အရာတိုင်းကို မြန်သထက် ပိုမြန်မြန်လုပ်ဖို့
ကျွန်မတို့ကို ကူညီပေးတဲ့ အရာတွေနဲ့
ကျွန်မတို့ ဝန်းရံခံနေရတယ်လို့
သင် တွေးဖူးပါသလား။
ပိုမြန်မြန် ဆက်သွယ်တယ်၊
ဒါပေမဲ့ ပိုမြန်မြန် အလုပ်လုပ်၊
ပိုမြန်မြန် စုဆောင်း၊
ပိုမြန်မြန် ခရီးထွက်၊
ပိုမြန်မြန် ချိန်းတွေ့ဖို့ ရှာ၊
ပိုမြန်မြန် ချက်ပြုတ်၊ ပိုမြန်မြန် ရှင်း၊
အကုန်လုံးကို တစ်ချိန်တည်းမှာလုပ်ပါသေးတယ်။
နိုးနေတဲ့ နာရီတိုင်းထဲကို
စုပြုံထည့်နေတာကို ဘယ်လို ခံစားရလဲ။
ကျွန်မရဲ့ အမေရိကန် မျိုးဆက်အတွက်တော့
အမြန်နှုန်းဟာ မွေးရာပါ
အခွင့်အရေးတစ်ခုလိုပါ။
တစ်ခါတစ်လေ တွေးမိတာက ကျွန်မတို့ရဲ့
အနည်းဆုံး အမြန်နှုန်းက Mach 3 ပါ။
အခြားဟာတွေထက် ကျွန်မတို့ရဲ့နှာတစ်ဖျားသာမှု
ဆုံးရှုံးမှာ ကြောက်ကြတယ်။
ဒါပေမဲ့ ကျွန်မ မျိုးဆက်ကတောင်
ကျွန်မတို့ဟာ အမြန် ဆရာကြီး
တွေလား (သို့) အမြန်က
ကျွန်မတို့ကို အနိုင်ယူနေတာလား
ဆိုတာ စတင် မေးခွန်းထုတ်နေပါတယ်။
ကျွန်မက Rand Corporation မှာ
မနုဿဗေဒပညာရှင်ဖြစ်ပြီး
မနုဿဗေဒပညာရှင်အများက
ရှေးဟောင်း ယဉ်ကျေးမှုတွေကို လေ့လာပေမဲ့
ကျွန်မက ခေတ်သစ် ယဉ်ကျေးမှုတွေနဲ့
ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ အပြောင်းအလဲ
အားလုံးကို ကျွန်မတို့ လိုက်ဖက်အောင်
ပြင်ဆင်ပုံကို အာရုံစိုက်ပါတယ်။
မကြာခင်က အမြန်နှုန်းကို လေ့လာဖို့
အင်ဂျင်နီယာ Seifu Chonde နဲ့ လက်တွဲခဲ့တယ်။
ကျွန်မတို့ဟာ အရှိန်ခေတ်ကို လူတွေ လိုက်
ဖက်အောင် ပြင်ဆင်ပုံနဲ့ ၎င်းရဲ့လုံခြုံမှု၊
ဂယက်ရိုက်မှု
နှစ်ခုစလုံးကို စိတ်ဝင်စားတယ်။
လက်ရှိ ပြောင်းလဲနှုန်းက ဆက်ပြီး
အရှိန်ရနေမယ်ဆိုရင်
၂၅ နှစ်အတွင်းမှာ ကျွန်မတို့ကမ္ဘာမှာ
ဘယ်ပုံပေါက်နေမလဲ။
သယ်ယူပို့ဆောင်ရေး၊ သင်ယူရေး၊ဆက်သွယ်ရေး၊
ထုတ်လုပ်ရေး၊ လက်နက်အမျိုးမျိုးနဲ့
သဘာဝ ရွေးချယ်မှုဆိုတာတောင်
ဘာအဓိပ္ပာယ်ဆောင်နေမလဲ။
