ကျုပ်တို့ တော်တော်များများတို့ဟာ
နေ့စဉ်ဘဝထဲမှာ နည်းပညာကို သုံးကြတယ်။
ပြီးတော့ တချို့က ကိုယ့်အလုပ်ကို လုပ်ဖို့
နည်းပညာကို အားကိုးကြရတယ်။
စက်ယန္တရားတွေနဲ့ ၎င်းတို့ကို မောင်းနှင်
ကြတဲ့ နည်းပညာတွေဟာဖြင့်
ကျွန်မရဲ့ အလုပ်ကို ပိုထိရောက်
ပိုအကျိုးဖြစ်စေမယ့် ကိရိယာများပါ။
ဒါပေမဲ့ စက်မှုလုပ်ငန်းအမျိုးမျိုးတွင် အလို
အလျောက် လုပ်ကိုင်မှု တိုးပွားလာမှုနှင့်အတူ
ကျွန်မ စဉ်းစားမိတာက-
စက်တွေက အစဉ်အလာအရ
လူတွေ လုပ်ကိုင်လာခဲ့တာကို
စတင်ပြီး လုပ်ကိုင်လာနေကြတော့
လူသားရဲ့ လက်တွေကော ဘယ်လိုဖြစ်လာကြမလဲ။
ကျုပ်တို့ရဲ့ ပြီးပြည့်စုံမှု၊ တိကျမှုနဲ့
အလိုအလျောက် လုပ်ကိုင်မှုတို့က
ကျုပ်တို့ရဲ့ ဖန်တီးနိုင်စွမ်းကို ဘယ်လို
အကျိုးသက်ရောက်ပါသလဲ။
ကျွန်မရဲ့ အနုပညာနှင့် သုတေသန ထဲတွင်
လူသားရဲ့ ဖန်တီးနိုင်စွမ်းသစ်ကို ရှာကြံဖို့
AI နဲ့ ရိုဘော့တွေကို စူးစမ်းလေ့လာရပါတယ်။
လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းမှာ
ကျွန်မဟာ စက်ယန္တရားတွေ၊ ဒေတာနဲ့ ဆန်းသစ်စ
နည်းပညာတွေနဲ့ တွဲပြီး လုပ်ကိုင်ခဲ့ရပါတယ်။
တစ်သက်လုံး အံ့အားသင့်လာခဲ့ရတဲ့ အလုပ်ပါ၊
လူပုဂ္ဂိုလ်နဲ့ စနစ်တွေရဲ့
လှုပ်ရှားမှုတွေ အကြောင်း
ပြီးတော့ အဲဒါတွေ ရောထွေလျက်
ရှုပ်ထွေတဲ့ ရလဒ်တွေ ရလာပုံတွေကိုပါ။
AI ပ ဘယ်မှာ အဆုံးသတ်ပြီး
ကျုပ်တို့က စတင်လျက်
ကျွန်မက လုပ်ငန်းစဉ်များကို
ပြုစုဖွံ့ဖြိုးလာစေလျက်
အနာဂတ်ရဲ့ အာရုံခံနိုင်မှုတွေကို ရောနှော
ပေးနိုင်ခြေ အလားအလာကို စုံစမ်းကြည့်တယ်။
ကျွန်မစိတ်ထင် ဒသနိကနဲ့ နည်းပညာတို့
ဆုံကြတဲ့ နေရာပါပဲ။
ဒီအလုပ်ကို လုပ်ကိုင်မှုက
ကျွန်မကို အချက်တချို့ကို သင်ပေးခဲ့တယ်။
ပြီးပြည့်စုံခြင်းမရှိတာကို လက်ခံနိုင်မှုက
ကျုပ်တို့ကို ကျုပ်တို့ကိုယ်တိုင်
အကြောင်းကို နည်းနည်းသေးနိုင်ပါတယ်။
အနုပညာကို စူးစမ်းမှုက လက်တွေ့တွင်
ကျုပ်တို့ကို ပုံသွင်းပေးတဲ့ နည်းပညာကို
ပုံသွင်းပေးဖို့ ကူပေးတာ ကျွန်မသိလာတယ်။
နောက်ထပ် ကျွန်မ သိလာရတာက
AI နဲ့စက်ရုပ်တွေကို
အစဉ်အလာတီထွင်မှုပုံစံတွေနဲ့ ပေါင်းစပ်မှုက၊
ကျွန်မလို အမြင်အနုပညာထဲမှာဆိုရင်၊
လူသားဆိုတာ ဘာလဲ၊
စက်ပစ္စည်းတွေ ဆိုတာဘာလဲကို
နည်းနည်းလေး ပိုပြီး နက်ရှိုင်းစွာ
နားလည်လာစေပါတယ်။
အဲဒီကတဆင့် ကျွန်မ ရှေ့ဆက် သဘောပေါက်လာတာက
ကျုပ်တို့ ရှေ့ဆက်သွားချင်ရင် နှစ်ခုစလုံး
အတွက် နေရာကို ဖန်တီးပေးဖို့
လက်တွဲဆောင်ရွက်မှုဟာ သော့ချက်ပါ။
ဒါတွေအားလုံး စတင်ခဲ့တာက "Drawing
Operations Unit: Generation 1."
