ကျွန်တော်တို့အများစုက ပေါင်းနှုတ်မြှောက်စားစလုပ်ကတည်းက ညီမျှခြင်းသင်္ကေတနဲ့ ရင်းနှီးကြပါတယ် မင်း ၁+၁ ညီမျှခြင်း ၂ ဆိုတာမျိုးကို မြင်ဖူးလိမ့်မယ် လူတော်တော်များများက အဲ့ဒီ့လိုဟာမျိုးကိုမြင်ရင် ညီမျှခြင်းသင်္ကေတက အဖြေကိုပေးတယ်လို့ထင်ကြတယ် ၁+၁ က မေးခွန်း ညီမျှခြင်းဆိုတာက အဖြေကိုပေးတဲ့အတွက် ၁+၁ က ၂ ဖြစ်တယ် ဒါကညီမျှခြင်းရဲ့ဆိုလိုရင်းမဟုတ်ပါဘူး ညီမျှခြင်းဆိုတာ ကိန်းနှစ်ခုကို နှိုင်းယှဉ်တာပါပဲ ကျွန်တော် ၁+၁ ညီမျှခြင်း ၂ လို့ရေးတဲ့အခါ အတိအကျပြောရရင် ညီမျှခြင်းသင်္ကေတရဲ့ဘယ်ဘက်မှာရှိတာက ညီမျှခြင်းရဲ့ ညာဘက်မှာရှိတဲ့ကိန်းနဲ့ အတိအကျတူညီတယ်လို့ ဆိုလိုတာပါ နောက်တစ်မျိုး ၂ ညီမျှခြင်း ၁+၁ လို့လည်း အလွယ်တကူရေးနိုင်ပါတယ် ဒီနှစ်ခုက အတူတူပဲ ၂ ညီမျှခြင်း ၂ လို့လည်း ရေးနိုင်တယ် ဒါက လုံးဝမှန်တဲ့ ဖော်ပြချက်တစ်ခုပဲ ဒီနှစ်ခုက တူညီတယ် ၁+၁ ညီမျှခြင်း ၁+၁ လို့လည်းရေးနိုင်တာပဲ ၁+၁−၁ က ၃−၂ နဲ့ညီတယ်လို့လည်း ရေးနိုင်တယ် ဒါတွေအကုန်လုံးက တူညီတဲ့ကိန်းတွေချည်းပဲ ဒီမှာဆို ဘယ်ဘက်မှာရှိတဲ့ဟာက ဒါက ၁+၁−၁ က ၁ ဖြစ်ပြီ: ဒီညာဘက်ကဟာကလည်း ၁ ဖြစ်တယ် သူတို့က တူညီတဲ့အရေအတွက်ပဲ အခု ကျွန်တော် ကိန်းတွေကိုနှိုင်းယှဉ်တဲ့ တစ်ခြားနည်းတွေကို မိတ်ဆက်ပေးပါမယ် ညီမျှခြင်းသင်္ကေတက နှစ်ဖက်လုံးမှာ လုံးဝတူညီတဲ့ အရေအတွက်တွေ ရှိတဲ့အခါမှာ သုံးတယ် အခု နှစ်ဖက်မှာ မတူညီတဲ့အရေအတွက်တွေရှိတဲ့အခါ ဘာလုပ်နိုင်မလဲဆိုတာ စဉ်းစားကြမယ် ကျွန်တော့်မှာ နံပါတ် ၃ နဲ့ နံပါတ် ၁ ရှိတယ်ဆိုပါတော့ သူတို့ကို ကျွန်တော်နှိုင်းယှဉ်ချင်တယ် ၃ နဲ့ ၁ ကမတူတာတော့ သေချာတယ် တကယ်တော့ ကျွန်တော်ဒီ အကြောင်းကို မတူညီသင်္ကေတနဲ့ဖော်ပြနိုင်တယ် ဒီတော့ ၃ က ၁ နဲ့မတူဘူးလို့ ပြောတာပေါ့ ဒါပေမယ့် ကျွန်တော်က ဘယ်ဟာက ကြီးပြီးတော့ ဘယ်ဟာကသေးလဲဆိုတာ သိချင်တယ်ဆိုပါတော့ ဒီတော့ ကျွန်တော်သူတို့ကိုနှိုင်းယှဉ်နိုင်တဲ့ သင်္ကေတတစ်ခု အဲ့ဒါကိုသုံးပြီး ဘယ်ဟာကကြီးလဲဆိုတာကို ပြောနိုင်တဲ့သင်္ကေတကို လိုချင်တယ် ဒါကိုလုပ်နိုင်တဲ့ သင်္ကေတက greater than သင်္ကေတပဲဖြစ်တယ် ဒါက တကယ်ကိုပဲ ၃ က ၁ ထက်ကြီးတယ်လို့ ဖတ်နိုင်တယ် ၃ က ပိုကြီးတဲ့အရေအတွက်ပဲ မင်းဒါကိုမှတ်မိဖို့ခက်ခဲတယ်ဆိုရင်− greater than- ပိုကြီးတဲ့အရေအတွက်က ပါးစပ်ဟတဲ့ဘက်မှာ မင်းဒါကို မြှားလိုမျိုးမြင်နိုင်ရင် ဒါမှမဟုတ် သင်္ကေတတစ်ခုခုပေါ့၊ ဒါပေမယ့် ဒါက ပိုကြီးတဲ့ဘက် ဒီဘက်မှာ ဒီအချွန်လေးရှိပြီ: ဒီကြီးတဲ့ဘက်မှာ ပိုများတဲ့အရေအတွက်ရှိတယ် ဒါကိုဖတ်ရင် ၃ က greater than - ဒါကိုချရေးလိုက်မယ် ၃ greater than ၁ နောက်တစ်ခါ ဒီလိုမျိုးနံပါတ်တွေဖြစ်စရာမလိုဘူး ဖော်ပြချက်တစ်ခုကိုလည်း ရေးနိုင်တယ် ၁+၁+၁ က greater than − ဆိုပါစို့ ဒီနေရာက ၁ တစ်ခုတည်း ဒါက နှိုင်းယှဉ်တာပဲ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဆန့်ကျင်ဖက်လုပ်မယ်ဆိုရင် ဆိုပါစို့ ၅ နဲ့ ၁၉ ကြားက နှိုင်းယှဉ်မှုကို လိုချင်တယ်ဆိုရင် greater than သင်္ကေတကို သုံးလို့မရတော့ဘူး ၅ က ၁၉ ထက်ကြီးတယ်ဆိုတာ မမှတ်လို့ ၅ က ၁၉ နဲ့မညီဘူးလို့တော့ ပြောနိုင်တယ် ဒီဖော်ပြချက်ကိုတော့ လုပ်နိုင်သေးတယ် ဒါပေမယ့် ကျွန်တော်က ဘယ်ဟာကကြီးပြီး ဘယ်ဟာကသေးလဲဆိုတာကို ဖော်ပြချင်ရင်ရော စကားနဲ့ပြောမယ်ဆိုရင်တော့ ၅ က ၁၉ ထက်နည်းတယ်လို့ပြောမယ် ကျွန်တော်ပြောချင်တာက − ချရေးလိုက်မယ် ၅ က less than ၁၉ ဒါကကျွန်တော် ပြောချင်တာ ဒီတော့ ကျွန်တော်တို့ "less than" ဆိုတာကိုဖော်ပြတဲ့ သင်္ချာသင်္ကေတကို စဉ်းစားဖို့လိုတယ် ကောင်းပြီ ဒါက greater than ဆိုရင် ဒါကိုပြောင်းပြန်လှန်တာ သဘာဝကျတယ် ဒီတစ်ခါလည်း အစက်ကို နည်းတဲ့ဘက်ကိုလှည့်ပြီး ကျယ်တဲ့ဘက်ကို ကြီးတဲ့အရေအတွက်ဘက်ကို လှည့်မယ် ဒီမှာ ၅ က သေးတဲ့အရေအတွက်ဖြစ်တော့ အစက်ကို အဲ့ဒီ့ဘက်လှည့်မယ် ၁၉ က ကြီးတဲ့အရေအတွက်ဆိုတော့ ပါးစပ်ဘက်မှာထားမယ် ဒီတော့ ဒါကို ၅ က less than ၁၉ လို့ဖတ်နိုင်တယ် ၅ က ၁၉ ထက်နည်းတဲ့ အရေအတွက်ဖြစ်တယ် ၁+၁ က ၁+၁+၁ ထက်ငယ်တယ်လို့လည်း ရေးနိုင်တယ် ဒါက ဒီဖော်ပြချက်၊ ဒီအရေအတွက်ဖြစ်တဲ့ ၁+၁ က ၁+၁+၁ ထက်နည်းတယ်လို့ ပြောတာပဲ