WEBVTT 00:00:00.391 --> 00:00:02.549 ဒါကတော့ လော့(စ်)အင်ဂျယ်လီး(စ်)မှာရှိတဲ့ အရောင်းစက်တစ်ခုပါ။ 00:00:02.549 --> 00:00:05.480 ဒါက shopping mall ကြီးတစ်ခုထဲမှာရှိပြီးတော့ ငါးဥတွေရောင်းပါတယ်။ 00:00:05.480 --> 00:00:09.130 ငါးဥဆားနယ် ရောင်းတဲ့စက်တစ်ခုပေါ့။ 00:00:09.130 --> 00:00:10.729 ဒါကိုတော့ Art-o-mat လို့ခေါ်ပါတယ်။ 00:00:10.729 --> 00:00:12.318 အမျိုးမျိုးသော အနုပညာရှင်တွေရဲ့ အသေးစား အနုပညာ 00:00:12.318 --> 00:00:14.088 ဖန်တီးမှုလေးတွေ ရောင်းတဲ့ အနုပညာရောင်းစက်ပါ။ 00:00:14.088 --> 00:00:16.258 များသောအားဖြင့် သစ်သားတုံးကလေးတွေ အပေါ်မှာ၊ ဒါမှမဟုတ် မီခြစ်ဆံဘူးတွေ ပေါ်မှာ ဖန်တီးထားကြပြီး၊ 00:00:16.258 --> 00:00:18.229 အရေအတွက် နည်းနည်းနဲ့ ထုတ်လုပ်တာပါ။ 00:00:18.229 --> 00:00:20.323 ဟောဒီဟာကတော့ Oliver Medvedik လို့ခေါ်ပါတယ်။ သူကတော့ အရောင်းစက် မဟုတ်ပါဘူး။ 00:00:20.323 --> 00:00:22.702 ဒါပေမယ့် သူကတော့ နယူးယောက်မြို့တော်ရဲ့ စီရင်စုတစ်ခုဖြစ်တဲ့ ဘရွတ်ကလင်းက 00:00:22.702 --> 00:00:24.714 ဂင်းစပေ့(စ်)ဆိုတဲ့ ဇီဝဓါတ်ခွဲခန်း အသင်းကို တည်ထောင်သူတွေထဲက တစ်ယောက်ပါ။ 00:00:24.714 --> 00:00:25.898 အဲဒီမှာ ဘယ်သူမဆို သွားရောက်၊ သင်တန်းတက်ပြီး 00:00:25.898 --> 00:00:29.150 အမှောင်ထဲမှာတောက်ပတဲ့ E. coli (အီး ကိုလီ) အပင်ကို ဘယ်လိုစိုက်ပျိုးတယ် ဆိုတာမျိုးကို လေ့လာသင်ယူနိူင်တယ်။ 00:00:29.150 --> 00:00:31.570 ဒါမှမှမဟုတ်လည်း စတော်ဘယ်ရီရဲ့ DNAကို ဘယ်လိုထုတ်ယူရမယ် ဆိုတာ သင်ယူနိူင်ပါတယ်။ 00:00:31.570 --> 00:00:35.149 တကယ်တော့ လွန်ခဲ့တဲ့ တစ်နှစ်လောက်တုန်း အော်လီဗာက ဒီစတော်ဘယ်ရီ DNA (ဗီဇလက္ခဏာဆောင် ဓါတုပစ္စည်း) ထုတ်ယူနေတာတွေကို တွေ့ခဲ့ဘူးပါတယ်။ 00:00:35.149 --> 00:00:37.254 ဒီအကြောင်းတရားက ကျွန်တော့ကို ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ 00:00:37.254 --> 00:00:38.976 လမ်းကြောင်းတစ်ခုပေါ်ကို ကျွန်တော့်အား ခေါ်ဆောင်သွားခဲ့လို့ အဲဒီအကြောင်းကို