0:00:06.542,0:00:09.560 ခင်ဗျားတို့ဟာ ကျူးလစ်ပန်းစည်း ဝယ်ဖို့[br]ဘယ်လောက်များ ပေးမလဲ? 0:00:09.560,0:00:12.292 ဒေါ်လာ အနည်းငယ်လောက်လား? ဒေါ်လာ ရာချီလား? 0:00:12.292,0:00:14.271 ဒေါ်လာ တသန်းဆိုရင်ကော? 0:00:14.271,0:00:15.672 ပေးချင်မှာ မဟုတ်ဘူးနဲ့တူတယ်။ 0:00:15.672,0:00:19.292 ခင်ဗျားတို့ဟာ ဒီအိမ်အတွက် ဒါမှမဟုတ်[br]အိမ်မွေး တိရိစ္ဆာန် အစားအစာကို ရောင်းတဲ့ 0:00:19.292,0:00:23.244 ဝက်ဘ်ဆိုက် တစိတ်တဒေသကို ပိုင်ဆိုင်ဖို့ကော[br]ဘယ်လောက် ပေးမလဲ? 0:00:23.244,0:00:25.072 ခေတ်အလိုက် ခုနက ကျူးလစ်ပန်းတွေ၊ 0:00:25.072,0:00:28.925 အိမ်ခြံမြေ နဲ့ pets.com ရှယ်ယာတွေကို 0:00:28.925,0:00:32.877 ၎င်းတို့ တန်တာထက်ကို ပိုတဲ့ ဈေးနဲ့ [br]ရောင်းနိုင်ခဲ့ကြတယ်။ 0:00:32.877,0:00:38.379 ကိစ္စတိုင်းထဲမှာ ဈေးဟာ တက်ပြီးရင်းတက်လာလျက်[br]အဲဒီနောက် ရုတ်ခနဲ ကျဆင်းသွားခဲ့တယ်။ 0:00:38.379,0:00:40.742 စီးပွားရေးပါရဂူတွေက အဲဒါကို [br]ပူဖောင်းလို့ ခေါ်ကြတယ်။ 0:00:40.742,0:00:43.316 အဲဒီလို ပူဖောင်းတွေ တကယ်ဖြစ်ပျက်ပုံကို[br]လေ့လာကြည့်ကြရအောင်။ 0:00:43.316,0:00:47.067 နားလည်လွယ်ရန် ကျတော်တို့ရဲ့ ကျူးလစ်ကို [br]ပြန်ယူပြီး စတင်ကြရအောင်။ 0:00:47.067,0:00:51.787 ၁၇ ရာစုထဲမှာ နယ်သာလန် နိုင်ငံဟာ Dutch [br]ရွှေခေတ်ထဲကို ခြေနင်း ဝင်ခဲ့တယ်။ 0:00:51.787,0:00:57.188 ၁၆၃၀ ခုနှစ်မှာ Amsterdam ဟာ အရေးကြီးတဲ့[br]ကုန်သွယ်ရေး ဌာနတခု ဖြစ်လာတယ်။ 0:00:57.188,0:01:01.203 ဒတ်ခ်ျ သဘောင်္တွေဟာ အာရှမှနေပြီး ဟင်းခတ်[br]အမွှေးအကြိုင်းတွေကို အကြီးအကျယ် သယ်လာကြလို့ 0:01:01.203,0:01:03.381 ဥရောပမှာ အမြတ်တွေ ရရှိခဲ့ကြတယ်။ 0:01:03.381,0:01:07.983 အဲဒါကြောင့် Amsterdam မြို့ဟာ ချမ်းသာလာကာ[br]ကုန်သည်တွေ၊ ကုန်ကူးသူတွေနဲ့ ပြည့်နေခဲ့ပြီး 0:01:07.983,0:01:11.350 သူတို့ဟာ ပန်းခြံတွေနဲ့ [br]ဝန်းရံနေခဲ့ကြတဲ့ လှပတဲ့ 0:01:11.350,0:01:14.182 အိမ်ကြီးခမ်းကြီးများထဲမှာ [br]နေထိုင်ခဲ့ကြပါတယ်။ 0:01:14.182,0:01:17.387 ထိုခေတ်တုန်းက ပန်းတမျိုးဟာ အထူးကို[br]အရောင်းသွက်နေခဲ့ပါတယ်- 0:01:17.387,0:01:18.906 ကျူးလစ်ပန်းပါပဲ။ 0:01:18.906,0:01:21.601 အရှေ့ဖက်ခြမ်းကနေပြီး လာခဲ့ကြတဲ့ ကုန်သွယ်ရေး[br]သင်္ဘောတွေက 0:01:21.601,0:01:23.372 အဲဒီကျူးလစ် ပန်းတွေကို သယ်ယူလာခဲ့ကြတာပါ။ 0:01:23.372,0:01:26.487 အဲဒါကြောင့် အဲဒီပန်းဟာ အထူးအဆန်းပန်း[br]ဆိုပြီး ယူဆခံခဲ့ရတယ်၊ 0:01:26.487,0:01:28.379 ပြီးတော့ ကျူးလစ်ဥကို