1 00:00:06,756 --> 00:00:09,109 ကျုပ်တို့ စကြ၀ဠာကြီး ဘယ်တုန်းက ဘယ်လို ပေါ်လာခဲ့လဲ။ 2 00:00:09,109 --> 00:00:11,215 ဒီပုံစံမျိုး ဘယ်လိုများ ဖြစ်ပေါ်လာခဲ့လဲ။ 3 00:00:11,215 --> 00:00:12,890 ဘယ်လိုများ အဆုံးသတ်သွားမလဲ။ 4 00:00:12,890 --> 00:00:14,691 လူသားတွေက သူတို့ ပေါ်ထွန်းလာခဲ့ကြတဲ့ 5 00:00:14,691 --> 00:00:18,225 အချိန်ကတည်းက ဒီမေးခွန်းတွေကို ဆွေးနွေး လာခဲ့ကြပေမဲ့ သဘောမတူနိုင်ခဲ့ကြပါ။ 6 00:00:18,229 --> 00:00:22,228 ယနေ့ခေတ်မှာ အာကာသဗေဒပညာရှင်တွေက အဖြေတွေရှာကြံဖို့ ကြိုးပမ်းအားထုတ်နေကြတယ်။ 7 00:00:22,228 --> 00:00:27,209 ဒီလိုနက်နဲတဲ့ မေးခွန်းတွေကို တစ်ဦးဦးက ပြီးပြည့်စုံစွာ ဖြေပေးမှာ မျှော်လင့်မရပါ။ 8 00:00:27,209 --> 00:00:31,533 ပြီးတော့ စကြ၀ဠာလို ကြီးမားပြီး အများစုကို ကျွန်ုပ်တို့ ရောက်ဘူးကြမှာ မဟုတ်တဲ့ 9 00:00:31,533 --> 00:00:34,194 နေရာတွေကို စူးစမ်း လေ့လာရေးကိစ္စ ဘယ်လိုများ လုပ်နိုင်မလဲ။ 10 00:00:34,194 --> 00:00:35,974 အဖြေဟာ အလင်းရောင်ပါ။ 11 00:00:35,974 --> 00:00:38,118 အလှမ်းဝေးတဲ့ စကြ၀ဠာရဲ့ ဒေသတွေမှ အလင်းရောင်ဟာ 12 00:00:38,118 --> 00:00:40,483 ကျုပ်တို့ထံ ရောက်ဖို့ နှစ်ဘီလီယံချီ ကြာပေမဲ့၊ 13 00:00:40,483 --> 00:00:44,139 ၎င်းက သူမတူထူးခြားတဲ့ သတင်းအချက်အလက် ခြောက်မျိုး ယူဆောင်လာရာ၊ ပေါင်းလိုက်ရင် 14 00:00:44,139 --> 00:00:47,019 ၎င်းတို့ကို ဖွေရှာတတ်တဲ့ နက္ခတပညာရှင်တွေ ဩချကြရမယ့် 15 00:00:47,019 --> 00:00:49,302 အချက်အလက်များစွာကို ဖွင့်ချပြပေးနိုင်မှာပါ။ 16 00:00:49,302 --> 00:00:52,327 နေရောင်ကို သက်တန့်အဖြစ် ခွဲခြမ်းထုတ်ယူနိုင်သလို 17 00:00:52,327 --> 00:00:55,830 အလှမ်းဝေးတဲ့ အရာတွေမှ အလင်းရောင်ကို ခွဲခြမ်းလိုက်ရင် ၎င်းရဲ့ ဇစ်မြစ်အလိုက် 18 00:00:55,830 --> 00:00:58,311 ကွဲပြားတဲ့ အရောင်တွဲပုံစံတွေကို ဖွင့်ထုတ်ပြပေးပါမယ်။ 19 00:00:58,311 --> 00:01:02,186 ထူးခြားကြတဲ့ အဲဒီအလင်း ဘားကုဒ်က ၀တ္ထုတစ်ခုရဲ့ ဖွဲ့စည်းမှုကို သာမက 20 00:01:02,186 --> 00:01:06,040 ၎င်း၌ ပါဝင်တဲ့ အစိတ်အပိုင်းတွေရဲ့ အပူချိန်နဲ့ ဖိအားကိုပါ ဖော်ပြပေးနိုင်တယ်။ 21 00:01:06,040 --> 00:01:09,054 အလင်းရောင်ထံမှ ကျုပ်တို့ ရှာတွေ့နိုင်တာ ဒီထက်တောင် ပိုပါတယ်။ 22 00:01:09,054 --> 00:01:12,034 အကယ်၍ သင် ရထားစင်္ကြံပေါ်မှာ ရပ်ခဲ့ဖူးရင်၊ သတိ ပြုမိခဲ့မှာက 23 00:01:12,034 --> 00:01:14,651 ရထား အသံဟာ ၎င်းရဲ့လားရာအရပ်ပေါ် မူတည်ကာ သံစဉ်ဟာ သင့်ထံ 24 00:01:14,651 --> 00:01:16,802 ချည်းကပ်လာချိန် တဖြည်းဖြည်း မြင့်လာပြီး၊ 25 00:01:16,802 --> 00:01:19,674 ဝေးရာသို့ ထွက်သွားချိန်မှာ တဖြည်းဖြည်း နိမ့်ဆင်းသွားတာကိုပါ။ 26 00:01:19,674 --> 00:01:23,237 ဒါက ရထားလတ်မှတ်ရောင်းက အလုပ်သစ် အတွက် လေ့ကျင့်နေလို့တော့ မဟုတ်ပါ။ 27 00:01:23,237 --> 00:01:26,453 အမှန်တော့ ဒါဟာ Doppler effect ဆိုတဲ့ သက်ရောက်မှု ကြောင့်ပါ။ 28 00:01:26,453 --> 00:01:29,905 ချည်းကပ်လာတဲ့ အရာထံမှ အသံလှိုင်းတွေက ဖိသိပ်ခံကြရပြီး 29 00:01:29,905 --> 00:01:33,040 ဝေးရာသို့ ထွက်သွားတဲ့ အရာထံမှ အဲဒီလှိုင်းတွေဟာ ဆွဲဆန့်ခံရကြလို့ပါ။ 30 00:01:33,040 --> 00:01:35,899 ဒါပေမဲ့၊ အဲဒါက နက္ခတဗေဒသမားတွေနဲ့ ဘယ်လိုများ ပတ်သတ်နိုင်သလဲ။ 31 00:01:35,899 --> 00:01:40,865 အသံဟာ လေဟာကို ဖြတ်မသွားနိုင်လို့ အာကာသမှာ သင်ဟာ ကိုယ့်အော်သံကိုတောင် မကြားနိုင်ပါ။ 32 00:01:40,865 --> 00:01:45,974 ဒါပေမဲ့ Doppler effect က မြန်လွန်းစွာ ရွေ့ လျားနေတဲ့ အရာရဲ့ အလင်းနဲ့လည်း ဆိုင်ပါတယ်။ 33 00:01:45,974 --> 00:01:48,191 အကယ်၍ ကျုပ်တို့ထံ လာနေရင် ပိုတိုတဲ့ 34 00:01:48,191 --> 00:01:50,603 လှိုင်းအလျားကြောင့် အလင်းရောင်ကို ပိုပြာလာစေမယ်။ 35 00:01:50,603 --> 00:01:52,877 ထိုစဉ် ဝေးရာကို ရွေ့နေတဲ့ အရာမှ အလင်းရောင်က 36 00:01:52,877 --> 00:01:55,655 အနီဘက်ယိမ်းလျက် လှိုင်းအလျား ပိုရှည်သွားပါလိမ့်မယ်။ 37 00:01:55,655 --> 00:01:59,068 ဒီတော့ အဝေးကြည့် မှန်ပြောင်းနဲ့ ရှုမှတ်နိုင်တဲ့ အရာဝတ္ထုမှ အလင်းရဲ့ 38 00:01:59,068 --> 00:02:02,551 ဒေါ့ပလာ ရွေ့လျားမှုအရအရ၊ ကျုပ်တို့ဟာ အဲဒါကို ဘာနဲ့လုပ်ထားသလဲ၊ 39 00:02:02,551 --> 00:02:06,068 ၎င်းရဲ့ အပူချိန်က ဘာလောက်လဲ၊ ၎င်းအပေါ် ကျရောက်နေတဲ့ ဖိအားကို သိနိုင်သလို၊ 40 00:02:06,068 --> 00:02:09,464 ဒါက ရွေ့လျားနေမနေ၊ ရွေ့လျားနေရင် ဘယ်ကို ဘယ်လောက် လျင်မြန်စွာ သိနိုင်တယ်။ 41 00:02:09,464 --> 00:02:13,253 အဲဒီလို ခြောက်ခုသော အလင်းရဲ့ တိုင်းတာမှု တွေ၊ အလင်းရောင်ရဲ့ အချက်ခြောက်ချက်လို 42 00:02:13,253 --> 00:02:16,153 စကြ၀ဠာရဲ့သမိုင်းကို ဖော်ထုတ် ပြသပေးကြပါတယ်။ 43 00:02:16,153 --> 00:02:20,759 အလှမ်းဝေးတဲ့ ကြယ်စုတွေထံမှ အလင်းရောင်ကို ပထမဆုံး လေ့လာခဲ့သူက Edwin Hubble ဖြစ်ပြီး 44 00:02:20,759 --> 00:02:23,586 သူမြင်တွေ့ရတဲ့ အလင်းရောင်ဟာ အနီဘက်ကို ရွှေ့နေခဲ့တယ်။ 45 00:02:23,586 --> 00:02:26,273 အလှမ်းဝေးတဲ့ ကြယ်စုတွေဟာ အားလုံးပဲ ကျုပ်တို့ထံမှ ဝေးရာဆီ 46 00:02:26,273 --> 00:02:29,795 ရွေ့လျားနေပြီး ပိုဝေးတဲ့ ကြယ်စုတွေက ပိုမြန်မြန် ဝေးဝေးသွားနေကြတယ်။ 47 00:02:29,795 --> 00:02:32,880 Hubble ကမှ ကျုပ်တို့ရဲ့ စကြဝဠာ ပြန့်ကားလာနေကြောင်းကို တွေ့ခဲ့ရာ၊ 48 00:02:32,880 --> 00:02:36,203 Big Bang သီအိုရီအတွက် ပထမ သက်သေခံချက် ဖြစ်လာခဲ့တယ်။ 49 00:02:36,203 --> 00:02:39,995 တွေ့မြင်ရတဲ့ စကြ၀ဠာဟာ တချိန်လုံးပဲ ကျစ်လစ်သိပ်သည်းခဲ့တဲ့ အမှတ်တနေရာမှ 50 00:02:39,995 --> 00:02:42,774 အဆက်မပြတ် ပြန့်ကားလာခဲ့နေကြောင်း ဆိုတဲ့ အတွေးအခေါ်ဖြစ်တဲ့ 51 00:02:42,774 --> 00:02:45,025 ဒီသီအိုရီရဲ့ အရေးပါဆုံး ဟောကိန်းတွေထဲမှ တစ်ခုက 52 00:02:45,025 --> 00:02:50,443 ရှေးဦး စကြ၀ဠာထဲတွင် ဟိုက်ဒြိုဂျင်နှင့် ဟီလီယံ ဓာတ်ငွေ့ နှစ်မျိုးတို့ဟာ 53 00:02:50,443 --> 00:02:52,467 သုံးချိုး တစ်ချိုး ပါဝင်ခဲ့ခြင်းပါပဲ။ 54 00:02:52,467 --> 00:02:55,390 ပြီးတော့ အဲဒီဟောကိန်းကိုလည်း အလင်းရောင်းနဲ့ စမ်းသပ်နိုင်တယ်။ 55 00:02:55,390 --> 00:02:59,654 ကျုပ်တို့က စကြ၀ဠာကို အစွန်းအဖျားရှိ ဆိတ်ငြိမ်ရပ်ဝန်းမှ အလင်းရောင်ကို လေ့လာပြီး 56 00:02:59,654 --> 00:03:04,412 ခွဲထုတ်လိုက်ရင် ဓာတ်ငွေ့နှစ်မျိုးရဲ့ အစအန ကို ခုနကအချိုးအတိုင်း တကယ်ပဲ တွေ့ရမှာပါ။ 57 00:03:04,412 --> 00:03:06,613 ဒါ Big Bangရဲ့ နောက်ထပ် အောင်ပွဲတစ်ရပ်ပါ။ 58 00:03:06,613 --> 00:03:09,804 သို့သော်လည်း ဖြေရှင်းရဦးမယ့် ပဟေဠိတွေ အများကြီး ကျန်နေကြတုန်းပါ။ 59 00:03:09,804 --> 00:03:12,458 မြင်ရတဲ့ စကြ၀ဠာဟာ ပြန့်ကားနေကြောင်း ကျုပ်တို့ သိသော်လည်း 60 00:03:12,458 --> 00:03:14,340 ဒြပ်ဆွဲခြင်းက ဘရိတ်အုပ်သလို ရှိရပါမယ်။ 61 00:03:14,340 --> 00:03:17,956 ဒါပေမဲ့၊ အဝေးရှိ သေကြတော့မယ့် ကြယ်တွေရဲ့ အလင်းရောင်ကို မကြာမီက တိုင်းကြည့်ရာ 62 00:03:17,956 --> 00:03:20,701 ၎င်းတို့မှာ ခန့်မှန်းခဲ့ရသည်ထက်ကို ပိုဝေးနေကြောင်း သိရတယ်။ 63 00:03:20,701 --> 00:03:24,399 ဒီလိုဆို စကြ၀ဠာပြန့်ကားခြင်းဟာ တကယ့်ကို ပိုအရှိန်ရလာတယ်။ 64 00:03:24,399 --> 00:03:26,545 တစ်ခုခုက ၎င်းကို တွန်းကန်နေသလို ထင်စရာရှိပြီး 65 00:03:26,545 --> 00:03:30,103 အဲဒါဟာ စကြာဝဠာရဲ့ ၂/၃ အထိရှိပြီး တဖြည်းဖြည်းခြင်း ၎င်းကို ဆုတ်ဖြဲနေတဲ့ 66 00:03:30,103 --> 00:03:34,275 မှောင်မည်းနေတဲ့ စွမ်းအင်ဘဲ ဖြစ်တယ်လို့ သိပ္ပံပညာရှင် အများက ယူဆကြတယ်။ 67 00:03:34,275 --> 00:03:38,555 ရုပ်ဒြပ်တွေ ပြုမူကြပုံ ကျုပ်တို့ရဲ့ အသိပညာ တွေနဲ့ ကျုပ်တို့ ကိရိယာတွေရဲ့ တိကျမှုရဲ့ 68 00:03:38,555 --> 00:03:42,207 ကျေးဇူးကြောင့် အဝေးမှ ကြယ်တွေကို လေ့လာကြည့်ရုံဖြင့် စကြ၀ဠာအကြောင်းကို 69 00:03:42,207 --> 00:03:45,027 တို့တွေ တွေးဖူးတာထက်ကို များစွာမှ ပိုသိရှိလာနိုင်ကြပါတယ်။ 70 00:03:45,027 --> 00:03:47,986 ဒါပေမဲ့ Dark Energyရဲ့ သဘာဝလို အခြား ဆန်းကြယ်တဲ့ အရာတွေကို 71 00:03:47,986 --> 00:03:50,547 ကျုပ်တို့က မီးမောင်းထိုးပြလျက် ရှင်းပြ ပေးကြရဦးမှာပါ။