အခု ကျွန်တော်ပြောပြတော့မလို့ပါ။ 00:00:38.976 --> 00:00:42.034 ဘာဖြစ်လို့လဲဆိုတော့ စတော်ဘယ်ရီ DNA ဆိုတာ အင်မတန်ကို စိတ်ဝင်စားစရာကောင်းပြီး၊ အရမ်းကို လှလို့ပါ။ 00:00:42.034 --> 00:00:44.261 အရင်တုန်းက DNA ဆိုတာ လှပမှန်း ဘယ်တုန်းကမှ မစဉ်းစားမိခဲ့ဖူးဘူး။ 00:00:44.261 --> 00:00:45.974 ဒီလိုပုံစံမျိုးဖြင့် မတွေ့မိခင်တုန်းကဆိုပါတော့။ 00:00:45.974 --> 00:00:47.929 လူတွေအများကြီး အထူးသဖြင့် အနုပညာအသိုင်းအဝိုင်းကလူတွေပေါ့ 00:00:47.929 --> 00:00:50.061 ဒီလိုနည်းနဲ့ သိပ္ပံပညာထဲမှာ သိပ်ပြီးတော့ ပါဝင်ပတ်သက်မှု မရှိကြဘူး။ 00:00:50.061 --> 00:00:52.151 ဒီနောက်မှာတော့ ချက်ချင်းဆိုသလို ဂင်းစပေ(စ်)ထဲ ကျွန်တော် ဝင်လိုက်ပြီး 00:00:52.151 --> 00:00:54.122 အော်လီဗာကို မေးမိတာက "ကောင်းပြီဗျာ။ တကယ်လို့ စတော်ဘယ်ရီသီးတွေနဲ့ ဒါကိုလုပ်လို့ ရရင်၊ 00:00:54.122 --> 00:00:55.663 လူတွေနဲ့ရော ဒါကိုလုပ်လို့မရဘူလား"လို့ပေါ့။ 00:00:55.663 --> 00:00:57.073 ဒီလိုနဲ့ နောက်(၁၀)မိနစ်လောက် အကြာမှာတော့ ကျွန်တော်တို့ နှစ်ယောက်စလုံး 00:00:57.073 --> 00:00:58.592 ဒါကို ဖန်ပုလင်းကလေးထဲမှာထည့် ပြီး လှည့်မွေနေလိုက်တော့ 00:00:58.592 --> 00:01:01.332 လူသားတွေအတွက် DNA ထုတ်တာနဲ့ ပတ်သက်တဲ့ ပုံစံကြီးနဲ့ ရလာတာပေါ့။ 00:01:01.332 --> 00:01:03.424 နောက်ပြီး ဒါကို ကျွန်တော် ကိုယ်တိုင် လုပျ္ဖစ်ခဲ့တယ်။ 00:01:03.424 --> 00:01:05.699 ဒါကတော့ ကျွန်တော့ရဲ့ DNA တကယ်မြင်ရပုံပဲပေါ့။ 00:01:05.699 --> 00:01:07.909 ဒါနဲ့ ကျွန်တော့ အနုပညာမိတ်ဆွေတွေနဲ့ ညစာစားပွဲတစ်ခုမှာပေါ့။ 00:01:07.909 --> 00:01:10.146 ကျွန်တော့ရဲ့ ဒီပရောဂျက် အကြောင်းကို သူတို့ကိုပြောပြတော့ 00:01:10.146 --> 00:01:13.252 သူတို့က DNA ကိုတကယ်ပဲ မြင်နိူင်တယ်ဆိုတာကို မယုံနိူင်ဘူးဖြစ်နေတယ်။ 00:01:13.252 --> 00:01:15.578 ဒါကြောင့် " ကောင်ပြီလေ၊ လိုအပ်တဲ့ ပစ္စည်းလေးတွေ အခုကို ရှာကြတာပေါ့"လို့ ကျွန်တော်ပြောလိုက်တယ်။ 00:01:15.578 --> 