အကယ်ရွေ့များကျွန်တော်သင့်ကို လမ်းမှာတွေ့လို့ (အထူကြီးမှားရေးမိတယ်) ပိုင်(pi)အစား၄ရဲ့ဆိုင်း(sin) ကဘာလဲလို့မေးရင် သင်က ရေဒီယမ် သုံးရမယ်လို့ထင်မှာပေါ့ သင်အလွတ်မှတ်ထားရင်မှတ်မိမယ် ဒါမှမဟုတ် ဒီလိုစက်ဝိုင်းတစ်ယူနစ်ဆွဲလိုက်မှာပေါ့ အဝိုင်းဆုံးစက်ဝိုင်းတော့မဟုတ်ဘူး ဒါပေမဲ့သင်သဘောပေါက်ပါတယ် pi အစား ၄ ရေဒီယမ် က ၄၅ဒီကရီနဲ့ညီမျှပါတယ် အချင်းဝက်မျဉ်းကိုဆွဲပြီး sin ကစက်ဝိုင်းတစ်ယူနစ်ရဲ့ y-ကိုသြဒီနိတ်(coordinate) ဖြစ်ပါတယ် ဆိုတော့သင်ကဒီတန်ဖိုးကိုယူမယ်ဆိုရင် သင်ကချက်ခြင်း ok ဒါက ၄၅ဒီကရီလို့ပြောလို့ရတာပေါ့ ကျွန်တော်ဒီတြိဂံကိုအကြီးချဲ့လိုက်မယ် တြိဂံကဒီလိုဆိုရင် ဒါက ၄၅ဒီကရီ ဒါက ၄၅ဒီကရီ ဒါက ၉၀ဒီကရီ ဒါဆိုသင်က ၄၅-၄၅-၉၀ တြိဂံကို အဖြေရှာလို့ရပြီ ဟိုက်ပိုတန်းနယုစ်(hypotenuse)က ၁ ဒါက x ဒါက x သူတို့နှစ်ခုကတန်ဖိုးတူတော့ isosceles traingle ပေါ့ အခြေထောင့်ကတူတယ် ဒါဆို x နှစ်ထပ်အပေါင်း x နှစ်ထပ်က ၁ နှစ်ထပ် ၁ နှစ်ထပ်က ၁ 2x နှစ်ထပ်က ၁ x နှစ်ထပ်က ၁ အစား ၂ x က ၁ အစား ၂တို့ရဲ့ နှစ်ထပ်ကိန်းရင်း(square root) ဒါက ၁ အစား၂ရဲ့နှစ်ထပ်ကိန်းရင်း(square root) ရာရှင်နယ်(rational)နံပတ်ပြောင်းရေးဖို့ ၂-square root အစား၂-square root နဲ့မြှောက်ရင် ၂-square root အစား၂ရတာပေါ့ ဒါဆိုအမြင့်က ၂-square root အစား၂ ဒိအတိုင်းအတာပါသိချင်ရင် အတူတူပဲ ဒါပေမဲ့ကျွန်တော်တို့ကအမြင့်ပဲလိုချင်တယ် ဘာလို့လဲဆိုတော့ဒီ sin တန်ဖိုးကြောင့် ဒီ sin တန်ဖိုးကအမြင့်ရဲ့တန်ဖိုးပဲ y-coordinateပေါ့ ဒါကိုခုနက၂-square root အစား၂ လို့သိထားတယ် ဒါကပြန်လေ့လာတာပါ ယူနစ်စက်ဝိုင်းဗီဒီရိုတုန်းကသင်ပြီးသား ဒါပေမဲ့အကယ်ရွေ့များကျွန်တော်က သင့်ကိုနောက်နေ့ကျလို့ ၂-square root အစား၂ ရဲ့ arcsin ကဘာလဲလို့မေးရင် arcsin ကဘာလဲ သင်တုန့်ဆိုင်းသွားမလား သင်က ထောင့်တစ်ခုရဲ့sinတော့သိတယ် ဒီဟာက ဆဲလ် အသစ်ထွင်ထားတဲ့trigonometryလား