ဒါကတော့ လော့(စ်)အင်ဂျယ်လီး(စ်)မှာရှိတဲ့ အရောင်းစက်တစ်ခုပါ။ ဒါက shopping mall ကြီးတစ်ခုထဲမှာရှိပြီးတော့ ငါးဥတွေရောင်းပါတယ်။ ငါးဥဆားနယ် ရောင်းတဲ့စက်တစ်ခုပေါ့။ ဒါကိုတော့ Art-o-mat လို့ခေါ်ပါတယ်။ အမျိုးမျိုးသော အနုပညာရှင်တွေရဲ့ အသေးစား အနုပညာ ဖန်တီးမှုလေးတွေ ရောင်းတဲ့ အနုပညာရောင်းစက်ပါ။ များသောအားဖြင့် သစ်သားတုံးကလေးတွေ အပေါ်မှာ၊ ဒါမှမဟုတ် မီခြစ်ဆံဘူးတွေ ပေါ်မှာ ဖန်တီးထားကြပြီး၊ အရေအတွက် နည်းနည်းနဲ့ ထုတ်လုပ်တာပါ။ ဟောဒီဟာကတော့ Oliver Medvedik လို့ခေါ်ပါတယ်။ သူကတော့ အရောင်းစက် မဟုတ်ပါဘူး။ ဒါပေမယ့် သူကတော့ နယူးယောက်မြို့တော်ရဲ့ စီရင်စုတစ်ခုဖြစ်တဲ့ ဘရွတ်ကလင်းက ဂင်းစပေ့(စ်)ဆိုတဲ့ ဇီဝဓါတ်ခွဲခန်း အသင်းကို တည်ထောင်သူတွေထဲက တစ်ယောက်ပါ။ အဲဒီမှာ ဘယ်သူမဆို သွားရောက်၊ သင်တန်းတက်ပြီး အမှောင်ထဲမှာတောက်ပတဲ့ E. coli (အီး ကိုလီ) အပင်ကို ဘယ်လိုစိုက်ပျိုးတယ် ဆိုတာမျိုးကို လေ့လာသင်ယူနိူင်တယ်။ ဒါမှမှမဟုတ်လည်း စတော်ဘယ်ရီရဲ့ DNAကို ဘယ်လိုထုတ်ယူရမယ် ဆိုတာ သင်ယူနိူင်ပါတယ်။ တကယ်တော့ လွန်ခဲ့တဲ့ တစ်နှစ်လောက်တုန်း အော်လီဗာက ဒီစတော်ဘယ်ရီ DNA (ဗီဇလက္ခဏာဆောင် ဓါတုပစ္စည်း) ထုတ်ယူနေတာတွေကို တွေ့ခဲ့ဘူးပါတယ်။ ဒီအကြောင်းတရားက ကျွန်တော့ကို ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ လမ်းကြောင်းတစ်ခုပေါ်ကို ကျွန်တော့်အား ခေါ်ဆောင်သွားခဲ့လို့ အဲဒီအကြောင်းကို အခု ကျွန်တော်ပြောပြတော့မလို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ စတော်ဘယ်ရီ DNA ဆိုတာ အင်မတန်ကို စိတ်ဝင်စားစရာကောင်းပြီး၊ အရမ်းကို လှလို့ပါ။ အရင်တုန်းက DNA ဆိုတာ လှပမှန်း ဘယ်တုန်းကမှ မစဉ်းစားမိခဲ့ဖူးဘူး။ ဒီလိုပုံစံမျိုးဖြင့် မတွေ့မိခင်တုန်းကဆိုပါတော့။ လူတွေအများကြီး အထူးသဖြင့် အနုပညာအသိုင်းအဝိုင်းကလူတွေပေါ့ ဒီလိုနည်းနဲ့ သိပ္ပံပညာထဲမှာ သိပ်ပြီးတော့ ပါဝင်ပတ်သက်မှု မရှိကြဘူး။ ဒီနောက်မှာတော့ ချက်ချင်းဆိုသလို ဂင်းစပေ(စ်)ထဲ ကျွန်တော် ဝင်လိုက်ပြီး အော်လီဗာကို မေးမိတာက "ကောင်းပြီဗျာ။ တကယ်လို့ စတော်ဘယ်ရီသီးတွေနဲ့ ဒါကိုလုပ်လို့ ရရင်၊ လူတွေနဲ့ရော