1 00:00:00,391 --> 00:00:02,549 ဒါကတော့ လော့(စ်)အင်ဂျယ်လီး(စ်)မှာရှိတဲ့ အရောင်းစက်တစ်ခုပါ။ 2 00:00:02,549 --> 00:00:05,480 ဒါက shopping mall ကြီးတစ်ခုထဲမှာရှိပြီးတော့ ငါးဥတွေရောင်းပါတယ်။ 3 00:00:05,480 --> 00:00:09,130 ငါးဥဆားနယ် ရောင်းတဲ့စက်တစ်ခုပေါ့။ 4 00:00:09,130 --> 00:00:10,729 ဒါကိုတော့ Art-o-mat လို့ခေါ်ပါတယ်။ 5 00:00:10,729 --> 00:00:12,318 အမျိုးမျိုးသော အနုပညာရှင်တွေရဲ့ အသေးစား အနုပညာ 6 00:00:12,318 --> 00:00:14,088 ဖန်တီးမှုလေးတွေ ရောင်းတဲ့ အနုပညာရောင်းစက်ပါ။ 7 00:00:14,088 --> 00:00:16,258 များသောအားဖြင့် သစ်သားတုံးကလေးတွေ အပေါ်မှာ၊ ဒါမှမဟုတ် မီခြစ်ဆံဘူးတွေ ပေါ်မှာ ဖန်တီးထားကြပြီး၊ 8 00:00:16,258 --> 00:00:18,229 အရေအတွက် နည်းနည်းနဲ့ ထုတ်လုပ်တာပါ။ 9 00:00:18,229 --> 00:00:20,323 ဟောဒီဟာကတော့ Oliver Medvedik လို့ခေါ်ပါတယ်။ သူကတော့ အရောင်းစက် မဟုတ်ပါဘူး။ 10 00:00:20,323 --> 00:00:22,702 ဒါပေမယ့် သူကတော့ နယူးယောက်မြို့တော်ရဲ့ စီရင်စုတစ်ခုဖြစ်တဲ့ ဘရွတ်ကလင်းက 11 00:00:22,702 --> 00:00:24,714 ဂင်းစပေ့(စ်)ဆိုတဲ့ ဇီဝဓါတ်ခွဲခန်း အသင်းကို တည်ထောင်သူတွေထဲက တစ်ယောက်ပါ။ 12 00:00:24,714 --> 00:00:25,898 အဲဒီမှာ ဘယ်သူမဆို သွားရောက်၊ သင်တန်းတက်ပြီး 13 00:00:25,898 --> 00:00:29,150 အမှောင်ထဲမှာတောက်ပတဲ့ E. coli (အီး ကိုလီ) အပင်ကို ဘယ်လိုစိုက်ပျိုးတယ် ဆိုတာမျိုးကို လေ့လာသင်ယူနိူင်တယ်။ 14 00:00:29,150 --> 00:00:31,570 ဒါမှမှမဟုတ်လည်း စတော်ဘယ်ရီရဲ့ DNAကို ဘယ်လိုထုတ်ယူရမယ် ဆိုတာ သင်ယူနိူင်ပါတယ်။ 15 00:00:31,570 --> 00:00:35,149 တကယ်တော့ လွန်ခဲ့တဲ့ တစ်နှစ်လောက်တုန်း အော်လီဗာက ဒီစတော်ဘယ်ရီ DNA (ဗီဇလက္ခဏာဆောင် ဓါတုပစ္စည်း) ထုတ်ယူနေတာတွေကို တွေ့ခဲ့ဘူးပါတယ်။ 16 00:00:35,149 --> 00:00:37,254 ဒီအကြောင်းတရားက ကျွန်တော့ကို ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ 17 00:00:37,254 --> 00:00:38,976 လမ်းကြောင်းတစ်ခုပေါ်ကို ကျွန်တော့်အား ခေါ်ဆောင်သွားခဲ့လို့ အဲဒီအကြောင်းကို အခု ကျွန်တော်ပြောပြတော့မလို့ပါ။ 18 00:00:38,976 --> 00:00:42,034 ဘာဖြစ်လို့လဲဆိုတော့ စတော်ဘယ်ရီ DNA ဆိုတာ အင်မတန်ကို စိတ်ဝင်စားစရာကောင်းပြီး၊ အရမ်းကို လှလို့ပါ။ 19 00:00:42,034 --> 00:00:44,261 အရင်တုန်းက DNA ဆိုတာ လှပမှန်း ဘယ်တုန်းကမှ မစဉ်းစားမိခဲ့ဖူးဘူး။ 20 00:00:44,261 --> 00:00:45,974 ဒီလိုပုံစံမျိုးဖြင့် မတွေ့မိခင်တုန်းကဆိုပါတော့။ 21 00:00:45,974 --> 00:00:47,929 လူတွေအများကြီး အထူးသဖြင့် အနုပညာအသိုင်းအဝိုင်းကလူတွေပေါ့ 22 00:00:47,929 --> 00:00:50,061 ဒီလိုနည်းနဲ့ သိပ္ပံပညာထဲမှာ သိပ်ပြီးတော့ ပါဝင်ပတ်သက်မှု မရှိကြဘူး။ 23 00:00:50,061 --> 00:00:52,151 ဒီနောက်မှာတော့ ချက်ချင်းဆိုသလို ဂင်းစပေ(စ်)ထဲ ကျွန်တော် ဝင်လိုက်ပြီး 24 00:00:52,151 --> 00:00:54,122 အော်လီဗာကို မေးမိတာက "ကောင်းပြီဗျာ။ တကယ်လို့ စတော်ဘယ်ရီသီးတွေနဲ့ ဒါကိုလုပ်လို့ ရရင်၊ 25 00:00:54,122 --> 00:00:55,663 လူတွေနဲ့ရော ဒါကိုလုပ်လို့မရဘူလား"လို့ပေါ့။ 26 00:00:55,663 --> 00:00:57,073 ဒီလိုနဲ့ နောက်(၁၀)မိနစ်လောက် အကြာမှာတော့ ကျွန်တော်တို့ နှစ်ယောက်စလုံး 27 00:00:57,073 --> 00:00:58,592 ဒါကို ဖန်ပုလင်းကလေးထဲမှာထည့် ပြီး လှည့်မွေနေလိုက်တော့ 28 00:00:58,592 --> 00:01:01,332 လူသားတွေအတွက် DNA ထုတ်တာနဲ့ ပတ်သက်တဲ့ ပုံစံကြီးနဲ့ ရလာတာပေါ့။ 29 00:01:01,332 --> 00:01:03,424 နောက်ပြီး ဒါကို ကျွန်တော် ကိုယ်တိုင် လုပျ္ဖစ်ခဲ့တယ်။ 30 00:01:03,424 --> 00:01:05,699 ဒါကတော့ ကျွန်တော့ရဲ့ DNA တကယ်မြင်ရပုံပဲပေါ့။ 31 00:01:05,699 --> 00:01:07,909 ဒါနဲ့ ကျွန်တော့ အနုပညာမိတ်ဆွေတွေနဲ့ ညစာစားပွဲတစ်ခုမှာပေါ့။ 32 00:01:07,909 --> 00:01:10,146 ကျွန်တော့ရဲ့ ဒီပရောဂျက် အကြောင်းကို သူတို့ကိုပြောပြတော့ 33 00:01:10,146 --> 00:01:13,252 သူတို့က DNA ကိုတကယ်ပဲ မြင်နိူင်တယ်ဆိုတာကို မယုံနိူင်ဘူးဖြစ်နေတယ်။ 34 00:01:13,252 --> 00:01:15,578 ဒါကြောင့် " ကောင်ပြီလေ၊ လိုအပ်တဲ့ ပစ္စည်းလေးတွေ အခုကို ရှာကြတာပေါ့"လို့ ကျွန်တော်ပြောလိုက်တယ်။ 35 00:01:15,578 --> 00:01:18,675 