ကျုပ်တို့ စကြ၀ဠာကြီး
ဘယ်တုန်းက ဘယ်လို ပေါ်လာခဲ့လဲ။
ဒီပုံစံမျိုး ဘယ်လိုများ ဖြစ်ပေါ်လာခဲ့လဲ။
ဘယ်လိုများ အဆုံးသတ်သွားမလဲ။
လူသားတွေက သူတို့ ပေါ်ထွန်းလာခဲ့ကြတဲ့
အချိန်ကတည်းက ဒီမေးခွန်းတွေကို ဆွေးနွေး
လာခဲ့ကြပေမဲ့ သဘောမတူနိုင်ခဲ့ကြပါ။
ယနေ့ခေတ်မှာ အာကာသဗေဒပညာရှင်တွေက
အဖြေတွေရှာကြံဖို့ ကြိုးပမ်းအားထုတ်နေကြတယ်။
ဒီလိုနက်နဲတဲ့ မေးခွန်းတွေကို တစ်ဦးဦးက
ပြီးပြည့်စုံစွာ ဖြေပေးမှာ မျှော်လင့်မရပါ။
ပြီးတော့ စကြ၀ဠာလို ကြီးမားပြီး အများစုကို
ကျွန်ုပ်တို့ ရောက်ဘူးကြမှာ မဟုတ်တဲ့
နေရာတွေကို စူးစမ်း လေ့လာရေးကိစ္စ
ဘယ်လိုများ လုပ်နိုင်မလဲ။
အဖြေဟာ အလင်းရောင်ပါ။
အလှမ်းဝေးတဲ့ စကြ၀ဠာရဲ့ ဒေသတွေမှ
အလင်းရောင်ဟာ
ကျုပ်တို့ထံ ရောက်ဖို့
နှစ်ဘီလီယံချီ ကြာပေမဲ့၊
၎င်းက သူမတူထူးခြားတဲ့ သတင်းအချက်အလက်
ခြောက်မျိုး ယူဆောင်လာရာ၊ ပေါင်းလိုက်ရင်
၎င်းတို့ကို ဖွေရှာတတ်တဲ့
နက္ခတပညာရှင်တွေ ဩချကြရမယ့်
အချက်အလက်များစွာကို
ဖွင့်ချပြပေးနိုင်မှာပါ။
နေရောင်ကို သက်တန့်အဖြစ်
ခွဲခြမ်းထုတ်ယူနိုင်သလို
အလှမ်းဝေးတဲ့ အရာတွေမှ အလင်းရောင်ကို
ခွဲခြမ်းလိုက်ရင် ၎င်းရဲ့ ဇစ်မြစ်အလိုက်
ကွဲပြားတဲ့ အရောင်တွဲပုံစံတွေကို
ဖွင့်ထုတ်ပြပေးပါမယ်။
ထူးခြားကြတဲ့ အဲဒီအလင်း ဘားကုဒ်က
၀တ္ထုတစ်ခုရဲ့ ဖွဲ့စည်းမှုကို သာမက
၎င်း၌ ပါဝင်တဲ့ အစိတ်အပိုင်းတွေရဲ့
အပူချိန်နဲ့ ဖိအားကိုပါ ဖော်ပြပေးနိုင်တယ်။
အလင်းရောင်ထံမှ ကျုပ်တို့ ရှာတွေ့နိုင်တာ
ဒီထက်တောင် ပိုပါတယ်။
အကယ်၍ သင် ရထားစင်္ကြံပေါ်မှာ ရပ်ခဲ့ဖူးရင်၊
သတိ ပြုမိခဲ့မှာက
ရထား အသံဟာ ၎င်းရဲ့လားရာအရပ်ပေါ်
မူတည်ကာ သံစဉ်ဟာ သင့်ထံ
ချည်းကပ်လာချိန် တဖြည်းဖြည်း
မြင့်လာပြီး၊
ဝေးရာသို့ ထွက်သွားချိန်မှာ တဖြည်းဖြည်း
နိမ့်ဆင်းသွားတာကိုပါ။