သင်သိထားရမှာကအရှေ့မှာarcဆိုတဲ့စကားလုံးပါလာရင် တစ်ခါတစ်လေ inverse (ပြောင်းပြန်) sin လို့လဲခေါ်တယ် သင်ကဒါကို ၂-square root အစား၂ ရဲ့ sin ပြောင်းပြန်လို့ရေးလို့ရတယ် သူက sinရဲ့ဘယ်ထောင့်ကိုယူရင် ၂-square root အစား၂ ရမလဲလို့မေးတာ ဒါလည်းသူက sinရဲ့ဘယ်ထောင့်ကိုယူရင် ၂-square root အစား၂ ရမလဲလို့မေးတာ ကျွန်တော်ကဒီနှစ်ခုကို (ပြောပြပရစေ) ကျွန်တော်ကဒီနှစ်ခုကို sinရဲ့ဘာက ၂-square root အစား၂ ရမလဲလို့ပြောင်းရေးလို့ရတယ် ဒီလိုမေးရင်ဖြေရတာ ပိုမလွယ်ဘူးလား sinရဲ့ဘာက၂-square root အစား၂လဲ ခုနကကျွန်တော်တို့သိထားတာက sinရဲ့ piအစား၄က၂-square root အစား၂ ဒါဆိုရင်sinရဲ့ piအစား၄က၂-square root အစား၂ မဟုတ်လား ဒါဆိုကျွန်တော့်ရဲ့အဖြေကpiအစား၄ပေါ့ ဒါမှမဟုတ် arcsinရဲ့၂-square root အစား၂က piအစား၄လို့ရေးလို့လဲရတယ် ပြန်လေ့လာတဲ့အနေနဲ့ ကျွန်တော်ကသင့်ကို တန်ဖိုးတစ်ခုပေးပြီး ဒီတန်ဖိုးကိုပေးမဲ့ ထောင့်ရဲ့sinထဲကထောင့်ကဘာလဲလို့မေးတာ ဒါဆိုသင်က ဆဲလ် ဒါပေမဲ့ ကြည့် pi အစားနှစ်ကရတယ် ၄၅ဒီကရီကရတယ် ၃၆၀ဒီကရီ သို့မဟုတ် ၂pi ကိုဆက်ပေါင်းလို့ရတယ် ဘာလို့လဲဆိုတော့နောက်ဆုံးသူက စက်ဝိုင်းရဲ့ဒီအမှတ်ကိုပြန်ရောက်လာမှာ လို့ပြောရင်မှန်ပါတယ် သင်စဉ်းစားသမျှတန်ဖိုးအားလုံး မှန်တယ် ဘာလို့လဲဆိုတော့ ဒီထောင့်ကို၃၆၀ဒီကရီပေါင်းတိုင်းရတဲ့ ထောင့်တွေရဲ့sinကိုယူရင် အမြဲ၂-square root အစား၂ရမှာ ဒါကပြဿနာပဲ ဘာလို့လဲဆိုတော့ f(x) လို့မှတ်ထားရင် f(x) ရဲ့ x ကတန်ဖိုးအများကြီးရှိလို့မရဘူး ဥပမာ x က piအစား၄ သို့မဟုတ် piအစား၄ အပေါင်း ၂ pi သို့မဟုတ် piအစား၄ အပေါင်း ၄ pi ဒီ function တိကျဖို့အတွက် sin ပြောင်းပြန်တိကျဖို့အတွက် ကျွန်တောင်တို့ အကန့်အသတ်ရှိရမယ် သဘာဝအကျဆုံး အတိုင်းအတာအတွင်း ကန့်သတ်မယ် ကန့်သတ်ရအောင် ဒါနဲ့ဘယ်ဒိုမိန်းနဲ့ ကန့်သတ်ထားတာလဲ တစ်ခုခုရဲ့ arcsin ကိုယူရင် x ရဲ့ arcsin က တီတာ (theta)ဆိုရင် သူ့ရဲ့ကန့်သတ်ချက်ကဘာလဲ x