လို့ခေါ်တဲ့ စက်တွေနဲ့
စမ်းသပ်မှုမှ စတင်ခဲ့တာပါ။
ကျွန်မကတော့ အတိုကောက် "DOUG" လို့ခေါ်တယ်။
ကျွန်မ DOUG ကို မတည်ဆောက်ခင်
စက်ရုပ်တွေ တည်ဆောက်မှု
အကြောင်း လုံးဝမသိခဲ့ဘူး။
ကျွန်မ အခမဲ့ရနိုင်တဲ့ စက်ရုပ်ရဲ့
လက်မောင်းဒီဇိုင်းတွေကို ယူခဲ့တယ်၊
စက်ရုပ်ကနေပြီး ကျွန်မ လက်ဟန်တွေကို
အချိန်နဲ့တပြေးညီ ကူယူလုပ်နိုင်မယ့်
စနစ်တစ်ခုကို ကျွန်မ hack လုပ်ခဲ့တယ်။
စိတ်ကူးက ရိုးရိုးလေးပါ-
ကျွန်မ ရှေ့မှလုပ်ပြတာကို
၎င်းက လိုက်လုပ်ပေးရန်ပါ။
ကျွန်မ လိုင်းကို ဆွဲရင်
၎င်းကပါ ကျွန်မလိုင်းကို တုပြီးဆွဲရမယ်။
အဲဒါနဲ့ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းက
ပထမဦးဆုံးအကြိမ် ဆွဲဖြစ်ခဲ့တယ်။
နယူးယောက်မြို့က
ပရိသတ်ကို အနည်းငယ်ရှေ့မှာပါ။
လုပ်ပြခဲ့တာဟာ သိပ်ကို ရိုးရိုးလေးပါ--
မီးမရှိ၊ အသံမရှိ၊
ဖုံးကွယ်စရာ ဘာမျှမရှိခဲ့ပါ။
ကျွန်မ လက်ဖဝါးတွေ ချွေးပြန်နေကြပြီး
စက်ရုပ်ရဲ့ မော်တာတွေ ပူပြင်းလာကြတယ်။
(ရယ်သံများ) ကျွန်မတို့ လုပ်ကိုင်ပုံ
မဟုတ်ခဲ့မှန်း ရှင်းနေခဲ့ပါတယ်။
ဒါပေမဲ့ ကျွန်မ မျှော်လင့်မရခဲ့တဲ့
စိတ်ဝင်စားစရာ အရာတစ်ခု ဖြစ်ခဲ့တယ်။
ရိုးအခဲ့တဲ့ DOUG ဟာ ကျွန်မရဲ့ လိုင်းတွေကို
ကွက်တိ ခြေရာမခံနိုင်ခဲ့ပါဘူး။
ဟန်ဆောင် လုပ်ခဲ့ကြစဉ်တုန်းက
စခရင်ပေါ်မှာ
pixel အလိုက် ပြီးပြည့်စုံခဲ့တယ်။
ရုပ်ပိုင်း လက်တွေ့အခြေအနေထဲကျတော့
လုံးဝ တမျိုးဖြစ်ခဲ့ပါတယ်။
၎င်းဟာ ချော်ပြီး ဘေးရောက်သွားတာ
ထပ်တလဲလဲ မှားမိနေခဲ့တယ်၊
ကျွန်မက ပြန်ပြီး တုံ့ပြန်ရန် လိုအပ်ခဲ့တယ်။
အသစ်အဆန်းဆိုလို့ ဘာမှ မရှိခဲ့ပါ။
ဒါတောင် ပေါ်ပေါက်လာခဲ့ကြတဲ့
အမှားတွေကမှ စိတ်ဝင်စားစရာ အချက်ပါ။
စက်ရုပ်က ကျွန်မလိုင်းကို အဓိပ္ပါယ်
ကောက်နေခဲ့ပေမဲ့ စနစ်မကျခဲ့ပါ။
ကျွန်မ တုံ့ပြန်ရန် လိုအပ်ခဲ့တယ်။
ကျွန်မတို့အချိန်အညီ
လိုက်လျောညီထွေဖို့ အားထုတ်ခဲ့ကြတယ်။
