ကျွန်တော်တို့ တစ်ဦးစီဟာ ကျွန်တော်တို့
နေ့စဉ် မှီခိုနေတဲ့ အရာတစ်ခုကို ဆုံးရှုံး
ကြလိမ့်မယ် (သို့) ဆုံးရှုံးခဲ့ပြီးပါပြီ။
ကွန်တော် တကယ့်ပြောနေတာက
သော့တွေအကြောင်းပါ။
(ရယ်သံများ)
နောက်တာပါ။
တကယ် ဆွေးနွေးချင်တာက ကျွန်တော်တို့ရဲ့
အရေးအကြီးဆုံး အာရုံဖြစ်တဲ့ အမြင်အာရုံပါ။
လုံးဝ ဆုံချက်ချိန်လို့
မရတော့တဲ့အထိ မျက်လုံး
ပြန်လည်ချိန်ညှိနိုင်စွမ်း
နေ့စဉ် နည်းနည်းချင်းစီ ဆုံးရှုံးတယ်။
ဒါကို condition presbyopia လို့ခေါ်ပြီး
ဒါက ကမ္ဘာတစ်လွှားက လူဘီလီယံ
နှစ်သန်းကို ထိခိုက်စေတယ်။
ဒါ မှန်ပါတယ်။ ဘီလီယံလို့ ပြောတာပါ။
သင်ဟာ အနီးမှုန်ရောဂါကို မကြားဖူးဘဲ
"ဒီလူ နှစ်ဘီလီယံက ဘယ်မှာလဲ" လို့
သင်တွေးနေမိတယ်ဆိုရင်
ဒီမှာ အသေးစိတ်မသွားခင်
အရိပ်အမြွက်တစ်ခုပါ။
ဒါက လူတွေ စာကြည့်မျက်မှန် (သို့)
အနီးအဝေး မျက်မှန်တွေတပ်တဲ့အကြောင်းပါ။
အနီးမှုန်မှုဆီ ခုန်ကျော်သွားတဲ့
ပြန်ဆုံချက်ချိန်နိုင်စွမ်း
ဆုံးရှုံးမှု သရုပ်ဖော်နဲ့ စမယ်။
မွေးကင်းစအနေနဲ့ ဆန္ဒရှိမယ်ဆို သင်ဟာ
ခြောက် စင်တီမီတာ ခွဲလောက် အနီးကို
စူးစိုက်နိုင်လိမ့်မယ်။
၂၅ လောက်မှာတော့ ဒီစူးစိုက်မှု စွမ်းအားရဲ့
ထက်ဝက်လောက် ကျန်တယ်။
၁၀ စင်တီမီတာလောက်ပေါ့။
ဒါပေမဲ့ အတော်လေး နီးသေးတော့
ခြားနားမှုကို သတိမထားမိပါ။
ဒါပေမဲ့ ၄၀ နှောင်းမှာတော့
သင် အနီးဆုံး စူးစိုက်နိုင်တာက
၂၅ စင်တီမီတာလောက်ပါ။
ဒါထက် ပိုဝေးနိုင်တာပေါ့။
အဒီထက် ကျော်လွန်ပြီး စူးစိုက်နိုင်စွမ်း
ဆုံးရှုံးမှုက
စာဖတ်တာလို အနီးကပ် အမြင်
အလုပ်တွေကို စထိခိုက်ကာ
အသက် ၆၀ ရောက်ချိန်မှာတော့
သင့်ရဲ့အချင်းဝက် တစ်မီတာအတွင်း
ဘာမှ မရှင်းလင်းဘူး။
လောလောဆယ် တချို့တွေ
တွေးနေလောက်တာက
ဆိုးပုံရပေမဲ့ သူက တင်စားတဲ့
သဘောတစ်ခုနဲ့ ဆိုလိုတာ၊
အနှီးမှုန်တာနဲ့ အဆုံးသတ်သွားတဲ့
လူတွေအတွက်ပဲလို့ပေါ့။
ဒါပေမဲ့ မဟုတ်ဘူး။ သင်တို့တစ်ဦးစီဟာ
ဖြစ်ပြီးသား မဟုတ်ရင်
