WEBVTT 00:00:06.542 --> 00:00:09.560 ခင်ဗျားတို့ဟာ ကျူးလစ်ပန်းစည်း ဝယ်ဖို့ ဘယ်လောက်များ ပေးမလဲ? 00:00:09.560 --> 00:00:12.292 ဒေါ်လာ အနည်းငယ်လောက်လား? ဒေါ်လာ ရာချီလား? 00:00:12.292 --> 00:00:14.271 ဒေါ်လာ တသန်းဆိုရင်ကော? 00:00:14.271 --> 00:00:15.672 ပေးချင်မှာ မဟုတ်ဘူးနဲ့တူတယ်။ 00:00:15.672 --> 00:00:19.292 ခင်ဗျားတို့ဟာ ဒီအိမ်အတွက် ဒါမှမဟုတ် အိမ်မွေး တိရိစ္ဆာန် အစားအစာကို ရောင်းတဲ့ 00:00:19.292 --> 00:00:23.244 ဝက်ဘ်ဆိုက် တစိတ်တဒေသကို ပိုင်ဆိုင်ဖို့ကော ဘယ်လောက် ပေးမလဲ? 00:00:23.244 --> 00:00:25.072 ခေတ်အလိုက် ခုနက ကျူးလစ်ပန်းတွေ၊ 00:00:25.072 --> 00:00:28.925 အိမ်ခြံမြေ နဲ့ pets.com ရှယ်ယာတွေကို 00:00:28.925 --> 00:00:32.877 ၎င်းတို့ တန်တာထက်ကို ပိုတဲ့ ဈေးနဲ့ ရောင်းနိုင်ခဲ့ကြတယ်။ 00:00:32.877 --> 00:00:38.379 ကိစ္စတိုင်းထဲမှာ ဈေးဟာ တက်ပြီးရင်းတက်လာလျက် အဲဒီနောက် ရုတ်ခနဲ ကျဆင်းသွားခဲ့တယ်။ 00:00:38.379 --> 00:00:40.742 စီးပွားရေးပါရဂူတွေက အဲဒါကို ပူဖောင်းလို့ ခေါ်ကြတယ်။ 00:00:40.742 --> 00:00:43.316 အဲဒီလို ပူဖောင်းတွေ တကယ်ဖြစ်ပျက်ပုံကို လေ့လာကြည့်ကြရအောင်။ 00:00:43.316 --> 00:00:47.067 နားလည်လွယ်ရန် ကျတော်တို့ရဲ့ ကျူးလစ်ကို ပြန်ယူပြီး စတင်ကြရအောင်။ 00:00:47.067 --> 00:00:51.787 ၁၇ ရာစုထဲမှာ နယ်သာလန် နိုင်ငံဟာ Dutch ရွှေခေတ်ထဲကို ခြေနင်း ဝင်ခဲ့တယ်။ 00:00:51.787 --> 00:00:57.188 ၁၆၃၀ ခုနှစ်မှာ Amsterdam ဟာ အရေးကြီးတဲ့ ကုန်သွယ်ရေး ဌာနတခု ဖြစ်လာတယ်။ 00:00:57.188 --> 00:01:01.203 ဒတ်ခ်ျ သဘောင်္တွေဟာ အာရှမှနေပြီး ဟင်းခတ် အမွှေးအကြိုင်းတွေကို အကြီးအကျယ် သယ်လာကြလို့ 00:01:01.203 --> 00:01:03.381 ဥရောပမှာ အမြတ်တွေ ရရှိခဲ့ကြတယ်။ 00:01:03.381 --> 00:01:07.983 အဲဒါကြောင့် Amsterdam မြို့ဟာ ချမ်းသာလာကာ ကုန်သည်တွေ၊ ကုန်ကူးသူတွေနဲ့ ပြည့်နေခဲ့ပြီး 00:01:07.983 --> 00:01:11.350 