WEBVTT 00:00:06.756 --> 00:00:09.109 ကျုပ်တို့ စကြ၀ဠာကြီး ဘယ်တုန်းက ဘယ်လို ပေါ်လာခဲ့လဲ။ 00:00:09.109 --> 00:00:11.215 ဒီပုံစံမျိုး ဘယ်လိုများ ဖြစ်ပေါ်လာခဲ့လဲ။ 00:00:11.215 --> 00:00:12.890 ဘယ်လိုများ အဆုံးသတ်သွားမလဲ။ 00:00:12.890 --> 00:00:14.691 လူသားတွေက သူတို့ ပေါ်ထွန်းလာခဲ့ကြတဲ့ 00:00:14.691 --> 00:00:18.225 အချိန်ကတည်းက ဒီမေးခွန်းတွေကို ဆွေးနွေး လာခဲ့ကြပေမဲ့ သဘောမတူနိုင်ခဲ့ကြပါ။ 00:00:18.229 --> 00:00:22.228 ယနေ့ခေတ်မှာ အာကာသဗေဒပညာရှင်တွေက အဖြေတွေရှာကြံဖို့ ကြိုးပမ်းအားထုတ်နေကြတယ်။ 00:00:22.228 --> 00:00:27.209 ဒီလိုနက်နဲတဲ့ မေးခွန်းတွေကို တစ်ဦးဦးက ပြီးပြည့်စုံစွာ ဖြေပေးမှာ မျှော်လင့်မရပါ။ 00:00:27.209 --> 00:00:31.533 ပြီးတော့ စကြ၀ဠာလို ကြီးမားပြီး အများစုကို ကျွန်ုပ်တို့ ရောက်ဘူးကြမှာ မဟုတ်တဲ့ 00:00:31.533 --> 00:00:34.194 နေရာတွေကို စူးစမ်း လေ့လာရေးကိစ္စ ဘယ်လိုများ လုပ်နိုင်မလဲ။ 00:00:34.194 --> 00:00:35.974 အဖြေဟာ အလင်းရောင်ပါ။ 00:00:35.974 --> 00:00:38.118 အလှမ်းဝေးတဲ့ စကြ၀ဠာရဲ့ ဒေသတွေမှ အလင်းရောင်ဟာ 00:00:38.118 --> 00:00:40.483 ကျုပ်တို့ထံ ရောက်ဖို့ နှစ်ဘီလီယံချီ ကြာပေမဲ့၊ 00:00:40.483 --> 00:00:44.139 ၎င်းက သူမတူထူးခြားတဲ့ သတင်းအချက်အလက် ခြောက်မျိုး ယူဆောင်လာရာ၊ ပေါင်းလိုက်ရင် 00:00:44.139 --> 00:00:47.019 ၎င်းတို့ကို ဖွေရှာတတ်တဲ့ နက္ခတပညာရှင်တွေ ဩချကြရမယ့် 00:00:47.019 --> 00:00:49.302 အချက်အလက်များစွာကို ဖွင့်ချပြပေးနိုင်မှာပါ။ 00:00:49.302 --> 00:00:52.327 နေရောင်ကို သက်တန့်အဖြစ် ခွဲခြမ်းထုတ်ယူနိုင်သလို 00:00:52.327 --> 00:00:55.830 အလှမ်းဝေးတဲ့ အရာတွေမှ အလင်းရောင်ကို ခွဲခြမ်းလိုက်ရင် ၎င်းရဲ့ ဇစ်မြစ်အလိုက် 00:00:55.830 --> 00:00:58.311 ကွဲပြားတဲ့ အရောင်တွဲပုံစံတွေကို ဖွင့်ထုတ်ပြပေးပါမယ်။ 00:00:58.311 --> 00:01:02.186 ထူးခြားကြတဲ့ အဲဒီအလင်း ဘားကုဒ်က ၀တ္ထုတစ်ခုရဲ့ ဖွဲ့စည်းမှုကို သာမက 00:01:02.186 --> 00:01:06.040 ၎င်း၌ ပါဝင်တဲ့ အစိတ်အပိုင်းတွေရဲ့ အပူချိန်နဲ့ ဖိအားကိုပါ ဖော်ပြပေးနိုင်တယ်။ 00:01:06.040 --> 00:01:09.054 အလင်းရောင်ထံမှ ကျုပ်တို့ ရှာတွေ့နိုင်တာ ဒီထက်တောင် ပိုပါတယ်။ 00:01:09.054 --> 00:01:12.034 အကယ်၍ သင် ရထားစင်္ကြံပေါ်မှာ ရပ်ခဲ့ဖူးရင်၊ သတိ ပြုမိခဲ့မှာက 00:01:12.034 --> 00:01:14.651 ရထား အသံဟာ ၎င်းရဲ့လားရာအရပ်ပေါ် မူတည်ကာ သံစဉ်ဟာ သင့်ထံ 00:01:14.651 --> 00:01:16.802 ချည်းကပ်လာချိန် တဖြည်းဖြည်း မြင့်လာပြီး၊ 00:01:16.802 --> 00:01:19.674 ဝေးရာသို့ ထွက်သွားချိန်မှာ တဖြည်းဖြည်း နိမ့်ဆင်းသွားတာကိုပါ။ 00:01:19.674 --> 00:01:23.237 ဒါက ရထားလတ်မှတ်ရောင်းက အလုပ်သစ် အတွက် လေ့ကျင့်နေလို့တော့ မဟုတ်ပါ။ 00:01:23.237 --> 00:01:26.453 အမှန်တော့ ဒါဟာ Doppler effect ဆိုတဲ့ သက်ရောက်မှု ကြောင့်ပါ။ 00:01:26.453 --> 00:01:29.905 ချည်းကပ်လာတဲ့ အရာထံမှ အသံလှိုင်းတွေက ဖိသိပ်ခံကြရပြီး 00:01:29.905 --> 00:01:33.040 ဝေးရာသို့ ထွက်သွားတဲ့ အရာထံမှ အဲဒီလှိုင်းတွေဟာ ဆွဲဆန့်ခံရကြလို့ပါ။ 00:01:33.040 --> 00:01:35.899 ဒါပေမဲ့၊ အဲဒါက နက္ခတဗေဒသမားတွေနဲ့ ဘယ်လိုများ ပတ်သတ်နိုင်သလဲ။ 00:01:35.899 --> 00:01:40.865 အသံဟာ လေဟာကို ဖြတ်မသွားနိုင်လို့ အာကာသမှာ သင်ဟာ ကိုယ့်အော်သံကိုတောင် မကြားနိုင်ပါ။ 00:01:40.865 --> 00:01:45.974 ဒါပေမဲ့ Doppler effect က မြန်လွန်းစွာ ရွေ့ လျားနေတဲ့ အရာရဲ့ အလင်းနဲ့လည်း ဆိုင်ပါတယ်။ 00:01:45.974 --> 00:01:48.191 အကယ်၍ ကျုပ်တို့ထံ လာနေရင် ပိုတိုတဲ့ 00:01:48.191 --> 00:01:50.603 လှိုင်းအလျားကြောင့် အလင်းရောင်ကို ပိုပြာလာစေမယ်။ 00:01:50.603 --> 00:01:52.877 ထိုစဉ် ဝေးရာကို ရွေ့နေတဲ့ အရာမှ အလင်းရောင်က 00:01:52.877 --> 00:01:55.655 အနီဘက်ယိမ်းလျက် လှိုင်းအလျား ပိုရှည်သွားပါလိမ့်မယ်။ 00:01:55.655 --> 00:01:59.068 ဒီတော့ အဝေးကြည့် မှန်ပြောင်းနဲ့ ရှုမှတ်နိုင်တဲ့ အရာဝတ္ထုမှ အလင်းရဲ့ 00:01:59.068 --> 00:02:02.551 ဒေါ့ပလာ ရွေ့လျားမှုအရအရ၊ ကျုပ်တို့ဟာ အဲဒါကို ဘာနဲ့လုပ်ထားသလဲ၊ 00:02:02.551 --> 00:02:06.068 ၎င်းရဲ့ အပူချိန်က ဘာလောက်လဲ၊ ၎င်းအပေါ် ကျရောက်နေတဲ့ ဖိအားကို သိနိုင်သလို၊ 00:02:06.068 --> 00:02:09.464 ဒါက ရွေ့လျားနေမနေ၊ ရွေ့လျားနေရင် ဘယ်ကို ဘယ်လောက် လျင်မြန်စွာ သိနိုင်တယ်။ 00:02:09.464 --> 00:02:13.253 အဲဒီလို ခြောက်ခုသော အလင်းရဲ့ တိုင်းတာမှု တွေ၊ အလင်းရောင်ရဲ့ အချက်ခြောက်ချက်လို 00:02:13.253 --> 00:02:16.153 စကြ၀ဠာရဲ့သမိုင်းကို ဖော်ထုတ် ပြသပေးကြပါတယ်။ 00:02:16.153 --> 00:02:20.759 အလှမ်းဝေးတဲ့ ကြယ်စုတွေထံမှ အလင်းရောင်ကို ပထမဆုံး လေ့လာခဲ့သူက Edwin Hubble ဖြစ်ပြီး 00:02:20.759 --> 00:02:23.586 သူမြင်တွေ့ရတဲ့ အလင်းရောင်ဟာ အနီဘက်ကို ရွှေ့နေခဲ့တယ်။ 00:02:23.586 --> 00:02:26.273 အလှမ်းဝေးတဲ့ ကြယ်စုတွေဟာ အားလုံးပဲ ကျုပ်တို့ထံမှ ဝေးရာဆီ 00:02:26.273 --> 00:02:29.795 ရွေ့လျားနေပြီး ပိုဝေးတဲ့ ကြယ်စုတွေက ပိုမြန်မြန် ဝေးဝေးသွားနေကြတယ်။ 00:02:29.795 --> 00:02:32.880 Hubble ကမှ ကျုပ်တို့ရဲ့ စကြဝဠာ ပြန့်ကားလာနေကြောင်းကို တွေ့ခဲ့ရာ၊ 00:02:32.880 --> 00:02:36.203 Big Bang သီအိုရီအတွက် ပထမ သက်သေခံချက် ဖြစ်လာခဲ့တယ်။ 00:02:36.203 --> 00:02:39.995 တွေ့မြင်ရတဲ့ စကြ၀ဠာဟာ တချိန်လုံးပဲ ကျစ်လစ်သိပ်သည်းခဲ့တဲ့ အမှတ်တနေရာမှ 00:02:39.995 --> 00:02:42.774 အဆက်မပြတ် ပြန့်ကားလာခဲ့နေကြောင်း ဆိုတဲ့ အတွေးအခေါ်ဖြစ်တဲ့ 00:02:42.774 --> 00:02:45.025 ဒီသီအိုရီရဲ့ အရေးပါဆုံး ဟောကိန်းတွေထဲမှ တစ်ခုက 00:02:45.025 --> 00:02:50.443 ရှေးဦး စကြ၀ဠာထဲတွင် ဟိုက်ဒြိုဂျင်နှင့် ဟီလီယံ ဓာတ်ငွေ့ နှစ်မျိုးတို့ဟာ 00:02:50.443 --> 00:02:52.467 သုံးချိုး တစ်ချိုး ပါဝင်ခဲ့ခြင်းပါပဲ။ 00:02:52.467 --> 00:02:55.390 ပြီးတော့ အဲဒီဟောကိန်းကိုလည်း အလင်းရောင်းနဲ့ စမ်းသပ်နိုင်တယ်။ 00:02:55.390 --> 00:02:59.654 ကျုပ်တို့က စကြ၀ဠာကို အစွန်းအဖျားရှိ ဆိတ်ငြိမ်ရပ်ဝန်းမှ အလင်းရောင်ကို လေ့လာပြီး 00:02:59.654 --> 00:03:04.412 ခွဲထုတ်လိုက်ရင် ဓာတ်ငွေ့နှစ်မျိုးရဲ့ အစအန ကို ခုနကအချိုးအတိုင်း တကယ်ပဲ တွေ့ရမှာပါ။ 00:03:04.412 --> 00:03:06.613 ဒါ Big Bangရဲ့ နောက်ထပ် အောင်ပွဲတစ်ရပ်ပါ။ 00:03:06.613 --> 00:03:09.804 သို့သော်လည်း ဖြေရှင်းရဦးမယ့် ပဟေဠိတွေ အများကြီး ကျန်နေကြတုန်းပါ။ 00:03:09.804 --> 00:03:12.458 မြင်ရတဲ့ စကြ၀ဠာဟာ ပြန့်ကားနေကြောင်း ကျုပ်တို့ သိသော်လည်း 00:03:12.458 --> 00:03:14.340 ဒြပ်ဆွဲခြင်းက ဘရိတ်အုပ်သလို ရှိရပါမယ်။ 00:03:14.340 --> 00:03:17.956 ဒါပေမဲ့၊ အဝေးရှိ သေကြတော့မယ့် ကြယ်တွေရဲ့ အလင်းရောင်ကို မကြာမီက တိုင်းကြည့်ရာ 00:03:17.956 --> 00:03:20.701 ၎င်းတို့မှာ ခန့်မှန်းခဲ့ရသည်ထက်ကို ပိုဝေးနေကြောင်း သိရတယ်။ 00:03:20.701 --> 00:03:24.399 ဒီလိုဆို စကြ၀ဠာပြန့်ကားခြင်းဟာ တကယ့်ကို ပိုအရှိန်ရလာတယ်။ 00:03:24.399 --> 00:03:26.545 တစ်ခုခုက ၎င်းကို တွန်းကန်နေသလို ထင်စရာရှိပြီး 00:03:26.545 --> 00:03:30.103 အဲဒါဟာ စကြာဝဠာရဲ့ ၂/၃ အထိရှိပြီး တဖြည်းဖြည်းခြင်း ၎င်းကို ဆုတ်ဖြဲနေတဲ့ 00:03:30.103 --> 00:03:34.275 မှောင်မည်းနေတဲ့ စွမ်းအင်ဘဲ ဖြစ်တယ်လို့ သိပ္ပံပညာရှင် အများက ယူဆကြတယ်။ 00:03:34.275 --> 00:03:38.555 ရုပ်ဒြပ်တွေ ပြုမူကြပုံ ကျုပ်တို့ရဲ့ အသိပညာ တွေနဲ့ ကျုပ်တို့ ကိရိယာတွေရဲ့ တိကျမှုရဲ့ 00:03:38.555 --> 00:03:42.207 ကျေးဇူးကြောင့် အဝေးမှ ကြယ်တွေကို လေ့လာကြည့်ရုံဖြင့် စကြ၀ဠာအကြောင်းကို 00:03:42.207 --> 00:03:45.027 တို့တွေ တွေးဖူးတာထက်ကို များစွာမှ ပိုသိရှိလာနိုင်ကြပါတယ်။ 00:03:45.027 --> 00:03:47.986 ဒါပေမဲ့ Dark Energyရဲ့ သဘာဝလို အခြား ဆန်းကြယ်တဲ့ အရာတွေကို 00:03:47.986 --> 00:03:50.547 ကျုပ်တို့က မီးမောင်းထိုးပြလျက် ရှင်းပြ ပေးကြရဦးမှာပါ။