ဒါကို မြင်ပြီးတဲ့ နောက်မှာ
ကျွန်မ အချက်တချို့ကို နားလည်မိတယ်။
ကျွန်မတို့ရဲ့ အမှားတွေကမှ စိတ်ဝင်စားစရာ
အကောင်းဆုံး အပိုင်း ဖြစ်တာကို တွေ့လာရတယ်။
စက်ရဲ့ မပြီးပြည့်စုံမှုမှတစ်ဆင့်
ကျွန်မ နားလည်လာတာက
ကျွန်မတို့ရဲ့ မပြီးပြည့်စုံမှုကမှ တန်ပြန်
တုံ့ပြန်မှုထဲက အလှဆုံးအရာပါ။
အချက်တစ်ချကကို သိနားလည်လာခဲ့ရလို့
ကျွန်မဟာ စိတ်လှုပ်ရှားနေမိတယ်၊
လူသားနှင့်စက်ပစ္စည်းစနစ်များရဲ့
အလှတရားက
၎င်းတို့ နှစ်ဘက်စလုံး မွေးရာပါ
မှားနိုင်တဲ့ အလေ့အထ ရှိနေခြင်းပါပဲ။
DOUG ဒုတိယမျိုးဆက် ပေါ်လာတော့
ကျွန်မဟာ အဲဒီ စိတ်ကူးကို
စူးစမ်းနေချင်ခဲ့တယ်။
ဒါပေမဲ့ စက်ရုပ်ရဲ့ လက်မောင်းက သူ့ဘာသာသူ
အမှတ်တမဲ့ လိုက်ဆွဲမယ့်အစား
ကျွန်မ ပြုစုချင်ခဲ့တာက ကျွန်မရဲ့ ပုံတွေကို
ကျွန်မ မျှော်မရတဲ့ နည်းလမ်းမျိုးနဲ့
ကျွန်မပုံတွေကို တုံ့ပြန်မယ့် စနစ်ကိုပါ။
ဒါနဲ့ ကျွန်မဟာ အမြင်အာရုံ အယ်လ်ဂိုရီသမ်
ကို အသုံးပြုပြီး ဆယ်စုနှစ်ချီ ကျွန်မရဲ့
ပုံများထဲမှ မြင်နိုင်တဲ့ အချက်အလက်များ
ကို ထုတ်ယူရန် ဖြစ်ပါတယ်။
ကျွန်မဟာ အဲဒီပုံတွေကို သုံးပြီး အာရုံကြော
ကွန်ယက်ကို လေ့ကျင့်ပေးခဲ့ပြီး
ပုံတွေထဲက ထပ်နေတဲ့ ပုံစံတွေကို
ထုတ်လုပ်စေပြီး
ကျွန်မတို့ရဲ့ ဆော့ဝဲဖြင့်
စက်ထဲကို ပြန်ထည့်ပေးခိုင်းခဲ့တယ်။
ကျွန်မဟာ ပြီးဆုံးထားတဲ့ ပုံတွေ၊
ဆွဲလက်စ အလုပ်တွေ၊ ကျပမ်း ရေးချစ်ခဲ့တာတွေ၊
ကျွန်မ ရှာတွေခဲ့သမျှတွေကို
မရမက ရှာဖွေစုစည်းခဲ့တယ်--
ပြီးတော့ AI စနစ်အတွက် တဂ်လုပ်ပေးလိုက်တယ်။
ကျွန်မဟာ အနှစ် ၂၀ ကျော်အလုပ် လုပ်ခဲ့တဲ့
အနုပညာရှင် ဖြစ်ပါတယ်။
ခုနက ပုံတွေကို လိုက်လံစုခဲ့ရတာဟာ
လအတော်ကြာခဲ့ပြီး
အတော့်ကို လုပ်ကိုင်ခဲ့ရပါတယ်။
ပြီးတော့ AI စနစ်တွေကို လေ့ကျင့်ဖို့
ကိစ္စကလည်း ရှိနေသေးတယ်၊
တကယ့်ကို ခက်ခဲစွ
ကြိုးပမ်းဖို့ လိုခဲ့ပါတယ်။
အလုပ်အများအပြားကို သူများတွေ