မြေထဲ [br]ချပေးလိုက်တဲ့နောက် 0:01:28.379,0:01:32.197 ပန်းပွင့်လာဖို့ နှစ်ချီ စောင့်ဖို့လိုတော့[br]အဲဒီပန်းကို စိုက်ပျိုးရတာ ခဲယဉ်းခဲ့တယ်။ 0:01:32.197,0:01:36.149 တဖန် ၁၆၃၀ ပြည့်လွန်နှစ်များမှာ [br]ကျူးလစ်ပန်းကို ဗိုင်းရပ်စ်ပိုး ကူးစက်ရာမှ 0:01:36.149,0:01:39.324 ပန်းတွေကို ပိုလှလာအောင် မျိုးစပ်နည်း[br]သိလာကြရာ 0:01:39.324,0:01:43.377 ပွင့်ချပ်တွေ ရောင်စုံဖြစ်အောင်၊ မီးလျှံလို [br]အစင်းအကျားဖြင့် မျိုးစပ်ထုတ်လုပ်လာကြတယ်။ 0:01:43.377,0:01:47.070 အဲဒီကျူးလစ်ပန်းဆိုရင် ပုံမှန် ကျူးလစ်ပန်း[br]ထက်ကို ပိုရှားပါးခဲ့တယ်၊ 0:01:47.070,0:01:51.120 အဲဒါရဲ့ ရလဒ်အဖြစ် အဲဒီပန်း အမျိုးအစားရဲ့[br]ဈေးဟာ စပြီးမြင့်တက်လာခဲ့တယ်၊ 0:01:51.120,0:01:54.011 အဲဒါနဲ့အတူ ကျူးလစ်ပန်းတွေဟာ [br]ခေတ်စားလာကြတော့တယ်။ 0:01:54.011,0:01:57.196 ကျူးလွန်ပန်းဟာ အဲဒီနိုင်ငံမှာ [br]ဟိုလေးတကျော် ဖြစ်ခဲ့ကာ 0:01:57.196,0:02:00.689 မကြာမီမှာပဲ ကျူးလစ်ပန်းတွေကို လူတွေဟာ[br]မရရအောင် လိုက်လံရှာပြီး ဝယ်လာကြတယ်။ 0:02:00.689,0:02:03.826 တခုခုရဲ့ ဈေးဟာ မြင့်တက်လာခြင်းနဲ့ [br]ပင်ကိုယ် တန်ဖိုးသိပ်မများပေမဲ့ 0:02:03.826,0:02:07.268 လူတွေက ငွေအမြောက်အများ ပေးလိုကြတယ်ဆိုတဲ့[br]အချက်နှစ်ချက် ပေါင်းမိတဲ့အခါမှာ 0:02:07.268,0:02:11.508 လူတွေဟာ အရူးအမူး ဖြစ်လာတတ်ကြတယ်။ 0:02:11.508,0:02:16.224 မကြာခင်တုန်းက အရူးအမူးဖြစ်ခဲ့ကြတဲ့ သာဓကမှာ[br]၁၉၉၀ ပြည့်လွန်တုန်းက dot-com တွေပါပဲ။ 0:02:16.224,0:02:21.424 ဝက်ဘ်ဆိုက် အသစ်တွေရဲ့ ရှယ်ယာတွေဟာ ၁၇ ရာစု[br]ကျူးလစ် ပန်းတွေလိုပါပဲ။ 0:02:21.424,0:02:23.584 လူတိုင်းဟာ နည်းနည်းတော့ဝယ်ထားချင်ခဲ့တယ်။ 0:02:23.584,0:02:27.240 ကျူးလစ်ပန်းတွေကို လိုချင်သူ များလေလေ၊ [br]ဈေးဟာ ပိုပိုမြင့်တက်သွားခဲ့ပါတယ်။ 0:02:27.240,0:02:29.682 တချိန်တုန်းက၊ ကျူးလစ်ပန်း တပွင့်တည်းကို 0:02:29.682,0:02:35.685 ကျွမ်းကျင်တဲ့ လက်မှုပညာရှင်ရဲ့ တနှစ်၀င်ငွေ [br]ဆယ်ဆ တန်ဖိုးဖြင့် ရောင်းနိုင်ခဲ့တယ်။ 0:02:35.685,0:02:36.741 ရှယ်ယာဈေးကွက်ထဲမှာ 0:02:36.741,0:02:40.731 ရှယ်ယာ တခုခုရဲ့ ဈေးဟာ ရင်းနှီးရှင်များရဲ့[br]ရောင်းလိုအား နဲ့ ဝယ်လိုအားပေါ်မှာ မူတည်တယ်။ 0:02:40.731,0:02:43.380 ကုမ္ပဏီတခုခုက အနာဂတ်မှာ ဝင်ငွေ[br]များလာမယ်လို့ ထင်ရရင် 0:02:43.380,0:02:46.706 ရှယ်ယာဈေးဟာ မြင့်တက်လာဖို့ များပါတယ်။ 0:02:46.706,0:02:49.147 ငွေကိုရင်းလိုကြသူတို့ဟာ ရှယ်ယာကို[br]တိုးတိုး