00:01:18.675 နောက်တော့ သောကြာနေ့ညတိုင်း ကျွန်တော့ အိမ်မှာ ဒီထူးထူးဆန်းဆန်း ညစာစားပွဲတွေ စလုပ်ဖြစ်ခဲ့တယ်။ 00:01:18.675 --> 00:01:20.169 အဲဒီမှာ လူတွေ ကြုံကြိုက်တဲ့အခါ ဝင်ဝင်လာကြပြီး၊ 00:01:20.169 --> 00:01:22.013 ကျွန်တော်တို့တွေ DNA ထုတ်ယူခြင်းကို လုပ်လုပ်နေကြတာပေါ့ဗျာ။ 00:01:22.013 --> 00:01:23.479 နောက်ပြီး ကျွန်တော်က သူတို့ကို ဗွီဒီယိုနဲ့ပါ ရိုက်ထားလိုက်တယ်ပေါ့။ 00:01:23.479 --> 00:01:26.810 ဘာဖြစ်လို့လဲဆိုတော့ ဒါက ဒီလိုရယ်စရာကောင်းတဲ့ ပုံတူတွေကိုလည်း ဖန်တီးပေးလို့ပါ။ 00:01:26.810 --> 00:01:28.763 (ရယ်သံများ) 00:01:28.763 --> 00:01:30.890 ဒီလူတွေဟာ သိပ္ပံပညာရပ်နဲ့ 00:01:30.890 --> 00:01:32.642 ဘယ်လိုမှ ပုံမှန် ဆက်ဆံမှုရှိတဲ့သူတွေ မဟုတ်ကြပါဘူး။ 00:01:32.642 --> 00:01:36.447 သူတို့ရဲ့ တုန့် ပြန်ပုံတွေကို ကြည့်ပြီး ခင်ဗျားတို့ ခန့်မှန်းနိူင်မှာပါ။ 00:01:36.447 --> 00:01:38.068 ဒါပေမယ့် သူတို့က ဒါကို စိတ်ဝင်စားသွားကြပြီးတော့ 00:01:38.068 --> 00:01:39.756 ကျွန်တော့အတွက်လည်း သူတို့တွေ သိပ္ပံပညာရပ်နဲ့ပတ်သက်ပြီး 00:01:39.756 --> 00:01:41.587 စိတ်လှုပ်ရှားနေတာ မြင်ရတော့ တကယ်ကို စိတ်ဝင်စားစရာကောင်းပါတယ်။ 00:01:41.587 --> 00:01:44.140 ဒီလိုနဲ့ပဲ ဒါကိုကျွန်တော်ပုံမှန် စလုပျ္ဖစ်ခဲ့ပါတယ်။ 00:01:44.140 --> 00:01:46.862 ဒါက သောကြာနေ့ညတွေမှာ လုပ်တဲ့ခပ်ကြောင်ကြောင် အလုပ်တစ်ခုပေါ့။ 00:01:46.862 --> 00:01:48.203 ဒါပေမယ့် ဒါက ကျွန်တော်စလုပ်ခဲ့တဲဟာပါ။ 00:01:48.203 --> 00:01:49.523 နောက်ပြီး ကျွန်တော့ မိတ်ဆွေတွေအားလုံးရဲ့ DNA ကို 00:01:49.523 --> 00:01:51.705 ဖန်ပြွန်ကလေးတွေထဲမှာ စုဆောင်းပြီး 00:01:51.705 --> 00:01:52.968 ဒါတွေကို အမျိုးအစားခွဲတာကိုစတင်ခဲ့ တာပေါ့။ 00:01:52.968 --> 00:01:54.384 ဒီလိုပုံစံမျိုး ရလာတာပေါ့။ 00:01:54.384 --> 00:01:56.547 ဒီအကြောင်းအရာက ကျွန်တော့ ကို အချက် နှစ်ချက်လောက်ကို တွေးဖြစ်သွားစေခဲ့ တာပေါ့။ 00:01:56.547 --> 