1 00:00:00,709 --> 00:00:02,303 မင်္ဂလာ ညနေခင်းပါ။ 2 00:00:02,487 --> 00:00:05,762 Harlem Children's Zone မှာ အလုပ်လုပ်ရတာ ကောင်းချီးပေးခံရမှုပါပဲဗျာ။ 3 00:00:05,786 --> 00:00:08,974 အာဖရိကန်-အမေရိကန်များ ခေါင်းဆောင်တဲ့ နေထိုင်ရာအခြေပြု ဘက်ပေါင်းစုံ 4 00:00:08,974 --> 00:00:11,901 ဝန်ဆောင်မှုတွေကို စီစဉ်ပေးရာတွင် ရှေ့ဆောင် အဖွဲ့အစည်းတစ်ခုပါ။ 5 00:00:11,925 --> 00:00:13,687 ပုခက်မှ လုပ်ငန်းခွင်အထိပေါ့ဗျာ။ 6 00:00:13,711 --> 00:00:17,131 ဘက်ပေါင်းစုံဆိုတဲ့ စကားလုံးက ကျနော်တို့ လုပ်နေတာရဲ့ အဓိကအချက်ပါပဲ။ 7 00:00:17,131 --> 00:00:19,703 ပါဝင်ကူညီပေးခြင်း အများစုက ရှုပ်ထွေးကြီးမားလွန်းတဲ့ 8 00:00:19,703 --> 00:00:21,984 ပဟေဠိရဲ့တစ်စိတ်တစ်ပိုင်းကိုပဲ အာရုံစိုက်တတ်ကြတယ်။ 9 00:00:21,984 --> 00:00:24,790 ဒါပေမဲ့ ပဟေဠိကြီးကိုဖြေရှင်းဖို့ အဲ့တာက မလုံလောက်နိုင်ပါဘူး။ 10 00:00:24,790 --> 00:00:27,150 ကျနော်တို့က ကျောင်းသားလေးတွေရဲ့ အိမ်ထဲက အခြေအနေနဲ့ 11 00:00:27,150 --> 00:00:28,750 အိမ်တွင်းဝန်းကျင်ကို နားမလည်ရင် 12 00:00:28,750 --> 00:00:30,839 သူတို့ပညာရေးကိုဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး။ 13 00:00:30,839 --> 00:00:33,285 ပိုကျယ်ပြန့်စွာ ကြည့်ရင်၊ ကျန်းမာရေး၊ အာဟာရပြည့်ရေး 14 00:00:33,285 --> 00:00:36,094 သို့မဟုတ် ပြစ်မှုဆိုင်ရာတရားမျှတရေး ကိစ္စမှာပဲဖြစ်ဖြစ်ပေါ့။ 15 00:00:36,094 --> 00:00:39,220 ကျနော်တို့အတွက် ပြောင်းလဲမှုတစ်ခုဆိုတာ ကလေးတစ်ယောက်အတွက် မဟုတ်ဘဲ 16 00:00:39,244 --> 00:00:40,971 ဝန်းကျင်ဒေသ တစ်ခုလုံးအတွက်ပါပဲ။ 17 00:00:40,995 --> 00:00:43,701 ကျနော်တို့ဟာ ကိစ္စအများကြီးကို တပြိုင်တည်းလုပ်ရပါတယ်။ 18 00:00:44,329 --> 00:00:47,970 အဲ့တာ အလုပ်ဖြစ်တာ သက်သေထူပြဖို့ ကျနော်တို့ဆီမှာ အနှစ်၂၀ စာ ဒေတာရှိတယ်။ 19 00:00:47,970 --> 00:00:50,843 ကျနော်တို့ရဲ့ ဘေဘီကောလိပ်ကနေ ဘွဲ့ရသူ ၇၀၀၀ ရှိသွားပြီ၊ 20 00:00:50,843 --> 00:00:54,695 ကျနော်တို့ ကျောင်းတွေမှာ လူဖြူ-လူမဲ အောင် မြင်မှု ကွာဟချက်ကို အဆုံးသတ်နိုင်ခဲ့ပြီ။ 21 00:00:54,719 --> 00:00:58,368 ကျနော်တို့ရဲ့ ကျန်းမာရေး အစီအစဉ်ဖြင့် အဝလွန်မှုနှုန်းကို လျှော့ချနိုင်ခဲ့တယ်။ 22 00:00:58,368 --> 00:01:01,703 ပြီးတော့ ကောလိပ်မှာ စာရင်းသွင်းကြတဲ့ ကျောင်းသား တစ်ထောင်နား ရောက်နေပြီ။ 23 00:01:01,703 --> 00:01:05,068 ကျနော်တို့ လက်တွဲယက်လုပ်ထားတဲ့ ဝန်ဆောင်မှု ကွန်ယက်က သိပ်ကျစ်လစ်တာမို့ 24 00:01:05,068 --> 00:01:07,553 ဘယ်သူမှာမှ အက်ကြောင်းထဲကနေ ထွက်ကျ မသွားနိုင်ပါဘူး။ 25 00:01:07,576 --> 00:01:10,598 ကျနော်တို့ဟာ ကမ္ဘာတဝှမ်းက ပညာရှင်တွေကို လှုံ့ဆော်နိုင်ခဲ့ကြတယ်။ 26 00:01:10,598 --> 00:01:13,480 US တဝှမ်းမှာ ကျနော်တို့ရဲ့ လူမှုအသိုင်းအဝန်း ၅၀၀ ကျော်ရှိနေကာ 27 00:01:13,504 --> 00:01:15,030 နိုင်ငံ ၇၀ ကျော်တို့ဟာ 28 00:01:15,054 --> 00:01:17,684 ကျနော်တို့အဖွဲ့အစည်းရဲ့ ပုံစံကို လေ့လာဖို့ လာခဲ့ကြတယ်။ 29 00:01:17,684 --> 00:01:20,867 ခင်ဗျားတို့ သိကြတဲ့အတိုင်း ကမ္ဘာဂြိုလ်ဆိုင်ရာ၊ တစ်ကမ္ဘာလုံးဆိုင်ရာ 30 00:01:20,867 --> 00:01:24,260 ပြဿနာတွေကို ပုံးတွေထဲမှာ သပ်သပ်ရပ်ရပ် သိမ်းပေးထားတာ မဟုတ်ပါဘူး။ 31 00:01:24,260 --> 00:01:27,117 ဒါကြောင့် ဖြေရှင်းနည်းတွေဟာလည်း ဘက်ပေါင်းစုံ ထည့်စဉ်းစားပြီး 32 00:01:27,141 --> 00:01:28,799 အားလုံးခြုံငုံမိဖို့ လိုပါတယ်။ 33 00:01:29,339 --> 00:01:32,377 အခုဆို ကျနော်တို့ဟာ ကမ္ဘာ့ရောဂါကပ်ကြီးကို ရင်ဆိုင်နေကြရပါတယ်။ 34 00:01:32,609 --> 00:01:36,648 ကျနော်တို့ အရင်တည်းက သိရှိခဲ့ကြတဲ့ အမှန် တရားကို COVID-19 က ဖွင့်ထုတ်ပြလိုက်ပါတယ်။ 35 00:01:36,648 --> 00:01:39,318 ကျနော်တို့ထဲက အဆင်းရဲဆုံးလူတွေဟာ သူတို့ရဲ့ အသက်တွေနဲ့ 36 00:01:39,318 --> 00:01:41,948 နေထိုင်မှုဘဝတွေနဲ့ အမြင်ဆုံး တန်ဖိုးကို ပေးဆပ်နေကြရတယ်။ 37 00:01:41,948 --> 00:01:46,468 အာဖရိကန်-အမေရိကန်အသိုင်းအဝန်းမှာ ဒါကို နေ့စဉ်နေ့တိုင်း တွေ့မြင်နေရပြီး၊ 38 00:01:46,468 --> 00:01:49,756 ကျနော်တို့ဟာ လူဖြူပြည်သူများနဲ့စာရင် COVID-19 ကြောင့် သေဆုံးကြရမယ့် 39 00:01:49,780 --> 00:01:51,447 အလားအလာဟာ ၃.