0:00:18.708,0:00:20.792 ၁၉၀၅ နှစ်ဆန်းချိန် 0:00:20.792,0:00:27.370 ၂၆နှစ် ပြည့်ခါနီး အိုင်းစတိုင်းရဲ့ ဘဝဟာ[br]မအောင်မြင်တဲ့ ပညာရှင်မျိုး ဖြစ်နေခဲ့တယ်။ 0:00:27.370,0:00:30.486 ထိုခေတ် ရူပဗေဒသမား အများစုက အဲဒီ[br]သာမည ဝန်ထမ်းလေးက သိပ္ပံပညာကို 0:00:30.486,0:00:34.555 များစွာမှ ပံ့ပိုးပေးမယ် ဆိုတဲ့ စိတ်ကူးကို [br]လှောင်ပြောင်ခဲ့ကြမှာပါ။ 0:00:34.555,0:00:36.319 ဒါပေမဲ့၊ လာမယ့် တစ်နှစ်အတွင်းမှာကို 0:00:36.319,0:00:38.933 အိုင်းစတိုင်း ထုတ်ဝေဖြစ်ခဲ့တဲ့ [br]စာတမ်းက တစ်စောင် မဟုတ်၊ 0:00:38.933,0:00:40.251 နှစ်စောင် မဟုတ်၊ 0:00:40.251,0:00:41.420 သုံးစောင် မဟုတ်၊ 0:00:41.420,0:00:45.577 ထူးကဲကြတဲ့ စာတမ်း လေးစောင်ကို ကွဲပြားတဲ့[br]ခေါင်းစဉ် အသီးသီးဖြင့် ထုတ်ဝေခဲ့ရာ၊ 0:00:45.577,0:00:51.159 စကြဝဠာကို ကျွန်ုပ်တို့ သိရှိထားပုံကို[br]အခြေခံမှအစ ပြောင်းလဲပစ်တဲ့ စာတမ်းတွေပါ။ 0:00:51.159,0:00:54.740 အိုင်းစတိုင်း သင်္ချာညံတဲ့ [br]ဒဏ္ဍာရီဟာ ချုပ်ငြိမ်းသွားခဲ့ပါတယ်။ 0:00:54.740,0:00:58.097 ၁၅နှစ် အရွယ်မှာ မိမိဘာသာမိမိ [br]ကဲကုလသင်္ချာကို တတ်ကျွမ်းယူခဲ့ပြီး 0:00:58.097,0:01:00.672 မြူးနစ် အထက်တန်းကျောင်း နဲ့[br]သင်္ချာနှင့် ရူပဗေဒသင်ဆရာ 0:01:00.672,0:01:02.881 ဒီပလိုမာကို ဆည်းပူးခဲ့တဲ့ [br]Swiss Polytechnic 0:01:02.881,0:01:05.779 နှစ်ခုစလုံးမှာ သူရဲ့ သင်္ချာအစွမ်း [br]ကောင်းကောင်းပြသခဲ့ပါတယ်။ 0:01:05.779,0:01:09.247 ဒါပေမဲ့၊ စမ်းသပ်ခန်းမှာ အချိန်ပိုပြီး [br]သုံးနိုင်ဖို့ ကျောင်းပျက်ခြင်းနဲ့ 0:01:09.247,0:01:12.232 သူ့ ပါမောက္ခကို ထိုက်သင့်သော[br]လေးစားမှု ပြဖို့ လျစ်လျူရှုခြင်းက 0:01:12.232,0:01:15.643 သူ့ ဘ၀ ရည်မှန်းချက် လမ်းကြောင်းမှ[br]လွဲချော်သွားစေခဲ့တယ်။ 0:01:15.643,0:01:18.034 လက်တွေ့ခန်း လက်ထောက်ရာထူးတောင်[br]လက်လွတ်သွားခဲ့လို့ 0:01:18.034,0:01:21.520 သူ့ မိတ်ဆွေရဲ့ ဖခင် အကူအညီကြောင့် 0:01:21.520,0:01:24.149 ဆွစ် မူပိုင်ခွင့်ရုံးမှာ သူဟာ[br]အလုပ်ရခဲ့ပါတယ်။ 0:01:24.149,0:01:26.592 မူပိုင်ခွင့်စာရေးလေးအဖြစ်[br]တပတ်ခြောက်ရက် လုပ်ရင်း၊ 0:01:26.592,0:01:29.832 