1 00:00:06,797 --> 00:00:10,852 ကျွန်မ ၉ နှစ် အရွယ်တုန်းက ဆရာဆိုတာ ချံပီယံဘွဲ့ ရထားသူလို ထင်မှတ်ခဲ့တယ်။ 2 00:00:10,852 --> 00:00:13,316 အတန်းရှေ့မှာ ရပ်နေပြီး 3 00:00:13,316 --> 00:00:16,106 ကျောင်းသားတွေ နားထောင်နေကြစဉ် စာတွေကို ပို့ချပေးသူပေါ့လေ။ 4 00:00:16,106 --> 00:00:19,661 ကျွန်မဟာဝင်ငွေနည်း ကလေးများအတွက် ပုဂ္ဂလိကကျောင်းမှာ ၅ နှစ်ကြာ သင်ခဲ့ရတော့ 5 00:00:19,661 --> 00:00:23,246 သူငယ်ချင်း တော်တော်များများက သူတို့ရဲ့ စာကို စိတ်မဝင်စားကြတာကို သတိထားမယ်။ 6 00:00:23,246 --> 00:00:25,826 တချို့တို့က အတန်းထဲမှာ အာရုံစိုက် နားမထောင်ခဲ့ကြသလို 7 00:00:25,826 --> 00:00:28,509 တချို့ကျတော့ ရက်အတော်ကြာ ကျောင်းမတက်ဘဲ နေကြတယ်။ 8 00:00:28,509 --> 00:00:32,578 အဲဒါက ဆရာတွေအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပြီး သူတို့အား ဖိစီးနေတာကို ကျွန်မ သတိထားမိတယ်။ 9 00:00:32,578 --> 00:00:34,734 ဒါနဲ့ ကျွန်မခေါင်းထဲ မေးခွန်းပေါ်လာခဲ့တယ်- 10 00:00:34,734 --> 00:00:37,683 ဒီအခန်းထဲ ရှိနေကြတဲ့ ကျောင်းသား ၄၀ တို့အတွက် 11 00:00:37,683 --> 00:00:40,419 တာဝန်ယူရတာ တကယ့်စိန်ခေါ်မှုကြီးပဲ မဟုတ်လား။ 12 00:00:40,419 --> 00:00:44,379 ဒါနဲ့ ဆက်ပြီး မေးစရာက- ကျောင်းသားတွေဟာ ဘာဖြစ်လို့ ဆရာတစ်ဦးတည်းကို အားကိုးနေကြလဲ။ 13 00:00:44,379 --> 00:00:48,373 ကျောင်းသားတွေက သူတို့ကိုယ်၌ထဲမှာကို ဆရာရှိနေတာကို ဘယ်တော့ နားလည်လာကြမှာလဲ။ 14 00:00:48,373 --> 00:00:50,784 အဲဒါနဲ့ ပတ်သက်ပြီး ကျွန်မက တစ်ခုခု လုပ်ချင်ခဲ့တယ်။ 15 00:00:50,784 --> 00:00:56,374 ဒါကြောင့်မို့လို့၊ ဖြစ်နိုင်တဲ့ အခါတိုင်း ကျွန်မက ဆရာကိုကူညီပေးရန် ဆုံးဖြတ်ခဲ့တယ်။ 16 00:00:56,374 --> 00:00:59,611 အတန်းတက်သူတွေကို စစ်ဆေးမှု၊ နေ့စဉ် လုပ်ကိုင်စရာတွေကို 17 00:00:59,611 --> 00:01:02,107 သင်ပုန်းပေါ်မှာ ရေးပေးမှုကို ကျွန်မ လုပ်ကူပေးလာတယ်။ 18 00:01:02,107 --> 00:01:03,591 လက်တွေ့ သင်ခန်းစာ အချိန်မှာလည်း 19 00:01:03,591 --> 00:01:07,854 ကျွန်မဟာ စာရွက်တွေနဲ့ ဘာလုပ်ရမှန်း မသိဖြစ် နေတဲ့ ကျောင်းသား အုပ်စုတွေကို ကူပေးခဲ့တယ်။ 20 00:01:07,854 --> 00:01:10,045 ကျွန်မရဲ့ ဆရာ မလာတဲ့ နေ့မျိုးမှာ 21 00:01:10,045 --> 00:01:15,428 ကျွန်မကို ဖုန်းခေါ်ပြီး သူမအစား လုပ်ပေး နိုင်တဲ့ အရာတွေကို မေးပြီး ကူညီတတ်ခဲ့တယ်။ 22 00:01:15,428 --> 00:01:20,826 ပြီးတော့ ကျွန်မ ပြောခဲ့သလို က​ျောင်းသားတွေ သင်ယူရမယ့် ဝေါဟာရတွေကို ပေးခြင်း၊ 23 00:01:20,826 --> 00:01:25,106 တွက်ကြရမယ့် သင်္ချာပုစ္ဆာကို ပေးခြင်း၊ တခါ တလေ အိမ်စာပေးခြင်း စသဖြင့် ကူညီပေးခဲ့တယ်။ 24 00:01:25,106 --> 00:01:28,090 ကြာလာတော့ လုပ်ဖေါ်ကိုင်ဖက် ကျောင်းသား တွေလည်း ပါဝင်ကူညီလာကြတယ်။ 25 00:01:28,090 --> 00:01:33,070 တဖြည်းဖြည်းနဲ့ စာသင်ခန်းထဲမှာ သင်ယူရမှုကို ကျွန်မတို့ဟာ မိမိတို့လက်ထဲ ရယူလာခဲ့ကြတယ်။ 26 00:01:33,070 --> 00:01:37,710 အဲဒီလို အတန်ကြာ လုပ်လာခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်မဟာ အဲဒီ့ထက် ပိုလုပ်ချင်ခဲ့တယ်။ 27 00:01:37,710 --> 00:01:41,562 ကျွန်မ သူငယ်ချင်း အများအပြားတို့မှာ စာဖတ် ခြင်းနဲ့ နားလည်ရာတွင် ပြဿနာ ရှိခဲ့ကြတယ်။ 28 00:01:41,562 --> 00:01:45,286 ကျွန်မနဲ့ ကျွန်မသူငယ်ချင်း Pinky တို့ဟာ စာဖတ်ရတာကို အရမ်း ဝါသနာပါခဲ့ကြလို့ 29 00:01:45,286 --> 00:01:47,519 စာဖတ် ကလပ်ဆိုတာကို စတင်ခဲ့ကြတယ်။ 30 00:01:47,519 --> 00:01:50,928 ကျွန်မတို့ ကလပ်ထဲမှာ ၄ တန်း၊ ၅ တန်းနဲ့ ၆ တန်း ကျောင်းသားတွေ ပါခဲ့ကြပြီး 31 00:01:50,928 --> 00:01:53,781 တော်တော်များများတို့က စာဖတ်ရာတွင် နှေးခဲ့ကြတယ်။ 32 00:01:53,781 --> 00:01:57,755 ကျွန်မတို့ သူတို့ကို ပုံများများပါပြီး စာ နည်းတဲ့ စာအုပ်တွေကို စထုတ်ပေးလာခဲ့ကြတယ်။ 33 00:01:57,755 --> 00:02:00,038 အဲဒီလို စာအုပ်တွေကို သူတို့ ဖတ်နိုင်လာကြချိန်မှာ 34 00:02:00,038 --> 00:02:05,348 စာသား ပိုများတဲ့ စာအုပ်တွေကို ပေးပြီး ဖတ် နိုင်စွမ်းကို မြှင့်တင်ဖို့ ကြိုးစားကြတယ်။ 35 00:02:05,348 --> 00:02:08,486 ကျွန်မတို့ဟာ အဓိက ဇာတ်ကောင်၊ သူတို့ရဲ့ စရိုက်လက္ခဏာ 36 00:02:08,486 --> 00:02:11,942 အဓိက ဖြစ်ရပ်တွေနဲ့ ၀တ္ထုရဲ့ လိုရင်းအနှစ် ချုပ်ကို မေးမြန်းကြည့်ခဲ့ကြတယ်။ 37 00:02:11,942 --> 00:02:16,902 အကြိမ်အနည်းငယ်ကြာပြီးနောက် ဆရာမက သူတို့ကို စစ်ကြည့်တော့ တိုးတက်မှုတွေ့ခဲ့တယ်။ 38 00:02:16,902 --> 00:02:22,637 ကျွန်မ သူငယ်ချင်း တစ်ယောက် တစ်လအတွင်းမှာ ဖတ်နိုင်မှု တစ်ဆင့်ခွဲ မြင့်တက်သွားတယ်။ 39 00:02:22,637 --> 00:02:23,533 နောက်ဆုံးမှာတော့၊ 40 00:02:23,533 --> 00:02:28,393 လူကြီးများနဲ့ပါ စာဖတ်အုပ်စုများ ဖွဲ့ပြီး ဖတ်ကြားခွင့် ကျွန်မတို့ ရလိုက်ကြပါသေးတယ်။ 41 00:02:28,393 --> 00:02:30,111 အဲဒီလို အတွေ့အကြုံတွေ ရှိလာခဲ့လို့၊ 42 00:02:30,111 --> 00:02:34,831 သိပ်မကြာလိုက်တဲ့ အဲဒီကာလအတွင်းမှာ ကျွန်မ အသက်၊ ကျွန်မတက်ခဲ့တဲ့ အတန်းနဲ့ မဆိုင်ဘဲ 43 00:02:34,831 --> 00:02:38,203 ကျွန်မဟာ ဆရာတစ်ဦး ဖြစ်လာတာ ဂုဏ်ယူမိတယ်။ 44 00:02:38,203 --> 00:02:40,784 အခုတော့ ရှင်တို့ အားလုံးကို ကျွန်မ တစ်ခု မေးချင်ပါတယ်- 45 00:02:40,784 --> 00:02:43,563 စိတ်လိုက်မာန်ပါ လုပ်ချင်တဲ့ အရာတွေ ရှင်တို့ဆီမှာ ရှိကြသလား။ 46 00:02:43,563 --> 00:02:47,471 ကျွန်မ ကိုယ်၌ စိတ်လိုက်မာန်ပါ လုပ်ချင်တာ အများကြီးပါ၊ ရှင်တို့ဆီမှာလည်း ရှိကြမှာပါ။ 47 00:02:47,471 --> 00:02:51,719 ကျွန်မက ချက်ပြုတ်ရတာ၊ ဇာထိုးရတာ၊ ဥယျာဉ် စိုက်ပျိုးရတာ၊ ပုံကြမ်းဆွဲရတာ ဝါသနာပါတယ်။ 48 00:02:51,719 --> 00:02:55,970 ဒီလို ဝါသနာတွေကို ကျွန်မဘဝထဲ ကြုံခဲ့ရတဲ့ ဆရာတွေဆီကနေပြီး ရရှိခဲ့တာပါ။ 49 00:02:55,970 --> 00:02:59,445 ဆရာ Mr. Farhan ဆိုရင် ကျွန်မတို့ ကျောင်းထဲက ဥယျာဉ်မှူးတစ်ဦးပါ၊ 50 00:02:59,445 --> 00:03:02,315 permaculture ဆိုတာ သူ့ဆီက သင်ယူရတာ အရမ်း သဘောကျတယ်။ 51 00:03:02,315 --> 00:03:06,455 ဒီရက်ပိုင်းထဲမှာ ကျွန်မဟာ aquaponics လို့ ခေါ်တဲ့ ဥယျာဉ်ပုံစံသစ်ကို လေ့လာနေတယ်။ 52 00:03:06,455 --> 00:03:09,806 ဒါမှမဟုတ် ကျွန်မ အမေဆို ချက်ပြုတ်ဖို့ကို သင်ပ​ေးလိုက်တော့၊ 53 00:03:09,806 --> 00:03:13,312 အနီးအနားမှာ သူမရှိလည်း ကျွန်မ ကိုယ့်သာသာကိုယ် ရပ်တည်နိုင်ပြီလေ။ 54 00:03:13,312 --> 00:03:15,475 သူတို့ထဲက ဘယ်သူမှာမှ ဆရာဆိုတဲ့ ချံပီယံဘွဲ့ကို 55 00:03:15,475 --> 00:03:17,481 ရသူတွေ မဟုတ်ခဲ့တာ ရှင်တို့ သတိထားမိကြမှာပါ။ 56 00:03:17,481 --> 00:03:20,638 ဒါပေမဲ့ သူတို့ဟာ ကိုယ့်နည်းကိုယ်ဟန်နဲ့ ဆရာတွေ ဖြစ်ခဲ့ကြတာ သေချာတယ်။ 57 00:03:20,638 --> 00:03:24,377 ဒီအကြောင်း စဉ်းစားကြည့်ကြပါ။ ရှင်တို့ ဘဝ ထဲမှာကော အဲဒီလိုဆရာတွေ ရှိခဲ့ဘူးကြလား။ 58 00:03:24,377 --> 00:03:26,158 ရှိခဲ့ကြမှာ ကျွန်မ သေချာတယ်။ 59 00:03:26,158 --> 00:03:27,519 ကျွန်မ အသိုင်းအဝိုင်းထဲတွင် 60 00:03:27,519 --> 00:03:31,604 လူတွေဟာ အရာမျိုးစုံကို လုပ်ကိုင်တတ်ကြတော့ ကျွန်မ သူတို့ထံ သင်ယူနိုင်တာ အများကြီးပဲ။ 61 00:03:31,604 --> 00:03:36,186 အမှိုက်ကောက်သူ အလုပ်ကိုစည်းရုံပုံ၊ တံမြက်လှည်းသူထံမှ သင့်ရှင်းမှုအကြောင်း၊ 62 00:03:36,186 --> 00:03:39,945 လက်သမားဆရာထံမှ သင်္ချာပညာ၊ အိမ်ရှင်မထံမှ ချက်ပြုတ်မှု 63 00:03:39,945 --> 00:03:43,317 ဆိုင်ပိုင်ရှင်ထံမှ လုပ်ငန်းကို စီမံလုပ်ကိုင်ရပုံ သင်ယူနိုင်ပါတယ်။ 64 00:03:43,317 --> 00:03:47,897 ဒါပေမဲ့ သူတို့ဆီကနေ သင်ယူနိုင်တဲ့ အရာတွေ အကြောင်း ကျွန်မတို့ စဉ်းစားခဲ့ဘူးကြရဲ့လား။ 65 00:03:47,897 --> 00:03:51,103 တကယ်တော့ သူတို့ရဲ့ အသက်၊ လိင်၊ သူတို့ လုပ်ကိုင်ကြတဲ့ အလုပ်တွေကြောင့် 66 00:03:51,103 --> 00:03:53,455 သူတို့က ဘာမဆိုကို ကျွန်မတို့ကို သင်ပေးနိုင်ကြတယ်။ 67 00:03:53,455 --> 00:03:56,684 လက်တွေ့တွင်၊ သူတို့က မျိုးစုံသော အရာတွေကို သင်ပေးနိုင်ကြတယ်။ 68 00:03:56,684 --> 00:03:59,054 လူတိုင်းဟာ ဆရာတစ်ယောက်ပဲလို့ ကျွန်မ ယုံကြည်တယ်။ 69 00:03:59,054 --> 00:04:01,075 ရှင်တို့လည်း ဆရာပါ၊ ကျွန်မလည်း ဆရာပါ။ 70 00:04:01,075 --> 00:04:05,033 ဒီနေရာမှာ အသက်က ဘယ်လောက်၊ လိင်ကပါလဲ၊ လုပ်တဲ့ အလုပ်က ဘာလဲ၊ အရေးမကြီးပါဘူး။ 71 00:04:05,033 --> 00:04:08,707 ကျွန်မတို့ဟာ ပတ်ဝန်းကျင်ရှိ လူတိုင်းကို ဆရာတွေအဖြစ် မြင်ကြမယ်ဆိုရင်၊ 72 00:04:08,707 --> 00:04:12,339 တစ်နေ့နေ့တွင် စံပြဖြစ်တဲ့ ၁ အချိုး ၁ ကို ရရှိလာကြမှာပါ။ 73 00:04:12,339 --> 00:04:13,749 ကျေးဇူးတင်ပါတယ်။