ပိုမြန်တဲ့ အနာဂတ်တစ်ခုက ကျွန်မတို့ကို
ပိုလုံခြုံပြီး ပိုအကျိုးရှိစေမှာလား။
(သို့) ပိုပြီး ခုခံနိုင်စွမ်းမဲ့စေမှာလား။
ကျွန်မတို့ သုတေသနမှာ လူတွေဟာ အရှိန်ကို
ရှောင်လွှဲမရတာအဖြစ် လက်ခံကြတယ်။
ရင်ဖိုတာတွေရော၊ အထိန်းအချုပ်မဲ့တာရောပါ။
ကြောက်ကြတာက သူတို့ အရှိန်လျော့ချလိုက်ရင်
ခေတ်နောက်ကျသွားခြင်းရဲ့ဘေးဆိုး
ကြုံနိုင်လောက်တယ်ဆိုတာပါ။
သံချေးတက်တာထက် လောင်ကျွမ်းတာကို
လိုလားတယ်လို့ ဆိုကြတယ်။
ဒါပေမဲ့ တစ်ချိန်တည်းမှာ
အမြန်နှုန်းက သူတို့ရဲ့ ယဉ်ကျေးမှု
အစဉ်အလာတွေနဲ့ အိမ်ဆိုတဲ့ အနက်ကို
တိုက်စားသွား
နိုင်တယ်လို့ ပူပန်ကြတယ်။
ဒါပေမဲ့ လူတွေဟာ အမြန် ကစားပွဲမှာ
နိုင်နေတာတောင်
အနည်းငယ် စိတ်မအေးတာကို ဝန်ခံကြတယ်။
အရှိန်ကို ဝတ်ကောင်းစားလှနဲ့
လှည့်ပတ်လှုပ်ရှားနေတဲ့ လူချမ်းသာတွေနဲ့
ဒစ်ဂျစ်တယ် ဖုံတွေထဲမှာ ကျန်ရစ်တဲ့
မရှိဆင်းရဲသားတွေအကြားက
ကွာဟချက်ကို
ချဲ့ပေးတာအဖြစ် မြင်ကြတယ်။
ကျွန်မတို့မှာ အနာဂတ်ဟာ ပိုမြန်လာမယ်လို့
ဟောကိန်းထုတ်ဖို့ အကြောင်းကောင်းရှိပေမဲ့
ကျွန်မတို့ သိနားလည်လာတာက
အမြန်နှုန်းဟာ ဝိရောဓိဆန်ပြီး
ဝိရောဓိကောင်းတွေလိုပါပဲ
ဒါက ၎င်းအတိုင်း အဓိပ္ပာယ်မဲ့ပြီး
ရှုပ်ထွေးလှတဲ့ လူသား
အတွေ့အကြုံကို ကျွန်မတို့ကို သင်ပေးပါတယ်။
ပထမ ဝိရောဓိက ကျွန်မတို့ဟာ
အြမန်ကို နှစ်သက်ပြီး
ပြင်းပြမှုကြောင့် စိတ်လှုပ်ရှားကြတာပါ။
ဒါပေမဲ့ ကျွန်မတို့ သမိုင်းမတင်မီ ဦးနှောက်
တွေက ဒါအတွက် တည်ဆောက်ထားတာ မဟုတ်တော့
ကျွန်မတို့ဟာ ရိုလာကိုစတာတွေ၊ ပြိုင်ကားတွေ၊
အသံထက်မြန်တဲ့ လေယဉ်တွေ တီထွင်ကြပေမဲ့
ဇက်မျက်တာ၊ ကားမူးတာ၊ ဇီဝနာရီ
မှားယွင်းမှုတွေကို
ခံစားရတယ်။
ကျွန်မတိုဟာ အစုံလုပ်ဖို့
ပြောင်းလဲဖြစ်ပေါ်မလာဘဲ
ဒီအစား တစ်ခုကို အံ့ဖွယ် စူးစိုက်မှုနဲ့
လုပ်ဖို့ ပြောင်းလဲဖြစ်ပေါ်ခဲ့တယ်။
အမဲလိုက်တာလို သေချာပေါက်
