၁၉၀၅ နှစ်ဆန်းချိန်
၂၆နှစ် ပြည့်ခါနီး အိုင်းစတိုင်းရဲ့ ဘဝဟာ
မအောင်မြင်တဲ့ ပညာရှင်မျိုး ဖြစ်နေခဲ့တယ်။
ထိုခေတ် ရူပဗေဒသမား အများစုက အဲဒီ
သာမည ဝန်ထမ်းလေးက သိပ္ပံပညာကို
များစွာမှ ပံ့ပိုးပေးမယ် ဆိုတဲ့ စိတ်ကူးကို
လှောင်ပြောင်ခဲ့ကြမှာပါ။
ဒါပေမဲ့၊ လာမယ့် တစ်နှစ်အတွင်းမှာကို
အိုင်းစတိုင်း ထုတ်ဝေဖြစ်ခဲ့တဲ့
စာတမ်းက တစ်စောင် မဟုတ်၊
နှစ်စောင် မဟုတ်၊
သုံးစောင် မဟုတ်၊
ထူးကဲကြတဲ့ စာတမ်း လေးစောင်ကို ကွဲပြားတဲ့
ခေါင်းစဉ် အသီးသီးဖြင့် ထုတ်ဝေခဲ့ရာ၊
စကြဝဠာကို ကျွန်ုပ်တို့ သိရှိထားပုံကို
အခြေခံမှအစ ပြောင်းလဲပစ်တဲ့ စာတမ်းတွေပါ။
အိုင်းစတိုင်း သင်္ချာညံတဲ့
ဒဏ္ဍာရီဟာ ချုပ်ငြိမ်းသွားခဲ့ပါတယ်။
၁၅နှစ် အရွယ်မှာ မိမိဘာသာမိမိ
ကဲကုလသင်္ချာကို တတ်ကျွမ်းယူခဲ့ပြီး
မြူးနစ် အထက်တန်းကျောင်း နဲ့
သင်္ချာနှင့် ရူပဗေဒသင်ဆရာ
ဒီပလိုမာကို ဆည်းပူးခဲ့တဲ့
Swiss Polytechnic
နှစ်ခုစလုံးမှာ သူရဲ့ သင်္ချာအစွမ်း
ကောင်းကောင်းပြသခဲ့ပါတယ်။
ဒါပေမဲ့၊ စမ်းသပ်ခန်းမှာ အချိန်ပိုပြီး
သုံးနိုင်ဖို့ ကျောင်းပျက်ခြင်းနဲ့
သူ့ ပါမောက္ခကို ထိုက်သင့်သော
လေးစားမှု ပြဖို့ လျစ်လျူရှုခြင်းက
သူ့ ဘ၀ ရည်မှန်းချက် လမ်းကြောင်းမှ
လွဲချော်သွားစေခဲ့တယ်။
လက်တွေ့ခန်း လက်ထောက်ရာထူးတောင်
လက်လွတ်သွားခဲ့လို့
သူ့ မိတ်ဆွေရဲ့ ဖခင် အကူအညီကြောင့်
ဆွစ် မူပိုင်ခွင့်ရုံးမှာ သူဟာ
အလုပ်ရခဲ့ပါတယ်။
မူပိုင်ခွင့်စာရေးလေးအဖြစ်
တပတ်ခြောက်ရက် လုပ်ရင်း၊
ဒါတောင် အိုင်းစတိုင်းက အချိန်တချို့ကို
ရင်းနှီးတဲ့မိတ်ဆွေအနည်းငယ်နဲ့
နောက်ဆုံးပေါ် ရူပဗေဒအကြောင်း
ဆွေးနွေးဖို့ရယ်၊ သာမာန် စာတမ်းနှစ်စောင်
ထုတ်ဝေဖို့ရယ် စီမံနိုင်ခဲ့ပါသေးတယ်
၁၉၀၅ မတ်မှာ တင်သွင်းခဲ့တဲ့
တုန်လှုပ်ဖွယ် ရာ အဆိုကြမ်းပါတဲ့၎င်းရဲ့
စာတမ်းက အံ့အားသင့်စေခဲ့တယ်။
အလင်းဟာ လှိုင်းဖြစ်ကြောင်း အထောက်
အထားတွေ ဆယ်စုနှစ်ချီ ရှိလာခဲ့ပေမဲ့၊
အလင်းဟာ တကယ်တမ်းမှာ အမှုန်လည်း ဖြစ်နိုင်
ကြောင်း အိုင်းစတိုင်းက အဆိုပြုလိုက်ပြီး
