WEBVTT 00:00:06.797 --> 00:00:10.852 ကျွန်မ ၉ နှစ် အရွယ်တုန်းက ဆရာဆိုတာ ချံပီယံဘွဲ့ ရထားသူလို ထင်မှတ်ခဲ့တယ်။ 00:00:10.852 --> 00:00:13.316 အတန်းရှေ့မှာ ရပ်နေပြီး 00:00:13.316 --> 00:00:16.106 ကျောင်းသားတွေ နားထောင်နေကြစဉ် စာတွေကို ပို့ချပေးသူပေါ့လေ။ 00:00:16.106 --> 00:00:19.661 ကျွန်မဟာဝင်ငွေနည်း ကလေးများအတွက် ပုဂ္ဂလိကကျောင်းမှာ ၅ နှစ်ကြာ သင်ခဲ့ရတော့ 00:00:19.661 --> 00:00:23.246 သူငယ်ချင်း တော်တော်များများက သူတို့ရဲ့ စာကို စိတ်မဝင်စားကြတာကို သတိထားမယ်။ 00:00:23.246 --> 00:00:25.826 တချို့တို့က အတန်းထဲမှာ အာရုံစိုက် နားမထောင်ခဲ့ကြသလို 00:00:25.826 --> 00:00:28.509 တချို့ကျတော့ ရက်အတော်ကြာ ကျောင်းမတက်ဘဲ နေကြတယ်။ 00:00:28.509 --> 00:00:32.578 အဲဒါက ဆရာတွေအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပြီး သူတို့အား ဖိစီးနေတာကို ကျွန်မ သတိထားမိတယ်။ 00:00:32.578 --> 00:00:34.734 ဒါနဲ့ ကျွန်မခေါင်းထဲ မေးခွန်းပေါ်လာခဲ့တယ်- 00:00:34.734 --> 00:00:37.683 ဒီအခန်းထဲ ရှိနေကြတဲ့ ကျောင်းသား ၄၀ တို့အတွက် 00:00:37.683 --> 00:00:40.419 တာဝန်ယူရတာ တကယ့်စိန်ခေါ်မှုကြီးပဲ မဟုတ်လား။ 00:00:40.419 --> 00:00:44.379 ဒါနဲ့ ဆက်ပြီး မေးစရာက- ကျောင်းသားတွေဟာ ဘာဖြစ်လို့ ဆရာတစ်ဦးတည်းကို အားကိုးနေကြလဲ။ 00:00:44.379 --> 00:00:48.373 ကျောင်းသားတွေက သူတို့ကိုယ်၌ထဲမှာကို ဆရာရှိနေတာကို ဘယ်တော့ နားလည်လာကြမှာလဲ။ 00:00:48.373 --> 00:00:50.784 အဲဒါနဲ့ ပတ်သက်ပြီး ကျွန်မက တစ်ခုခု လုပ်ချင်ခဲ့တယ်။ 00:00:50.784 --> 00:00:56.374 ဒါကြောင့်မို့လို့၊ ဖြစ်နိုင်တဲ့ အခါတိုင်း ကျွန်မက ဆရာကိုကူညီပေးရန် ဆုံးဖြတ်ခဲ့တယ်။ 00:00:56.374 --> 00:00:59.611 အတန်းတက်သူတွေကို စစ်ဆေးမှု၊ နေ့စဉ် လုပ်ကိုင်စရာတွေကို 00:00:59.611 --> 00:01:02.107 သင်ပုန်းပေါ်မှာ ရေးပေးမှုကို ကျွန်မ လုပ်ကူပေးလာတယ်။ 00:01:02.107 --> 00:01:03.591 လက်တွေ့ သင်ခန်းစာ အချိန်မှာလည်း 00:01:03.591 --> 00:01:07.854 ကျွန်မဟာ စာရွက်တွေနဲ့ ဘာလုပ်ရမှန်း