တစ်နေ့မှာ အနီးမှုန်ရောဂါ
ဖြစ်မယ်လို့ ပြောတာပါ။
ဒါက အနှောင့်အယှက်ဖြစ်ပုံပါ။
သတိပေးချင်တာက အနီးမှုန်ရောဂါက
လူ့သမိုင်းတစ်လျှောက်လုံး ရှိခဲ့ပြီး
ဒါကို ပြင်ဆင်ဖို့ မတူတဲ့ အရာအမျိုးမျိုးနဲ့
ကြိုးစားခဲ့ဘူးကြတာပါ။
ဒီတော့ အစအနေနဲ့ သင်ဟာ ခုံတစ်ခုံမှာ ထိုင်၊
စာဖတ်နေတယိလို့ စိတ်ကူးကြည့်ပါ။
သင်ဟာ အနီးမှုန်ရင်
ဒီလိုမျိုးပုံ နည်းနည်းပေါက်နိုင်တယ်။
အနီးမှာရှိတာတိုင်း
ဥပမာ မဂ္ဂဇင်းဟာ ဝါးနေမယ်။
အဖြေတွေကို ရှာကြည့်ရမယ်။
ပထမ စာဖတ်မျက်မှန်တွေ။
ဒါတွေက အနီးရှိ အရာဝတ္ထုတွေကို
ဆုံချက်ကျဖို့
သတ်မှတ်ဆုံချက် ပါဝါတစ်ခုနဲ့
မှန်ဘီလူးတွေပါတယ်။
ဒါပေမဲ့ ဝေးတဲ့ အရာဝတ္ထုတွေက
သေချာပေါက် ဆုံချက်လွဲသွားမယ်
ဆိုလိုတာက ဒါတွေကို တပ်လိုက်၊
ဖြုတ်လိုက်နဲ့
တချိန်လုံး လုပ်ကိုင်နေရတာပါ၊
ဒီပြဿနာကို အဖြေရှာဖို့
Benjamin Franklin က "နှစ်ထပ်
မျက်မှန်" ဆိုတာကို တီထွင်ခဲ့တယ်။
ဒီနေ့မှာတော့ အနီအဝေး မျက်မှန်လို့ ခေါ်ပြီး
ဒါတွေက အပေါ်ပိုင်းဖြတ်ကြည့်တဲ့အခါ
အဝေးကို မြင်စေပြီး
အောက်ဘက်ကြည့်ရင် အနီးကို မြင်စေတာပါ။
ဒီနေ့မှာလည်း ဆုံချက်အားကို
အထက်မှအောက် သိမ်မွေ့စွာ ပြောင်းပေးကာ
လိုင်းကိုမမြင်ရဘဲ တဖြည်းဖြည်းချင်း
ပြောင်းသွားတဲ့ မှန်ဘီလူးတွေ ရှိတယ်။
ဒီနှစ်ခုစလုံးအတွက် ဆိုးတာက
သတ်မှတ် အကွာအဝေးတိုင်းမှာ
မြင်ကွင်းကို မမြင်ရတာပါ။
အကြောင်းက ဒါက အထက်မှအောက်အထိ
ပိုင်းခြားခံထားရလို့ပါ။
အဲဒါ ဘာကြောင့် ပြဿနာလဲဆိုတာသိဖို့
သင်ဟာ လှေခါးတစ်စင်းမှာ
ဆင်းနေတာလို့ စိတ်ကူးကြည့်ပါ။
ခြေကုတ်ချဖို့ သင်ငုံ့ကြည့်ပေမဲ့
ဝါးနေတယ်။
ဘာကြောင့် ဝါးနေမှာလဲ။
ကောင်းပါပြီ၊ သင် ငုံကြည့်လိုက်တော့
မှန်ဘီလူးရဲ့ အထက်ပိုင်းနားဖြစ်ခဲ့ပေမဲ့
လှေခါးထစ်က လက်တစ်ဆန့်ရှိပြီး နီးနေပေမဲ့
မျက်လုံးက အဝေးကြည့်နေရာမှ ကြည့်နေလို့ပါ။
ထောက်ပြချင်တဲ့ နောက်ဖြေရှင်းနည်းက
နည်းနည်း လူသိနည်းပေမဲ့
မျက်ကပ်မှန်တွေ (သို့) LASIK