00:01:59.148 ပထမ တစ်ချက်က ဒါက ကျွန်တော့ရဲ့ Facebook wall နဲ့ တော်တော်ကြီးကို ဆင်တယ်။ 00:01:59.148 --> 00:02:01.787 ဒါကြောင့် မျိုးရိုးဗီဇဆိုင်ရာ ကွန်ယက်လိုမျိုး ဖန်တီးလိုက်သလို ဖြစ်လာတယ်။ 00:02:01.787 --> 00:02:03.341 တကယ်တော့ မျိုးရိုးဗီဇဆိုင်ရာ လူမှုရေး ကွန်ယက်တစ်ခုပါ။ 00:02:03.341 --> 00:02:05.320 နောက် ဒုတိယတစ်ချက်ကတော့ မိတ်ဆွေတစ်ယောက် အိမ်ကိုလာလည်တုန်းက 00:02:05.320 --> 00:02:08.389 ကျွန်တော့ စားပွဲပေါ်က ဒီဥစ္စာမျိုးလေးကို တွေ့သွားတော့ မေးတာက 00:02:08.389 --> 00:02:11.679 " အိုး ဘာဖြစ်လို့ ဒါတွေကို နံပါတ်တွေ တပ်ထားတာတုန်း။ ဒီလူက ဟိုလူထက်ပိုပြီးရှားလို့လား" စသည်ဖြင့် ပေါ့။ 00:02:11.679 --> 00:02:13.470 ကျွန်တော့ အနေနဲ့ ဒီအကြောင်းကို စဉ်းတောင် မစဉ်းစားမိပါဘူး။ 00:02:13.470 --> 00:02:16.436 ဒါတွေကို နံပါတ်တပ်ထားတာက ကျွန်တော် DNA ထုတ်ယူတဲ့ အစဉ်အတိုင်း တပ်ထာတားပါ။ 00:02:16.436 --> 00:02:18.768 ဒါပေမယ့် ဒီအကြောင်းကနေပြီး ကျွန်တော့ကို ကစားစရာတွေ စုဆောင်းတဲ့အကြောင်းကို တွေးမိသွားတာပေါ့။ 00:02:18.768 --> 00:02:20.194 ပြီးတော့ ဒါကလေးက ကစားစရာလောကထဲကို အလုံပိတ်ထားတဲ့ ဘူးထဲက 00:02:20.194 --> 00:02:22.638 ကစားစရာတွေနဲ့အတူ အခုရောက်ရှိသွားတော့မှာဖြစ်ပြီး 00:02:22.638 --> 00:02:24.520 ဒီရှားပါးတဲ့ကစားစရာကလေးတွေကို စုဆောင်းနေကြတော့မှာပါ။ 00:02:24.520 --> 00:02:26.835 ခင်ဗျားတို့ ဒီဘူးတွေတွေကို ဝယ်တဲ့ အခါမှာ အတွင်းမှာ ဘာတွေထည့်ထားတာကို သေချာမသိပါဘူး။ 00:02:26.835 --> 00:02:28.418 ဒါပေမယ့်လည်း ဒါတွေကိုဖွင်ကြည့်လိုက်တဲ့အခါကျတော့မှ 00:02:28.418 --> 00:02:30.004 ကြုံတောင့် ကြုံခဲ ကစားစရာအမျိုမျိုးကို ရရှိတာပေါ့။ 00:02:30.004 --> 00:02:31.472 ဒီလိုဆိုတော့ ဒါဟာ စိတ်ဝင်စားစရာ အကောင်းသားလို့ ကျွန်တာ်ထင်လိုက်မိတယ်။ 00:02:31.472 --> 00:02:34.341 ဒီဥစ္စာရယ်၊ ငါးဥဆားနယ် ရောင်းတဲ့စက်ရယ်၊ Art-o-mat လို့ခေါ်တဲ့စက်ရယ်ကို အတူတူပေါင်းစပ်ထားတဲ့ အကြောင်းကို