၆ ဆ ပိုများပါတယ်။ 40 00:01:51,448 --> 00:01:55,115 ကျနော်တို့နိုင်ငံထဲက ကပ်ရောဂါဗဟိုချက် နယူးယောက်မြို့မှာ အဲဒီလိုကျန်းမာရေး 41 00:01:55,115 --> 00:01:57,128 မမျှတမှုတွေကို ကျနော်တို့ မြင်နိုင်ပါတယ်။ 42 00:01:57,152 --> 00:01:59,979 ကျန်းမာရေးဆိုင်ရာ မမျှတမှုရဲ့ သက်ရောက်မှုကို ပိုဆိုးဝါးစေတာက 43 00:01:59,979 --> 00:02:02,577 သိသိသာသာကြီး ပျက်စီးလာနေတဲ့ စီးပွားရေး အခြေအနေပါ။ 44 00:02:02,601 --> 00:02:04,744 Harlem ထဲက မိသားစုလေးခုထဲက တစ်ခုဆီမှာ 45 00:02:04,768 --> 00:02:06,449 စားနပ်ရိက္ခာ ပြတ်တောက်နေပြီး 46 00:02:06,473 --> 00:02:10,839 မိသားစု ၅၇% တို့ကျတော့ ဝင်ငွေမရှိ သို့မဟုတ် အလုပ်မရှိကြောင်း ပြောကြတယ်။ 47 00:02:11,172 --> 00:02:14,506 Harlem Children's Zoneရဲ့ အလုပ်တွေကို ပိုနားလည်နိုင်ဖို့အတွက် 48 00:02:14,640 --> 00:02:17,043 ဇာတ်လမ်းတစ်ခုကို ကျနော် ပြောပြချင်တယ်၊ 49 00:02:17,107 --> 00:02:19,347 နှစ်တန်း ကျောင်းသားလေး Sean ရဲ့ အကြောင်းပေါ့။ 50 00:02:19,927 --> 00:02:22,467 Sean က သိပ်ချောတဲ့လူမည်း ကောင်လေးတစ်ယောက်၊ 51 00:02:22,491 --> 00:02:25,633 သူ့အပြုံးလေးက သူရှိနေတဲ့ ဘယ်နေရာကိုမဆို ထိန်လင်းသွားစေမှာပါ။ 52 00:02:25,999 --> 00:02:28,332 မတ်လတုန်းက ကွာရန်တင်းကာလ စတင်တော့၊ 53 00:02:28,676 --> 00:02:31,616 Sean ဟာ အွန်လိုင်းကျောင်းကို မတက်တာကို ကျနော်တို့သတိထားမိတယ်။ 54 00:02:32,252 --> 00:02:34,228 ဒါနဲ့ နည်းနည်း စုံစမ်းကြည့်လိုက်တော့ 55 00:02:34,244 --> 00:02:38,101 Sean ရဲ့ အမေကို COVID ရောဂါနဲ့ ဆေးရုံတင် လိုက်ရတာကို ကျနော်တို့ သိလာရပါတယ်။ 56 00:02:38,125 --> 00:02:41,599 ဒါကြောင့် Sean ဟာ အိမ်မှာပဲ သူ့အဘွားနဲ့ သူ့ရဲ့မွေးချင်း ကလေးငယ်လေးနဲ့ပဲ 57 00:02:41,623 --> 00:02:43,853 နေနေခဲ့ရတယ်။ Sean အဖေက ထောင်ထဲ ရောက်နေတော့ 58 00:02:43,877 --> 00:02:46,507 Sean ကပဲ အားလုံးကို ပံ့ပိုးပေးသူ ဖြစ်လာခဲ့တယ်။ 59 00:02:46,527 --> 00:02:48,155 အဘွားခမျာလည်း ရုန်းကန်နေခဲ့ရတယ်။ 60 00:02:48,379 --> 00:02:50,792 အိမ်မှာ စားနပ်ရိက္ခာ များများစားစား မရှိခဲ့ဘူး။ 61 00:02:51,096 --> 00:02:52,540 ကလေးအနှီးလည်း နည်းခဲ့ပြီး 62 00:02:52,574 --> 00:02:54,574 Sean ထံမှာ ကွန်ပျူတာလည်း မရှိခဲ့ဘူး။ 63 00:02:54,574 --> 00:02:56,487 Sean အမေ ဆေးရုံက ဆင်းလာတော့ 64 00:02:56,537 --> 00:02:58,577 စိန်ခေါ်မှုတွေဟာ ပိုလို့ကို ဆိုးလာခဲ့တယ်။ 65 00:02:58,601 --> 00:03:00,800 အဘွားဆီမှာ ရောဂါအခံတွေ ရှိလို့ 66 00:03:00,823 --> 00:03:03,183 သူတို့ဟာ အဘွားနဲ့အတူ ဆက်နေဖို့က မဖြစ်နိုင်တော့ဘူး။ 67 00:03:03,183 --> 00:03:06,003 ဒါကြောင့် Sean၊ သူ့မွေးချင်းကလေးငယ်လေးနဲ့ သူ့တို့အမေတို့ဟာ 68 00:03:06,027 --> 00:03:08,185 ခိုကိုးရာ နေရာတစ်ခုဆီ သွားကြရတယ်။ 69 00:03:08,318 --> 00:03:12,349 Sean ရဲ့ ဇာတ်လမ်းဟာ Harlem Children's Zone အတွက် ဖြစ်ရိုးဖြစ်စဉ် ဇာတ်လမ်းမျိုးပါဗျာ။ 70 00:03:12,498 --> 00:03:15,609 Sean နဲ့တတိုင်းပြည်လုံးက Sean လိုမျိုး ကလေးလေးတွေဟာ 71 00:03:15,633 --> 00:03:18,823 ဒီကမ္ဘာကြီးက စီစဉ်ပေးနိုင်တဲ့ အရာတွေ အားလုံးကို ရသင့်ရထိုက်တာကို 72 00:03:18,847 --> 00:03:22,465 ကျုပ်တို့ သိကြပေမဲ့ မမျှတမှုက အဲဒီအခွင့် အရေးကို သူတို့ဆီကနေ လုယူနေပါတယ်။ 73 00:03:22,577 --> 00:03:24,204 အသားအရောင်ခွဲခြားမှုရဲ့ ရလဒ်နဲ့ 74 00:03:24,228 --> 00:03:27,651 သမိုင်းတလျှောက်လုံး ရင်းနှီးမြှပ်နှံမှုတွေ တချိန်လုံး မလုံလောက်ခဲ့မှုဟာ 75 00:03:27,651 --> 00:03:30,484 အခုတော့ COVID-19 ကြောင့် ပိုပြီး ဆိုးဝါးလာခဲ့ပါတယ်။ 76 00:03:30,533 --> 00:03:32,631 ကျနော်တို့ရဲ့ ဘက်ပေါင်းစုံ ပုံစံဟာဖြင့် 77 00:03:32,631 --> 00:03:36,128 COVID တိုက်ပွဲထဲတွင် Harlem Children's Zone ရဲ့ အနေအထားဟာ တမူထူးခြားပါတယ်။ 78 00:03:36,128 --> 00:03:39,382 Harlem ဒေသထဲမှာ ကျွန်တော်တို့ရရှိခဲ့တဲ့ အောင်မြင်မှုကို ကြည့်ကြည့်ရင် 79 00:03:39,382 --> 00:03:40,748 မလုပ်မနေရ ကိစ္စမျိုးဖြစ်လို့ 