နောက်တော့ သောကြာနေ့ညတိုင်း ကျွန်တော့ အိမ်မှာ ဒီထူးထူးဆန်းဆန်း ညစာစားပွဲတွေ စလုပ်ဖြစ်ခဲ့တယ်။ 36 00:01:18,675 --> 00:01:20,169 အဲဒီမှာ လူတွေ ကြုံကြိုက်တဲ့အခါ ဝင်ဝင်လာကြပြီး၊ 37 00:01:20,169 --> 00:01:22,013 ကျွန်တော်တို့တွေ DNA ထုတ်ယူခြင်းကို လုပ်လုပ်နေကြတာပေါ့ဗျာ။ 38 00:01:22,013 --> 00:01:23,479 နောက်ပြီး ကျွန်တော်က သူတို့ကို ဗွီဒီယိုနဲ့ပါ ရိုက်ထားလိုက်တယ်ပေါ့။ 39 00:01:23,479 --> 00:01:26,810 ဘာဖြစ်လို့လဲဆိုတော့ ဒါက ဒီလိုရယ်စရာကောင်းတဲ့ ပုံတူတွေကိုလည်း ဖန်တီးပေးလို့ပါ။ 40 00:01:26,810 --> 00:01:28,763 (ရယ်သံများ) 41 00:01:28,763 --> 00:01:30,890 ဒီလူတွေဟာ သိပ္ပံပညာရပ်နဲ့ 42 00:01:30,890 --> 00:01:32,642 ဘယ်လိုမှ ပုံမှန် ဆက်ဆံမှုရှိတဲ့သူတွေ မဟုတ်ကြပါဘူး။ 43 00:01:32,642 --> 00:01:36,447 သူတို့ရဲ့ တုန့် ပြန်ပုံတွေကို ကြည့်ပြီး ခင်ဗျားတို့ ခန့်မှန်းနိူင်မှာပါ။ 44 00:01:36,447 --> 00:01:38,068 ဒါပေမယ့် သူတို့က ဒါကို စိတ်ဝင်စားသွားကြပြီးတော့ 45 00:01:38,068 --> 00:01:39,756 ကျွန်တော့အတွက်လည်း သူတို့တွေ သိပ္ပံပညာရပ်နဲ့ပတ်သက်ပြီး 46 00:01:39,756 --> 00:01:41,587 စိတ်လှုပ်ရှားနေတာ မြင်ရတော့ တကယ်ကို စိတ်ဝင်စားစရာကောင်းပါတယ်။ 47 00:01:41,587 --> 00:01:44,140 ဒီလိုနဲ့ပဲ ဒါကိုကျွန်တော်ပုံမှန် စလုပျ္ဖစ်ခဲ့ပါတယ်။ 48 00:01:44,140 --> 00:01:46,862 ဒါက သောကြာနေ့ညတွေမှာ လုပ်တဲ့ခပ်ကြောင်ကြောင် အလုပ်တစ်ခုပေါ့။ 49 00:01:46,862 --> 00:01:48,203 ဒါပေမယ့် ဒါက ကျွန်တော်စလုပ်ခဲ့တဲဟာပါ။ 50 00:01:48,203 --> 00:01:49,523 နောက်ပြီး ကျွန်တော့ မိတ်ဆွေတွေအားလုံးရဲ့ DNA ကို 51 00:01:49,523 --> 00:01:51,705 ဖန်ပြွန်ကလေးတွေထဲမှာ စုဆောင်းပြီး 52 00:01:51,705 --> 00:01:52,968 ဒါတွေကို အမျိုးအစားခွဲတာကိုစတင်ခဲ့ တာပေါ့။ 53 00:01:52,968 --> 00:01:54,384 ဒီလိုပုံစံမျိုး ရလာတာပေါ့။ 54 00:01:54,384 --> 00:01:56,547 ဒီအကြောင်းအရာက ကျွန်တော့ ကို အချက် နှစ်ချက်လောက်ကို တွေးဖြစ်သွားစေခဲ့ တာပေါ့။ 55 00:01:56,547 --> 00:01:59,148 