ကျွန်တော်စတင်ပြီးတွေးမိလာခဲ့တယ်။ 00:02:34.341 --> 00:02:38.077 တစ်ညမှာတော့ အကြောင်းတစ်ခုခုနဲ့ အရောင်းစက်တစ်ခုပုံကို ဆွဲနေမိတယ်ပေါ့။ 00:02:38.077 --> 00:02:39.744 အရောင်းစက်ပုံတွေ ဆေးချယ်သတဲ့အကြောင်းကို စဉ်းစားနေရင်းပေါ့။ 00:02:39.744 --> 00:02:41.625 ကျွန်တော့DNA ထည့်ထားတဲ့ဖန်ပြွန်သေးသေးလေး အဲဒီမှာ နေရာယူလျက်နဲ့ပေါ့။ 00:02:41.625 --> 00:02:43.752 ကျွန်တော်မြင်လ်ိုက်ရတာကတော့ DNA ကလာပ်စည်းအမျှင်တွေနဲ့ အရောင်းစက်တစ်ခုရဲ့ 00:02:43.752 --> 00:02:46.528 အခွေအလိပ်တွေ ွအကြားမှာရှိနေတဲ့ ဒီလိုလှပတဲ့ ပူပေါင်းဟပ်စပ်မှုကိုပါ။ 00:02:46.528 --> 00:02:49.048 တကယ်ပါပဲဗျာ။ ကျွန်တော် DNA အရောင်းစက်လို့ခေါ်မယ့် 00:02:49.048 --> 00:02:51.066 အနုပညာ တပ်ဆင်တင်ဆက်မှု တစ်ရပ်ကို ဖန်တီးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ 00:02:51.066 --> 00:02:52.772 ဟောဒီမှာပါ။ 00:02:52.772 --> 00:02:58.530 (ဂီတသံ) 00:02:58.530 --> 00:03:03.410 DNA အရောင်းစက်ဆိုတာ ဇီဝနည်းပညာဆိုင်ရာ ကျွန်တော်တို့ရဲ့ တိုးပွားလာနေတဲ့ အခွင့်အလမ်းများကို တင်ဆက်ထားတဲ့ အနုပညာ တပ်ဆင်မှု တစ်ခုပါ။ 00:03:07.223 --> 00:03:11.306 ["သင့်တင့်တဲ့ဈေးနဲ့ လူသားဆိုင်ရာ DNA နမူနာတစ်ခုကို 00:03:11.306 --> 00:03:14.695 သမရိုးကျ အရောင်းစက်တစ်ခုနေ သင်ဝယ်ယူရရှိနိူင်ပါတယ်။"] 00:03:32.806 --> 00:03:35.311 ["နမူနာတစ်ခုဆီထဲတွင် ကန့်သတ် ထုတ်လုပ်ထားခြင်း ဖြစ်သော 00:03:35.311 --> 00:03:38.263 စုဆောင်းရနိုင်တဲ့ လူသားဗီဇမျိုးနွယ်ဆိုင်ရာ နမူနာပုံတူတွေ အစုံလိုက်ပါဝင်ပါတယ်။"] 00:03:42.207 --> 00:03:44.923 ["DNA အရောင်းစက်က DNA ကို စုဆာင်းနိုင်တဲ့ ပစ္စည်းတစ်ခုအဖြစ် ပြုပြင်စီရင်ထားပြီး၊ 00:03:44.923 --> 00:03:47.149 DNA ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ဥပဒေဆိုင်ရာ သိရှိရမည့် 00:03:47.149 --> 00:03:50.920 အချက်အလက်များရှိကြောင်း ထောက်ပြလိုပါတယ်။"] 00:03:52.103 --> 00:03:54.412 ဂါဘီရယ် ဘာဆီယာ ကိုလွန်ဘို : ဒါကြောင့် လောလောဆယ်မှာတော့ နယူးယော.