ဒါကိုလုပ်လို့မရဘူလား"လို့ပေါ့။ ဒီလိုနဲ့ နောက်(၁၀)မိနစ်လောက် အကြာမှာတော့ ကျွန်တော်တို့ နှစ်ယောက်စလုံး ဒါကို ဖန်ပုလင်းကလေးထဲမှာထည့် ပြီး လှည့်မွေနေလိုက်တော့ လူသားတွေအတွက် DNA ထုတ်တာနဲ့ ပတ်သက်တဲ့ ပုံစံကြီးနဲ့ ရလာတာပေါ့။ နောက်ပြီး ဒါကို ကျွန်တော် ကိုယ်တိုင် လုပျ္ဖစ်ခဲ့တယ်။ ဒါကတော့ ကျွန်တော့ရဲ့ DNA တကယ်မြင်ရပုံပဲပေါ့။ ဒါနဲ့ ကျွန်တော့ အနုပညာမိတ်ဆွေတွေနဲ့ ညစာစားပွဲတစ်ခုမှာပေါ့။ ကျွန်တော့ရဲ့ ဒီပရောဂျက် အကြောင်းကို သူတို့ကိုပြောပြတော့ သူတို့က DNA ကိုတကယ်ပဲ မြင်နိူင်တယ်ဆိုတာကို မယုံနိူင်ဘူးဖြစ်နေတယ်။ ဒါကြောင့် " ကောင်ပြီလေ၊ လိုအပ်တဲ့ ပစ္စည်းလေးတွေ အခုကို ရှာကြတာပေါ့"လို့ ကျွန်တော်ပြောလိုက်တယ်။ နောက်တော့ သောကြာနေ့ညတိုင်း ကျွန်တော့ အိမ်မှာ ဒီထူးထူးဆန်းဆန်း ညစာစားပွဲတွေ စလုပ်ဖြစ်ခဲ့တယ်။ အဲဒီမှာ လူတွေ ကြုံကြိုက်တဲ့အခါ ဝင်ဝင်လာကြပြီး၊ ကျွန်တော်တို့တွေ DNA ထုတ်ယူခြင်းကို လုပ်လုပ်နေကြတာပေါ့ဗျာ။ နောက်ပြီး ကျွန်တော်က သူတို့ကို ဗွီဒီယိုနဲ့ပါ ရိုက်ထားလိုက်တယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ဒီလိုရယ်စရာကောင်းတဲ့ ပုံတူတွေကိုလည်း ဖန်တီးပေးလို့ပါ။ (ရယ်သံများ) ဒီလူတွေဟာ သိပ္ပံပညာရပ်နဲ့ ဘယ်လိုမှ ပုံမှန် ဆက်ဆံမှုရှိတဲ့သူတွေ မဟုတ်ကြပါဘူး။ သူတို့ရဲ့ တုန့် ပြန်ပုံတွေကို ကြည့်ပြီး ခင်ဗျားတို့ ခန့်မှန်းနိူင်မှာပါ။ ဒါပေမယ့် သူတို့က ဒါကို စိတ်ဝင်စားသွားကြပြီးတော့ ကျွန်တော့အတွက်လည်း သူတို့တွေ သိပ္ပံပညာရပ်နဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားနေတာ မြင်ရတော့ တကယ်ကို စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီလိုနဲ့ပဲ ဒါကိုကျွန်တော်ပုံမှန် စလုပျ္ဖစ်ခဲ့ပါတယ်။ ဒါက သောကြာနေ့ညတွေမှာ လုပ်တဲ့ခပ်ကြောင်ကြောင် အလုပ်တစ်ခုပေါ့။ ဒါပေမယ့် ဒါက ကျွန်တော်စလုပ်ခဲ့တဲဟာပါ။ နောက်ပြီး ကျွန်တော့ မိတ်ဆွေတွေအားလုံးရဲ့ DNA ကို ဖန်ပြွန်ကလေးတွေထဲမှာ စုဆောင်းပြီး ဒါတွေကို အမျိုးအစားခွဲတာကိုစတင်ခဲ့ တာပေါ့။ ဒီလိုပုံစံမျိုး ရလာတာပေါ့။ ဒီအကြောင်းအရာက ကျွန်တော့ ကို အချက် နှစ်ချက်လောက်ကို တွေးဖြစ်သွားစေခဲ့ တာပေါ့။ ပထမ တစ်ချက်က ဒါက ကျွန်တော့ရဲ့ Facebook wall နဲ့ တော်တော်ကြီးကို ဆင်တယ်။ ဒါကြောင့် မျိုးရိုးဗီဇဆိုင်ရာ ကွန်ယက်လိုမျိုး ဖန်တီးလိုက်သလို ဖြစ်လာတယ်။ တကယ်တော့ မျိုးရိုးဗီဇဆိုင်ရာ လူမှုရေး ကွန်ယက်တစ်ခုပါ။ နောက် ဒုတိယတစ်ချက်ကတော့ မိတ်ဆွေတစ်ယောက် အိမ်ကိုလာလည်တုန်းက ကျွန်တော့ စားပွဲပေါ်က ဒီဥစ္စာမျိုးလေးကို တွေ့သွားတော့ မေးတာက " အိုး ဘာဖြစ်လို့ ဒါတွေကို နံပါတ်တွေ တပ်ထားတာတုန်း။ ဒီလူက ဟိုလူထက်ပိုပြီးရှားလို့လား" စသည်ဖြင့် ပေါ့။ ကျွန်တော့ အနေနဲ့ ဒီအကြောင်းကို စဉ်းတောင် မစဉ်းစားမိပါဘူး။ ဒါတွေကို နံပါတ်တပ်ထားတာက ကျွန်တော် DNA ထုတ်ယူတဲ့ အစဉ်အတိုင်း တပ်ထာတားပါ။ ဒါပေမယ့် ဒီအကြောင်းကနေပြီး ကျွန်တော့ကို ကစားစရာတွေ စုဆောင်းတဲ့အကြောင်းကို တွေးမိသွားတာပေါ့။ ပြီးတော့ ဒါကလေးက ကစားစရာလောကထဲကို အလုံပိတ်ထားတဲ့ ဘူးထဲက ကစားစရာတွေနဲ့အတူ အခုရောက်ရှိသွားတော့မှာဖြစ်ပြီး ဒီရှားပါးတဲ့ကစားစရာကလေးတွေကို စုဆောင်းနေကြတော့မှာပါ။ ခင်ဗျားတို့ ဒီဘူးတွေတွေကို ဝယ်တဲ့ အခါမှာ အတွင်းမှာ ဘာတွေထည့်ထားတာကို သေချာမသိပါဘူး။ ဒါပေမယ့်လည်း ဒါတွေကိုဖွင်ကြည့်လိုက်တဲ့အခါကျတော့မှ ကြုံတောင့် ကြုံခဲ ကစားစရာအမျိုမျိုးကို ရရှိတာပေါ့။ ဒီလိုဆိုတော့ ဒါဟာ စိတ်ဝင်စားစရာ အကောင်းသားလို့ ကျွန်တာ်ထင်လိုက်မိတယ်။ ဒီဥစ္စာရယ်၊ ငါးဥဆားနယ် ရောင်းတဲ့စက်ရယ်၊ Art-o-mat လို့ခေါ်တဲ့စက်ရယ်ကို အတူတူပေါင်းစပ်ထားတဲ့ အကြောင်းကို ကျွန်တော်စတင်ပြီးတွေးမိလာခဲ့တယ်။ တစ်ညမှာတော့ အကြောင်းတစ်ခုခုနဲ့ အရောင်းစက်တစ်ခုပုံကို ဆွဲနေမိတယ်ပေါ့။ အရောင်းစက်ပုံတွေ ဆေးချယ်သတဲ့အကြောင်းကို စဉ်းစားနေရင်းပေါ့။ ကျွန်တော့DNA ထည့်ထားတဲ့ဖန်ပြွန်သေးသေးလေး အဲဒီမှာ နေရာယူလျက်နဲ့ပေါ့။ ကျွန်တော်မြင်လ်ိုက်ရတာကတော့ DNA ကလာပ်စည်းအမျှင်တွေနဲ့ အရောင်းစက်တစ်ခုရဲ့ အခွေအလိပ်တွေ ွအကြားမှာရှိနေတဲ့ ဒီလိုလှပတဲ့ ပူပေါင်းဟပ်စပ်မှုကိုပါ။ တကယ်ပါပဲဗျာ။ ကျွန်တော် DNA အရောင်းစက်လို့ခေါ်မယ့် အနုပညာ တပ်ဆင်တင်ဆက်မှု တစ်ရပ်ကို ဖန်တီးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဟောဒီမှာပါ။ (ဂီတသံ) DNA အရောင်းစက်ဆိုတာ ဇီဝနည်းပညာဆိုင်ရာ ကျွန်တော်တို့ရဲ့ တိုးပွားလာနေတဲ့ အခွင့်အလမ်းများကို တင်ဆက်ထားတဲ့ အနုပညာ တပ်ဆင်မှု တစ်ခုပါ။ ["သင့်တင့်တဲ့ဈေးနဲ့ လူသားဆိုင်ရာ DNA နမူနာတစ်ခုကို သမရိုးကျ အရောင်းစက်တစ်ခုနေ သင်ဝယ်ယူရရှိနိူင်ပါတယ်။"] ["နမူနာတစ်ခုဆီထဲတွင် ကန့်သတ် ထုတ်လုပ်ထားခြင်း ဖြစ်သော စုဆောင်းရနိုင်တဲ့ လူသားဗီဇမျိုးနွယ်ဆိုင်ရာ နမူနာပုံတူတွေ အစုံလိုက်ပါဝင်ပါတယ်။"] ["DNA အရောင်းစက်က DNA ကို စုဆာင်းနိုင်တဲ့ ပစ္စည်းတစ်ခုအဖြစ် ပြုပြင်စီရင်ထားပြီး၊ DNA ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ဥပဒေဆိုင်ရာ သိရှိရမည့် အချက်အလက်များရှိကြောင်း ထောက်ပြလိုပါတယ်။"] ဂါဘီရယ် ဘာဆီယာ ကိုလွန်ဘို : ဒါကြောင့် လောလောဆယ်မှာတော့ နယူးယော.(ခ်)မှာရှိတဲ့ ပန်းချီပြခန်းတစ်ခု၊ နှစ်ခုမှာတော့ DNA အရောင်းစက်ရှိနေပါပြီ။ တကယ်တော့ တော်တော်လေး ရောင်းကောင်းပါတယ်။ ကျွန်တော်တို့တွေ ပထမအကြိမ်ထုတ်ရာမှာ နမူနာ (၁၀၀) ပါပါတယ်။ မကြာခင်မှာ နောက်တစ်ကြိမ် ထုတ်တ်လုပ်ဖို့လည်း မျှော်လင့်နေပါတယ်။ တကယ်တော့ ကျွန်တော့အနေနဲ့ Grand Central လို Penn Station လို မြေအောက်ရထား အချက်အချာကျတဲ့ နေရာတွေမှာ ရှိနေကြတဲ့ အရောင်းစက်တွေနဲ့ ကပ်လျက် တကယ့် အရောင်းစက်တွေကို ချထားချင်တာပါ။ ဒါပေမယ့်ပေါ့ဗျာကျွန်တော့ရဲ့ ဒီပရောဂျက်ရယ်၊ နောက်ပြီးတော့ ကျွန်တော့ရဲ့များစွာသော အနုပညာ ပရောဂျက်တွေအတွက်ပါ ပရိတ်သတ်ကြီးကို မေးခွန်းတစ်ခု မေးချင်ပါတယ်။ အဲဒါကတော့ "ဇီဝနည်းပညာနဲ့ DNA အစဉ်အတန်း ဟာ ဆိုပါစို့ လေဆာနဲ့ခွဲစိတ်ဖြတ်တောက်တာတို့ ၊ 3D ပုံနှိပ်ခြင်း ဒါမှမဟုတ် ငါးဥဆားနယ်ကို အရောင်းစက်ကနေ ရောင်းတာတွေလို ဈေးပေါလာတဲ့အချိန်မှာ၊ ခင်ဗျားတို့ရဲ့ DNA နမူနာတွေကို အရောင်းစက်ထဲ ရောင်းမယ့် နမူနာ တစ်ခုအနေနဲ့ ခင်ဗျားတို့ ပေးအပ်လိုကြဦးမှာလား။"ဆိုတာပါ။ နောက်ပြီးတော့ "ဒီနမူနာတွေဟာ ဈေး ဘယ်လောက်ရှိနိုင်မလဲ။" နောက်ပြီး "တခြားသူတစ်ယောက်ယောက်ရဲ ႕နမူနာကိုရော ခင်ဗျားတို့ ဝယ်မှာလား။ အဲဒီနမူနာနဲ့ ဘာများလုပ်နိူင်လိမ့် မလဲ။"ဆိုတာကိုရောပဲပေါ့။ (ကျေးဇူးတင်ပါတယ်ဗျာ။) (လက်ခုပ်သံများ)