ပထမ တစ်ချက်က ဒါက ကျွန်တော့ရဲ့ Facebook wall နဲ့ တော်တော်ကြီးကို ဆင်တယ်။ 56 00:01:59,148 --> 00:02:01,787 ဒါကြောင့် မျိုးရိုးဗီဇဆိုင်ရာ ကွန်ယက်လိုမျိုး ဖန်တီးလိုက်သလို ဖြစ်လာတယ်။ 57 00:02:01,787 --> 00:02:03,341 တကယ်တော့ မျိုးရိုးဗီဇဆိုင်ရာ လူမှုရေး ကွန်ယက်တစ်ခုပါ။ 58 00:02:03,341 --> 00:02:05,320 နောက် ဒုတိယတစ်ချက်ကတော့ မိတ်ဆွေတစ်ယောက် အိမ်ကိုလာလည်တုန်းက 59 00:02:05,320 --> 00:02:08,389 ကျွန်တော့ စားပွဲပေါ်က ဒီဥစ္စာမျိုးလေးကို တွေ့သွားတော့ မေးတာက 60 00:02:08,389 --> 00:02:11,679 " အိုး ဘာဖြစ်လို့ ဒါတွေကို နံပါတ်တွေ တပ်ထားတာတုန်း။ ဒီလူက ဟိုလူထက်ပိုပြီးရှားလို့လား" စသည်ဖြင့် ပေါ့။ 61 00:02:11,679 --> 00:02:13,470 ကျွန်တော့ အနေနဲ့ ဒီအကြောင်းကို စဉ်းတောင် မစဉ်းစားမိပါဘူး။ 62 00:02:13,470 --> 00:02:16,436 ဒါတွေကို နံပါတ်တပ်ထားတာက ကျွန်တော် DNA ထုတ်ယူတဲ့ အစဉ်အတိုင်း တပ်ထာတားပါ။ 63 00:02:16,436 --> 00:02:18,768 ဒါပေမယ့် ဒီအကြောင်းကနေပြီး ကျွန်တော့ကို ကစားစရာတွေ စုဆောင်းတဲ့အကြောင်းကို တွေးမိသွားတာပေါ့။ 64 00:02:18,768 --> 00:02:20,194 ပြီးတော့ ဒါကလေးက ကစားစရာလောကထဲကို အလုံပိတ်ထားတဲ့ ဘူးထဲက 65 00:02:20,194 --> 00:02:22,638 ကစားစရာတွေနဲ့အတူ အခုရောက်ရှိသွားတော့မှာဖြစ်ပြီး 66 00:02:22,638 --> 00:02:24,520 ဒီရှားပါးတဲ့ကစားစရာကလေးတွေကို စုဆောင်းနေကြတော့မှာပါ။ 67 00:02:24,520 --> 00:02:26,835 ခင်ဗျားတို့ ဒီဘူးတွေတွေကို ဝယ်တဲ့ အခါမှာ အတွင်းမှာ ဘာတွေထည့်ထားတာကို သေချာမသိပါဘူး။ 68 00:02:26,835 --> 00:02:28,418 ဒါပေမယ့်လည်း ဒါတွေကိုဖွင်ကြည့်လိုက်တဲ့အခါကျတော့မှ 69 00:02:28,418 --> 00:02:30,004 ကြုံတောင့် ကြုံခဲ ကစားစရာအမျိုမျိုးကို ရရှိတာပေါ့။ 70 00:02:30,004 --> 00:02:31,472 ဒီလိုဆိုတော့ ဒါဟာ စိတ်ဝင်စားစရာ အကောင်းသားလို့ ကျွန်တာ်ထင်လိုက်မိတယ်။ 71 00:02:31,472 --> 00:02:34,341 ဒီဥစ္စာရယ်၊ ငါးဥဆားနယ် ရောင်းတဲ့စက်ရယ်၊ Art-o-mat လို့ခေါ်တဲ့စက်ရယ်ကို အတူတူပေါင်းစပ်ထားတဲ့ အကြောင်းကို ကျွန်တော်စတင်ပြီးတွေးမိလာခဲ့တယ်။ 72 00:02:34,341 --> 00:02:38,077 တစ်ညမှာတော့ အကြောင်းတစ်ခုခုနဲ့ အရောင်းစက်တစ်ခုပုံကို ဆွဲနေမိတယ်ပေါ့။ 73 00:02:38,077 --> 00:02:39,744 အရောင်းစက်ပုံတွေ ဆေးချယ်သတဲ့အကြောင်းကို စဉ်းစားနေရင်းပေါ့။ 74 00:02:39,744 --> 00:02:41,625 ကျွန်တော့DNA ထည့်ထားတဲ့ဖန်ပြွန်သေးသေးလေး အဲဒီမှာ နေရာယူလျက်နဲ့ပေါ့။ 75 00:02:41,625 --> 00:02:43,752 ကျွန်တော်မြင်လ်ိုက်ရတာကတော့ DNA ကလာပ်စည်းအမျှင်တွေနဲ့ အရောင်းစက်တစ်ခုရဲ့ 76 00:02:43,752 --> 00:02:46,528 အခွေအလိပ်တွေ ွအကြားမှာရှိနေတဲ့ ဒီလိုလှပတဲ့ ပူပေါင်းဟပ်စပ်မှုကိုပါ။ 77 00:02:46,528 --> 00:02:49,048 တကယ်ပါပဲဗျာ။ ကျွန်တော် DNA အရောင်းစက်လို့ခေါ်မယ့် 78 00:02:49,048 --> 00:02:51,066 အနုပညာ တပ်ဆင်တင်ဆက်မှု တစ်ရပ်ကို ဖန်တီးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ 79 00:02:51,066 --> 00:02:52,772 ဟောဒီမှာပါ။ 80 00:02:52,772 --> 00:02:58,530 (ဂီတသံ) 81 00:02:58,530 --> 00:03:03,410 DNA အရောင်းစက်ဆိုတာ ဇီဝနည်းပညာဆိုင်ရာ ကျွန်တော်တို့ရဲ့ တိုးပွားလာနေတဲ့ အခွင့်အလမ်းများကို တင်ဆက်ထားတဲ့ အနုပညာ တပ်ဆင်မှု တစ်ခုပါ။ 82 00:03:07,223 --> 00:03:11,306 ["သင့်တင့်တဲ့ဈေးနဲ့ လူသားဆိုင်ရာ DNA နမူနာတစ်ခုကို 83 00:03:11,306 --> 00:03:14,695 သမရိုးကျ အရောင်းစက်တစ်ခုနေ သင်ဝယ်ယူရရှိနိူင်ပါတယ်။"] 84 00:03:32,806 --> 00:03:35,311 ["နမူနာတစ်ခုဆီထဲတွင် ကန့်သတ် ထုတ်လုပ်ထားခြင်း ဖြစ်သော 85 00:03:35,311 --> 00:03:38,263 စုဆောင်းရနိုင်တဲ့ လူသားဗီဇမျိုးနွယ်ဆိုင်ရာ နမူနာပုံတူတွေ အစုံလိုက်ပါဝင်ပါတယ်။"] 86 00:03:42,207 --> 00:03:44,923 ["DNA အရောင်းစက်က DNA ကို စုဆာင်းနိုင်တဲ့ ပစ္စည်းတစ်ခုအဖြစ် ပြုပြင်စီရင်ထားပြီး၊ 87 00:03:44,923 --> 00:03:47,149 DNA ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ဥပဒေဆိုင်ရာ သိရှိရမည့် 88 00:03:47,149 --> 00:03:50,920 အချက်အလက်များရှိကြောင်း ထောက်ပြလိုပါတယ်။"] 89 00:03:52,103 --> 00:03:54,412 ဂါဘီရယ် ဘာဆီယာ ကိုလွန်ဘို : ဒါကြောင့် လောလောဆယ်မှာတော့ နယူးယော.