အလုံးစုံ ပျက်စီးစေခဲ့တဲ့
အဏုမြူစစ်တစ်ခုရဲ့ နောက်မှာ
လေးတွဲ့တဲ့ နှစ် ၂၅၀ အကြာမှာ
Lilith Iyapo ဟာ Oankali လို့ခေါ်တဲ့
နိုးလာတော့ ဂြိုဟ်သားတွေရဲ့
ဝိုင်းရံခံရတာ ကြုံရတယ်။
ဒီအလွန် အဆင့်မြင့်တဲ့ သတ္တဝါတွေဟာ
DNA ကို လူသားတို့ကို အသုံးချ
ပွားယူပြီး ကုန်သွယ်ချင်ကြတယ်။
မျိုးစိတ်တစ်ခုစီက ဗီဇတွေက အခြားတစ်ခုကို
ပြောင်းလဲအားဖြည့်ပေးနိုင်အောင်ပါ။
သူတို့ကမ်းလှမ်တဲ့ တစ်ခုတည်းသော ရွေးစရာက
လူသားမျိုးနွယ်တစ်ခုလုံးရဲ့ မျိုးကန်းမှုပါ
လူ့သားဟာ ဇီဝဆိုင်ရာ မထင်မရှားဖြစ်မှုထဲကို
ခုန်ဝင်သွားသင့်သလား၊
(သို့) ၎င်းရဲ့ ကိုယ်ပိုင်လက္ခဏာကို
ဖက်တွယ်၊ ပျက်စီးသင့်လား။
ဒီလိုမေးခွန်းတွေက Octavia Butler ရဲ့
ပထမဆုံး သုံးတွဲဆက်ဝတ္ထု
"Lilith’s Brood" ထဲက
Dawn" ကို ခြောက်လှန့်ပါတယ်၊
စိတ်ကူးယဉ် သိပ္ပံဝတ္ထုကို
ဂျွမ်းထိုးမှောက်ခုန်ဖြစ်အောင်လုပ်သူ
ထက်မြက်တဲ့ ပုံပြောသူတစ်ဦး
Butler ဟာ အံ့ဖွယ်ကမ္ဘာတွေ ဆောက်ပြီး
ညဘက်မှာ အိပ်မပျော်ဖြစ်စေတဲ့
အကျပ်ရိုက်မှုတွေကို စူးမ်းခဲ့တယ်။
၁၉၄၇ မှာမွေးဖွားခဲ့ပြီး
Butler ဟာ ရှက်တတ်ပြီး တသီးတသန့်နေသူအဖြစ်
Pasadena, California မှာ ကြီးပြင်းခဲ့တယ်။
ငယ်စဉ်ကတည်းက ဇာတ်လမ်းတွေကို
အိပ်မက်မက်ခဲ့ပြီး
မကြာခင်မှာ ဒီဖြစ်နိုင်ခြေတွေကို
စာရွက်မှာ ရေးခြစ်နေခဲ့တယ်။
အသက် တစ်ဆယ့်နှစ်နှစ်မှာ သူ့အမေဆီက
လက်နှိပ်စက် တစ်လုံးတောင်းတယ်
Devil Girl From Mars"ဆိုတဲ့ရယ်စရာ သိပ္ပံ
ဇာတ်လမ်းကို သည်းခံကြည့်ပြီးနောက်မှာပါ
သူမြင်လိုက်ရတာကို အထင်မကြီးတာနဲ့
Butler ဟာ ပိုကောင်းတဲ့ ဇာတ်လမ်း
တစ်ပုဒ်ပြောနိုင်ခဲ့တယ်။
စိတ်ကူးယဉ် သိပ္ပံဝတ္ထုအများက
ဂြိုဟ်သားတွေကို ဖောက်ခွဲတဲ့
(သို့)လူညိုတွေရဲ့ ကယ်င်ရှင်တွေဖြစ်လာတဲ့
အမျိုးသား လူဖြူဇာတ်လိုက်တွေပါတယ်
Butler က ပရိတ်သတ်အစုံအတွက်