သူတို့ဟာ ပန်းခြံတွေနဲ့ ဝန်းရံနေခဲ့ကြတဲ့ လှပတဲ့ 00:01:11.350 --> 00:01:14.182 အိမ်ကြီးခမ်းကြီးများထဲမှာ နေထိုင်ခဲ့ကြပါတယ်။ 00:01:14.182 --> 00:01:17.387 ထိုခေတ်တုန်းက ပန်းတမျိုးဟာ အထူးကို အရောင်းသွက်နေခဲ့ပါတယ်- 00:01:17.387 --> 00:01:18.906 ကျူးလစ်ပန်းပါပဲ။ 00:01:18.906 --> 00:01:21.601 အရှေ့ဖက်ခြမ်းကနေပြီး လာခဲ့ကြတဲ့ ကုန်သွယ်ရေး သင်္ဘောတွေက 00:01:21.601 --> 00:01:23.372 အဲဒီကျူးလစ် ပန်းတွေကို သယ်ယူလာခဲ့ကြတာပါ။ 00:01:23.372 --> 00:01:26.487 အဲဒါကြောင့် အဲဒီပန်းဟာ အထူးအဆန်းပန်း ဆိုပြီး ယူဆခံခဲ့ရတယ်၊ 00:01:26.487 --> 00:01:28.379 ပြီးတော့ ကျူးလစ်ဥကို မြေထဲ ချပေးလိုက်တဲ့နောက် 00:01:28.379 --> 00:01:32.197 ပန်းပွင့်လာဖို့ နှစ်ချီ စောင့်ဖို့လိုတော့ အဲဒီပန်းကို စိုက်ပျိုးရတာ ခဲယဉ်းခဲ့တယ်။ 00:01:32.197 --> 00:01:36.149 တဖန် ၁၆၃၀ ပြည့်လွန်နှစ်များမှာ ကျူးလစ်ပန်းကို ဗိုင်းရပ်စ်ပိုး ကူးစက်ရာမှ 00:01:36.149 --> 00:01:39.324 ပန်းတွေကို ပိုလှလာအောင် မျိုးစပ်နည်း သိလာကြရာ 00:01:39.324 --> 00:01:43.377 ပွင့်ချပ်တွေ ရောင်စုံဖြစ်အောင်၊ မီးလျှံလို အစင်းအကျားဖြင့် မျိုးစပ်ထုတ်လုပ်လာကြတယ်။ 00:01:43.377 --> 00:01:47.070 အဲဒီကျူးလစ်ပန်းဆိုရင် ပုံမှန် ကျူးလစ်ပန်း ထက်ကို ပိုရှားပါးခဲ့တယ်၊ 00:01:47.070 --> 00:01:51.120 အဲဒါရဲ့ ရလဒ်အဖြစ် အဲဒီပန်း အမျိုးအစားရဲ့ ဈေးဟာ စပြီးမြင့်တက်လာခဲ့တယ်၊ 00:01:51.120 --> 00:01:54.011 အဲဒါနဲ့အတူ ကျူးလစ်ပန်းတွေဟာ ခေတ်စားလာကြတော့တယ်။ 00:01:54.011 --> 00:01:57.196 ကျူးလွန်ပန်းဟာ အဲဒီနိုင်ငံမှာ ဟိုလေးတကျော် ဖြစ်ခဲ့ကာ 00:01:57.196 --> 00:02:00.689 မကြာမီမှာပဲ ကျူးလစ်ပန်းတွေကို လူတွေဟာ မရရအောင် လိုက်လံရှာပြီး ဝယ်လာကြတယ်။ 00:02:00.689 --> 00:02:03.826 တခုခုရဲ့ ဈေးဟာ မြင့်တက်လာခြင်းနဲ့ ပင်ကိုယ် တန်ဖိုးသိပ်မများပေမဲ့ 00:02:03.826 --> 00:02:07.268 လူတွေက ငွေအမြောက်အများ ပေးလိုကြတယ်ဆိုတဲ့ အချက်နှစ်ချက် ပေါင်းမိတဲ့အခါမှာ 00:02:07.268 --> 00:02:11.508 လူတွေဟာ အရူးအမူး ဖြစ်လာတတ်ကြတယ်။ 00:02:11.508 --> 00:02:16.224 မကြာခင်တုန်းက အရူးအမူးဖြစ်ခဲ့ကြတဲ့ သာဓကမှာ ၁၉၉၀ ပြည့်လွန်တုန်းက dot-com တွေပါပဲ။ 00:02:16.224 --> 00:02:21.424 ဝက်ဘ်ဆိုက် အသစ်တွေရဲ့ ရှယ်ယာတွေဟာ ၁၇ ရာစု ကျူးလစ် ပန်းတွေလိုပါပဲ။ 00:02:21.424 --> 00:02:23.584 လူတိုင်းဟာ နည်းနည်းတော့ဝယ်ထားချင်ခဲ့တယ်။ 00:02:23.584 --> 00:02:27.240 ကျူးလစ်ပန်းတွေကို လိုချင်သူ များလေလေ၊ ဈေးဟာ ပိုပိုမြင့်တက်သွားခဲ့ပါတယ်။ 00:02:27.240 --> 00:02:29.682 တချိန်တုန်းက၊ ကျူးလစ်ပန်း တပွင့်တည်းကို 00:02:29.682 --> 00:02:35.685 ကျွမ်းကျင်တဲ့ လက်မှုပညာရှင်ရဲ့ တနှစ်၀င်ငွေ ဆယ်ဆ တန်ဖိုးဖြင့် ရောင်းနိုင်ခဲ့တယ်။ 00:02:35.685 --> 00:02:36.741 ရှယ်ယာဈေးကွက်ထဲမှာ 00:02:36.741 --> 00:02:40.731 ရှယ်ယာ တခုခုရဲ့ ဈေးဟာ ရင်းနှီးရှင်များရဲ့ ရောင်းလိုအား နဲ့ ဝယ်လိုအားပေါ်မှာ မူတည်တယ်။ 00:02:40.731 --> 00:02:43.380 ကုမ္ပဏီတခုခုက အနာဂတ်မှာ ဝင်ငွေ များလာမယ်လို့ ထင်ရရင် 00:02:43.380 --> 00:02:46.706 ရှယ်ယာဈေးဟာ မြင့်တက်လာဖို့ များပါတယ်။ 00:02:46.706 --> 00:02:49.147 ငွေကိုရင်းလိုကြသူတို့ဟာ ရှယ်ယာကို တိုးတိုး ဝယ်လာကြလေရာ 00:02:49.147 --> 00:02:53.461 ဝယ်လိုအား တိုးလာတာနဲ့အမျှ ဈေးဟာပိုလို့ကို မြင့်တက်လာရတယ်။ 00:02:53.461 --> 00:02:57.528 အဲဒါဟာ လိပ်ပတ်လည်သလို ဖြစ်လာနိုင်ကာ ရင်းနှီးရှင်တို့ဟာ 00:02:57.528 --> 00:03:01.766 ရှယ်ယာတန်ဖိုးကို ပင်ကိုယ်ထက် သိသိသာသာ မြင့်တက်လာစေရင်း ထောင်ချောင်ထဲ မိသွားလျက် 00:03:01.766 --> 00:03:03.852 ပူဖောင်းကြီးကို ဖန်တီးပေးလာကြတယ်။ 00:03:03.852 --> 00:03:07.702 အဲဒီလို အရူးအမူးဖြစ်မှုကို အဆုံးသတ်ပစ်ဖို့ ပူဖောင်း ပေါက်ထွက်သွားဖို့ လိုအပ်တာက 00:03:07.702 --> 00:03:11.068 ရှယ်ယာ ဒါမှမဟုတ် ကျူးလစ်တွေရဲ့ ဈေးဟာ ၎င်းရဲ့ တန်ဖိုးထက်ကို အဆပေါင်းများစွာမှ 00:03:11.068 --> 00:03:13.460 ကြီးမြင့်နေတာကို လူတွေအားလုံး နားလည်လာကြရန်ပါပဲ။ 00:03:13.460 --> 00:03:16.691 ခုနက အရူးအမူးဖြစ်မှု နှစ်ခုစလုံး အဲဒီလိုနည်းဖြင့် အဆုံးသတ်ခဲ့ကြတယ်။ 00:03:16.691 --> 00:03:19.133 ရုတ်တရက်ဆိုသလို ဝယ်လိုအားဟာ ရပ်စဲသွားခဲ့တယ်။ 00:03:19.133 --> 00:03:21.674 ဈေးနှုန်းတွေဟာ ထိုးကျနိမ့်ဆင်းသွားကြကာ 00:03:21.674 --> 00:03:22.918 ပေါက်ထွက်သွားခဲ့တယ်! 00:03:22.918 --> 00:03:26.038 ပူဖောင်းတွေ ပေါက်ထွက်သွားကြလို့၊ ဈေးကွက်ဟာ ဖရိုဖရဲဖြစ်ခဲ့ရတယ်။ 00:03:26.038 --> 00:03:29.868 ပညာရှင်တွေဟာ ပူဖောင်း ပေါ်ပေါက်လာရခြင်းရဲ့ အကြောင်းရင်းတွေကို အားထုတ်လေ့လာလျက် 00:03:29.868 --> 00:03:32.563 ဘယ်လို ဟောကိန်းထုတ်မလဲ၊ ဘယ်လိုရှောင်ရမလဲ ဆန်းစစ်နေကြတယ်။ 00:03:32.563 --> 00:03:35.806 ကျူးလစ်ပန်းကို အရူးအမူးဖြစ်ခဲ့မှုဟာ ပူဖောင်းဆိုင်ရာ အခြေခံမူတွေကို နားလည်ဖို့ 00:03:35.806 --> 00:03:39.414 ကူပေးလျက် ၂၀၀၀ ပြည့်လွန်နှစ်များတုန်းက ဒ မြင်ခဲ့ကြရတဲ့ အိမ်ခြံမေ ပူဖောင်းလို 00:03:39.414 --> 00:03:42.285 မကြာမီလေးတင်က သာဓတွေကို နားလည်လာအောင် ကူပေးနိုင်တဲ့ 00:03:42.285 --> 00:03:45.200 သိပ်ကို ထိရောက်မြင်သာတဲ့ သာဓကကောင်းပါပဲ။ 00:03:45.200 --> 00:03:48.388 စီးပွားရေးဟာ တဟုန်ထိုးတက်လာလိုက်၊ ကသောင်းကနင်းဖြစ်လိုက် အဆင့်တွေကို 00:03:48.388 --> 00:03:49.855 ဆက်ပြီး ကျော်ဖြတ်နေရမှာပါ။ 00:03:49.855 --> 00:03:52.952 ကျွန်တော်တို့ဟာ အရူးအမူးဖြစ်မှု နောက်တခု ပေါ်ထွန်းလာမှာ စောင့်စားရင်း၊ 00:03:52.952 --> 00:03:55.322 နောက်ပူဖောင်းတခု ပေါက်ထွက်သွားမှာကို စောင့်စားရင်း၊ 00:03:55.322 --> 00:03:57.220 ကျူးလစ် ပန်းတွေဖြင့် ဘဝအရသာကို ခံစားကြပါ၊ 00:03:57.220 --> 00:04:01.256 အဲဒီကျူးလစ်ပန်းတွေအတွက် တပုံတခေါ်ကြီး ပေးဆပ်ရန် မလိုတာကို ကျေးဇူးတင်ပါ။