အမြန်ကြီး မလိုပေမဲ့
ဧရာမ အကွာအဝေးအတွက်
ခံနိုင်ရည်နဲ့ပါ။
ဒါပေမဲ့ အခုအခါမှာ ဇီဝဗေဒနဲ့ ဘဝနေဟန်တွေ
ကြားမှာ ကျယ်ပြန့်လာတဲ့ အဟတစ်ခုရှိတယ်။
ဘာအတွက် ခန္ဓာကိုယ်တွေကို တည်ဆောက်တာနဲ့
ဒါတွေကို ခိုင်းနေတာအကြားက ကွာချက်တစ်ခုပါ။
ဒါက ကျွန်မရဲ့ ဆရာသမားတွေ ခေါ်တဲ့ ဖြစ်စဉ်
"အမြန်လမ်းပေါ်က ကျောက်ခေတ် လူသားတွေ"ပါ။
(ရယ်သံများ)
ဒုတိယ အမြန်နှုန်းရဲ့ ဝိရောဓိက ဒါကို
ဓမ္မဓိဋ္ဌာန်ကျကျ တိုင်းတာနိုင်တာလေ။
တစ်နာရီ မိုင်နှုန်း၊
တစ်စက္ကန့် ဂစ်ဂါဗိုက်နှုန်းတို့ပေါ့။
ဒါပေမဲ့ အမြန်ကို ခံစားပုံနဲ့
ကြိုက်၊မကြိုက်ဆိုတာက
အတော်ကို ဓမ္မဓိဋ္ဌာန်မကျဘူး။
ဒီတော့ ကျွန်မတို့ လိုက်ဖက်အောင်
ပြုပြင်နေတဲ့ နည်းပညာသစ်တွေရဲ့ နှုန်းဟာ
တိုးလာနေတယ်လို့ မှတ်တမ်းပြုနိုင်တယ်။
ဥပမာ တယ်လီဖုန်းကို မိတ်ဆက်မှုကနေ
အမေရိကန် အများစုရဲ့အိမ်မှာ
ဖုန်းတွေရှိလာဖို့ ၈၅ နှစ်ကြာခဲ့တယ်။
ဆန်ကျင်ဘက်အနေနဲ့ ကျွန်မတို့အများစု
စမတ်ဖုန်းတွေရှိလာဖို့ ၁၃ နှစ်ပဲကြာတယ်။
လူတွေ အမြန်နှုန်းကို
တုံ့ပြန်ပုံ၊ ပြန်လည်တုံ့ပြန်ပုံက
ယဉ်ကျေးမှုအရနဲ့ တူညီတဲ့ ယဉ်ကျေးမှု
အတွင်းက မတူညီတဲ့ လူတွေကြားမှာ ခြားနားတယ်။
အချို့ယဉ်ကျေးမှုတွေမှာ နှစ်လိုဖွယ်
သွက်လက် အဆင်ပြေတာအဖြစ်
မြင်နိုင်တဲ့ တုံ့လှယ်မှုဟာ
အခြားမှာ အတော်
ရိုင်းတယ်လို့မြင်နိုင်တယ်။
ဆိုလိုတာက ဂျပန် လက်ဖက်ရည်ပွဲမှာ
နောက်ထပ် ခရီး ရပ်နားရာကို
အမြန်လစ်နိုင်အောင်
ပါဆယ်ထုတ်ခိုင်းမှာ မဟုတ်ဘူးလေ၊
ဟုတ်တယ်မို့လား။
တတိယ ဝိရောဓိတစ်ခုက
အမြန်ဟာ အမြန်ကို ဖြစ်စေတာပါ။
ပိုမြန်မြန် တုံ့ပြန်လေ၊
တုံ့ပြန်မှုတွေ ပိုရလေ၊
ထပ်ပြီး ပိုမြန်မြန် တုံ့ပြန်ဖို့ လိုလေပါ။
ပေးထားတဲ့အချိန်အတွင်း
ဒက်ကနဲ ပြောနိုင်တဲ့
ပို့များတဲ ဆက်သွယ်ရေးနဲ့
သတင်းအချက်အလက်ရှိခြင်းဟာ
ဆုံးဖြတ်ချက်ချရာမှာ ပိုလွယ်ကူစေဖို့နဲ့
ပိုယုတ္တိတန်ဖို့လို့ မှတ်ယူခဲ့ကြတယ်။