ခွဲစိတ်မှုတွေ လုပ်ထားတာ၊
အဲဒါ monovision လို့ ခေါ်ပါတယ်။
အဓိက မျက်လုံးက အဝေးကို
အခြားမျက်လုံးက အနီးကို
စူးစိုက်ဖို့ သတ်မှတ်တပ်ဆင်လိုက်တာပါ။
ဦးနှောက်က မျက်လုံးတစ်လုံးစီရဲ့
အမြင်မှ အထင်ဆုံး
အပိုင်းတွေကို ပညာသားပါပါ စုစည်းပေးပေမဲ့
မျက်လုံးနှစ်လုံးက နည်းနည်း
မတူတာတွေကို မြင်တော့
အကွာအဝေးတွေကို မျက်လုံးနှစ်လုံးနဲ့
အကွာအဝေးမှန်းဖို့ ခက်ပါတယ်။
ဒီတော့ ဘယ်နေရာ လစ်ဟာနေလဲ။
ဖြေရှင်းနည်းတွေအများကြီး ရှိပေမဲ့
တစ်ခုကမှ သဘာဝ ပြန်လည်
ချိန်ညှိခြင်းကို လုပ်မပေးနိုင်ဘူး။
တစ်ခုကမှ တစ်ခုခုကို ကြည့်ရင်
ဆုံချက်ကျမယ်လို့
မျှော်လင့် မရနိုင်ပါ။
ဒါပေမဲ့ ဘာကြောင့်လဲ။
ကောင်းပြီ၊ ရှင်းပြဖို့
လူ့မျက်လုံးရဲ့ ခန္ဓာဗေဒကို
တစ်ချက် ကြည့်စေချင်ပါတယ်။
မျက်လုံးရဲ့ ဒီအပိုင်းက မတူတဲ့ အရာတွေကို
ပြန်ချိန်ညှိခွင့်ပေးတာက
ကြည်စင်တဲ့ မျက်စိမှန်ခုံး ရှိပါတယ်။
မျက်စိမှန်ခုံး တစ်ဝိုက်ရှိ ကြွက်သားတွေက
မှန်ခုံးပုံစံကို အမျိုးမျိုး ပြောင်းပေးကာ
မှန်ခုံးရဲ့ ဆုံချက်ပါဝါကို ပြောင်းပေးတယ်။
လူတစ်ယောက် အနီးမှုန်လာတဲ့အခါ
ဘာဖြစ်တတ်လဲ။
ဖြစ်သွားတာက ကြည်စင်တဲ့
မျက်စိမှန်ခုံးတွေဟာ
ပုံသဏ္ဌာန်ကို ပြောင်းမရအောင်
မာကျောကာ တောင့်သွားပါတယ်။
အခု စောစောက စာရင်းလုပ်ထားတဲ့
ဖြေရှင်းနည်းအားလုံးကို ပြန်တွေးကြည့်ရင်
၎င်းတို့ဟာ တစ်ခုနဲ့တစ်ခု တူညီတာတစ်ခုခု
ရှိနေတာ တွေ့နိုင်ပေမဲ့
မျက်လုံးတွေနဲ့တော့ မတူကြဘူး
ဒါအားလုံးက ပုံသေ တည်ငြိမ်နေကလို့ပါ။
ဒါက သစ်သားခြေတုနဲ့ ပင်လယ်
ဓားပြရဲ့ အမြင်ပိုင်း တူညီမှုလိုပါ။
ခေတ်ပေါ် ခြေထောက်အတုတစ်ခုရဲ့
အမြင်ပိုင်း တူညီမှုက ဘာလဲ။
လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာမှာ
"ဆုံချက်ညှိရနိုင်တဲ့ မှန်ဘီလူးတွေ"ခေါ်တဲ့
ဖန်တီးမှုနဲ့ မြန်ဆန်တဲ့
တိုးတက်မှုတွေကို မြင်ရတယ်။
ဒါတွေက ပုံစံမျိုးစုံရှိတယ်။
စက်ပိုင်းအရ ပြောင်းတဲ့ Alvarez မှန်တွေ
