ဒီလူသုံးယောက်ထဲက ဘယ်တစ်ယောက်ဟာ
အန္တရာယ်ရှိတာကို လုပ်နေပါသလဲ?
ကိုလက်စထရောဆေးကို စပျစ်သီးဖျော်ရည်နဲ့
သောက်နေတဲ့တစ်ယောက်လား။
ခြေကျင်း၀တ်နာလို့
Acetaminophen အကိုက်အခဲပျောက်ဆေးကို
အရက်မသောက်ခင် သောက်ထားတဲ့
တစ်ယောက်လား?
သွေးကျဲဆေးပုံမှန်သောက်နေရာကနေ
ခေါင်းကိုက်လို့ Aspirin သောက်တဲ့သူလား?
တကယ်တော့ အားလုံးပါပဲ။
သူတို့ဟာ ဆေးဓာတ်ပြုမှုတွေကနေ
သေလောက်အောင် ကြောက်စရာကောင်းတဲ့
ကျောက်ကပ်ပျက်တာ၊ အသည်းပျက်တာ၊
ကိုယ်တွင်းသွေးယိုတာတွေ
ဖြစ်လာနိုင်ပါတယ်။
ဆေးဓာတ်ပြုတယ်ဆိုတာက
ဆေးဟာ တခြားအရာတစ်ခုနဲ့ ပေါင်းပြီး
မူလသက်ရောက်မှုကနေ ဘေးထွက်ဆိုးကျိုးတွေ
ဖြစ်စေတာဖြစ်ပါတယ်။
အစားအသောက်တွေ၊ သဘာဝဖြည့်စွက်စာတွေ၊
တရားဝင်ဆေးတွေနဲ့ မူးယစ်ဆေးတွေအားလုံးဟာ
ဆေးဓာတ်ပြုတာ ဖြစ်စေနိုင်ပါတယ်။
ဆေးဓာတ်ပြုမှုအများစုကို
နှစ်ပိုင်းခွဲခြားနိုင်ပါတယ်။
တစ်ပိုင်းက နှစ်မျိုးလုံးဟာ ခန္ဓာကိုယ်အပေါ်
သီးသန့်စီ သက်ရောက်တာပါ။
နောက်တစ်ပိုင်းမှာတော့ တစ်မျိုးက
ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုအပေါ် သက်ရောက်တယ်။
ဥပမာ - နောက်တစ်မျိုးကို ခန္ဓာကိုယ်က
ဘယ်လိုယူမယ်၊ ဘယ်လိုချက်မယ်၊ ဘယ်လိုသယ်မယ်
ဥပမာ - သွေးကျဲဆေးတွေနဲ့ Aspirin ပေါ့
နှစ်မျိုးစလုံးဟာ သွေးခဲတာကို ကာကွယ်ပေးပြီး
သူတို့ပေါင်းမိသွားရင် အန္တရာယ်ကြီးပါတယ်။
သွေးကျဲဆေးဟာ သွေးတွေခဲစေမယ့်
သွေးခဲဓာတ်ပစ္စည်းကို
ထွက် မလာအောင် တားဆီးပြီး
Aspirin က သွေးဆဲလ်တွေ
စုစည်းအုပ်စုဖွဲ့မှာကို
တားဆီးပါတယ်။
တစ်ခုချင်းဆိုရင်တော့ အန္တရာယ်မရှိပေမဲ့
နှစ်ခုပေါင်းလိုက်ရင် သွေးခဲခြင်းကို
လူအန္တရာယ်ဖြစ်လောက်တဲ့အထိ တားပါတော့တယ်။
ခန္ဓာကိုယ်တွင်း သွေးယိုတာမျိုးပေါ့။
သွေးကျဲဆေးတွေနဲ့ Aspirin တွေဟာ
တစ်ခုချင်းဆီဆိုရင်
အန္တရာယ်မရှိပေမဲ့
အန္တရာယ်ရှိတဲ့ဆေးတွေ ပေါင်းမိရာကနေလည်း
အန္တရာယ်တွေ ပိုမိုပြီး ဆိုးရွားလာစေတာတွေ
ရှိနေပါတယ်။
ကိုကင်း နဲ့ ဘိန်းဖြူတွေဟာ
တစ်ခုချင်းဆီ အန္တရာယ်ရှိပါတယ်။
တစ်ခုက အခြားတစ်ခုရဲ့ အာနိသင်ကို
လျော့ကျစေနိုင်တယ်လို့ ထင်ရပေမယ့်
တကယ်တမ်း သူတို့ပေါင်းမိသွားရင်
အလွန်အန္တရာယ်ကြီးလာစေပါတယ်။
ကိုကင်းဟာ တက်ဆေးဖြစ်ပြီး
နှလုံးခုန်မြန်တာတွေဖြစ်စေကာ
ခန္ဓာကိုယ်ရဲ့ အောက်စီဂျင်လိုအပ်မှုကို
မြင့်တက်စေပါတယ်။
ဘိန်းဖြူကတော့ ကျဆေးဖြစ်လို့
အသက်ရှူနှေးစေပြီး
အောက်စီဂျင်ခွဲတမ်းကို ချပစ်ပါတယ်။
သူတို့နှစ်ခုပေါင်းမိသွားတာနဲ့
အသက်ရှုရပ်တန့်ပြီး သေစေနိုင်ပါတယ်။