ဒါတောင် အိုင်းစတိုင်းက အချိန်တချို့ကို [br]ရင်းနှီးတဲ့မိတ်ဆွေအနည်းငယ်နဲ့ 0:01:29.832,0:01:33.074 နောက်ဆုံးပေါ် ရူပဗေဒအကြောင်း[br]ဆွေးနွေးဖို့ရယ်၊ သာမာန် စာတမ်းနှစ်စောင် 0:01:33.074,0:01:35.638 ထုတ်ဝေဖို့ရယ် စီမံနိုင်ခဲ့ပါသေးတယ် 0:01:35.638,0:01:37.149 ၁၉၀၅ မတ်မှာ တင်သွင်းခဲ့တဲ့ 0:01:37.149,0:01:42.107 တုန်လှုပ်ဖွယ် ရာ အဆိုကြမ်းပါတဲ့၎င်းရဲ့[br]စာတမ်းက အံ့အားသင့်စေခဲ့တယ်။ 0:01:42.107,0:01:45.359 အလင်းဟာ လှိုင်းဖြစ်ကြောင်း အထောက်[br]အထားတွေ ဆယ်စုနှစ်ချီ ရှိလာခဲ့ပေမဲ့၊ 0:01:45.359,0:01:49.132 အလင်းဟာ တကယ်တမ်းမှာ အမှုန်လည်း ဖြစ်နိုင်[br]ကြောင်း အိုင်းစတိုင်းက အဆိုပြုလိုက်ပြီး 0:01:49.132,0:01:53.049 အလင်းလျှပ်စစ် အကျိုးရှိမှုလို [br]ထူးဆန်းတဲ့ ဖြစ်ရပ်တွေကို 0:01:53.049,0:01:56.097 သူ့ အဆိုကြမ်းဖြင့် [br]ရှင်းပြနိုင်တာကို ပြသခဲ့တယ်။ 0:01:56.097,0:01:58.341 ဒီစိတ်ကူးဟာ နှစ်အတန်ကြာ [br]ပြက်ရယ်ပြုခံခဲ့ရပေမဲ့၊ 0:01:58.341,0:02:01.997 အိုင်းစတိုင်းဟာ သူ့ခေတ်ရဲ့ရှေ့[br]အနှစ် ၂၀ ခန့် စောနေခဲ့တာပါ။ 0:02:01.997,0:02:07.811 လှိုင်း-အမှုန် ဒွန်တွဲမှုဟာ ကွမ်တမ် တော်[br]လှန်ရေးရဲ့ အခြေခံအုတ်ြမစ် ဖြစ်လာမှာပါ။ 0:02:07.811,0:02:11.050 နောက် ၂လ အကြာ မေမှာ[br]အိုင်းစတိုင်းဟာ ဒုတိယစာတမ်းကို တင်ခဲ့ပြီး 0:02:11.050,0:02:16.388 ရာစုနှစ်ကြာလာပြီ ဖြစ်တဲ့ အက်တမ် တကယ် ရှိ၊[br]မရှိ မေးခွန်းဟောင်းကို တင်ပြခဲ့တယ်။ 0:02:16.388,0:02:19.866 သီအိုရီအချို့ကို မမြင်ရတဲ့ အက်တမ်တွေရဲ့ [br]စိတ်ကူးဖြင့် တည်ဆောက်ခဲ့ကြပေမဲ့၊ 0:02:19.866,0:02:24.393 ထင်ရှားတဲ့ သိပ္ပံပညာရှင် အချို့ကတော့[br]၎င်းတို့ကို တကယ့် ရုပ်ပိုင်းဒြပ်ထုထက် 0:02:24.393,0:02:26.691 အသုံးဝင်တဲ့ စိတ်ကူးယဉ်အဖြစ် မှတ်ယူခဲ့ပါ။ 0:02:26.691,0:02:29.028 ဒါပေမဲ့ အိုင်းစတိုင်းက [br]ထိုးထွင်ဉာဏ်ကို သုံးလျက် 0:02:29.028,0:02:31.270 ဘရောင်းရွေ့လျားခြင်းလို့ ခေါ်ကြတဲ့ အရည်ထဲက 0:02:31.270,0:02:35.372 အမှုန်လေးတွေရဲ့ ကျပန်း လှုပ်ရှားပြုမှု[br]ပုံကို သန်းနှင့်ချီပြီး ရှိကြတဲ့ 0:02:35.372,0:02:36.985 မြင်မရနိုင်တဲ့ အက်တမ်တွေရဲ့ 0:02:36.985,0:02:40.154 