ရဲ့တန်ဖိုးအမှန်ကဘာလဲ x ရဲ့အဖြေကဘာလဲ ဘယ်ထောင့်မဆိုရဲ့sinကိုရှာရင် ၁ နဲ့ -၁ ကြားကတန်ဖိုးပဲရမှာမဟုတ်လား ဒါဆို x က -၁ သို့မဟုတ် -၁ ထက်ကြီးပြီး ၁ သို့မဟုတ် ၁ ထက်ငယ်မှာပေါ့ ဒါက ဒိုမိန်း ကန့်သတ်ချက်ဖြစ်တယ် ဒီ function မှန်ဖို့အတွက်ကျွန်တော်တို့ ဖြစ်နိုင်တဲ့တန်ဖိုးနဲ့ အကန့်အသတ်ရှိရမယ် အတိုင်းအတာကိုကန့်သတ်ရမယ် arcsin အတွက်ပုံမှန်ဆိုရင် ပထမနဲ့စတုတ္ထထောင့်(quadrant)ကိုပဲရွေးရမယ် ဒီစက်ဝိုင်းရဲ့ ဒီဧရိယာကြားထဲကထောင့်တွေပေါ့ ဒါဆိုရင် theta က pi အစား ၂ သို့မဟုတ် pi အစား ၂ ထက်ငယ်ပြီး - pi အစား ၂ သို့မဟုတ် - pi အစား ၂ ထက်ကြီးတယ် အခုကျွန်တော်တို့ arcsin ကဘာလဲဆိုတာသိပြီဆိုတော့ အခုကျွန်တော်တို့ arcsin ကဘာလဲဆိုတာသိပြီဆိုတော့ နောက်ပြဿနာတစ်ခုဖြေရှင်းရအောင် (နေရာရှင်းလိုက်ဦးမယ်) နောက် arcsin တစ်ခုကြည့်ရအောင် ကျွန်တော်က -၃ရဲ့နှစ်ထပ်ကိန်းရင်းအစား ၂ (minus square root of 3 over 2) ရဲ့ arcsin ကဘာလဲဆိုရင် သင်အလွတ်မှတ်ထားလို့ theta သို့မဟုတ် x ရဲ့ sin က ၃ရဲ့နှစ်ထပ်ကိန်းရင်းအစား ၂ လို့ပြောပြီးရင်ပြီးပြီ ဒါပေမဲ့ကျွန်တော်ကမမှတ်ထားတော့ ယူနစ်စက်ဝိုင်းဆွဲရအောင် arcsin ဆိုရင်ကျွန်တော်တို့က စက်ဝိုင်းရဲ့ပထမနဲ့စတုတ္ထပိုင်းပဲလိုတယ် ဒါက y ဝင်ရိုး ဒါက x ဝင်ရိုး x နဲ့ y ဘယ်ရောက်သွားပြီလဲ တစ်ခုခုရဲ့sinက၃ရဲ့နှစ်ထပ်ကိန်းရင်းအစား ၂ဆိုရင် ယူနစ်စက်ဝိုင်းရဲ့ y-coordinate က -၃ရဲ့နှစ်ထပ်ကိန်းရင်းအစား ၂ ဖြစ်တယ် ဒါဆိုဒီနားလောက်ပေါ့ ဒါက -၃ရဲ့နှစ်ထပ်ကိန်းရင်းအစား ၂ ဒီနေရာမှာ ဒါဆိုရင်ဒါကဘယ်ထောင့်လဲ နည်းနည်းစဉ်းစားကြည့်ရအောင် y-coordinate က -၃ရဲ့နှစ်ထပ်ကိန်းရင်းအစား ၂ ဒီထောင့် x ဝင်ရိုးအောက်ရဲ့လက်ယာရစ်ဆိုတော့ ထောင့်ကအနုတ်လက္ခဏာဖြစ်တယ် အဖြေရှာဖို့ တြိဂံဆွဲလိုက်မယ် (ပိုကောင်းတဲ့အရောင်ရွေးလိုက်ဦးမယ်) ဒါကတြိဂံ အပြာရောင်နဲ့ဆွဲလိုက်မယ် တြိဂံကိုအကြီးချဲ့လိုက်မယ် ဒီလိုမျိုး ဒါက theta ဒါက