1 00:00:06,542 --> 00:00:09,560 ခင်ဗျားတို့ဟာ ကျူးလစ်ပန်းစည်း ဝယ်ဖို့ ဘယ်လောက်များ ပေးမလဲ? 2 00:00:09,560 --> 00:00:12,292 ဒေါ်လာ အနည်းငယ်လောက်လား? ဒေါ်လာ ရာချီလား? 3 00:00:12,292 --> 00:00:14,271 ဒေါ်လာ တသန်းဆိုရင်ကော? 4 00:00:14,271 --> 00:00:15,672 ပေးချင်မှာ မဟုတ်ဘူးနဲ့တူတယ်။ 5 00:00:15,672 --> 00:00:19,292 ခင်ဗျားတို့ဟာ ဒီအိမ်အတွက် ဒါမှမဟုတ် အိမ်မွေး တိရိစ္ဆာန် အစားအစာကို ရောင်းတဲ့ 6 00:00:19,292 --> 00:00:23,244 ဝက်ဘ်ဆိုက် တစိတ်တဒေသကို ပိုင်ဆိုင်ဖို့ကော ဘယ်လောက် ပေးမလဲ? 7 00:00:23,244 --> 00:00:25,072 ခေတ်အလိုက် ခုနက ကျူးလစ်ပန်းတွေ၊ 8 00:00:25,072 --> 00:00:28,925 အိမ်ခြံမြေ နဲ့ pets.com ရှယ်ယာတွေကို 9 00:00:28,925 --> 00:00:32,877 ၎င်းတို့ တန်တာထက်ကို ပိုတဲ့ ဈေးနဲ့ ရောင်းနိုင်ခဲ့ကြတယ်။ 10 00:00:32,877 --> 00:00:38,379 ကိစ္စတိုင်းထဲမှာ ဈေးဟာ တက်ပြီးရင်းတက်လာလျက် အဲဒီနောက် ရုတ်ခနဲ ကျဆင်းသွားခဲ့တယ်။ 11 00:00:38,379 --> 00:00:40,742 စီးပွားရေးပါရဂူတွေက အဲဒါကို ပူဖောင်းလို့ ခေါ်ကြတယ်။ 12 00:00:40,742 --> 00:00:43,316 အဲဒီလို ပူဖောင်းတွေ တကယ်ဖြစ်ပျက်ပုံကို လေ့လာကြည့်ကြရအောင်။ 13 00:00:43,316 --> 00:00:47,067 နားလည်လွယ်ရန် ကျတော်တို့ရဲ့ ကျူးလစ်ကို ပြန်ယူပြီး စတင်ကြရအောင်။ 14 00:00:47,067 --> 00:00:51,787 ၁၇ ရာစုထဲမှာ နယ်သာလန် နိုင်ငံဟာ Dutch ရွှေခေတ်ထဲကို ခြေနင်း ဝင်ခဲ့တယ်။ 15 00:00:51,787 --> 00:00:57,188 ၁၆၃၀ ခုနှစ်မှာ Amsterdam ဟာ အရေးကြီးတဲ့ ကုန်သွယ်ရေး ဌာနတခု ဖြစ်လာတယ်။ 16 00:00:57,188 --> 00:01:01,203 ဒတ်ခ်ျ သဘောင်္တွေဟာ အာရှမှနေပြီး ဟင်းခတ် အမွှေးအကြိုင်းတွေကို အကြီးအကျယ် သယ်လာကြလို့ 17 00:01:01,203 --> 00:01:03,381 ဥရောပမှာ အမြတ်တွေ ရရှိခဲ့ကြတယ်။ 18 00:01:03,381 --> 00:01:07,983 အဲဒါကြောင့် Amsterdam မြို့ဟာ ချမ်းသာလာကာ ကုန်သည်တွေ၊ ကုန်ကူးသူတွေနဲ့ ပြည့်နေခဲ့ပြီး 19 00:01:07,983 --> 00:01:11,350 သူတို့ဟာ ပန်းခြံတွေနဲ့ ဝန်းရံနေခဲ့ကြတဲ့ လှပတဲ့ 20 00:01:11,350 --> 00:01:14,182 အိမ်ကြီးခမ်းကြီးများထဲမှာ နေထိုင်ခဲ့ကြပါတယ်။ 21 00:01:14,182 --> 00:01:17,387 ထိုခေတ်တုန်းက ပန်းတမျိုးဟာ အထူးကို အရောင်းသွက်နေခဲ့ပါတယ်- 22 00:01:17,387 --> 00:01:18,906 ကျူးလစ်ပန်းပါပဲ။ 23 00:01:18,906 --> 00:01:21,601 အရှေ့ဖက်ခြမ်းကနေပြီး လာခဲ့ကြတဲ့ ကုန်သွယ်ရေး သင်္ဘောတွေက 24 00:01:21,601 --> 00:01:23,372 အဲဒီကျူးလစ် ပန်းတွေကို သယ်ယူလာခဲ့ကြတာပါ။ 25 00:01:23,372 --> 00:01:26,487 အဲဒါကြောင့် အဲဒီပန်းဟာ အထူးအဆန်းပန်း ဆိုပြီး ယူဆခံခဲ့ရတယ်၊ 26 00:01:26,487 --> 00:01:28,379 ပြီးတော့ ကျူးလစ်ဥကို မြေထဲ ချပေးလိုက်တဲ့နောက် 27 00:01:28,379 --> 00:01:32,197 ပန်းပွင့်လာဖို့ နှစ်ချီ စောင့်ဖို့လိုတော့ အဲဒီပန်းကို စိုက်ပျိုးရတာ ခဲယဉ်းခဲ့တယ်။ 28 00:01:32,197 --> 00:01:36,149 တဖန် ၁၆၃၀ ပြည့်လွန်နှစ်များမှာ ကျူးလစ်ပန်းကို ဗိုင်းရပ်စ်ပိုး ကူးစက်ရာမှ 29 00:01:36,149 --> 00:01:39,324 ပန်းတွေကို ပိုလှလာအောင် မျိုးစပ်နည်း သိလာကြရာ 30 00:01:39,324 --> 00:01:43,377 ပွင့်ချပ်တွေ ရောင်စုံဖြစ်အောင်၊ မီးလျှံလို အစင်းအကျားဖြင့် မျိုးစပ်ထုတ်လုပ်လာကြတယ်။ 31 00:01:43,377 --> 00:01:47,070 အဲဒီကျူးလစ်ပန်းဆိုရင် ပုံမှန် ကျူးလစ်ပန်း ထက်ကို ပိုရှားပါးခဲ့တယ်၊ 32 00:01:47,070 --> 00:01:51,120 အဲဒါရဲ့ ရလဒ်အဖြစ် အဲဒီပန်း အမျိုးအစားရဲ့ ဈေးဟာ စပြီးမြင့်တက်လာခဲ့တယ်၊ 33 00:01:51,120 --> 00:01:54,011 အဲဒါနဲ့အတူ ကျူးလစ်ပန်းတွေဟာ ခေတ်စားလာကြတော့တယ်။ 34 00:01:54,011 --> 00:01:57,196 ကျူးလွန်ပန်းဟာ အဲဒီနိုင်ငံမှာ ဟိုလေးတကျော် ဖြစ်ခဲ့ကာ 35 00:01:57,196 --> 00:02:00,689 မကြာမီမှာပဲ ကျူးလစ်ပန်းတွေကို လူတွေဟာ မရရအောင် လိုက်လံရှာပြီး ဝယ်လာကြတယ်။ 36 00:02:00,689 --> 00:02:03,826 တခုခုရဲ့ ဈေးဟာ မြင့်တက်လာခြင်းနဲ့ ပင်ကိုယ် တန်ဖိုးသိပ်မများပေမဲ့ 37 00:02:03,826 --> 00:02:07,268 လူတွေက ငွေအမြောက်အများ ပေးလိုကြတယ်ဆိုတဲ့ အချက်နှစ်ချက် ပေါင်းမိတဲ့အခါမှာ 38 00:02:07,268 --> 00:02:11,508 လူတွေဟာ အရူးအမူး ဖြစ်လာတတ်ကြတယ်။ 39 00:02:11,508 --> 00:02:16,224 မကြာခင်တုန်းက အရူးအမူးဖြစ်ခဲ့ကြတဲ့ သာဓကမှာ ၁၉၉၀ ပြည့်လွန်တုန်းက dot-com တွေပါပဲ။ 40 00:02:16,224 --> 00:02:21,424 ဝက်ဘ်ဆိုက် အသစ်တွေရဲ့ ရှယ်ယာတွေဟာ ၁၇ ရာစု ကျူးလစ် ပန်းတွေလိုပါပဲ။ 41 00:02:21,424 --> 00:02:23,584 လူတိုင်းဟာ နည်းနည်းတော့ဝယ်ထားချင်ခဲ့တယ်။ 42 00:02:23,584 --> 00:02:27,240 ကျူးလစ်ပန်းတွေကို လိုချင်သူ များလေလေ၊ ဈေးဟာ ပိုပိုမြင့်တက်သွားခဲ့ပါတယ်။ 43 00:02:27,240 --> 00:02:29,682 တချိန်တုန်းက၊ ကျူးလစ်ပန်း တပွင့်တည်းကို 44 00:02:29,682 --> 00:02:35,685 ကျွမ်းကျင်တဲ့ လက်မှုပညာရှင်ရဲ့ တနှစ်၀င်ငွေ ဆယ်ဆ တန်ဖိုးဖြင့် ရောင်းနိုင်ခဲ့တယ်။ 45 00:02:35,685 --> 00:02:36,741 ရှယ်ယာဈေးကွက်ထဲမှာ 46 00:02:36,741 --> 00:02:40,731 ရှယ်ယာ တခုခုရဲ့ ဈေးဟာ ရင်းနှီးရှင်များရဲ့ ရောင်းလိုအား နဲ့ ဝယ်လိုအားပေါ်မှာ မူတည်တယ်။ 47 00:02:40,731 --> 00:02:43,380 ကုမ္ပဏီတခုခုက အနာဂတ်မှာ ဝင်ငွေ များလာမယ်လို့ ထင်ရရင် 48 00:02:43,380 --> 00:02:46,706 ရှယ်ယာဈေးဟာ မြင့်တက်လာဖို့ များပါတယ်။ 49 00:02:46,706 --> 00:02:49,147 ငွေကိုရင်းလိုကြသူတို့ဟာ ရှယ်ယာကို တိုးတိုး ဝယ်လာကြလေရာ 50 00:02:49,147 --> 00:02:53,461 ဝယ်လိုအား တိုးလာတာနဲ့အမျှ ဈေးဟာပိုလို့ကို မြင့်တက်လာရတယ်။ 51 00:02:53,461 --> 00:02:57,528 အဲဒါဟာ လိပ်ပတ်လည်သလို ဖြစ်လာနိုင်ကာ ရင်းနှီးရှင်တို့ဟာ 52 00:02:57,528 --> 00:03:01,766 ရှယ်ယာတန်ဖိုးကို ပင်ကိုယ်ထက် သိသိသာသာ မြင့်တက်လာစေရင်း ထောင်ချောင်ထဲ မိသွားလျက် 53 00:03:01,766 --> 00:03:03,852 ပူဖောင်းကြီးကို ဖန်တီးပေးလာကြတယ်။ 54 00:03:03,852 --> 00:03:07,702 အဲဒီလို အရူးအမူးဖြစ်မှုကို အဆုံးသတ်ပစ်ဖို့ ပူဖောင်း ပေါက်ထွက်သွားဖို့ လိုအပ်တာက 55 00:03:07,702 --> 00:03:11,068 ရှယ်ယာ ဒါမှမဟုတ် ကျူးလစ်တွေရဲ့ ဈေးဟာ ၎င်းရဲ့ တန်ဖိုးထက်ကို အဆပေါင်းများစွာမှ 56 00:03:11,068 --> 00:03:13,460 ကြီးမြင့်နေတာကို လူတွေအားလုံး နားလည်လာကြရန်ပါပဲ။ 57 00:03:13,460 --> 00:03:16,691 ခုနက အရူးအမူးဖြစ်မှု နှစ်ခုစလုံး အဲဒီလိုနည်းဖြင့် အဆုံးသတ်ခဲ့ကြတယ်။ 58 00:03:16,691 --> 00:03:19,133 ရုတ်တရက်ဆိုသလို ဝယ်လိုအားဟာ ရပ်စဲသွားခဲ့တယ်။ 59 00:03:19,133 --> 00:03:21,674 ဈေးနှုန်းတွေဟာ ထိုးကျနိမ့်ဆင်းသွားကြကာ 60 00:03:21,674 --> 00:03:22,918 ပေါက်ထွက်သွားခဲ့တယ်! 61 00:03:22,918 --> 00:03:26,038 ပူဖောင်းတွေ ပေါက်ထွက်သွားကြလို့၊ ဈေးကွက်ဟာ ဖရိုဖရဲဖြစ်ခဲ့ရတယ်။ 62 00:03:26,038 --> 00:03:29,868 ပညာရှင်တွေဟာ ပူဖောင်း ပေါ်ပေါက်လာရခြင်းရဲ့ အကြောင်းရင်းတွေကို အားထုတ်လေ့လာလျက် 63 00:03:29,868 --> 00:03:32,563 ဘယ်လို ဟောကိန်းထုတ်မလဲ၊ ဘယ်လိုရှောင်ရမလဲ ဆန်းစစ်နေကြတယ်။ 64 00:03:32,563 --> 00:03:35,806 ကျူးလစ်ပန်းကို အရူးအမူးဖြစ်ခဲ့မှုဟာ ပူဖောင်းဆိုင်ရာ အခြေခံမူတွေကို နားလည်ဖို့ 65 00:03:35,806 --> 00:03:39,414 ကူပေးလျက် ၂၀၀၀ ပြည့်လွန်နှစ်များတုန်းက ဒ မြင်ခဲ့ကြရတဲ့ အိမ်ခြံမေ ပူဖောင်းလို 66 00:03:39,414 --> 00:03:42,285 မကြာမီလေးတင်က သာဓတွေကို နားလည်လာအောင် ကူပေးနိုင်တဲ့ 67 00:03:42,285 --> 00:03:45,200 သိပ်ကို ထိရောက်မြင်သာတဲ့ သာဓကကောင်းပါပဲ။ 68 00:03:45,200 --> 00:03:48,388 စီးပွားရေးဟာ တဟုန်ထိုးတက်လာလိုက်၊ ကသောင်းကနင်းဖြစ်လိုက် အဆင့်တွေကို 69 00:03:48,388 --> 00:03:49,855 ဆက်ပြီး ကျော်ဖြတ်နေရမှာပါ။ 70 00:03:49,855 --> 00:03:52,952 ကျွန်တော်တို့ဟာ အရူးအမူးဖြစ်မှု နောက်တခု ပေါ်ထွန်းလာမှာ စောင့်စားရင်း၊ 71 00:03:52,952 --> 00:03:55,322 နောက်ပူဖောင်းတခု ပေါက်ထွက်သွားမှာကို စောင့်စားရင်း၊ 72 00:03:55,322 --> 00:03:57,220 ကျူးလစ် ပန်းတွေဖြင့် ဘဝအရသာကို ခံစားကြပါ၊ 73 00:03:57,220 --> 00:04:01,256 အဲဒီကျူးလစ်ပန်းတွေအတွက် တပုံတခေါ်ကြီး ပေးဆပ်ရန် မလိုတာကို ကျေးဇူးတင်ပါ။