ဒါက ရထားလတ်မှတ်ရောင်းက အလုပ်သစ်
အတွက် လေ့ကျင့်နေလို့တော့ မဟုတ်ပါ။
အမှန်တော့ ဒါဟာ Doppler effect ဆိုတဲ့
သက်ရောက်မှု ကြောင့်ပါ။
ချည်းကပ်လာတဲ့ အရာထံမှ
အသံလှိုင်းတွေက ဖိသိပ်ခံကြရပြီး
ဝေးရာသို့ ထွက်သွားတဲ့ အရာထံမှ
အဲဒီလှိုင်းတွေဟာ ဆွဲဆန့်ခံရကြလို့ပါ။
ဒါပေမဲ့၊ အဲဒါက နက္ခတဗေဒသမားတွေနဲ့
ဘယ်လိုများ ပတ်သတ်နိုင်သလဲ။
အသံဟာ လေဟာကို ဖြတ်မသွားနိုင်လို့ အာကာသမှာ
သင်ဟာ ကိုယ့်အော်သံကိုတောင် မကြားနိုင်ပါ။
ဒါပေမဲ့ Doppler effect က မြန်လွန်းစွာ ရွေ့
လျားနေတဲ့ အရာရဲ့ အလင်းနဲ့လည်း ဆိုင်ပါတယ်။
အကယ်၍ ကျုပ်တို့ထံ လာနေရင် ပိုတိုတဲ့
လှိုင်းအလျားကြောင့် အလင်းရောင်ကို
ပိုပြာလာစေမယ်။
ထိုစဉ် ဝေးရာကို ရွေ့နေတဲ့ အရာမှ
အလင်းရောင်က
အနီဘက်ယိမ်းလျက် လှိုင်းအလျား
ပိုရှည်သွားပါလိမ့်မယ်။
ဒီတော့ အဝေးကြည့် မှန်ပြောင်းနဲ့
ရှုမှတ်နိုင်တဲ့ အရာဝတ္ထုမှ အလင်းရဲ့
ဒေါ့ပလာ ရွေ့လျားမှုအရအရ၊ ကျုပ်တို့ဟာ
အဲဒါကို ဘာနဲ့လုပ်ထားသလဲ၊
၎င်းရဲ့ အပူချိန်က ဘာလောက်လဲ၊ ၎င်းအပေါ်
ကျရောက်နေတဲ့ ဖိအားကို သိနိုင်သလို၊
ဒါက ရွေ့လျားနေမနေ၊ ရွေ့လျားနေရင်
ဘယ်ကို ဘယ်လောက် လျင်မြန်စွာ သိနိုင်တယ်။
အဲဒီလို ခြောက်ခုသော အလင်းရဲ့ တိုင်းတာမှု
တွေ၊ အလင်းရောင်ရဲ့ အချက်ခြောက်ချက်လို
စကြ၀ဠာရဲ့သမိုင်းကို
ဖော်ထုတ် ပြသပေးကြပါတယ်။
အလှမ်းဝေးတဲ့ ကြယ်စုတွေထံမှ အလင်းရောင်ကို
ပထမဆုံး လေ့လာခဲ့သူက Edwin Hubble ဖြစ်ပြီး
သူမြင်တွေ့ရတဲ့ အလင်းရောင်ဟာ
အနီဘက်ကို ရွှေ့နေခဲ့တယ်။
အလှမ်းဝေးတဲ့ ကြယ်စုတွေဟာ
အားလုံးပဲ ကျုပ်တို့ထံမှ ဝေးရာဆီ
ရွေ့လျားနေပြီး ပိုဝေးတဲ့ ကြယ်စုတွေက
ပိုမြန်မြန် ဝေးဝေးသွားနေကြတယ်။
Hubble ကမှ ကျုပ်တို့ရဲ့ စကြဝဠာ
ပြန့်ကားလာနေကြောင်းကို တွေ့ခဲ့ရာ၊
Big Bang သီအိုရီအတွက်
ပထမ သက်သေခံချက် ဖြစ်လာခဲ့တယ်။