အလင်းလျှပ်စစ် အကျိုးရှိမှုလို
ထူးဆန်းတဲ့ ဖြစ်ရပ်တွေကို
သူ့ အဆိုကြမ်းဖြင့်
ရှင်းပြနိုင်တာကို ပြသခဲ့တယ်။
ဒီစိတ်ကူးဟာ နှစ်အတန်ကြာ
ပြက်ရယ်ပြုခံခဲ့ရပေမဲ့၊
အိုင်းစတိုင်းဟာ သူ့ခေတ်ရဲ့ရှေ့
အနှစ် ၂၀ ခန့် စောနေခဲ့တာပါ။
လှိုင်း-အမှုန် ဒွန်တွဲမှုဟာ ကွမ်တမ် တော်
လှန်ရေးရဲ့ အခြေခံအုတ်ြမစ် ဖြစ်လာမှာပါ။
နောက် ၂လ အကြာ မေမှာ
အိုင်းစတိုင်းဟာ ဒုတိယစာတမ်းကို တင်ခဲ့ပြီး
ရာစုနှစ်ကြာလာပြီ ဖြစ်တဲ့ အက်တမ် တကယ် ရှိ၊
မရှိ မေးခွန်းဟောင်းကို တင်ပြခဲ့တယ်။
သီအိုရီအချို့ကို မမြင်ရတဲ့ အက်တမ်တွေရဲ့
စိတ်ကူးဖြင့် တည်ဆောက်ခဲ့ကြပေမဲ့၊
ထင်ရှားတဲ့ သိပ္ပံပညာရှင် အချို့ကတော့
၎င်းတို့ကို တကယ့် ရုပ်ပိုင်းဒြပ်ထုထက်
အသုံးဝင်တဲ့ စိတ်ကူးယဉ်အဖြစ် မှတ်ယူခဲ့ပါ။
ဒါပေမဲ့ အိုင်းစတိုင်းက
ထိုးထွင်ဉာဏ်ကို သုံးလျက်
ဘရောင်းရွေ့လျားခြင်းလို့ ခေါ်ကြတဲ့ အရည်ထဲက
အမှုန်လေးတွေရဲ့ ကျပန်း လှုပ်ရှားပြုမှု
ပုံကို သန်းနှင့်ချီပြီး ရှိကြတဲ့
မြင်မရနိုင်တဲ့ အက်တမ်တွေရဲ့
တိုက်မိမှုများဖြင့် တိကျစွာ
ကြိုတင် ဖေါ်ပြနိုင်ကြောင်း ပြသခဲ့ပါတယ်။
များမကြာမီ စမ်းသပ်ချက်တွေက
အိုင်းစတိုင်းရဲ့ ပုံစံကို အတည်ပြုခဲ့လျက်
အက်တမ်ကို သံသယဖြစ်သူတွေ
အရှုံးပေးလိုက်ကြရတယ်။
တတိယစာတမ်းက ဇွန်မှာ ပေါ်လာခဲ့တယ်။
အချိန်အတော်ကြာကြာကိုပဲ
အိုင်းစတိုင်းဟာ အခြခံ ရူပဗေဒနိယာမ နှစ်ခု
ရှေ့နောက်မညီမှုကြောင့်
စဉ်းစားရခက်နေခဲ့ပါတယ်။
အခိုင်အမာ ရပ်တည်နေခဲ့ပြီ
ဖြစ်ပြီး ဂယ်လီလီယိုမှ
စတင်ခဲ့တဲ့ နှိုင်းရ နိယာမရဲ့ အဆိုအရ
ပကတိ ရွေ့လျားမှုကို သတ်မှတ်
ဖေါ်ပြမရနိုင်ပါ။
တချိန်တည်းမှာ ကောင်းမွန်စွာ သိရှိခဲ့ကြတဲ့
လျှပ်စစ်သံလိုက်ရဲ့ သီအိုရီမှာကျတော့
ပကတိ ရွှေ့လျားမှု ရှိခြင်းကို
အခိုင်အမာ ဆိုထားပါတယ်။
အဲဒီကွာဟချက်နဲ့ သူက အဲဒါကို
ဖြေရှင်းနိုင်စွမ်း မရှိခြင်းက
အိုင်းစတိုင်းကို သူဖော်ပြခဲ့တဲ့ စိတ်မောတဲ့
အခြေအနေတစ်ခုမှာ ကျစေခဲ့တယ်
ဒါပေမဲ့ မေလ တစ်နေ့မှာ၊
သူ့ မိတ်ဆွေ Michele Besso နဲ့
အဲဒီပဟေဠိကို ဆွေးနွေးအပြီးတွင်