80 00:03:40,748 --> 00:03:43,986 ကျနော်တို့က အလုပ်ဖြစ်တဲ့အရာကို သိရှိနေကြလို့ ဒါကို တစ်နိုင်ငံလုံးကို 81 00:03:43,986 --> 00:03:46,143 မျှဝေပေးဖို့က ကျနော်တို့ရဲ့တာဝန်ဖြစ်ပါတယ်။ 82 00:03:46,143 --> 00:03:49,848 ကျနော်တို့ဟာ လူမှုအသိုင်းအဝိုင်းအတွက် COVID-19 ကယ်ဆယ်ရေးနဲ့ နာလန်ထူရေး 83 00:03:49,848 --> 00:03:51,959 ဘက်စုံ တုံ့ပြန်မှုကို ပြုစုနိုင်ခဲ့ကြပါပြီ၊ 84 00:03:51,959 --> 00:03:54,077 ကျနော်တို့ လူမှုအသိုင်းအဝန်းမှာ အခြေခံခဲ့ပြီး 85 00:03:54,085 --> 00:03:57,656 အဓိကလိုအပ်ချက် နယ်ပယ် ၅ ခုကို အာရုံစိုက်ပေးကာ 86 00:03:57,680 --> 00:04:00,333 Sean လို မိသားစုတွေကို ကူညီထောက်ပံ့နေတဲ့ အစီအစဉ်ပါ။ 87 00:04:00,765 --> 00:04:02,257 အဲ့နယ်ပယ် ၅ ခုကတော့ 88 00:04:02,270 --> 00:04:04,619 တစ်။ အရေးပေါ် ကယ်ဆယ်ရေး ရန်ပုံငွေ။ 89 00:04:04,633 --> 00:04:08,329 ကျနော်တို့မိသားစုများက ငွေသားကို ချက်ချင်း လက်ငင်း လိုအပ်နေတာ ကျနော်တို့သိတယ်။ 90 00:04:08,329 --> 00:04:11,378 နှစ်။ ကျနော်တို့ထဲက ထိခိုက်နစ်နာလွယ်သူ တို့ကို ကာကွယ်ပေးဖို့ပါ။ 91 00:04:11,378 --> 00:04:14,121 ကျနော်တို့ မိသားစုတွေဟာ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေနဲ့ 92 00:04:14,162 --> 00:04:16,212 သတင်းအချက်အလက်တွေ ရရှိပိုင်ခွင့် ရှိကြရမယ်။ 93 00:04:16,212 --> 00:04:17,715 အစားအစာနဲ့ နှာခေါင်းစည်းတွေ 94 00:04:17,715 --> 00:04:21,289 အသေအချာ ရွေးထားတဲ့ ရင်းမြစ်စာရင်းနဲ့ 95 00:04:21,323 --> 00:04:23,323 လူထုကျန်းမာရေး အစီအစဉ် စသဖြင့်ပေါ့လေ။ 96 00:04:23,353 --> 00:04:25,941 သုံး။ ဒီဂျစ်တယ်အရ ကွာဟမှုကို ပေါင်းကူးပေးဖို့ပါ။ 97 00:04:26,066 --> 00:04:29,068 အင်တာနက်ဟာ အခြေခံ ရပိုင်ခွင့်ဖြစ်တယ်လို့ ကျနော်တို့ ယုံကြည်တယ်။ 98 00:04:29,092 --> 00:04:31,834 ဒါကြောင့် ကျနော်တို့မိသားစုတွေ ချိတ်ဆက်နိုင်စွမ်း ရှိကြတာ၊ 99 00:04:31,858 --> 00:04:34,164 ကျောင်းနေအရွယ် ကလေးရှိတဲ့ အိမ်ထောင်စုတိုင်းထဲတွင် 100 00:04:34,164 --> 00:04:37,159 