ဝယ်လာကြလေရာ 0:02:49.147,0:02:53.461 ဝယ်လိုအား တိုးလာတာနဲ့အမျှ ဈေးဟာပိုလို့ကို[br]မြင့်တက်လာရတယ်။ 0:02:53.461,0:02:57.528 အဲဒါဟာ လိပ်ပတ်လည်သလို ဖြစ်လာနိုင်ကာ[br]ရင်းနှီးရှင်တို့ဟာ 0:02:57.528,0:03:01.766 ရှယ်ယာတန်ဖိုးကို ပင်ကိုယ်ထက် သိသိသာသာ[br]မြင့်တက်လာစေရင်း ထောင်ချောင်ထဲ မိသွားလျက် 0:03:01.766,0:03:03.852 ပူဖောင်းကြီးကို ဖန်တီးပေးလာကြတယ်။ 0:03:03.852,0:03:07.702 အဲဒီလို အရူးအမူးဖြစ်မှုကို အဆုံးသတ်ပစ်ဖို့[br]ပူဖောင်း ပေါက်ထွက်သွားဖို့ လိုအပ်တာက 0:03:07.702,0:03:11.068 ရှယ်ယာ ဒါမှမဟုတ် ကျူးလစ်တွေရဲ့ ဈေးဟာ[br]၎င်းရဲ့ တန်ဖိုးထက်ကို အဆပေါင်းများစွာမှ 0:03:11.068,0:03:13.460 ကြီးမြင့်နေတာကို လူတွေအားလုံး [br]နားလည်လာကြရန်ပါပဲ။ 0:03:13.460,0:03:16.691 ခုနက အရူးအမူးဖြစ်မှု နှစ်ခုစလုံး [br]အဲဒီလိုနည်းဖြင့် အဆုံးသတ်ခဲ့ကြတယ်။ 0:03:16.691,0:03:19.133 ရုတ်တရက်ဆိုသလို ဝယ်လိုအားဟာ [br]ရပ်စဲသွားခဲ့တယ်။ 0:03:19.133,0:03:21.674 ဈေးနှုန်းတွေဟာ ထိုးကျနိမ့်ဆင်းသွားကြကာ 0:03:21.674,0:03:22.918 ပေါက်ထွက်သွားခဲ့တယ်! 0:03:22.918,0:03:26.038 ပူဖောင်းတွေ ပေါက်ထွက်သွားကြလို့၊ ဈေးကွက်ဟာ[br]ဖရိုဖရဲဖြစ်ခဲ့ရတယ်။ 0:03:26.038,0:03:29.868 ပညာရှင်တွေဟာ ပူဖောင်း ပေါ်ပေါက်လာရခြင်းရဲ့[br]အကြောင်းရင်းတွေကို အားထုတ်လေ့လာလျက် 0:03:29.868,0:03:32.563 ဘယ်လို ဟောကိန်းထုတ်မလဲ၊ ဘယ်လိုရှောင်ရမလဲ[br]ဆန်းစစ်နေကြတယ်။ 0:03:32.563,0:03:35.806 ကျူးလစ်ပန်းကို အရူးအမူးဖြစ်ခဲ့မှုဟာ[br]ပူဖောင်းဆိုင်ရာ အခြေခံမူတွေကို နားလည်ဖို့ 0:03:35.806,0:03:39.414 ကူပေးလျက် ၂၀၀၀ ပြည့်လွန်နှစ်များတုန်းက ဒ[br]မြင်ခဲ့ကြရတဲ့ အိမ်ခြံမေ ပူဖောင်းလို 0:03:39.414,0:03:42.285 မကြာမီလေးတင်က သာဓတွေကို[br]နားလည်လာအောင် ကူပေးနိုင်တဲ့ 0:03:42.285,0:03:45.200 သိပ်ကို ထိရောက်မြင်သာတဲ့ သာဓကကောင်းပါပဲ။ 0:03:45.200,0:03:48.388 စီးပွားရေးဟာ တဟုန်ထိုးတက်လာလိုက်၊[br]ကသောင်းကနင်းဖြစ်လိုက် အဆင့်တွေကို 0:03:48.388,0:03:49.855 ဆက်ပြီး ကျော်ဖြတ်နေရမှာပါ။ 0:03:49.855,0:03:52.952 ကျွန်တော်တို့ဟာ အရူးအမူးဖြစ်မှု နောက်တခု[br]ပေါ်ထွန်းလာမှာ စောင့်စားရင်း၊ 0:03:52.952,0:03:55.322 နောက်ပူဖောင်းတခု ပေါက်ထွက်သွားမှာကို [br]စောင့်စားရင်း၊ 0:03:55.322,0:03:57.220 ကျူးလစ် ပန်းတွေဖြင့် ဘဝအရသာကို ခံစားကြပါ၊ 0:03:57.220,0:04:01.256 အဲဒီကျူးလစ်ပန်းတွေအတွက် တပုံတခေါ်ကြီး[br]ပေးဆပ်ရန် မလိုတာကို ကျေးဇူးတင်ပါ။