည်းနဲ့ဖြစ်စေ၊
နည်းလမ်းမျိုးစုံသုံးပြီး ဖြစ်စေ
ကမ္ဘာကြီးရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ
ဖြစ်ဖြစ် တရားမျှတမှုရရှိစေမယ့် အရာတွေကို
ကျွန်တော်တို့ လုပ်ရမယ်
ဘာမှမလုပ်ဘဲနေတယ်ဆိုတာက မညီမျှမှုတွေမှာ
ပါဝင် ကျူးလွန်တာပါ
သမိုင်းက ကျွန်တော်တို့ကို သတိပေးတယ်
နိုင်ငံတစ်နိုင်ငံ အနေနဲ့ ကျွန်တော်တို့က
James Madison တို့လို့ နိုင်ငံရေး
အင်အားကြီးတဲ့လူတွေအပေါ်
မှီခိုရတယ်
ဒါပေမဲ့ ကြမ်းတမ်းခက်ခဲတဲ့သမိုင်းက
ကျွန်တော်တို့သည် နိုင်ငံတစ်နိုင်ငံအနေနဲ့
ကျွန်ပြုခံရတဲ့ အာဖရိကန်အမေရိကန်ဖွားကလေးတွေ
အပေါ်မှာမှီခိုနေရတယ်ဆိုတာကို သတိပေးနေတယ်
လူမည်းအမျိုးသားလေးတွေ
လူမည်းအမျိုးသမီးလေးတွေ
သူတို့ရဲ့လက်ဗလာနဲ့ အုတ်ခဲတွေလုပ်ခဲ့ပြီး
ဒီနိုင်ငံရဲ့ အုတ်မြစ်အဖြစ်
တာဝန်ထမ်းဆောင်ခဲ့ကြတယ်
ကျွန်တော်တို့က တရားမျှတမှုရှိတဲ့
လူမှုပတ်ဝန်းကျင်တစ်ခု တကယ်ဖန်တီးချင်ရင်
အဲဒါကို ကျွန်တော်တို့ မှတ်မိနေရမယ်
သူတို့ကိုလည်း ကျွန်တော်တို့
မှတ်ထားရမယ်
ကျေးဇူးတင်ပါတယ်
(လက်ခုပ်သံ)
(လက်ခုပ်သံ)