တွေ့မြင်ရတဲ့ စကြ၀ဠာဟာ တချိန်လုံးပဲ
ကျစ်လစ်သိပ်သည်းခဲ့တဲ့ အမှတ်တနေရာမှ
အဆက်မပြတ် ပြန့်ကားလာခဲ့နေကြောင်း
ဆိုတဲ့ အတွေးအခေါ်ဖြစ်တဲ့
ဒီသီအိုရီရဲ့ အရေးပါဆုံး
ဟောကိန်းတွေထဲမှ တစ်ခုက
ရှေးဦး စကြ၀ဠာထဲတွင် ဟိုက်ဒြိုဂျင်နှင့်
ဟီလီယံ ဓာတ်ငွေ့ နှစ်မျိုးတို့ဟာ
သုံးချိုး တစ်ချိုး ပါဝင်ခဲ့ခြင်းပါပဲ။
ပြီးတော့ အဲဒီဟောကိန်းကိုလည်း
အလင်းရောင်းနဲ့ စမ်းသပ်နိုင်တယ်။
ကျုပ်တို့က စကြ၀ဠာကို အစွန်းအဖျားရှိ
ဆိတ်ငြိမ်ရပ်ဝန်းမှ အလင်းရောင်ကို လေ့လာပြီး
ခွဲထုတ်လိုက်ရင် ဓာတ်ငွေ့နှစ်မျိုးရဲ့ အစအန
ကို ခုနကအချိုးအတိုင်း တကယ်ပဲ တွေ့ရမှာပါ။
ဒါ Big Bangရဲ့ နောက်ထပ် အောင်ပွဲတစ်ရပ်ပါ။
သို့သော်လည်း ဖြေရှင်းရဦးမယ့် ပဟေဠိတွေ
အများကြီး ကျန်နေကြတုန်းပါ။
မြင်ရတဲ့ စကြ၀ဠာဟာ ပြန့်ကားနေကြောင်း
ကျုပ်တို့ သိသော်လည်း
ဒြပ်ဆွဲခြင်းက ဘရိတ်အုပ်သလို ရှိရပါမယ်။
ဒါပေမဲ့၊ အဝေးရှိ သေကြတော့မယ့် ကြယ်တွေရဲ့
အလင်းရောင်ကို မကြာမီက တိုင်းကြည့်ရာ
၎င်းတို့မှာ ခန့်မှန်းခဲ့ရသည်ထက်ကို
ပိုဝေးနေကြောင်း သိရတယ်။
ဒီလိုဆို စကြ၀ဠာပြန့်ကားခြင်းဟာ
တကယ့်ကို ပိုအရှိန်ရလာတယ်။
တစ်ခုခုက ၎င်းကို တွန်းကန်နေသလို
ထင်စရာရှိပြီး
အဲဒါဟာ စကြာဝဠာရဲ့ ၂/၃ အထိရှိပြီး
တဖြည်းဖြည်းခြင်း ၎င်းကို ဆုတ်ဖြဲနေတဲ့
မှောင်မည်းနေတဲ့ စွမ်းအင်ဘဲ ဖြစ်တယ်လို့
သိပ္ပံပညာရှင် အများက ယူဆကြတယ်။
ရုပ်ဒြပ်တွေ ပြုမူကြပုံ ကျုပ်တို့ရဲ့ အသိပညာ
တွေနဲ့ ကျုပ်တို့ ကိရိယာတွေရဲ့ တိကျမှုရဲ့
ကျေးဇူးကြောင့် အဝေးမှ ကြယ်တွေကို
လေ့လာကြည့်ရုံဖြင့် စကြ၀ဠာအကြောင်းကို
တို့တွေ တွေးဖူးတာထက်ကို
များစွာမှ ပိုသိရှိလာနိုင်ကြပါတယ်။
ဒါပေမဲ့ Dark Energyရဲ့ သဘာဝလို
အခြား ဆန်းကြယ်တဲ့ အရာတွေကို
ကျုပ်တို့က မီးမောင်းထိုးပြလျက် ရှင်းပြ
ပေးကြရဦးမှာပါ။