ကိန်းဂဏန်းတွေကို အနီးစပ်ဆုံးရှာနိုင်တယ် ဘယ်အခြေအနေမှာ အသုံးပြုမလဲ? ၎င်းကို ခန့်မှန်းသော အခြေအနေတွေမှာ အသုံးပြုမယ် အတိုင်းအတာ ပမာဏတစ်ခုရှိတယ် တိကျအောင်ပြောဘို့ မလိုအပ်ဘူး (သို့) အတိုင်းအတာကို အတိအကျမသိဘူး အနီးစပ်ဆုံးယူထားတဲ့ ကိန်းကို စဉ်းစားကြရအောင်… ၃၆, ၃၄, ၃၅, ၂၆ နှင့် ၁၂ ကို အနီးစပ်ဆုံးယူမယ် တစ်ခုစီကို အနီးဆုံး ဆယ်နေရာထိ ယူထားမယ်... အဲဒီအတွက် အဓိပ္ပါယ်ကို အရိပ်အမြွက်ပေးမယ်… အခြေခံအားဖြင့်ပြောရမယ်ဆိုရင် အဲဒီဂဏန်းကိုယူပြီး တစ်ဆယ်ဖြင့် မြှောက်ခြင်းဟာ အနီးဆုံးဖြစ်တယ် တစ်ဆယ်ဖြင့်မြှောက်ခြင်းဆိုတာဘာလဲ။ တစ်ဆယ်အမြှောက် သုညဟာ သုညဖြစ်တယ် အမြှောက် ၁ သည် ၁၀, ၂၀, ၃၀, ၄၀, ၅၀, ၆၀,... ဗီဒီယိုကို ခဏရပ်ထားပြီး ခုနက ပြောခဲ့တာကိုပဲ အခြေခံပြီး အနီးစပ်ဆုံး တစ်ဆယ်ဖြင့် မြှောက်ခြင်းကို စဉ်းစားကြည့်ရအောင် ပိုပြီးနက်ရှိုင်းစွာ စဉ်းစားကြည့်ရအောင်... ကိန်းမျဉ်း နှစ်ကြောင်းထားရအောင် တချို့ကိန်းမျဉ်းကြောင်းများရှိသည် ဒီကိန်းတွေ ဘယ်နေရာမှာရှိမလဲ စဉ်းစားကြရအောင် ပထမကိန်း ၃၆ အဲဒီကိန်းမျဉ်းကြောင်းကို ဘယ်မှာယူမလဲ အဲဒါက ၃၀ နဲ့ ၄၀ အကြားမှာ ရှိတယ်.. အပြာရောင်က ၃၅ (တစ်ဝက်) ၃၆ ကို အနည်းငယ်မြင့်အောင်ဆွဲမယ် ၃၆ က ဒီမှာပါ ၃၀ နဲ့ ၄၀ ကြားကို အနီးကပ်ဆွဲကြည့် ဒါကို ၃၀ ပြောရင် ဒါက ၄၀ ပေါ့ ၃၆ က ဘယ်နေရာမှာလဲ ဒါက ၃၅ ၊ ၃၆ က တစ်ခုမြင့်တယ် ၃၆ က ဒီနေရာမှာ အနီးစပ်ဆုံး ဆယ်ကိန်းကို လိုချင်ရင် အနီးစပ်ဆုံး တစ်ဆယ်မြှောက်ကိန်း ဘယ်နှစ်ခုက အနီးစပ်ဆုံးဖြစ်မလဲ ကောင်းပြီ၊ ၃၆ ကိုယူပြီး အဲဒါရဲ့အထက် အနီးစပ်ဆုံး ၁၀ ရဲ့ မြှောက်ကိန်း ဒါကတော့ ၄၀ ဖြစ်တယ် အထက်နီးစပ်ကိန်းကိုယူရင် ၄၀ (သို့) အောက် နီးစပ်ကိန်းက ၃၀ ဖြစ်တယ် ဘယ်တစ်ခုက အနီးစပ်ဆုံးဖြစ်နိုင်မလဲလို့ အကဲဖြတ်ရမယ် ဒီအတိုင်းလေးကြည့်ရုံနဲ့ မြင်နိုင်ပါတယ်။ ၃၆ က ၄၀ မှ အကွာအဝေး ၄ ပဲ ကွာတယ် ၃၀ ကဆိုရင် အကွာအဝေးက ၆ လောက်ဝေးတယ်... ၄၀ နဲ့ပိုနီးတယ် အဲဒါကြောင့် ၄၀ ကို အနီးစပ်ဆုံးကိန်းလို့ ယူလိုက်ပါမယ် ဗီဒီယိုကို ခဏရပ်ပြီး ၃၄ ကို စဉ်းစားကြည့်ရအောင်... အနီးစပ်ဆုံး အထက် (သို့) အောက် ဘယ်နေရာနဲ့ ပိုပြီးနီးသလဲ ကိန်းမျဉ်းမှာ ၃၄ က ဒီမှာ ရှိတယ် ၃၄ က ဒီမှာ အနီးကပ်ဆွဲကြည့်မယ် ၃၄ က အဲဒီမှာ ရှိတယ် ကျွန်တော်တို့မှာ ရွေးချယ်ဖို့ အခွင့်အရေး နှစ်ခုရှိတယ်။ အရောင်တူနဲ့ လုပ်ကြည့်မယ်။ ၃၄ ရဲ့ အထက် ၁၀ နဲ့မြှောက်ခြင်းက ၄၀... ၃၄ ရဲ့အောက်ဘက် ၁၀ နဲ့မြှောက်ခြင်းက ၃၀ ဖြစ်တယ် ဘယ်တစ်ခုက ပိုနီးသလဲ ၃၀ နဲ့က ၄ ခု ဝေးပါတယ်… ၄၀ နဲ့ က ၆ ခု ဝေးပါတယ် ၃၀ နဲ့ ပိုပြီး နီးကပ်တယ် ၃၀ ကို နီးစပ်ကိန်းယူပါမယ် နီးစပ်ကိန်းအပေါ်ကို ယူတဲ့အခါ ဆယ်နေရာသည် ၃ မှ ၄ သို့ တိုးသွားမယ်… ၃၀ မှ ၄၀ နီးစပ်ကိန်းအောက်ကို ယူတဲ့အခါ ဆယ်နေရာ ၃၀ မှ ၂၀ သို့ လျော့ကျသွားမယ် မဖြစ်နိုင်ပါ ၃၀ သည် ၃၄ ရဲ့ အောက် ဖြစ်တဲ့ ၁၀ ရဲ့ဆခွဲကိန်းဖြစ်တယ် နီးစပ်ကိန်းအောက်ကို ယူတဲ့အခါ ဆယ်နေရာကိုယူပြီး ခုနေရာကတော့ သုညဖြစ်တယ် စိတ်ဝင်စားစရာတစ်ခုကို ကြိုးစားကြစို့ ၃၅ ကို နီးစပ်ကိန်း ဆယ်ကိန်းဖြစ်အောင် စဉ်းစားကြစို့ ရွေးချယ်ဖို့ နှစ်ခုကို အရင်စဉ်းစားကြစို့ ၃၅ က ဒီမှာရှိတယ် ကိန်းမျဉ်းကြောင်းမှာ ၃၅ က ဒီမှာ ရွေးချယ်ဖို့ နှစ်ခုရှိတယ် အထက်နီးစပ်ကိန်း ၄၀ ကို ယူနိုင်တယ် (သို့) အောက် နီးစပ်ကိန်း ၃၀ ကို ယူနိုင်တယ် ဗီဒီယိုကို ခဏရပ်ပြီး စဉ်းစားကြည့်ကြအောင် ဦးနှောက်စားစရာနည်းနည်းရှိတယ်…နှစ်ဖက်စလုံးနဲ့ ၅ ကွာနေတယ် ၄၀ မှ ၅ ခုကွာတယ် ၃၀ မှ ၅ ခုကွာတယ် သင်္ချာအုပ်စုအဖွဲ့က ဆုံးဖြတ်ပေးခဲ့တယ် “ခုဂဏန်း” နေရာမှ ၅ နှင့်အထက်ဆိုရင် အထက်နီးစပ်ကိန်းကို ယူရမယ်။ ၃၅ သည် နီးစပ်ကိန်း ၄၀ ဖြစ်သွားတယ် “ခုဂဏန်း” နေရာမှ ၆ သည် ၅ ထက်ကြီးသောကြောင့် နီးစပ်ကိန်း ၄၀ ဖြစ်တယ် “ခုဂဏန်း” နေရာမှ ၄ သည် ၅ ထက် ငယ်သောကြောင့် အောက်နီးစပ်ကိန်းကို ယူတယ် တခြားကိန်း နှစ်ခုကို သဲလွန်စပေးနိုင်တယ် ၂၆ ကို စဉ်းစားကြပါစို့ ၂၆ ရဲ့ အထက်နီးစပ်ကိန်းနဲ့ အောက်နီးစပ်ကိန်းက ဘာလဲ ၂၆ ရဲ့ အထက်နီးစပ်ကိန်းသည် ၃၀ ဖြစ်ပြီး အောက်နီးစပ်ကိန်းသည် ၂၀ ဖြစ်တယ် အထက်နီးစပ်ကိန်းဆိုလျှင် ၃၀၊ အောက်နီးစပ်ကိန်းဆိုလျှင် ၂၀ အနီးစပ်ဆုံး "ဆယ်ဂဏန်း" နေရာဆိုလျှင် ဒီနေရာက အနီးဆုံးဖြစ်တယ် “ခုဂဏန်း” နေရာကိုကြည့်ပြီး ဆုံးဖြတ်ရမယ် ဒါက ၅ ထက် ပိုကြီးတယ်… ၅ ထက် ပိုကြီးခြင်း (သို့) ညီခြင်းဆိုလျှင် အထက်နီးစပ်ကိန်းကို ယူမယ် ၂၆ ရဲ့ နီးစပ်ကိန်းက ၃၀ ဖြစ်တယ် ၁၂ ဆိုရင်ကော? နားလည်လာပြီလို့ ထင်ပါတယ် ၁၂ ရဲ့ အထက် နီးစပ်ကိန်းကို စဉ်းစားကြစို့ အထက် နီးစပ်ကိန်းသည် ၂၀ (သို့) အောက်နီးစပ်ကိန်းသည် ၁၀ ဖြစ်တယ် အကယ်၍ အနီးစပ်ဆုံး "ဆယ်ဂဏန်း" နေရာကိုယူချင်လျှင် ၁ ခုနေရာကို ကြည့်ရမယ် ဒီမှာ "ခုဂဏန်း" နေရာကိုကြည့်မယ် ဒါက ၅ ထက်ငယ်တယ်၊ ဒါကြောင့် ဒီကိန်းက ၁၀ နဲ့ ပို၍နီးတယ် အောက်နီးစပ်ကိန်းကိုယူမယ်၊ ၁၀ ဖြစ်ပါတယ်