(ခ်)မှာရှိတဲ့ 90 00:03:54,412 --> 00:03:56,237 ပန်းချီပြခန်းတစ်ခု၊ နှစ်ခုမှာတော့ DNA အရောင်းစက်ရှိနေပါပြီ။ 91 00:03:56,237 --> 00:03:58,248 တကယ်တော့ တော်တော်လေး ရောင်းကောင်းပါတယ်။ 92 00:03:58,248 --> 00:04:00,257 ကျွန်တော်တို့တွေ ပထမအကြိမ်ထုတ်ရာမှာ နမူနာ (၁၀၀) ပါပါတယ်။ 93 00:04:00,257 --> 00:04:02,017 မကြာခင်မှာ နောက်တစ်ကြိမ် ထုတ်တ်လုပ်ဖို့လည်း မျှော်လင့်နေပါတယ်။ 94 00:04:02,017 --> 00:04:04,149 တကယ်တော့ ကျွန်တော့အနေနဲ့ Grand Central လို Penn Station လို 95 00:04:04,149 --> 00:04:06,060 မြေအောက်ရထား အချက်အချာကျတဲ့ နေရာတွေမှာ ရှိနေကြတဲ့ အရောင်းစက်တွေနဲ့ ကပ်လျက် 96 00:04:06,060 --> 00:04:08,990 တကယ့် အရောင်းစက်တွေကို ချထားချင်တာပါ။ 97 00:04:08,990 --> 00:04:11,305 ဒါပေမယ့်ပေါ့ဗျာကျွန်တော့ရဲ့ ဒီပရောဂျက်ရယ်၊ နောက်ပြီးတော့ ကျွန်တော့ရဲ့များစွာသော 98 00:04:11,305 --> 00:04:13,427 အနုပညာ ပရောဂျက်တွေအတွက်ပါ ပရိတ်သတ်ကြီးကို မေးခွန်းတစ်ခု မေးချင်ပါတယ်။ 99 00:04:13,427 --> 00:04:15,305 အဲဒါကတော့ "ဇီဝနည်းပညာနဲ့ DNA အစဉ်အတန်း ဟာ 100 00:04:15,305 --> 00:04:18,290 ဆိုပါစို့ လေဆာနဲ့ခွဲစိတ်ဖြတ်တောက်တာတို့ ၊ 3D ပုံနှိပ်ခြင်း ဒါမှမဟုတ် 101 00:04:18,290 --> 00:04:22,161 ငါးဥဆားနယ်ကို အရောင်းစက်ကနေ ရောင်းတာတွေလို 102 00:04:22,161 --> 00:04:24,814 ဈေးပေါလာတဲ့အချိန်မှာ၊ ခင်ဗျားတို့ရဲ့ DNA နမူနာတွေကို အရောင်းစက်ထဲ ရောင်းမယ့် နမူနာ တစ်ခုအနေနဲ့ ခင်ဗျားတို့ ပေးအပ်လိုကြဦးမှာလား။"ဆိုတာပါ။ 103 00:04:24,814 --> 00:04:26,764 နောက်ပြီးတော့ "ဒီနမူနာတွေဟာ ဈေး ဘယ်လောက်ရှိနိုင်မလဲ။" 104 00:04:26,764 --> 00:04:29,230 နောက်ပြီး "တခြားသူတစ်ယောက်ယောက်ရဲ ႕နမူနာကိုရော ခင်ဗျားတို့ ဝယ်မှာလား။ 105 00:04:29,230 --> 00:04:32,859 အဲဒီနမူနာနဲ့ ဘာများလုပ်နိူင်လိမ့် မလဲ။"ဆိုတာကိုရောပဲပေါ့။ 106 00:04:32,859 --> 00:04:34,602 (ကျေးဇူးတင်ပါတယ်ဗျာ။) 107 00:04:34,602 --> 00:04:38,602 (လက်ခုပ်သံများ)