စရိုက်မျိုးစုံ ရေးသားချင်ခဲ့တယ်။
သူတို့ အတွေ့အကြုံရဲ့ ကိုယ်စားပြုချက်ဆီကို
သိမ်မွေ့ကွဲပြားမှု၊နက်ရှိုင်းမှု ယူပေးတယ်
Butler အတွက်တော့
စိတ်ကူးယဉ်ခြင်းဟာ စိတ်ကူးယဉ်သိပ္ပံဝတ္ထုရဲ့
သစ်စေ့တွေကို စိုက်ခြင်းသာမဟုတ်ပဲ
သူ့အလိုကျ မတရားတဲ့ လောကတစ်ခုကို
လွန်မြောက်ဖို့ နည်းဗျုးဟာလည်းဖြစ်ပါတယ်။
သူ့လက်ရာဟာ မကြာခဏ
လူမျိုး၊ လိင်၊ လူတန်းစား၊
အရည်အချင်းအပေါ် အခြေခံတဲ့ခွဲခြားမှုလို
လောကရဲ့ အင်္ဂါရပ်တွေကို ဒုက္ခခံပြီး
အခြေအနေသစ်တွေထဲမှာ ၎င်းတို့ကို
ချိန်ဆဖို့ စာဖတ်ပရိတ်သတ်ကို ဖိတ်ခေါ်တယ်။
သူ့ဝတ္ထုတွေထဲက အကြိုက်ဆုံးတစ်ပုဒ်က
ဒီပုံစံကိုလိုက်တဲ့
"Parable of the Sower" ပါ၊
၎င်းက Lauren Oya Olamina ရဲ့
ဇာတ်လမ်းကိုပြောပြပါတယ်၊
ပူးပေါင်း လောဘ၊ မညီမျှမှုနဲ့ ပတ်ဝန်ကျင်
ဆိုင်ရာ ပျက်စီးမှုကြောင့် ပျက်ယွင်းနေတဲ့
မဝေးတဲ့ California ကနေ
သူလမ်းကြောင်းထွင်စဉ်ကပါ။
အလွန်အမင်းစာနာမှုနဲ့ ရုန်းကန်စဉ် (သို့)
သူတစ်ပါးရဲ့နာကျင်မှုနဲ့
သိပ်မများတဲ့ သူ့တို့ရဲ့ပျော်ရွှင်မှုကို
သူ့ကိုခံစားစေတဲ့ ဝတ္ထုထဲက
အခြေအနေတစ်ခုပါ။
Lauren ဟာ ဒုက္ခသည်တစ်ခုနဲ့အတူ ရှင်သန်ဖို့
နေရာတစ်ခုရှာတွေဖို့ စတင်စူးစမ်းခဲ့တယ်။
ဒီမှာ သူတို့ဟာ Lauren တည်ထောင်တဲ့ ဘာသာရေး
Earthseed အတိုင်း နေဖို့ ကြိုးပမ်းတယ်၊။
ဒါက လူသားတွေဟာ အစဉ်ပြောင်းလဲနေတဲ့
လောကတစ်ခုနဲ့ လိုက်ဖက်အောင်ပြုရ
မယ်ဆိုတဲ့ မူဝါဒကို အခြေခံထားတယ်။
Lauren ရဲ့ရှာဖွေမှုက လက်တွေ့ဘဝ
အြဖစ်မှာ အမြစ်တွယ်တယ်
California Prop 187 ဟာ
အခြေခံ ဥပဒေနဲ့မညီဘူးလို့ ယူဆလို့မရခင်က
မှတ်တမ်းမရှိတဲ ရွေးပြောင်းနေထိုင်သူများ
အခြေခံ လူ့အခွင့်အရေးတွေကို ငြင်းဆန်ဇို့
ကြိုးစားတယ်။
Butler ဟာ မကြာခဏ ခေတ်ပေါ် သတင်းတွေကို
သူ့အရေးအသားထဲမှာ ထည့်သွင်းတယ်။