ဒါပေမဲ့ တကယ် ဖြစ်ပေါ်နေ
တယ်တော့မထင်ရဘူး။
ဟောဒီမှာ နောက်ထပ် ဝိရောဓိတစ်ခုပါ။
ဒီပိုမြန်တဲ့ နည်းပညာတွေဟာ ငြီးငွေ့ဖွယ်ရာ
အလုပ်ကနေ ကျွန်မတို့ကို လွတ်မြောက်စေဖို့
လို့ ယူဆရင်ဘာကြောင့် အားလုံးဟာ
အချိန်မပေးနိုင် ဖြစ်နေရတာလဲ။
ကျွန်မတို့ဟာ ဒီစာကို ချက်ချင်း
ဖြေဖို့လိုတယ် ထင်တာနဲ့ပဲ
ကားတွေကို စံချိန် နံပါတ်တွေအတွင်းမှာ
ဘာကြောင့် တရကြမ်း ဝင်တိုက်နေတာလဲ။
အမြန်လမ်းထဲက ဘဝဟာ နည်းနည်း ပိုပျော်ပြီး
နည်းနည်း ပူပန်တာ လျော့သင့်တယ်
မဟုတ်ဘူးလား။
ဂျာမန်စကားပြောသူတွေမှာ ဒါအတွက်
စာလုံးတစ်လုံးရှိတယ်။
"Ellkrankheit"
အင်္ဂလိပ်လိုကတော့ "အမြန်ရောဂါ"ပါ။
မြန်ဆန်တဲ့ ဆုံးဖြတ်ချက်တွေ ချဖို့လိုတဲ့အခါ
အကျင့်ပါနေတဲ့ ဦးနှောက်က ပြေးဝင်လာပြီး
ကျွန်မတို့ကို သိမူ၊ လျင်မြန်စွာ
တုံပြန်အောင် ကူညီဖို့
လေ့ကျက်ထားတဲ့ အပြုအမူတွေ၊
အမှတ်တမဲ့ တုံ့ပြန်မှုတွေ၊ သိမြင်တတ်တဲ့
အစွဲတွေကို အားကိုးတယ်။
တစ်ခါတစ်လေ ဒါက ကျွန်မတို့
အသက်ကို ကယ်တင်လား
တိုက်၊ မတိုက်ရင် ပြေးပါ။
ဒါပေမဲ့ တစ်ခါတစ်ကျတော့ ဒါက ရေရှည်မှာ
ကျွန်မတို့ကို လမ်းလွဲစေတယ်။
မကြာခဏ ကျွန်မတို့ လူ့အဖွဲအစည်းမှာ
ကြီးမားတဲ့ ကျရှုံးမှုတွေရှိတဲ့အခါ
ဒါတွေက နည်းပညာ ကျရှုံးမှုတွေ မဟုတ်ဘူး။
ဒါတွေက အကျင့်ပါနေမှုမှာ ဆုံးဖြတ်ချက်တွေ
တအား အမြန်ကြီးချလိုက်တဲ့အခါ
ဖြစ်ပေါ်တဲ့ ကျရှုံးမှုတွေပါ။
အမှတ်တွေ ဆက်ဖို့ (သို့) သတင်း
အမှားတွေကို ရှင်းထုတ်ဖို့၊
ရှုပ်ထွေးမှုကို နားလည်ဖို့
လိုအပ်နေတဲ့ ဖန်တီးတဲ့(သို့)
ဝေဖန်တဲ့ တွေးခေါ်မှု မလုပ်ခဲ့ကြဘူး။
ဒီလို တွေးခေါ်ခြင်းမျိုးက
အမြန်လုပ်လို့ မရဘူးလေ။
ဒါက ဖြေးဖြေး တွေးခေါ်ခြင်းပါ။
စိတ်ပညာရှင်နှစ်ဦးဖြစ်တဲ့
Daniel Kahneman နဲ့ Amos Tversky တို့ဟာ
၁၉၇၄ ခုနှစ်မှာ ဒါကို စတင် ထောက်ပြခဲ့တယ်။
သူတို့ရဲ့ထိုးထွင်းအမြင်နဲ့ တစ်ခုခုလုပ်ဖို့