မြင်တောင် မြင်ကြရမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ အဲဒီလို လုပ်ကိုင်ရင်းနဲ့
ကျွန်မဟာ AI တည်ဆောက်ထားပုံကို
နည်းနည်းလေး ပိုကောင်းမွန်စွာ
နားလည်လာခဲ့တယ်။
အဲဒါကို အာရုံကြောနက်များ အတွက် ပုံစံတွေ၊
နည်းစနစ်တွေကို သုံးထားရုံတင်
မကတာကိုပါ ကျွန်မ သိလာခဲ့ရတယ်။
ပြီးတော့ ၎င်းဟာ ပုံစံပြောင်းလွယ်ပြီး
လိုချင်တဲ့ ပုံမျိုးကိုသွင်းယူလွယ်ခဲ့ပါတယ်၊
လူသားရဲ့ လက်ကတော့ တနည်းနည်းနဲ့
အမြဲတမ်း ပါနေခဲ့တယ်။
၎င်းဟာ ကျွန်မတို့ ကြားခဲ့ဘူးသလို
ဘာမဆို လုပ်နိုင်တာမျိုး မဟုတ်ခဲ့ကြပါ။
ဒါနဲ့ ကျွန်ဟာ အာရုံကြောကွန်ယက်အတွက်
ဒီလိုပုံတွေကို စုစည်းခဲ့တယ်။
ပြီးတော့ အရင်တုန်းက လုံးဝမဖြစ်နိုင်ခဲ့တာ
တစ်ခုကိုပါ ကျွန်မ သဘောပေါက်လိုက်တယ်။
ကျွန်မရဲ့ DOUG စက်ရုပ်ဟာ ကျွန်မ တစ်သက်လုံး
ရေးဆွဲခဲ့သမျှ ပုံတွေကို
အချိန်နှင့်တပြေးညီ ထင်ဟပ်ပေးနိုင်ခဲ့တယ်။
ကျွန်မရဲ့ ဒေတာဖြစ်ခဲ့ပေမဲ့ ရလဒ်တွေကျတော့
အားရစရာကြီးပါ။
အဲဒါနဲ့ ကျွန်မဟာ
သိပ်ကို စိတ်လှုပ်ရှားလာလို့
ဒီစက်တွေဟာ ကိရိယာသက်သက် မဖြစ်သင့်ဘဲ
လူသားမဟုတ်တဲ့ လုပ်ဖက်လို လက်တွဲ
လုပ်ကိုင်နိုင်စွမ်း ရှိကြမယ်လို့တောင်
ထင်မိခဲ့တယ်။
အဲဒီထက်ကို တောင်ပိုလျက်၊
လူသားရဲ့ တီထွင်နိုင်စွမ်းရဲ့ အနာဂတ်ဟာဖြင့်
လူကနေပြီး လုပ်တဲ့ အရာမဟုတ်ဘဲ
ဖန်တီးလုပ်ကိုင်ရေး နည်းလမ်းသစ်တွေကို
လက်တွေ စူးစမ်းမှုဖြစ်တယ်လို့ ထင်မိတယ်။
ဒီတော့ DOUG_1 က ကြွက်သားဖြစ်ခဲ့ပြီး
DOUG_2 က ဦးနှောက်ဖြစ်ခဲ့တယ် ဆိုရင်၊
DOUG_3 ကျတော့ မိသားစုနဲ့ တူပါတယ်။
လူသား-လူသားမဟုတ်သူရဲ့ပူးပေါင်းဆောင်
ရွက်မှုကို စကေးကြီးဖြင့် စူးစမ်းလိုခဲ့တယ်။
အဲဒါနဲ့ လွန်ခဲ့တဲ့ လအနည်းငယ် အတွင်းမှာ၊
ကျွန်မအဖွဲ့နဲ့အတူ ကျွန်မတို့ ရွေးထားတဲ့
စက်ရုပ် ၂၀ ကိုထုတ်လုပ်ခဲ့ကြပြီး
စုပေါင်းလျက် သူတို့နဲ့စမ်းရန် ဖြစ်ခဲ့တယ်။
သူတို့ဟာ အုပ်စုအနေနဲ့ လုပ်ကိုင်ကြမယ်၊
