ပြောရိုးစကား တစ်ခုက လူတစ်ယောက် အကြောင်းကို သူ့စာအုပ်စင်တွေကိုကြည့်ပြီး ပြောနိုင်တယ်တဲ့။ ကျွန်မစာအုပ်စင်က ကျွန်မအကြောင်း ဘာပြောလဲ။ ဒီမေးခွန်းကို နှစ်အနည်းငယ်က ကိုယ့်ကိုယ်ကို မေးခဲ့တုန်းက ထိတ်လန့်စရာကို သွားတွေ့မိခဲ့တယ်။ ကိုယ့်ကိုယ်ကို တော်တော်လေး အနုပညာမြတ်နိုးသူ၊ ၊အတွေ့အကြုံ ကျယ်ပြန့်သူမျိုးလို့ အမြဲထင်ထားတာလေ။ ဒါပေမဲ့ စာအုပ်စင် ပြောနေတာက လုံးဝတစ်မျိုးပါ။ တော်တော်များများ ခေါင်းစဉ်တွေက အင်္ဂလိပ်နဲ့ အမေရိကန် စာရေးဆရာတွေချည်းပါ။ ပြီးတော့ ဘာသာပြန်ထားတာလည်း မရှိသလောက်ပါပဲ။ ကျွန်မ စာဖတ်ခြင်းဆိုင်ရာ ယဉ်ကျေးမှုဆိုင်ရာ ဒီလို ဟာကွက်ကြီးဟာ ထိတ်လန့်စရာကြီး ဖြစ်လာခဲ့ပါတယ်။ ဒါကိုတွေးမိတော့ တကယ့် ရှက်စရာလိုပါပဲ။ အင်္ဂလိပ်ထက် အခြားဘာသာစကားတွေနဲ့ ရေးသားတဲ့ စာရေးဆရာတွေရဲ့ အံ့ဩစရာဇာတ်လမ်းတွေ အများကြီးရှိခဲ့တာ သိခဲ့တယ်။ ကျွန်မစာဖတ်တဲ့အကျင့်က ဒါတွေကို ဘယ်တော့မှ မကြုံတွေ့နိုင်လောက်ဘူးလို့ တွေးမိတာ တကယ်ပဲ စိတ်မကောင်းဖြစ်ပုံရတာပေါ့။ ဒါနဲ့ ကမ္ဘာအနှံ့ စာဖတ်ခြင်း အချိန်တိုသင်တန်းတစ်ခုကို ကိုယ့်ကိုယ်ကို ပြဋ္ဌာန်းဖို့ ဆုံးဖြတ်လိုက်တယ်။ ၂၀၁၂ ဟာ UK အတွက် အရမ်းနိုင်ငံတကာ ဆန်တဲ့နှစ်လို့ သတ်မှတ်ခဲ့တယ်၊ လန်ဒန် အိုလံပစ် ကျင်းပတဲ့နှစ်ပေါ့။ ဒီတော့ ဒါကို ကမ္ဘာ့နိုင်ငံတိုင်းက ဝတ္ထုရှည်၊ ဝတ္ထုတိုစု (သို့) ဘဝမှတ်တမ်း တစ်ခုကို ကြိုးစားဖတ်ဖို့ ကိုယ့်ရဲ့ ကန့်သတ်ချိန်အဖြစ် သုံးရန်ဆုံးဖြတ်လိုက်တယ်။ ဒီအတိုင်း လုပ်ခဲ့တယ်။ ဒါက စိတ်လှုပ်ရှားစရာ ကောင်းပြီး မှတ်သားလောက်တဲ့ အရာတွေကို လေ့လာမိကာ ဒီနေ့ ရှင်တို့နဲ့ မျှဝေချင်တဲ့ ထူးခြားတဲ့ ချိတ်ဆက်မှုတွေကို ပြုလုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ တကယ့်ပြဿနာတွေနဲ့ စခဲ့တာပါ။ ကျွန်မရဲ့ ပရောဂျက်မှာသုံးမယ့် ကမ္ဘာ့ နိုင်ငံတွေရဲ့ စာရင်းမျိုးစုံကို တွက်ချက်ပြီးတဲ့နောက် UN အသိအမှတ်ပြုနိုင်ငံ စာရင်းနဲ့ပဲ အဆုံးသတ်သွားတယ်။ ဒီစာရင်းထဲ ထိုင်ဝမ်ကို ထပ်ပေါင်းလိုက်တော့ စုစုပေါင်း ၁၉၆ နိုင်ငံဖြစ်သွားတယ်။ ဖတ်တာနဲ့ ဘလော့ဂ်လုပ်တာကို ခွင်ကျအောင်လုပ်အပြီးမှာ အကြမ်းဖျင်း တစ်ပတ် အလုပ်လုပ်တဲ့ ငါးရက်မှာ တစ်ပတ် လေးအုပ်လောက်ပါ။ နောက်ရင်ဆိုင်ရတာက နိုင်ငံတိုင်းက စာအုပ်တွေကို အင်္ဂလိပ်ဘာသာနဲ့ မရနိုင်ခြင်းပါ။ နှစ်စဉ် UK မှာ ထုတ်ဝေတဲ့ စာပေလက်ရာက ၄.၅ ရာခိုင်နှုန်းပဲ ဘာသာပြန် ဖြစ်ကြတာပါ။ ကိန်းဂဏန်းတွေက အင်္ဂလိပ်စကားပြောတဲ့ နိုင်ငံအများစုနဲ့ ဆင်နေပါတယ်။ အခြားနိုင်ငံတွေမှာ ဘာသာပြန် ထုတ်ဝေတဲ့ အချိုးအစားက တော်တော်ပိုမြင့်မားပေမဲ့ ၄.၅ % ဟာ စဖို့ေအတွက် နည်းလွန်းပါတယ်။ ဒါပေမဲ့ ကိန်ဂဏန်းတွေက မပြောတာက စာအုပ်တော်တော်များများဟာ ခိုင်မာတဲ့ ထုတ်ဝေရေး ကွန်ရက်ရှိတဲ့ နိုင်ငံတွေကလာပြီး ကြေးစား လုပ်ငန်းအများအပြားဟာ အင်္ဂလိပ်ထုတ်ဝေ သူတွေဆီကို ဒီခေါင်းစဉ်တွေကို တင်ပို့ရာင်းဖို့ ချူဆီထည့်ကြတယ်။ ဥပမာဆိုပါတော့၊ နှစ်စဉ် စာအုပ် ၁၀၀ ကျော်ဟာ ပြင်သစ်ဘာသာကနေ ဘာသာပြန်ပြီး UK မှာ ပုံနှိပ်ပေမဲ့ အများစုဟာ ပြင်သစ်၊ ဆွစ်ဇာလန်က လာတာပါ။ တစ်ဖက်မှာ ပြင်သစ်စကားပြော အာဖရိက နိုင်ငံတွေကတော့ ကြည့်ခဲပါတယ်။ ရလဒ်က တကယ်တမ်း အနည်းငယ် ဒါမှမဟုတ် စီးပွားရေးအရ မဟုတ်တောင် အင်္ဂလိပ် ဘာသာနဲ့ စာပေတွေ နိုင်ငံတော်ေတာ် များများမှာရှိပါတယ်။ သူတို့စာအုပ်တွေကို ကမ္ဘာ့ ထုတ်ဝေမှု အများဆုံး ဘာသာစကားရဲ့ စာဖတ်သူတွေအတွက် မမြင်နိုင်ပဲ ရှိနေတယ်။ ဒါပေမဲ့ ကမ္ဘာကို ဖတ်မယ်လို့ဖြစ်လာတော့ ကျွန်မအတွက် အကြီးဆုံးစိန်ခေါ်မှုက ဘယ်ကစရမှန်း မသိတာပါ။ တစ်သက်လုံး ဗြိတိသျှနဲ့ မြောက်အမေရိကန် စာအုပ်တွေနဲ့သာ အချိန်ကုန်ခဲ့လေတော့ ဝတ္ထုတွေကို ဘယ်လို ဇာစ်မြစ် လိုက်ပြီးရှာဖို့ ကျန်တဲ့ ကမ္ဘာကနေ ဘယ်လို များများ ရွေးဖို့ မသိခဲ့ဘူး။ ဆွစ်ဇာလန်က ဝတ္ထုကို ဘယ်လို ဇာစ်မြစ်လိုက်ဖို့ မပြောတတ်ဘူး။ နမ်မီးဘီးယား က ဝတ္ထု ကောင်းတစ်အုပ်ကို သိမှာမဟုတ်ဘူး။ ဒါက ပုန်းကွယ် ထားစရာမရှိဘူး။ ကျွန်မဟာ နလပိန်းတုံး နိုင်ငံခြား စာပေ ကြောက်သူပါ။ ဒီတော့ ဘယ်လိုလုပ်ပြီး ကမ္ဘာကို ဖတ်တော့မှာလဲ။ အကူအညီတောင်းဖို့ လိုခဲ့တော့တာပေါ့။ ဒါနဲ့ အောက်တိုဘာ ၂၀၁၁ မှာ ကျွန်မရဲ့ ဘလော့ဂ် ayearofreadingtheworld.com ကို မှတ်ပုံတင်လိုက်ပြီး အွန်လိုင်း မေတ္တာရပ်ခံချက် အတိုတစ်ခု တင်လိုက်တယ်။ ကျွန်မ ဘယ်သူပါ၊ စာဖတ်တာဟာ ဘယ်လိုကျဉ်းမြောင်းတာကိုရှင်းပြကာ တစ်ဦးဦးကနေ ကမ္ဘာ့ အခြားနေရာက ဘာကို ဖတ်သင့်တယ်ဆိုတာ အကြံပေးတဲ့ စာလေးချန်ထားဖို့ ရေးခဲ့ပါတယ်။ ဘယ်သူကများ စိတ်ဝင်စားကြလိမ့်မလဲလို့ မသိခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မရဲ့ အွန်လိုင်းတင်ပြီး နာရီအနည်းငယ် အတွင်းမှာ လူတွေစတင် ဆက်သွယ်လာတယ်။ ပထမတော့ မိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ပြီး မိတ်ဆွေတွေရဲ့ မိတ်ဆွေတွေ။ နည်းနည်းကြာတော့ သူစိမ်းတွေပေါ့။ တင်ပြီးလို့ ၄ ရက်အကြာမှာ Kuala Lumpur က Rafidah ဆိုတဲ့ အမျိုးသမီးဆီက စာတစ်စောင်ရတယ် သူမက ကျွန်မရဲ့ ပရောဂျက်ကို သဘောကျပြီး အနီးနားက အင်္ဂလိပ် စာအုပ်ဆိုင်သွားပြီး မလေးရှားစာအုပ်ရွေးကာ ကျွန်မကို တင်ပေးရမလားတဲ့။ စိတ်ပါလက်ပါနဲ့ လက်ခံလိုက်ပြီး သီတင်းပတ် အနည်းငယ်အကြာမှာ အထုပ်တစ်ထုတ်ရောက်လာတယ်၊ ပါတာက ၁ အုပ် မဟုတ်ဘူး၊ ၂ အုပ်ပါ။ မလေးရှားက Rafidah ရဲ့ အကြိုက်နဲ့ စင်္ကာပူက ၁ အုပ်ပါ။ သူမပဲကျွန်မအတွက် ရွေးပေးတာပါ။ ကဲ အဲဒီချိန်က အံ့သြမိတာက တစ်ခါမှ တွေ့နိုင်မှာ မဟုတ်တဲ့ သူဆီကို သူစိမ်းတစ်ယောက်က မိုင် ၆၀၀၀ ကျော် အထိကြိုးပမ်း ကူညီမယ်ဆိုတာပါ။ ဒါပေမဲ့ Rafidah