theta ဒါရဲ့အရှည်ကဘာလဲ ဒါရဲ့အရှည်ကဘာလဲ ဒါက y ရဲ့အမြင့်နဲ့အတူတူပဲလို့ ပြောလို့ရတယ် ၃ရဲ့နှစ်ထပ်ကိန်းရင်းအစား ၂ ပေါ့ အောက်ကိုသွားတဲ့အတွက်ကြောင့် အနုတ်လက္ခဏာဖြစ်တယ် ဒီထောင့်ကိုရှာရအောင် ကျွန်တော်တို့ကဒါကအနုတ်ထောင့်ဆိုတာကိုသိတယ် ၃ရဲ့နှစ်ထပ်ကိန်းရင်းအစား ၂ ကိုတွေ့ရင် အလိုလို ၃၀-၆၀-၉၀ တြိဂံလို့ဆိုတာသိမယ်လို့ မျှော်လင့်ပါတယ် ဒါက၃ရဲ့နှစ်ထပ်ကိန်းရင်းအစား ၂ ဒီဘက်က ၁ အစား ၂ ပြီးတော့ဒီဘက်က ၁ ပေါ့ ယူနစ်စက်တဝိုင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ အချင်းဝက်မျဉ်းက ၁ ၃၀-၆၀-၉၀တြိဂံမှာ၃ရဲ့နှစ်ထပ်ကိန်းရင်းအစား ၂ ရဲ့ ဆန့်ကျင်ဘက်က ၆၀ ဒီဂရီပါ ဒီဘက်က ၃၀ ဒီဂရီ ဒါဆို theta က ၆၀ ဒီဂရီပေါ့ ဒါကသူ့ရဲ့အတိုင်းအတာ ဒါပေမဲ့အောက်ကိုသွားတဲ့အတွက်ကြောင့် -၆၀ ဒီကရီပေါ့ ဒါဆို theta က -၆၀ ဒီကရီ ဒါပေမဲ့ ရေဒီယမ် သုံးမယ်ဆိုရင် မဟုတ်သေးဘူး ၁၈၀ ဒီကရီတိုင်းအတွက် pi ရေဒီယမ် နဲ့မြောက်ရမယ် ဒီကရီကအချင်းချင်းကြေသွားမယ် ဒါဆို theta က - pi အစား ၃ ရေဒီယမ် ဒါဆိုရင်အခုကျွန်တော်တို့က -၃ရဲ့နှစ်ထပ်ကိန်းရင်းအစား ၂ ရဲ့arcsin က - pi အစား ၃ ရေဒီယမ် လို့ပြောလို့ရပြီပေါ့ ဒါမှမဟုတ် -၃ရဲ့နှစ်ထပ်ကိန်းရင်းအစား ၂ ရဲ့ sin ပြောင်းပြန်က - pi အစား ၃ ရေဒီယမ် လို့ပြောလို့လဲရတယ် အတည်ပြုဖို့ ဂဏန်းပေါင်းစက် ထုတ်ရအာင် ရေဒီယမ်မုဒ်လုပ်ထားပြီးပြိ သင်စစ်လို့ရတယ် မုဒ်ကိုနှိတ်ရင် ရေဒီယမ်မုဒ်လုပ်ထားပြီးတဲ့အတွက်ကြောင့် အဖြေမှန်ရမယ်လို့မျှော်လင့်ပါတယ် ကျွန်တော်က sin ပြောင်းပြန်ကိုသိချင်တာ sinရဲ့ဒုတိရခလုတ်က sin ပြောင်းပြန် -၃ရဲ့နှစ်ထပ်ကိန်းရင်းအစား ၂ အဖြေက -၁.၀၄ ဒါဆိုအဖြေက -၁.၀၄ ရေဒီယမ် pi အစား ၃ က ၁.၀၄ နဲ့ညီမျှတာပေါ့ ဒါကိုအတည်ပြုကြည့်ရအောင် ကျွန်တော်က -pi ကို ၃ နဲ့စားရင်ဘာရမလဲ ဒီတန်ဖိုး ကွက်တိပဲ ကျွန်တော့်ဂဏန်းပေါင်းစက်ကတန်ဖိုးအတိအကျပေးပေမဲ့ ဒါက -pi အစား ၃ လို့မပြောတဲ့အတွက် အထောက်အကူသိပ်မဖြစ်ဘူး