ဒီမှာတြိဂံ 24 ခုရှိတယ်၊ ကျွန်တော်တို့ အုပ်စုအမျိုးမျိုး ခွဲကြည့်ရအောင် ပထမဆုံး ဒီတြိဂံ 24 ခုကို ခွဲမယ်၊ အုပ်စု 3 စု ခွဲကြည ့်ကြတာပေါ့ ပြီးတော့ အုပ်စု ဘယ်နှစ်စု ရနိုင်သလဲ ကြိုးစားကြည့်ရအောင်.. ညီမျှသော 3 ခု အုပ်စုတွေ ခွဲကြည့်မယ် ညီမျှသော အုပ်စုတစ်စု၊ နောက်တစ်စု၊ နောက် တတိယညီမျှသော အုပ်စုတစ်စုရှိမယ် 24 ကို ညီမျှသော 3 ခုအုပ်စုကို ခွဲလျှင် 1, 2, 3 အုပ်စု ဘယ်လောက်ရနိုင်သလဲ? ရေတွက်ရအောင် 1, 2, 3, 4, 5, 6, 7, 8… ဆိုတော့ 8 အုပ်စု 24 အစား 3 သည် 8 နဲ့ ညီမျှတယ်လို့ ပြောနိုင်တယ် ဟေး ဒီဟာက အမြှောက်နဲ့ ဆင်တယ်လို့ ပြောကောင်းပြောကြမယ် အမြှောက်ဆိုရင် 3 ခု အုပ်စု 8 စု၊ ုဆိုတာကတော့ 3 အမြှောက် 8 က 24 ရမယ် ဆိုတော့ လုံးဝမှန်တာပေါ့ 3 အမြှောက် 8 မြှောက်နိုင်တယ်, 8 ခုပါသော အုပ်စု 3 အုပ်စုဆိုလျှင် 24 နှင့် ညီတယ် ဗီဒီယိုအစမှာ ကျွန်တော်တို့မှာ 24 ခုရှိတယ်၊ ညီမျှသော အုပ်စု 3 စု ခွဲချင်တယ်၊ ကျွန်တော်တို့ အုပ်စုတစ်စုမှာ 8 ခုရှိတယ် (သို့) 8 ခုပါသော ညီမျှသော အုပ်စုသုံးစုသည် 24 ဖြစ်တယ် အခြားသောနည်းနဲ့လည်း စဉ်းစားလို့ရတယ် (အနည်းငယ်ရှင်းရအောင်) ပထမနမူနာမှာ ကျွန်တော် 24 ကို ညီမျှသော အုပ်စု 3 စုကို ခွဲခဲ့တယ် ဒါပေမယ့် 24 ခုကို 3 ခုပါသော အုပ်စု ခွဲနိုင်ပါသည် 3 ခုအုပ်စုကို ခွဲကြည့်ကြရအောင် ဥပမာ 3 ခုအုပ်စုတစ်စု၊ နောက်ထပ် 3 ခုအုပ်စုတစ်စု၊ ဘယ်ကိုသွားတယ်ဆိုတာ မြင်နိုင်ပါတယ် 3 ခုအုပ်စုတစ်စု၊ နောက် 3 ခုအုပ်စုတစ်စု၊ု 3 ခုအုပ်စု မည်မျှရနိုင်မလဲ စဉ်းစားကြည့်ရအောင် နောက်ထပ် 3 ခုအုပ်စု နောက် 3 ခု အုပ်စုတစ်ခု 3 ခုအုပ်စု မည်မျှရပါသလဲ 1 , 2 , 3 , 4 , 5 , 6 , 7 , 8… 3 ခုအုပ်စု တခြားနည်းနဲ့ မြင်ရရင်တော့ 24 ကို 3 ခုအုပ်စုခွဲ 3 ခုအုပ်စု 8 စု ရနိုင်တယ် နည်းတစ်နည်းနဲ့ စဉ်းစားကြည့်ရင် ဒါဟာ မြှောက်တာနဲ့ အတူတူပဲဖြစ်တယ် 3 ခုပါသော အုပ်စု 8 ခုရှိရင် 24 နှင့် ညီမျှတယ် 8 ခုအုပ်စု 3 အုပ်စု (သို့) 3 ခုအုပ်စု 8 အုပ်စု၊ တစ်ခုမဟုတ်တစ်ခု နှစ်နည်းစလုံး 24 ရပါတယ် ပိုပြီး စိတ်ဝင်စားဖို့ကောင်းအောင်လုပ်ကြည့်မယ် ခင်ဗျားကို ကျွန်တော် စဉ်းစားစေချင်တာက 24 အစား 12 ဆိုရင် ဘာလဲ? ဗီဒီယိုကို ခဏရပ်ပြီး တြိဂံ 24 ကိုဆွဲ၊ 24 ကို 12 နဲ့စား၊ ကြိုးစားကြည့်ပါ ဗီဒီယိုကို ခဏရပ်ထားတယ်လို့ သဘောထား၊ 24 ကို 12 နဲ့စား နည်းနှစ်မျိုးရှိပါတယ် 24 ကို 12 ခု အုပ်စု ခွဲရအောင်၊ အုပ်စု ဘယ်နှစ်ခု ရမလဲ? 