ရဲ့ကြင်နာမှုက အဲဒီနှစ်ရဲ့ နမူနာအဖြစ် သက်သေထူခဲ့တယ်။ နောက်ထပ်ပြီးတော့ လူတွေဟာ ကျွန်မကို တကူတက ကူညီခဲ့ပါတယ်။ ကျွန်မကိုယ်စား သုသေသနပြုပေးတယ်၊ အခြားသူတွေက အားလပ်ရက်နဲ့ လုပ်ငန်းခရီစဉ်တွေမှာ ကျွန်မအတွက် စာအုပ်ဆိုင်သွားဖို့ ကွေ့ပတ်သွားခဲ့တယ်။ ဖြစ်တတ်တာက ကမ္ဘာကိုဖတ်ချင်ရင် ဒါကို ဖွင့်ထားတဲ့စိတ်နဲ့ ရင်ဆိုင်လိုက်ရင် ကမ္ဘာကြီးက သင့်ကို ကူညီမှာပါ။ စာပေမှာ အင်္ဂလိပ်ဘာသာနဲ့ နည်းနည်းပဲ (သို့) စီပွားဖြစ်အနေနဲ့ မရှိတဲ့ နိုင်ငံတွေရောက်ရင် လူတွေဟာ ဒီထက်ပိုသွားတယ်။ စာအုပ်တွေဟာ မကြာခဏ အံ့သြစရာ အရင်းအမြစ်တွေကနေလာတယ်။ ဥပမာ ကျွန်မရဲ့ ပနားမားဖတ်စရာက Twitter မှာ ပနာမားတူးမြောင်းနဲ့ စကားပြောတာကနေ လာတာပါ။ ဟုတ်တယ် ပနားမားတူးမြောင်းက Twitter အကောင့်ရှိတယ်။ ကျွန်မရဲ့ ပရောဂျက်အကြောင်း တွီတ်ထိုးတော့ ဒါက ပနားမားသား စာရေးဆရာ Juan David Morgan ရဲ့ လက်ရာ စမ်းပြီးယူလောက်တယ်လို့ အကြံပေးတယ်။ Morgan ရဲ့ ဝက်ဘ်ဆိုဒ်ကို တွေ့ပြီး စာပို့လိုက်တယ် သူ့ရဲ့ စပိန်ဝတ္ထုတွေကို အင်္ဂလိပ်လို ပြန်ထားတာရှိလားလို့ မေးရင်းပေါ့။ သူက ပုံနှိပ်ထားတာတော့မရှိဘူး၊ ပုံနှိပ်မထားတဲ့ သူ့ဝတ္ထု The Golden Horse ဘာသာပြန်တော့ ရှိတယ်တဲ့။ ဒါကို အီးလ်မေးလ် ပို့တယ်။ ကျွန်မကို ဒီစာအုပ်ကို အင်္ဂလိပ်လို ပထမဆုံးဖတ်သူ တစ်ယောက်ဖြစ်လာဖို့ ခွင့်ပြုရင်းပေါ့။ သူ့ရဲ့လက်ရာကို ဒီနည်းနဲ့ ကျွန်မကို မျှဝေတဲ့ စာရေးဆရာက Morgan ပဲတော့မဟုတ်ဘူး။ ဆွီဒင်ကနေ Palau အထိ စာရေးဆရာနဲ့ ဘာသာပြန်တွေဟာ သူတို့ရဲ့ ကိုယ်ဘာသာထုတ်တဲ့ စာအုပ်တွေနဲ့ အင်္ဂလိပ် စကားပြော ထုတ်ေဝသူတွေဆီက ယူထားတဲ့ ပုံမနှိပ်ရသေးတဲ့ စာမူတွေကို ပို့ပေးပါတယ်။ ဒါမှမဟုတ် မရှိတော့တာတွေ၊ မှတ်သားစရာ စိတ်ကူးယဉ် ကမ္ဘာတွေရဲ့ မြင်ကွင်းကို အထူးအခွင့် အရေးပေးရင်းပေါ့။ ဥပမာ တောင်အာဖရိက