မသိဖြစ် နေတဲ့ ကျောင်းသား အုပ်စုတွေကို ကူပေးခဲ့တယ်။ 00:01:07.854 --> 00:01:10.045 ကျွန်မရဲ့ ဆရာ မလာတဲ့ နေ့မျိုးမှာ 00:01:10.045 --> 00:01:15.428 ကျွန်မကို ဖုန်းခေါ်ပြီး သူမအစား လုပ်ပေး နိုင်တဲ့ အရာတွေကို မေးပြီး ကူညီတတ်ခဲ့တယ်။ 00:01:15.428 --> 00:01:20.826 ပြီးတော့ ကျွန်မ ပြောခဲ့သလို က​ျောင်းသားတွေ သင်ယူရမယ့် ဝေါဟာရတွေကို ပေးခြင်း၊ 00:01:20.826 --> 00:01:25.106 တွက်ကြရမယ့် သင်္ချာပုစ္ဆာကို ပေးခြင်း၊ တခါ တလေ အိမ်စာပေးခြင်း စသဖြင့် ကူညီပေးခဲ့တယ်။ 00:01:25.106 --> 00:01:28.090 ကြာလာတော့ လုပ်ဖေါ်ကိုင်ဖက် ကျောင်းသား တွေလည်း ပါဝင်ကူညီလာကြတယ်။ 00:01:28.090 --> 00:01:33.070 တဖြည်းဖြည်းနဲ့ စာသင်ခန်းထဲမှာ သင်ယူရမှုကို ကျွန်မတို့ဟာ မိမိတို့လက်ထဲ ရယူလာခဲ့ကြတယ်။ 00:01:33.070 --> 00:01:37.710 အဲဒီလို အတန်ကြာ လုပ်လာခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်မဟာ အဲဒီ့ထက် ပိုလုပ်ချင်ခဲ့တယ်။ 00:01:37.710 --> 00:01:41.562 ကျွန်မ သူငယ်ချင်း အများအပြားတို့မှာ စာဖတ် ခြင်းနဲ့ နားလည်ရာတွင် ပြဿနာ ရှိခဲ့ကြတယ်။ 00:01:41.562 --> 00:01:45.286 ကျွန်မနဲ့ ကျွန်မသူငယ်ချင်း Pinky တို့ဟာ စာဖတ်ရတာကို အရမ်း ဝါသနာပါခဲ့ကြလို့ 00:01:45.286 --> 00:01:47.519 စာဖတ် ကလပ်ဆိုတာကို စတင်ခဲ့ကြတယ်။ 00:01:47.519 --> 00:01:50.928 ကျွန်မတို့ ကလပ်ထဲမှာ ၄ တန်း၊ ၅ တန်းနဲ့ ၆ တန်း ကျောင်းသားတွေ ပါခဲ့ကြပြီး 00:01:50.928 --> 00:01:53.781 တော်တော်များများတို့က စာဖတ်ရာတွင် နှေးခဲ့ကြတယ်။ 00:01:53.781 --> 00:01:57.755 ကျွန်မတို့ သူတို့ကို ပုံများများပါပြီး စာ နည်းတဲ့ စာအုပ်တွေကို စထုတ်ပေးလာခဲ့ကြတယ်။ 00:01:57.755 --> 00:02:00.038 အဲဒီလို စာအုပ်တွေကို သူတို့ ဖတ်နိုင်လာကြချိန်မှာ 00:02:00.038 --> 00:02:05.348 စာသား ပိုများတဲ့ စာအုပ်တွေကို ပေးပြီး ဖတ် နိုင်စွမ်းကို မြှင့်တင်ဖို့ ကြိုးစားကြတယ်။ 00:02:05.348 --> 00:02:08.486 ကျွန်မတို့ဟာ အဓိက ဇာတ်ကောင်၊ သူတို့ရဲ့ စရိုက်လက္ခဏာ 00:02:08.486 --> 00:02:11.942 အဓိက ဖြစ်ရပ်တွေနဲ့ ၀တ္ထုရဲ့ လိုရင်းအနှစ် ချုပ်ကို မေးမြန်းကြည့်ခဲ့ကြတယ်။ 00:02:11.942 --> 00:02:16.902 အကြိမ်အနည်းငယ်ကြာပြီးနောက် ဆရာမက သူတို့ကို စစ်ကြည့်တော့ တိုးတက်မှုတွေ့ခဲ့တယ်။ 00:02:16.902 --> 00:02:22.637 ကျွန်မ သူငယ်ချင်း တစ်ယောက် တစ်လအတွင်းမှာ ဖတ်နိုင်မှု တစ်ဆင့်ခွဲ မြင့်တက်သွားတယ်။ 00:02:22.637 --> 00:02:23.533 နောက်ဆုံးမှာတော့၊ 00:02:23.533 --> 00:02:28.393 လူကြီးများနဲ့ပါ စာဖတ်အုပ်စုများ ဖွဲ့ပြီး ဖတ်ကြားခွင့် ကျွန်မတို့ ရလိုက်ကြပါသေးတယ်။ 00:02:28.393 --> 00:02:30.111 အဲဒီလို အတွေ့အကြုံတွေ ရှိလာခဲ့လို့၊ 00:02:30.111 --> 00:02:34.831 သိပ်မကြာလိုက်တဲ့ အဲဒီကာလအတွင်းမှာ ကျွန်မ အသက်၊ ကျွန်မတက်ခဲ့တဲ့ အတန်းနဲ့ မဆိုင်ဘဲ 00:02:34.831 --> 00:02:38.203 ကျွန်မဟာ ဆရာတစ်ဦး ဖြစ်လာတာ ဂုဏ်ယူမိတယ်။ 00:02:38.203 --> 00:02:40.784 အခုတော့ ရှင်တို့ အားလုံးကို ကျွန်မ တစ်ခု မေးချင်ပါတယ်- 00:02:40.784 --> 00:02:43.563 စိတ်လိုက်မာန်ပါ လုပ်ချင်တဲ့ အရာတွေ ရှင်တို့ဆီမှာ ရှိကြသလား။ 00:02:43.563 --> 00:02:47.471 ကျွန်မ ကိုယ်၌ စိတ်လိုက်မာန်ပါ လုပ်ချင်တာ အများကြီးပါ၊ ရှင်တို့ဆီမှာလည်း ရှိကြမှာပါ။ 00:02:47.471 --> 00:02:51.719 ကျွန်မက ချက်ပြုတ်ရတာ၊ ဇာထိုးရတာ၊ ဥယျာဉ် စိုက်ပျိုးရတာ၊ ပုံကြမ်းဆွဲရတာ ဝါသနာပါတယ်။ 00:02:51.719 --> 00:02:55.970 ဒီလို ဝါသနာတွေကို ကျွန်မဘဝထဲ ကြုံခဲ့ရတဲ့ ဆရာတွေဆီကနေပြီး ရရှိခဲ့တာပါ။ 00:02:55.970 --> 00:02:59.445 ဆရာ Mr. Farhan ဆိုရင် ကျွန်မတို့ ကျောင်းထဲက ဥယျာဉ်မှူးတစ်ဦးပါ၊ 00:02:59.445 --> 00:03:02.315 permaculture ဆိုတာ သူ့ဆီက သင်ယူရတာ အရမ်း သဘောကျတယ်။ 00:03:02.315 --> 00:03:06.455 ဒီရက်ပိုင်းထဲမှာ ကျွန်မဟာ aquaponics လို့ ခေါ်တဲ့ ဥယျာဉ်ပုံစံသစ်ကို လေ့လာနေတယ်။ 00:03:06.455 --> 00:03:09.806 ဒါမှမဟုတ် ကျွန်မ အမေဆို ချက်ပြုတ်ဖို့ကို သင်ပ​ေးလိုက်တော့၊ 00:03:09.806 --> 00:03:13.312 အနီးအနားမှာ သူမရှိလည်း ကျွန်မ ကိုယ့်သာသာကိုယ် ရပ်တည်နိုင်ပြီလေ။ 00:03:13.312 --> 00:03:15.475 သူတို့ထဲက ဘယ်သူမှာမှ ဆရာဆိုတဲ့ ချံပီယံဘွဲ့ကို 00:03:15.475 --> 00:03:17.481 ရသူတွေ မဟုတ်ခဲ့တာ ရှင်တို့ သတိထားမိကြမှာပါ။ 00:03:17.481 --> 00:03:20.638 ဒါပေမဲ့ သူတို့ဟာ ကိုယ့်နည်းကိုယ်ဟန်နဲ့ ဆရာတွေ ဖြစ်ခဲ့ကြတာ သေချာတယ်။ 00:03:20.638 --> 00:03:24.377 ဒီအကြောင်း စဉ်းစားကြည့်ကြပါ။ ရှင်တို့ ဘဝ ထဲမှာကော အဲဒီလိုဆရာတွေ ရှိခဲ့ဘူးကြလား။ 00:03:24.377 --> 00:03:26.158 ရှိခဲ့ကြမှာ ကျွန်မ သေချာတယ်။ 00:03:26.158 --> 00:03:27.519 ကျွန်မ အသိုင်းအဝိုင်းထဲတွင် 00:03:27.519 --> 00:03:31.604 လူတွေဟာ အရာမျိုးစုံကို လုပ်ကိုင်တတ်ကြတော့ ကျွန်မ သူတို့ထံ သင်ယူနိုင်တာ အများကြီးပဲ။ 00:03:31.604 --> 00:03:36.186 အမှိုက်ကောက်သူ အလုပ်ကိုစည်းရုံပုံ၊ တံမြက်လှည်းသူထံမှ သင့်ရှင်းမှုအကြောင်း၊ 00:03:36.186 --> 00:03:39.945 လက်သမားဆရာထံမှ သင်္ချာပညာ၊ အိမ်ရှင်မထံမှ ချက်ပြုတ်မှု 00:03:39.945 --> 00:03:43.317 ဆိုင်ပိုင်ရှင်ထံမှ လုပ်ငန်းကို စီမံလုပ်ကိုင်ရပုံ သင်ယူနိုင်ပါတယ်။ 00:03:43.317 --> 00:03:47.897 ဒါပေမဲ့ သူတို့ဆီကနေ သင်ယူနိုင်တဲ့ အရာတွေ အကြောင်း ကျွန်မတို့ စဉ်းစားခဲ့ဘူးကြရဲ့လား။ 00:03:47.897 --> 00:03:51.103 တကယ်တော့ သူတို့ရဲ့ အသက်၊ လိင်၊ သူတို့ လုပ်ကိုင်ကြတဲ့ အလုပ်တွေကြောင့် 00:03:51.103 --> 00:03:53.455 သူတို့က ဘာမဆိုကို ကျွန်မတို့ကို သင်ပေးနိုင်ကြတယ်။ 00:03:53.455 --> 00:03:56.684 လက်တွေ့တွင်၊ သူတို့က မျိုးစုံသော အရာတွေကို သင်ပေးနိုင်ကြတယ်။ 00:03:56.684 --> 00:03:59.054 လူတိုင်းဟာ ဆရာတစ်ယောက်ပဲလို့ ကျွန်မ ယုံကြည်တယ်။ 00:03:59.054 --> 00:04:01.075 ရှင်တို့လည်း ဆရာပါ၊ ကျွန်မလည်း ဆရာပါ။ 00:04:01.075 --> 00:04:05.033 ဒီနေရာမှာ အသက်က ဘယ်လောက်၊ လိင်ကပါလဲ၊ လုပ်တဲ့ အလုပ်က ဘာလဲ၊ အရေးမကြီးပါဘူး။ 00:04:05.033 --> 00:04:08.707 ကျွန်မတို့ဟာ ပတ်ဝန်းကျင်ရှိ လူတိုင်းကို ဆရာတွေအဖြစ် မြင်ကြမယ်ဆိုရင်၊ 00:04:08.707 --> 00:04:12.339 တစ်နေ့နေ့တွင် စံပြဖြစ်တဲ့ ၁ အချိုး ၁ ကို ရရှိလာကြမှာပါ။ 00:04:12.339 --> 00:04:13.749 ကျေးဇူးတင်ပါတယ်။