12 ခုအုပ်စုတစ်စု နောက်ထပ် 12 ခုအုပ်စု ဘယ်နှစ်ခုရမလဲ? 12 ခုအုပ်စု နှစ်ခု ရပါတယ်၊ 24 အစား 12 = 2 လို့ ပြောနိုင်တယ် ဒါပေမယ့် နောက်တစ်နည်းကတော့ 24 ကို အုပ်စု 12 အုပ်စုခွဲလို့ ရပါတယ် အကယ်၍ ညီမျှသော အုပ်စု 12 အုပ်စုကို ခွဲမယ်ဆိုရင် ဘာဖြစ်မလဲ ညီမျှသော အုပ်စုတစ်စု နှစ်စု 3…4…5….6….7….8….9….10….11….12.. ကျွန်တော်တို့ 24 ကို ညီမျှသော အုပ်စု 12 စုခွဲလျှင် အုပ်စုတစ်စုမှာ ဘယ်နှစ်ခု ရှိနိုင်သလဲ? 2 ခုရှိပါတယ် 24 ကို ညီမျှသော အုပ်စု 12 စု ခွဲနိုင်တယ် (သို့) 24 ကို 12 ခုရှိသော အုပ်စု ခွဲနိုင်ပါတယ်။ ဒါကတော့ နောက်ဆုံးဥပမာ ဖြစ်ပါတယ် ပိုပြီး စိတ်ဝင်စားအောင် ထပ်လုပ်ကြည့်ရအောင် နှစ်ခုလောက် စဉ်းစားကြည့်ရအောင် 24 ကို 6 နဲ့ စားရင် ဘယ်လောက်ရမလဲ? ပြီးတော့ 24 ကို 4 နဲ့ စားရင် ဘယ်လောက်ရမလဲ? ဗီဒီယိုကို ခဏရပ်ပြီး တြိဂံတွေဆွဲပြီးတော့ ကြိုးစားတွက်ကြည့်ပါ 24 အစား 6 = ? နဲ့ 24 အစား 4 = ? ပထမဆုံး 24 ကို 6 နဲ့ စားကြည့်ရအောင် 24 ခုကို ညီမျှသော 6 ခုပါသော အုပ်စုခွဲရအောင် ဒီမှာ ညီမျှသော အုပ်စုတစ်စု ၊ အုပ်စု နှစ်စု 4 ခု အုပ်စုရှိတယ် ကျွန်တော်တို့မှာ အတန်း 6 တန်းရှိတယ် 3….4….5….6…. 24 ကို 6 ခု ညီမျှသော အုပ်စုခွဲလျှင် အုပ်စု ဘယ်နှစ်စု ရနိုင်သလဲ? ဒါကတော့ ရှင်းပါတယ်၊ အုပ်စုတစ်စုမှာ 4 ခုရှိတယ် နောက်တစ်နည်းစဉ်းစားရင် 24 ကို 6 ခုအုပ်စု ခွဲတယ်လို့ ပြောနိုင်ပါတယ် 24 ကို 6 ခုအုပ်စုခွဲရင် ဒီလိုမြင်နိုင်ပါတယ် 6 ခု အုပ်စုတစ်စု၊ နောက် 6 ခု အုပ်စုတစ်စု၊ နောက်တစ်စု.. ခင်ဗျားမြင်နိုင်ပါတယ် ကျွန်တော်တို့ဆီမှာ 6 ခုပါသောအုပ်စု 4 စု ရှိပါတယ် 24 အစား 4 ကို စဉ်းစားကြည့်ရအောင်၊ 24 ကို ညီမျှသော အုပ်စုလေးစုခွဲလျှင် ဒီလိုဆွဲထားတာပါ ညီမျှသော အုပ်စုလေးစု၊ ပြီးတော့ အုပ်စုတစ်စုမှာ 6 ခုရှိတယ် 24 အစား 6 = 4 , 24 အစား 4 = 6 ဘာကြောင့်လည်းဆိုတော့ 6 ခုပါသော အုပ်စုလေးစု (4 အမြှောက် 6 = 24) (သို့) 6 အမြှောက် 4 = 24 တို့က အတူတူပဲလို့ ပြောနိုင်တယ်