ရှင်ဘုရင် Ngungunhane အကြောင်း ဖတ်ရတယ်၊ ၁၉ ရာစု ပေါ်တူဂီကို တော်လှန်ရာမှာ ဦးဆောင်သူပါ။ ပြီးတော့ Turkmenistan က Caspian ပင်လယ်ကမ်းက ဝေးလံတဲ့ ရွာတစ်ရွာက လက်ထပ်ပွဲ ထုံးစံတွေအကြောင်းပေါ့။ Bridget Jones ကိုဖြေတဲ့ ကူဝိတ်နိုင်ငံသားရဲ့ အဖြေကို တွေ့ခဲ့တယ်။ (ရယ်သံများ) Angola က သစ်ပင်တစ်ပင်ထဲက ရမ်းကားတဲ့ ပွဲအကြောင်းဖတ်ရတယ်။ ဒါပေမဲ့ ကျွန်မကို ကမ္ဘာကြီးကိုဖတ်တာ ကူညီဖို့ ကြိုပမ်းပြင်ဆင်တဲ့ လူတွေထဲက အံ့သြစရာအကောင်းဆုံး ဖြစ်လောက်တဲ့ ကျွန်မရဲ့ရှာဖွေမှု ဥပမာက အဆုံးသတ်မှာ ရောက်လာခဲ့တယ်။ São Tomé နဲ့ Príncipe ဆိုတဲ့ ပေါ်တူဂီစကားပြောတဲ့ အာဖရိက ကျွန်းနိုင်ငံလေးက စာအုပ်တစ်အုပ်ကို ရယူဖို့ကြိုးစားတဲ့ အခါမှာပါ။ အခု အင်္ဂလိပ်ဘာသာကို ပြန်ဆိုတဲ့ နိုင်ငံက ကျွန်မစဉ်းစားလို့ရနိုင်သမျှ စာအုပ်တွေ့ဖို့ လပေါင်းများစွာ ကြိုစားပြီး ကျွန်မအတွက် ကျန်နေပုံရတဲ့ တစ်ခုတည်းသော ရွေးချယ်စရာက ဒီအစကနေ ကျွန်မအတွက် ဘာသာ ပြန်ပေးတာ တစ်ခုခုများရနိုင်မလားလို့ပါ။ ဒီတော့ ဒါနဲ့ပတ်သက်ပြီး တစ်ဦးဦးက ကူညီမလား၊ ဒါမျိုးအတွက်သူတို့ရဲ့ အချိန်ကိုစွန့်ပေးပါ့မလား ဆိုတာ သံသယဝင်မိနေပါတယ်။ ဒါပေမဲ့ ပေါ်တူဂီစကားပြောသူတွေအတွက် Twitter နဲ့ Facebook မှာ ပန်ကြားချက်တင်ပြီး တစ်ပတ်အတွင်းမှာ ပရောဂျက်ထဲမှာပါတာထက် ပိုများတဲ့ လူတွေရလာပါတယ်၊ သူမရဲ့နယ်ပယ်မှာ ဦးဆောင်သူဖြစ်တဲ့ နိုဗယ်ဆုရှင် José Saramago ရဲ့ လက်ရာကို ဘာသာပြန်တဲ့ Margaret Jull Costa အပါအဝင်ပေါ့။ စေတနာ့ဝန်ထမ်း ကိုးဦးနဲ့အတူ အွန်လိုင်းမှာ အလုံအလောက် အုပ်ရေ ဝယ်လို့ရတဲ့ စာရေးဆရာ São Toméan ရဲ့ စာအုပ်တစ်အုပ် ရှာနိုင်ခဲ့ပါတယ်။ ဒါက ဒီအထဲက တစ်အုပ်ပါ။ စေတနာ့ဝန်ထမ်းတွေကို တစ်အုပ်စီပို့ပေးလိုက်တယ်။ ဒီစာစုကနေ ဝတ္ထု တစ်ပုဒ် နှစ်ပုဒ်စီယူကြပြီး သူတို့စကားကို စွဲမြဲကာ ဘာသာပြန်တွေကို ပို့ပေးခဲ့ကြတယ်။ ခြောက်ပတ်အတွင်း တစ်အုပ်လုံးစာ ဖတ်ဖို့ရခဲ့တယ်။ အဲဒီအဖြစ်မှာ မကြာခဏ တွေ့ရတာက ကမ္ဘာကြီးကိုဖတ်တဲ့ နှစ်အတွင်းမှာ ကျွန်မရဲ့ မသိခြင်းနဲ့ အားနည်းချက်တွေ အကြောင်း ဖွင့်ဟလိုက်ခြင်းဟာ အခွင့်အလမ်းကြီး တစ်ရပ်ဖြစ်လာတာကိုပါ။ São Tomé နဲ့ Príncipe ကိုရောက်တော့ ဒါဟာ အသစ်တစ်ခုကို သင်ယူတာ၊ ရှာဖွေဖို့ အခွင့်အလမ်းဖြစ်ခဲ့ရုံမက လူစုတွေကို စုစည်းပြီး စပ်တူ ဆန်းသစ်တဲ့ အားထုတ်မှုတစ်ခုကို ချောမောအောင် လုပ်နိုင်ခဲ့ပါသေးတယ်။ ကျွန်မရဲ့ အားနည်းချက်က ပရောဂျက်ရဲ့ အင်အားဖြစ်လာခဲ့ပါတယ်။ အဲဒီနှစ်က ဖတ်ခဲ့တဲ့ စာအုပ်တွေဟာ အရာများစွာကို မျက်စိဖွင့်ပေးခဲ့တယ်။ စာဖတ်တာကို နှစ်သက်သူတွေ သိပါလိမ့်မယ်။ စာအုပ်တွေမှာ သင့်ကို သင့်ကိုယ်တိုင်ကနေ အခြားတစ်ယောက်ရဲ့ တွေးခေါ်မှုထဲကို ခေါ်ထုတ်ဖို့ အံ့မခန်းတဲ့ စွမ်းအားရှိတယ်၊ အနည်းဆုံး ခဏလောက်တော့ လောကကြီးကို မတူတဲ့ မျက်လုံးတွေနဲ့ကြည့်လိုရအောင်ပေါ့။ ဒါဟာ စိတ်မသက်မသာစရာ အတွေ့အကြုံဖြစ်နိုင်ပါတယ်၊ အထူးသဖြင့် ကိုယ့်တန်ဖိုးထားမှုတွေနဲ့ တော်တော် ကွာခြားတဲ့ ယဉ်ကျေးမှုတစ်ခုက စာအုပ်တစ်အုပ်ကို ဖတ်နေရင်ပေါ့။ ဒါပေမဲ့ တကယ့် ဉာဏ်အလင်း ရတာလည်း ဖြစ်နိုင်တယ်။ မရင်းနှီးတဲ့ စိတ်ကူးတွေနဲ့ နပန်းလုံးတာဟာ ကိုယ့်စိတ်ကူး ရှင်းလင်းဖို့ အကူရနိုင်တယ်။ နောက်ပြီး နည်းလမ်းတစ်ရပ်နဲ့ ကမ္ဘာကြီးကို သင်ကြည့်နေမယ့် မသိကျွမ်းတဲ့ အကြောင်းကိုလည်း ပြသနိုင်တယ်။ ဥပမာ အနေနဲ့ ကျွန်မကြီးပြင်းလာခဲ့တဲ့ အင်္ဂလိပ်စာပေ အများစုကို ပြန်ကြည့်လိုက်တဲ့အခါ ကမ္ဘာကြီးက ပေးဖို့ရှိတဲ့ ကြွယ်ဝမှုနဲ့ ယှဉ်လိုက်တော့ အတော်ကို ကျဉ်းမြောင်းတယ်ဆိုတာ တွေ့လာရပါတယ်။ စာမျက်နှာတွေကို လှန်တဲ့အခိုက်မှာ အခြားတစ်ခုခုလည်း ဖြစ်ပေါ်လာပါတယ်။ တဖြည်း ဖြည်းနဲ့ ရှည်လျားတဲ့ နိုင်ငံတွေရဲ့ စာရင်းနဲ့ ကျွန်မ စတင်လိုက်တဲ့ နှစ်ဟာ အသက်ခပ်မဲ့မဲ့ သဘောတရားဆန်တဲ့ နေရာအမည်စာရင်းကနေ အသက်ဝင်တဲ့ မျက်မြင်ထင်ရှား ပေါ်လွင်ခြင်းအဖြစ် ပြောင်းလဲသွားတယ်။ ကဲ စာတစ်အုပ်ဖတ်ရုံနဲ့ပဲ နိုင်ငံတစ်ခုရဲ့ ပြည့်ဝတဲ့ ပုံရိပ်ကိုရဖို့ လုံးဝ ဖြစ်နိုင်တယ်လို့ အကြံမပေးချင်ပါဘူး။ ဒါပေမဲ့ တစ်စစနဲ့ စုပေါင်းလိုက်တော့ အဲဒီနှစ်က ဖတ်ခဲ့တဲ့ ဝတ္ထုတွေဟာ ကျွန်မတို့ရဲ့ ထူးခြားတဲ့ကမ္ဘာရဲ့ ကြွယ်ဝမှု၊ ထွေပြား စုံလင်မှုကို အရင်ကထက်ပိုပြီး ဂရုထားမိစေခဲ့ပါတယ်။ ဒါကတော့ ကမ္ဘာ့ ဝတ္ထုတွေနဲ့ ဒါတွေကို ကျွန်မဖတ်ဖို့ ဒီလောက်ကြိုးပမ်းကာ ကူညီပေးခဲ့တဲ့ လူတွေကနေ တကယ်ဖြစ်အောင် လုပ်ပေးခဲ့တာပါ။ ဒီနေ့မှာတော့ ကျွန်မရဲ့ စာအုပ်စင်ကို ကြည့်မိတဲ့အခါ (သို့) ကျွန်မရဲ့ e-reader က လက်ရာတွေကို ကို တွေးမိတဲ့အခါမှာ အတော်ကွဲပြားတဲ့ ဇာတ်လမ်းကို ပြောကြတယ်။ ဒါက နိုင်ငံရေး၊ ပထဝီ၊ ယဉ်ကျေးမှု၊ လူမှုရေး၊ ဘာသာရေး ကွဲပြားမှုတွေကို ဖြတ်ကာ ကျွန်မတို့ကို ဆက်သွယ်ပေးတဲ့ စာအုပ်တွေမှာရှိတဲ့ အစွမ်း ဇာတ်လမ်းပါ။ ဒါဟာ စုပေါင်းကာလုပ်ကိုင်ဖို့ လူသားတွေမှာရှိတဲ စွမ်းပကား ပုံပြင်ပါ။ အင်တာနက်ကျေးဇူးကြောင့် ကျွန်မတို့နေထိုင်တဲ့ နေရာ၊ ထူးခြားတဲ့ ကာလတွေကို ဒါက သက်သေထူပါတယ်။ သူစိမ်းတစ်ယောက်အတွက် ဇာတ်လမ်းတစ်ပုဒ်၊ လောကအမြင်တစ်ခု၊ စာအုပ်တစ်အုပ်ကို တစ်ခါမှမဆုံဘူးတဲ့ သူတစ်ယောက်နဲ့ ကမ္ဘာ့အခြားဘက်ကနေမျှဝေဖို့ အရင်ကထက် ပိုလွယ်ကူပါတယ်။ ဒါဟာ နောင်နှစ်များစွာ ကျွန်မဖတ်နေမယ့် ဝတ္ထု တစ်ပုဒ်လို့ ထင်ပါတယ်။ နောက်လူတွေအများကြီး ပူးပေါင်းလာမယ်လို့ မျှော်လင့်တယ်။ အားလုံး ပိုများများ ဖတ်ကြရင် ပိုများတဲ့စာအုပ်တွေကို ဘာသာပြန်ဖို့ ထုတ်ဝေသူတွေအတွက် မက်လုံးပိုဖြစ်ပြီး ဒီအတွက် အားလုံး ပိုကြွယ်ဝလာပါလိမ့်မယ်။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)