သင့်တော်တဲ့ သင်ကြားရေးကိရိယာတွေ ရှိတာကို အာမခံပေးဖို့ လိုပါတယ်။ 101 00:04:37,159 --> 00:04:39,276 လေး။ ပညာရေး ဆုံးရှုံးမှု လုံးဝမရှိရေး။ 102 00:04:39,300 --> 00:04:42,525 ကျောင်းသား မျိုးဆက်တစ်ခုလုံးဟာ ပညာရေးနှစ် တစ်နှစ်လုံး ဆုံးရှုံးရမယ့် 103 00:04:42,525 --> 00:04:44,704 အန္တရာယ်မျိုးရှိနေတာကို ကျနော်တို့ သိကြပါတယ်။ 104 00:04:44,704 --> 00:04:46,561 ကျနော်တို့ စီစဉ်ထုတ်လွှင့်ပေးကြတဲ့ 105 00:04:46,577 --> 00:04:48,921 အွန်လိုင်း ပို့ချချက်တွေ အရည်အသွေး မြင့်ဖို့အပြင် 106 00:04:48,921 --> 00:04:53,058 ကျောင်းပြန်ဖွင့်ရင် လုံခြုံစွာ ကျောင်းပြန် တက်နိုင်ဖို့ကို အာမခံပေးဖို့ လိုပါတယ်။ 107 00:04:53,058 --> 00:04:55,875 ငါး။ စိတ်ကျန်းမာရေး အကျပ်အတည်း လျော့နည်းစေရန် ကူညီပေးရေး။ 108 00:04:55,875 --> 00:04:59,468 ဒီမျိုးဆက်ဟာ အန္တရာယ်များတဲ့ စိတ်ဖိစီးမှု တွေ အလုံးအရင်းနဲ့ ရင်ဆိုင်ရမှာမို့ 109 00:04:59,492 --> 00:05:01,871 PTSD ဆိုင်ရာ ပြဿနာတွေ ကြုံကြရမှာကို စိုးရိမ်ရပါတယ်။ 110 00:05:01,871 --> 00:05:05,461 ကျနော်တို့ မိသားစုတွေဆီမှာ တယ်လီဖုန်းဖြင့် ကျန်းမာရေးဝန်ဆောင်မှုနဲ့ 111 00:05:05,684 --> 00:05:08,154 တခြားအွန်လိုင်း ကူညီမှုတွေရရှိမှာကို အာမခံပေးရမယ်။ 112 00:05:08,267 --> 00:05:10,356 US မြို့ကြီး ခြောက်မြို့မှာ ကျနော်တို့ရဲ့ 113 00:05:10,380 --> 00:05:12,998 အရမ်းမိုက်တဲ့ ပါတနာ‌ခြောက်ဖွဲ့ရှိကြပြီး 114 00:05:13,022 --> 00:05:14,819 သူတို့ဟာ ကျနော်တို့ရဲ့ ပုံစံကိုယူပြီး 115 00:05:14,819 --> 00:05:17,816 သူတို့အသိုင်းအဝန်းနဲ့ လိုက်ဖက်အောင် ပြုပြင် ဆောင်ရွက်နေကြပါတယ်။ 116 00:05:17,816 --> 00:05:19,855 အဲ့မြို့တွေက Oakland, Minneapolis 117 00:05:19,879 --> 00:05:23,743 Chicago, Detroit, Newark နဲ့ Atlanta တို့ ဖြစ်ကြပါတယ်။ 118 00:05:23,743 --> 00:05:25,210 အဲ့ဒီပါတနာတွေအပြင် 119 00:05:25,210 --> 00:05:27,940 ကျနော်တို့မှာ နိုင်ငံတော်အဆင့် ပါတနာ သုံးခုလည်း ရှိသေးရာ၊ 120 00:05:27,940 --> 