ကျွန်တော်အသက် ခုနှစ်နှစ်၊ ညီမလေးက ငါးနှစ်ပဲရှိတုန်းက နှစ်ထပ်ခုတင်ထိပ်မှာ ကစားနေတုန်းပါ၊ အဲဒီအချိန်က ကျွန်တော်က ညီမလေးထက် နှစ်နှစ်ပိုကြီးပါတယ်၊ ဆိုလိုတာက အခု သူ့မထက် နှစ်နှစ်ပိုကြီးတာပေါ့။ ဒါပေမဲ့ အဲဒီအချိန်က ကျွန်တော်လုပ်စေချင်တာ သူမလုပ်ပေးရတယ်၊ ကျွန်တော်က စစ်တိုက်တမ်း ကစားချင်တယ်လေ။ ကျွန်တော်တို့တွေ နှစ်ထပ်ခုတင်ထိပ်မှာပေါ့။ ခုတင်ရဲ့ အခြားဘက်မှာ ကျွန်တော့ရဲ့ G.I. Joe စစ်သားတွေနဲ့ လက်နက်အစုံခင်းထားတယ် အခြားဘက်မှာတော့ ညီမလေးရဲ့ My Little Ponies မြင်းတပ်တွေ စစ်ဆင်ဖို့ အဆင်သင့်ဖြစ်နေတယ်။ အဲဒီမွန်းလဲွပိုင်းက တကယ်ဖြစ်ခဲ့တာနဲ့ မတူတဲ့ အဖြစ်အပျက်တွေရှိခဲ့တယ်။ ဒါပေမဲ့ ဒီနေ့ ဒီနေရာမှာ ကျွန်တော့ညီမ မရှိတော့ အဖြစ်မှန်ကို ပြောပြပါရစေ။ (ရယ်သံများ) ဒါက ကျွန်တော့ ညီမရဲ့ နည်းနည်း ဖရိုဖရဲဖြစ်တဲ့ဘက်မှာပါ။ ဘာမှန်းမသိရပဲ သူ့အကိုဆီက လုံးဝ ကူညီတာ၊ တွန်းတာမရှိပဲနဲ့ နှစ်ထပ်ခုတင်ထိပ်ကနေ Amy ပျောက်သွားပြီး ကြမ်းပြင်ပေါ် ဘုန်းကနဲကျသွားတယ်။ ညီမကျသွားအောင် ဘာက တွန်းချလဲဆိုတာသိဖို့ ဟိုဘက်ကို ကြောက်ကြောက်နဲ့ ကြည့်လိုတ်တော့ သူမဟာ လက်တွေ၊ ဒူးတွေနဲ့ မြေပြင်ပေါ်ကို မခံနိုင်လောက်အောင် လေးဘက်ထောက် ကျတာ တွေ့ရတယ်။ ကျွန်တော် ကြောက်ခဲ့တာက မိဘတွေက ကျွန်တော်တို့ မောင်နှမ အတတ်နိုင်ဆုံး ဘေးကင်းကင်းနဲ့ တိတ်တိတ်လေး ကစားဖို့ ကျွန်တော့ကို မှာထားလို့ပါ။ အရင် တစ်ပတ်ကတင် Amy ရဲ့ လက်မောင်းကို မတော်တဆ ကျိုးစေခဲ့သလို ဖြစ်တဲ့ပုံကို မြင်ပြီး (ရယ်သံများ) (ရယ်သံ ဆုံးသည်) လာနေတဲ့ ချောင်းပစ် စိတ်ကူး ကျည်ဆံလွဲအောင် သူရဲကောင်းဆန်ဆန် သူမကိုတွန်းဖယ်ရင်းပါ (ရယ်သံများ) ဒီအတွက် ကျွန်တော့ကို ကျေးဇူးတင်ရမှာလေ၊ ကျွန်တော်က အတတ်နိုင်ဆုံးကြိုးစားနေတာ သူမက လာတာတောင်မမြင်ဘူး၊ အကောင်းဆုံး အပြူအမူဖြစ်ဖို့ ကြိုးစားနေတာလေ။ ညီမမျက်နှာကို တွေ့တယ်၊ နာလို့ ငိုတဲ့အသံနဲ့ ဝေဒနာခံစားပြီး အံ့ဩမှုက သူမပါးစပ်ကနေ ပွင့်ထွက်ဖို့ ခြိမ်းခြောက်နေကာ အတည်ကျနေတဲ့ ရှည်ကြာတဲ့ ဆောင်း မှေးစက်ခြင်းက မိဘတွေကို နိုးစေတယ်၊ လုပ်ခဲ့တာ တစ်ခုတည်းပါ။ ပျာနေတဲ့ ခုနှစ်နှစ် ဦးနှောက်က စဉ်းစားနိုင်တာက အဖြစ်ဆိုးကို ရှောင်ဖို့ပါ။ သင်တို့မှာကလေးတွေရှိရင် ဒါကို အကြိမ်ရာချီပြီး မြင်ဖူးကြပါတယ်။ ကျွန်တော်က "Amy နေဦး၊ မငိုနဲ့၊ နင်ကျသွားပုံကို မြင်ခဲ့လား။ ဘယ်လူသားမှ ဒီလို လေးဘက်မကျဘူး။ Amy နင်က ဒဏ္ဍာရီမြင်းလို့ ဆိုလိုတာထင်တယ်" (ရယ်သံများ) ကဲ၊ ဒါက လှည့်စားနေတာပါ။ အကြောင်းက ထူခြားတဲ့ ဒဏ္ဍာရီမြင်းကလွဲပြီး နာကျင်နေတဲ့ ငါးနှစ်သမီး ညီမလေး Amy မဖြစ်ဖို့ထက် သူမ ပိုလိုချင်တာမရှိလို့ပါ။ တကယ်က ဒီရွေးချယ်မှုဟာ အတိတ် တစ်နေရာမှမရှိတဲ့ သူမဦးနှောက် ပွင့်ဖို့ပါ။ ခြယ်လှယ်ခံရတဲ့ သနားစရာ ညီမရဲ့ ဝိရောဓိ ရင်ဆိုင်ပုံ မြင်နိုင်တယ် အခုပဲ ကြုံလိုက်ရတဲ့ နာကျင်မှု၊ ဝေဒနာ၊ အံ့ဩမှုကို ခံစားရင်း (သို့) သူမအသစ်တွေ့ရှိတဲ့ ဒဏ္ဍာရီမြင်းကိုဆင်ခြင်ရင်း သူ့ဦးနှောက်လေးက အင်အားတွေကို မြှပ်နှံဖို့ကြိုးစားစဉ် ဒုတိယက နိုင်သွားတယ်။ ငိုတာ (သို့) ကစားပွဲကို ရပ်စဲတာအစား၊ ကျွန်တော့အတွက် မကောင်းတဲ့ အကျိုးဆက်အားလုံးနဲ့ မိဘတွေကို နှိုးတာအစား၊ သူမျက်နှာမှာ ပြုံးရိပ်သန်းလာကာ ဒဏ္ဍာရီမြင်းလေးရဲ့ ကျက်သရေအားလုံးနဲ့အတူ နှစ်ထပ်ခုတင်ပေါ်ကို ကုတ်ကတ်တက်လိုက်တယ်။ (ရယ်သံများ) ခြေတစ်ဘက်ကျိုးနဲ့ပေါ့။ ငါးနှစ်၊ ခုနှစ်နှစ် နုနယ်တဲ့ အရွယ်မှာ ကျွန်တော်တို့ အမှတ်မထင်တွေ့ခဲ့တာက အဲဒီအချိန်ကတော့ မသိခဲ့တာက သိပ္ပံဆိုင်ရာ တော်လှန်ရေးရဲ့ ရှေ့ပြေးဖြစ်တော့မယ့် နောက် ဆယ်စုနှစ်စုအကြာမှာ ဖြစ်နေတဲ့ ဒီနည်းနဲ့ လူ့ဦးနှောက်ကို ကြည့်တဲ့ဟာပါ အပြုသဘော စိတ်ပညာလို့ခေါ်တဲ့ဟာကို အမှတ်မထင်တွေ့မိတာပါ။ ဒီနေ့ ဒီနေရာမှာရှိရတဲ့ အကြောင်းနဲ့ မနက်တိုင်း ကျွန်တော် နိုးရတဲ့ အကြောင်းပါ။ ကုမ္ပဏီတွေ၊ ကျောင်းတွေနဲ့အတူ ပညာရေးအပြင်ဘက်မှာ ဒီသုတေသနအကြောင်းစပြီး ပြောတော့ ပထမဆုံး သူတို တစ်ခါမှ မလုပ်ဖူးဘူးလို့ ပြောတာက ဂရပ်နဲ့စဖို့ပါ။ ပထမဆုံး ကျွန်တော်လုပ်ချင်တာက ဂရပ်နဲ့ စချင်တာပါ။ ဂရပ်က ပျင်းစရာပုံပေါက်ပေမဲ့ ကျွန်တော့ကို စိတ်လှုပ်ရှားစေပြီး မနက်တိုင်းနိုးစေတဲ့အကြာင်းပါ။ ဒီဂရပ်က ဘာအနက်မှတောင်မရှိဘူး၊ ဒေတာ အတုပါ။ ကျွန်တော်တို့ တွေ့ရှိတာက (ရယ်သံများ) သင့်ကို လေ့လာရင်း ဒီဒေတာရရင် ကျွန်တော် စိတ်လှုပ်ရှားလိမ့်မယ်၊ အကြောင်းက အဲဒီမှာ လားရာတစ်ခုရှိလို့ပါ၊ ဆိုလိုတာက ဒါကို ပုံနှိပ်ထုတ်လိုက်လို့ရတယ် ဒါက တကယ့် အရေးပါတာပါ။ မျဉ်းကွေးအထက် ခပ်ကြောင်ကြောင် အနီစက်ရှိတယ်၊ အခန်းထဲမှာ ခပ်ကြောင်ကြောင် တစ်ဦးရှိတယ်၊ သင်ဘယ်သူဆိုတာ သိတယ်၊ အစောကြီးတည်းက မြင်ခဲ့တာ၊ ပြဿနာမရှိပါဘူး။ သင်တို့အများစု သိသလိုပဲ ပြဿနာမရှိဘူး ဆိုတာက ဒီအစက်ကို ဖျက်ပစ်လို့ရလို့ပါ။ ဒီအစက်ကို ဖျက်ပစ်လို့ရတာက ဒါက တိုင်းတာမှု အမှားဆိုတာ ရှင်းနေလို့ပါ တိုင်းတာမှု အမှားလို့သိတာက ဒါကကျွန်တော့ဒေတာတွေကို ဖွနေလို့ပါ။ (ရယ်သံများ) ဒီတော့ ဘောဂဗေဒ၊ စာရင်းအင်း၊ စီးပွားရေးနဲ့ စိတ်ပညာသင်တန်းတွေမှာ လူတွေကို သင်ကြားပေးတဲ့ ပထမဆုံးတစ်ခုက ဒီငကြောင်တွေကို စာရင်းအရ ခိုင်လုံတဲ့နည်းနဲ့ ဖျက်ပစ်နိင်ပုံပါ။ အံအကိုက်ဆုံးမျဉ်း တွေ့နိုင်ဖို့ ကြောင်တာတွေကို ဘယ်လိုရှင်းနိုင်လဲ။ သာမန်လူတစ်ဦး တစ်နေ့ Advil ဘယ်နှစ်လုံးသောက်တာ ရှာတွေ့ဖို့ ကြိုးစားတာဆိုရင် သိပ်ကောင်းတာပေါ့၊ နှစ် ဒါပေမဲ့ သင့်ရဲ့ အစွမ်းအစ၊ ပျော်ရွှင်မှု၊ ထုတ်လုပ်မှု၊ စွမ်းအင်၊ ဖန်တီးမှုကို ကျွန်တော်စိတ်ဝင်စားတယ်ဆိုရင် သိပ္ပံပညာနဲ့အတူ ပျမ်းမျှ ကျင့်ထုံးတစ်ခု ဖန်တီးနေပါတယ်။ "စာသင်ခန်းတစ်ခုမှာ ကလေးတစ်ဦး စာဖတ်တတ်ဖို့ ဘယ်လောက်မြန်မြန် သင်နိုင်လဲ" လို့မေးရင် သိပ္ပံပညာရှင်တွေ ပြောင်းတာက "ဒီစာစာသင်ခန်းမှာ သာမန်ကလေးတစ်ဦး စာဖတ်တတ်ဖို့ ဘယ်မြန်မြန် သင်ယူနိုင်လဲ" စာသင်ခန်းကို ပျမ်းမျှလို့ ပြုပြင်လိုက်ပြီး သင်ဟာ ပျမ်းမျှအောက်မှာဆိုရင် စိတ်ပညာရှင်တွေ စိတ်လှုပ်ရှားကြမယ် အကြောင်းက သင်ဟာ စိတ်ကျတာ (သို့)ဖရိုဖရဲဖြစ်နေတာလို့ဆိုလိုပြီး နှစ်ခုစလုံး ထင်ရလို့ပါ။ လုပ်ငန်းပုံစံက သင်ဟာ ပြဿနာနဲ့ ကုထုံးတစ်ချိန်ဝင်ရင် သင့်မှာ ဆယ်ခုရှိတာသိဖို့ သေချာချင်တာကြောင့် သင်ဆက်ပြီးရတဲ့အတွက်ကြောင့် နှစ်ခုလုံး မျှော်လင့်တယ် လိုအပ်ရင် သင့်ရဲ့ ငယ်ဘဝဆီ ပြန်သွားပေမဲ့ နောက်ဆုံး သင့်ကို ပုံမှန်ပြန်ဖြစ်စေချင်တယ်။ ဒါပေမဲ့ ပုံမှန်က ပျမ်းမျှပါ။ တော်ရုံသင့်ရုံဟာကို လေ့လာရင် တော်ရုံသင့်ရုံပဲ ရှိနေမယ်လို့ အပြုသဘော စိတ်ပညာက ယူဆပါတယ်။ ဒီလိုဆို ဒီကြောင်နေတာတွေကို ဖျက်ပစ်တာအစား တမင်တကာ လုပ်ချင်တာက ဒီလို လူဦးရေတစ်ခုထဲကို် ဝင်ပြီး "ဘာကြောင့်" လို့ ပြောတာပါ။ ဘာကြောင့် သင်တို့အချို့ဟာ