သူ့ရဲ့ ၁၉၉၈ ခု The Parable of the
Sower ရဲ့အဆက် "Parable of the Talents" မှာ
အမေရိကန်တွေကို အစစ်နီးနီး shock collars
နဲ့ ထိန်းချုပ်တဲ့ သမ္မတလောင်း တစ်ယောက်
အကြောင်းရေးခဲ့တယ်။
သူ့ရဲ့ဆောင်ပုဒ်က "အမေရိကန်တွေကို
တစ်ခါပြန် ကြီးကျယ်စေရမည်"
လူတွေ သူ့ကြိုတင်ဟောနိုင်မှုကိုသတိပြုစဉ်
Butler ဟာလည်း သမိုင်းကို ပြန်လည်
စစ်ဆေးခြင်းမှာ စိတ်ဝင်စားခဲ့တယ်။
ဥပမာအနေနဲ့
"Kindred" ဟာ သူ့ရဲ့ဘိုးဘွားတွေရဲ့
Mအaryland စိုက်ခင်းဆီကို အချိန်မီ
အကြိမ်ကြိမ်
ပြန်ဆွဲတာခံရတဲ့ အမျိုးသမီးတစ်ဦးရဲ့
ဇာတ်လမ်းကို ပြောပြတာပါ။
အစောပိုင်းက သူ့တာဝန်က
သူ့ရဲအဖွားကို အဓမ္မပြုမယ့်
လူဖြူရဲ့ အသက်ကိုကယ်ဖို့ဆိုတာသိခဲ့တယ်။
သူ့ကိုသာ သူမမြင်ရင် သူကိုယ်တိုင်
အသက်ဆက်ဖို့ ရပ်စဲသွားလိမ့်မယ်။
ဒီစိတ်ပျက်ဖွယ် အကျပ်ရိုက်မှုက
Dana ကို လူမည်းအမျိုးသမီးတွေကို
ကျွန်ပြုမှုနဲ့လိင်ပိုင်းအကြမ်းဖက်မှုရဲ့
ရှိဆဲစိတ်သောကကို အတင်းရင်ဆိုင်စေတယ်။
လူမှုအဖွဲ့အစည်းအသစ်တွေထောင်တဲ့
သူ့အမျိုသမီးဝတ္ထုတွေနဲ့
အချိန်ခရီးသွားတွေဟာ
သမိုင်း ပဋိပက္ခကို ကျော်လွှားပြီး
မျိုးစိတ်အချင်းချင်း စည်းနှောင်နေတယ်။
Butler ဟာ Afrofuturism ရဲ့ ရေပန်းစားမှုမှာ
နက်ရှိုင်းတဲ့ သက်ရောက်မှုတစ်ခုရှိခဲ့တယ်။
အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်ရဲ့
စေ့ဆော်မှုရတဲ့ လူမည်းစာရေးဆရာတွေ
အနုပညာရှင်တွေရဲ့ ယဉ်ကျေးမှုလှုပ်ရှားမှုပါ။
မှော်ပညာ၊ သမိုင်း၊နည်းပညာနဲ့ အခြား
လက်ရာတွေအများကြီး ဖန်တီးကြတယ်။
"Parable of the Sower" မှာ
Lauren သင်ယူမိတဲ့အတိုင်းဆို
"သင့်ကကို ထိတွေသမျှတိုင်းဟာ
အပြောင်းအလဲပါ။
သင် ပြောင်းလဲသမျှဟာ
သင့်ကို ပြောင်းလဲတယ်။
တစ်ခုတည်းသော တည်မြဲတဲ့ အမှန်တရား
ကတော့ ပြောင်းလဲမှု သဘာဝပါ"တဲ့။