ပုံပြောင်း ကြည်လင်တဲ့ အရည်မှန်တွေ
လျှပ်စစ်အရ ပြောင်းတဲ့
ကြည်လင်တဲ့ပုံဆောင်ခဲမှန်တွေပါ။
အားလုံးမှာ အတိုးအလျော့တွေရှိပေမဲ့
၎င်းတို့ ဖြည့်ဆည်းမပေးနိုင်တာက အမြင်ပိုင်း
အတွေ့အကြုံပါ။
လိုချင်တဲ့ နေရာတိုင်း ရှင်းလင်းပြတ်သး
ရမယ့် မြင်ကွင်းအပြည့် မြင်နိုင်စွမ်းပါ။
ကောင်းလိုက်တာ၊ လိုအပ်တဲ့ မှန်တွေ
ရှိနေပြီပေါ့။
ပြဿနာ ရှင်းသွားပြီလား။
ဒီလောက် မမြန်ပါဘူး။
ဆုံချက်ချိန်မှန်တွေက ညီမျှခြင်းကို
နည်းနည်း ပိုရှုပ်သွားစေတယ်။
မှန်တွေက အကွာအဝေး ဘယ်လောက်မှာ ဆုံချက်
ကိုက်ပေးရမှာကို သိနိုင်တဲ့နည်းလမ်းမရှိဘူး။
လိုအပ်တဲ့ မျက်မှန်တွေက
အဝေးကို ကြည့်တဲ့အခါ
အဝေးက အရာ ဝတ္ထုတွေဟာ ပြတ်သားပြီး
အနီးကို ကြည့်တဲ့အခါ
အနီးက အရာဝတ္ထုတွေဟာ
ကိုယ်က စဉ်းစားရန်မလိုဘဲ
မြင်ကွင်းထဲမှာ ဆုံချက်ကျနေတာတွေပါ။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က
Stanford မှာ လုပ်ခဲ့တာက
ဒီမှန်တွေတစ်ဝိုက်မှာ တိကျတဲ့
အသိဉာဏ် တည်ဆောက်ပေးခြင်းပါ။
ဆုံချက်ချိန်အကွာအဝေးကို ခန့်မှန်းဖို့
ရှေ့ပြေးပုံစံက အမြင်ပိုင်းနဲ့ ပကတိကို
ဆပွားတဲ့ စနစ် နည်းပညာကနေ ယူတယ်။
မျက်လုံးတွေ ဘယ်ဆီ စူးစိုက်နေကြောင်း
ပြောနိုင်တဲ့ မျက်စိခြေရာခံ ကိရိယာရှိတယ်။
ဒီနှစ်ခုကို သုံးပြီး ငေးကြည့်နေတဲ့
နေရာကို တြိဂံဖွဲ့ တိုင်းကြည့်ကာ
ဆုံချက်ကို ခန့်မှန်းနိုင်တယ်။
ဒါပေမဲ့ လိုရမယ်ရ တိုးစိတ်ချရဖို့
အကွာအဝေး အာရုံခံကိရိယာကို ထည့်ထားတယ်။
အာရုံခံက ကမ္ဘာကို ထွက်ကြည့်တဲ့
ကင်မရာဖြစ်ပြီး
အရာတွေရဲ့ အကွာအဝေးကို
သတင်းပို့တယ်။
အကွာအဝေး ခန့်မှန်းနိုင်ဖို့
သင်ငေးတဲ့ ဘက်ကို ဒုတိယအကြိမ်
ထပ်ပြီး အသုံးပြုနိုင်တယ်။
အကွာအဝေးခန့်မှန်းခြေနှစ်ခုကို ပေါင်းကာ
ဆုံချက်ချိန်တဲ့ မှန်ပါဝါကို
လိုအပ်သလို မွမ်းမံတယ်။
နောက်တစ်ဆင့်ကတော့
ကိရိယာကို လူအစစ်တွေမှာ စမ်းသပ်ဖို့ပါ။
ဒါနဲ့ အနီးမှုန် အယောက် ၁၀၀ လောက်ကို