ကျွန်မတို့ ရုန်းကန်နေဆဲပါ။
ခေတ်သစ်သမိုင်းအားလုံးကို အရှိန် တစ်ခုပြီး
တစ်ခု ပန်းထွက်မှုတစ်ခုအဖြစ် တွေးလို့ရတယ်။
ကျွန်မတို့တွေးသလို
အလုံအလောက် အရှိန်မြှင့်လိုက်ရင်
ပြဿနာတွေအတွက် တစ်ပန်းသာနိုင်တယ်။
ဒါပေမဲ့ ဘယ်တော့မှ မဖြစ်ပါဘူး။
ဒါကို ကိုယ်ပိုင်ဘဝတွေမှာ သိကြပြီး
မူဝါဒချမှတ်သူတွေလည်း သိကြပါတယ်။
ဒီတော့ အခု ကျွန်မတို့ဟာ
ပိုမြန်ပြီး ပိုတော်တဲ့
ဆုံးဖြတ်ချက်တွေချရာမှာ
ကူညီဖို့၊အမြဲ ဆန့်ထွက်နေတဲ့
ဒေတာစကြာဝဠာကို စီမံပြုပြင်ဖို့
ဉာဏ်ရည်တုဆီ ဦးလှည့်နေတယ်။
ဒါပေမဲ့ ဒေတာတွေကို အမြန် စီစဉ်နေတဲ့
စက်တွေဟာ လူသားတွေရဲ့ ဝေဖန်ပြီး
တည်တံ့နေတဲ့ တွေးခေါ်ခြင်းအတွက်
အစားထိုးစရာ မဟုတ်ဘူး။
သူတို့ရဲ့ ကျောက်ခေတ် ဦးနှောက်တွေဟာ
၎င်းတို့ရဲ့ စေ့ဆော်မှုတွေကို လျော့ကျစေဖို့
စိတ်ကို နှေးစေဖို့နဲ့ အတွေးတွေ
စီးဆင်းစေဖို့ အချိန်နည်းနည်းလိုတယ်။
ဘရိတ်ကိုသာ နင်းဖို့သင့်တယ်လို့
စတွေးမိတယ်ဆိုရင်
ဒါက အမြဲတမ်တမ်း မှန်ကန်တဲ့
ဖြေရှင်းချက်ဖြစ်မှာ မဟုတ်ဘူး။
ကွေ့တစ်ခုနားမှာ တအား အမြန်သွားနေတဲ့
ရထားဟာ လမ်းချော်နိုင်တာ အားလုံးသိကြပေမဲ့
အင်ဂျင်နီယာ Seifu က ကျွန်မကို သင်ပေးတာက
ကွေ့တစ်ခုနားမှာ တအား နှေးနှေး သွားနေတဲ့
ရထားဟာလည်း လမ်းချော်နိုင်တယ်တဲ့။
ဒီတော့ အရှိန်ရဲ့ ဒီပန်းထွက်မှုကို စီမံတာက
အမြန်ကို ကိုယ့်မှာရှိတယ်လို့
ထင်တာထက် ပိုထိန်းချုပ်မှု ရှိတာကို
နားလည်ခြင်းနဲ့ စတင်တာပါ၊
တစ်ဦးချင်းနဲ့လူ့အဖွဲ့အစည်းတစ်ခုအနေနဲ့ပေါ့။
တစ်ခါတစ်ရံ ပိုမြန်မြန်သွားဖို့
မိမိကိုယ်ကိုယ် စီမံဖို့ လိုလိမ့်မယ်။
ယာဉ်ပိတ်ဆို့တာကို ဖြေရှင်းချင်ကြမယ်၊
မုန်တိုင်းသင့်သူတွေအတွက်
ဒုက္ခသက်သာရေး အရှိန်မြှင့်တာ
(သို့) လိုအပ်တဲ့အခါ လက်ငင်း လိုအပ်တာကို
ထုတ်လုပ်ဖို့
3D ပုံနှိပ်တာကို သုံးချင်မယ်။
တစ်ခါတစ်လေတော့လည်း မြန်တဲ့
အတွေ့အကြုံကဖြစ်တဲ့ ယဉ်တိုက်မှုကို စီမံဖို့
မိမိပတ်ဝန်းကျင်ကို ပိုနှေးတဲ့
ပုံပေါက်အောင် လုပ်ချင်ကြမယ်။
တစ်ချိန်လုံး နှိုးဆော်မပေး
လို့လည်း ရပါတယ်။
ဒါက လူကြီးတွေနဲ့ ကလေးတွေအတွက်
ကောင်းတယ်။
ငြီးငွေ့စရာကောင်းနိုင်ပေမဲ့
ဒါက အလေးအနက်ဆင်ခြင်ဖို့ အချိန်ပေးတယ်။
နှေးတဲ့ အချိန်က အလဟဿ
ဖြစ်တဲ့ အချိန်မဟုတ်ဘူး။
အချိန်ကုန် သက်သာအောင်လုပ်တာက
ဆိုလိုတာကို ပြန်တွေးတောဖို့လိုတယ်။
ကမ္ဘာအနှံ့က ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေဟာ
အနှေးထဲမှာ တည်ဆောက်တာပါ။
အနှေးက ကျွန်မတို့ရဲ့ဝေယူထားတဲ့တန်ဖိုးတွေ၊
ဆက်နွယ်မှုကိုအားဖြည့်ပေးဖို့့ ကူညီလို့ပါ။
ဆက်နွယ်မှုဟာ လူဖြစ်ခြင်းရဲ့
အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။
အမြန်ကို ပိုင်နိုင်ဖို့လိုတယ်။
ဆိုလိုတာက ပေးထားတဲ့ နည်းပညာရဲ့ အပေးအယူ
လုပ်တာတွေအကြောင်း ဂရုတစိုက် တွေးခြင်းပါ။
ဒါက သင့်လူ့သဘာဝကို ဖော်ပြဖို့ သုံးနိုင်တဲ့
အချိန်ကို ပြန်တောင်းဖို့ ကူညီမှာလား။
ဒါက သင့်ကို အမြန်ရောဂါ ပေးမှာလား။
အခြားသူတွေကို အမြန်ရောဂါ ပေးမှာလား။
ဘဝကို သင်လှည့်လည်ချင်တဲ့ အဟုန်ကို
ဆုံးဖြတ်နိုင်လောက်အောင် ကံကောင်းရင်တော့
ဒါက အထူးအခွင့်အရေးတစ်ခုပါ။
ဒါကို အသုံးပြုပေတော့။
အရှိန်မြှင့်ဖို့နဲ့ နှေးတဲ့အချိန်
ဖန်တီးဖို့ နှစ်ခုစလုံး
လိုအပ်တယ်လို့ သင်ဆုံးဖြတ်လောက်တယ်။
ကိုယ်ပိုင်နှုန်းမှာ
အလေးအနက် ဆင်ခြင်ဖို့၊
စိမ့်ဝင်စေဖို့ အချိန်၊
ညစာ ထမင်းဝိုင်းမှာ
နားထောင်ဖို့၊
မျှဝေခံစားဖို့၊
စိတ်ကို အနားပေးဖို့
စွဲကျန်နေဖို့ အချိန်။
ဒီတော့ အနာဂတ်ကို ဆွဲကြည့်နေစဉ်မှာ
အမြန်ရဲ့နည်းပညာတွေ၊အမြန်ရဲ့ ရည်ရွယ်ချက်နဲ့
ပိုပြီး လူသားဆန်တဲ့ အဟုန်တစ်ခုအတွက်
အမြန်ရဲ့ မျှော်မှန်းချက်တွေကို
ချမှတ်လိုက်ရအောင်။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)