(ခ်)မှာရှိတဲ့ 00:03:54.412 --> 00:03:56.237 ပန်းချီပြခန်းတစ်ခု၊ နှစ်ခုမှာတော့ DNA အရောင်းစက်ရှိနေပါပြီ။ 00:03:56.237 --> 00:03:58.248 တကယ်တော့ တော်တော်လေး ရောင်းကောင်းပါတယ်။ 00:03:58.248 --> 00:04:00.257 ကျွန်တော်တို့တွေ ပထမအကြိမ်ထုတ်ရာမှာ နမူနာ (၁၀၀) ပါပါတယ်။ 00:04:00.257 --> 00:04:02.017 မကြာခင်မှာ နောက်တစ်ကြိမ် ထုတ်တ်လုပ်ဖို့လည်း မျှော်လင့်နေပါတယ်။ 00:04:02.017 --> 00:04:04.149 တကယ်တော့ ကျွန်တော့အနေနဲ့ Grand Central လို Penn Station လို 00:04:04.149 --> 00:04:06.060 မြေအောက်ရထား အချက်အချာကျတဲ့ နေရာတွေမှာ ရှိနေကြတဲ့ အရောင်းစက်တွေနဲ့ ကပ်လျက် 00:04:06.060 --> 00:04:08.990 တကယ့် အရောင်းစက်တွေကို ချထားချင်တာပါ။ 00:04:08.990 --> 00:04:11.305 ဒါပေမယ့်ပေါ့ဗျာကျွန်တော့ရဲ့ ဒီပရောဂျက်ရယ်၊ နောက်ပြီးတော့ ကျွန်တော့ရဲ့များစွာသော 00:04:11.305 --> 00:04:13.427 အနုပညာ ပရောဂျက်တွေအတွက်ပါ ပရိတ်သတ်ကြီးကို မေးခွန်းတစ်ခု မေးချင်ပါတယ်။ 00:04:13.427 --> 00:04:15.305 အဲဒါကတော့ "ဇီဝနည်းပညာနဲ့ DNA အစဉ်အတန်း ဟာ 00:04:15.305 --> 00:04:18.290 ဆိုပါစို့ လေဆာနဲ့ခွဲစိတ်ဖြတ်တောက်တာတို့ ၊ 3D ပုံနှိပ်ခြင်း ဒါမှမဟုတ် 00:04:18.290 --> 00:04:22.161 ငါးဥဆားနယ်ကို အရောင်းစက်ကနေ ရောင်းတာတွေလို 00:04:22.161 --> 00:04:24.814 ဈေးပေါလာတဲ့အချိန်မှာ၊ ခင်ဗျားတို့ရဲ့ DNA နမူနာတွေကို အရောင်းစက်ထဲ ရောင်းမယ့် နမူနာ တစ်ခုအနေနဲ့ ခင်ဗျားတို့ ပေးအပ်လိုကြဦးမှာလား။"ဆိုတာပါ။ 00:04:24.814 --> 00:04:26.764 နောက်ပြီးတော့ "ဒီနမူနာတွေဟာ ဈေး ဘယ်လောက်ရှိနိုင်မလဲ။" 00:04:26.764 --> 00:04:29.230 နောက်ပြီး "တခြားသူတစ်ယောက်ယောက်ရဲ ႕နမူနာကိုရော ခင်ဗျားတို့ ဝယ်မှာလား။ 00:04:29.230 --> 00:04:32.859 အဲဒီနမူနာနဲ့ ဘာများလုပ်နိူင်လိမ့် မလဲ။"ဆိုတာကိုရောပဲပေါ့။ 00:04:32.859 --> 00:04:34.602 (ကျေးဇူးတင်ပါတယ်ဗျာ။) 00:04:34.602 --> 00:04:38.602 (လက်ခုပ်သံများ)