စုပြီး ကိရိယာကို စမ်းခိုင်းစဉ်
သူတို့ရဲ့လုပ်ဆောင်မှုကို တိုင်းတာတယ်။
ဒီအချိန်က စိတ်ကျေနပ်စေတဲ့ တွေ့ရှိမှုက
autofocals တွေက အနာဂတ်ဆိုတာပါ။
ပါဝင်သူတွေဟာ ပိုရှင်းရှင်းမြင်ပြီး
ပိုမြန်မြန် ဆုံချက်ချိန်နိုင်တယ်။
လက်ရှိ ပြင်ဆင်မှုထက်
ပိုလွယ်၊ ပိုကောင်းတဲ့ ဆုံချက်ချိန်တဲ့
အတွေ့အကြုံလို့ ထင်ကြတယ်။
ရှင်းရှင်းဆိုရရင် အမြင်လို့ဆိုတဲ့အခါ
autofocals တွေက ယနေ့ သုံးနေတဲ့
အငြိမ် ပြင်ဆင်မှုတွေလို ညှိမပေးဘူး။
ဒါပေမဲ့ ကြိုပြီး ရှေ့မရောက်ချင်ဘူး။
ကျွန်တော်နဲ့ လုပ်ဖော်တွေမှာ
လုပ်စရာ အများကြီး ကျန်သေးတယ်။
ဥပမာ ကျွန်တော်တို့ မျက်မှန်တွေဟာ နည်းနည်း
(ရယ်သံများ)
ဝန်ကျယ်နေလောက်တယ်မို့လား။
ဒါအတွက် အကြောင်းရင်းတစ်ခုက
သုတေသန (သို့) လုပ်ငန်းမှာ သုံးဖို့
မကြာခဏ ရည်ရွယ်တဲ့
ပိုဝန်ကျယ်တဲ့ ကိရိယာတွေ သုံးထားလို့ပါ။
နောက်တစ်ခုက အရာတိုင်းကို
ချည်လိုက်ဖို့ လိုတာပါ။
အကြောင်းက လက်ရှိ မျက်စိခြေရာခံတဲ့
အယ်ဂိုရစ်သမ်က လိုအပ်တဲ့ ကြံ့ခိုင်မှုမရှိပါ
ဒီတော့ ရှေ့ဆက်ရင်းနဲ့
သုတေသနကနေ ကနဦး
လုပ်ငန်းတစ်ခုအဖြစ် တည်ထောင်စဉ်
အနာဂတ် autofocals တွေကို နောက်ဆုံးမှာ
ပုံမှန် မျက်မှန်တွေနဲ့
ပိုတူအောင်လုပ်ဖို့ စီစဉ်တယ်။
ဒါဖြစ်ပေါ်ဖို့အတွက် မျက်စိ
ခြေရာခံရေး ဖြေရှင်းနည်းရဲ့
ကြံ့ခိုင်မှုကို သိသာစွာမြှင့်တင်ဖို့ လိုမယ်။
ပိုသေး၊ ပိုထိရောက်တဲ့ အီလက်ထရွန်းနစ်
မှန်တွေနဲ့ ပေါင်းစပ်ဖို့လည်း လိုမှာပါ။
ဆိုလိုတာက လက်ရှိ ရှေ့ပြေးပုံစံနဲ့တောင်
ယနေ့ ဆုံချက်ချိန်နိုင်တဲ့မှန် နည်းပညာဟာ
အငြိမ် ပြင်ဆင်မှု
အစဉ်အလာပုံစံတွေထက်
ပိုကောင်းစွာ လုပ်နိုင်တာကို ပြသတာပါ။
ဒီတော့ အဓိကကျတာက အချိန်ပါပဲ။
မဝေးတဲ့ အနာဂတ်မှာ ဘယ်မျက်မှန်ကို
ဘယ်အချိန်မှာ သုံးဖို့ ပူပန်နေမယ့်အစား
အရေးကြီးတဲ့အရာတွေကို
အာရုံစိုက်နိုင် လာမယ်ဆိုတာ
အတော် ရှင်းပါတယ်။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)