ရှင်းလင်းလာခဲ့ပါတယ်။
ဒီဝိရောဓိကို ဖြေရှင်းနိုင်ဖို့
အိုင်းစတိုင်း နားလည်လိုက်တာက
အညွှန်းဘောင် မည်သို့ပဲရှိစေကာမူ
အလင်းရဲ့ အလျင်ဟာ ပုံသေဖြစ်လျက်
အချိန်နှင့်ဟင်းလင်းပြင် နှစ်ခုလုံးကို
ရှု့မှတ်သူနဲ့ နှိုင်းရဖို့
လိုအပ်မယ်ဆိုတဲ့ အချက်ပါပဲ။
အထူးနှိုင်းရ နိယာမအဖြစ် အားလုံး
သိရှိလာကြရတာကို ဖေါ်ထုတ်ပေးရန်
အိုင်းစတိုင်းဟာ သီတင်းပတ် အနည်းငယ်မျှသာ
အချိန်ယူ အသေးစိတ်တွက်ချက်ခဲ့ရပါတယ်။
အဲဒီသီအိုရီက အရှိတရားဆိုင်ရာ
ကျွန်ုပ်တို့ရဲ့ အရင်တုန်းက အသိပညာတွေကို
လှုပ်ခါပစ်ရုံသာမက နည်းပညာသစ်တွေကို
လမ်းခင်းပေးလိုက်ရာ
အမှုန် အရှိန်တင်စက်တွေ မှအစ
ကမ္ဘာလုံးဆိုင်ရာ တည်နေရာပြစနစ်
အဆုံး အထိပါပဲ။
ဒါဆို လုံလောက်ပြီလို့ ထင်စရာရှိပေမဲ့၊
စက်တင်ဘာ လမှာကျတော့၊
အထူးနှိုင်းရနိယာရဲ့ အဆက်အဖြစ်
စတုတ္ထစာတမ်း စကားမစပ် ပေါ်လာခဲ့တယ်။
အိုင်းစတိုင်းဟာ သူ့သီအိုရီ အကြောင်း
အနည်းငယ်ချဲ့ စဉ်းစားခဲ့ကာ
ဒြပ်ထုနဲ့ စွမ်းအင် တို့ဟာ၊
တစ်ခုက အပြင်ပန်းအရ အစိုင်အခဲဖြစ်ပြီး
တစ်ခုက သိမ်မွေ့နူ့းညံ့တယ် ယူဆရပေမဲ့၊
လက်တွေ့တွင် တူညီကြရမယ်လို့
သဘောပေါက်လာခဲ့တယ်။
၎င်းတို့ရဲ့ ဆက်သွယ်မှုကို သမိုင်းဝင်
အကျော်ကြားဆုံးနှင့် အရေးပါဆုံး
ညီမျှခြင်းအဖြစ် ကျွန်ုပ်တို့သိရှိနေကြတဲ့
ညီမျှခြင်းဖြင့် ဖေါ်ပြပြနိုင်တယ်-
E = mc^2 ပါ။
အိုင်းစတိုင်းဟာ နောက် ၁၅ နှစ်နီးပါးထိ
ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီး ဖြစ်မလာသေးပါ။
သူ့ရဲ့ နောက်ဆက်တွဲ အထွေထွေ
နှိုင်းရ သီအိုရီကို ၁၉၁၉ နေကြတ်ချိန်တွင်
ကြယ်ရောင် ကွေးညွှတ်မှုအား
တိုင်းတာချက်ဖြင့် အတည်ပြုလိုက်မှသာ
စာစောင်တွေက သူ့ကို ထင်ပေါ်ကျော်ကြားသူ
အဖြစ် အမွှမ်းတင် ဖေါ်ပြခဲ့ကြတယ်။
ဒါပေမဲ့ ၁၉၀၅ နောက်ပိုင်းမှာ မူပိုင်ခွင့်
ရုံးမှာ သူဟာ ပြန်ကွယ်ပျောက်သွားပြီး
သူဟာ နောက်ထပ် ဘာမှ မရေးခဲ့ဘူး
ဆိုရင်တောင်၊
သူ့ အံဖွယ်နှစ်ရဲ့ စာတမ်းလေးစောင်ကိုက
အံ့ဖွယ် ဉာဏ်ကြီးရှင်ရဲ့ ပထမတန်းစား
စံပြလက်ရာအဖြစ် ကျန်နေရစ်ခဲ့ကြမှာပါ။