သူတို့နဲ့အတူကျွန်မတို့ဟာ နယူးယောက်မြို့
တမြို့လုံးမှာ လက်တွဲ လုပ်ကိုင်ဖို့ပါ။
Stanford သုတေသီ Fei-Fei Li ကို
အားကျပါတယ်၊
"စက်တွေကို စဉ်းစားလာအောင် သင်ချင်ရင်၊
သူတို့ကို မြင်လာနိုင်အောင် အရင် သင်ပေးဖို့
လိုအပ်မယ်။" သူက မိန့်ကြားခဲ့ပါတယ်။
နယူးယောက်မှာ နေခဲ့တဲ့
ဆယ်နှစ်ကို ပြန်စဉ်းစားလာရတယ်၊
တမြို့လုံးမှာ စောင့်ကြည့်ရေး
ကင်မရာတွေကို မှတ်မိတယ်။
အဲဒါတွေ အားလုံးကို ကျွန်မရဲ့ စက်ရုပ်တွေကို
သင်ပေးဖို့ သုံးနိုင်ရင် ကောင်းမှာပဲလို့
စိတ်ကူးရမိတယ်။
အဲဒီလို ပရိုဂျက်ကို စဉ်းစားရင်း၊
စက်တွေ စောင့်ကြည့်နေပုံကို စိတ်ကူးလျက်
အမြင်အကြောင်းကို မာလ်တီအမြင်မျိုးဖြင့်
စစဉ်းစားလာတယ်၊
တစ်နေရာမှ မြင်ရတဲ့ အမြင်မျိုးလိုပါ။
ကျွန်မတို့ ဗွီဒီယိုတွေကို စစုဆောင်းတယ်၊
အင်တာနက်မှာ ရနိုင်တဲ့
အများပြည်သူဆိုင်ရာတွေပါ၊
လူတွေ လမ်းပေါ်မှာ လမ်းလျှောက်နေကြပုံ၊
ကားတွေ၊ တက္ကစီတွေ စသဖြင့်
မြို့ပြ လှုပ်ရှားမှု ပုံတွေမျိုးစုံပေါ့။
အဲဒါမျိုးကို မြင်နိုင်တဲ့ မြင်မှု
အယ်လဂိုရီသမ်ကို ပြုစုခဲ့ကြတယ်
"optical flow" လို့ခေါ်တဲ့ နည်းပညာကို
အခြေခံခဲ့ကြတယ်၊
မြို့ပြများထဲက စုပေါင်းသိပ်သည်းဆကို၊
လူတွေရဲ့ ဦးတည်ချက်ကို၊ နေထိုင်ပုံနဲ့
အရှိန်အဟုန် စသဖြင့် ဆန်းစစ်ခဲ့ကြတယ်။
ကျွန်မတို့ စနစ်က အနေအထားမျိုးစုံထဲကနေပြီး
အဲဒီလို အချက်တွေကို ထုတ်ယူပေးခဲ့လို့
အဲဒါတွေဟာ ကျွန်မရဲ့ စက်ရုပ်တွေ
ပုံဆွဲရန် သင်ပုန်းလို ဖြစ်လာကြတယ်။
ကျွန်မတို့ဟာ တစ်ဦးနဲ့ တစ်ဦး
လက်တွဲဆောင်ရွက်မှုအစား
အများက အများနဲ့ လက်တွဲဆောင်ရွက်မှုကို
တီထွင်ခဲ့ကြတယ်။
မြို့ထဲရှိ လူသားနဲ့ စက်ရဲ့
အမြင်ကို ပေါင်းပေးလိုက်ခြင်းဖြင့်
ရှုခင်းပန်းချီကား ဆိုတာ ဘယ်လိုဖြစ်နိုင်
ကြောင်းကို ပြန်လည်ပုံဖော်ခဲ့ကြတယ်။
D.O.U.G. နဲ့ ကျွန်မလုပ်ခဲ့သမျှ
စမ်းသပ်မှုများအားလုံးတို့ဟာ
တူညီတာဆိုလို့ တကြိမ်ဘူးမှ မရှိခဲ့ဘူးပါ။
လက်တွဲပူးပေါင်းမှုရဲ့ ကျေးဇူးကြောင့်
ကျွန်မတို့ ဘယ်သူာမှ ဖန်တီးနိုင်ခဲ့မှာ
မဟုတ်တာကို ဖန်တီးနိုင်ခဲ့ကြတယ်-
ကျွန်မတို့ရဲ့ ကျုပ်တို့၊ လူသားနဲ့
လူသားမဟုတ်သူတို့ရဲ့
တီထွင်ဖန်တီးမှုရဲ့
ဘောင်ကို စူးစမ်းနိုင်ခဲ့ကြတယ်။
ကျွန်မအတွက် ဒါဟာ အစပဲ ရှိပါသေးတယ်။
ဒီနှစ်ထဲတွင် ကျွန်မဟာ
Scilicet ကိုစတင်ခဲ့တယ်၊
လူသားနှင့်လူသားချင်းကြားက ပူးပေါင်းဆောင်
ရွက်မှုကိုစူးစမ်းမယ့် ဓာတ်ခွဲခန်းသစ်ပါ။
လူတစ်ဦးချင်း၊ အတုဖြစ်ကြတာနဲ့
ဂေဟစနစ်ထံမှ ရမယ့်
တုံ့ပြန်ချက် ကွင်းဆက်ဟာ စိတ်ဝင်စားစရာပါ။
ကျွန်မတို့ဟာ ပတ်ဝန်းကျင်ဆိုင်ရာ လူသားနဲ့
စက်တွေထံမှ ရရှိမယ့်
ဇီဝဗေဒဆိုင်ရာ
အခြား ဒေတာတွေကို စုစည်းကြပါမယ်။
ကျွန်မတို့နဲ့အတူ လက်တွဲ စူးစမ်းရန်
ကျွန်မတို့ရဲ့ အနာဂတ် အလုပ်၊ စနစ်များ၊
လူသားချင်း လက်တွဲပူးပေါင်းဆောင်ရွက်မှုကို
စိတ်ဝင်စားသူ အားလုံးကို ဖိတ်ကြားပါတယ်။
ဒါတွေအားလုံးကို နည်းပညာရှင်တွေ သက်သက် သာမက
ကျုပ်တို့ အားလုံးပါ ပါဝင် လုပ်ကိုင်ရမယ့်
အခန်းကဏ္ဍတွေ ရှိပါတယ်။
အစဉ်အလာအရ လူတွေ လုပ်ခဲ့ကြတဲ့
အလုပ်တွေကို စက်တွေကို သင်ပေးခြင်းဖြင့်
လူ့လက်တွေနဲ့ လုပ်လို့ ရနိုင်တာရဲ့
စံသတ်မှတ်ချက်တွေကို
ကျွန်မတို့ စူးစမ်းနိုင်မယ်လို့
ယုံကြည်ပါတယ်။
အဲဒီလို ချီတက်ရမယ့် ခရီးထဲရဲ့ တစ်ပိုင်းက
လူသားတွေရော စက်တွေပါ
မှားယွင်းနိုင်ကြတာကို အသိအမှတ်ပြုလျက်
နှစ်ဘက်စလုံးရဲ့ အစွမ်းအစတွေကို
တိုးချဲ့ဖို့ လိုပါတယ်။
ဒီနေ့အထိ ကျွန်မဟာ အလှတရားကို
လူသားထဲမှာရေ လူသားမဟုတ်တဲ့ထဲမှာပါ
ရှာကြံဖို့ အားထုတ်နေလျက်ပါ။
အနာဂတ်တွင် အဲဒါဟာ ဘယ်လိုပုံစံမျိုး
ဖြစ်မှာကို ကျွန်မ မပြောတတ်ဘူး၊
ဒါပေမဲ့ အဲဒါကို ရှာဖွေရန် ကျွန်မ
သိပ်ကို စိတ်ဓာတ်ပြင်းပြနေပါတယ်။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)