ဉာဏ်ရည်၊ အားကစား၊ ဂီတအစွမ်း၊ ဖန်တီးမှု၊ စွမ်းအင်အဆင့်တွေ၊ စိန်ခေါ်မှု ရင်ဆိုင်ရာ ဒဏ်ခံနိုင်မှု ဟာသဉာဏ်အရ မျဉ်းကွေးရဲ့ အထက် မြင့်တာလဲ။ ဘာပဲဖြစ်ဖြစ် သင့်ကိုပယ်ဖျက်တာအစား ကျွန်တော်လုပ်ချင်တာက သင့်ကိုလေ့လာဖို့ပါ။ လူတွေကို ပျမ်းမျှအထိပဲ တိုးမြှင့်ပုံသာမက ကုမ္ပဏီတွေ၊ ကမ္ဘာတစ်လွှားက ကျောင်းတွေက ပျမ်းမျှတစ်ခုလုံးကို တိုးမြင့်အောင်လည်း သတင်းကောက်နိုင်လောက်လို့ပါ။ ဒီဂရပ်က ကျွန်တော့အတွက် အရေးကြီးတာက သတင်းတွေမှာ သတင်းအများစုဟာ အပြုသဘောမဟုတ်ပဲ တကယ်ကျတော့ အပျက်ဆောင်နေလို့ပါ။ အများစုက လူသတ်မှု၊ ခြစားမှု၊ ရောဂါတွေ၊ သဘာဝဘေးတွေပါ။ အလျှင်အမြန်ပဲ ဦးနှောက်က ကမ္ဘာထဲက အပြုနဲ့ အပျက်သဘောရဲ့ တိကျတဲ့ အချိုးကို စတွေးမိတယ်။ ဒါက "ဆေးကျောင်း ရောဂါလက္ခဏာစု" ကို ဖန်တီးတယ်။ ဆေးဘက်ဆိုင်ရာ သင်ကြားမှု ပထမနှစ်အတွင်းမှာ ရောဂါလက္ခဏာစုတွေနဲ့ ရောဂါအားလုံးရဲ့ စာရင်းကို ဖတ်ကြည့်လိုက်စဉ် ဒါအားလုံး သင့်မှာရှိတာ ရုတ်တရက် သိသွားတယ်။ (ရယ်သံများ) Bobo ဆိုတဲ့ ယောက်ဖတစ်ယောက်ရှိတယ်၊ ဒါကတော့ အခြားဇာတ်လမ်းပါ၊ Bobo က ဒဏ္ဍာရီမြင်း Amy ကို လက်ထပ်တယ်။ Bobo က ကျွန်တော့ကို ဖုန်းဆက်တယ်၊ (ရယ်သံများ) Yale ဆေးကျောင်းကနေ Bobo ပြောတာက "Shawn ရေ၊ ငါ့မှာ နူနာရှိတယ်ကွ" (ရယ်သံများ) ဒါက Yale မှာတောင် အင်မတန် ရှားပါတယ်၊ ဒါပေပမဲ့ Bobo ကို ဘယ်လို ဖြေသိမ့်ရမှန်းမသိဘူး၊ အကြောင်းက သူက တစ်ပတ်လုံး သွေးဆုံးကိုင်နေလို့ပါ။ (ရယ်သံများ) တွေ့တာက ဒီဌအဖြစ်က ကျွန်တော်တို့ကို ပုံဖော်တာ မဟုတ်ပေမဲ့ သင့်ဒိဌဖြစ်ရပ်ကို ပုံဖော်တဲ့ ကမ္ဘာကို သင့်ဦးနှောက်က ရှုမြင်တဲ့မှန်ဘီလူးတွေကိုပါ။ ဒီမှန်ဘီလူးတွေ ပြောင်းနိုင်ရင် သင့်ပျော်ရွှင်မှုကို ပြောင်းနိုင်ရုံမက ပညာရေးနဲ့ လုပ်ငန်းပိုင်း ရလဒ် တစ်ခုချင်းကိုပါ ပြောင်းနိုင်ပါတယ်။ Harvard ကို လျှောက်တင်ရဲခဲ့တယ်။ ဝင်ဖို့ မမျှော်လင့်ခဲ့ဘူး၊ မိသားစုက ကောလိပ်အတွက် ငွေမရှိခဲ့ဘူးလေ။ နှစ်ပတ်အကြာ စစ်ဘက် ပညာသင်ဆုရတော့ ကျွန်တော့ကို ပေးသွားတယ်။ တစ်ခါတစ်လေ ဒါက တကယ်ဖြစ်လာဖို့ ဖြစ်နိုင်ခြေတောင် မရှိတာပါ။ ထင်မြင်မိတာက အဲဒီက လူတိုင်းဟာ ဒါကို အထူးအခွင့်အရေးလို့မြင်ပြီး အဲဒီကိုရောက်ဖို့ စိတ်လှုပ်ရှားကြမယ် စာသင်ခန်းထဲမှာတာင် ကိုယ့်ထက် ပိုတော်သူတွေ ပြည့်နေတယ်။ ဒီစာသင်ခန်းမှာ ရှိရတာ သင်ပျော်မယ်လို့ ခံစားမိတယ်။ ဒါပေမဲ့ တွေ့ရတာက လူတစ်ချို့ ဒါကို တွေ့ကြုံခံစားရပေမဲ့ လေးနှစ်ပြည့်လို့ ကျွန်တော်ဘွဲ့ရကာ ကျောင်းသားတွေနဲ့ အဆောင်မှာနေပြီး နောက် ရှစ်နှစ်ကုန်ဆုံးတဲ့အခါ Harvard က မေးတာက ကျွန်တော် အဲဒီကောင်မဟုတ်ဘူး (ရယ်သံများ) ခက်ခဲတဲ့ လေးနှစ်လုံးလုံး ကျောင်းသားတေွကို အကြံပေးဖို့ အရာရှိလုပ်ခဲ့တယ်။ ကျွန်တော့ သုတေသနနဲ့ သင်ကြားရေးမှာ တွေ့ရတာက ဒီကျောင်းသားတွေဟာ ကျောင်းဝင်ခွင့်ရခြင်းရဲ့ မူလ အောင်မြင်မှုနဲ့ ဘယ်လောက်ပဲ ပျော်ကြပျော်ကြ နှစ်ပတ်အကြာ သူတို့ဦးနှောက်တွေ အာရုံစိုက်တာ ဒီကိုရောက်တဲ့ အထူးအခွင့်အရေးမဟုတ်ပဲ၊ သူတိုရဲ့ ဒဿနဗေဒနဲ့ ရူဗဗေဒမဟုတ်ပဲ ယှဉ်ပြိုင်မှု၊ အလုပ်တာဝန်၊ စောဒကတွေ၊ ဖိစီးမှုတွေ၊ မကျေနပ်ချက်တွေမှာပါ၊ အဲဒီကို ပထမဆုံးရောက်တော့ ပထမနှစ်အတန်းသား ထမင်းစာခန်းထဲဝင်သွားတယ်၊ အဲဒီနေရာက ကျွန်တော့ Waco, Texas က သူငယ်ချင်း၊ကျွန်တော် ကြီးပြင်းခဲ့ရာပါ၊ တစ်ချို့ သိတာ ကျွန်တော်သိတယ်။ သူတို့ သွားလည်တော့ လှည့်ပတ်ကြည့်ကာ ပြောတာက "ဒီထမင်းစားခန်းက Hogwart ရဲ့ တစ်ခုခုနဲ့ တူတယ်"တဲ့။ တူတာပေါ့၊ ဒါက Hogwart ပိုင်ပြီး ဒါက Harvard ဖြစ်တာကိုး။ ဒါကိုတွေတော့ ပြောတာက "ဘာလို့ Harvard မှာ ပျော်ရွှင်မှုအကြောင်း လေ့လာကာ အချိန်ဖြုန်းတာလဲ၊ Harvard ကျောင်းသားတစ်ယောက် မပျော်ရွှင်စေရတာက ဘာဖြစ်နိုင်လဲ။" ဒီမေးခွန်းထဲမှာ မြှုပ်ထားတာက ပျော်ရွှင်မှု သိပ္ပံကို နားလည်ဖို့ သော့ချက်ပါ။ အကြောင်းက ကျွန်တော်တို့ ပြင်ပလောကဟာ ပျော်ရွှင်မှုအဆင့်တွေရဲ့ နိမိတ်ဆောင် တယ်လို့ မေးခွန်းက ယူဆလို့ပါ။ လက်တွေ့မှာက သင့်ရဲ့ ပြင်ပလောက အကြောင်း ကျွန်တော် အကုန်သိတယ်ဆိုရင် သင့်ရေရှည်ပျော်ရွှင်မှုရဲ့ ၁၀% ပဲ ကြိုပြောနိုင်ပြီး သင့်ပျော်ရွှင်မှုရဲ့ ၉၀% ဟာ ပြင်ပလောကကနေ မဟုတ်ပဲ ဦးနှောက်က လောကကို စီမံပုံက ကြိုပြောနိုင်တာပါ။ ဒါကို ပြောင်းလိုက်ရင် ပျော်ရွှင်မှုနဲ့ အောင်မြင်မှု ပုံသေနည်း ပြောင်းရင် ဒီဌအြဖစ်ကို သက်ရောက်စေတဲ့ နည်းလမ်းကို ပြောင်းနိုင်ပါတယ်။ တွေ့ရှိရတာက အလုပ် အောင်မြင်မှုရဲ့ ၂၅% လောက်ပဲ IQ က ကြိုပြောနိုင်ကာ အလုပ် အောင်မြင်မှုရဲ့ ၇၅% ကတော့ အကောင်းမြင်မှု အဆင့်တွေ၊ လူမှုရေး ပံ့ပိုးမှု၊ စိတ်ဖိစီးမှုကို ခြိမ်းခြောက်မှုအစား စိန်ခေါ်မှုအဖြစ် မြင်နိုင်စွမ်းက ကြိုပြောနိုင်တာ။ ဂုဏ်အကြီးဆုံးကျောင်းဖြစ်လောက်တဲ့ New England ဘော်ဒါကျောင်းကို ပြောခဲ့တယ်၊ သူတို့က"ကျွန်တော်တို့ သိပြီးသားပါ၊ နှစ်စဉ် ကျောင်းသားတွေကို သင်ကြားတာ သက်သက်အစား ကျန်းမာတဲ့သီတင်းပတ်ရှိပါတယ်။ တနင်္လာည အရမ်းစိတ်လှုပ်ရှားကာ ကြီးကောင်ဝင် စိတ်ကျခြင်းအကြာင်းပြောမယ့် ကမ္ဘာ့ အထင်ကရ ကျွမ်းကျင်သူ ရှိပါတယ်။ အင်္ဂါညက ကျောင်း ကြမ်းတမ်းမှုနဲ့ အနိုင်ကျင့်တာ ဗုဒ္ဓဟူးညက အစားအသောက် ကမောက်ကမ၊ ကြဿပတေးညက တရားမဝင် မူယစ်ဆေးသုံးတာ၊ သောကြာည ဘေးများတဲ့ ကာမ (သို့) ပျော်ရွှင်မှုကြားက ကြိုးစား၊ ဆုံးဖြတ်နေတာ (ရယ်သံများ) ကျွန်တော်ပြောတာက "လူအများစုရဲ့ သောကြာ ညတွေ"ပါ (ရယ်သံများ) (လက်ခုပ်သံများ) သင်တို့ နှစ်သက်တာ ဝမ်းသာပေမဲ့ သူတို့ကတော့ လုံးဝမကြိုက်ကြဘူး။ ဖုန်းကို အသံပိတ်ထားပါ၊ တိတ်ဆိတ်မှုမှာ ကျွန်တော် ပြောတာက "သင့်ကျောင်းမှာ ပြောဖို့ ပျော်မိမယ် ဒါပေမဲ့ ကျန်းမာတဲ့ သီတင်းပတ်မဟုတ်ပဲ ဖျားနေတဲ့ သီတင်းပတ်ပါ ဖြစ်နိုင်တဲ့ အပျက်သဘောအားလုံးကို အကြမ်းဖျင်းပြထားပေမဲ့ အပြုသဘောအကြောင်း မပြောခဲ့ဘူး။" ရောဂါမရှိတာက ကျန်းမာရေးမဟုတ်ဘူး။ ဒါက ကျန်းမာရေးဆီ သွားပုံပါ။ ပျော်ရွှင်မှု၊ အောင်မြင်မှု ပုံသေနည်းကို လှန်ပစ်ဖို့လိုတယ် လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ၄၅ နိုင်ငံကို ခရီးထွက်ခဲ့တယ်၊ စီးပွားရေးကျဆင်မှုအတွင်းက ကျောင်းတွေ၊ ကုမ္ပဏီတွေနဲ့ တွဲလုပ်ရင်းပါ။ တွေ့ရှိရတာက ကုမ္ပဏီတွေနဲ့ ကျောင်းအများစုဟာ အောင်မြင်မှု ပုံသေနည်းကို လိုက်နာတာပါ၊ ဒါက "အလုပ်ပိုကြိုးစားရင်၊ ပိုအောင်မြင်မယ်၊ ပိုအောင်မြင်ရင် ပိုပြီး ပျော်ရွှင်မယ်ပေါ့။ ဒါက အုပ်ထိန်းမှုနဲ့ စီမံမှုပုံစံ အများစုကို ကျားကန်ပေးတယ်၊ အပြုအမူကို တွန်းအားပေးပုံပါ၊ ပြဿနာက အကြောင်းပြနှစ်ခုအတွက် သိပ္ပံနည်းကျ ကျိုးပဲ့ကာ နောက်ပြန်နေလို့ပါ။ ဦးနှောက်မှာ အောင်မြင်မှုရှိတိုင်း အောင်မြင်မှုက ဘယ်ပုံဆိုတာရဲ့ ပန်းတိုင်ကို သင်ပြောင်းတယ်။ အဆင့်ကောင်းတွေရတယ်၊ အခု ပိုကောင်းတဲ့ အဆင့်တွေဖို့လိုတယ်။ ကျောင်းကောင်းကောင်း ဝင်ပြီး ပိုကောင်းတဲ့ကျောင်း ဝင်ပြီးနောက်မှာ အလုပ်ကောင်းတစ်ခုရတယ်၊ အခု ပိုကောင်းတဲ့အလုပ် ရဖို့လိုတယ် အရောင်းရည်မှန်းချက် ရောက်တယ်၊ ဒါကို ပြောင်းဦးမှာပဲ။ ပျော်ရွှင်မှုက အောင်မြင်မှုရဲ့ ဆန့်ကျင်ဘက် မှာဆို ဦးနှောက်က ဘယ်တော့မှ မရောက်ဘူး။ ပျော်ရွှင်မှုကို လူ့အဖွဲ့အစည်းလို သိမှတ်မှု နယ်ဆီ တွန်းပို့တယ် အကြောင်းက အောင်မြင်ဖို့လို့တယ်၊ ဒါဆို ပို ပျော်မယ်လို့ ထင်လို့ပါ။ ဒါပေမဲ့ ဦးနှောက်တွေက ဆန့်ကျင်ဘက် လုပ်တယ်။ လက်ရှိကာလမှာ တစ်ဦးဦးရဲ့ အပြုသဘော အဆင့်ကို မြှင့်ပေးနိုင်ရင် ဦးနှောက်ဟာ ပျော်ရွှင်မှု တစ်ပန်းသာမှု လို့ အခုခေါ်တာကို ခံစားရပါတယ်။ အပြုသဘောက သင့်ဦးနှောက်ဟာ အပျက်သဘော၊ ကြားနေ၊ စိတ်ဖိစီးနေတာထက် ပို သိသာ ကောင်းမွန်စွာ လုပ်ဆောင်တာပါ။ သင့်ဉာဏ်ရည်၊ သင့်ဖန်တီးမှု၊ သင့်စွမ်းအင်တွေ မြင့်တက်လာတယ်။ တကယ်က လုပ်ငန်းတိုင်း ဝင်ငွေ တိုးတက်လာတာတွေ့ရတယ်။ အပြုသဘောက သင့်ဦးနှောက်ဟာ အပျက်သဘော၊ ကြားနေ၊ စိတ်ဖိစီးနေတဲ့ ဦးနှောက်ထက် ၃၁% ပိုထုတ်လုပ်တယ်၊ အရောင်း ၃၇% ပိုကောင်းတယ်။ ဆရာဝန်တွေဟာ အပျက်သဘော၊ကြားနေ၊ စိတ်ဖိစီးတာထက် အပြုသဘောဖြစ်တဲ့အခါ ၁၉% ပိုမြန်ဆန်၊ ပိုတိကျတဲ့ မှန်ကန်တဲ့ ရောဂါစစ်ဆေးမှုနဲ့ ကြုံရတယ် ပုံသေနည်းကို ပြောင်းပြန်လှန်နိုင်တာပါ။ လက်ရှိကာလမှာ အပြုသဘောဖြစ်မယ့် နည်းလမ်းတစ်ခု ရှာနိုင်ရင် ပိုကြိုးစား၊ ပိုမြန်ဆန်ကာ ပို ထက်မြက်စွာ အလုပ်လုပ်နိုင်တာမို့ ဦးနှောက်ဟာ ပိုတောင်အောင်မြင်စွာ လုပ်တယ်။ ကျွန်တော်တို့ ဦးနှောက်တွေ တကယ် စွမ်းဆောင်နိုင်တာသိဖို့ ပုံသေနည်းကို ပြောင်းပြန်လှန်ဖို့လိုတယ်။ အကြောင်းက အပြုသဘောဆောင်တဲ့အခါ သင့်စနစ်ထဲကို စီးဝင်တဲ့ ဒိုပါမင်ဟာ အလုပ် နှစ်ခု ရှိလို့ပါ သင့်ကို ပိုပျော်စေအောင်လုပ်တာမက သင့်ဦးနှောက်တွင်းက သင်ကြားမှု ဗဟိုတွေကို ဖွင့်ပေးပြီး သင့်ကို ကမ္ဘာနဲ့ နေသားကျဖို့ မတူတဲ့ နည်းတွေ ဖြစ်စေတယ်။ ပိုအပြုသဘောဆောင်နိုင်ဖို့ ဦးနှောက်ကို လေ့ကျင့်နိုင်တဲ့ နည်းလမ်းတွေ တွေ့ထား တယ်။ ၂၁ ရက်ဆက်တိုက် နှစ်မိနစ်ကြာ လုပ်တဲ့ ကာလအတွင်းမှာပဲ သင့်ဦးနှောက်ကို ပြန်သွယ်နိုင်ပါတယ်၊ ပိုအကောင်းမြင်စွာ၊ ပိုအောင်မြင်စွာနဲ့ သင့်ဦးနှောက်ကို တကယ် လုပ်ခွင့်ပေးရင်းပါ။ အခု သုတေသနထဲက အရာတွေကို ကိုယ်တွဲလုပ်တဲ့ ကုမ္ပဏီတိုင်းမှာ လုပ်တယ် ရက်ပေါင်း ၂၁ ရက်ဆက်တိုက် သူတို့ ကျေးဇူးတင်တဲ့ အရာအသစ်တွေကို တစ်နေ့ကို သုံးခုရေးခိုင်တာပါ။ ဒါရဲ့ အဆုံးသတ်မှာ ဦးနှောက်တွေဟာ ကမ္ဘာကို ပုံရိပ်ဖမ်းတာရဲ့ အဆင်တစ်ခုကို အပျက်သဘောမဟုတ်ပဲ အရင်ဆုံး အပြုသဘောအတွက် စထိန်းသိမ်းတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီကျော်က ရရှိခဲ့တဲ့ အပြုသဘော အတွေ့အကြုံတစ်ခုကို ရေးခြင်းဟာ ဦးနှောက်ကို ပြည်လည်ခံစားမိစေတယ်။ လေ့ကျင့်ခန်းက အပြုအမူက အရေးပါတာကို ဦးနှောက်ကို သင်ပေးတယ် တွေ့ရတာက တရားရှုမှတ်ခြင်းဟာ ဦးနှောက်ကို တစ်ချိန်တည်းမှာ အများကြီးလုပ်ဖို့ ကြိုးစားတာက ဖန်တီးတဲ့ အာရုံချွတ်ယွင်းရောဂါကို ကျော်လွှားဖို့ ဦးနှောက်တွေကို လက်ရှိ လုပ်စရာကို အာရုံစိုက်စေတာပါ။ နောက်ဆုံး ကြင်နာမှု ကျပန်း အလုပ်တွေဟာ ကြင်နာမှု သတိရှိတဲ့အလုပ်တွေပါ လူတွေ ဝင်စာဖွင့်တဲ့အခါ ထောက်ပံ့မှု ကွန်ရက်က တစ်ဦးဦးကို ချီးကျုးတဲ့ (သို့) ကျေးဇူးတင်တဲ့ အပြုသဘော စာရေးခိုင်းတယ်၊ ဒီလုပ်ဆောင်မှုတွေ လုပ်ခြင်းနဲ့ ခန္ဓာကိုယ်တွေ လေ့ကျင့်သလို ဦးနှောက်တွေကို လေ့ကျင့်ခြင်းက တွေ့ရတာက ပျော်ရွှင်မှုနဲ့ အောင်မြင်မှု ပုံသေနည်းကို ပြောင်းပြန်လုပ်နိုင်ကာ ဒီလိုလုပ်ခြင်းက အပြုသဘော ရိုက်ခတ်မှုတွေကိုသာမက တကယ့် ပြောင်းလဲမှုဖန်တီးတာပါ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)