တိုက်မိမှုများဖြင့် တိကျစွာ[br]ကြိုတင် ဖေါ်ပြနိုင်ကြောင်း ပြသခဲ့ပါတယ်။ 0:02:40.154,0:02:43.431 များမကြာမီ စမ်းသပ်ချက်တွေက[br]အိုင်းစတိုင်းရဲ့ ပုံစံကို အတည်ပြုခဲ့လျက် 0:02:43.431,0:02:47.009 အက်တမ်ကို သံသယဖြစ်သူတွေ[br]အရှုံးပေးလိုက်ကြရတယ်။ 0:02:47.009,0:02:49.942 တတိယစာတမ်းက ဇွန်မှာ ပေါ်လာခဲ့တယ်။ 0:02:49.942,0:02:51.012 အချိန်အတော်ကြာကြာကိုပဲ 0:02:51.012,0:02:53.461 အိုင်းစတိုင်းဟာ အခြခံ ရူပဗေဒနိယာမ နှစ်ခု 0:02:53.461,0:02:56.299 ရှေ့နောက်မညီမှုကြောင့် [br]စဉ်းစားရခက်နေခဲ့ပါတယ်။ 0:02:56.299,0:02:58.637 အခိုင်အမာ ရပ်တည်နေခဲ့ပြီ[br]ဖြစ်ပြီး ဂယ်လီလီယိုမှ 0:02:58.637,0:03:00.655 စတင်ခဲ့တဲ့ နှိုင်းရ နိယာမရဲ့ အဆိုအရ 0:03:00.655,0:03:03.738 ပကတိ ရွေ့လျားမှုကို သတ်မှတ်[br]ဖေါ်ပြမရနိုင်ပါ။ 0:03:03.738,0:03:07.357 တချိန်တည်းမှာ ကောင်းမွန်စွာ သိရှိခဲ့ကြတဲ့[br]လျှပ်စစ်သံလိုက်ရဲ့ သီအိုရီမှာကျတော့ 0:03:07.357,0:03:10.181 ပကတိ ရွှေ့လျားမှု ရှိခြင်းကို[br]အခိုင်အမာ ဆိုထားပါတယ်။ 0:03:10.181,0:03:13.322 အဲဒီကွာဟချက်နဲ့ သူက အဲဒါကို[br]ဖြေရှင်းနိုင်စွမ်း မရှိခြင်းက 0:03:13.322,0:03:17.635 အိုင်းစတိုင်းကို သူဖော်ပြခဲ့တဲ့ စိတ်မောတဲ့[br]အခြေအနေတစ်ခုမှာ ကျစေခဲ့တယ် 0:03:17.635,0:03:18.715 ဒါပေမဲ့ မေလ တစ်နေ့မှာ၊ 0:03:18.715,0:03:21.838 သူ့ မိတ်ဆွေ Michele Besso နဲ့ [br]အဲဒီပဟေဠိကို ဆွေးနွေးအပြီးတွင် 0:03:21.838,0:03:24.016 ရှင်းလင်းလာခဲ့ပါတယ်။ 0:03:24.016,0:03:26.871 ဒီဝိရောဓိကို ဖြေရှင်းနိုင်ဖို့ [br]အိုင်းစတိုင်း နားလည်လိုက်တာက 0:03:26.871,0:03:29.861 အညွှန်းဘောင် မည်သို့ပဲရှိစေကာမူ[br]အလင်းရဲ့ အလျင်ဟာ ပုံသေဖြစ်လျက် 0:03:29.861,0:03:32.110 အချိန်နှင့်ဟင်းလင်းပြင် နှစ်ခုလုံးကို 0:03:32.110,0:03:36.381 ရှု့မှတ်သူနဲ့ နှိုင်းရဖို့ [br]လိုအပ်မယ်ဆိုတဲ့ အချက်ပါပဲ။ 0:03:36.381,0:03:39.434 အထူးနှိုင်းရ နိယာမအဖြစ် အားလုံး[br]သိရှိလာကြရတာကို ဖေါ်ထုတ်ပေးရန် 0:03:39.434,0:03:42.974 အိုင်းစတိုင်းဟာ သီတင်းပတ် အနည်းငယ်မျှသာ[br]အချိန်ယူ အသေးစိတ်တွက်ချက်ခဲ့ရပါတယ်။ 0:03:42.974,0:03:46.291 