00:05:30,620 သူတို့ဟာ ကျနော်တို့ရဲ့ ပုံစံနဲ့ နည်းဗျူဟာတွေကို သူတို့ရဲ့ 121 00:05:30,620 --> 00:05:31,926 ကွန်ယက်မှတစ်ဆင့် ဝေမျှရင်း 122 00:05:31,950 --> 00:05:33,839 ကျနော်တို့ရဲ့ အကျိုးသက်ရောက်မှုကို 123 00:05:33,863 --> 00:05:36,503 မူဝါဒကို ရှင်းပြပေးခြင်းဖြင့် ပိုပြီး ထိရောက်လာစေပါမယ်။ 124 00:05:36,577 --> 00:05:39,237 ကျနော်တို့ဟာ အဆင့် သုံးဆင့်မှာ သက်ရောက်မှု ရှိလာပါမယ်။ 125 00:05:39,565 --> 00:05:43,066 လူတစ်ဦးချင်းစီအတွက် သက်ရောက်မှုကို Harlem ဒေသထဲမှာ 126 00:05:43,090 --> 00:05:45,503 ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးဆိုင်ရာ 127 00:05:45,527 --> 00:05:47,466 အကျိုးရလဒ်တွေ တသီကြီးကို 128 00:05:47,490 --> 00:05:49,490 လူသုံးသောင်းအထိ ခံစားနေကြရပြီ။ 129 00:05:50,244 --> 00:05:53,487 လူမှုအသိုင်းအဝန်းအဆင့် သက်ရောက်မှု အနေနဲ့က မြို့ကြီး ၆ မြို့မှာ 130 00:05:53,511 --> 00:05:55,788 ကျနော်တို့ရဲ့အရမ်းမိုက်တဲ့ ပါတနာတွေကနေတစ်ဆင့် 131 00:05:55,812 --> 00:05:58,232 နောက်ထပ် လူပေါင်း ခုနှစ်သောင်းတို့ ခံစားကြရမှာပါ။ 132 00:05:58,309 --> 00:06:00,418 ပြီးတော့ နိုင်ငံတော်အဆင့် သက်ရောက်မှုက 133 00:06:00,442 --> 00:06:02,418 မူဝါဒကို ရှင်းပြခြင်းဖြင့်သာ မကဘဲ၊ 134 00:06:02,434 --> 00:06:05,034 လုပ်နိုင်စွမ်းကို စကေးကြီးဖြင့် တည်ထောင်ပေးမှုပါ။ 135 00:06:05,337 --> 00:06:07,376 COVID-19နဲ့ ကျနော်တို့ လူ့အသိုင်းအဝန်းကို 136 00:06:07,473 --> 00:06:10,835 ဒုက္ခပေးနေတဲ့ စိတ်ပျက်မှု၊ မမျှတမှုတွေ အတွက် ကျနော်တို့ရဲ့ အဖြေကတော့ 137 00:06:10,835 --> 00:06:14,192 နေထိုင်ရာဒေသတွင်း ဘက်ပေါင်းစုံ ဝန်ဆောင်မှုတွေ စီစဉ်ပေးခြင်းပဲ ဖြစ်တယ်။ 138 00:06:14,530 --> 00:06:17,070 ကျနော်တို့ဟာ မျှော်လင့်ချက်တွေ ပျောက်မသွားသေးပါဘူး။ 139 00:06:17,317 --> 00:06:21,085 ဒီစစ်ပွဲရှေ့တန်းမှာ ကျနော်တို့နဲ့ လက်တွဲ ပါဝင်ဖို့ ခင်ဗျားတို့ကို ဖိတ်ခေါ်ပါတယ်။ 140 00:06:21,238 --> 00:06:22,567 ကျေးဇူးတင်ပါတယ် ခင်ဗျာ။