စပျစ်သီးဖျော်ရည်နဲ့ ကိုလက်စထရောကျစေတဲ့
Statin အုပ်စုဆေးတွေမှာလည်း
ဆေးအာနိသင်ပေါ်သက်ရောက်တဲ့
ဓာတ်ပြုမှုတွေ ရှိနေပါတယ်။
အသည်းဟာ ခန္ဓာကိုယ်တွင်း ဝင်ရောက်လာတဲ့
ပစ္စည်းတွေကို ဖြိုခွဲဖို့
အင်ဇိုင်း၊မော်လီကျူးတွေ ထုတ်ပါတယ်။
အင်ဇိုင်းတွေကိုယ်တိုင်ကလည်း
ဆေးဖြစ်နေပါတယ်။
ရှုပ်ထွေးလှတဲ့ မော်လီကျူးတွေထဲက
ဆေးတွေပါတဲ့အပိုင်းကို
ခွဲထုတ်ပေးပြီး
အန္တရာယ်ရှိတဲ့ မော်လီကျူးတွေကို
အန္တရာယ်မရှိတော့အောင်
ခွဲထုတ်ပေးပါတယ်။
အင်ဇိုင်းအမျိုးအစားများစွာ ရှိနေပြီး
သူတို့နဲ့ သက်ဆိုင်၊ အံ့ဝင်ခွင်ကျမယ့်
မော်လီကျူးတွေ သီးသန့်စီ ရှိပါတယ်။
စပျစ်သီးဟာ Statin ဆေးတွေပေါင်းမယ့်
အင်ဇိုင်းကို သွားပေါင်းနိုင်စွမ်း ရှိပါတယ်
ဒါ့ကြောင့် Statin တွေပေါင်းမယ့် အင်ဇိုင်း
နည်းသွားပါတယ်။
ဒါ့ကြောင့် မပြိုကွဲတဲ့ Statin ဆေးတွေဟာ
သွေးထဲမှာ အချိန်အကြာကြီး
အများအပြား ကျန်ရစ်ပြီး
လည်ပတ်နေတာကြောင့်
ကျောက်ကပ်ပျက်စီးတဲ့အထိ
ဖြစ်ပွားနိုင်ပါတယ်။
အရက်ကလည်း Acetaminophen, Tylenol နဲ့
ပါရာစီတမော လို အကိုက်အခဲပျောက်ဆေးတွေကို
ပြောင်းမယ့်အင်ဇိုင်းရဲ့ ပုံမှန်တာဝန်တွေကို
ပြောင်းလဲပစ်နိုင်ပါတယ်။
Acetaminophen ကိုသောက်လိုက်ရင်
အရက်က အဆိပ်တွေ ဖြစ်လာစေပါတယ်။
သို့သော် ညွှန်ကြားသလောက်သာ သောက်ရင်
အန္တရာယ်ရှိစေနိုင်တဲ့အဆင့်ထိ
ရောက်မလာပါဘူး။
သို့သော် အရက်တွေအများကြီးသောက်ထားရင်
ဘေးထွက်အဆိပ်တွေများလာပြီး
ဆေးကို ညွှန်သလောက်ပဲသောက်ရင်တောင်မှ
အသည်းကို ထိခိုက်ပျက်စီးစေပါတယ်။
သဘာဝဘယဆေး ဖြစ်တဲ့ Saint John's Wort
ဆိုရင် အသည်းက အင်ဇိုင်းတစ်မျိုးထုတ်မှုကို
မြင့်တက်စေပါတယ်။
ဆိုတော့ များပြားလှတဲ့အင်ဇိုင်းတွေဟာ
ဆေးအာနိသင် မပြနိုင်ခင်မှာပဲ
ဆေးတွေကို မြန်မြန်ဖြိုခွဲပစ်လိုက်ပါတယ်။
မရေမတွက်နိုင်အောင် များပြားလှတဲ့
ဆေးဓာတ်ပြုတွေရှိနေပေမယ့်
အန္တရာယ်ရှိတဲ့ ဆေးဓာတ်ပြုမှုအများစုကို
လူတွေ သိထားပြီးသား ဖြစ်ပါတယ်။
သိပ္ပံပညာတိုးတက်လာတာနဲ့အမျှ
ဆေးဓာတ်ပြုမှုတွေကို
အရင်ကထက် ပိုပိုပြီး သိလာနိုင်ပါပြီ။
တချို့ပညာရှင်တွေဟာဆိုရင် ခန္ဓာကိုယ်တွင်းက
ပရိုတိန်းတွေရဲ့ ရုပ်သွင်ပြင်ကို အခြေခံပြီး
ဆေးဓာတ်ပြုမှုကြောင့်
ဖြစ်လာနိုင်မယ့် ဘေးထွက်ဆိုးကျိုးတွေကို
ကြိုတင်ခန့်မှန်းနိုင်တဲ့ AI Program ကို
တီထွင်ဖန်တီးနေကြပါပြီ။
ဆေးသစ်တွေက တချိန်လုံးပေါ်နေသလိုပါပဲ၊
ဆေးတွေစမ်းသပ်နေတဲ့ကာလမှာတောင်မှ
စူပါကွန်ပြူတာတွေက ဘေးထွက်ဆိုးကျိုးတွေကို
ရှာဖွေခန့်မှန်းပေးနိုင်မှာပါ။