အဲဒီသီအိုရီက အရှိတရားဆိုင်ရာ [br]ကျွန်ုပ်တို့ရဲ့ အရင်တုန်းက အသိပညာတွေကို 0:03:46.291,0:03:49.189 လှုပ်ခါပစ်ရုံသာမက နည်းပညာသစ်တွေကို[br]လမ်းခင်းပေးလိုက်ရာ 0:03:49.189,0:03:51.186 အမှုန် အရှိန်တင်စက်တွေ မှအစ 0:03:51.186,0:03:53.752 ကမ္ဘာလုံးဆိုင်ရာ တည်နေရာပြစနစ်[br]အဆုံး အထိပါပဲ။ 0:03:53.752,0:03:55.587 ဒါဆို လုံလောက်ပြီလို့ ထင်စရာရှိပေမဲ့၊ 0:03:55.587,0:03:56.593 စက်တင်ဘာ လမှာကျတော့၊ 0:03:56.593,0:04:02.071 အထူးနှိုင်းရနိယာရဲ့ အဆက်အဖြစ်[br]စတုတ္ထစာတမ်း စကားမစပ် ပေါ်လာခဲ့တယ်။ 0:04:02.071,0:04:04.931 အိုင်းစတိုင်းဟာ သူ့သီအိုရီ အကြောင်း[br]အနည်းငယ်ချဲ့ စဉ်းစားခဲ့ကာ 0:04:04.931,0:04:08.694 ဒြပ်ထုနဲ့ စွမ်းအင် တို့ဟာ၊[br]တစ်ခုက အပြင်ပန်းအရ အစိုင်အခဲဖြစ်ပြီး 0:04:08.694,0:04:12.479 တစ်ခုက သိမ်မွေ့နူ့းညံ့တယ် ယူဆရပေမဲ့၊ 0:04:12.479,0:04:15.059 လက်တွေ့တွင် တူညီကြရမယ်လို့[br]သဘောပေါက်လာခဲ့တယ်။ 0:04:15.059,0:04:18.288 ၎င်းတို့ရဲ့ ဆက်သွယ်မှုကို သမိုင်းဝင်[br]အကျော်ကြားဆုံးနှင့် အရေးပါဆုံး 0:04:18.288,0:04:21.831 ညီမျှခြင်းအဖြစ် ကျွန်ုပ်တို့သိရှိနေကြတဲ့[br]ညီမျှခြင်းဖြင့် ဖေါ်ပြပြနိုင်တယ်- 0:04:21.831,0:04:25.304 E = mc^2 ပါ။ 0:04:25.304,0:04:29.947 အိုင်းစတိုင်းဟာ နောက် ၁၅ နှစ်နီးပါးထိ[br]ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီး ဖြစ်မလာသေးပါ။ 0:04:29.947,0:04:34.795 သူ့ရဲ့ နောက်ဆက်တွဲ အထွေထွေ [br]နှိုင်းရ သီအိုရီကို ၁၉၁၉ နေကြတ်ချိန်တွင် 0:04:34.795,0:04:37.955 ကြယ်ရောင် ကွေးညွှတ်မှုအား[br]တိုင်းတာချက်ဖြင့် အတည်ပြုလိုက်မှသာ 0:04:37.955,0:04:41.281 စာစောင်တွေက သူ့ကို ထင်ပေါ်ကျော်ကြားသူ[br]အဖြစ် အမွှမ်းတင် ဖေါ်ပြခဲ့ကြတယ်။ 0:04:41.281,0:04:45.010 ဒါပေမဲ့ ၁၉၀၅ နောက်ပိုင်းမှာ မူပိုင်ခွင့်[br]ရုံးမှာ သူဟာ ပြန်ကွယ်ပျောက်သွားပြီး 0:04:45.010,0:04:47.745 သူဟာ နောက်ထပ် ဘာမှ မရေးခဲ့ဘူး[br]ဆိုရင်တောင်၊ 0:04:47.745,0:04:50.046 သူ့ အံဖွယ်နှစ်ရဲ့ စာတမ်းလေးစောင်ကိုက 0:04:50.046,0:04:55.697 အံ့ဖွယ် ဉာဏ်ကြီးရှင်ရဲ့ ပထမတန်းစား [br]စံပြလက်ရာအဖြစ် ကျန်နေရစ်ခဲ့ကြမှာပါ။